Friday, April 4, 2014
ရခိုင်မှာ ကျန်းမာရေး စောင့်ရှောက်မှု မလုံမလောက်ဖြစ်
ရခိုင်ပြည်နယ် စစ်တွေမြို့က ဒုက္ခသည်စခန်း အထူးသဖြင့် ရခိုင်ပြည်နယ်က ကလေးငယ်တွေဟာ သူတို့ရဲ့ အသက်ကို
ကာကွယ်ပေးနိုင်မယ့် စောင့်ရှောက်မှုတွေ မရရှိကြတော့ဘူးလို့ ဆိုပါတယ်။
မကြာသေးခင်ကပဲ
ရခိုင်ပြည်နယ်မှာရှိနေတဲ့ နိုင်ငံတကာက လူသားခြင်းစာနာတဲ့
အဖွဲ့အစည်းရဲ့
Thursday, April 3, 2014
ယခုရာသီတွင် မိုးကြိုးပစ်ခြင်း၊လေဆင်နှာမောင်းတိုက်ခတ်ခြင်းနှင့် မိုး သက်လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပွားနိုင်ဟုဆို
ရန်ကုန်၊ မိုးကြိုးပစ်ခြင်း၊ လေဆင်နှာ မောင်းတိုက်ခတ်ခြင်းနှင့် မိုးသက်လေ ပြင်းများ တိုက်ခတ်ခြင်းတို့မှာ ယခုအ ချိန်တွင် ဖြစ်ပွားနိုင်သည့်အတွက် အထူးဂရုစိုက်ရမည့် ရာသီဥတုဖြစ် စဉ်တစ်ခုဖြစ်ကြောင်း မိုးလေဝသ ပညာရှင်ဒေါက်တာထွန်းလွင်က ပြော ကြားလိုက်သည်။
ယခုရာသီမှာ မိုးကြိုကာလဖြစ် ပြီး နွေရာသီမှမိုးရာသီသို့စတင်ကူး
ပြောင်းချိန်ဖြစ်သောကြောင့် ရာသီ များ အထိုင်မကျသေးသော အချိန်
ကာလဖြစ်ကြောင်း၊ နွေရာသီကာလ (မတ် ၁ ရက်မှ ဧပြီ ၁၅ ရက်ထိ) တွင်
လေထုမငြိမ်သက်မှုများ ဖြစ်လာပြီး မိုးတိမ်တောင်များ ဖြစ်လာနိုင်သော ကြောင့်
ဖြစ်သည်ဟု သိရသည်။
မလေးရှား လေယာဉ် ရှာဖွေရေး လက်လျှော့တော့မလား
အိန္ဒိယ သမုဒ္ဒရာမှာ တွေ့ရှိရတဲ့ အပိုင်းအစတွေဟာ မလေးရှား လေယာဉ်ပျက်က မဟုတ်သလို၊ ရှာဖွေရာမှာလည်း လှိုင်းလေပြင်း ထန်နေတဲ့ အပြင်၊ လေယာဉ်ပါ Black Box ရဲ့ ဘက်ထရီကလည်း အားကုန်လုနီးပါးဖြစ်နေတဲ့အတွက် လေယာဉ်ပျောက် ရှာဖွေနေ သူတွေအနေနဲ့ လက်လျှော့ဖို့ စဉ်းစားနေတယ်လို့ ယမန်နေ့က Time မဂ္ဂဇင်း သတင်းမှာ ဖော်ပြထားပါတယ်။
တလနီးပါးရှိပြီဖြစ်တဲ့ လေယာဉ်ပျောက်ဆုံးမှုကို အာဏာပိုင်တွေအနေနဲ့ ဘယ်တော့မှ အဖြေရှာနိုင်မှာ မဟုတ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ မလေးရှား အာဏာပိုင်တွေဟာ လေယာဉ်ပျောက်ဆုံးမှုကို ရာဇ၀တ်မှုတခုလို သဘောထားပြီး ရှာဖွေနေတာကြောင့် ဖြစ်တယ်လို့လည်း သတင်းမှာ ဆက်လက်ရေးသား ထားပါတယ်။
DKBA ထိန်းချုပ်နယ်မြေတွင်နေထိုင်မည့် သမီးကလေးကျေးရွာမှပြည်သူများကို ကရင်ပြည်နယ်အစိုးရကတားဆီး
သမီးကလေးကျေးရွာမှ ပြည် သူများအား ဒီမိုကရေစီအကျိုးပြု ဗုဒ္ဓ
ဘာသာကရင်တပ်မတော်(DKBA) ထိန်း ချုပ်နယ်မြေတွင် နေထိုင်ရန် လာရောက် ခေါ်ယူစဉ်
ကရင်ပြည်နယ်အစိုးရက တား ဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။
''ကရင်ပြည်နယ်အစိုးရ ခွင့်ပြုချက် တွေပါလားဆိုတာမျိုးနဲ့ တားဆီးခံရတယ် လို့ ကျွန်တော်တို့ကြားရတယ်။ ကျွန်တော် တို့က အဓိက,ကတော့ လူသားချင်းစာ နာထောက်ထားတဲ့အနေနဲ့ သမီးကလေး ကျေးရွာက လူတွေကို လာခေါ်တာပါ''ဟု မြဝတီမြို့ရှိ DKBA ဆက်ဆံရေးအ ရာရှိ ဗိုလ်ကြီးစောစိုးမြင့်က ပြောကြား ခဲ့သည်။
