မူလစာမျက်နှာ
နေ့စဉ်သတင်း
ပြည်တွင်းသတင်း
နိုင်ငံတကာသတင်း
အထူးသတင်း
စီးပွားရေးသတင်း
ဆောင်းပါး
နည်းပညာ
လူမှုဘ၀ရသစုံလင်
အိတ်ဖွင့်ပေးစာ
Saturday, April 12, 2014
ခရီးသည်တင် ယာဉ်များ ရပ်-ချ- တင်-ထွက် စနစ်ကို မဖြစ်မနေ ကျင့်သုံး ရတော့မည်
ခရီးသည်များကို တင်ဆောင် ပြေးဆွဲနေသော ယာဉ်များအနေဖြင့် ရပ်-ချ-တင်- ထွက် စနစ်ကို အသုံးပြု၍ ခရီးသွား ပြည်သူများ၏ မြို့တွင်းခရီး သွားလာရေး အခက်အခဲကို မဖြစ်မနေ ဖြေရှင်းရတော့ မည် ဖြစ်ကြော င်း ပညာ ရှင် များက သုံးသပ်ပြောကြားခဲ့သည်။
Read more »
ရန်ကုန်မြို့၌ ရှေးဟောင်း အဆောက်အအုံကြီး များကို လမ်းလျှောက် လှည့်လည်လေ့လာသော ခရီးစဉ်များ လစဉ် ပြုလုပ်မည်
ရန်ကုန်မြို့၌ရှိသော လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ဆောက်လုပ် ထားခဲ့ကြသည့် ရှေးဟောင်း မြို့ပြ အဆောက်အအုံများ၏ ယဉ်ကျေးမှု အမွေအနှစ်များ သမိုင်း အချက်အလက်များကို လေ့လာသိရှိ လိုသော ရန်ကုန်မြို့နေ ပြည်သူ လူထု အပါအဝင် မြန်မာနိုင်ငံ အတွင်းမှ တိုင်းရင်းသား ပြည်သူများကို ''ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့'' (Yangon Heritage Trust-YHT) က ဦးဆောင် ၍ လမ်းလျှောက် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ကာ ရန်ကုန်မြို့တွင်းရှိ ရှေးဟောင်း အဆောက် အအုံ များအား လှည့်လည်လေ့လာခြင်းကို လစဉ်ပုံမှန် ပြုလုပ်သွားမည် ဖြစ်ကြောင်း YHT မှ သိရသည်။
Read more »
ဂျပန်က အငြင်းပွား ဝေဟင်ပိုင်နက် အတွင်း ဝင်ရောက်လာသော တရုတ် လေယာဉ်များကို မောင်းထုတ်ရသည့်အရေအတွက် စံချိန်တင် မြင့်တက်လာ
တရုတ်နှင့် ဂျပန်တို့ အကြား အငြင်းပွားနေသည့် ဝေဟင်ပိုင်နက် အတွင်းသို့ ဝင်ရောက်လာသော တရုတ် လေယာဉ်များကို ဂျပန်နိုင်ငံက ယခုနှစ် အတွင်း မောင်းထုတ်ခံရသည့် အကြိမ် အရေအတွက်မှာ ၄၁၅ ကြိမ်ရှိသောကြောင့် ယခင်နှစ်ထက် စာပါက စံချိန်တင် မြင့်တက် လာခဲ့ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ဧပြီ ၉ ရက်တွင် ပြောကြားခဲ့သည်။
Read more »
ဗြိတိန်တွင် ခြောက်လနှင့်အထက် နေထိုင်ရန် ပြည်ဝင်ခွင့်ဗီဇာအတွက် မြန်မာနိုင်ငံမှ လျှောက်ထားမည့်သူများ တီဘီရောဂါ စစ်ဆေးရန် လိုအပ်ကြောင်း ဗြိတိသျှသံရုံး ထုတ်ပြန်
(တီဘီရောဂါကုဆေးရုံ (အောင်ဆန်း)တွင် တက်ရောက်ကုသနေသည့် လူနာများအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်))
