ဇူလိုင် ၁ ရက် ညပိုင်းက စတင်ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေးပဋိပက္ခကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြုလုပ်လျက်ရှိသော
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ်ကောက်ခံမှု
အရှိန်တန့်သွားကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သတင်းရရှိသည်။
Tuesday, July 8, 2014
Monday, July 7, 2014
မှတ်ပုံတင်ကိုင် ဘင်္ဂါလီနှင့် ကမန်များကို ပြန်စစ်ဆေးမည်ဟု ရခိုင်ဝန်ကြီးချုပ်ဆို

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများနှင့် ကမန်အမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသူများကို ပြန်လည်စိစစ်ပေးမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက စစ်တွေမြို့ခံများနှင့် ဇူလိုင်လ ၄ ရက်နေ့က တွေ့ဆုံစဉ် ကတိပေး ပြောကြားသည်။
လက်ရှိ စတင် လုပ်ဆောင်နေသည့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း နိုင်ငံသားစိစစ်ရာ၌ မြို့နယ်စစ်ဆေးရေး အဖွဲ့တွင် ရခိုင်နှင့် ဘင်္ဂါလီ လူ့အဖွဲ့အစည်း နှစ်ခုလုံးမှ လူပုဂ္ဂိုလ်များ ပါဝင်မည်ဖြစ်ကြောင်း၊ ယင်းကြောင့် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ထားသူများကို စစ်ဆေးပေးရန် တောင်းဆိုပါက စစ်ဆေးပေးမည်ဟု ၎င်းက ပြောဆိုကြောင်း စစ်တွေမြို့မြို့ဖ တစ်ဦးဖြစ်သူ ဦးသာပွင့်က ပြန်လည်ပြောဆိုသည်။
တောင်ကြီးတွင် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့ဖွဲ့
တောင်ကြီး၊ မဇ္ဈိမ။ ။ တောင်ကြီးမြို့တွင် တရားဥပဒေစိုးမိုးရေး နှင့် ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်းလိုက်ပြီဟု အဆိုပါ အဖွဲ့မှ လူပုဂ္ဂိုလ်ခေါင်းဆောင် ဦးသန်းရွှေက ဇူလိုင် ၇ရက်တွင် မဇ္ဈိမကို ပြောသည်။
တရားဥပဒေစိုးမိုးရေး နှင့် ငြိမ်းချမ်းရေးအဖွဲ့အား ဇူလိုင် ၆ ရက်က တောင်ကြီးမြို့၊ မင်းကွန်းကျောင်းတိုက်တွင် ပြည်နယ် သံဃ့ာနာယက ဆရာတော်၊ မြို့နယ်
သံဃ့ာနာယက ဆရာတော်ကြီးများရှေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လူပုဂ္ဂိုလ်များ၊ ရဟန်းသံဃာများ၊ ဗုဒ္ဓဘာသာ ပရဟိတအသင်းများ၊ ပါဝင်သည်ဟု အဆိုပါ အဖွဲ့မှ လူပုဂ္ဂိုလ်ခေါင်းဆောင် ဦးသန်းရွှေက ပြောသည်။

မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ရပ်ကြရန် ဗုဒ္ဓဘာသာဝင်များအား ဘုန်းတော်ကြီး ဒလိုင်းလားမား ပန်ကြား