''ကရင်ပြည်နယ်အစိုးရ ခွင့်ပြုချက် တွေပါလားဆိုတာမျိုးနဲ့ တားဆီးခံရတယ် လို့ ကျွန်တော်တို့ကြားရတယ်။ ကျွန်တော် တို့က အဓိက,ကတော့ လူသားချင်းစာ နာထောက်ထားတဲ့အနေနဲ့ သမီးကလေး ကျေးရွာက လူတွေကို လာခေါ်တာပါ''ဟု မြဝတီမြို့ရှိ DKBA ဆက်ဆံရေးအ ရာရှိ ဗိုလ်ကြီးစောစိုးမြင့်က ပြောကြား ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန္ဒပြရန် နေရာစီစဉ်ပေးမည်
ဆန္ဒထုတ်ဖော်မှုများကြောင့် အ များပြည်သူ အနှောင့်အယှက်မဖြစ်စေ ရန်နှင့်
စည်းကမ်းတကျ ဖြစ်စေရန်အ တွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန္ဒပြရန်
နေရာတစ်နေရာ စီစဉ်ပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ် မှူးကြီးတင်ဝင်းက ပြောသည်။
ဧပြီ ၁ ရက် မြို့တော်ခန်းမရှေ့တွင် မိကျောင်းကန်သပိတ်စခန်းဖွင့် ဆန္ဒပြသူ
များနှင့် မြန်မာ့ဂုဏ်ရောင် သပိတ်စခန်း ဖွင့် ဆန္ဒပြသူများ
ဆွေးနွေးညှိနှိုင်းသည့် ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
''အများပြည်သူ အနှောင့်အယှက် ဖြစ်တယ်လို့ အကြောင်းပြပြီး ဆန္ဒထုတ် ဖော်ခွင့်ကို ငြင်းပယ်မယ်။ သူတို့ကလဲ ဆက်လုပ်မယ်ဆိုရင် အရေးယူတာပဲ အ ဖတ်တင်မယ်။ အဲဒီတော့ နေရာတစ်နေ ရာရှာဖွေပြီး
''အများပြည်သူ အနှောင့်အယှက် ဖြစ်တယ်လို့ အကြောင်းပြပြီး ဆန္ဒထုတ် ဖော်ခွင့်ကို ငြင်းပယ်မယ်။ သူတို့ကလဲ ဆက်လုပ်မယ်ဆိုရင် အရေးယူတာပဲ အ ဖတ်တင်မယ်။ အဲဒီတော့ နေရာတစ်နေ ရာရှာဖွေပြီး
ဆိုင်ကယ်စီးပြီး လုယက်မှု ရန်ကုန်တွင် ထပ်မံဖြစ်
စက်ဘီးခြင်းအတွင်း ထည့်ထားသည့် ပိုက်ဆံအိတ်ကို ဆိုင်ကယ်စီးအမျိုးသား နှစ်ဦးက လုယူထွက်ပြေး သဖြင့် အရေးယူပေးရန်တိုင်ကြားမှုကို ဒဂုံမြို့သစ်မြောက်ပိုင်းရဲစခန်းက အမှုဖွင့်ဆောင်ရွက်နေသည် ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဧပြီ ၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
မတ်လ ၂၉ ရက်ည ၈ နာရီက ဒဂုံမြို့သစ်မြောက်ပိုင်းနေ ဒေါ်တင်တင်ထွေးသည်
မြောက်ဥက္ကလာပမြို့ နယ် (ဃ) ရပ်ကွက်ရှိ မိခင်ဖြစ်သူ နေအိမ်သို့
စက်ဘီးဖြင့်သွားစဉ် လုယက်ခံရခြင်း ဖြစ်သည်။
သန်းခေါင်စာရင်းကောက်နေသော ၀န်ထမ်းများနှင့် ဒေသခံရှမ်းတိုင်းရင်းသား များအတွက် တပ်မတော် က လုံခြုံရေး ဆောင်ရွက်ပေးသင့်
မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင် စာရင်းအား မြန်မာနိုင်ငံနေရာ အနှံ့ အပြား၌ ကောက်ယူလျက်ရှိရာ KIO ထိန်းချုပ်နယ်မြေများတွင် ကောက်ယူခွင့်မပြုကြောင်းနှင
တန်ဖိုးနည်း ဖုန်းများတွင် တစ်လကျပ် ၂၅၀၀ မဖြစ်မနေ သုံးရမည့်စနစ် ဖျက်သိမ်း