ဗြိတိန်တွင် ခြောက်လထက်ပိုသော တာရှည်နေထိုင်ရန် ပြည်ဝင်ခွင့်ဗီဇာအတွက် မြန်မာနိုင်ငံမှ လျှောက် ထားမည့် သူများ တီဘီရောဂါ စစ်ဆေးရန်လိုအပ်ကြောင်း ဗြိတိသျှသံရုံးမှ ဧပြီ ၁၀ ရက်က သတင်း ထုတ်ပြန်ခဲ့ သည်။ ၂၀၁၄ ခုနှစ် ဧပြီ ၂၀ ရက်မှစ၍ ဗြိတိန်နိုင်ငံတွင် ခြောက်လထက်ပိုသော တာရှည်နေ ထိုင်ရန် ပြည်ဝင်ခွင့်ဗီဇာကို မြန်မာနိုင်ငံတွင် လျှောက်ထားသူများ အနေဖြင့် ပြည်ဝင်ခြင်းမပြုမီ အဆုတ်နာ တီဘီရောဂါ ကြိုတင်စစ်ဆေးရန် လိုအပ်ကြောင်းနှင့် ကာလတိုနေထိုင်မည့် ပြည်ဝင်ခွင့်ဗီဇာ၊ လုပ်ငန်း ကိစ္စ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူများ အနေဖြင့် စစ်ဆေးရန်မလိုကြောင်း၊ ခရီးသွားများနှင့် အခြား ကာလ တို နေထိုင်သူ ဧည့်သည်များနှင့် လုံးဝမသက်ဆိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Read more »
သန်းခေါင်စာရင်း နဲ့ မွတ်စလင်ဦးရေ
ကုလသမဂ္ဂအကူအညီနဲ့ သန်းခေါင်စာရင်း ပြုစုရာမှာ စာရင်းမကောက်နိုင်လို့ ကျန်နေတဲ့နေရာနဲ့ တမင်ချန် ထားတဲ့ နေရာတွေရှိတဲ့အတွက် တိုင်းရင်းသားအချို့ နဲ့ မွတ်စလင်ဦးရေကို ရေတွက်ဖို့ အခက်အခဲရှိနိုင် ပါတယ်။ ဒီနေရာမှာ ရှိပြီးသာမြို့ နယ် လူဦးရေစာရင်းကို အားကိုးနိုင်ပါတယ်။ ဥပမာ မောင်တောမြို့ နယ် အုပ်ချုပ်ရေးဦးစီးဌာန မနှစ်က ထုတ်ပြန်တဲ့ ဒေသဆိုင်ရာ အချက်အလက်များ စာအုပ်လိုမှတ်တမ်းမှာ လူဦးရေစာရင်းကို တွေ့နိုင်ပါတယ်။ သန်းခေါင်စာရင်း မကောက်နိုင်သေးလို့ ကျန်နေတဲ့နေရာမှာ လည်း ဒေသအခြေအနေကိုလိုက်ပြီး နောင်အခါမှာ လူဦးရေစာရင်း ကောက်ယူနိုင်ပါတယ်။
Read more »
ဝီလီဘရန့်ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ
ဥရောပတိုက် ဂျာမနီနိုင်ငံမှာ ရောက်ရှိ နေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံတကာ ၀ီလီဘရန့်ဆု Willy Brandt ကို ဒီကနေ့ လက်ခံ ရယူခဲ့ပါတယ်။
Read more »
ကမ္ဘာ့ဘဏ် နဲ့ မြန်မာပြည်ကူညီရေး အစီအစဉ်
ကမ္ဘာ့ဘဏ်ရဲ့ နွေဦးရာသီ ညီလာခံမှာ မြန်မာပြည်ကူညီရေး အစီအစဉ် နဲ့ပတ်သက်ပြီး သုံးသပ်တာတွေ လုပ်နေပါတယ်။
Read more »
အခြားကဏ္ဍ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌမှ မွန်ပြည် နယ် နိုင်ငံရေး ပါတီများ၏ ဆန္ဒကောက်ယူ
ရွေးကောက်ပွဲ ကော်မီရှင် ဥက္ကဌ ဦးတင်အေး ရှင်းလင်းတင်ပြစဉ် ရွှေးကောက်ပွဲ ကော်မီရှင် ဥက္ကဌ ဦးတင်အေး ရှင်းလင်းတင်ပြစဉ်
ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဌ သည် လွတ်လပ်ပြီး တရားမျှ တသော ၂၀၁၅ ရွေးကောက် ပွဲ ဖြစ်ရန် အတွက်ပြင် ဆင်ရန် ၂၀၁၀ ရွေးကောက်ပွဲ ၏ အတွေ့အကြုံ များကို မွန်ပြည်နယ် ရှိ နိုင်ငံရေး ပါတီများ နှင့် မော်လမြိုင်မြို့ ပြည်နယ် ခန်းမတွင် အမြင်ဖ လှယ် ခဲ့ကြေ ကြာင်း တက်ရောက် ခဲ့သူ တဦးက ဆို ပါသည်။
Read more »
ယူကရိန်း အရှေ့ပိုင်းကို ကိုယ်ပိုင် အုပ်ချူပ်ခွင့် ပိုပေးဖို့ ဝန်ကြီးချုပ် ကမ်းလှမ်း
ယူကရိန်း ယာယီဝန်ကြီးချုပ် Arseny Yatseniuk (ဧပြီ ၁၁၊ ၂၀၁၄)
ယူကရိန်းနိုင်ငံမှာ ခွဲထွက်ရေး ၀ါဒီတွေ သိမ်းယူထားတဲ့ အစိုးရ အဆောက်အဦးတွေ ကနေ ဖယ်ရှားပေးရေး အစိုးရရဲ့ နောက်ဆုံး သတ်မှတ် ရက် ကျော်လွန်သွားပြီးတဲ့နောက် ဒေသတွင်းခေါင်းဆောင်တွေနဲ့ ရုရှား လိုလား တဲ့ ဆန္ဒပြသူတွေကို ယူကရိန်း ယာယီ ၀န်ကြီးချုပ်က လိုက်လျော အလျှော့ပေးချက်တွေ ကမ်းလှမ်း ထားပါတယ်။
Read more »
အမေရိကန်ရဲ့ မြန်မာ့သင်္ကြန်ဆုတောင်း
မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ကာလမှာ မြန်မာလူထုအတွက် အမေရိကန်သမ္မတ ဘရာ့ခ် အို ဘားမား ကိုယ်စား အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန် ကယ်ရီက ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
ဧပြီလ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အဲဒီလို ဆုတောင်းပေး ထားတာပါ။
Read more »
သင်္ကြန်နီးချိန်တွင် ကုန်ခြောက်နှင့် သားငါးဈေးနှုန်းများ ကျပ် ၁၀၀၀ မှ ကျပ် ၄၀၀၀ အထိ ထပ်မံမြင့်တက်
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ဈေးတစ်ဈေးမြင်ကွင်းကို တွေ့ရစဉ်
သင်္ကြန်ကာလနီးကပ်လာခြင်းနှင့် ကုန်စည်၊ ကား၊ သင်္ဘောများ ဆိုက်ရောက်မှုနည်း ပါးခြင်းကြောင့် ဈေး ကွက် အတွင်း ကုန်ခြောက်နှင့် သား၊ ငါးဈေးနှုန်းများ ကျပ် ၁၀၀၀ မှ ၄၀၀၀ အထိ မြင့်တက်ထပ်မံလျက် ရှိကြောင်း စုံစမ်းသိရှိရသည်။
Read more »
DVB သတင်းထောက် ကိုဇော်ဖေအပေါ် မကွေးတရားရုံး၏ အမိန့်ချမှတ်မှုအပေါ် DVB သတင်းဌာန၏ ထုတ်ပြန်ချက်စာရွက်များကို မန္တလေးမြို့အနှံ့ လိုက်လံဝေငှ
မန္တလေးမြို့ ဘုရားကြီးအရှေ့မုခ်တွင် လက်ကမ်းစာစောင်များ လိုက်လံဝေငှနေ သည်ကို တွေ့ရစဉ်
