ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံက ထိပ်သီးခေါင်းဆောင်တွေ နေပြည်တော်မှာ စုဝေးခဲ့ပါတယ်။ အာဆီယံထိပ်သီးနဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတွေကို တက်ခဲ့ကြတာပါ။ ပုံမှန် လုပ်ရိုး လုပ်စဉ်ဖြစ်တဲ့ ဆွေးနွေးပွဲတွေဖြစ်လို့ ပြည်သူတွေကြားထဲ ဒီဆွေးနွေးပွဲ အကြောင်းအရာတွေ လွှမ်းမိုးခဲ့တာ မရှိပါဘူး။ လွှမ်းမိုးလောက်တဲ့ သတင်းတွေလည်း မရှိခဲ့ပါဘူး။
Monday, November 17, 2014
ဘင်္ဂါလီ ရိုဟင်ဂျာအရေးကို တွန်းတင်ခဲ့ကြပေမယ့်
ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံက ထိပ်သီးခေါင်းဆောင်တွေ နေပြည်တော်မှာ စုဝေးခဲ့ပါတယ်။ အာဆီယံထိပ်သီးနဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတွေကို တက်ခဲ့ကြတာပါ။ ပုံမှန် လုပ်ရိုး လုပ်စဉ်ဖြစ်တဲ့ ဆွေးနွေးပွဲတွေဖြစ်လို့ ပြည်သူတွေကြားထဲ ဒီဆွေးနွေးပွဲ အကြောင်းအရာတွေ လွှမ်းမိုးခဲ့တာ မရှိပါဘူး။ လွှမ်းမိုးလောက်တဲ့ သတင်းတွေလည်း မရှိခဲ့ပါဘူး။
ယခုနှစ် ၁၀ လအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ခိုက်ရန်ဖြစ်မှုများ၊ လူသတ်မှုများအပါအ၀င် ပြည်တွင်း၌ အမှုပေါင်း ၁၃၀၀၀ ကျော် ဖြစ်ပွားခဲ့
၂၀၁၄ ခုနှစ် ၁၀ လအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုများ၊ လူသတ်မှုများ၊ ခိုးမှုဖြစ်စဉ်များ အပါအ၀င် ပြည်တွင်း၌ အမှုပေါင်း ၁၃၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ နိုဝင်ဘာ ၁၅ ရက်တွင် သိရသည်။
၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ အောက်တိုဘာလကုန်အထိ ပြည်တွင်း၌ လူသတ်မှု ၁၁၂၇ မှု၊ မုဒိမ်းမှု ၆၃၀၊ ခိုးမှုငါးမျိုး၊ ၄၃၆၅ မှု၊ နာကျင် (ရိုးရိုး) ၅၇၁၇ မှု၊ ယာဉ်တိုက်မှု ၁၂၁၈၁ မှု စုစုပေါင်း ၁၃၁၂၀ မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ပြည်သူသုံးသန်းကျော် နေ့စဉ်မှီခိုနေရသည့် ဘတ်စ်ကားအစီးရေ ခြောက်ထောင်ကျော်သာရှိပြီး လက်ရှိအသုံးပြုနေသော ကိုယ်ရကိုယ်ယူစနစ်အစား ဘတ်စ်ကားစနစ်ကို အများပိုင်အဖြစ်ပြောင်းလဲရန် နိုင်ငံတော်က စိတ်ဝင်စားနေ
ရန်ကုန်မြို့တွင် လက်ရှိမောင်းနှင်နေသည့် ဘတ်စ်ကားစနစ်မှာ ကိုယ်ရကိုယ်ယူစနစ်ဖြစ်နေပြီး အဆိုပါစနစ်ကြောင့် ယာဉ်ကြော ပိတ်ဆို့မှု များလည်း ဖြစ်ပေါ်စေသဖြင့် အများပိုင်စနစ်အဖြစ်သို့ ပြောင်း လဲရန် နိုင်ငံတော်တာဝန်ရှိသူများက စိတ်ဝင်စားနေကြောင်း ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှု လျော့ကျရေးအတွက် ဦးဆောင်လုပ်ကိုင်နေသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြံပေးပုဂ္ဂိုလ် ဒေါက်တာမောင်အောင်က ပြောကြားသည်။
