Friday, May 16, 2014

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ရွေးကောက်ပွဲအောင်နိုင်ရေး လှုပ်ရှားမှုများ တိုင်းပြည်ဆူပူနိုင်ဟု သမ္မတ သတိပေး

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေးနှင့် ရွေးကောက်ပွဲ ကျင်းပရေးကိစ္စများကြောင့် တိုင်းပြည် ဆူဆူ ပူပူဖြစ်မည်ကို မည်သူမှ မလိုလားကြောင်း၊ တိုင်းပြည်ဆူပူပါက မိမိတို့ တိုင်းပြည်သာ နစ်နာ မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတိပေး ပြောကြားသည်။

“ဒီလိုဖြစ်ရင် ကိုယ့်ရဲ့ပြည်သူတွေပဲ ထိခိုက်နစ်နာမှာ ဖြစ်ပါတယ်။ အမှားအမှန် အဆိုးအကောင်းကို ဒီကနေ့ ဆူဆူပူပူဖြစ်နေတဲ့ နိုင်ငံတွေရဲ့သင်ခန်းစာကိုရယူပြီး ကျွန်တော်တို့နိုင်ငံမှာ အလားတူနစ်နာ ဆုံးရှုံးမှုတွေမဖြစ်အောင် နိုင်ငံကိုချစ်တဲ့ ရဟန်းရှင်လူ ပြည်သူအားလုံး ၀ိုင်းဝန်းကာကွယ်စောင့်ရှောက်ကြ

ပေါက်မြို့ လက်နက်စက်ရုံကိစ္စ CNS ထုတ်ပြန်မှု အရေးစိုက်ရန်မလိုဟု ဦးရဲထွဋ်ပြော

အမေရိကန်အခြေစိုက်၊ဂျိမ်း(စ်)မာတင် ဖျက်အားပြင်းလက်နက်များ မပြန့်ပွားရေး သုတေသန (CNS) ကမေလ ၉ ရက်တွင်ထုတ်ပြန်ခဲ့သော ပေါက်မြို့ရှိ စက်ရုံမှာ မြန်မာအစိုးရက ပြောထားသည့်အတိုင်း သာမန်လက်နက်စက်ရုံတစ်ခုမဖြစ်နိုင်ဟု ထုတ်ပြန်ချက်အပေါ် ဂရုမစိုက်ကြောင်း သမ္မတပြောရေး ဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောသည်။
“ကျွန်တော်တို့ ပေါက်က စက်ရုံနဲ့ပတ်သက်ပြီးတော့ အင်အားကြီးနိုင်ငံ အမေရိကန်အပြင် ကုလသမဂ္ဂလို အဖွဲ့တွေကတောင် ဘာမှမပြောပါဘူး။ ဒီလိုအဖွဲ့လေးတွေက ပြောနေတာတွေကို ဂရုမစိုက်ပါဘူး။

ဘန်ကောက်ရှိ ယင်းလပ် ဆန့်ကျင်ရေး ဆန္ဒပြသူများ၏ သပိတ်စခန်း ဗုံးဖြင့် တိုက်ခိုက်မှု လူသုံးဦး သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

Photo: ဘန်ကောက်ရှိ ယင်းလပ် ဆန့်ကျင်ရေး ဆန္ဒပြသူများ၏ သပိတ်စခန်း ဗုံးဖြင့် တိုက်ခိုက်မှု လူသုံးဦး သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

ဘန်ကောက်၊ မေ ၁၅

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ အစိုးရ ဆန့်ကျင်သော ဆန္ဒပြသူများ၏ သပိတ်စခန်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရခြင်းကြောင့် လူသုံးဦး သေဆုံးသွားပြီး ၂၀ ကျော် ဒဏ်ရာရရှိသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဘန်ကောက်ရှိ ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင်နေရာတွင် စခန်းချထားသော ယင်းလပ် ဆန့်ကျင်ရေး ဆန္ဒပြသူများ၏ သပိတ်စခန်းတွင် ကြာသပတေးနေ့ အစောပိုင်းက ပေါက်ကွဲသံ၊ သေနတ်သံများ ကြားရကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။

လက်ရှိအချိန်တွင် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ပြုတ်ကျသွားခဲ့ပြီ ဖြစ်သော်လည်း ဝန်ကြီးချုပ် နေရာကို ယင်းလပ် အစိုးရအဖွဲ့ဝင် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက တာဝန်ယူထားရာ ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြသူများက အစိုးရအဖွဲ့ကို ရွေးချယ်ခန့်အပ်သူများဖြင့် အစားထိုးရန် ထိုင်းဆီးနိတ်လွှတ်တော်ကို ဖိအားပေးလျက် ရှိသည်။

ထို့ပြင် ရွေးကောက်ပွဲ ကျင်းပမည့်ရက် သတ်မှတ်ရေးနှင့် ပတ်သက်၍ ထိုင်းယာယီအစိုးရ အဖွဲ့နှင့် ရွေးကောက်ပွဲ ကော်မရှင်တို့၏ တွေ့ဆုံ ဆွေနွေးပွဲကိုလည်း ဖျက်သိမ်းရန် ယင်းလပ်ဆန့်ကျင်ရေး ဆန္ဒပြသူများက ကြာသပတေးနေ့တွင် ဖိအားပေးလျက် ရှိသည်။

အတိုက်အခံ ခေါင်းဆောင် ဆူသတ် ဦးဆောင်သော ယင်းလပ်ဆန့်ကျင်ရေး အင်အားစုများသည် ယာယီဝန်ကြီးချုပ် နဝတ်သန်ရောင်နှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ အစည်းအဝေး ပြုလုပ်နေသည့် လေတပ်အခြေစိုက် စခန်းတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။

“အစည်းအဝေး ပြီးသွားပါပြီ၊ ဝန်ကြီးချုပ်လည်း ထွက်ခွာသွားပါပြီ။ အစည်းအဝေး ဆက်လုပ်လို့ မရတော့ဘူး” ဟု ထိုင်းရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံရေး အခြေအနေ မတည်မငြိမ် ဖြစ်နေခြင်းကြောင့် ရွေးကောက်ပွဲ ကျင်းပခြင်းကို အချိန်ရွှေ့ဆိုင်းရန် ထိုင်းရွေးကောက်ပွဲ ကော်မရှင်က တိုက်တွန်းခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြသူများကို တိုက်ခိုက်ခြင်းသည် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကို ထိုင်းဖွဲ့စည်းပုံ အခြေခံဆိုင်ရာ တရားရုံးက အာဏာ အလွဲသုံးစားမှုဖြင့် ဝန်ကြီးချုပ် ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြသူများ၏ သပိတ်စခန်းကို ကြာသပတေးနေ့ အစောပိုင်းတွင် လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခံခဲ့ရပြီး သေနတ်ဖြင့်လည်း ပစ်ခတ်ခံရကြောင်း၊ ဒဏ်ရာရရှိသူများတွင် ဗုံးစများ ထိမှန်ထားသည်ကို တွေ့ရကြောင်း ဘန်ကောက်ရှိ အရေးပေါ်စင်တာမှ ဆရာဝန်တစ်ဦးက ပြောကြားသည်။

ယခု တိုက်ခိုက်မှု ပြုလုပ်ခြင်းကို မည်သည့်အဖွဲ့ကမျှ ထုတ်ဖော်ဝန်ခံခြင်း မရှိသော်လည်း ယင်းလပ်ဆန့်ကျင်သူနှင့် ယင်းလပ်ထောက်ခံသူ နှစ်ဖွဲ့စလုံးတွင် သဘောထား တင်းမာသော လက်နက်ကိုင်များ ရှိနေကြသည်။ 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ အစိုးရ ဆန့်ကျင်သော ဆန္ဒပြသူများ၏ သပိတ်စခန်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရခြင်းကြောင့် လူသုံးဦး သေဆုံးသွားပြီး ၂၀ ကျော် ဒဏ်ရာရရှိသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဘန်ကောက်ရှိ ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင်နေရာတွင် စခန်းချထားသော ယင်းလပ် ဆန့်ကျင်ရေး ဆန္ဒပြသူများ၏ သပိတ်စခန်းတွင် ကြာသပတေးနေ့ အစောပိုင်းက ပေါက်ကွဲသံ၊ သေနတ်

ကြားဖြတ်ရွေးကောက်ပွဲ ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပမည်

Photo: ကြားဖြတ်ရွေးကောက်ပွဲ ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပမည်
Friday, May 16 ,2014

အရပ်သားအစိုးရ လက်ထက်တွင် ဒုတိယအကြိမ်မြောက် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦတင်အေးက ပြောကြားသည်။

မေလ ၁၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် Sky Star ဟိုတယ်တွင် ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ရွေးကောက်ပွဲ ကျင်းပမည့် ရက်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ နောက်ဆုံးပတ် ဒါမှမဟုတ် ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပပေးနိုင်မှာပါ။ သေချာမယ့် ရက်ကို ထုတ်ပြန်ပေးပါမယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းအတွက် လစ်လပ် မဲဆန္ဒနယ်များ ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ ချင်းပြည်နယ် တီးတိန်မြို့နယ်နှင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တို့ကို စမ်းသပ် ကောက်ယူရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်များ အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သော်လည်း ကျင်းပမည့်ရက် တရားဝင် ကြေညာပြီးမှသာ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များကို အပြီးသတ် ရွေးချယ်မည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။
“အောင်နိုင်မယ်၊ မအောင်နိုင်ဘူး ဆိုတာက လူထုက ရွေးချယ်ပါလိမ့်မယ်။ လုပ်စရာ ရှိတာကို လုပ်ရမှာပေါ့” ဟု ၎င်းကဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အောင်နိုင်ရေးသာမက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများကို စတင် လုပ်ဆောင်နေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဌေးဦးက ပြောကြားသည်။
“ကြားဖြတ် ဆိုတာက လစ်လပ်နေတဲ့ ကိုယ်စားလှယ်တွေကို အစားထိုးတာပါ။ အထွေထွေ ရွေးကောက်ပွဲ ဆိုတာ အစိုးရအသစ် ရွေးတာလေ။ အဲဒီတော့ နှစ်ခုစလုံးကို အာရုံစိုက်ထားပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၀ ပြည့်နှစ်တွင် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် လစ်လပ်နေသော မဲဆန္ဒနယ် ၄၅ နေရာအတွက် ကျင်းပပေးခဲ့သည်။

နယ်မြေအေးချမ်းမှု မရှိသော ဒေသများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသူ၊ သေဆုံးသွားသူ ကိုယ်စားလှယ်များ၏ လစ်လပ်မဲဆန္ဒနယ် ၃၀ ရှိသောကြောင့် ဒုတိယ အကြိမ်မြောက် ရွေးကောက်ပွဲကို ယခုနှစ် ပွင်းလင်းရာသီတွင် ကျင်းပပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ပြောကြားထားသည်။

ယခုနှစ်အတွင်း ကြာဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လစ်လပ်နေသော မဲဆန္ဒနယ် မြို့နယ်များမှာ ဖားကန့်၊ ဗန်းမော်၊ မိုးကောင်း၊ ဝိုင်းမော်၊ လှိုင်းဘွဲ့၊ ဟားခါး၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ဒီပဲယင်း၊ မြိတ်၊ ထားဝယ်၊ ကံမ၊ ရေနံချောင်း၊ အောင်မြေသာဇံ၊ မိုးကုတ်၊ ဂွ၊ မင်းပြား၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ အင်စိန်၊ ပန်းဘဲတန်း၊ ကမာရွတ်၊ လှိုင်၊ ကြည့်မြင်တိုင်၊ လသာ၊ လမ်းမတော်၊ အလုံ၊ ဆိပ်ကမ်း၊ နမ့်ခမ်း၊ တာချီလိတ်၊ မိုင်းယောင်း၊ တန့်ယန်း၊ ပန်းတနော်၊ ရေကြည်မြို့နယ်တို့ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