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းများတွင် ရောင်းချပေးနေသည့် တန်ဖိုးနည်း ဖုန်းများတွင် တစ်လကျပ် ၂၅၀၀ မဖြစ်မနေ သုံးရမည့်စနစ်ကို ဖျက်သိမ်းလိုက်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဆင်းမ်ကတ်များကို ယခင်ကဲ့သို့ ပိုက်ဆံမဖြတ်တော့ဘဲ ငွေဖြည့်ပါက သက်တမ်းတိုးသည့် စနစ်ကို ကျင့်သုံးနေကြောင်း ၎င်းကဆိုသည်။
MH 370 လေယာဉ် အပျက်အစီးများ ရှာဖွေနေစဉ် အတွင်း လေယာဉ် အချက်ပြမီး တစ်ခုကို တရုတ်သင်္ဘောနှစ်စင်း ဆယ်ယူနိုင်ခဲ့

အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်း အတွင်း မလေးရှား လေကြောင်းလိုင်း မှ ပျောက်ဆုံးနေသည့် MH 370 လေယာဉ် ၏ အပျက်အစီး များကို ရှာဖွေမှုများ ပြုလုပ်နေစဉ် တရုတ် ရှာဖွေရေး သင်္ဘော နှစ်စင်းက ဧပြီ ၁ ရက်တွင် အဆိုပါ လေယာဉ်၏ အန္တရာယ် အချက်ပြမီး တစ်ခုကို ဆယ်ယူနိုင် ခဲ့ကြောင်း Xinhua သတင်းဌာန က ဖော်ပြခဲ့သည်။
အဆိုပါ
အချက်ပြမီး သည် MH 370 လေယာဉ်မှ အပျက်အစီး ဖြစ်နိုင်ကြောင်း ၊ သို့သော်
အတည်ပြုချက်
ဒေါ်အောင်ဆန်းစုကြည် ဂျာမနီသွားမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ဒုတိယပတ်အတွင်း ဂျာမနီနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း ယင်းနိုင်ငံ သမ္မတရုံးကို ကိုးကား၍ ဂျာမန်သတင်းအေဂျင်စီ dpa က ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဂျာမနီ ခရီးစဉ်အတွင်း ယင်းနိုင်ငံသမ္မတ
ဂျိုအာချင်ဂေါက်နှင့် တွေ့ဆုံမည့် အပြင် နိုင်ငံတကာ ပြည်သူများအကြား
နားလည်မှု မြှင့်တင်ပေးသူ များကို ရွေးချယ်ပေးအပ်သည့် Interntaional Willy
Brandt Prize ကို လက်ခံရယူသွားမည် ဖြစ်ကြောင်း dpa က
မြန်မာ့ငွေကြေးဖောင်းပွမှု ၆ ဒသမ ၆ ရာခိုင်နှုန်း ရှိမည်ဟု ADB ခန့်မှန်း
ယခုနှစ်အတွက် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ ၆ ဒသမ ၆ ရာခိုင်နှုန်း ဝန်းကျင် ရှိနေမည် ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ထုတ်ပြန်သည့် "Asian Development Outlook 2014: Fiscal Policy for Inclusive Growth" အစီရင်ခံစာတွင် ဖော်ပြထားသည်။
အစီရင်ခံစာတွင် အစိုးရကဏ္ဍ လစာငွေ တိုးမြှင့်မှု၊ မီတာခတိုးမြှင့်မှုနှင့် မြို့ကြီးများတွင် အိမ်ခြံမြေ ဈေးနှုန်း များ မြင့်တက်လာမှုများ ရှိနေခြင်းမှာ ငွေကြေးဖောင်းပွမှု အတွက် စိုးရိမ်ဖွယ် ဖြစ်သော် လည်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ပမာဏသည် ၂၀၁၄ ခုနှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းနှင့်
လစာကွာဟချက်ကြီးမားမှု အဖြေရှာပါ
ေ

ခတ်အဆက်ဆက် ဝေဖန်ခံခဲ့ရ သော ၀န်ထမ်းလစာကို အစိုးရ သစ်လက်ထက်တွင် မြန်မြန်ဆန် ဆန် တိုးပေးခဲ့သည့်အတွက် ၀န် ထမ်းများ ပျော်ရွှင်ဝမ်းသာခဲ့ရ သည်။