မြန်မာနိုင်ငံနှင့် သီရိလင်္ကာမှ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် မူစလင်များအပေါ် ဆန့်ကျင်အကြမ်းဖက်မှုများ ရပ်တန့်ကြရန် ဘုန်းတော်ကြီး ဒလိုင်းလားမားက ဇူလိုင် ၆ရက်က ထပ်မံ မေတ္တာရပ်ခံခဲ့သည်။ သူ၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့ အခမ်းအနား၌ သောင်းနှင့်ချီသော ပရိသတ်အား ပြောကြားခဲ့သည့် သြဝါဒ စကားထဲတွင် ထည့်သွင်းပန်ကြားခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ကျင်းပခဲ့သော မွေးနေ့ပွဲသို့ တက်ရောက်လာခဲ့ကြသူ ပရိသတ်များထဲတွင် ဟောလိဝု(ဒ်) ရုပ်ရှင်ကြယ်ပွင့် ရစ်ချတ်ဂီယာ (Richard Gere) လည်း ပါဝင်သည်။ ဗုဒ္ဓဘာသာဝင် အများစု ဖြစ်ကြသော ထိုနိုင်ငံနှစ်ခုလုံးတွင် လူနည်းစုမျာြး ဖစ်ကြသော မူစလင်များအား ပစ်မှတ်ထား၍ အကြမ်းဖက်ကြခြင်းမှာ လက်ခံနိုင်စရာ မရှိကြောင်း ဘုန်းတော်ကြီး ဒလိုင်းလားမားက မိန့်ကြားခဲ့သည်။
မန္တလေး ပဋိပက္ခ ဆူပူမှုတွင် မူးယစ်ဆေးသုံးသူများ ပါဝင်နိုင်ဟုဆို
မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးမှာ ဖြစ်ပြီးခဲ့တဲ့ မန္တလေးမြို့
ပဋိပက္ခအတွင်း ဆူပူသူတွေတချို့ဟာ မူးယစ်ဆေး သုံးစွဲသူတွေ ပါဝင်နိုင်တယ်လို့
တိုင်းဒေသကြီး လွှတ်တော်အမတ်တွေက ဆိုပါတယ်။
ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးကို ဒီနေ့ ကျင်းပ ပြုလုပ်ရာမှာ ဇူလိုင်လအတွင်း ဖြစ်ပေါ် ခဲ့တဲ့ မန္တလေးမြို့ ပဋိပက္ခအတွင်း ပါဝင်နေတဲ့ လူငယ်အများစုမှာ မူးယစ်သုံးစွဲတာ ရှိနိုင်တယ်လို့ ချမ်းအေးသာစံမြို့နယ် တိုင်းလွှတ်တော်အမတ် ဒေါ်တင်တင်မာက

ကျပ် ၁,၅၀၀ တန်ဆင်းမ်ကတ် အင်တာနက်မက်ဆေ့ခ်ျဖြင့် စတင်လျှောက်ထားနိုင်
MEC Tel အမှတ်တံဆိပ် ကျပ် ၁,၅၀၀ တန် CDMA 800မိုဘိုင်းဖုန်းများကို ဆက်သွယ်ရေးရုံးသို့ သွားစရာမလိုဘဲ မိမိ၏ဖုန်းမှတစ်ဆင့် အင်တာနက်အသုံးပြုနိုင်ရန် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
လက်ထက်ပွဲမှာ ကွာရှင်းခွင့် တောင်းတဲ့ အမျိုးသား
ေ

ဆ်ာဒီအာရေဗိယ နိုင်ငံမှာ ဖြစ်ပါတယ်။ မင်္ဂလာဆောင်နေစဉ် အတွင်းမှာပဲ
ကွာရှင်းခွင့်ပါ အမျိုးသား တစ်ဦးက တောင်းဆိုခဲ့ ပါတယ်။ အမျိုးသားကို
အပြစ်မြင်နေကြ ပါလိမ့်မယ်။ ဖြစ်စဉ် က ဒီလိုပါ။
မင်္ဂလာဆောင်ဖို့ တစ်ရက် အလိုမှာပဲ အမျိုးသားဆီ လူတစ်ယောက်က Memory Stick တစ်ချောင်း လာပေး ပါတယ်။ ယင်းထဲမှာ သူနဲ့ လက်ထက်တော့မယ့် ချစ်သူ နဲ့ သူ့ အရင်ရည်းစား ဟောင်းတို့ တွဲရိုက်ထားတဲ့ ဓာတ်ပုံများကို ထည့်ထား တာကို ဖွင့်ကြည့် မိလိုက် ပါတယ်။

KIA နှင့် TNLA အဖွဲ့မှ ဒေသခံ (၂) ဦးအား အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီး
ကချင်ပြည်နယ်၊ မိုးမိတ်မြို့နယ်၊ စင့်ကင်ကျေးရွာနှင့် မန်ပတ် ကျေးရွာမှ
ရွာသား (၂) ဦးအား ဇူ ၅ ရက်နှင့် ၆ ရက်နေ့ တို့တွင်