The Voice Weekly 
 အရပ်သားအစိုးရ လက်ထက်တွင် ဒုတိယအကြိမ်မြောက် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦတင်အေးက ပြောကြားသည်။
မေလ ၁၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် Sky Star ဟိုတယ်တွင် ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ရွေးကောက်ပွဲ ကျင်းပမည့် ရက်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ နောက်ဆုံးပတ် ဒါမှမဟုတ် ဒီဇင်ဘာ ပထမပတ်အတွင်း

တစ်မိုင် ကျပ်သန်း ၂၅၀၀ အကုန်အကျ ခံခဲ့သော ရန်ကုန်-မန္တလေး အမြန်လမ်း စံချိန်စံညွှန်း မမီဟု အစိုးရအဖွဲ့ ဝန်ခံ

၃၆၇ မိုင် ရှည်လျားသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းသည် တစ်မိုင်လျှင် ကျပ်သန်း ၂၅၀၀ အကုန်အကျခံ၍ ဖောက်လုပ်ထားသော်လည်း အမြန်လမ်း၏ စံချိန်စံနှုန်း မမီသော ကွန်ကရစ်လမ်းသာ ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမတွင် မေလ ၁၅ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးတို့က ဝန်ခံ ပြောကြားလိုက်သည်။

ဘုရားပွဲမှအပြန် လမ်းကြုံလိုက်သူအား သားမယားအဖြစ်ပြုကျင့်

၂၀၁၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နေ မxxx (၃၁)နှစ်သည် လယ်ကိုင်းဘုရားထီးတင်ပွဲမှ အဖော်(၃)ဦးနှင့်အတူ စက်ဘီးဖြင့်ပြန် လာစဉ် မောင်ဝမ်းကွဲ၏ သူငယ်ချင်းဖြစ်သူ ကျော်သက်(၂၂)နှစ်မှ ဆိုင်ကယ်ဖြင့် လိုက်ရန် ခေါ်သဖြင့် လိုက်သွားခဲ့ရာ နေအိမ်သို့

ကားတိမ်းမှောက်မှုကြောင့် သေဆုံးသူများအတွက် ပေးသော အာမခံငွေ အစိုးရ အရှုံးပေါ်

Photo: ကားတိမ်းမှောက်မှုကြောင့် သေဆုံးသူများအတွက် ပေးသော အာမခံငွေ အစိုးရ အရှုံးပေါ်
Friday, May 16 ,2014

မေလ ၁၂ ရက်နေ့တွင် နေပြည်တော် အမြန်လမ်းတွင် တိမ်းမှောက်ခဲ့သော ရာဇာမင်း ခရီးသည်တင် ယာဉ်ပေါ်ပါ ခရီးသည် ၁၄ ဦးနှင့် ထိခိုက်ဒဏ်ရာ ရသူများအတွက် မြန်မာ့အာမခံလုပ်ငန်းမှ ပေးအပ်ရသော အာမခံငွေမှာ အစိုးရအနေနှင့် အရှုံးပေါ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက The Voice သို့ ပြောသည်။
“လူတစ်ယောက် အသက်ထိခိုက်တဲ့ကြေးက ခရီးသည် တစ်သောင်းရဲ့ ပရီမီယံကြေး ဖြစ်နေတော့ အရှုံးပေါ်တာပေါ့။ အထူးခရီးသွား အသက် အာမခံကြေးကို ကျပ် ၃၀၀ ဖြင့် မေလ ၈ ရက်မှ ခရီးသွားကားများတွင် စီစဉ်ပေးခဲ့ပြီးနောက် မေလ ၁၂ ရက်တွင် ရာဇာမင်း ယာဉ်တိမ်းမှောက်မှုကြောင့် ပေးအပ်ရသည့် အာမခံကြေးနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ရာဇာမင်းယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၁၄ ဦးအတွက် အထူးခရီးသွား အသက်အာမခံကြေး ကျပ် ၆၃၀ သိန်း ပေးအပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူများအတွက် ဒဏ်ရာရ အခြေအနေအရ အများဆုံး ကျပ် ၂၄ သိန်းအထိ ပေးအပ်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အထူးခရီးသွား အသက်အာမခံ ပေးသည့် လုပ်ငန်းသည် မတော်တဆမှုများ များပြားလာပါက ထပ်မံ အရှုံးပေါ်လာနိုင်စရာ အကြောင်းရှိသော်လည်း ခရီးသွားပြည်သူကို တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးထားသော အစီအစဉ် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ရာဇာမင်း ခရီးသည်တင် ယာဉ်သည် မေလ ၁၂ ရက်နေ့က နေပြည်တော်-ရန်ကုန် ၁၉၇ မိုင် ၆ ဖာလုံတွင် တိမ်းမှောက်ခဲ့ပြီး နေပြည်တော် ကုတင်တစ်ထောင် ဆေးရုံနှင့် လယ်ဝေးဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး မေလ ၁၅ ရက်နေ့တွင် ဒဏ်ရာရသူ ၃၀ ကျော်မှ လေးဦးမှာ ဆေးရုံမှ ပြန်ဆင်းသွားပြီ ဖြစ်ကြောင်း နေပြည်တော်ကောင်စီဝင် ဦးစောလှက ပြောကြားသည်။

The Voice Weekly 
 မေလ ၁၂ ရက်နေ့တွင် နေပြည်တော် အမြန်လမ်းတွင် တိမ်းမှောက်ခဲ့သော ရာဇာမင်း ခရီးသည်တင် ယာဉ်ပေါ်ပါ ခရီးသည် ၁၄ ဦးနှင့် ထိခိုက်ဒဏ်ရာ ရသူများအတွက် မြန်မာ့အာမခံလုပ်ငန်းမှ ပေးအပ်ရသော အာမခံငွေမှာ အစိုးရအနေနှင့် အရှုံးပေါ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက The Voice သို့ ပြောသည်။
“လူတစ်ယောက် အသက်ထိခိုက်တဲ့ကြေးက ခရီးသည် တစ်သောင်းရဲ့ ပရီမီယံကြေး ဖြစ်နေတော့ အရှုံးပေါ်တာပေါ့။ အထူးခရီးသွား အသက် အာမခံကြေးကို ကျပ် ၃၀၀ ဖြင့် မေလ ၈ ရက်မှ

လားရှိုးမြို့၊ ကမ္ဘောဇဘဏ်(၁)နှင့် CB Bank တို့တွင် စက္ကန့်ပိုင်းခြားပြီး ပေါက်ကွဲမှုဖြစ်ပွား

ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေး ပါတီတွေ တွေ့ဆုံဆွေးနွေးခဲ့

Photo: ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေး ပါတီတွေ တွေ့ဆုံဆွေးနွေးခဲ့
Friday, May 16, 2014

မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ လိုက်နာရမယ့် မဲဆွယ်စည်းရုံးခွင့်ညွှန်ကြားချက် မူကြမ်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ မနေ့က ရန်ကုန် မြို့မှာ တွေ့ဆုံခဲ့ကြ ပါတယ်။ဆွေးနွေးပွဲကို နိုင်ငံရေးပါတီ ၅၀ကျော်က ပါတီခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး မဲဆွယ် စည်းရုံးရေး မူကြမ်းမှာပါတဲ့ စည်းကမ်းတချို့ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ လိုက်နာရမယ့် စုဝေးဟောပြောခွင့်နဲ့  မဲဆွယ်စည်းရုံးခွင့် တွေဟာ ကန့်သတ်ချက်တွေ ရှိတဲ့ အတွက် ဒါတွေကို ပြန်လည်ပြင်ဆင်ဖို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

မဲဆွယ်စည်းရုံးခွင့်ကို တလ သတ်မှတ်ပေးတာနဲ့ မဲဆွယ်စည်းရုံးမယ့်သူတွေအနေနဲ့ ကြိုတင်ခွင့်ပြု ချက်တောင်း ခံရမယ်ဆိုတဲ့ အချက်တွေအပေါ်မှာ နိုင်ငံရေးပါတီတွေကြား ကွဲလွဲမှုတွေရှိနေ တယ်လို့ လည်း ဆိုပါတယ်။

အစည်းဝေးတက်ရောက်ခဲ့တဲ့ ရခိုင်အမျိုးသား ပါတီ ခေါင်ဆောင် တဦးဖြစ်တဲ့ ဒေါက်တာ အေးမောင်က အခုလိုပြောပါတယ်။

 “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွန်ကြားလွာ တခုထုတ်တယ်လေ၊ အဲဒီညွန်ကြားလွာနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီအားလုံးကို ကြိုတင်ချပြတာရှိပါတယ်။ အတည်ပြုချက်တော့ မပေးသေး ဘူး ပေါ့နော်၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ နှစ်ရှည် မဟာဗျူဟာစီမံချက် တွေကိုလည်း ကျနော်တို့ကို ချပြတာပေါ့နော်၊ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကြိုတင်ပြင်ဆင်မှုတွေပေါ့နော် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာလုပ်မဲ့ အစီအမံတွေပေါ့ အဲဒါတွေကို ရှင်းပြပါတယ်။” 

ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ရဲ့ ဖွဲ့စည်းပုံတွေကို ပေးအပ်ခဲ့ပြီး နိုင်ငံရေးပါတီနဲ့ အမတ်လောင်းတွေ လိုက်နာရမယ့် မဲဆွယ်စည်းရုံး ခွင့်ဆိုင်ရာ စည်းမျဉ်းတွေ ကိုထုတ်ပြန်ခဲ့ပြီး  မဲဆန္ဒပေးခွင့်၊ စည်းရုံးခွင့်၊ နိုင်ငံရေးပါတီတွေရဲ့ ကဏ္ဍအပေါ်မှာ သဘောထား မှတ်ချက်တွေကို တောင်းခံခဲ့တယ်လို့ ပြောပါ တယ်။

ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့်နိုဝင်ဘာ ဒါမှမဟုတ် ဒီဇင်ဘာလ လောက်မှာ ကျင်းပဖို့ရှိတဲ့ အကြောင်း၊ လက်ရှိမှာ လစ်လပ်နေတဲ့ လွှတ်တော် ကိုယ်စားလှယ် အမတ်နေရာ ၃၃နေရာရှိတဲ့အကြောင်းနဲ့ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမှီ ၃လကြို တင်ပြီး ကြေညာ ပေးမယ့် အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ ထားပါတယ်။

ABC Radio Australia

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလက တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်
မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ လိုက်နာရမယ့် မဲဆွယ်စည်းရုံးခွင့်ညွှန်ကြားချက် မူကြမ်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ မနေ့က ရန်ကုန် မြို့မှာ တွေ့ဆုံခဲ့ကြ ပါတယ်။ဆွေးနွေးပွဲကို နိုင်ငံရေးပါတီ ၅၀ကျော်က ပါတီခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး မဲဆွယ် စည်းရုံးရေး မူကြမ်းမှာပါတဲ့ စည်းကမ်းတချို့ဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ လိုက်နာရမယ့် စုဝေးဟောပြောခွင့်နဲ့ မဲဆွယ်စည်းရုံးခွင့် တွေဟာ