သို့သော် ဌာနတစ်ခု၏ အမြင့်ဆုံးရာထူးဖြစ်သည့် ညွှန် ကြားရေးမှူးချုပ် လစာသည်ပင် သမ္မတအပါအ၀င် ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်ကြီးများ၏ လစာ ခံစားခွင့် အဆောင်အယောင်နှင့် ယှဉ်လိုက်ပါက အ ဆပေါင်းများစွာ ကွာခြားနေပြီး မိသားစုဘ၀ ရပ်တည်ရေး အ တွက် ရုန်းကန်နေရဆဲဖြစ်သည်။
မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် မြန်မာကစားသမား ပဲပြားမောင်မောင် သေဆုံး

ရေးမြို့ ဟံဂံကျေးရွာ ဘုန်းကြီးပျံပွဲ၌ ကျင်းပခဲ့သည့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ၌ မြန်မာ့ရိုးရာ လက်ဝှေ့သမား ပဲပြားမောင်မောင်မှာ ထိုင်းလက်ဝှေ့သမားနှင့် ယှဉ်ပြိုင် ထိုးသတ်စဉ် ပထမအချီ၌ပင် ဒဏ်ရာရပြီး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းဇော်ဇော် က ပြောကြားသည်။
ဧပြီလ ၁ ရက်နေ့က ထိုးသတ်ခဲ့သည့် ပဲပြားမောင်မောင်နှင့် ထိုင်းလက်ဝှေ့သမား
ခင်ခွန်းတို့ ပထမအချီ ယှဉ်ပြိုင်စဉ် ထိုင်းလက်ဝှေ့သမား၏ တံတောင်ချက်ဖြင့်
မေးရိုးကို နှစ်ကြိမ်ထိခိုက်မိပြီး ပဲပြားမောင်မောင် သတိမေ့သွားကြောင်း၊
ယင်းကြောင့် ပဲပြားမောင်မောင်ကို ပြိုင်ပွဲကျင်းပရာ ကျေးရွာနှင့်
ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ရသော ၄၈ လမ်းဗလီ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ တရားစွဲဆိုခံထားရသည့် ဗလီဆရာနှစ်ဦးကို ဧပြီ ၈ ရက်တွင် အမိန့်ချမှတ်မည်

ဗိုလ်တထောင်မြို့နယ်၌ ၂၀၁၃ ခုနှစ် ဧပြီလအတွင်း ဖြစ်ပွားခဲ့သော ၄၈ လမ်းဗလီ မီးလောင်မှုနှင့် ပတ်သက်၍ တရားစွဲဆို စစ်ဆေးခံနေရသော ဗလီဆရာနှစ်ဦးကို ယခုနှစ် ဧပြီ ၈ ရက်တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ် တရားရုံးမှ သိရသည်။
အဆိုပါ
မီးလောင်မှုနှင့် ပတ်သက်၍ တာဝန်ရှိသည်ဟု ယူဆရသော ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်
ညပိုင်း၌ တာဝန်ကျ ဗလီဆရာနှစ်ဦးကို ဗိုလ်တထောင် တရားရုံးတွင် ပုဒ်မ ၃၀၄(က)
ပုဒ်မ ၂၈၅ ဖြင့်
မလေးရှားလေယာဉ် ဆန်းကြယ်စွာ ပျောက်ဆုံးမှုကို မည်သည့်အခါမျှ ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း မလေးရှားရဲချုပ် ပြောကြား

မလေးရှား လေကြောင်းလိုင်းလေယာဉ် ခရီးစဉ်အမှတ် MH370 ဆန်းကြယ်စွာပျောက်ဆုံးမှု အကြောင်းအရင်းကို အာဏာပိုင်များသည် မည်သည့်အခါမျှ သိနိုင်မည်မဟုတ်ကြောင်း မလေးရှားရဲချုပ်က ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။ လေယာဉ်ပျောက်ဆုံးမှုကို ရာဇ၀တ်ကြောင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုမှာ သီတင်းပတ် သုံးပတ်ကျော် ကြာမြင့်လာခဲ့ပြီး ကောက်ချက်မချနိုင်သေးကြောင်း၊ အချိန်ထပ်ပေး စေလိုကြောင်း ရဲချုပ်ခါလစ်အဘူဘာကာက ကွာလာလမ်ပူတွင် ပြောကြားခဲ့ကြောင်း Dow Jones Newswires က ဖော်ပြခဲ့သည်။
ရုရှား ဘာဘီမ အစားမစာပဲ နေလို့ အသက်ရှင်နိုင်ကြောင်း သက်သေပြ