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)
အဖွဲ့နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့တို့မှ
ရိုက်နှက်ဖမ်းဆီးသွားကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ စင့်ကင်ကျေးရွာနေ ဦးဝင်းကြည်သည် ၎င်း၏ နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် ည ၁၁
အဆိုပါဖြစ်စဉ်မှာ စင့်ကင်ကျေးရွာနေ ဦးဝင်းကြည်သည် ၎င်း၏ နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် ည ၁၁
ကမ္ဘာ့ပထမဆုံး အဲယားကွန်းနဲ့ ဖုံးပိတ်ပေးတဲ့ မြို့
ဘယ်နိုင်ငံမှာ ရှိလိမ့်မလဲ ဆိုတာကို ခန့်မှန်း သိရှိ ကြမှာပါ။ ယူအေအီး
နိုင်ငံ ဒူဘိုင်းမြို့ အနီးမှာ စတင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။ ထူးခြားချက်က
တစ်မြို့လုံးကို အဲယားကွန်း ဖန်လုံအိမ်ထဲ ဖုံးအုပ် ထားပြီး ကမ္ဘာ့ ပထမဆုံး အဲယားကွန်း ဖုံးပိတ် ထားတဲ့ မြို့ အဖြစ် စံချိန်တင်စေမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ အမြင့်ဆုံး မိုးမျော်တိုက်ကလည်း ယူအေအီးမှာ ရှိသလို ကမ္ဘာ့ အကြီးဆုံး ရှော့ပင် စင်တာကိုလည်း အဲယားကွန်း အလုံပိတ်တဲ့ မြို့
ကမ္ဘာ့ အမြင့်ဆုံး မိုးမျော်တိုက်ကလည်း ယူအေအီးမှာ ရှိသလို ကမ္ဘာ့ အကြီးဆုံး ရှော့ပင် စင်တာကိုလည်း အဲယားကွန်း အလုံပိတ်တဲ့ မြို့
သတိ! အန္တရာယ်ရှိသည်(ကျန်း မာ ရေး ဆိုင် ရာ ဗ ဟု သု တ များ)
ထက်ခြမ်းခွဲထားသော ကြက်သွန်နီ၊ အခွံခါထားသော
ကြက်သွန်နီကို ချက်ချင်း အသုံးမပြုနိုင်လျှင်၊ အကြာကြီးပစ်ထားပြီးလျှင်
(သို့မဟုတ်) ရက်ကျော်လျှင်၊ ပြန်မသုံးပါနဲ့ ။ မစားပါနဲ့။
ခွဲခြမ်းထားပြီး အကြာကြီးပစ်ထားတဲ့ ၄င်းကြက်သွန်နီ ကို စားသုံးမိပါက ဘတ်တီးရီးယားပိုးမွှားများ ပါရှိလာသည့်အတွက် ပိုက်အောင့်၊ ပိုက်နာဖြစ်နိုင်သည့် အပြင် အဆိပ်အတောက် ကိုလည်း ဖြစ်စေနိုင် ပါ တယ်လို့ ဆိုထားပါတယ်။
ထို့အပြင် ကြက်သွန်နီဟာ အနံ့ဆိုးများအားလုံးကို စုပ်ယူထားနိုင်သည့် အစွမ်းရှိသည့်အတွက်

ပီအာရ်စနစ်ကျင့်သုံးရန် မသင့်လျော်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီ ခေါင်းဆောင်အချို့ သုံးသပ်
မြန်မာနိုင်ငံတွင် အချိုး ကျကိုယ်စားပြုရွေးကောက်ပွဲ စနစ် (ပီအာရ်)ကို
ကျင့်သုံးရန် သင့်လျော်မှုမရှိကြောင်း အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်း ရင်းသား နိုင်ငံရေးပါတီခေါင်း ဆောင်များ