အနိမ့်ဆုံးအခကြေးငွေနှုန်းထား အမြန်သတ်မှတ်ရန် အလုပ်သမား ၅၀၀ ခန့် ဆန္ဒပြ

အနည်းဆုံး အခကြေးငွေနှုန်းထား အမြန်ဆုံးသတ်မှတ်ရေး အတွက် ရန်ကုန်မြို့တွင် အလုပ်သမား ၅၀၀ ခန့် စုပေါင်း ဆန္ဒထုတ်ဖော်ခဲ့သည်။
လှိုင်သာယာမြို့နယ် စက်မှုဇုန်အတွင်းရှိ လုပ်သားများ စု ပေါင်းပြီး အနည်းဆုံးအခကြေးငွေ နှုန်းထား အမြန်ဆုံးသတ်မှတ်ပေးရန် ရည်ရွယ်ချက်ဖြင့် တောင်းဆို သည့် ဆန္ဒပြပွဲတွင် အလုပ်သမား ဦးရေ ၁,၅၀၀ ပါဝင်မည့်ဟု ခွင့်ပြု ချက်တောင်းခံထားသော်လည်း ဆန္ဒပြပွဲတွင် လူငါးရာကျော်သာ လမ်းလျှောက် ချီတက်ဆန္ဒဖော် ထုတ်ခဲ့ကြသည်။
သမ္မတက စစ်ကိုင်းတိုင်းတရားလွှတ်တော် တရားသူကြီးချုပ်အား ရာထူးမှ အနားယူခွင့်ပြု
စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ချုပ် ဦးစန်းကိုအား
တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း နိုဝင်ဘာ ၁၄ ရက်စွဲဖြင့် သမ္မတ
ဦးသိန်းစိန်က လက်မှတ်ထိုး၍ နိုဝင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။
စစ်ကိုင်းတိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ် ဦးစန်းကိုအား ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၁၂ နှင့် ပြည်ထောင်စုတရားစီရင်ရေး ပုဒ်မ ၄၉ ပါ ပြဋ္ဌာန်းချက်များအရ တာဝန်မှ အနားယူခွင့်ပြုလိုက် ကြောင်း ထုတ်ပြန်ကြေညာချက် တွင် ဖော်ပြပါရှိသည်။
စစ်ကိုင်းတိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ် ဦးစန်းကိုအား ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၁၂ နှင့် ပြည်ထောင်စုတရားစီရင်ရေး ပုဒ်မ ၄၉ ပါ ပြဋ္ဌာန်းချက်များအရ တာဝန်မှ အနားယူခွင့်ပြုလိုက် ကြောင်း ထုတ်ပြန်ကြေညာချက် တွင် ဖော်ပြပါရှိသည်။
တပ်မတော် ဆရာဝန်များ အရပ်ဘက်သို့ ပိုရောက်လာတော့မည်
တပ်မတော် ဆေးတက္က သိုလ် နောက်ပိုင်း အပတ်စဉ်များမှ ကျောင်းဆင်းပြီး တပ်မ
တော်တွင် ဆရာဝန်အဖြစ် တာ ၀န်ထမ်းဆောင်နေသော ဆေး ပညာမဟာဘွဲ့ တက်ခွင့်မရသည့်
ဆရာဝန်များအား အရပ်ဘက်သို့ ပြောင်းပေးမည်ဖြစ်ကြောင်း သ တင်းရရှိသည်။
‘‘စစ်ဆေးရုံတွေမှာ လူနာက မရှိသလောက်နဲ့ သွားတော့ ဆေး သိပ်မကုရဘူး။ ဒါကြောင့် ထွက် ခွင့်ပေးပြီး တိုက်နယ်ဆေးရုံတွေ ကို ပို့မယ်လို့ ပြောတယ်။ အပတ် စဉ်က (၇) လောက်ကနေဆိုတော့ လူက မနည်းဘူး’’ ဟု တပ်မတော် စစ်ဆေးတက္ကသိုလ်တွင် တာဝန် ထမ်းဆောင်နေသော ဗိုလ်ကြီး တစ်ဦးက ပြောသည်။