လူသား ဘာဘီမလေး (Human Barbie) လို့ တင်စား ခေါ်ဝေါ်တဲ့ Valeria Lukyanova ဆိုတဲ့ ယူကရိန်းက အမျိုးသမီးကို သိကြမှာပါ။ ယခု သူဟာ အစားမစာပဲ အသက်ရှင်နိုင်ကြောင်း သက်သေပြ မလို့ ပြုလုပ် နေပါတယ်။
အစားအစာနဲ့ ရေ ဟာ လူသားတွေ အသက်ရှင်ဖို့ အတွက် မလိုအပ် ကြောင်း သက်သေ ပြဖို့ အတွက် သူမဟာ လေပဲ ရှူမှာ ဖြစ်ပါတယ်။ လေရှူပြီး အလင်းရောင် အောက်မှာ နေရုံနဲ့ အသက်ရှင်တယ်လို့ ဆိုပြီး ယင်း ကျင့်စဉ်ကို စတင် ပြလုပ်နေပြီ ဖြစ်ပါတယ်။ သူမဟာ ပရော်ဖက်ရှင် နယ် မော်ဒယ်
DKBA နောက်လိုက်ခဲ့သော သမီးကလေး ဒေသခံများ ဒုံသမိတံတားတွင် တားဆီးခံရ

DKBA ထိန်းချုပ်နယ်မြေသို့ ပြောင်းရွှေ့လာသော သမီးကလေး ကျေးရွာနှင့် အခြားရွာနေသူ ၃၀၀ ခန့်ကို ကရင်ပြည်နယ်အတွင်း မဝင်ရောက်ရန် ဒူးရင်းဆိပ် ကျေးရွာအနီး မွန်ပြည်နယ်အဆုံး ကရင်ပြည်နယ်အစ ဒုံသမိတံတားတွင် ဧပြီလ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၁၅၀၀ ခန့်က ပိတ်ဆို့တားဆီးခဲ့ကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က The Voice သို့ ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး အလိုင်နီကျေးရွာရှိ အောင်သိဒ္ဓိကျောင်းတိုက်မှ ဧပြီလ ၂ ရက်နေ့ နံနက် ၄ နာရီခန့်က ၁၂ ဘီးယာဉ် လေးစီးဖြင့် သမီးကလေးကျေးရွာ အပါအဝင် ဒေါ်ကာလီ၊ အင်းပတီးရွာတို့မှ လူဦးရေ ၂၉၅
ဦးဝင်းတင် ကျန်းမာရေး အခြေအနေ စိတ်မချရသေးဟု ဆေးရုံအုပ်ကြီးပြော

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်တွင် ငါးရက်တိုင် ၂၄ နာရီ စောင့်ရှောက်မှု ခံယူနေရသော အသက် ၈၄ နှစ်ရှိ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေမှာ စိတ်မချရသေးကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ဧပြီလ ၂ ရက်နေ့ ညနေပိုင်းတွင် ပြောကြားသည်။
ဦးဝင်းတင်၏ လက်ရှိ ကျန်းမာရေး အခြေအနေမှာ အဆုတ်မှတစ်ဆင့် အူနံရံ
ကြွက်သားများ အတွင်း လေဝင်သွားခြင်းကြောင့် အနာဖြစ်လာပြီး
အူမကြီးနောက်ပိုင်းတွင် သွေးယို စီးမှု ဖြစ်လာကာ သတိလစ်သွားခြင်း ဖြစ်ကြောင်း
ဒေါက်တာလှမြင့်က ရှင်းပြသည်။
အသားပေါ်မှာ စာရေးလို့ရတဲ့ အရည်အပြားရောဂါ
ကမ္ဘာ့ လူဦးရေရဲ့ ၅ ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်တဲ့ အရည်အပြား ရောဂါ တစ်မျိုး ဖြစ်ပြီး အသားပေါ်မှာ စာရေးလို့ရတာ ကြောင့် သူ့ကို Dermatographic urticaria လို့ ခေါ်ပါတယ်။ Skin writing လို့ အင်္ဂလိပ်လိုလဲ အလွယ်ခေါ် ပါတယ်။
အထူးသဖြင့် ဆယ်ကျော်သက် တွေမှာ ဖြစ်တတ်ပြီး လက်သက်နဲ့ အသာလေး ခြစ်တာတောင် အစင်းကြောင်း ပေါ်ပါတယ်။ ဒါကြောင့် လက်သဲ ထိပ်နဲ့ စာလို ရေးသွားရင် တကယ် စာပေါ် ပါတယ်။ အချို့ ဆိုရင် ယင်း Disorder ဖြစ်နေချိန် စာရေးကြပြီး Facebook ပေါ်တင်တာတို့ ဓာတ်ပုံ ရိုက် မှတ်တမ်း