မကွေးမြို့နယ်ပညာရေးဌာနက တရားလိုပြုကာ DVB သတင်းထောက် ကိုဇော်ဖေနှင့် ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင်တို့နှစ်ဦးကို ၀တ္တရားနှောင့်ယှက်မှု ပုဒ်မ-၃၅၃၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ-၄၄၈ တို့ဖြင့် ၂၀၁၂ ခုနှစ်မှ စ၍ တရားစွဲဆိုခဲ့ပြီး ၂၀၁၄ ဧပြီ ၇ ရက်တွင် ထောင်ဒဏ်တစ်နှစ်ချမှတ်ခြင်းအပေါ် DVB သတင်း ဌာနမှ ထုတ်ပြန်ကြေညာချက်အား မန္တလေးမြို့တွင်း လူစည်ကားရာနေရာများ၌ လိုက်လံဝေငှခြင်းကို ဧပြီ ၁၁ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
Read more »
ရန်ကုန်သင်္ကြန်အပေါ် စိတ်ဝင်စားမှု ယခင်နှစ်ထက် ပိုများ၊ ကမ္ဘာအေးစေတီလမ်း၊ ကန်ပတ်လမ်းတို့တွင် မဏ္ဍပ်အများဆုံး ရှိမည်ဖြစ်ပြီး အဆိုပါမဏ္ဍပ်များတွင် လက်မှတ်ရောင်းချမှု ကုန်သလောက်နီးပါးဖြစ်နေ
ဧပြီ ၁၀ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးစေတီ လမ်းပေါ်ရှိ ရေကစား မဏ္ဍပ်တစ်ခုပေါ်မှ ရေစမ်းနေသည်ကို တွေ့ရစဉ်
မြန်မာလူမျိုးများ၏ ရိုးရာပွဲတော် တစ်ခုဖြစ်သည့် မဟာသင်္ကြန်ပွဲတော် ရောက်ရှိရန် တစ်ရက်သာလိုတော့ပြီး သင်္ကြန်ပွဲတော်ကို ဆင်နွှဲရန်အတွက် ကြိုတင်ပြင်ဆင် နေပြီဖြစ်သည်။
Read more »
ကျွမ်းကျင်လုပ်သား ရှားပါးသည့် မြန်မာနိုင်ငံတွင် အသက် ၁၆ နှစ်မှ ၁၉ နှစ်အကြား လူငယ်များ အသက်မွေးသင်တန်း တက်ရောက်ရန် စာရင်းပေးသွင်းမှုမှာ နှစ်ရာခိုင်နှုန်းအောက်ရှိနေပြီး ကျေးလက်ဒေသများတွင် ၀ ဒသမ ၅ ရာခိုင်နှုန်း အောက်သာရှိနေ
အခြေခံအတတ်ပညာ ကျွမ်းကျင်သည့် လုပ်သားများ ရှားပါးခြင်းနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံတွင် သင်တန်းများ ပေးအပ်ရာ၌ အသက် ၁၆ နှစ်မှ ၁၉ နှစ် အထိ လူဦးရေ၏ နှစ်ရာခိုင်နှုန်းထက်နည်းသော ပမာဏသာလျှင် သင်တန်းများ တက်ရောက်ရန် စာရင်းသွင်းကြပြီး ကျေးလက်များတွင် အဆိုပါ ရာခိုင်နှုန်းထက် ပိုမိုနည်းပါးကာ ကျေးလက်နေ လူငယ်များ၏ ၀ ဒသမ ၅ ရာခိုင်နှုန်းထက် နည်းသော ပမာဏသာလျှင် သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းကြကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ဂျပန်နိုင်ငံရန်ပုံငွေ (JFPR) အဖွဲ့၏ ဧပြီ ၁၁ ရက်တွင် ပူးတွဲထုတ်ပြန်ချက်အရ သိရသည်။
Read more »
၁၉၉၀ ပြည့်နှစ် လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့က လူထုလူတန်းစား အသီးသီးနှင့်တွဲကာ ဒီမိုကရေစီအရေး လှုပ်ရှားမည်
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနိုင် လွှတ်တော်ကိုယ်စားလှယ်များ ပထမဆုံး အကြိမ် အများဆုံးစုဝေးမှုအဖြစ် မတ် ၂၂ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံစဉ်
