စက်ဘီးခြင်းအတွင်း ထည့်ထားသည့် ပိုက်ဆံအိတ်ကို ဆိုင်ကယ်စီးအမျိုးသား နှစ်ဦးက လုယူထွက်ပြေး သဖြင့် အရေးယူပေးရန်တိုင်ကြားမှုကို ဒဂုံမြို့သစ်မြောက်ပိုင်းရဲစခန်းက အမှုဖွင့်ဆောင်ရွက်နေသည် ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဧပြီ ၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
မတ်လ ၂၉ ရက်ည ၈ နာရီက ဒဂုံမြို့သစ်မြောက်ပိုင်းနေ ဒေါ်တင်တင်ထွေးသည်
မြောက်ဥက္ကလာပမြို့ နယ် (ဃ) ရပ်ကွက်ရှိ မိခင်ဖြစ်သူ နေအိမ်သို့
စက်ဘီးဖြင့်သွားစဉ် လုယက်ခံရခြင်း ဖြစ်သည်။

