တွေ့ဆုံကာ ဆုံးဖြတ် ခဲ့ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၅ ရက်က ရန်ကုန်မြို့ ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစု ကြည်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန် ထွန်းဦး၊ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် ဦးအေးသာအောင်၊ ဇိုမီးအမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးပူးကျင့်ရှင်းထန်၊ မွန်ဒီမို ကရေစီပါတီဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်း တို့ တွေ့ဆုံခဲ့ကြသည်။

မန်းပဋိပက္ခလူသတ်မှုနှင့် ပတ်သက်၍ ၁၆ ဦး၊ ညမထွက်ရအမိန့် မလိုက်နာသူ ၃၄၆ ဦးကို ဖမ်းဆီးအရေးယူ
မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သည့် မငြိမ်သက်မှုများနှင့် ပတ် သက်၍ လူ၁၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ညမထွက်ရ အမိန့်မလိုက်နာသူ ၃၄၆ ဦးကို ပုဒ်မ ၁၈၈ ဖြင့် အရေးယူထားကြောင်းဇူလိုင် ၆ ရက်တွင် အစိုးရကထုတ်ပြန်ကြေညာသည်။
မန္တလေးမြို့မငြိမ်သက်မှု များအတွင်း ဇူလိုင် ၂ ရက်မှ ၅ ရက်အထိ စုစုပေါင်းအမှု ၁၅ မှုရှိ ကြောင်း၊ ယင်းအမှုများအနက် လက်နက်ပုဒ်မ ၁၉ (က) နှစ်မှု၊ ရဲအက်ဥပဒေပုဒ်မ ၃၅ (ဃ) သုံးမှု၊အခြားအမှု သုံးမှုတို့နှင့် ပတ်သက်ပြီး သံသယရှိသူ ၁၆ ဦး အားဖမ်းဆီး၍ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အစိုးရ၏ထုတ်ပြန်ချက်တွင် ရေး သားထားသည်။
ဘာသာရေးအကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့ ဒလိုင်လားမား ထပ်မံ ပန်ကြား
မြန်မာ နဲ့ သီရိလင်္ကာ နိုင်ငံတွေက ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မူစလင်တွေအပေါ် အကြမ်းဖက်တာတွေ ရပ်တန့်ကြဖို့ တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမား က မနေ့က ထပ်မံပန်ကြားလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ မှာ ကျင်းပခဲ့တဲ့ အသက် ၇၉ နှစ်ပြည့်မွေးနေ့ပွဲမှာ တက်ရောက်လာသူ ထောင်နဲ့ချီတဲ့ လူထု ပရိသတ်ကို ဟောပြောစဉ်အတွင်း ထည့်သွင်း ပန်ကြားခဲ့တာပါ။
အိန္ဒိယနိုင်ငံ မှာ ကျင်းပခဲ့တဲ့ အသက် ၇၉ နှစ်ပြည့်မွေးနေ့ပွဲမှာ တက်ရောက်လာသူ ထောင်နဲ့ချီတဲ့ လူထု ပရိသတ်ကို ဟောပြောစဉ်အတွင်း ထည့်သွင်း ပန်ကြားခဲ့တာပါ။
အကြမ်းဖက် ဓါတ်ပုံကိစ္စ သစ်ထူးလွင် ငြင်းဆို
မန္တလေးမှာပြီးခဲ့တဲ့
ဇူလိုင်လ ၂ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လူစုလူဝေးနဲ့ အကြမ်းဖက်တိုက်ခိုက်မူတွေဟာ
အင်တာနက်မှာ သစ်ထူးလွင်ဘလော့စာမျက်နှာက ဖေါ်ပြခဲ့တဲ့ ဓါတ်ပုံကြောင့်
ဖြစ်ပွားရတယ်ဆိုတဲ့ စွပ်စွဲချက်တွေ နဲ့ပတ်သက်ပြီး ဒီဓါတ်ပုံတွေကို
မိမိဘလော့မှာ တင်ထားခြင်းမရှိကြောင်း ဘလော့ တာဝန်ခံ ကိုသစ်ထူးလွင်က
ငြင်းဆို ပါတယ်။
သိတဲ့ လူရှောင်သွား မသိသေးတဲ့ လူသတိထား ဟောဒီအဆိပ်ပြင်းဂမှုန်းပင်