၁၉၉၀ ပြည့်နှစ် လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့တွင် ပါဝင်သည့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းရာ တွင် ကော် မတီတစ်ခုအတွက် ဦးဆောင်သူ ခုနစ်ဦးထားရှိမည်ဟု ဆုံးဖြတ်ခဲ့ပြီး ထိုခုနစ်ဦးထဲတွင် လက် ရှိနိုင်ငံရေး နယ်ပယ်မှ ဂုဏ်သိက္ခာရှိသည့် ပုဂ္ဂိုလ်များ၊ လူထုအခြေပြု အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ ပညာရှင် များစသည့် လူထုလူတန်းစား အသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်မည်ဟု ဧပြီ ၅ ရက်က ပြုလုပ်ခဲ့သည့် ၁၉၉၀ ပြည့်နှစ် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ထိုအဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။
Read more »
အမျိုးသား အကျိုးစီးပွားအတွက် ရိုဟင်ဂျာအမည်ကို သန်းခေါင်စာရင်းတွင် ထည့်သွင်းမကောက်ခဲ့ခြင်း ဖြစ်ကြောင်း လ၀က၀န်ကြီး ပြောကြား
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ သန်းခေါင် စာရင်း ကောက် ခံ မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းစဉ်
တိုင်းပြည်၏ အမျိုးသားအကျိုးစီးပွားအတွက် ရိုဟင်ဂျာဟု ပြောဆိုပါက သန်းခေါင်စာရင်းတွင် ထည့်သွင်း မကောက်ခံခဲ့ခြင်း ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။
Read more »
မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ မဖြစ်သေးကြောင်း ဂျာမနီနိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ဂျာမနီနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၁ ရက်တွင် Willy Brandt လူ့အခွင့်အရေးဆု လက်ခံရယူရန်အတွက် သွားရောက်စဉ် ဂျာမနီနိုင်ငံ ဒုတိယအဓိပတိ၊ စီးပွားရေးနှင့် စွမ်းအင်ဝန်ကြီး Sigmar Gabriel က ကြိုဆိုနှုတ်ဆက်စဉ် (Photo-AFP)
မြန်မာနိုင်ငံ၏ အပြောင်းအလဲများအပေါ် နိုင်ငံတကာ၏ အားပေးထောက်ခံမှုများ ရရှိနေသော်လည်း မြန် မာနိုင်ငံ သည် ဒီမိုကရေစီနိုင်ငံ မဟုတ်သေးကြောင်း ဂျာမနီနိုင်ငံရောက် မြန်မာ့အတိုက် အခံခေါင်းဆော င် ဒေါ်အောင်ဆန်းစုကြည်က သောကြာနေ့တွင် ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာန၏ ဖော်ပြ ချက် အရ သိရသည်။
Read more »
ကချင်ဘက်မှစစ်ဘေးရှောင် ၇၀၀၀ ထက်မနဲ နမ့်ခမ်းမြို့သို့ရောက်ရှိ
သျှမ်းပြည်မြောက်ပိုင်းနှင့်ကချင်ပြည်နယ်စပ်ဘက် ပြင်းထန်လာသော တိုက်ပွဲကြောင့် ဒေသတွင်းမှ စစ်ပြေး ရှောင် လူထု ၇၀၀၀ ထက်မနည်း သျှမ်းမြောက် နမ့်ခမ်းမြို့သို့ ရောက်ရှိလာကြောင်း စုံစမ်းသိရှိရ သည်။
