ပြည်တွင်းထုတ်ဂျာနယ်တစ်စောင်နှင့်
အွန်လိုင်းမီဒီယာအချို့တွင် CB ဘဏ်နှင့် ပတ်သက်၍ ရေး သားဖော်ပြထားမှု များမှာ
မဟုတ်မှန်ကြောင်း ပြန်လည်ရှင်းလင်းသည့် အခမ်းအနားတစ်ရပ်ကို မေ ၂၀ရက်က
ရန်ကုန်မြို့ရှိ CB ဘဏ်ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
CB ဘဏ်အား မူလပိုင်ရှင် ဦးခင်မောင်အေးထံမှ ယခင်အာရှဓနဘဏ်ပိုင်ရှင်ဖြစ်သူ ယခုရွှေတောင်အုပ်စုပိုင်ရှင် ဦးအိုက်ထွန်းက လျှို့ဝှက်စွာ ၀ယ်ယူထားသည့် သတင်းများထွက်ပေါ်နေသည့် အတွက် CB ဘဏ်တွင် အာမခံငွေအပ်နှံသူများမှ ယင်းတို့၏ အပ်နှံငွေများကို ပြန်လည်ထုတ်ယူနေကြောင်း