Monday, July 7, 2014

အပစ်ရပ်မူကြမ်း ဇူလိုင်နောက်ဆုံးပတ်တွင် တွေ့ဆုံရန်အစိုးရဘက်မှ အဆိုပြု

ဇူလိုင် ၆ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)မှ အလုပ်အဖွဲ့နှင့်NCCTဘက်မှ တာဝန်ရှိသူများ အလွတ်သဘောတွေ့ဆုံခဲ့ကြပြီး အပစ်ရပ်မူကြမ်း တစ်ခုတည်းကို တတိယအကြိမ်ဆွေးနွေးရန် ဇူလိုင်လနောက်ဆုံး ပတ်တွင် တွေ့ဆုံနိုင်ရန် MPC ဘက်က အဆိုပြုထားသည်ဟု အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက မဇ္ဈိမကို ဇူလိုင် ၆ ရက်တွင် ပြောသည်။

အငြိမ်းစားများကို ပညာရေးအတိုင်ပင်ခံ ခန့်မည်

ပညာရေးမြှင့်တင်မှု ထိရောက်စေရန် ပင်စင်ယူသွားသည့် ဆရာ၊ဆရာမများကို ပညာရေးကဏ္ဍ အသီးသီးတွင် ပြန်လည်ခန့်အပ်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၆ ရက်က ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာခင်စန်းရီက ရန်ကုန်စိန်ရတု ခန်းမတွင် ပြောကြား လိုက်သည်။

အိပ်နေသော မိန်းကလေးများကို ဓားဖြင့် ထိုးထွက်ပြေး

စစ်ကိုင်းမြို့နယ် ခိုတောင်ကျေးရွာနေ ဦးအောင်ဝင်း(ဈေးရောင်း)သည်ဇူလိုင် ၃ရက် ညသန်းခေါင် ကျော် တစ်နာရီခန့်တွင် နေအိမ်အောက်ထပ်တွင်ဇနီးဖြစ်သူ မကြည်မြင့်နှင့် သားဖြစ်သူ မောင်ချမ်းသာ၊ နေအိမ် အပေါ်ထပ်တွင်သမီးဖြစ်သူ မနီနီအောင်၊ မသန်းသန်းစိုးတို့ အိပ်နေကြစဉ် အပေါ်ထပ်မှ ဝုန်းဝုန်းဟု

ဦးထုပ်ကျ၍ ပြန်ကောက်ရန် ကားပေါ်မှ ခုန်ချသူ သေဆုံး

နေပြည်တော်ကောင်စီနယ်မြေဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာ အရှေ့ကွန်ကရစ်လမ်းတွင် ဇူလိုင်၆ ရက် မွန်းလွဲ ၁ နာရီခန့်က ကျောက်ကား တစ်စီးပေါ်မှ လူတစ်ဦး ပြုတ်ကျသေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ခေတ်အေးကျေးရွာနေသူ ယာဉ်မောင်း မင်းအောင်မောင်းနှင် လာသော ကျောက်တင်ယာဉ် ၂ဂ/...သည် ကျောက်များနှင့် အလုပ်သမားခြောက်ဦး ကိုတင်ဆောင် မောင်းနှင်လာစဉ်ယာဉ်ပေါ်ပါ

ဒေါ်စုလည်း အိပ်မက်ထဲ လမ်းလျှောက်ဆဲ

နိုင်ငံ့ခေါင်းဆောင်တစ်ဦးဟာ နိုင်ငံတွင်းမှာဖြစ်ပျက်နေတဲ့ အဓိကစိန်ခေါ်မှုမှုကြီးတွေကို မသိချင်ယောင်ဆောင်နေရင် အိပ်မက်ထဲလမ်းလျှောက်တဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။

၂၀၁၃ခု ဇန္နဝါရီလ မနက်ခင်းတစ်ရက် NLD ရုံးချုပ်မှာ ဥက္ကဌ ဦးတင်ဦး (ထိုစဉ်က ဥက္ကဌဖြစ်တယ်) နဲ့ တွေ့ဖို့စောင့်ဆိုင်းနေတုန်း ဒီလှိုင်းစာစောင် ဝယ်ဖတ်ဖြစ်ခဲ့တယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသား ငြိမ်ဝပ်ပိပြားမှု ကောင်စီ (National Council for Peace and Order-NCPO) အကြီးအကဲနှင့် ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် General Prayut Chan-o-cha အား တွေ့ဆုံ

Photo: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသား ငြိမ်ဝပ်ပိပြားမှု ကောင်စီ (National Council for Peace and Order-NCPO) အကြီးအကဲနှင့် ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် General Prayut Chan-o-cha အား တွေ့ဆုံ

ထိုင်းနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn နှင့် အတူ ဇူလိုင် ၄ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ထိုင်းဘုရင့် ကြည်းတပ် ဌာနချုပ်သို့ ရောက်ရှိကြရာ အမျိုးသား ငြိမ်ဝပ်ပိပြားမှု ကောင်စီ (National Council for Peace and Order-NCPO) အကြီးအကဲ၊ ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် General Prayut Chan-o-cha နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက် ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် General Prayut Chan-o-cha တို့သည် Bilateral အစည်းအဝေး ခန်းမ၌ တွေ့ဆုံ ဆွေးနွေးကြရာ ဆွေးနွေးပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင် အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံ အမတ်ကြီး ဦးဝင်းမောင်၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ချစ်ဆွေတို့ တက်ရောက်ကြပြီး ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn ၊ ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် General Prayut Chan-o-cha နှင့် ထိုင်း တပ်မတော် အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုင်းဘုရင့် ကြည်းတပ်ဦးစီးချုပ် General Prayut Chan-o-cha က ထိုင်းနိုင်ငံနှင့် ထိုင်းတပ်မတော် အပေါ် နားလည်မှု ရှိသည့်အတွက် ကျေးဇူး တင်ရှိကြောင်း၊ မိမိတို့ တပ်မတော် နှစ်ရပ်သည် ချစ်ကြည် ရင်းနှီးမှုရှိပြီး နှစ်နိုင်ငံ ဆက်ဆံရေးသည်လည်း အဆင့်ဆင့် တိုးတက်မှုများ ရှိကြောင်း၊ နယ်စပ်ဒေသတွင် ဖြစ်ပေါ်လေ့ ရှိသော ပြဿနာ ကိစ္စရပ်များကို နှစ်နိုင်ငံ တပ်မတော် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရခဲ့ကြောင်း၊ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ ကိစ္စ၊ နယ်စပ်ဒေသ စီးပွားရေး အထူးဇုန် တည်ဆောက်ရေး ကိစ္စရပ်များ ကိုလည်း စနစ်တကျ ကူညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တပ်မတော် နှစ်ရပ် ဆက်ဆံမှု တိုးတက် ကောင်းမွန်စေရေး အတွက် ဆေးဘက် ပညာရပ်ပိုင်း ဆိုင်ရာများနှင့် HADR ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အစိုးရ ဘက်တွင်လည်း အာဆီယံ သစ်ပင် သစ်တော ထိန်းသိမ်းမှု၊ ညီအစ်မကျေးရွာ အကောင်အထည်ဖော် တည်ဆောက်မှုတို့ ကိုလည်း ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံရာတွင် ထိုင်းနိုင်ငံ၏ လက်ရှိ အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိခဲ့ရကြောင်း၊ ထိုင်းနိုင်ငံ၏ Road Map သည် တစ်ဆင့်ချင်း အောင်မြင်မှု ရရှိနေပြီး ပြည်သူ အများစုက ထောက်ခံသည်ဟု သိရကြောင်း၊ အခက်အခဲများကို ကျော်လွှားနိုင်ရန် စိတ်ရှည် သည်းခံစွာဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက် အမျိုးသားရေး တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ ကိစ္စကို တရားဝင် ဖြစ်အောင် ဥပဒေနှင့် အညီ ဆောင်ရွက် ပေးနေသည့် အတွက် ကျေးဇူး တင်ရှိကြောင်း၊ နယ်စပ်ဒေသ စီမံကိန်းများနှင့် စီးပွားရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးကိုလည်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲ အပြီးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် General Prayut Chan-o-cha တို့သည် အထိမ်း အမှတ် တံဆိပ်များ အပြန်အလှန် လဲလှယ်ကြပြီး အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn နှင့် ထိုင်းတပ်မတော် အရာရှိကြီးများသည် ဒေသ စံတော်ချိန် ညနေ ၄ နာရီခွဲတွင် ထိုင်းဘုရင့် ရေတပ်ဌာနချုပ် Rajaworadit ဆိပ်ကမ်းသို့ ရောက်ရှိပြီး ထိုင်းနိုင်ငံ ပြည်သူများ အေးချမ်း ပျော်ရွှင် စေရေးနှင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား အားလုံး ဘေးအန္တရာယ် ကင်းရှင်း စေရေးအတွက် ဆုတောင်းမေတ္တာ ပို့သကာ ကျောက်ဖရားမြစ် အတွင်းသို့ ဇီဝိတဒါန ငါးများ လွှတ်ကြ ကြောင်း သတင်း ရရှိသည်။
ထိုင်းနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn နှင့် အတူ ဇူလိုင် ၄ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ထိုင်းဘုရင့် ကြည်းတပ် ဌာနချုပ်သို့ ရောက်ရှိကြရာ အမျိုးသား ငြိမ်ဝပ်ပိပြားမှု ကောင်စီ (National Council for Peace and Order-NCPO) အကြီးအကဲ၊ ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် General Prayut Chan-o-cha နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက် ကြသည်။