Read more »
ယာဉ်ရပ်နားခ မပေးပါက လိုင်စင်သက်တမ်းတိုးလျှင် ဒဏ်ကြေးဆောင်ရမည်
လေလံစနစ်ဖြင့် ယာဉ်ရပ်နားခ ကောက်ခံခွင့် ပေးထားသော နေရာများ၌ အခကြေးငွေ ပေးဆောင်မှု မပြု လျှင် ယာဉ်လိုင်စင်သက်တမ်း တိုးပါက ဒဏ်ကြေးငွေ ပေးဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်စည်ပင်မှ သိရ သည်။
Read more »
အမေရိကန် ကျန်းမာရေးဝန်ကြီး ရာထူးက နှုတ်ထွက်
အမေရိကန်ပြည်ထောင်စုရဲ့ ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းဌာနဝန်ကြီး Kathleen Sebelius ရာထူး ကနေ နှုတ်ထွက် သွားပါတယ်၊ Obamacare လို့ပြောကြတဲ့ ဝင်ငွေနည်း မိသားစုတွေ အတွက် ကျန်း မာရေးစောင့်ရှောက် မှု အာမခံ ဝယ်ယူနိုင်ရေးကို ကြီးကြပ် တာဝန်ယူခဲ့ရသူဖြစ်ပါတယ်။
Read more »
သန်းခေါင်စာရင်းကောက်ယူမှု ခက်ခဲဒေသတချို့ ရက်ထပ်တိုး
မြန်မာနိုင်ငံမှာ လူဦးရေ သန်းခေါင်စာရင်း ကောက်ခံမှု လုပ်ငန်းစဉ် မှာ မြန်မာ့ သမိုင်း တလျှောက် တခါမှ လူစာရင်း မကောက်ခံ ခဲ့ရတဲ့ နေရာတွေ မှာပါ ကောက်ခံ ရရှိခဲ့ပြီး ဒါဟာ ထင်ရှားတဲ့ အောင်မြင် မှု ဖြစ် တယ်လို့ လူဝင်မှု ကြီးကြပ်ရေး ပြည်ထောင်စု ၀န်ကြီးက သတင်းထောက်တွေ ကို ပြောပါတယ်။ ရိုဟင်ဂျာ ကိစ္စ မှာတော့ နိုင်ငံတကာ စံနှုန်းစံထား ထက် ပြည်တွင်း လုံခြုံရေးနဲ့ အမျိုးသား အကျိုးစီးပွားကို ထည့်သွင်း စဉ်းစား ခဲ့ရတယ်လို့ ဆိုပါတယ်။ ရန်ကုန်ရုံးခွဲကနေ ကိုသားညွန့်ဦး သတင်းပေးပို့ထားတာပါ။
Read more »
စစ်ကိုင်းမှာ စစ်တပ်သိမ်းဆည်းလယ်မြေများ ပြန်လည်ပေးအပ်ပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ရေမျက်ရွာနဲ့ လယ်ကြီးရွာက တောင်သူ ၇၈ ဦးဆီက လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေ ဧက ၅၀၀ ကျော်ကို စစ်တပ်က တောင်သူတွေ ဆီ ပြန် လည်ပေး အပ်ပွဲကို စစ်ကိုင်းမြို့တော်ခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
Read more »
နိုင်ငံတကာအဖွဲ့များ ရခိုင်ကို ပြန်သွားပြီ
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ လကုန်က ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် ထွက်ခွာသွားခဲ့ကြရတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အန်ဂျီအို အဖွဲ့တွေ ထဲက တချို့ကို စစ်တွေ ကိစ္စ စုံစမ်းရေး ကော်မရှင် ဥက္ကဌ နယ်စပ်ရေးရာ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းက ဒီကနေ့ ပြန်ခေါ်သွားခဲ့ပါတယ်။
