ပခုက္ကူ မြစ်ခြေမှာ စနေနေ့ညပိုင်းက
ရုန်းရင်းဆန်ခတ်ဖြစ်လို့ အိမ်တလုံး၊ ဆိုင်တဆိုင်နဲ့ ဗလီတလုံး ပျက်စီးခဲ့
ပါတယ်။ ဒီနောက်ပိုင်းတော့ လုံခြုံရေးတင်းကြပ်စွာ ချထားရပါတယ်။ ဒါကတော့
အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန က ထုတ်ပြန်တဲ့ သတင်း အပြည့်အစုံပါ။
ပခုက္ကူမြို့နယ် မြစ်ခြေ
ကျေးရွာ၌ စက်တင်ဘာလ ၂၀ ရက် ညပိုင်းတွင် အမျိုးသမီးနှစ်ဦး စကားများ ရန်ဖြစ်
ရာမှ ပတ်ဝန်ကျင်ရှိ လူအုပ်စုများပါ ပါဝင်လာပြီး နေအိမ်နှင့်
ဈေးဆိုင်ခန်းအတွင်းရှိ ပစ္စည်းအချို့ ဖျက်ဆီးမှု များဖြစ်ပွားခဲ့ကြောင်း၊
နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်
လျက်ရှိကြောင်းသိရှိရသည်။