ကဘူးလ်မြို့ အပြင်ဘက်တွင် လောင်စာဆီတင် ယာဉ် ၄ဝဝ ထက် မနည်း မီးလောင်မှု ဖြစ်ပွား

Photo: ကဘူးလ်မြို့ အပြင်ဘက်တွင် လောင်စာဆီတင် ယာဉ် ၄ဝဝ ထက် မနည်း မီးလောင်မှု ဖြစ်ပွား

အာဖဂန်နစ္စတန် နိုင်ငံ ကဘူးလ်မြို့ အပြင်ဘက်ရှိ ယာဉ်ရပ်နား စခန်း တစ်ခုတွင်
ဇူလိုင် ၄ ရက် ညပိုင်းက လောင်စာဆီတင် ယာဉ်အစီး ၄ဝဝ ထက် မနည်း မီးလောင်ခဲ့ကြောင်း အာဖဂန် လုံခြုံရေးအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ မီးသည် ဆက်လက် လောင်ကျွမ်းလျက်ရှိပြီး မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်း အရင်းကို ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိကြောင်း ကဘူးလ်မြို့ ရဲတပ်ဖွဲ့မှ အကြီးအကဲ Hashmat Stanikzai က ပြောကြားခဲ့သည်။

ထို့ပြင် ယင်းမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုများ မြင့်တက်လာမည်ကို အာဏာပိုင် များက စိုးရိမ်လျက် ရှိကြောင်း သိရသည်။ ယင်းတိုက်မှုသည် မိမိတို့၏ လက်ချက်ဖြစ်ကြောင်းကို တာလီဘန် စစ်သွေးကြွဘက်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပြီး ၎င်းအဖွဲ့သည် ပြည်ပ တပ်ဖွဲ့ဝင်များ၏ လောင်စာဆီတင် ယာဉ်များကို မီးရှို့ ဖျက်ဆီးလျက် ရှိကြောင်း ၎င်းက သတင်းဌာန တစ်ခုသို့ ပြောကြား ခဲ့သည်။
အာဖဂန်နစ္စတန် နိုင်ငံ ကဘူးလ်မြို့ အပြင်ဘက်ရှိ ယာဉ်ရပ်နား စခန်း တစ်ခုတွင်ဇူလိုင် ၄ ရက် ညပိုင်းက လောင်စာဆီတင် ယာဉ်အစီး ၄ဝဝ ထက် မနည်း မီးလောင်ခဲ့ကြောင်း အာဖဂန် လုံခြုံရေးအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ မီးသည် ဆက်လက် လောင်ကျွမ်းလျက်ရှိပြီး မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်း အရင်းကို ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိကြောင်း ကဘူးလ်မြို့ ရဲတပ်ဖွဲ့မှ အကြီးအကဲ Hashmat Stanikzai က ပြောကြားခဲ့သည်။

တောအတွင်းတွေ့ရှိသည့် လက်ပစ်ဗုံးအား ကျောက်ခဲပေါ် ပစ်တင်ရာမှ ပေါက်ကွဲ၍ ၂ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန် ရှမ်းပြည်နယ်၊ လွိုင်လင် မြို့နယ်ပြည်သူ့ဆေးရုံသို့ လက်ပစ်ဗုံးဟောင်းပေါက်ကွဲ၍ ဒဏ်ရာရရှိသူ ၁ ဦးရောက်ရှိနေကြောင်း သတင်းအရ လွိုင်လင်မြို့မရဲစခန်းမှတပ်ဖွဲဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မောက်မယ်မြို့နယ်၊ကဒူးကြီးရွာနေ ကျော်ဇောအောင်(၁၁)နှစ်နှင့်

တစ်ဦးနှင့်တစ်ဦး လေးစားမှု၊ ယုံကြည်မှု၊ နားလည်မှုသည် အရေးအကြီးဆုံးဖြစ်သည်ကို နားလည်သဘောပေါက်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

တစ်ဦးနှင့်တစ်ဦး လေးစားမှု၊ ယုံကြည်မှု၊ နားလည်မှုသည် အရေးအကြီးဆုံးဖြစ်သည်ကို နားလည်သဘောပေါက်ရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဇူလိုင် ၆ ရက်က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ ဒုတိယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင် လူငယ်များအား ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရာတွင် ထားရှိရမည့် စိတ်ထားများကို ပြောဆိုရာတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မန္တလေးမြို့တွင် ဖြစ်ပေါ်ခဲ့သည့် လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန်အတွက် ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့၌ သဘောထားကြေညာချက်ရှစ်ချက် ထုတ်ပြန်


မန္တလေးတွင် ဖြစ်ပေါ်ခဲ့သည့် လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန်အတွက် ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့၌ သဘောထားကြေညာချက် ရှစ်ချက်အား ထုတ်ပြန်ကြေညာခဲ့သည်။

လမ်းမတော်မှာ အသက် ၈ဝအရွယ် အဖိုးအိုတစ်ဦးကို ကားနဲ့လာပြီး စွန့်ပစ်ခဲ့

သက်ကြီးရွယ်အို ဘိုးဘွားတွေကို တန်ဖိုးထား လေးစားတဲ့ မြန်မာ့လူမှု အသိုင်းအဝိုင်းမှာ သေ သည့်တိုင် ပြုစုစောင့်ရှောက်ကြတာ ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၈ဝအရွယ် အဖိုးအို တစ်ယောက်ကို လမ်းမတော် စံပြရုံဘေးမှာ ဇူလိုင် ၃ရက်နေ့ညက စွန့်ပစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ။

Sunday, July 6, 2014

ယာဉ်စီးခ ပိုတောင်းမှုပြဿနာ E-Ticket စနစ်ကျယ်ပြန့်မှ ဖြေရှင်းနိုင်မည်ဟုဆို

ရန်ကုန်၊ မဇ္ဈိမ။ ။ ယာဉ်နောက်လိုက်များအနေနှင့် ခရီးသည်များထံမှ ယာဉ်စီးခပိုမိုတောင်းခံနေခြင်းများသည် E-Ticket စနစ် ကျယ်ပြန့်လာမှ ဖြေရှင်းနိုင်မည်ဟု မ.ထ.သ ဒုဥက္ကဌ ဦးလှသောင်းမြင့်က မဇ္ဈိမကို ပြောသည်။

"E-Ticket စနစ်ကို မော်တော်ယာဉ်တွေမှာသုံးဖို့ i Pay ကြိုးစားကြည့်တယ်။ မအောင်မြင်တဲ့ကိစ္စက ယာဉ်လုပ် သားတွေနဲ့အများကြီး သက်ဆိုင်တယ်"ဟု ၄င်းကဆိုသည်။

ဆပ်ကပ်ဇာတ်ခုံပြိုကျ၍ ပရိသတ် ၁၆ ဦး ဒဏ်ရာရ၊ မျောက်လိမ္မာဖိုးပိန်သေ

Photo: ဆပ်ကပ်ဇာတ်ခုံပြိုကျ၍ ပရိသတ် ၁၆ ဦး ဒဏ်ရာရ၊ မျောက်လိမ္မာဖိုးပိန်သေ
Sunday, July 6, 2014

မုံရွာမြို့၊ အလုံရပ်ကွက်၊ ဘောလုံးကွင်းအတွင်းဇူလိုင် ၄ ရက်က အာဇာနည်စန်းစန်းဆပ် ကပ်အဖွဲ့ ဆင်လိမ္မာဖျော်ဖြေရန် ပြင်ဆင်နေစဉ် ဇာတ်ပွဲလာကြည့်သူများ ဇာတ်ခုံပေါ်သို့တက် ရောက်ကြည့်ရှုရာမှ ဇာတ်ခုံပြိုကျသဖြင့် ပရိသတ် ၁၆ ဦးဒဏ်ရာရရှိသွားသည်။

 ‘‘ဆင်လိမ္မာကဇာတ်ခုံ အောက်က ပွဲကြည့်သူတွေရဲ့နေ ရာမှာ ဖျော်ဖြေဖို့စီစဉ်ရင်း ပွဲကြည့် သူ ၂၀၀ ဝန်းကျင်လောက် ဇာတ် ခုံပေါ်တက်ကြည့်တာ ဖြစ်ပါ တယ်’’ဟု အာဇာနည်စန်းစန်း ဆပ်ကပ်အဖွဲ့ တွဲဖက်မန်နေဂျာ ဦးကျော်ဦးကပြောသည်။