Read more »
မလေးရှားနိုင်ငံမှ မြန်မာပြည်သို့ လေယာဉ်ဖြင့် ပြန်သူများအား (အရေးပေါ် အသိပေးချက်)
မနေ့က မြန်မာပြည်သို့ ပြန်သော မြန်မာများထဲတွင် မလေးရှားလေဆိပ်တွင် ၈ ဦး အဖမ်းခံရကြောင်း လေ ဆိပ်သို့ ပို့ဆောင်သူ ကိုကျော်ကျော်မှ ပြောပြ လာပါသည်။
Read more »
Friday, April 11, 2014
အထက်တန်းကျောင်းမှာ လူ၂၂ယောက်ကို ဓားနဲ့ထိုးခဲ့တဲ့ ၁၆နှစ်သား
Alex Hribal အမည်ရှိတဲ့ ၁၆နှစ်အရွယ် ကျောင်းသားလေးဟာ အရူးထပြီး သောင်းကျန်းကာ အထက်တန်းကျောင်းမှာ လူ ၂၂ယောက်ကို ဓားနဲ့ထိုး၊ ခုတ်ခဲ့ပါတယ်။ Pennsylvania အထက်တန်းကျောင်း မှာပါ။ ဒီလိုဓားနဲ့ လိုက်ထိုး၊ လိုက်ခုတ်ခဲ့ရခြင်းရဲ့ အကြောင်းရင်းကတော့ လျှို့ဝှက်ဆန်းကြယ် ဖြစ်နေ တုန်းပါပဲ။
Alex Hribal ဟာ စိတ်လွတ်နေတုန်း လူ၂၂ယောက်ကို ဓားနဲ့ထိုး၊ ခုတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ အနည်းဆုံး ကျောင်းသား ၅ဦးဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီ့ထဲက ကောင်လေး တစ်ယောက်ရဲ့ အသည်းကို ဓားက ဖောက်ဝင်သွားခဲ့ပါတယ်။
Read more »
သတို့သားနဲ့ ဧည့်သည်တွေကို အဆိပ်ခတ် သတ်ခဲ့တဲ့ အရွယ်မမယ် သတို့သမီးငယ်
နိုင်ဂျီးရီးယားနိုင်ငံမှာ အရွယ်မရောက်ခင် အတင်းအကျပ် အိမ်ထောင်ပြုပေး တာကြောင့် အဆိပ်ခတ်ပြီး သတ်ရာမှာ ခင်ပွန်းနဲ့ သူ့ရဲ့ သူငယ်ချင်းသုံးယောက် သေဆုံးသွားခဲ့ပါတယ်။
အသက် ၁၄နှစ်သာ ရှိသေးတဲ့ သတို့သမီး Wasila Umaru ဟာ လွန်ခဲ့တဲ့ အပတ်က အသက် ၃၅နှစ်အရွယ် Umaru Sani နဲ့ အတင်းအကျပ် လက်ထပ်ပေးခြင်းခံရပါတယ်။ အဲဒီနောက် Sani က သူ့ရဲ့ သူငယ်ချင်းတွေကို Kano မြို့နားမှာ တည်ရှိတဲ့ သူနေထိုင်ရာ ရန်ဆိုရိုရွာမှာ ဧည့်ခံပွဲ ကျင်းပဖို့အတွက် ဖိတ်ကြားခဲ့ပါတယ်။ ဧည့်သည်တွေ ရောက်လာတဲ့အခါမှာတော့ ဆယ်ကျော်သက် အရွယ် သတို့သမီးက
Read more »
ဆုပန်ထွာရဲ့ ခင်ပွန်းလောင်း ကိုဥက္ကာကျော်ရဲ့ ရှင်းလင်းချက်
အခုရက်ပိုင်း အွန်လိုင်း လောကမှာ နာမည်ကြီးပြီး လူပြောများနေတဲ့ ကိစ္စကတော့ သရုပ်ဆောင် ဆုပန်ထွာ တို့ စုံတွဲ ဓာတ်ပုံနဲ့ ဝေဖန်မှုတွေပါဘဲ။ ဆုပန်ထွာနဲ့ ကိုဥက္ကာကျော် တို့ဟာ ဧပြီလ ၉ ရက်နေ့ က စေ့စပ်ကြောင်းလမ်းပွဲလေး တခုလုပ်ပြီး ကိုဥက္ကာကျော်က သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မှတ်တမ်း ဓာတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။