ကေအိုင်အေ တပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသအချို့တွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိ
၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြေပြင် ကွင်းဆင်း ကောက်ယူခြင်း လုပ်ငန်းကို မတ် ၃ဝ ရက်မှ စတင်ပြီး ကောက်ယူခဲ့ရာ ဧပြီ ၁ ရက် တတိယနေ့အဖြစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသ အချို့၌ ကေအိုင်အေ တပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက်တားမြစ်မှုကြောင့် သန်းခေါင် စာရင်း ကောက်ယူနိုင်ခြင်း မရှိကြောင်း သိရသည်။
ချောကလပ်သီး
ပုံမှာ မြင်တွေ့နေတဲ့ အသီးကို ချောကလပ် သီးလို့လည်း အလွယ်ခေါ် ပါတယ်။ Black Sapote လို့ အမည်ရတဲ့ ဇီဝဗေဒ အမည် ကတော့ Diospyros digyna ဖြစ်ပါတယ်။
အသီးရဲ့ အရသာ ကလည်း ချောကလပ်နဲ့ အတူတူပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ထူးခြားချက်က အဆီတက်စေခြင်း မရှိပဲ ဗစ်တာမင် စီ ဟာ သာမန် လိမ္မော်သီး များမှာ ပါဝင်တာထက် လေးဆတောင် ပိုမို
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း NCCT ရေးဆွဲပြီးဟုဆို
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တွင် အစိုးရနှင့် ညှိနှိုင်းရန် မူကြမ်းတစ်စောင် ရေးဆွဲမှု ပြီးစီးပြီ ဖြစ်ကြောင်း NCCT အဖွဲ့ဝင် ရခိုင်တပ်မတော်- Arakan Army မှ ဒုတိယဗိုလ်မှူးကြီး ကျော်ဟန်က ပြောကြားသည်။
ယင်းမူကြမ်းကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဧပြီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့၌ အစည်းအဝေး နှစ်ရက်ကြာ ပြုလုပ်ခဲ့ပြီး ယင်းမူကြမ်းကို သဘောတူ ရေးဆွဲလိုက်ခြင်း ဖြစ်သည်။
ဒုတိယဗိုလ်မှူးကြီး ကျော်ဟန်က “ကျွန်တော်တို့ အခန်း ခုနစ်ခန်းကို ဆွေးနွေး ရေးဆွဲကြပါတယ်။ ဒီနေ့
၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အကြိုပြင်ဆင်မှု အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) ၏ ဖွဲ့စည်းပုံပြင်ဆင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) သည် ရှေ့လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် အဆင်ပြေ လွယ်ကူ ချောမွေ့စေရန်၊ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် အလုပ်အမှုဆောင်အဖွဲ့ အဆင့်ဆင့်တို့ကြား စနစ်တကျ အပြန်အလှန် ချိတ်ဆက်ပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး အဖွဲ့ချုပ်ဖွဲ့စည်းပုံအား ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း မတ် ၃၁ ရက် ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။