ဖွဲ့စည်းပုံပြင်ရေး ဥပဒေဘောင်တွင်းကလုပ်ဖို့ ဦးသိန်းစိန်ပြော

Photo: ဖွဲ့စည်းပုံပြင်ရေး ဥပဒေဘောင်တွင်းကလုပ်ဖို့ ဦးသိန်းစိန်ပြော 
Friday, May 16, 2014

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ပညာရေးဝန်ကြီး အပါအဝင် ပြည်ထောင်စုဝန်ကြီး တချို့ဟာ မန္တလေးမြို့ကို ဒီကနေ့ရောက်ရှိလာပြီး မန္တလေးတိုင်းအတွင်း ၄၅ ရက်တာလုပ်ခဲ့တဲ့ စာမတတ်သူပပျောက်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လုပ်အားပေး ဆရာ ဆရာမတွေနဲ့ သင်တန်းသားတွေကို ဂုဏ်ပြုညစာစားပွဲနဲ့ ဧည့်ခံခဲ့ပါတယ်။

ဒီပွဲမှာ သမ္မတဦးသိန်းစိန်က မကြာခင်ကြုံတွေရတော့မယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တရားမျှတပြီးလွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့ကို ဥပဒေဘောင်အတွင်းက လုပ်ကိုင်ကြဖို့ ၊ ဒီကိစ္စတွေကြောင့် တိုင်းပြည် ဆူဆူပူပူ ဖြစ်မှာကို ဘယ်သူကမှ လိုလားမှာ မဟုတ်ကြောင်း ပြောသွားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ဒီခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောပွဲတွေ လုပ်မယ့်ခရီးစဉ်မတိုင်ခင် ချိန်ကိုက်လာတာ ဖြစ်ပြီး ၂၀၁၂ ခုနှစ်တုံးကလည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ပွဲမတိုင်ခင် မန္တလေးကို ဦးသိန်းစိန် ဒီလိုပဲ လာရောက်ခဲ့ဘူးပြီး စစ်ကိုင်းတက္ကသိုလ်အဆင့် ပေးသွားခဲ့တာမျိုးရှိခဲ့တယ်လို့ မန္တလေးမြို့က မြန်မာနိုင်ငံရှေ့နေများကွန်ယက်အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက သုံးသပ်ပါတယ်။

ဦးသိန်းစိန်ဟာ နန်းတွင်းထဲကို သွားရောက်လေ့လာစစ်ဆေးခဲ့သလို အထွေထွေရောဂါကု ဆေးရုံကြီးနဲ့ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးကိုလည်း သွားရောက်စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း) 
 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ပညာရေးဝန်ကြီး အပါအဝင် ပြည်ထောင်စုဝန်ကြီး တချို့ဟာ မန္တလေးမြို့ကို ဒီကနေ့ရောက်ရှိလာပြီး မန္တလေးတိုင်းအတွင်း ၄၅ ရက်တာလုပ်ခဲ့တဲ့ စာမတတ်သူပပျောက်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လုပ်အားပေး ဆရာ ဆရာမတွေနဲ့ သင်တန်းသားတွေကို ဂုဏ်ပြုညစာစားပွဲနဲ့ ဧည့်ခံခဲ့ပါတယ်။

ဒီပွဲမှာ သမ္မတဦးသိန်းစိန်က မကြာခင်ကြုံတွေရတော့မယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့ကို ဥပဒေဘောင်အတွင်းက လုပ်ကိုင်ကြဖို့ ၊

ရာဇာမင်းမှန်လုံယာဉ်မှ ယာဉ်မောင်း လိုင်စင်ပိတ်သိမ်းခံထားရသည့် ကာလအတွင်း ယာဉ်မောင်း လိုင်စင်မရှိဘဲ ယာဉ် တက်ရောက် မောင်းနှင်ကြောင်း ပေါ်ပေါက် ယာဉ်မောင်း လိုင်စင် ရာသက်ပန် ပိတ်သိမ်း နိုင်သည်အထိ အရေးယူရန် ဆောင်ရွက်နေ

မေ ၁၂ ရက် ညနေ ၆ နာရီ ၄၅ မိနစ်က ၁၄ ဦးသေဆုံးပြီး လူ ၃၀ ဒဏ်ရာရရှိခဲ့သည့် ရာဇာမင်း မှန်လုံယာဉ် တိမ်းမှောက်ခဲ့မှု ဖြစ်စဉ်တွင် အဆိုပါယာဉ်အား မောင်းနှင်သူမှာ ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းခံသူဖြစ်ကြောင်း သိရှိရပြီး ၄င်းအား ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူနိုင်ရေး ဆောင်ရွက်ထားကြောင်း သိရှိရသည်။
ရာဇာမင်း မှန်လုံယာဉ်၏ ယာဉ်မောင်း ဦးမင်းခန့် (ခ) ထွန်းခန့်စိုး သည် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်အတွင်း ၄င်းမောင်းနှင်သော ယာဉ်ဖြင့် ဆလွန်းယာဉ်နှင့်

မြန်မာနဲ့ စီးပွားရေး ဒဏ်ခတ်မှု အမေရိကန်သက်တမ်းတိုး

Photo: မြန်မာနဲ့ စီးပွားရေး ဒဏ်ခတ်မှု အမေရိကန်သက်တမ်းတိုး
Friday, May 16, 2014

အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ မြန်မာစစ်တပ်နဲ့တွဲပြီး စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ လုပ်တာကို ပိတ်ပင်ထားတဲ့ အရေးယူ ဒဏ်ခတ်မှု အမိန့်ကို သမ္မတ အိုဘားမားက နောက်ထပ် တစ်နှစ် သက်တမ်းတိုး လိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း စိုးရိမ်စရာ အခြေအနေတွေ အချို့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒ ကို အလွန်အမင်း ခြိမ်းခြောက်မှု ဆက်ရှိနေ တာကြောင့် အရေးယူမှုကို အခုလို ထပ်ပြီး သက်တမ်းတိုးတာဖြစ်တယ်လို့ သမ္မတ အိုဘားမားရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက ပြောပြမှာပါ။

အခုလို သက်တမ်းတိုးလိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ်မှု ဟာ လွှတ်တော်က ပြဋ္ဌာန်းတဲ့ ဥပဒေတော့ မဟုတ်ဘဲနဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ ထုတ်ပြန်တဲ့ အမိန့်ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကြောင့် မြန်မာနိုင်ငံထဲ ရင်းနှီးမြုပ်နှံမှုကို ကန့်သတ်တားမြစ်တဲ့ သမ္မတရဲ့ ၁၉၉၇ခုနှစ် မေလ ၂၀ရက်နေ့ ထုတ်ပြန်ချက် အဆက်ဖြစ်ပါတယ်။

၂၀၀၃ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၀၇ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၀၈ခုနှစ်မှာ တစ်ကြိမ် သက်တမ်းတိုးခဲ့ပြီး ၂၀၁၃ခုနှစ်မှာတော့ ပြင်ဆင်ချက်နဲ့အတူ သက်တမ်းတိုး ခဲ့တာပါ။ သမ္မတရဲ့ ဒီအမိန့် ထုတ်ပြန်ချက်အရ ဆိုရင်တော့ အမေရိကန် စီးပွားရေး ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြုပ်နှံ စီးပွားရေး လုပ်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့လည်း ခြွင်းချက်အနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်စပ် လုပ်ဆောင်တာကို ကန့်သတ် တားမြစ်ထားပါတယ်။

မြန်မာနိုင်ငံထဲ ရင်းနှီးမြုပ်နှံကြတဲ့ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ လူ့အခွင့်အရေး ရူ့ထောင့်ကနေပြီးတော့ သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ ကို စုံစမ်း သုံးသပ်ပြီးတော့ အများပြည်သူ သိအောင် အစီရင်ခံစာ ထုတ်ပြန်ပေး ရမှာဖြစ်ပါတယ်။

အခုလိုမျိုး သမ္မတအမိန့်နဲ့ ဒီအရေးယူမှုကို သက်တမ်းတိုးတဲ့အပေါ် အမေရိကန် အခြေစိုက် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု အဖွဲ့ဖြစ်တဲ့ USCB (U.S Campaign for Burma) က ကြိုဆိုပါတယ်။ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးမှာ လိုအပ် ချက်တွေ ရှိနေတုန်းပဲ ဆိုတာကို သမ္မတ အိုဘားမားက အသိအမှတ်ပြုလိုက် တာဖြစ် တယ်လို့ USCB ရဲ့ အမှုဆောင်ဒါရိုက်တာ Jennifer Quigley က VOA ကိုပြောပါတယ်။

"USCB နဲ့ တခြား အဖွဲ့အစည်းတွေအနေနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဒီအရေးယူမှုကို ဆက် သက်တမ်းတိုးပေးဖို့ သမ္မတ အိုဘားမားထံကို အခုလ အစောပိုင်း တုန်းကပဲ တောင်းဆိုစာ ပို့ခဲ့တာပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီးတော့ ရှိနေတာ။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မှု မလုပ်တာ၊ သတင်းထောက်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဆက်ပြီးတော့ ဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် အခုလိုမျိုး တောင်းဆိုရတာပါ။

သမ္မတအိုဘားမားအနေနဲ့ မြန်မာနိုင်ငံထဲ လိုအပ်ချက်တွေရှိနေတုန်းပဲ၊ ပြဿနာတွေ ရှိနေတုန်းပဲ ဆိုတာကို အသိအမှတ်ပြုပြီးတော့ အခုလို သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ်မှာ ဝမ်းမြောက်မိပါတယ်"

USCB အမှုဆောင်ဒါရိုက်တာ Jennifer Quigley ပြောဆိုသွားတာပါ။

သမ္မတ အိုဘားမားရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ အနျူမြူ အေဂျင်စီ IAEA ရဲ့ နျူကလီးယား ဘေးကင်း လုံခြုံမှုဆိုင်ရာ ဖြည့်စွက်ချက်ကို သဘောတူ လက်မှတ်ရေးထိုးတာ အပါအဝင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ရှိလာတာကို အသိအမှတ်ပြု ထားပါတယ်။

ဒါပေမဲ့လို့ လူနည်းစု တိုင်းရင်းသား ဒေသတွေ အထူးသဖြင့် ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေနဲ့ မြန်မာနိုင်ငံတွင်း နိုင်ငံရေးနဲ့ စီးပွားရေး နယ်ပယ်မှာ စစ်တပ်က ဆက်ပြီးတော့ နေရာယူထားတဲ့ အခြေအနေတွေ ရှိနေတုန်းပဲလို့ သမ္မတ အိုဘားမားက သူ့ကြေညာချက် မှာ ဖော်ပြပါတယ်။

ဒါကြောင့်မို့လို့ ဒီလိုအခြေအနေတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို အလွန်အမင်း ခြိမ်းခြောက်မှုအဖြစ် ဆက်ဖြစ်နေ တာကြောင့် သက်တမ်းတိုးဖို့ အတွက် ဆုံးဖြတ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ အခု ဒီသမ္မတရဲ့ အမိန့်စာမှာ ပါတဲ့အတိုင်း ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေးကို ထိခိုက်မှု ရှိမရှိ စုံစမ်း စစ်ဆေးပြီးတော့ အများပြည်သူကို ထုတ်ပြန်ပေးတဲ့နေရာမှာတော့ အားနည်းမှုတွေ ရှိနေတုန်းပဲလို့ USCB ကတော့ ဝေဖန်ပါတယ်။