‘‘ဇာတ်ခုံပြိုကျမှုကြောင့် ဆပ်ကပ်ပွဲလာကြည့်သူတစ်ဦး ကျိုးတယ်။ ၁၅ ဦးဒဏ်ရာ အနည်းငယ်ရတယ်’’ဟု မုံရွာမြို့နယ် အလုံရပ် ကွက်နယ်မြေခံရဲတပ်ဖွဲ့စခန်းမှ အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

ဇာတ်ခုံပြိုကျမှုကြောင့် ဆပ် ကပ်အဖွဲ့တွင်ပါဝင်ဖျော်ဖြေလေ့ ရှိသည့် မျောက်လိမ္မာဖိုးပိန်သေ ဆုံးသွားကြောင်း အဆိုပါဆပ်ကပ် အဖွဲ့ တာဝန်ရှိသူတစ်ဦးကပြော ကြားခဲ့သည်။

အဆိုပါ ဆပ်ကပ်အဖွဲ့တွင် ဆင်တစ်ကောင်၊ မြင်းတစ်ကောင်၊ ဆိတ်တစ်ကောင်၊ မျောက်နှစ် ကောင်နှင့်  လူ ၇၀ ခန့်ပါဝင်ကပြခဲ့ကြောင်းသိရှိရသည်။

ဆပ်ကပ်အဖွဲ့ဖျော်ဖြေနေစဉ် သံထည်ဇာတ်ရုံမှ ဇာတ်ခုံပြိုကျခဲ့ ခြင်းနှင့်ပတ်သက်၍ မုံရွာမြို့၊ အလုံရပ်ကွက်နယ်မြေခံရဲတပ်ဖွဲ့ စခန်းမှ စုံစမ်းစစ်ဆေးမှုများဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

7 Day Daily
မုံရွာမြို့၊ အလုံရပ်ကွက်၊ ဘောလုံးကွင်း အတွင်းဇူလိုင် ၄ ရက်က အာဇာနည်စန်းစန်းဆပ် ကပ်အဖွဲ့ ဆင်လိမ္မာဖျော်ဖြေရန် ပြင်ဆင်နေစဉ် ဇာတ်ပွဲလာကြည့်သူများ ဇာတ်ခုံပေါ်သို့ တက် ရောက်ကြည့်ရှုရာမှ ဇာတ်ခုံပြိုကျသဖြင့် ပရိသတ် ၁၆ ဦးဒဏ်ရာရရှိသွားသည်။

‘‘ဆင်လိမ္မာကဇာတ်ခုံ အောက်က ပွဲကြည့်သူတွေရဲ့နေ ရာမှာ ဖျော်ဖြေဖို့စီစဉ်ရင်း

အဖွဲ့ချုပ်တွင် လူငယ်များအား နေရာမပေးဘဲ တာဝန်ပဲပေးမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ပြော

ြPhoto: အဖွဲ့ချုပ်တွင် လူငယ်များအား နေရာမပေးဘဲ တာဝန်ပဲပေးမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ပြော
Sunday, July 6, 2014

ပြည်သူ့အကျိုးကိုသာ အဓိကထား လုပ်ဆောင်နေသော အဖွဲ့ချုပ်တွင် လူငယ်များအား နေရာမပေးဘဲ တာဝန်များသာ
ပေးအပ်၍ အဖွဲ့ချုပ်၏ လုပ်ငန်းများကိုသာ လုပ်ဆောင်ခိုင်းသွားမည်ဖြစ်ကြောင်း ဇူလိုင် ၅ရက်က ရွှေဂုံတိုင်လမ်း၊တော်ဝင်
နှင်းဆီခန်းမတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည် မှ ပြောကြားလိုက်ခြင်းဖြစ်သည်။

“အဖွဲ့ချုပ်မှာ လူငယ်တွေကို ဘယ်တော့မှ နေရာပေးဖို့အစီစဉ်မရှိဘူး သူတို့ကို တာဝန်ပေးဖို့ပဲရှိတယ် ဒီတာဝန်ကို သူတို့
ဘယ်လိုကြိုးစားရမယ်ဆိုတာကိုပဲ စဉ်းစားရမယ် နေရာယူဖို့မစဉ်းစားရဘူး။အာဏာပိုင် စနစ်မှာ အုပ်ချုပ်မှူးတွေကိုယ်တိုင်
တောင်မှ တာဝန်ကိုမှန်မှန်ကန်ကန်နားမလည်လို့ ရာထူးမပေးဘူး ဒါကြောင့် အဖွဲ့ချုပ်ကလည်း တာဝန်ပဲပေးမယ်။
လူငယ်တွေကို နေရာမပေးဘူး။တချို့ လူငယ်တွေဟာ လူကြီး တွေပယ်ပေးဖို့အချိန်ရောက်ပြီး ငါတို့လူငယ်တွေနေရာယူဖို့
အချိန်ရောက်ပြီးလို့တွေးနေပါလိမ့်မယ်။ကျွန်မ အဖွဲ့ချုပ်ကို ဝင်တော့ အသက် ၄၀ပဲရှိပါသေးတယ်။ဒါကြောင့် အလုပ်လုပ်တဲ့
အခါမှာ လူကြီးစိတ်မွေးပြီး။ လုပ်တယ် ပေါင်းသင်းတဲ့နေရာမှာတော့ လူငယ်စိတ်နဲ့ပေါင်းသင်းရမယ်။ဒါကြောင့် နေရာကို
ယူမယ်ဆိုတဲ့ အတွေးကို ပယ်ပြီးတော့၊ငါတာဝန်ကျေအောင် လုပ်မယ်ဆိုတဲ့စိတ်ကိုပဲ မွေးပါ”ဟု အမျိုးသားဒီမိုကရေစီ
အဖွဲ့ ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့သည်။

၎င်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ်လူငယ်ညီလာခံသို့ ကချင်ပြည်နယ်ဗဟိုညီလာခံ ကိုယ်စားလှယ် (၁၀)ဦး၊
ချင်းပြည်နယ်ဗဟိုညီလာခံကိုယ်စားလှယ်(၁၀)ဦး၊ မွန်ပြည်နယ် ဗဟိုညီလာခံကိုယ်စား လှယ်(၉)ဦး၊ ရှမ်းပြည်နယ် ဗဟို
ညီလာခံ ကိုယ်စားလှယ် (၁၀)ဦး၊ တနင်္သာရီတိုင်း ဗဟိုညီလာခံ ကိုယ်စားလှယ်(၁၀)ဦး၊ မကွေးတိုင်း ဗဟိုညီလာခံ
ကိုယ်စားလှယ်(၁၀)ဦး၊ မန္တလေးတိုင်း ဗဟိုညီလာခံကိုယ်စားလှယ်(၁၀)ဦး၊ ဧရာဝတီတိုင်း ဗဟိုညီလာခံ ကိုယ်စားလှယ်
(၁၅)ဦး၊ ကရင်ပြည်နယ် ဗဟိုညီလာခံ ကိုယ်စားလှယ်(၉)ဦး၊ ကယား(၁)ဦး၊ စစ်ကိုင်တိုင်း(၅)ဦး၊ ကယား ဗဟိုညီလာခံ
ကိုယ်စားလှယ်(၅)ဦး၊ စစ်ကိုင်တိုင်း ဗဟိုညီလာခံ ကိုယ်စားလှယ်(၁၀)ဦး၊ ရခိုင်ဗဟိုညီလာခံ ကိုယ်စားလှယ်(၁၀)ဦး၊ ပဲခူးတိုင်း
ဗဟိုညီလာခံ ကိုယ်စားလှယ်(၁၀)ဦး၊ မကွေးလူငယ်(၅)ဦး၊ ပဲခူးလူငယ်(၅)ဦး၊ မန္တလေးလူငယ်(၅)ဦး၊ ရန်ကုန်လူငယ်(၅)ဦး၊
ရန်ကုန် ဗဟိုညီလာခံ ကိုယ်စားလှယ်(၁၀)ဦးတို့ တက်ရောက်လာခဲ့ပြီး ယင်းလူငယ်များထဲမှ ရွေးချယ်၍ လိုအပ်နေသည့်
တာဝန်များကို ဆောင်ရွက် ခိုင်းသွားမည် ဖြစ်ကြောင်းသိရသည်။

ချစ်မင်းထွန်း
မြန်မာ့ခေတ်
ပည်သူ့အကျိုးကိုသာ အဓိကထား လုပ်ဆောင်နေသော အဖွဲ့ချုပ်တွင် လူငယ်များအား နေရာမပေးဘဲ တာဝန်များသာပေးအပ်၍ အဖွဲ့ချုပ်၏ လုပ်ငန်းများကိုသာ လုပ်ဆောင်ခိုင်းသွားမည်ဖြစ်ကြောင်း ဇူလိုင် ၅ရက်က ရွှေဂုံတိုင်လမ်း၊တော်ဝင်နှင်းဆီ ခန်းမတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည် မှ ပြောကြား လိုက်ခြင်းဖြစ် သည်။