အဲဒီမှာပဲ ဝေဖန်မှုတွေနဲ့ အွန်လိုင်းလောကကို ဆူညံသွားပြီး တချိန်က နာမည်ကြီး အဆိုတော်တဦးနဲ့ ကိုဥက္ကာကျော် တွဲရိုက်ထားတဲ့ ဓာတ်ပုံ၊ သတင်းစာမှာ ကိုဥက္ကာကျော်ရဲ့ ဇနီးသည်က ထည့်သွင်းတဲ့
ကြော်ညာ စသဖြင့် အတော်ပွဲဆူနေပါတယ်။
ဒီကိစ္စကို ကိုဥက္ကာကျော်က သူ့ဖေ့စ်ဘုတ်စာမျက်နှာက တဆင့် အခုလို တုံ့ပြန်ထားပါတယ်။
ကျနော် ကိုဥက္ကာကျော်ပါ ခင်ဗျာ။
Read more »
မြူးတဲ့သင်္ကြန်၊ ရူးတဲ့သင်္ကြန်၊ စိတ်ကြွဆေးများနဲ့ သင်္ကြန်
လူငယ် ၂ ဦး သာကေတမြို့နယ်ကို ဖြတ်ပြီးတော့ တောင်ဒဂုံမြို့နယ်ထဲက ရပ်ကွက်တခုကို အငှားယာဉ်နဲ့သွား၊ လမ်းဘေး ကွမ်း ယာ ဆိုင်လေးထဲကို အရင်ဝင်မေးပြီးတော့ အဲဒီ ရပ်ကွက်ထဲက တဲ
လေးတလုံးထဲကို ဝင်သွားတာ တွေ့ရတယ်။
ခဏ အကြာမှာတော့ အဲဒီ တဲထဲမှာလူငယ် ၂ ဦးကို ခဏစောင့်ခိုင်း ပြီးတော့ တဲထဲက လူကြီးက ဆိုင်ကယ်နဲ့ အပြင်ကို ထွက်သွားတယ်။ နာရီဝက် ကျော်ကျော်မှာတော့ စက္ကူထုပ် တထုပ်ပါလာတယ်။
Read more »
မီတာခ တိုးမြှင့်ခြင်းဂယက် အင်တာနက်ဆိုင်အချို့ ဝန်ဆောင်ခတက်ရန်ပြင်
တာခတိုးမြှင့်လိုက်သည့်အတွက် အင်တာနက်ဆိုင်အချို့ ဝန်ဆောင်ခနှုန်းထားမြှင့်တင်ရန် စီစဉ်နေသည်ဟု အဆိုပါအသိုင်းအဝိုင်းမှ သိရသည်။ ”ဝင်ငွေမကောင်းရတဲ့ အ ထဲ မီတာခထပ်တက်ပြီဆိုတော့ လက်ရှိပုံစံ အတိုင်းတော့ သွားလို့မရတော့ဘူး။ ဒီလ မီတာခအခြေ အနေကိုကြည့်ပြီး ဈေး တက်ရင် တက်မှာပါ”ဟု ပုဇွန်တောင်မြို့နယ်မှ IT Link အင်တာနက်ဆိုင်ပိုင်ရှင်က ပြောသည်။
မြန်နှုန်းကောင်းမွန်ရေးအတွက် အင်တာနက်ကောင်းကောင်း သုံးစွဲနိုင်သည့် လိုင်းမျိုးစုံချိတ်ဆက် ထားကြောင်း၊ မြန်နှုန်းကိုလည်း အမြင့်ဆုံး အနေအထားအထိ ယူထားေ ပးကြောင်း၊ ယင်းကြောင့်
Read more »
နေရပ်ပြန် မြန်မာလုပ်သားများအား တင်ဆောင်လာသည့် ခရီးသည်ယာဉ် ဒေါနတောင်ပေါ်တွင် ချောက်ထဲကျ၊ လူငါးဦး သေဆုံးပြီး ၄၀ ဦး ဒဏ်ရာရ
နှစ်သစ်ကူးသင်္ကြန်ပွဲတော်အမီ နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများ လိုက်ပါစီးနင်းလာသော အိုအေစစ်
မှန်လုံခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်သည် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကုန်သွယ်လမ်း၌ ဘရိတ်ပေါက်ပြီး ချောက်ထဲသို့ ထိုးဆင်းသွားသောကြောင့် ခရီးသည်ငါးဦး သေဆုံးကာ ၄၀ ဦး ဒဏ်ရာရှိသွားခဲ့ကြောင်း သတင်းရရှိသည်။
Read more »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)