"အခုအချိန်အထိတော့ မြန်မာနိုင်ငံထဲ အမေရိကန်ကနေ သွားရောက် ရင်းနှီးမြုပ်နှံကြတဲ့ ကုမ္ပဏီတွေဘက်က တင်ပြချက်တွေ ပြည့်စုံမှု မရှိသေးပါဘူး။ သူတို့လုပ်ငန်းတွေဟာ လယ်မြေသိမ်းယူမှုတွေနဲ့ မပတ်သက်ဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ချိုးဖောက်မှုတွေ မဖြစ်ခဲ့ပါဘူး ဆိုတာကို အသေအချာ စုံစမ်းစစ်ဆေးပြီး အစီရင်ခံနိုင်တာ ကုမ္ပဏီတစ်ခုပဲရှိပါတယ်။ အခြား ကုမ္ပဏီတွေ ရဲ့ အစီရင်ခံချက်တွေမှာတော့ မပြည့်မစုံဖြစ်နေတုန်းပါ။ ဒါကြောင့်မို့ လို့ ကျန်တဲ့ ကုမ္ပဏီတွေကို ဆက်ပြီးတော့ ပိုပြီးတော့ အသေးစိတ် ထုတ်ပြန်နိုင်ဖို့အတွက် ဖိအားပေးသွားမှာပါ။"

USCB က အမှုဆောင် ဒါရိုက်တာ Jennifer Quigley ပြောဆိုသွားတာဖြစ် ပါတယ်။

လက်ရှိအားဖြင့်တော့ မြန်မာနိုင်ငံထဲ ရင်းနှီးမြုပ်နှံနေတဲ့ အမေရိကန် ကုမ္ပဏီတွေ ထဲ Western Union၊ Coca Cola အပါအဝင် လုပ်ငန်းငါးခုလောက်ပဲ အများပြည်သူ သိအောင် အစီရင်ခံထားတယ်လို့ သိရပါတယ်။

အမေရိကန်က ပြဋ္ဌာန်းပြီးသား အမေရိကန်ပြည်ထောင်စုရဲ့ အရေးပေါ် အက်ဥပဒေအရ အမေရိကန်လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ထိခိုက်လာနိုင်တဲ့ အခြေအနေမှာ သမ္မတအနေနဲ့ အခုလိုမျိုး အရေးယူ၊ အမိန့်ထုတ်ပြန်နိုင်တဲ့ အခွင့်အာဏာ ကို ပေးထားပါတယ်။

ဒါကြောင့်မို့လို့ ဒီလုပ်ပိုင်ခွင့်အရ သမ္မတ အိုဘားမားရဲ့ လက်မှတ်နဲ့ အရေးယူမှုကို သက်တမ်းတိုးတဲ့ အခုအမိန့်ကို အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် အကြီးအကဲတွေကိုပါ သမ္မတအိုဘားမားက လက်မှတ်ထိုး ပေးပို့ထားပါတယ်။

VOA
အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ မြန်မာစစ်တပ်နဲ့တွဲပြီး စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ လုပ်တာကို ပိတ်ပင်ထားတဲ့ အရေးယူ ဒဏ်ခတ်မှု အမိန့်ကို သမ္မတ အိုဘားမားက နောက်ထပ် တစ်နှစ် သက်တမ်းတိုး လိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း စိုးရိမ်စရာ အခြေအနေတွေ အချို့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒ ကို အလွန်အမင်း ခြိမ်းခြောက်မှု ဆက်ရှိနေ တာကြောင့် အရေးယူမှုကို အခုလို ထပ်ပြီး သက်တမ်းတိုးတာဖြစ်တယ်လို့ သမ္မတ အိုဘားမားရဲ့ ကြေညာ

သည်းခြေမှကျောက်ကို သဘာဝနည်းဖြင့် ဖယ်ရှားနည်း


Photo: သည်းခြေမှကျောက်ကို သဘာဝနည်းဖြင့် ဖယ်ရှားနည်း
Friday, May 16, 2014

အစာစားပြီး ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ၀မ်းဗိုက်နာနေခြင်း၊ အစာမကြေသလိုခံစားခြင်း၊ အသည်းမှာ နာနေခြင်း စသည့်ဖြစ်နေလျှင် အသည်းမှာ ကျောက်တည်နေပါပြီ။
ဆေးများစုံနေအောင် သောက်သော်လည်း မပျောက်၍သော်၎င်း၊ ဆေးရုံတက်၍ ခွဲစိပ်ရန်အဆင်မပြေ၍သော်၎င်း ရောဂါဝေဒနာကို ခံစားနေလျှင် အောက်ပါ သဘာဝကုထုံးလေးဖြင့် ကုသနိုင်ကြပါတယ်။
၁။ တစ်နေ့ကို ပန်းသီး ၄ လုံးစားပေးပါ။ သို့မဟုတ် ပန်းသီးဖျော်ရည်(Apple Juice) ၄ ခွက် သောက်ပေးပါ။

၂။ ၅ ရက်ဆက်တိုက် စားပါ။ (အစားအစာများကိုလည်း ပုံမှန်စားနိုင်ပါတယ်)
၃။ ၆ ရက်မြောက်နေ့မှာ ညစာမစားပဲ ညနေ ၆ နာရီခန့်နှင့် ည ၈ နာရီခန့်မှာ ဆားခါးတစ်ဇွန်းကို ရေနွေးတစ်ခွက်နဲ့ သောက်ပေးပါ။
၎။ ညအိပ်ယာမ၀င်ခင် ၁၀ နာရီခန့်မှာ သံလွင်ဆီ(သို့မဟုတ်) နှမ်းဆီစစ်စစ် ထမင်းစားဇွန်း တစ်ဇွန်းခန့်ကို သံပရာရည်နှင့် သေချာစွာ ရောမွှေပြီး သောက်ပေးပါ။

ပန်းသီးသည် သည်းခြေမှ ကျောက်များကို ပျော့သွားစေနိုင်ပါသည်။ သဘာဝဆေးဖက်ဝင် သစ်သီးဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုးလည်း မရှိပါ။ ဆားခါးသည် သည်းခြေ၏ အိတ်ပြွန်များကို ပွင့်စေပါသည်။ ဆီသည် သည်းခြေမှ ကျောက်များကို လွယ်ကူချောမွေ့ စွာ လျောကျသွားစေနိုင်ပါသည်။
နောက်တစ်နေ့ နံနက်အိပ်ယာမှာ ရေအ၀သောက်ပြီး ၃ မိနစ်ခန့် လမ်းလျှောက်ပေးပါ။ ပြီးလျှင် ၀မ်းသွားသည့်အခါ ကျောက်များပါသွားလိမ့်မည်။
ကျောက်ရောဂါကို ခံစားနေရသော ဝေဒနာရှင်များ သက်သာပျောက်ကင်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း သဘာဝကုထုံးဆေးနည်းလေးကို ဒါနပြုလိုက်ပါသည်။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ ကြေးမုံသတင်းစာ
ကျန်းမာရေးသတင်းများ 
 အစာစားပြီး ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ၀မ်းဗိုက်နာနေခြင်း၊ အစာမကြေသလိုခံစားခြင်း၊ အသည်းမှာ နာနေခြင်း စသည့်ဖြစ်နေလျှင် အသည်းမှာ ကျောက်တည်နေပါပြီ။
ဆေးများစုံနေအောင် သောက်သော်လည်း မပျောက်၍သော်၎င်း၊ ဆေးရုံတက်၍ ခွဲစိပ်ရန်အဆင်မပြေ ၍သော်၎င်း ရောဂါဝေဒနာကို ခံစားနေလျှင် အောက်ပါ သဘာဝကုထုံးလေးဖြင့် ကုသနိုင်ကြပါတယ်။
၁။ တစ်နေ့ကို ပန်းသီး ၄ လုံးစားပေးပါ။ သို့မဟုတ် ပန်းသီးဖျော်ရည်(Apple Juice) ၄ ခွက် သောက်ပေးပါ။

၂။ ၅ ရက်ဆက်တိုက် စားပါ။ (အစားအစာများကိုလည်း ပုံမှန်စားနိုင်ပါတယ်)

ဝေဖန်မှုများရှိနေသည့် ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်မူကြမ်းအပေါ် နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းမှု မပြီးပြတ်ခဲ့ဘဲ အကြံပြုစာများ ပေးပို့ရန် ကော်မရှင်ဥက္ကဋ္ဌ ပြောကြား

မဲဆွယ်စည်းရုံးခွင့် ကန့်သတ်ချက်ကဲ့သို့ ဝေဖန်ခံရသည့် အချက်များစွာ ရှိနေသည့် ရွေးကောက်ပွဲကော် မရှင်၏ ညွှန်ကြားချက် မူကြမ်းနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီများနှင့် မေ ၁၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့သော်လည်း မပြီးပြတ်ခဲ့ဘဲ အကြံပြုချက်များ ပေးပို့သွားရန် နိုင်ငံရေးပါတီများကို ပြောကြားခဲ့သည်။
“ကျွန်တော်က စေတနာနဲ့ လုပ်လိုက်တာပါ။ ရွေးကောက်ပွဲမှာ ကျွန်တော်က ဒိုင်ပါပဲ။ ခင်ဗျားတို့တွေ သဘောတူရင် ကြိုက်ရာလုပ်။ သို့ပေမယ့် တချို့ဟာလေးတွေက ကျွန်တော်ချုပ်ချုပ်ထားတာရှိတယ်။ ချုပ်ချုပ်ထားတာ လွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှု မရှိမှာတို့၊ တရားဥပဒေနဲ့ မညီမှာတို့ ဒီလိုတွေ ဖြစ်မှာစိုးလို့သာ ချုပ်ထားတာ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ လုပ်ချင်ရာ လုပ်မယ်ဆိုရင် ကျွန်တော်က ပိုသဘောကျပါတယ်။ သို့သော်လည်းပဲ သဘောကျပေမယ့် ကျွန်တော် ခွင့်မပြုပါဘူး” ဟု ၎င်းကဆိုသည်။

ကြိုးတုပ်ရိုက်သည့် ပွဲစားကို ဖမ်းဆီးပြီး လူကုန်ကူးခံရသူ မြန်မာအလုပ်သမား သုံးဦးကို ကယ်တင်

ထိုင်းနိုင်ငံမြို့တော် ဗန်ကောက် အနီးရှိ နကပထုန်နယ်မြေ အုန်းယိုင် Big C ကုန်တိုက်အနီး ခစ်စဖန် ၅ လမ်းတွင်ရှိသော ရေခဲ အရောင်းဆိုင်တွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမားများအား ကြိုးတုပ်၍ ရိုက်နှက်ကာ အဓမ္မအလုပ်ခိုင်းစေခဲ့သည့် မြန်မာပွဲစားကို ဖမ်းဆီးလိုက်နိုင်ပြီ ဖြစ်ကြောင်းနှင့် အဆိုပါ လူကုန်ကူးခံနေရသည့် မြန်မာ အလုပ်သမား သုံးဦးအား ပူးပေါင်း အဖွဲ့တို့က မေ ၁၂ ရက်က ကယ်တင် လိုက်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (Myanmar Associationin Thailand) မှ ဆက်သွယ်ပြောချက်အရ သိရသည်။
အဆိုပါ အဓမ္မအလုပ်ခိုင်းခံ နေရသည့် မွန်ပြည်နယ် သိမ်ဇရပ်မှ မျိုးမင်းအောင်(၂၀နှစ်)၊ ဝေဇင်ထက်