အကြမ်းဖက်မှု နှိမ်နင်းရာတွင် သုံးမည့် လက်နက်များ မန္တလေး ရဲတပ်ဖွဲ့ထံ ပေးပို့

မန္တလေးမြို့တော်တွင် ဖြစ်ပွားနေသော ဘာသာရေး ပဋိပက္ခတွင် ဆူပူအကြမ်းဖက်မှု ကျုးလွန်သော လူအုပ်စုကို လျှင်မြန်စွာ ထိန်းသိမ်းနိုင်ရန် အတွက် နေပြည်တော် ရဲတပ်ဖွဲ့ ဌာနချုပ်က လက်နက်ပစ္စည်းများကို ထပ်မံ ပေးပို့ထားပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးက ပြောကြားသည်။

မန္တလေးပဋိပက္ခ အစိုးရကိုင်တွယ်မှုအပေါ် မေးခွန်းထုတ်

မိတ္ထီလာအရေးအခင်းအပြီး တစ်နှစ်ကျော် အကြာတွင် ဖြစ်ပွားခဲ့သည့် မန္တလေးပဋိပက္ခကို လုံခြုံရေး အရာရှိများနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရ အပါအ၀င် အစိုးရအရာရှိ များက နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ပါမလားဆို သည့်အပေါ် ပြည်သူအားလုံးနှင့် ကမ္ဘာက စောင့်ကြည့်နေသည်။
ပဋိပက္ခဖြစ်ပွားပြီး လေးရက် ကြာသည့်တိုင် မထိန်းသိမ်းနိုင် သေး၍ အစိုးရ၏ ကိုင်တွယ်မှု အ ပေါ် မေးခွန်းထုတ်မှုများရှိလာ သည်။

အရှိန်မထိန်းနိုင်သည့် ဆီဘောက်ဆာယာဉ် လမ်းဘေးသို့ထိုးကျတိမ်းမှောက်၍မီးလောင်မှုဖြစ်

Photo: အရှိန်မထိန်းနိုင်သည့် ဆီဘောက်ဆာယာဉ် လမ်းဘေးသို့ထိုးကျတိမ်းမှောက်၍မီးလောင်မှုဖြစ်
Sunday, July 6, 2014

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ ည ၉ နာရီခွဲချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ညောင်ကြပ်ကျေးရွာအနီး၊ ရန်ကုန်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၂၀၈/၅-၆)ကြားတွင် ဆီဘောက်ဆာ ယာဉ်(၁)စီး ကားလမ်း၏ယာဘက်ခြမ်း မြေသားလမ်းပေါ်သို့ ကန့်လန့်ဖြတ်လဲကျ တိမ်းမှောက်ပြီး မီးလောင်နေသဖြင့် မြို့လှနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ကျေးရွာမီးသတ်တပ်ဖွဲ့ဝင်များ၊ ရေတာရှည် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဆွာမြို့နယ်မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် အတူ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၄၀ မိနစ်အချိန် မီးငြိမ်းသွားခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်ဘက်မှမန္တလေးဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်နေ ကျော်ရွှေ မောင်းနှင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ တောင်သာ မြို့နယ်၊ တံတားအရှေ့ကျေးရွာနေ ယာဉ်နောက်လိုက် စိုးသန်း(၂၀)နှစ်လိုက်ပါလာသော ၁င/xxxx နစ်ဆန်း(၂၂)ဘီး ဆီသယ်ယာဉ်သည် အခင်းဖြစ်နေရာသို့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ရှိ ကြံခင်းအတွင်းသို့ ထိုးကျတိမ်းမှောက်၍ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထိုသို့ ဆီသယ်ယာဉ်တိမ်းမှောက်မီးလောင်ကျွမ်းစဉ် ယာဉ်မောင်း ကျော်ရွှေမှာ အခင်းဖြစ်နေရာမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး စိုးသန်းတွင် ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် မြို့လှ တိုက်နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ကာ ဖြစ်စဉ်နှင့်ပတ်သက်၍ မြို့လှနယ်မြေရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈/၂၈၅ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်နေသူ ကျော်ရွှေအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ ည ၉ နာရီခွဲချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည် မြို့နယ်၊ ညောင်ကြပ်ကျေးရွာအနီး၊ ရန်ကုန်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၂၀၈/၅-၆)ကြားတွင် ဆီဘောက်ဆာ ယာဉ်(၁)စီး ကားလမ်း၏ယာဘက်ခြမ်း မြေသားလမ်းပေါ်သို့ ကန့်လန့်ဖြတ်လဲကျ တိမ်းမှောက်ပြီး မီးလောင်နေသဖြင့် မြို့လှနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ကျေးရွာ မီးသတ်တပ်ဖွဲ့ ၀င်များ၊ ရေတာရှည် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဆွာမြို့နယ် မီးသတ်တပ်ဖွဲ့မှ

အချို၊ မယ်လမင်း၊ တရုတ်နို့မှုန့်၊ ကော်ဖီမစ် နဲ့ ရောဂါစုံ

Photo: အချို၊ မယ်လမင်း၊ တရုတ်နို့မှုန့်၊ ကော်ဖီမစ် နဲ့ ရောဂါစုံ
Sunday, July 6, 2014

အချိုရည်ဘူးများတွင် တားမြစ်ဆိုးဆေး၊ ကင်ဆာဖြစ်စေသော တာရှည်ခံဆေး၊ သကြားထက် အဆ ၂၀၀ ပိုမို ချိုစေသော ပါဝါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဖိန်း ဓာတ်များ ပါဝင်သဖြင့် ခံတွင်း ကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါနှင့် အ၀လွန်ရောဂါ၊ အသည်းကင်ဆာရောဂါတို့ကို ဖြစ်ပွားစေသည်။ 

ထို့အတူ ဂျယ်ရီဘူးများတွင်လည်း တရုတ်မှ လာသော ဂျယ်ရီပေါင်ဒါ၊ ဆီထရစ်အက်ဆစ်၊ Sodium Benzorate ခေါ် တာရှည်ခံဆေးပါဝင်သဖြင့် ကလေးများကို လုံးဝ မကျွေးသင့်၊ မရောင်းသင့်ပါ။
*မယ်လမင်း (ဖိုက်ဘာ) ပစ္စည်းများ

ထိုပစ္စည်းများသည် အပူနှင့် ထိတွေ့လျှင် ဓာတ်ပြု သဖြင့် ကျောက်ကပ် ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် လုံးဝ အသုံးမပြုသင့်ပါ။
*တရုတ်နို့မှုန့်နှင့် ၄င်းနှင့် ပြုလုပ်သော မုန့်များ

တရုတ်နို့မှုန့်ကို ဖျော်ကာ ခွေးပေါက်စ၊ ကြောင်ပေါက်စလေးများကို တိုက်ကျွေးရာ ထိုခွေးကလေး ကြောင်ကလေးများသည် အကြော ဆွဲကာ ၁၈ ကောင်ထက်မနည်း သေဆုံးကုန်ကြောင်း တွေ့ရှိရပါသည်။ 
ထို့ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့် တင်သွင်းသော နို့မှုန့်များနှင့် ၄င်းတို့ဖြင့် ပြုလုပ်သော မုန့်ပဲ သရေစာများကို ကလေးများကို လုံးဝ မတိုက်ကျွေးသင့်ပါ။

*ကော်ဖီမစ်များ ( Coffeemix)

ကဖိန်း၊ တာရှည်ခံ ဓာတုဆေး၊ ကော်ဖီအနံ့ ၊ အုန်းသီးခွံအမှုန့်များနှင့် သကြား၊ အခြားကုန်ကြမ်းပစ္စည်းများ ပါဝင်သည်ကို တွေ့ရသဖြင့် မသောက်သုံးသင့်ပါ။ 
၎င်းရယ်ဒီမိတ် ကော်ဖီများကို သောက်သုံးပါက ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးသွေးတိုးရောဂါ၊ စိတ်ကျရောဂါနှင့် ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ပန်ကရိယ ကင်ဆာနှင့် အမျိုးသမီးများ မြုံခြင်းနှင့် ကိုယ်ဝန် ပျက်ကျခြင်းတို့ကို ဖြစ်စေသဖြင့် လုံးဝ မသောက်သုံးသင့်ပါ။
ထို့ပြင် ကော်ဖီမစ်တွင် နို့ဆီနှင့် နို့မှုန့်အစား အသုံးပြုသော creamer မှာ မလေးရှားတွင် စားအုန်းဆီကို အဆီထုတ်ပြီး ကျန်သော ကြိတ်ဖတ်များကို တရုတ်နိုင်ငံမှ ၀ယ်ယူကာ မှုန့်နေအောင် ကြိတ်ချေပြီး Creamer အဖြစ် ပြန်လည်ရောင်းချကြောင်း သိရှိရသည်။ 

ထို ကြိတ်ဖတ်မှုန့်များသည် သွေးတိုးရောဂါ ၊ နှလုံးသွေးကြော ပိတ်ရောဂါ၊ လေဖြတ်ရောဂါနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသည်။