ဒီအပင်ကို အိမ်တွေ၊ ရုံးတွေ ဟော်တယ်.... နေရာတော်တော် များများမှာ တွေ့ဖူးကြမှာပါ။ နာမည် ဘယ်လိုခေါ်လဲလို့ကျွန်တော်လည်းအတိအကျနာမည် မသိဘူး (ကျွန်တော့်စိတ်ထင် ဂမုန်းထင်တယ်) တွေ့ ဖူးတာတော့ တွေ့ဖူးတယ်။
တကယ်တော့ ဒီအပင်ဟာ အရမ်းကို အန္တရာယ် ရှိတဲ့အပင်ဖြစ်ပါတယ်။ အထူးသဖြင့်တော့
တကယ်တော့ ဒီအပင်ဟာ အရမ်းကို အန္တရာယ် ရှိတဲ့အပင်ဖြစ်ပါတယ်။ အထူးသဖြင့်တော့
မန္တလေးပဋိပက္ခကို အီးယူမှ ကူညီထောက်ပံ့ထားသည့် အဓိကရုဏ်းနှိမ်းနင်းရေးလက်နက်များအပြင် လိုအပ်ပါက ရော်ဘာကျည်ဆန်နှင့် မျက်ရည်ယိုဗုံးများကို အသုံးပြုသွားမည်
ရန်ကုန်၊ ဇူလိုင် ၅- မန္တလေးပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရာတွင် အီးယူမှ ကူညီ ထောက်ပံ့ထားသည့် အဓိကရုဏ်း နှိမ်နင်း ရေးလက်နက်များအပြင် ရော်ဘာကျည်ဆန် နှင့် မျက်ရည်ယိုဗုံးများကိုပါ လိုအပ်ပါက အသုံးပြု ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတပ်ရင်းကွပ် ကဲရေးမှူးရုံးမှ အဆင့်မြင့်အရာရှိ တစ်ဦး ကပြောသည်။
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း မန္တလေးသို့ သွားရောက်သည့် ခရီးသည်ဦးရေ မလျော့ကျဟုဆို
မန္တလးမြို့တွင် ညမထွက်ရအမိန့် (ပုဒ်မ ၁၄၄ ) ထုတ်ပြန်ထားသော်လည်း ရန်ကုန်မြို့မှ မန္တလေးမြို့သို့ သွားရောက်သည့် ခရီးသည်ဦးရေမှာ သိသာစွာ လျော့နည်းကျဆင်းသွားမှု မရှိဟု ရန်ကုန်အခြေစိုက် အဝေးပြေးယာဉ်လိုင်းများက ဇူလိုင် ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။
သို့သော် ယာဉ်ထွက်ခွာသည့် အချိန်များကိုမူ ပြောင်းလဲသတ်မှတ်ထားကြောင်း ယာဉ်လိုင်းတာဝန်ရှိသူ များက ပြောသည်။
မန္တလေး-ရန်ကုန် ခရီးစဉ်ကို ပြေးဆွဲလျှက်ရှိသော မြတ်မန္တလောထွန်း အဝေးပြေးယာဉ်လိုင်း
မန္တလေးမြို့ တည်ငြိမ်လာသော်လည်း လုံခြုံရေး ဆောင်ရွက်ပေးထားဟု နယ်လုံဝန်ကြီးဆို
မန္တလေးမြို့သည် ဇူလိုင်လ ၆ ရက်၌ တည်ငြိမ်လာပြီဖြစ်သော်လည်း ပဋိပက္ခ ဖြစ်ပွား ခဲ့ရာနေရာများတွင် စောင့်ကြည့် လုံခြုံရေးအဖွဲ့များ ဧရိယာအလိုက် လုံခြုံရေးဆောင်ရွက်ပေးထားကြောင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောသည်။
“မန္တလေးမြို့ တည်ငြိမ်နေပါတယ်။ လွတ်လပ်စွာ သွားလာလို့ရပါတယ်။ ဧရိယာအလိုက် လုံခြုံရေး ဆောင်ရွက်ပေးနေတယ်။ နေရာအနှံ့ ချထားပေးလို့ မရပါဘူး။ စနစ်တကျ
“မန္တလေးမြို့ တည်ငြိမ်နေပါတယ်။ လွတ်လပ်စွာ သွားလာလို့ရပါတယ်။ ဧရိယာအလိုက် လုံခြုံရေး ဆောင်ရွက်ပေးနေတယ်။ နေရာအနှံ့ ချထားပေးလို့ မရပါဘူး။ စနစ်တကျ
PR မကျင့်သုံးရေး NLD နှင့် တိုင်းရင်းသားပါတီများ ပူးပေါင်းကန့်ကွက်မည်
ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (PR) မကျင့်သုံးရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် တိုင်းရင်းသားပါတီများ ပူးပေါင်း ကန့်ကွက်မည် ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် NLD ပါတီ ရုံးချုပ်တွင် ဇူလိုင်လ ၅ ရက်နေ့က NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) တွေ့ဆုံပြီးနောက် အထက်ပါအတိုင်း သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အခြေခံပညာ ဆရာ၊ ဆရာမများကို ပင်စင်သက်တမ်း တိုးပေးရန် စီစဉ်
နိုင်ငံတစ်ဝန်း လစ်လပ်နေသော အခြေခံပညာ ဆရာ၊ ဆရာမများ နေရာတွင်
ပင်စင်စားနှင့် ပင်စင်ယူခါနီး ဆရာ၊ ဆရာမတို့ကို ပင်စင်သက်တမ်းတိုး၍
ဆက်လက်ခန့်ထားရန် အစီအစဉ်ရှိကြောင်း ဇူလိုင်လ ၆ ရက်နေ့ အခြေခံပညာ နှီးနှောဖလှယ်ပွဲတွင် ပညာရေးဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီ က ပြောကြား သွားသည်။
အာဂျင်တီးနား ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်ခဲ့ပါက ယင်းပွဲစဉ်အမီ ဒီမာရီယာ ပြန်ကစားနိုင်ဖွယ်ရှိ
အကယ်၍ နယ်သာလန်ကို ကျော်ဖြတ်ကာ အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်ရောက်ခဲ့မည်ဆိုပါက အိန်ဂျယ်ဒီမာရီယာ ပါဝင်ကစားနိုင်မည့် အလားအလာ ရှိနေကြောင်း အာဂျင်တီးနားအသင်း၏ ဆရာဝန်က ပြောကြားခဲ့သည်။
ဒေါက်တာ ဒင်နီရယ် မာတီနက်ဇ်က အသက်(၂၆)နှစ်ရှိ ကစားသမားအနေဖြင့် နယ်သာလန်နှင့် ရင်ဆိုင်မည့် ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲတွင် ပါဝင်နိုင်ရန် အခွင့်အရေး မရှိသော်လည်း ဗိုလ်လုပွဲသို့ အာဂျင်တီးနား တက်ရောက်ခဲ့ပါက အကောင်းမြင် မျှော်လင့်ခွင့်ရှိမည်ဟု ယုံကြည်နေသည်။
မန္တလေးပဋိပက္ခကြောင့် မုံရွာမြို့ရှိ ကားအသင်းများ ခရီးလိုင်းတချို့ ယာယီပိတ်သိမ်း
မန္တလေး၊ ဇူလိုင် ၆- မန္တလေးမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် သက်ဆိုင်ရာမှ ညမထွက်ရ အမိန့် ပုဒ်မ-၁၄၄ ထုတ်ပြန် လိုက်ပြီးနောက် ပိုင်း မုံရွာမြို့မှ ရန်ကုန်မြို့သို့ပြေးဆွဲ နေသော ခရီးသည်တင် ယာဉ်လိုင်း များအချိန်စောထွက်ခဲ့ပြီး မန္တလေး သို့သွား မည့် ခရီးသည် များလည်း လျော့ကျလာခြင်းကြောင့် မန္တလေး ကားအသင်းများ ခရီးလိုင်းတချို့ကို ယာယီပိတ်သိမ်း ထားကြောင်း သိရ သည်။
မြန်မာဒိုင်လူကြီးများ ဘက်လိုက်ကြောင်း ထိုင်းလက်ဝှေ့ ခေါင်းဆောင် စွပ်စွဲ
One on One Big Fight ဟု အမည်ပေး ထားသော မြန်မာ−ထိုင်း မြန်မာ့
ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို ရန်ကုန်မြို့ သိမ်ဖြူအားကစား ရုံတွင် ဇူလိုင် ၆
ရက် ညနေက ကျင်းပခဲ့ရာ ပြိုင်ပွဲ၏