လေယာဉ်စီးသူတွေ သွေးပျက်စေခဲ့တဲ့ အဖြစ်

Photo: လေယာဉ်စီးသူတွေ သွေးပျက်စေခဲ့တဲ့ အဖြစ်
Friday, May 16, 2014

န်ဒန်ကနေ အီတလီကို လေယာဉ်နဲ့ အားလပ်ရက် အပန်းဖြေခရီးသွားကြသူ ဒါဇင်နဲ့ ချီတဲ့ လူတွေဟာ သူတို့ရဲ့ လေယာဉ် ပြူတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တဲ့အခါမှာတော့ သူတို့ဟာ အိပ်မက်ဆိုးကြီး တခုကို မြင်လိုက်ကြတာပါဘဲ။
လေယာဉ်စီးခရီးသည်တွေလည်း သူတို့လေယာဉ်ဟာ လေထဲမှာ အတောင်ပံတဖက်ရဲ့ အစိပ်အပိုင်းတခု က ပြုတ်ကျတော့မယ့် အခြေအနေဖြစ်နေတာ အခု ပြသမယ့် ဗီဒီယိုက ပြသပါလိမ့်မယ်။
The CityJet airliner လေကြောင်းလိုင်းက လေယာဉ်ဟာ London City လေဆိပ်ကနေ အီတလီနိုင်ငံ Florence ဦးတည်ပျံသန်းလာခဲ့စဉ် လေယာဉ် တောင်ပံတဖက်ရဲ့ အစိပ်အပိုင်းတခုဟာ ချောင်ပြီး ပြုတ် ထွက် သွားခဲ့တာဖြစ်တယ်လို့ မေလ ၁၅ ရက်နေ့ The Mirror သတင်းတခုမှာ ဖော်ပြပါတယ်။
ခရီးသည်တွေလည်း ကျယ်လောင်တဲ့ အသံတခုကြားလို့ ပြူတင်းပေါက် အပြင်ကို လှမ်းကြည့် လိုက်တော့ 
လေယာဉ်မှာတွဲလောင်းကျနေတဲ့ လေယာဉ်အစိပ်အပိုင်းတခုကိုတွေ့လိုက်ကြတာလို့ ပြန်ပြောပြပါတယ်။
လေယာဉ်ပေါ်ပါသွားတဲ့ Telegraph သတင်းစာက သတင်းသမား Cole Moreton က လေယာဉ်တက် လိုက်တဲ့ အချိန်မှာ ထူးဆန်းတဲ့ အသံတခုကြားလိုက်ရပြီး လေယာဉ်ဘယ်ဘက်တောင်ပံက ၆ ပေလောက် ရှိတဲ့ အစိပ်အပိုင်းတခု ချောင်ပြီး ပြုတ်ထွက်သွားတာမြင်လိုက်ရပြီး တွဲလောင်းကျနေတယ်လို့ ပြောပါတယ်။
ခရီးသည်တွေကလည်း အရေးပေါ် သတိပေးမှုကို လေယာဉ်ဝန်ထမ်းကဆင့် လေယာဉ်မှူးဆီ အကြောင်း ကြား လိုက်တယ် တဲ့။
အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေရဲ့ တိုင်ပင်မှုတွေမပြီးခင် လေယာဉ်ဟာ သိမ်းမြစ်ကို ပတ်ဝဲပျံသန်း ခဲ့ပြီးနောက်ဆုံး လေဆိပ်ကို ပြန်လည့်လာခဲ့ပါတယ်။
ဂျက်လေယာဉ်ပေါ် ပါတဲ့ ခရီးသည် ၆၁ ဦးလည်း ထိခိုက်မှုမရှိ ခဲ့ပါဘဲ လေဆိပ်ကို အောင်မြင်စွာပြန်ဆင်း သက်နိုင် ခဲ့တယ် လို့ သိရပါတယ်။
ဒီခရီးသည်တွေကို နောက် ၂ နာရီလောက်အကြာ အခြား လေယာဉ်တစင်းနဲ့ မူလ ခရီးစဉ်အတွက် စီစဉ် ပေးလိုက်တယ်လို့ သိရပါတယ်။
ဒီလေယာဉ်ခရီးသည်တွေ ဘယ်လောက် သွေးပျက်သွားမလဲဆိုတာ အခု ဗွီဒီယိုကို ကြည့်ရင်သိနိုင်ပါတယ်။
http://www.youtube.com/watch?v=ejqmYWzu3Og

အိမ့်သံစဉ် 
The Irrawaddy (Burmese Version)
န်ဒန်ကနေ အီတလီကို လေယာဉ်နဲ့ အားလပ်ရက် အပန်းဖြေခရီးသွားကြသူ ဒါဇင်နဲ့ ချီတဲ့ လူတွေဟာ သူတို့ရဲ့ လေယာဉ် ပြူတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တဲ့အခါမှာတော့ သူတို့ဟာ အိပ်မက်ဆိုးကြီး တခုကို မြင်လိုက်ကြတာပါဘဲ။
လေယာဉ်စီးခရီးသည်တွေလည်း သူတို့လေယာဉ်ဟာ လေထဲမှာ အတောင်ပံတဖက်ရဲ့ အစိပ်အပိုင်းတခု က ပြုတ်ကျတော့မယ့် အခြေအနေဖြစ်နေတာ အခု ပြသမယ့် ဗီဒီယိုက ပြသပါလိမ့်မယ်။
The CityJet airliner လေကြောင်းလိုင်းက လေယာဉ်ဟာ London City လေဆိပ်ကနေ အီတလီနိုင်ငံ Florence ဦးတည်ပျံသန်းလာခဲ့စဉ် လေယာဉ် တောင်ပံတဖက်ရဲ့ အစိပ်အပိုင်းတခုဟာ ချောင်ပြီး ပြုတ် ထွက် သွားခဲ့တာဖြစ်တယ်လို့ မေလ ၁၅ ရက်နေ့ The Mirror သတင်းတခုမှာ ဖော်ပြပါတယ်။

၂၀၁၄ အာရှဖလား(အမျိုးသမီး) ဘောလုံးပြိုင်ပွဲအုပ်စု(ခ)၊ မြန်မာ ၀-၁၂ တောင်ကိုးရီးယား (FT)

Photo: ၂၀၁၄ အာရှဖလား(အမျိုးသမီး)
ဘောလုံးပြိုင်ပွဲအုပ်စု(ခ)
Friday, May 16, 2014

မြန်မာ ၀-၁၂ တောင်ကိုးရီးယား (FT)

နှစ်သင်းကြားအဆင့်အတန်းအလွန်
ကွာဟမှု၊လူကောင်အရွယ်အစားချင်း
မတရားကွာဟမှုစသည်တို့ကြောင့်
အာရှထိပ်သီး၊ကမ္ဘာ့တန်းဝင်အသင်း
တစ်သင်းကိုရှုံးသင့်သည်ထက်ပိုမို
အရေးနိမ့်သွားခဲ့တယ်လို့
မြင်မိပါတယ်။မြန်မာအမျိုးသမီး
လက်ရွေးစင်အသင်းဟာလာမယ့်
မေလ ၁၇ ရက်နေ့၊မြန်မာစံတော်ချိန်
ည ၄း၄၅ မှာ တရုတ်အမျိုးသမီး
လက်ရွေးစင်အသင်းနဲ့ဆက်လက်
ယှဉ်ပြိုင်ကစားရမှာပါ။

The Top Soccer League Channel
  မြန်မာ ၀-၁၂ တောင်ကိုးရီးယား (FT)
နှစ်သင်းကြားအဆင့်အတန်းအလွန်
ကွာဟမှု၊လူကောင်အရွယ်အစားချင်း
မတရားကွာဟမှုစသည်တို့ကြောင့်
အာရှထိပ်သီး၊ကမ္ဘာ့တန်းဝင်အသင်း
တစ်သင်းကိုရှုံးသင့်သည်ထက်ပိုမို

Thursday, May 15, 2014

စားသုံးရန် မသင့်သော အစား အသောက်များနှင့် ပတ်သက်၍ အများပြည်သူ သိရှိရန် အသိပေး ကြေညာချက်

Photo: စားသုံးရန် မသင့်သော အစား အသောက်များနှင့် ပတ်သက်၍ အများပြည်သူ သိရှိရန် အသိပေး ကြေညာချက်
Thursday, May 15, 2014

ကျန်းမာရေး ဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက် များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက် မပြတ် ဆောင်ရွက်လျက် ရှိသည်။

ဈေးကွက်များတွင် ရောင်းချလျက် ရှိသော အစားအသောက် များကို ဈေးများ၊ ကျောင်း မုန့်ဈေးတန်းများမှ ဝယ်ယူ စစ်ဆေးရာ အောက်ဖော်ပြပါ အမှတ်တံဆိပ် များဖြင့် ထုတ်လုပ်သော အစားအသောက် များ၌ သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ ပါဝင်ခြင်းကြောင့် စားသုံးရန် မသင့်သော အစားအသောက်များ ဖြစ်ကြောင်း အသိပေး ကြေညာ အပ်ပါသည်။

အစားအသောက် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဓာတု ဆိုးဆေးများကို လုံးဝ အသုံးမပြု ရန်နှင့် လိုက်နာ ဆောင်ရွက် ခြင်း မရှိပါက အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ ၂၈(က)အရ တရားစွဲဆို အရေးယူမည် ဖြစ်ကြောင်း သတိပေး အပ်ပါသည်။

မြ၀တီ
ကျန်းမာရေး ဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက် များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက် မပြတ် ဆောင်ရွက်လျက် ရှိသည်။

ဈေးကွက်များတွင် ရောင်းချလျက် ရှိသော အစားအသောက် များကို ဈေးများ၊ ကျောင်း မုန့်ဈေးတန်းများမှ ဝယ်ယူ စစ်ဆေးရာ အောက်ဖော်ပြပါ အမှတ်တံဆိပ် များဖြင့် ထုတ်လုပ်သော အစားအသောက် များ၌ သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ ပါဝင်ခြင်းကြောင့် စားသုံးရန် မသင့်သော အစား

ကြားဖြတ်ရွေးကောက်ပွဲ သံဃာတော်များ မဲပေးခွင့် ရရှိရေး နိုင်ငံတော်သမ္မတထံ တောင်းဆိုမည်ဟု မဘသဆို


Photo: ကြားဖြတ်ရွေးကောက်ပွဲ သံဃာတော်များ မဲပေးခွင့် ရရှိရေး နိုင်ငံတော်သမ္မတထံ တောင်းဆိုမည်ဟု မဘသဆို

ရန်ကုန်၊ မေ ၁၄

လာမည့် ပွင့်လင်းရာသီတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သံဃာတော်များ ဝင်ရောက် မဲပေးခွင့် ရရှိရေးအတွက် သံဃာတော်များ ဆန္ဒပြုလက်မှတ် ကောက်ခံကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ (ဗဟို) မကွေးကျောင်းတိုက် ဆရာတော် အရှင်ပါမောက္ခက The Voice သို့ မိန့်ကြားသည်။

ပြည်ထောင်စု လွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် သံဃာတော်များ မဲပေးခွင့် မရှိဟု ဆိုသော အချက်ကို ပယ်ဖျက်ပေးရန်အတွက် သံဃာတော်ထုများ လက်မှတ် ကောက်ခံကာ နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံတော် သံဃာ့မဟာနာယကနှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံသို့လည်း တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းက မိန့်ဆိုသည်။

“အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) အစည်းအဝေးမှာ တင်ပြမယ်။ မရရင် သီးသန့် အစီအစဉ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲအမီ  လုပ်ဆောင်မယ်။ နိုင်ငံတော်အရေးဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်” ဟု ၎င်းက ဆက်လက် မိန့်ကြားသည်။