ဧရာဝတီ
အချိုရည်ဘူးများတွင် တားမြစ်ဆိုးဆေး၊ ကင်ဆာဖြစ်စေသော တာရှည်ခံဆေး၊ သကြားထက် အဆ ၂၀၀ ပိုမို ချိုစေသော ပါဝါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဖိန်း ဓာတ်များ ပါဝင်သဖြင့် ခံတွင်း ကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါနှင့် အ၀လွန်ရောဂါ၊ အသည်းကင်ဆာရောဂါ တို့ကို ဖြစ် ပွားစေသည်။

ထို့အတူ ဂျယ်ရီဘူးများတွင်လည်း တရုတ်မှ လာသော ဂျယ်ရီပေါင်ဒါ၊ ဆီထရစ်အက်ဆစ်၊ Sodium Benzorate ခေါ် တာရှည်ခံဆေးပါဝင်သဖြင့် ကလေးများကို လုံးဝ မကျွေးသင့်၊ မရောင်းသင့်ပါ။
*မယ်လမင်း (ဖိုက်ဘာ) ပစ္စည်းများ

ထိုပစ္စည်းများသည် အပူနှင့် ထိတွေ့လျှင် ဓာတ်ပြု

မန္တလေးမြို့၌ ဖြစ်ပေါ်နေသော လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက်မှုများတွင် မြို့ခံသံဃာတော်များ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ဆရာတော်များ မိန့်ကြား

မန္တလေးမြို့တွင် ဖြစ်ပေါ်နေသော လူစုလူဝေးဖြင့် အကြမ်းဖက်မှုများတွင် မြို့ခံသံဃာတော်များ လုံးဝပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဆရာတော်များက မိန့်ကြားခဲ့သည်။

ဇူလိုင် ၁ ရက်မှ ၄ ရက်အထိ ဖြစ်ပွားခဲ့သည့် လူစုလူဝေးများဖြင့် ဆူပူအကြမ်းဖက်မှုများတွင် မန္တလေးမြို့ခံသံဃာတော်များ ပါဝင်ပတ်သက်ခဲ့ခြင်း လုံးဝမရှိခဲ့ဘဲ ပဋိပက္ခများ ပိုမိုမဖြစ်ပွားလာစေရန်အတွက် ဝင်ရောက်ထိန်းသိမ်း စောင့်ရှောက်မှုများသာ လုပ်ဆောင်ခဲ့ကြကြောင်းကို မန္တလေးမြို့ခံသံဃာတော်များက မိန့်ကြားခဲ့သည်။

Viber မှ တစ်ဆင့် ချစ်ကြိုက်နေသည့် အမျိုးသမီးအား သတ်ပြီး လက်ဝတ်ရတနာများ ယူဆောင်ထွက်ပြေးနေသူကို ဘိုကလေးမြို့နယ်တွင် ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့် Viber မှတစ်ဆင့် ချစ်ကြိုက်နေသည့် ချစ်သူမိန်းကလေးအား သတ်ဖြတ်ကာ ပိုက်ဆံနှင့် ရွှေထည်များ ယူဆောင်ထွက်ပြေးခဲ့သည့်အမှု မှ ကျူးလွန်သူအား ဇူလိုင် ၂ ရက်က ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ စုံစမ်းသိရသည်။

ပုသိမ်ကြီးမြို့နယ်ကိုပါ ပုဒ်မ ၁၄၄ ထုတ်ပြန်အပြီး မန္တလေး ခုနစ်မြို့နယ်တွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁၀၀ ခန့်ကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူ

Photo: ပုသိမ်ကြီးမြို့နယ်ကိုပါ ပုဒ်မ ၁၄၄ ထုတ်ပြန်အပြီး မန္တလေး ခုနစ်မြို့နယ်တွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁၀၀ ခန့်ကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူ
Sunday, July 6, 2014

ဇူလိုင် ၄ ရက် ညနေတွင် ပုဒ်မ ၁၄၄ ကို ပုသိမ်ကြီးမြို့နယ်တွင်ပါ ထပ်တိုးထုတ်ပြန်ပြီးနောက် မန္တလေးခုနစ်မြို့နယ်တွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁ဝဝ ခန့်ကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဆူပူဖျက်ဆီးမှုများကြောင့် နယ်မြေလုံခြုံရေးအရ ဇူလိုင် ၄ ရက် ညနေ ၅ နာရီကျော်မှစ၍ ပုသိမ်ကြီးမြို့နယ်မှအပ မန္တလေးခြောက်မြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရာ ပထမရက်တွင် ၁၄၅ ဦး ကို ထိန်းသိမ်းခဲ့ပြီး ခံဝန်ဖြင့် ပြန်လည်စေလွှတ်ပေးခဲ့သော်လည်း ဒုတိယနေ့ ပုသိမ်ကြီး မြို့နယ်တွင်ပါ ထပ်တိုးထုတ်ပြန်ပြီးနောက် မလိုက်နာသူ ၁ဝဝ ခန့်ကို ထိန်းသိမ်းထားကြောင်း သိရသည်။

“ပထမဆုံးက ဒုတိယနေ့ထက်များပေမယ့် အားလုံးကို ခံဝန်နဲ့ပြန်လွှတ်ပေးခဲ့ပေမယ့် လုံးဝလွှတ်မပေးတော့ဘဲ ပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်အရေးယူသွားမှာပါ”ဟု ဒုရဲမှူးကြီးတစ်ဦးက ဆိုသည်။

ပုဒ်မ ၁၈၈ အရ ထောင်ဒဏ်(၇)ရက်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေချမှတ်နိုင်ကြောင်း သိရသည်။ လတ်တလော မန္တလေးမြို့လုံခြုံရေး အတွက် တိုင်းရဲတပ်ဖွဲ့အပါအဝင် ရွှေစာရံ၊ စစ်ကိုင်း၊ ပုလိပ်ရဲတပ်ရင်းများနှင့် ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှလည်း အင်အားပူးပေါင်းပါဝင် ဆောင်ရွက်နေသည်။

ဇူလိုင် ၁ ရက် ည ၈ နာရီခွဲတွင် စတင်ဖြစ်ပွားခဲ့သော ချမ်းအေးသာစံမြို့နယ် ၈၃ နှင့် ၂၇ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင်က အလုပ်သမားမိန်းကလေးအား မုဒိမ်းကျင့်အမှုဖွင့်ထားသည့်ကိစ္စနှင့် ဆက်နွယ်သော ကောလာဟလများ အင်တာနက်တွင် ပျံ့နှံ့ပြီးနောက် ယခုကဲ့သို့ ပုဒ်မ ၁၄၄ ထုတ် ပြန်အရေးယူမှုများဖြစ်ပွားခြင်း ဖြစ်သည်။

ပုဒ်မ ၁၄၄ ကို ပုသိမ်ကြီးမြို့နယ်တွင်ပါ ထပ်တိုးထုတ်ပြန်ပြီးနောက် မန္တလေးဈေးချိုနာရီစင်တစ်ဝိုက် သွားလာနေသော ဒေသခံအချို့နှင့် လုံခြုံရေးကားတစ်စီးအား တွေ့ရစဉ်
Eleven Media Group
ဇူလိုင် ၄ ရက် ညနေတွင် ပုဒ်မ ၁၄၄ ကို ပုသိမ်ကြီးမြို့နယ်တွင်ပါ ထပ်တိုးထုတ်ပြန်ပြီးနောက် မန္တလေးခုနစ်မြို့နယ်တွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁ဝဝ ခန့်ကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဆူပူဖျက်ဆီးမှုများကြောင့် နယ်မြေလုံခြုံရေးအရ ဇူလိုင် ၄ ရက် ညနေ ၅ နာရီကျော်မှစ၍ ပုသိမ်ကြီးမြို့နယ်မှအပ မန္တလေးခြောက်မြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရာ

Saturday, July 5, 2014

ဒေါ်အောင်ဆန်းစုကြည်နှင့် CRPP မှ အဖွဲ့ဝင်များ ဇူလိုင် ၆ ရက်တွင် တွေ့ဆုံမည်

အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်း စုကြည်နှင့် ၁၉၉ဝပြည့်နှစ် ရွေး ကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ ဖြင့် ယခင်က ဖွဲ့စည်း ထားခဲ့သည့် ပြည်သူ့လွှတ်တော်ခေါ်ယူရေး ကိုယ် စားပြုကော်မတီ CRPP မှ အဖွဲ့ဝင် များ ဇူလိုင် ၆ရက်တွင် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။''ဒေါ်အောင်ဆန်းစုကြည်က ဖိတ်တာပါ၊ အဖွဲ့ဝင်တွေက သိပ်မရှိ တော့ဘူး၊ တချို့ကလဲ အသက်တွေ ကြီးလို့ နိုင်ငံရေးလောက ကနေ ကျော ခိုင်းကုန်ပြီ။ လက်ရှိ နိုင်ငံရေးအခြေ အနေတွေအပေါ် အဓိကထားဆွေး နွေးဖြစ်ဖို့ များတယ်''ဟု ယင်းကော် မတီတွင် ပါဝင် ခဲ့ဖူးသည့် ဦးခွန်ထွန်း ဦးက ပြောသည်။CRPP အဖွဲ့ကို ၁၉၉ရ ခုနှစ် က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ၉၀ ရွေးကောက် ပွဲတွင် အနိုင်ရ ရှိပြီး သော ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ကျင်းပခွင့်နှင့် အစိုးရ ဖွဲ့ စည်းခွင့်မရှိခဲ့သဖြင့် လွှတ်တော်ခေါ် ယူခွင့်ရရှိရန် ရွေးကောက်ခံ ကိုယ် စားလှယ်များမှ စုပေါင်းပြီး ယင်း ကော်မတီကိုဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ယင်းနောက် ကော်မတီကို ဆက် လက်ထားရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် လွှတ်တော်ရှိလာပြီဖြစ်သောကြောင့် ၂၀၁၂ခုနှစ် မတ်လတွင် ကော်မတီ ကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။လက်ရှိတွင် သက်ရှိ ထင်ရှားရှိ နေသူ ကော်မတီဝင်များ အဖြစ် ဒေါ် အောင် ဆန်း စုကြည်၊ ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင်၊ ဦးထောင်ကို ထန်း၊ ဦးပူရ်းကျင်ရှင့် ထန် စသည့် ပုဂ္ဂိုလ်များကျန်ရှိနေသည်။
YMG