အဓိကပွဲစဉ်ဖြစ်သည့် ထွန်းထွန်းမင်းနှင့် ဝိရာပိုလ်တို့ ယှဉ်ပြိုင်ရာ၌
ထွန်းထွန်းမင်း၏ ဒူးတိုက်ချက်ကြောင့် ဝိရာပိုလ် လဲကျသွားစဉ်။
ထိုစိန်ခေါ်ပွဲများကို ရုပ်သံများမှ ထုတ်လွှင့်ပြသခဲ့ရာ
ပရိသတ် စိတ်ဝင်စားမှုများပြားခဲ့သည်။
ပင်စင်ယူသွားသော ဆရာ၊ ဆရာမများ ပြန်လည်ခန့်အပ်ရန် စီစဉ်
ပညာရေးဝန်ကြီးဌာန သည် ပင်စင်ယူသွားသော ပညာ ရှင် ဆရာ၊ ဆရာမများအား ဆန္ဒ အလျောက် ပြန်လည်တာဝန် ထမ်းဆောင်နိုင်ရန် စီစဉ်ဆောင် ရွက်နေကြောင်း ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောသည်။
ဆရာ၊ ဆရာမ အင်အား နည်းပါးနေခြင်းကြောင့် အခြေခံ နှင့် အဆင့်မြင့်ပညာကဏ္ဍနှစ် ရပ်စလုံးတွင် ပင်စင်ယူသွားသော ဆရာ၊ ဆရာမများ ပြန်လည် တာဝန်ထမ်းဆောင်နိုင်ရန် အစီ အစဉ်များ ရေးဆွဲနေကြောင်း ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ တွင် ပြုလုပ်သော အခြေခံကဏ္ဍ ဆိုင်ရာ နှီးနှောဖလှယ်ပွဲ၌ ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးကပြောကြားသည်။

သတင်းထောက်နှင့် သတင်းဌာနများကို ခြိမ်းခြောက်မှုများရှိနေ
မန္တလေးပဋိပက္ခတွင် သတင်းထောက်များကို ပစ်မှတ် ထားခြိမ်းခြောက်မှုများ ရှိနေပြီး ယင်း ခြိမ်းခြောက်မှုများအား အရေးယူဆောင်ရွက်ပေးရန် စာ နယ်ဇင်းအဖွဲ့အစည်းများမှ တစ် ဆင့် အစိုးရထံတောင်းဆိုသွား မည်ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် သတင်းဌာနများက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက စတင် ဖြစ်ပွားခဲ့သည့် မန္တလေးပဋိပက္ခ များအတွင်း အခင်းဖြစ်ပွားရာ နေရာများသို့ သွားရောက် သတင်းရယူနေသော သတင်းထောက် များအား ဓာတ်ပုံရိုက်ကူးကာ ယင်းသတင်းထောက်များအား တိုက်ခိုက်မှုများ ပြုလုပ်ရန် လှုံ့ဆော်ခြင်းနှင့် သတင်းဌာနများအားနည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခြင်းများစွာ ဖြစ်ပွားလျက်ရှိသည်။
ကောလာဟလဖြေရှင်းရေးဌာန မန္တလေး၌ ဖွင့်မည်
ကောလာဟလသတင်းများ ချေဖျက်ရန်၊ သတင်းအမှန်ထုတ်ပြန်ရန် သံသယများ၊
အထင်အမြင်လွဲမှု များကို ဖြေရှင်းရန် ရည်ရွယ်၍ ဘုရားကြီးအလယ်တိုက်ရှိ
ဦးခေမာကျောင်း တိုက်တွင် ကော်မတီရုံးခန်း ဖွင့်လှစ်သွားမည်ဟု ငြိမ်းချမ်းမှု
ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက
ပြောသည်။
အရေးကြီးချိန်ရောက်ပြီဟု လူငယ်များကို ဒေါ်အောင်ဆန်းစုကြည် သတိပေး
ယခုအချိန်သည် မြန်မာနိုင်ငံအတွက် အင်မတန်အရေးကြီးသည့် အချိန် ဖြစ် သည်ဟု
ဒေါ်အောင်ဆန်း စုကြည်က တော်ဝင်နှင်းဆီခန်းမ၌ ဇူလိုင် ၆ ရက်က ပြုလုပ်သည့်
လူငယ်ညီလာခံ ဒုတိယနေ့တွင် ပြောကြားလိုက်သည်။
Subscribe to:
Posts (Atom)