ပြင်ဆင်လိုက်သည့် ဖွဲ့စည်းပုံအရ အဖွဲ့ချုပ်ဥက္ကဋ္ဌကိုယ်တိုင် တာဝန်ယူသည့် ရေးရာကော်မတီလေးခုနှင့် ဌာနရှစ်ခု အပါအ၀င် ပါတီစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့၊ အုပ်ချုပ်ရေးနှင့် ရုံးအဖွဲ့ လွတ်လပ်သော ပါတီစာရင်းစစ်အဖွဲ့တို့ ပါဝင်ကြောင်းလည်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၌ ဖြစ်ပွားခဲ့သော မျက်နှာဖုံးစွပ်အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်မှ ပြန်ခေါ်သက်သေများ မလာ၍ ဧပြီ ၈ ရက်တွင် ရုံးချိန်းပြန်ချိန်း
လွန်ခဲ့သော နှစ်နှစ်ခန့်က မြောက်ဥက္ကလာပမြို့နယ် မျက်နှာဖုံးစွပ် အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်မှ ဧပြီ ၁ ရက်တွင် ပြန်ခေါ်သက်သေများ မလာ၍ မြောက်ပိုင်းခရိုင် တရားရုံး၌ ဧပြီ ၈ ရက်တွင် ရုံးချိန်းပြန်ချိန်းခဲ့ကြောင်း သတင်းရရှိသည်။
မျက်နှာဖုံးစွပ် အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်တွင် တိုင်းတရားလွှတ်ရုံးသို့ စွဲချက်တင်အမိန့်ကို ပြင်ဆင် တင်သွင်းခဲ့သည့် ၁၆ ဦးထဲမှ ရှစ်ဦးအား စွဲချက်မခိုင်လုံသောကြောင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ အရ ဖေဖော်ဝါရီ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှ တွဲဘက်(၅)
စမတ်ဖုန်းအလွန်အကျွံအသုံးပြုခြင်းသည် မျက်စိကို ထိခိုက်စေနိုင်ကြောင်း မျက်မှန်ကျွမ်းကျင်သူများပြော
စမတ်ဖုန်း အလွန်အကျွံအသုံးပြုသူများသည် မျက်စိထိခိုက်မှု အန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း မျက်မှန် ကျွမ်းကျင်သူများက ပြောကြားသည်။
ကွန်ပျူတာများ၊ Tablets, Flat Screen တီဗွီများကဲ့သို့သော
အခြားပစ္စည်းကိရိယာများနှင့် စမတ်ဖုန်းများကို အလွန်အကျွံသုံးခြင်းသည်
ကာလရှည် မျက်စိပျက်စီးမှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း
မျက်မှန်ကျွမ်းကျင်သူ များက သတိပေးပြောကြားသည်။
တစ်နေ့လျှင် စမတ်ဖုန်းများကို ၃၂ ကြိမ်ခန့် အသုံးပြုသော အသက် ၂၅ နှစ် အရွယ် ပြည်သူ ၂,၀၀၀ ခန့်ကို ဆန်းစစ်လေ့လာမှု ပြုရာမှအဆိုပါ သတိပေးချက်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
တစ်နေ့လျှင် စမတ်ဖုန်းများကို ၃၂ ကြိမ်ခန့် အသုံးပြုသော အသက် ၂၅ နှစ် အရွယ် ပြည်သူ ၂,၀၀၀ ခန့်ကို ဆန်းစစ်လေ့လာမှု ပြုရာမှအဆိုပါ သတိပေးချက်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
သန်းခေါင်စာရင်း အချက်အလက် မှားယွင်းပါက စာရင်းကောက် ကာလအတွင်း ပြန်ပြင်နိုင်

သန်းခေါင်စာရင်း ကောက်ယူရာတွင် အချက်အလက် မှားယွင်း ထည့်သွင်း
ကောက်ယူခြင်း ခံရပါက သန်းခေါင်စာရင်း ကာလအတွင်း ဧပြီလ ၁၀ ရက်နေ့ မတိုင်မီ
စာရင်းကောက် ဆရာမထံတွင် သွားရောက် ပြင်ဆင်နိုင်ကြောင်း ပြည်သူ့အင်အား
ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စာရင်းကောက် ကောက်ယူသည့် သန်းခေါင်စာရင်းကို စာရင်းစစ်က စိစစ်ရပြီး
မှားယွင်းမှုများ တွေ့ရှိပါက ပြန်ပြင်ခိုင်းမည် ဖြစ်ကြောင်း၊