ပြဿနာရှိသည့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူကို ခြေရာခံနိုင်ရန်စမ်းသပ်လေ့ ကျင့်ထားဟုဆို

လူမှုကွန်ရက်နှင့် ဝက်ဘ်ဆိုက်များပေါ်တွင် သတင်းအမှားများ၊ တစ်ပါးသူထိခိုက်နစ်နာစေမည့်အကြောင်းအရာများ ရေးသားသူကို ၎င်းတို့အသုံးပြုသည့် ဖုန်း၊ ကွန်ပျူတာ၊ အင်တာနက်ကဖေးတို့မှတစ်ဆင့် ခြေရာခံဖမ်းဆီးနိုင်ရန် လက်တွေ့စမ်းသပ်မှုများပြုလုပ်နေပြီး တတ်သိနားလည်သော ဟက်ကာတပ်ဖွဲ့ဝင်များကို လေ့ကျင့်ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

‘‘ဆိုက်ဘာရာဇဝတ်မှုတစ်ခု ဖြစ်လာရင် ဖေ့စ်ဘွတ်ခ်ကနေ စော်ကား ပြောဆိုမှုတွေကြုံလာရင် ရဲစခန်းကိုတိုင်ပါ။ အမှုဖွင့်ပေး မယ်။ အရေးယူပါမယ်။ တရားခံဖော်ထုတ်မယ့်ကိစ္စက အချိန် ကာလအတိအကျပြောဖို့ခက်တဲ့အတွက် အချိန်ယူရတာတော့ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ ဒီအမှုအခင်းတွေအတွက် တပ်ဖွဲ့ ဝင်တွေထဲမှာ Hacker (ဖောက်ထွင်းဝင်ရောက်၍ အချက်အလက်များရယူသူ)ကို တန်ပြန်နိုင်တဲ့ပညာရှင်တွေ မွေးထုတ်ထားပါပြီ’’ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲမှူးချုပ် ဦးစိုးမြိုင်က ပြောကြားသည်။

၂၀၁၅တွင် နိုင်ငံ တစ်ဝန်းရှိ စီးပွားရေးအခွင့်အလမ်းနည်းပါးသော အမျိုးသမီး ၂၄၀၀ဝကျော်ကို စွမ်းရည်မြှင့်တင်ပေးမည်

လာမည့်၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ စီး ပွားရေးအခွင့်အလမ်းနည်းပါးသော အမျိုးသမီးပေါင်း ၂၄၀၀ဝကျော်ကို စွမ်းရည်မြှင့်တင်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါစွမ်းရည်မြှင့်တင်ခြင်းကို မြန်မာနိုင်ငံတစ်ဝန်းရှိ လူနေမှုဘဝ များ တိုးမြှင့်ပေးရန်အတွက် Coca- Cola ကုမ္ပဏီနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Pact တို့ ပူးပေါင်းကာ ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။
''ဒီအစီအစဉ်မှာ စွမ်းရည်မြှင့် တင်ပြီးတဲ့ အမျိုးသမီးတွေလဲ အများ ကြီး ပေါ်ထွက်လာတယ်။ အခုလက် ရှိလဲ စွမ်းရည်မြှင့်တင်ရေးအစီအစဉ် တွေ ဆက်တိုက်လုပ်ပေးနေတယ်။ ၂၀၁၅မှာ အမျိုးသမီးပေါင်း ၂၄၅၀၀ ကို စွမ်းရည်မြှင့်တင်ပေးဖို့ စီစဉ်ထား ပါတယ်''ဟု Coca- Cola ၏သတင်း နှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါစွမ်းရည်မြှင့်တင်ရေး အစီအစဉ်တွင် အမျိုးသမီးများအတွက် ငွေကြေးထိန်း သိမ်းနည်းများ၊ စီးပွား ရေး အခြေခံသဘောတရားများနှင့် စီမံအုပ်ချုပ်မှုများကို သင်ကြားပေးပြီး စုငွေကိုအခြေခံသည့် အဖွဲ့ဘဏ်စနစ် ဖြင့် အိမ်ထောင်စုငွေကြေးလုံခြုံမှု မြင့်မားရန်နှင့် အသေးစားလုပ်ငန်း ငယ်များ စတင်နိုင်ရန် ပွင့်လင်းမြင် သာသော ငွေစု၊ ငွေချေးအဖွဲ့အစည်း များကို တည်ဆောက်နိုင်ရန် သင် ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့တယ်လီဖုန်းအသုံးပြုသည့်နိုင်ငံစာရင်းတွင် မြန်မာအဆင့်သုံးဆင့် ခုန်တက်

ကမ္ဘာ့ တယ်လီဖုန်းအသုံးပြုသည့်နိုင်ငံများ တွင် မြန်မာသည် ယခုနှစ် မတ်လအထိ စာရင်းများအရ အဆင့် သုံးဆင့်ခုန် တက်ခဲ့ကြောင်း ဆက်သွယ်ရေး၊ သ တင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ဇူလိုင် ၄ရက်က အမျိုးသားလွှတ်တော်တွင် ဖြေကြားမှုများအရ သိရသည်။

၂၀၁၄ခုနှစ် မတ် ၃၁ရက်အထိ စာရင်းများအရ မြန်မာနိုင်ငံသည် ကမ္ဘာ့တယ်လီဖုန်းအသုံးပြုသည့် နိုင်ငံများ စာရင်း တွင် အောက်ဆုံး မှ ရေတွက်ပါက အဆင့် (၅)နေရာကို ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ယင်းနှုန်းသည် ၂၀၁၃ ခုနှစ်အတွင်းက ကမ္ဘာ့တယ် လီဖုန်းအသုံးပြုသည့် နိုင်ငံစာရင်း တွင် အောက်ဆုံးမှ ရေတွက်ပါက အဆင့်(၂)တွင် တည်ရှိခဲ့ခြင်းထက် တိုးတက် လာခြင်းလဲဖြစ်ကြောင်း ဒုဝန် ကြီး၏ လွှတ်တော်အတွင်း ဖြေကြား ချက်များအရ သိရသည်။

အဓိကရုဏ်းနှင့် နိုင်ငံရေး

ယနေ့ မန္တလေးမှာဖြစ်နေတဲ့ဖြစ်စဉ်တွေကို ကျွန်တော်နားလည်သလောက်ပြောရရင် ယနေ့လို အရေး ကြီးတဲ့အချိန်မှာ ဘာသာရေးနဲ့လူမျိုးရေးကို အကြောင်းပြပြီး သာမန်လူမှုရေးဖြစ်စဉ်တစ်ခုကနေ အရေးအခင်း တစ်ခုသဖွယ် ဖန်တီးလှုပ်ရှားလာတာကို တွေ့ရပါတယ်။ ပြည်သူတွေအနေနဲ့ ၂၀၁၄-၂၀၁၅ ခုနှစ်ဟာ နိုင်ငံရေးအရ အရေးကြီးသလို အစိုးရအနေနဲ့လည်း ၂၀၁၄ ခုနှစ်ကုန်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် အဆင့်တစ်ဆင့်ချင်းစီအလိုက် သတိထားပြီးဆောင်ရွက် နေရတဲ့အချိန်လည်း ဖြစ်ပါတယ်။ တစ်ဖက်ကလည်း တပ်မတော်အပိုင်းဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ဒီနှစ် မကုန်ခင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လုံးဝအပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးလက်မှတ် အပြီးသတ်ရေးထိုးနိုင်အောင် ဆောင်ရွက်နေတာတွေ့ရသလို နိုင်ငံတော်အစိုးရအတွက် ၀ိုင်းဝန်းပံ့ပိုး ဆောင်ရွက် နေတာကိုလည်း တွေ့မြင်ရပါတယ်။