သို့သော်လည်း သံဃာတော်များက လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက် တင်မြှောက်ရန် ကြိုးပမ်းခြင်းသည် သံဃာတော်များအကြား ပါတီစွဲ၊ ဂိုဏ်းဂဏစွဲများ ဖြစ်ပေါ်လာနိုင်ပြီး သံဃာ့ဝိနည်းများဖြင့် လျော်ညီခြင်း မရှိကြောင်း နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ဝင် ဆရာတော် အရှင်သီရိက မိန့်ကြားသည်။
“မဲပေးခွင့် မရှိတာထက် ပေးခွင့် ပြုလိုက်ရင် ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာကို ဝိနည်းကျွမ်းကျင်တဲ့ ဆရာတော်များနှင့် တိုင်ပင် ဆွေးနွေးသင့်ပါတယ်” ဟု ၎င်းက မိန့်ဆိုသည်။

သံဃာတော်များသည် နိုင်ငံအတွင်း နေထိုင်ကြသူများ ဖြစ်သောကြောင့် နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိသင့်ကြောင်း ရခိုင်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
“ပါတီထောင်ခွင့် မရှိရင်တောင်မှ မဲပေးခွင့်တော့ ပြင်ပေးသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲ မဲပေးခွင့်ကို ပြင်ဆင်လိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောကြားသည်။

“အရင်တုန်းကတော့ ဘာသာရေး ပုဂ္ဂိုလ်တွေကို နိုင်ငံရေးထဲမှာ ဝင်ရောက် ပတ်သက်ခြင်း မရှိဖို့ တားမြစ်ခဲ့တာတွေ ရှိတယ်။ သံဃာတော်တွေမှာ ပါတီစွဲတွေ ဖြစ်ပြီး ကွဲပြားနိုင်စရာတော့ ရှိတယ်” ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။

သေဆုံးသွားသူများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသော လွှတ်တော် ကိုယ်စားလှယ်များ၏ လစ်လပ် မဲဆန္ဒနယ်များအတွက် ပွင့်လင်းရာသီတွင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ရာ နိုင်ငံရေးအရ အလွဲသုံးစား မလုပ်ရန်နှင့် ဘာသာရေး အကြောင်းပြ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ပါက ဥပဒေအတိုင်း ထိရောက်စွာ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရွေးကောက် တင်မြှောက်ခြင်း အခန်း (၉) ပါ လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်း ပုဒ်မ ၃၉၂ တွင် သာသနာ့ ဝန်ထမ်းများ၊ ထောင်ဒဏ်ကျ ခံနေရသူများ၊ စိတ်ပေါ့သွပ် နေသည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသည့် အတိုင်း သတ်မှတ်ခြင်း ခံရသူများ၊ လူမွဲအဖြစ် ဆုံးဖြတ်ကြေညာ ခံထားရခြင်းမှ လွတ်မြောက်ခွင့် မရသေးသူများ၊ ရွေးကောက်တင်မြောက်ခြင်း ဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်း ခံရသူများ ဆန္ဒမဲ ပေးပိုင်ခွင့် မရှိကြောင်း ဖော်ပြပါရှိသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားခဲ့သည်။
လာမည့် ပွင့်လင်းရာသီတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သံဃာတော်များ ဝင်ရောက် မဲပေးခွင့် ရရှိရေးအတွက် သံဃာတော်များ ဆန္ဒပြုလက်မှတ် ကောက်ခံကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တောင်း ဆိုသွားမည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ (ဗဟို) မကွေးကျောင်းတိုက် ဆရာတော် အရှင်ပါမောက္ခက The Voice သို့ မိန့်ကြားသည်။

ပြည်ထောင်စု လွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် သံဃာတော်များ မဲပေးခွင့် မရှိဟု ဆိုသော အချက်ကို ပယ်ဖျက်ပေးရန်အတွက် သံဃာတော်ထုများ လက်မှတ် ကောက် ခံကာ နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံတော် သံဃာ့မဟာနာယကနှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံသို့လည်း တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းက မိန့်ဆိုသည်။

မကွေးတိုင်း ဒေသကြီး၌ သုံးမြွှာပူး မွေးဖွား


Photo: မကွေးတိုင်း ဒေသကြီး၌ သုံးမြွှာပူး မွေးဖွား
Thursday, May 15, 2014

မကွေးတိုင်း ဒေသကြီး ဆေးရုံ မီးယပ်နှင့် သားဖွားဆောင်၌
မေ ၁၁ ရက် နံနက် ၁၁ နာရီခွဲက မကွေးမြို့နယ် ကန်တော်ကျေးရွာမှ မဝင်း ၃၆ နှစ်မှာ သုံးမြွှာပူး မွေးဖွားခဲ့ကြောင်း သိရသည်။
''မေ ၁၁ ရက် နံနက် ၁၁ နာရီခွဲမှာ ခွဲပြီး မွေးဖွားပေးရတာ မိန်းကလေး နှစ်ယောက်၊ ယောက်ျားလေး တစ်ယောက် ပေါင်ချိန်တွေကတော့ ၅ ပေါင်၊ ၆ ပေါင်၊ ၇ ပေါင် ရှိပါတယ်၊ ကလေးတွေ အားလုံး ကျန်းမာရေး ကောင်းပါတယ်၊ ကျွန်မတို့က ဆင်းရဲတော့ ဆေးရုံတက်ဖို့ စရိတ် မရှိဘူး၊ ရွာက ဝိုင်းဝန်း ထောက်ပံ့ပေးခဲ့လို့ ဒီကို ရောက်လာတာ ကလေးက သုံးမြွှာပူး ဖြစ်နေတော့ ဆေးရုံကို တစ်လ ကြိုတက်ရတယ်၊ ဘယ်နေ့ ဆင်းရမလဲဆိုတာ မသိရသေးဘူး'' ဟု သုံးမြွှာပူး မိခင်က ပြောသည်။
ယင်းနောက် မကွေးတိုင်း ဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့နှင့် တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့ဝင်များသည် ယမန်နေ့က မဝင်းထံသို့ အလှူငွေကျပ် ၁ဝဝဝဝဝ လာရောက် လှူဒါန်း ခဲ့ကြောင်း သိရသည်။
မကွေးလှမြင့်

မြ၀တီ 
 မကွေးတိုင်း ဒေသကြီး ဆေးရုံ မီးယပ်နှင့် သားဖွားဆောင်၌မေ ၁၁ ရက် နံနက် ၁၁ နာရီခွဲက မကွေးမြို့နယ် ကန်တော်ကျေးရွာမှ မဝင်း ၃၆ နှစ်မှာ သုံးမြွှာပူး မွေးဖွားခဲ့ကြောင်း သိရသည်။
''မေ ၁၁ ရက် နံနက် ၁၁ နာရီခွဲမှာ ခွဲပြီး မွေးဖွားပေးရတာ မိန်းကလေး နှစ်ယောက်၊ ယောက်ျားလေး တစ်ယောက် ပေါင်ချိန်တွေကတော့ ၅ ပေါင်၊ ၆ ပေါင်၊ ၇ ပေါင် ရှိပါတယ်၊ ကလေးတွေ အားလုံး ကျန်းမာရေး ကောင်းပါတယ်၊ ကျွန်မတို့က ဆင်းရဲတော့ ဆေးရုံတက်ဖို့ စရိတ် မရှိဘူး၊ ရွာက ဝိုင်းဝန်း ထောက်ပံ့ပေးခဲ့လို့ ဒီကို ရောက်လာတာ ကလေးက သုံးမြွှာပူး ဖြစ်နေတော့ ဆေးရုံကို တစ်လ

လူပေါင်း ၃၆ဝကျော် သေဆုံးခဲ့ပြီး နောက် ရန်ကုန်-မန္တလေးလမ်းမကြီး အား အဆင့် သုံးဆင့် ဖြင့် နိုင်ငံ တကာအဆင့် မြှင့် ရန် အစိုးရဆုံးဖြတ်

Photo: လူပေါင်း ၃၆ဝကျော် သေဆုံးခဲ့ပြီး နောက် ရန်ကုန်-မန္တလေးလမ်းမကြီး အား အဆင့် သုံးဆင့် ဖြင့် နိုင်ငံ တကာအဆင့် မြှင့် ရန် အစိုးရဆုံးဖြတ်
Thursday, May 15, 2014

ရန်ကုန်၊ မေ ၁၄- လူ ၁၄ဦးအ သက်ဆုံးရှုံးခဲ့ရသည့် ရာဇာမင်းခရီး သည်တင်အမြန်ဘတ်စ်ကား ရန်ကုန် -မန္တလေးလမ်းမကြီး၌ တိမ်းမှောက် မှုဖြစ်အပြီး ၄၈နာရီအတွင်း အဆို ပါ သေမင်း တမံလမ်း မကြီးအား နိုင်ငံ တကာအဆင့် မြှင့်တင်ရန် အစိုးရ က ဆုံးဖြတ် လိုက်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကြီး တန်းအရာရှိကြီးတစ်ဦးက ဒီမိုကရေ စီတူဒေးသို့ အတည် ပြုပြော ကြား သည်။

''ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးကို အဆင့်သုံးဆင့်ထားပြီး နိုင်ငံတကာအဆင့်မီ အဝေးပြေးလမ်း မကြီးဖြစ်အောင် ဆောင် ရွက်သွား မှာဖြစ်ပါတယ်။ Fully Access Control အဆင့်ရ အောင် အဆင့် မြှင့်တင်သွားမယ်'' ဟု အဆိုပါအရာ ရှိကြီးတစ်ဦးက ပြောကြားသည်။
အဆင့်မြှင့်တင်ရေးဆောင်ရွက် ရာတွင် ပထမ အဆင့်အနေဖြင့် တံတား များအား အဆင့်မြှင့်တင်သွားမည် ဖြစ်ပြီး ယခုလေးလမ်းသွားအဆင့်မှ ခြောက်လမ်းသွားနှင့် နောက်ဆုံး အဆင့်ရှ စ်လမ်း သွားတံတား အဆင့် ပြုပြင် တည် ဆောက်သွားမည်ဖြစ် သည်။ ဒုတိယအဆင့်အနေဖြင့် အ မြန်လမ်းမကြီးအား ရှစ်လမ်းသွား လမ်းမကြီးအဖြစ် တိုးချဲ့ဖောက်လုပ် သွားမည်ဖြစ်သည်။