သန်းခေါင်စာရင်းတွင် လူမျိုးသင်္ကေတ တစ်ခုတည်း ထည့်သွင်းခြင်း မဟုတ်ဘဲ
သင်္ကေတဘေးတွင် လူမျိုးအမည်ကို စာဖြင့် ရေးသားထားသဖြင့် သင်္ကေတ မှားယွင်း
ထည့်သွင်းလာပါက စာရင်းစစ်က စစ်ဆေး၍ ပြင်ဆင်မည် ဖြစ်ကြောင်း ပြည်သူ့အင်အား
ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဆိုင်ကယ်စီးနင်းလာသူကို ဝိုင်းဝန်းရိုက်နှက်ပြီး ငွေကျပ် သိန်း ၄၀ လုယူထွက်ပြေး
ဆိုင်ကယ်စီးလာသူတစ်ဦး၏ မျက်နှာကို လက်နှိပ်ဓာတ်မီးဖြင့်ထိုးကာ လူသုံးဦးက
ဝိုင်းဝန်းရိုက်နှက်ပြီး ဆိုင် ကယ်သမားထံမှ ငွေကျပ် သိန်း ၄၀ ကို
လုယူထွက်ပြေးသွားသည့် အမှုတစ်ခု မတ်လ ၃၁ ရက် ညဦးပိုင်း က စစ်ကိုင်းတိုင်း၊
ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု အဆိုပါမြို့နယ်၊ မလယ် နယ်မြေရဲစခန်း
ရဲတပ် ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ၊
ကျားဘိုကျွန်းတောတိုက်အနီး၌ ပဇီကြီးကျေးရွာနေ မောင်မျိုး အသက်
(၂၃)နှစ်ဆိုသူသည် မတ်လ ၃၀ ရက် ည ၇ နာရီခွဲက ဆိုင်ကယ်စီးလာစဉ် အမည်မသိ
လူသုံးဦးက ဆိုင်ကယ်စီးလာသူ၏ မျက်နှာကို လက်နှိပ်ဓာတ်မီးဖြင့်ထိုးကာ
ကျပ် ၁၅၀၀ တန် ဖုန်းဆင်းမ်ကတ်များကို တစ်လလျှင် အနည်းဆုံး ကျပ် ၂၅၀၀ အသုံးပြုရန် သတ်မှတ်ထားရာမှ ငွေဖြည့်ကတ်သက်တမ်းကာလအတိုင်း အသုံးပြုနိုင်တော့မည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တန်ဖိုးနည်း မိုဘိုင်းဖုန်းများ အားလုံး၏ တယ်လီဖုန်းပြောဆိုခကို ယခင်ကဲ့သို့ တစ်လလျှင် အနည်းဆုံး ကျပ် ၂၅၀၀ အသုံးပြုရန် သတ်မှတ်ထားခြင်း ရှိတော့မည်မဟုတ်ဘဲ ငွေဖြည့်ကတ်တွင် သတ်မှတ်ထားသည့် သက်တမ်းကာလအတိုင်း အသုံးပြုနိုင်တော့ မည်ဖြစ်ပြီး သင်္ကြန်ကာလတွင် တယ်လီဖုန်းသုံးစွဲသူများအတွက် အပိုငွေထပ်ဆောင်း ဖြည့် စွက်ပေးမည့် အစီအစဉ်ကိုလည်း ပြု လုပ်ပေးသွားမည်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ြ
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ မြင့်တက်လာသဖြင့် အန္တရာယ် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန သတိပေးချက်ထုတ်ပြန်
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ မြင့်တက်လာမှုကြောင့်
အန္တရာယ်ရှိမှုများအား ကျန်းမာရေးဝန်ကြီး ဌာနမှ သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း
သိရသည်။
အဆိုပါ
ထုတ်ပြန်ချက်များတွင် ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကြောင့် နေလောင်ခြင်း၊
အသားအရောင် ညိုလာခြင်းတို့ ဖြစ်ပွားခြင်း၊ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ
အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြားကင်ဆာရောဂါများ
ဖြစ်ပွားနိုင်ကြောင်းတို့ကို သတိပေးထားသည်။
Subscribe to:
Posts (Atom)