မန္တလေးမြို့တွင် လတ်တလောဖြစ်ပွား နေသည့် ပဋိပက္ခများနှင့် ပတ်သက်၍ ပြည်ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ပြည်သူများသို့ မေတ္တာရပ်ခံချက် ထုတ်ပြန်ကြေညာ

Photo: မန္တလေးမြို့တွင် လတ်တလောဖြစ်ပွား နေသည့် ပဋိပက္ခများနှင့် ပတ်သက်၍ ပြည်ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ပြည်သူများသို့ မေတ္တာရပ်ခံချက် ထုတ်ပြန်ကြေညာ
Saturday, July 5, 2014

 မန္တလေးမြို့ တွင် လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ ပြည်မြို့ ပေါ်ရှိ အရပ်ဘက်လူ့ အဖွဲ့အစည်း ၂၁ဖွဲ့မှ ပြည်သူများသို့ မေတ္တာရပ်ခံ သော ကြေညာ ချက် တစ်ရပ်ကို ဇူ လိုင် ၃ရက် ညနေ ၄နာရီတွင် ထုတ် ပြန် လိုက်ကြောင်း သိရသည်။
အဆိုပါ ကြေညာချ က်တွင် မန္တ လေးမြို့တွင်ဖြစ်ပွားခဲ့သော ရာဇဝတ် မှုတစ်ခုတွင် ပြစ်မှုကျူးလွန်သူများ ၏ လူသားမဆန်သော လုပ်ရပ်အ ပေါ် ရှုတ်ချကြောင်းနှင့် ရာဇဝတ်မှု ကျူးလွန်ခဲ့ ခြင်း ကြောင့် နစ်နာရသူနှင့် မိသားစုဝင်များနှင့်ထပ်တူ (ပြည်ဒေ သခံ အရပ်ဘက်လူ့အဖွဲ့အစည်းများ မှ) စာနာမိပါသည်။ ရာဇဝတ်မှုကျူး လွန်ခြင်းသည် မည်သည့်လူ့အဖွဲ့အ စည်း၊ ဓလေ့ ထုံးတမ်းအစဉ်အလာ နှင့် သက်ဝင်ကိုးကွယ်မှု၏ သွန်သင် ညွှန်ပြချက်ကြောင့်မဟုတ်ဘဲ လူသား ဖြစ်မှု၏ ဂုဏ်သိက္ခာအပေါ် မထီမဲ့ မြင်ပြုသော လူပုဂ္ဂိုလ်တစ်ဦးချင်းစီ ၏ လူ့အ သိုက် အဝန်း အပေါ် သစ္စာ ဖောက်သော လုပ်ရပ်တစ်ခုဖြစ်သည် ဟု လေးနက်စွာ ယုံကြည်ပါသည်။ ယနေ့မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးမှုကင်းမဲ့သည့်အခြေအနေနှင့် ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်လုံခြုံစိတ်ချမှုရှိရေးအတွက် အသိပညာပေးမှုအားနည်းခြင်း၊ အာ မခံကင်းမဲ့ခြင်း၊ ရာဇဝတ်မှုများအ ပေါ် လျင်မြန်ထိရောက်စွာ အရေး ယူဆောင်ရွက်နိုင်သော ယန် တရား မရှိ ခြင်းတို့ကြောင့် လူပုဂ္ဂိုလ်တစ်ဦးချင်း စီ၏ ရာဇဝတ်မှုတစ်ခု မှသည် ထိုလူ ပုဂ္ဂိုလ်တစ်ဦးချင်းစီမှ သစ္စာဖောက် သော လူ့အဖွဲ့အစည်း၏ ဓလေ့ထုံး တမ်းအစဉ် အလာ နှင့် သက် ဝင် ယုံကြည်သည့် ဘာသာတရားအပေါ် အခြေခံသည့် မလိုလားအပ်သော ပဋိပက္ခများ၊ ရာဇဝတ်မှုများဖြစ်ပေါ် နိုင်သည့် အလားအလာများ၊ လူ့ တစ်စုတစ်ဖွဲ့မှ ရည်ရွယ် ချက်ရှိ ရှိဖြင့် ဖန်တီး နိုင်ကြောင်း တွေ့မြင်ရပေ သည်။

လူ့အဖွဲ့အစည်း၏ ဓလေ့ထုံး တမ်းအစဉ်အလာ၊ သက်ဝင်ကိုးကွယ် မှုနှင့် အသိဉာဏ်ပညာအပေါ် မထီ မဲ့မြင်ပြုသော လူတစ်ဦး ချင်းစီ ၏ ရာ ဇဝတ်မှုကျူးလွန်ခြင်းမှာ အစပြုသည့် ဘာ သာရေး ၊ လူမျိုးရေးအပေါ် အ ခြေခံသော နောက်ထပ်ရာဇဝတ်မှု များ ထပ်မံဖြစ်ပွားလျှင် ယနေ့မြန် မာပြည်သူလူထုတစ်ရပ်လုံး ယုံကြည် ချက်ဖြင့် ဒီမိုကရေစီပန်းတိုင်သို့ ချီတက် နေသည့် ကြိုး ပမ်း မှုများ အတွက် ကြီး မားသော အဟန့်အတားဖြစ်ပေါ် မည်ကို အထူးစိုးရိမ်မိပါသည်။
သို့ဖြစ် ပါ၍ ပြည်ဒေသ ခံမိဘပြည်သူများ အနေဖြင့် သတိရှိရှိဖြင့် ပြည်ဒေ သတွင် မလိုလား အပ် သော အကြမ်း ဖက်မှုများ၊ ရာဇဝတ်မှု များမဖြစ်စေ ရေးအတွက် ကျွန်ုပ်တို့ပြည်ဒေသခံ အရပ် ဘက် အဖွဲ့အစည်းများနှင့် ပူး ပေါင်းပါဝင်ကြိုးပမ်းကြပါရန် မေတ္တာ ရပ်ခံပန်ကြား အပ်ပါသည် ဟု အဆို ပါကြေညာချက်တွင် ပါရှိကြောင်း သိရသည်။
အဆိုပါ မေတ္တာရပ်ခံကြေညာ ချက်ထုတ်ပြန်ရခြင်းအကြောင်းမှာ မန္တလေးတွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် ကဲ့သို့ ပြည်မြို့အပါအဝင် မြန်မာ တစ်နိုင်ငံလုံးတွင် မဖြစ်ပေါ်စေချင်၍ ထုတ်ပြန်ကြေညာရ ခြင်းဖြစ် ကြောင်း သိရသည်။

မန္တလေးမြို့ လမ်းမများပေါ်တွင် စောင့်   ကြပ်နေကြသော ရဲတပ်ဖွဲ့ဝင်များကို ဇူလိုင် ၃ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ
K G
[--Democracy today Daily Newspaper--]
မန္တလေးမြို့ လမ်းမများပေါ်တွင် စောင့် ကြပ်နေကြသော ရဲတပ်ဖွဲ့ဝင်များကို ဇူလိုင် ၃ရက်က တွေ့ရစဉ်
မန္တလေးမြို့ တွင် လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ ပြည်မြို့ ပေါ်ရှိ အရပ်ဘက်လူ့ အဖွဲ့အစည်း ၂၁ဖွဲ့မှ ပြည်သူများသို့ မေတ္တာရပ်ခံ သော ကြေညာ ချက် တစ်ရပ်ကို ဇူ လိုင် ၃ရက် ညနေ ၄နာရီတွင် ထုတ် ပြန် လိုက်ကြောင်း သိရသည်။
အဆိုပါ ကြေညာချ က်တွင် မန္တ လေးမြို့တွင်ဖြစ်ပွားခဲ့သော ရာဇဝတ် မှုတစ်ခုတွင် ပြစ်မှုကျူးလွန်သူများ ၏ လူသားမဆန်သော လုပ်ရပ်အ ပေါ် ရှုတ်ချကြောင်းနှင့် ရာဇဝတ်မှု ကျူးလွန်ခဲ့ ခြင်း ကြောင့် နစ်နာရသူနှင့် မိသားစုဝင်များနှင့်ထပ်တူ (ပြည်ဒေ သခံ အရပ်ဘက်လူ့အဖွဲ့အစည်းများ မှ) စာနာမိပါသည်။ ရာဇဝတ်မှုကျူး လွန်ခြင်းသည် မည်သည့်လူ့အဖွဲ့အ စည်း၊ ဓလေ့ ထုံးတမ်းအစဉ်အလာ နှင့် သက်ဝင်ကိုးကွယ်မှု၏ သွန်သင် ညွှန်ပြချက်ကြောင့်မဟုတ်ဘဲ လူသား ဖြစ်မှု၏ ဂုဏ်သိက္ခာအပေါ် မထီမဲ့ မြင်ပြုသော လူပုဂ္ဂိုလ်တစ်ဦးချင်းစီ ၏ လူ့အ သိုက် အဝန်း အပေါ် သစ္စာ ဖောက်သော လုပ်ရပ်တစ်ခုဖြစ်သည် ဟု လေးနက်စွာ ယုံကြည်ပါသည်။ ယနေ့မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးမှုကင်းမဲ့သည့်အခြေအနေနှင့် ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်လုံခြုံစိတ်ချမှုရှိရေးအတွက် အသိပညာပေးမှုအားနည်းခြင်း၊ အာ မခံကင်းမဲ့ခြင်း၊ ရာဇဝတ်မှုများအ ပေါ် လျင်မြန်ထိရောက်စွာ အရေး ယူဆောင်ရွက်နိုင်သော ယန် တရား မရှိ ခြင်းတို့ကြောင့် လူပုဂ္ဂိုလ်တစ်ဦးချင်း စီ၏ ရာဇဝတ်မှုတစ်ခု မှသည် ထိုလူ ပုဂ္ဂိုလ်တစ်ဦးချင်းစီမှ သစ္စာဖောက် သော လူ့အဖွဲ့အစည်း၏ ဓလေ့ထုံး တမ်းအစဉ် အလာ နှင့် သက် ဝင် ယုံကြည်သည့် ဘာသာတရားအပေါ် အခြေခံသည့် မလိုလားအပ်သော ပဋိပက္ခများ၊ ရာဇဝတ်မှုများဖြစ်ပေါ် နိုင်သည့် အလားအလာများ၊ လူ့ တစ်စုတစ်ဖွဲ့မှ ရည်ရွယ် ချက်ရှိ ရှိဖြင့် ဖန်တီး နိုင်ကြောင်း တွေ့မြင်ရပေ သည်။