နောက်ဆုံး အဆင့်အနေဖြင့် လမ်းတစ်လျှောက် စီစီတီဗွီကင်မရာများ တပ်ဆင်သွား ပြီး ယာဉ်သွားလာမှုအခြေအနေများ ကို ဗဟိုထိန်းချုပ်ဌာနမှ စောင့်ကြည့် ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ''မြင့်နေတဲ့ လမ်းလယ် ကျွန်း တွေကိုနှိမ့်မယ်။ ပြီးရင် ခြံစည်းရိုး တွေကာမယ်။ လမ်းတစ်လျှောက် ဘေးဝဲယာမှာ Guard Rail တွေ အပြည့်တပ်ဆင်သွားမယ်။ လမ်းပေါ် ကို ကျွဲ၊ နွား တိရစ္ဆာန်တွေ၊ မော်တော် ဆိုင်ကယ်တွေ၊ လူတွေ ဖြတ်သန်း လို့မရအောင် ဆောင်ရွက်ခြင်းဖြစ် ပါတယ်။ အဲဒီအပြင် အမြန်လမ်းမ ကြီးနှင့်အပြိုင် ဝဲယာတစ်ဖက်တစ် ချက်မှာ ရွာတွေက လူတွေ အသုံး ပြုနိုင်မယ့် ယာဉ်ကြောတစ်ကြောပါ လမ်းတွေဖောက်သွားပေးဖို့ စီမံ ချက်တွေ ရေးဆွဲထားပါတယ်''ဟု အဆိုပါအရာရှိက ပြောသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးတစ်လျှောက်တွင် အပြည့်အဝ ထိန်းချုပ်နိုင်ရန် စီစီတီဗွီကင်မရာ အလုံး ၄ဝဝတပ်ဆင်ပါက လုံလောက် မှုရှိကြောင်း တွက်ချက်ထားပြီးဖြစ် သည်ဟုလည်း သိရ သည်။ အဆိုပါလမ်း အား နိုင်ငံတကာ အဆင့်မီလမ်းအဖြစ် မြှင့်တင်ရာတွင် USAID က ၁ဝကီလိုမီတာအရှည် ရှိသော လမ်းပုံစံတစ်ခုကို ရှေ့ပြေး တည်ဆောက်ရန် နည်းပညာ အကူ အညီ များပေးမည်ဟုလဲ သိရသည်။
ရန်ကုန်-မန္တလေးလမ်းမကြီး အဆင့်မြှင့်တင်ရန်အတွက် နိုင်ငံ တော်ဘဏ္ဍာအပြင် နိုင်ငံတကာမှ နည်းပညာနှင့် ငွေကြေး အကူအညီ များ ရယူဆောင်ရွက်သွားမည်ဟု သတင်း ရရှိ သည်။ ''အဆင့်တွေအားလုံးပြီးသွား ရင်တော့ ဒီလမ်းမကြီး ဟာ နိုင်ငံတ ကာမှာတွေ့ရတဲ့ အမြန်လမ်းမကြီး တွေအတိုင်းဖြစ်လာမှာဖြစ်ပြီး လက် ရှိကွန်ကရစ်လမ်းမကြီးတွေကနေ နိုင်လွန် ကတ္တရာ လမ်းမကြီးတွေအ သွင်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်'' ဟု ထိုအရာရှိကြီးကပြောဆိုသည်။
ရန်ကုန်-မန္တလေးလမ်းမကြီးအဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မေ ၁၅ရက် (ယနေ့) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရထားဝန်ကြီးဌာန၌ ပြုလုပ်မည့် သတင်း စာ ရှင်းလင်းပွဲ တွင် ရှင်းလင်းပြောကြားမည်ဟု သတင်းရရှိသည်။
၂၀၀၉ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ သည့် အဆိုပါလမ်းတွင် ယာဉ်တိမ်း မှောက်မှုကြောင့် ၃၆၇ ဦးသေဆုံးခဲ့ ပြီး ယခုနှစ်တွင် အဆိုပါအမြန်လမ်း တွင် ယာဉ်တိမ်းမှောက်မှု ၁၂မှုဖြစ် ပွားခဲ့ ကြောင်း သိရသည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ - သက်ပိုင် (အလင်းပန်းချီ)
[--Democracy today Daily Newspaper--]
ရန်ကုန်၊ မေ ၁၄- လူ ၁၄ဦးအ သက်ဆုံးရှုံးခဲ့ရသည့် ရာဇာမင်းခရီး သည်တင်အမြန်ဘတ်စ်ကား ရန်ကုန် -မန္တလေးလမ်းမကြီး၌ တိမ်းမှောက် မှုဖြစ်အပြီး ၄၈နာရီအတွင်း အဆို ပါ သေမင်း တမံလမ်း မကြီးအား နိုင်ငံ တကာအဆင့် မြှင့်တင်ရန် အစိုးရ က ဆုံးဖြတ် လိုက်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကြီး တန်းအရာရှိကြီးတစ်ဦးက ဒီမိုကရေ စီတူဒေးသို့ အတည် ပြုပြော ကြား သည်။

''ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးကို အဆင့်သုံးဆင့်ထားပြီး နိုင်ငံတကာအဆင့်မီ အဝေးပြေးလမ်း မကြီးဖြစ်အောင် ဆောင် ရွက်သွား မှာဖြစ်ပါတယ်။ Fully Access Control အဆင့်ရ အောင်

မိုးကြိုးကြောင့် သန်လျင်တွင် လူနှစ်ဦးသေဆုံး

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ မိုးကြိုးပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မ ၈ ရက်က ရန်ကုန်တိုင်းဒေသကြီးတွင် မိုးထစ်ချုန်းရွာသွန်းခဲ့ပြီး သန်လျင်မြို့နယ်တွင် မိုးကြိုးများပစ်ခတ် ခဲ့ရာ မိုးရွာ၍ လယ်ကွင်းထဲရှိ တဲအတွင်း ၌ မိုးခိုနေသူအမျိုးသားတစ်ဦး မိုးကြိုးထိမှန်သေဆုံးခဲ့ပြီး တစ်ဦးမှာ မိုးကြိုးပစ်ခတ်သံကြား၍ရုတ်တရက် နှလုံးခုန်ရပ်ကာ သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
မိုးကြိုးထိမှန်သေဆုံးသူမှာသန်လျင်မြို့နယ်ရုံးသပြေကန်ကျေးရွာတွင် နေထိုင်သူ အသက် ၂၃ နှစ်အရွယ် လယ်သူရင်းငှားအမျိုးသားတစ်ဦးဖြစ်ပြီး မိုးကြိုး ပစ်ခတ်မှုကြောင့် နှလုံးခုန်ရပ် သေဆုံးသူမှာ သန်လျင်မြို့နယ်

အဲယားကွန်းမ၀ယ်နိုင်သူများအတွက်မီတာလည်း သက်သာအေးလည်းအေးတဲ့အဲယားကွန်းလုပ်နည်း

Photo: အဲယားကွန်းမ၀ယ်နိုင်သူများအတွက်မီတာလည်း သက်သာအေးလည်းအေးတဲ့အဲယားကွန်းလုပ်နည်း
Thursday, May 15, 2014

အခုလိုပူအိုက်သောရာသီမှာအဲယားကွန်းမ၀ယ်နိုင်သူများအတွက်မီတာလည်းသက်
သာအေးလည်းအေးတဲ့အဲယားကွန်းလုပ်နည်းလေးကိုတင်ပြေလိုက်ရပါတယ်။

မိမိအသားပြုမည့်လျှပ်စစ်ပန်ကာအရွယ်အစားနှင့်ကိုက်ညီသည့်ဖေါ့ ပုံးတခုကိုရှာပါ။
အဖုံးအလယ်တည့်တည့်နေရာကိုပန်ကာတင်နိုင်လောက်အောင်ဖေါ့သားကိုလှီးထုတ်ပါ။
ပုံးအောက်ခြေဘေးဘက်နေရာတွင်သုံးလက်မ(သို့မဟုတ်)လေးလက်မပီဗွီစီပိုက်လုံးကို
(12)လက်မခန့်အရှည်သုံးလုံးကိုဖြတ်တောက်ထားပါ။

ပုံပါအတိုင်းဖြတ်တောက်ထားသောပီဗွီစီပိုက်ကိုဖေါ့ကန်အတွင်းဘက်သို့လေးလက်မလောက်
သွင်းပြီးခိုင်မြဲအောင်နှစ်မျိုးစပ်ကော်နှင့်ခိုင်မြဲအောင်ဆက်ပေးပါ။
ပြီးလျှင်သေတာထဲသို့ရေခဲကိုထည့်ပါ။

သေဆာကိုလုံခြုံစွာဖုံးပြီးအဖုံးပတ်ပတ်လည်ကိုတိတ်သားနှင့်ပတ်ပြီးအသေပိတ်လိုက်ပါ။
ပန်ကာကိုမီးထိုးပြီးစတင်လည်ပတ်ပါ။

ထိုအခါပီဗွီစီပြွန်သုံးလုံးကနေအေးမြသောလေအေးတွေအခန်းထဲသို့စတင်ထွက်ရှိလာပြီး
မိမိကိုယ်တိုင်ပြုလုပ်ထားသောယူနစ်စားသက်သာအေးလည်းအေးမြန်တဲ့အဲယားကွန်းတလုံး
ကိုသင်ပိုင်ဆိုင်နိုင်ပြီဖြစ်သည်။

(ထိုအဲယားကွန်းကိုအသုံးပြုနေစဉ်အတွင်းအခန်းကိုပြင်မလေမ၀င်အောင်ကြိုတင်ပြုပြင်ထားပါ)

ဖိုးသူတော်(www.phothutaw.com)
Credit : shwemyanmarmediagroup
အခုလိုပူအိုက်သောရာသီမှာအဲယားကွန်းမ၀ယ်နိုင်သူများအတွက်မီတာလည်းသက်
သာအေးလည်းအေးတဲ့အဲယားကွန်းလုပ်နည်းလေးကိုတင်ပြေလိုက်ရပါတယ်။

မိမိအသားပြုမည့်လျှပ်စစ်ပန်ကာအရွယ်အစားနှင့်ကိုက်ညီသည့်ဖေါ့ ပုံးတခုကိုရှာပါ။
အဖုံးအလယ်တည့်တည့်နေရာကိုပန်ကာတင်နိုင်လောက်အောင်ဖေါ့သားကိုလှီးထုတ်ပါ။
ပုံးအောက်ခြေဘေးဘက်နေရာတွင်သုံးလက်မ(သို့မဟုတ်)လေးလက်မပီဗွီစီပိုက်လုံးကို
(12)လက်မခန့်အရှည်သုံးလုံးကိုဖြတ်တောက်ထားပါ။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနှင့် NCCT မေ၂၁ တွေ့ဆုံမည်

Photo: နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနှင့် NCCT မေ၂၁ တွေ့ဆုံမည် 
Thursday, May 15, 2014

ပြည်ထောင်စ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေး စာချုပ် ရေးဆွဲရေးဆိုင်ရာ ဆွေးနွေးပွဲကို မေလ ၂၁ ရက်နေ့၌ ပြုလုပ်ရန် သတ်မှတ်လိုက်ကြောင်း NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

NCCT အဖွဲ့ အစည်းအဝေးကို မေလ ၁၄ ရက်နေ့က မြစ်ကြီးနားမြို့၌ ပြုလုပ်အပြီး ယင်းသို့ သတ်မှတ်ခြင်း ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

“ဒီနေ့ အစည်းအဝေးမှာတော့ အစိုးရနဲ့ ပထမအကြိမ် အပစ်ရပ်စာချုပ် မူကြမ်း သဘောတူညီချက်တွေကို ပြန်သုံးသပ်တာ။ လာမယ့် ဆွေးနွေးပွဲမှာ ညှိနှိုင်းမယ့် အကြောင်းအရာတွေကို ဆွေးနွေးဖြစ်ပါတယ်” ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သူ ဖဒိုကွယ်ထူးဝင်းက ပြောဆိုသည်။

အစိုးရနှင့် NCCT ဆွေးနွေးပွဲကို မူလက မေလ ၁၉ ရက်နေ့ သတ်မှတ်ထားသော်လည်း NCCT အဖွဲ့ဝင်အချို့ ကေအိုင်အို ဌာနချုပ် လိုင်ဇာသို့ သွားရောက်မည် ဖြစ်သည့်အတွက် ရက်အနည်းငယ် နောက်ဆုတ်ခြင်း ဖြစ်ပြီး အခြားအပြောင်းအလဲ မရှိကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC)မှ အကြီးတန်း အကြံပေးတစ်ဦးက ပြောကြားသည်။

သြဂုတ်လ မတိုင်မီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှစ်ဖက်သဘောတူ အပစ်ရပ်စာချုပ်ကို ပူးတွဲ ပြုစုနေခြင်း ဖြစ်ပြီး စာချုပ်ပါ အချက် သုံးပုံနှစ်ပုံခန့် နှစ်ဖက်သဘောတူပြီး ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

