မြန်မာ-ဘင်္ဂလားဒေ့ရှ် အလံတင် ဆွေးနွေးပွဲအား ဇွန် ၅ ရက် နံနက်ပိုင်းက မောင်တောမြို့ ဒေဝါနဒီ ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေးမှာ ခြောက်နာရီ ကြာမြင့် ခဲ့ပြီးနောက် နှစ်နိုင်ငံ နယ်စပ်ကြားတွင် ရှိနေသော RSO လက်နက်ကိုင်အဖွဲ့ကို ပူးပေါင်းရှင်းလင်းရန် အဓိကအချက် အနေဖြင့် မြန်မာနိုင်ငံဘက်မှ တိုက်တွန်း မှု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။