စင်ကာပူသို့ အိမ်အကူ စေလွှတ်ခြင်းကို အစိုးရတားဆီးသင့်ဟု သံအမတ်ပြော

မြန်မာနိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့အကြား တရားဝင်အိမ် အကူ လုပ်သားစေလွှတ်ခွင့်ကို သဘောတူထားခြင်း မရှိသည့် အတွက် မြန်မာနိုင်ငံမှ အေးဂျင့်များကတစ်ဆင့် အိမ်အကူလုပ်ရန် မြန်မာအမျိုးသမီးများ စင်ကာပူသို့ လာရောက်မှုကို တားဆီးသင့်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဌေးအောင်ကပြောကြားသည်။
မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန် ကြီးဌာနသို့ သံအမတ်ကြီးဦးဌေး အောင်က အစီရင်ခံစာပေးပို့ထား ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် လက်ရှိ လုပ်ကိုင်နေ သော မြန်မာအလုပ်သမားများ အတွက် အလုပ်သမား အခွင့် အရေးရရန် ဥပဒေအတွင်းမှ ဖန် တီးပေးသင့်ကြောင်းလည်း ၎င်း ကပြောကြားသည်။‘‘မြန်မာ အိမ်အကူတွေကို လျှော့ဈေးနဲ့ရနိုင်တဲ့ကြော်ငြာတွေ၊ သက်ရှိ ရောင်းကုန်လိုထားတာ တွေ၊ သရုပ်ပြခိုင်းတာတွေက နိုင် ငံ့ဂုဏ်သိက္ခာကျဆင်းစေတယ်။ မြန်မာမှာ တစ်ဦးချင်း အေးဂျင့် လုပ်တဲ့သူတွေက အိမ်အကူတွေ ကိုပို့နေတယ်။ ဒါတရားမဝင်ဘူး။ နိုင်ငံတော်ကမသိဘဲနဲ့ မလုပ်သင့် ဘူး’’ဟု သံအမတ်ကပြောသည်။
၎င်း၏ အစီရင်ခံ သုံးသပ် ချက်ကြောင့် စင်ကာပူတွင် အိမ် အကူလုပ်ကိုင်မည့် မြန်မာများ အတွက်အကျိုးသက်ရောက်မှုရှိ လာနိုင်ပြီး အလုပ်အကိုင်အခွင့် အလမ်းနည်းပါးသည့်မြန်မာနိုင်ငံ တွင် မြန်မာအမျိုးသမီးများထွက် ပေါက်ပိတ်သွားနိုင်ကြောင်း ပြည် ပရောက်မြန်မာလုပ်သားများ အရေးဆောင်ရွက်သည့် Home အဖွဲ့မှ မကစ်တီကပြောသည်။

မန္တလေးအဓိကရုဏ်းကို ရန်ကုန်မြို့မှ သံဃာများဆန္ဒပြ

မန္တလေးအဓိကရုဏ်း ဖြစ်စဉ်ကို ကန့်ကွက်ရှုတ်ချ၍ မန္တ လေးမြို့ရှိ ရဟန်းသံဃာတော်များ နှင့် ပြည်သူ ပြည်သားများဘေး အန္တရာယ်ကင်းရှင်းရန် မျိုးချစ်သံ ဃာတော်များက ဇူလိုင် ၄ရက် တွင် ရွှေတိဂုံစေတီတော်၌ ဆုတောင်း ဆန္ဒပြခဲ့ကြသည်။
ဆရာတော်ဦးရက္ခ၀ံသဦး ဆောင်သောမျိုးချစ်ရဟန်းသံဃာ တော်အပါးငါးဆယ်နှင့်ပြည်သူ ငါးဆယ်ခန့်သည် မန္တလေးအဓိက ရုဏ်းဖြစ်စဉ်ကို ကန့်ကွက်ရှုတ်ချ ခဲ့ပြီးမန္တလေးမြို့ရှိ ရဟန်းသံဃာ တော်များနှင့် ပြည်သူပြည်သား များဘေးအန္တရာယ်ကင်းရှင်းရန် အတွက် ကြေးသွန်းဘုရားမှစတင် လမ်းလျှောက်၍ ရွှေတိဂုံစေတီ ပေါ်သို့ တက်ရောက်ပြီးဆုတောင်း ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
‘‘မန္တလေးဖြစ်စဉ်မှာသေဆုံး သွားတဲ့သူတွေရှိတယ်။ အဲဒီသူ တွေကောင်းရာမွန်ရာရောက်ဖို့အ တွက် ဆုတောင်းပေးရမယ်။ နောက်မန္တလေးမှာရှိတဲ့ ပြည်သူ တွေ ဘေးအန္တရာယ် ကင်းရှင်း အောင် ဆုတောင်းပေးရမှာပါ’’ဟု မန္တလေးအဓိကရုဏ်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆုတောင်းဆန္ဒပြရာ တွင် ဦးဆောင်သူ ဘင်္ဂသား ကျောင်းတိုက်ဆရာတော်အရှင် သူရ၀ံသကမိန့်သည်။

လက်နယ်သယ်လာတဲ့ တရုတ်လူမျိုးတွေကို အမိန့်ချမှတ်ပြီ

တမူးမြို့မှာ ဧပြီ ၂၅ ရက်နေ့က လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးမိခဲ့တဲ့ တရုတ်နိုင်ငံသား ရှစ်ယောက်ကို ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းမှာ မုံရွာတရားရုံးက ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။လက်နက်များ (ယာယီပြင်ဆင်ချက်) အက်ဥပဒေ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး လတ်တလော ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၁၃ (၁) နဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၇) အရ တရုတ်လူမျိုး ရှစ်ဦးထဲက ခုနစ်ဦးကို ထောင်ဒဏ် ၁၃ နှစ်စီကျခံဖို့ အမိန့်ချမှတ်ခဲ့ပြီး ကျန်တဲ့တစ်ဦးကတော့ အသက် ၁၈ နှစ်မပြည့်သေးတာကြောင့် ထောင်ဒဏ် ၁၀ နှစ် ကျခံဖို့အမိန့်ချခဲ့တယ်လို့ မုံရွာခရိုင် တရားရုံးဆီကနေ သိရပါတယ်။မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက “တရုတ်အမျိုးသား ၈ ဦးအနက်က ၇ ဦးကတော့ ထောင်ဒဏ် ၁၃ နှစ်နဲ့ မုံရွာအကျဉ်းထောင်ကို ပို့မှာပါ၊ ကျန်တဲ့အသက်မပြည့်သေးတဲ့ သူကိုတော့ မန္တလေးအကျဉ်းထောင်ကို ပို့ဆောင်မှာပါ၊ သူတို့အားလုံးကလည်း အပြစ်ရှိကြောင်း တရားရုံးမှာဝန်ခံပါတယ်” လို့ဆိုပါတယ်။တရုတ်အမျိုးသားရှစ်ဦးကို တမူးမြို့ကနေ ကလေးမြို့သို့ ထွက်တဲ့ အိန္ဒိယမြန်မာ ချစ်ကြည်ရေး လမ်းမကြီးပေါ်မှာ တရုတ်နိုင်ငံလုပ် လက်နက်ငယ် ရှစ်လက်ကျည် ၁၈၆၀ တောင့်၊ ကျည်ကတ် (၃၈) ကတ်၊ လက်ပစ်ဗုံး (၃၁) လုံးတွေနဲ့အတူ ဧပြီလ (၂၅) ရက်နေ့ ညနေ ၅ နာရီခန့်အချိန်မှာ သက်ဆိုင်ရာ စုပေါင်းဖမ်းဆီးရေး အဖွဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
The Voice Weekly