မေလ ၁၅ ရက်နေ့တွင် မြစ်ကြီးနားမြို့ မနောကွင်း၌ ကေအိုင်အိုနှင့် ဒေသခံ ကချင်လူထု တွေ့ဆုံပွဲ ပြုလုပ်မည် ဖြစ်ကြောင်း၊ မေလ ၁၆ ရက်နေ့တွင် NCCT ခေါင်းဆောင်များ ကေအိုင်အို ဌာနချုပ် လိုင်ဇာသို့ သွားရောက်၍ အပစ်ရပ် ညှိနှိုင်းမှုများကို ကေအိုင်အို ဗဟိုကော်မတီသို့ ရှင်းလင်း တင်ပြမည် ဖြစ်ကြောင်း NCCT ထံမှ သိရသည်။

The Voice Weekly
ပြည်ထောင်စ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေး စာချုပ် ရေးဆွဲရေး ဆိုင်ရာ ဆွေးနွေးပွဲကို မေလ ၂၁ ရက်နေ့၌ ပြုလုပ်ရန် သတ်မှတ်လိုက်ကြောင်း NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

NCCT အဖွဲ့ အစည်းအဝေးကို မေလ ၁၄ ရက်နေ့က မြစ်ကြီးနားမြို့၌ ပြုလုပ်အပြီး ယင်းသို့ သတ်မှတ်ခြင်း ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

ကုသိုလ်တော်ဘုရားရင်ပြင်ပေါ်သို့ မန်းဝန်ကြီးချုပ် ဖိနပ်စီးတက်ရောက်ခဲ့ခြင်း မရှိဟုဆို

မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်သည် ကုသိုလ်တော်ဘုရားရင်ပြင်တော်ပေါ် ဖိနပ်စီးသည်ဟု ကဆုန်လပြည့်နေ့က ဆိုရှယ်မီဒီယာတွင် အငြင်းပွားဖွယ် ဓာတ်ပုံများ ပျံ့နှံ့လာခြင်းကိစ်္စနှင့်ပတ်သက်၍ မဟုတ်မှန်ကြောင်း ၀န်ကြီးချုပ်၏ ကိုယ်ရေးအရာရှိမှတစ်ဆင့် မေ ၁၄ ရက်က မဇ္ဈိမကို ပြောသည်။
မန္တလေးမြို့ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား ယူနက်စကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်ပါဝင်သည့် အထိမ်းအမှတ်ကျောက်စာစိုက်ထူခြင်း အခမ်းအနားသို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့် တက်ရောက်သည့်ပုံကို ဘုရားရင်ပြင်တော်ပေါ် ဖိနပ်စီးသည်ဟု ယင်းနေ့က ဆိုရှယ်မီဒီယာတွင် ဓာတ်ပုံများ ပျံ့နှံ့လာခြင်းကိစ္စကို ၎င်းက ရှင်းလင်းခြင်း ဖြစ်သည်။
“ဓာတ်ပုံတွေမှာ ၀န်ကြီးချုပ် ဖိနပ်စီးထားတာ ဟုတ်ပါတယ်။ ဂေါပကအဖွဲ့က ဘုရားထဲက ထွက်လာတာမို့

ဘတ်စ်ပေါ်မှာ နေရာထပေးဖို့ ပြောတဲ့ လူကြီးကို ကန်ခဲ့တဲ့ အမျိုးသမီး

 Photo: ဘတ်စ်ပေါ်မှာ နေရာထပေးဖို့ ပြောတဲ့ လူကြီးကို ကန်ခဲ့တဲ့ အမျိုးသမီး
Thursday, May 15, 2014

Ecns.cn သတင်းအရ ပြီးခဲ့တဲ့ ဧပြီလ ၂၁ရက်နေ့မှာ ဖူကျန်ဒေသရဲ့ တွန်ဂျန်အပိုင်းမှာ
 ဖြစ်ပွားခဲ့တဲ့ပါ။ အများစီး ဘတ်စ်တစ်စီးပေါ်မှာ လိုက်ပါစီးနင်းလာတဲ့ အမျိုးသမီးတစ်ဦးကိုတော့ ကားပေါ်ပါလာတဲ့ အသက်အရွယ်ကြီး အမျိုးသားတစ်ဦးက သူမထိုင်နေတဲ့ နေရာကို သူ့အတွက် ထပေးဖို့ ပြောတဲ့အတွက် အဲဒီအမျိုးသမီးဟာ ချက်ချင်းထိုင်ရာကနေ ထပြီး အမျိုးသားကြီးရဲ့ မျက်နှာကို ကန်လိုက်တယ်လို့ ကားပေါ်ပါလာသူများက မျက်မြင်သက်သေ အဖြစ်ထွက်ဆိုကြပါတယ်။

အဆိုပါ အဖြစ်အပျက်ကို မြင်လိုက်ရသူများက ရုတ်တရက် အံ့အားသင့် လန့်သွားပြီး သူမကို မယဉ်ကျေးတဲ့သူ တစ်ဦးအဖြစ် ပြောဆို အပြစ်တင်ခဲ့ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးဟာ ဒေါသပိုထွက်ခဲ့ပြီး သူမကို ပြောဆိုခဲ့သူတွေကို ဆဲဆိုခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ ၁၅မိနစ်လောက် ကြာခဲ့ပြီး ဘတ်စ်ရဲ့ တာဝန်ရှိသူတစ်ဦးက လာရောက်ဖြန်ဖြေပြီး အမျိုးသားကြီးကိုလည်း အခြား ခရီးသည်တစ်ဦးရဲ့ နေရာနဲ့လဲလှယ်ပေးခဲ့ရကြောင်း သိရပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit : World-Myanmar 
Ecns.cn သတင်းအရ ပြီးခဲ့တဲ့ ဧပြီလ ၂၁ရက်နေ့မှာ ဖူကျန်ဒေသရဲ့ တွန်ဂျန်အပိုင်းမှာဖြစ်ပွားခဲ့တဲ့ပါ။ အများစီး ဘတ်စ်တစ်စီးပေါ်မှာ လိုက်ပါစီးနင်းလာတဲ့ အမျိုးသမီးတစ်ဦးကိုတော့ ကားပေါ်ပါလာတဲ့ အသက်အရွယ်ကြီး အမျိုးသားတစ်ဦးက သူမထိုင်နေတဲ့ နေရာကို သူ့အတွက် ထပေးဖို့ ပြောတဲ့အတွက် အဲဒီအမျိုးသမီးဟာ ချက်ချင်းထိုင်ရာကနေ ထပြီး အမျိုးသားကြီးရဲ့ မျက်နှာကို ကန်လိုက်တယ်လို့ ကားပေါ်ပါလာသူများက မျက်မြင်သက်သေ အဖြစ်ထွက်ဆိုကြပါတယ်။

မျိုးစောင့်ဥပဒေကို လက်မခံသည့် အဖွဲ့အစည်းများနှင့် မဘသအဖွဲ့ မန္တလေးတွင် တွေ့ဆုံ ဆွေးနွေးမည်

အငြင်းပွားမှုများ ဖြစ်ပေါ်လျက် ရှိသည့် မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ လူမှုအဖွဲ့အစည်းများ အကြားတွင် အမျိုးသမီးဆိုင်ရာ အခွင့်အရေး ထိပါးသည်ဟု ဆိုကာ လက်မခံသည့် လူမှုအဖွဲ့အစည်းများ အားလုံးနှင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) တို့ တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ်ကို မန္တလေးမြို့တော်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း အထက်မြန်မာပြည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ တာဝန်ခံဆရာတော်ဦးဣန္ဒာစက္ကာဘိဝံသက မိန့်ကြားသည်။
ယင်းတွေ့ဆုံပွဲကို မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ် နယုန်လပြည့် ဇွန်လ ၁၂ ရက်နေ့တွင် ချမ်းအေးသာစံ မြို့နယ်ရှိ ဦးလှသိန်း ဓမ္မဗိမန်တွင် ပြုလုပ်မည်ဖြစ် ပြီး စိတ်ပါဝင်စားသူများ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့သို့ ဆက်သွယ်နိုင်ကြောင်း ဆရာတော်က ထပ်လောင်း မိန့်ဆိုသည်။

နေပြည်တော်အမြန်လမ်းမကြီးအတွက် အမေရိကန်အစိုးရသို့ အကူအညီတောင်း

ယာဉ်တိမ်းမှောက်မှုများနှင့် လူသေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်နေသည့် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး အတွက် အကူအညီပေးရန် အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP)ဥက္ကဋ္ဌ ဦးသိန်းညွန့်က အမေရိကန်အစိုးရသို့ မေတ္တာရပ်ခံထားသည်ဟု မဇ္ဈိမကို ပြောသည်။

အမေရိကန်နိုင်ငံ အကြီးတန်း နိုင်ငံခြားရေးအရာရှိ Raymond D Richhart နှင့် အမေရိကန် သံရုံး နိုင်ငံခြားရေးအရာရှိ Robert McDonald တို့သည် မေ ၁၃ ရက်က အမျိုးသား ဒီမိုကရေစီ

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် အခမဲ့ ပညာသင်နိုင်တော့မည်

ယူနက်စကိုအဖွဲ့နှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့ ပူးပေါင်းရေးဆွဲမည့် သင်ရိုးညွှန်းတမ်းဖြင့် စီးပွားရေး ဆိုင်ရာ ဘာသာရပ် အခမဲ့သင်တန်းများကို ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ ဇွန်လတွင် စတင်သင်ကြားပေး သွားမည်ဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုဌာန ပါမောက္ခဒေါက်တာ မိုးမိုးခိုင်က မေလ ၁၄ ရက်တွင် မဇ္ဈိမကို ပြောသည်။
“လူငယ်တိုင်းဟာ စီးပွားရေးဆိုင်ရာ ဘာသာရပ်ကို အခြေခံဆင့်လောက်တော့ တတ်ထားသင့်ပါတယ်။

ယာဉ်မတော်တဆမှု မြင့်မားနေသည့် နေပြည်တော်အမြန်လမ်း ယာဉ်သွားလမ်းအကျယ် တိုးချဲ့မည်

စတင်ဖွင့်လှစ်ခဲ့သည် ၂၀၀၉ ခုနှစ် မတ်လ ၂၆ ရက်မှ စတင်ကာ ငါးနှစ်တာကာလအတွင်း လူပေါင်း ၃၆၀ ကျော် သေဆုံးခဲ့သည့် ရန်ကုန်- မန္တလေးလမ်းရှိ ရန်ကုန်- နေပြည်တော်လမ်းပိုင်းကို ယာဉ်သွား လမ်းအကျယ် တိုးချဲ့ဖောက်လုပ်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က မဇ္ဈိမကို မေလ ၁၄ ရက်တွင် ပြောသည်။
သေဆုံးသူဦးရေ ၁၄ဦးအပြင် ထိခိုက် ဒဏ်ရာရရှိသူများစွာ ဖြစ်ပေါ်ခဲ့သည့် ရာဇာမင်းခရီးသည် တင်ယာဉ်တစ်စီး တိမ်းမှောက်အပြီး နှစ်ရက်အကြာတွင် ၎င်းက ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။
“နှစ်အလိုက် အပိုင်းလိုက်ခွဲပြီး တိုးချဲ့ ဖောက်လုပ်သွားဖို့ဆုံးဖြတ်ထားပါတယ်” ဟု တယ်လီဖုန်းမှတစ်ဆင့် မဇ္ဈိမကို အတည်ပြုပြောကြားသည်။
သို့သော် နှစ်အပိုင်းအခြား မည်မျှကြာမည်ကို အသေးစိတ်ပြောဆိုခြင်း မရှိသလို ရန်ကုန်-မန္တလေး