‘‘စစ်ဆေးရုံတွေမှာ လူနာက မရှိသလောက်နဲ့ သွားတော့ ဆေး သိပ်မကုရဘူး။ ဒါကြောင့် ထွက် ခွင့်ပေးပြီး တိုက်နယ်ဆေးရုံတွေ ကို ပို့မယ်လို့ ပြောတယ်။ အပတ် စဉ်က (၇) လောက်ကနေဆိုတော့ လူက မနည်းဘူး’’ ဟု တပ်မတော် စစ်ဆေးတက္ကသိုလ်တွင် တာဝန် ထမ်းဆောင်နေသော ဗိုလ်ကြီး တစ်ဦးက ပြောသည်။
အကြမ်းဖက်သမား လေးဦးစလုံး ဖမ်းဆီးမိပြီဟု ဆို
ရဲတပ်ဖွဲ့က ထုတ်ပြန် သတိပေးထားသည့် အကြမ်းဖက် သမား လေးဦးစလုံး
ဖမ်းဆီးထား နိုင်ပြီး နေပြည်တော်၏ ကွပ်ကဲမှု ဖြင့် မန္တလေးတိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးတွင် စစ်ဆေးနေကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန်းနီမြို့၊ အေးရှားဝေါဂိတ်တွင် နိုဝင်ဘာ ၁၄ ရက် ညနေက အ ကြမ်းဖက်သမားများဖြစ်သည်ဟု သံသယဖြင့် အမျိုးသားလေးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုညနေတွင်
ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန်းနီမြို့၊ အေးရှားဝေါဂိတ်တွင် နိုဝင်ဘာ ၁၄ ရက် ညနေက အ ကြမ်းဖက်သမားများဖြစ်သည်ဟု သံသယဖြင့် အမျိုးသားလေးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုညနေတွင်
Sunday, November 16, 2014
အရောင်ပြောင်းဘရာစီယာ ဂျပန် တီထွင်

ဂျပန်နိုင်ငံမှ Triumph ကုမ္ပဏီက နောက်ဆုံးပေါ် အရောင်ပြောင်းဘရာစီ ယာ ဒီဇိုင်းရေးဆွဲ ဖန်တီးခဲ့ပြီးဖြစ်တယ်လို့ Daily Mirror သတင်းဌာနက ဖော်ပြ ထားပါတယ်။
နောက်ဆုံးပေါ် အရောင်ပြောင်း ဘရာစီယာကိုတော့ Disney Movie Frozen လိုမျိုး စိတ်ကူးပုံဖော်ဖန်တီး ထားတာ ပဲဖြစ်ပါတယ်။
ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော်ဖို့ ဒေသခံ လေးထောင်ကျော် ဆန္ဒပြ
ရန်ကုန်မြို့သစ်စီမံကိန်းကို ပြန်လည် အကောင်အထည်ဖော်ဖို့ နိုဝင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်-တွံတေး လမ်းမကြီးဘေးရှိ ဆိပ်ကြီးခနောင်တို လမ်းဆုံးမှာ ဒေသခံ လေးထောင်ကျော် ဆန္ဒပြခဲ့ကြပါတယ်။
တွံတေး၊ ကြည့်မြင်တိုင်နဲ့ ဆိပ်ကြီး ခနောင်တိုမြို့နယ်တွေက ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ လေးထောင်ကျော် ဆန္ဒပြနေကြတာလို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။
ပည်ထဲရေးဝန်ကြီးကို ဖေ့စ်ဘွတ်ခ်တွင် ဝေဖန်သော ဒုရဲအုပ် ၁၇ ရက်ကြာထိန်းသိမ်းခံရပြီးနောက် လုပ်သက်တစ်နှစ်လျှော့
အင်းစိန် စီအိုင်ဒီ (သိပ္ပံဌာန)မှ ဒုရဲအုပ်အား ပြည်ထဲရေးဝန်ကြီး ကို လူမှုကွန်ရက် စာမျက်နှာ၌ ဝေဖန်ပြောဆိုမှုဖြင့် နေပြည်တော် အမှတ်(၁)ရဲစခန်းတွင် စီအိုင်ဒီတပ်ဖွဲ့မှူး၏ အမိန့်ဖြင့် အောက်တိုဘာ ၂၉ ရက်ညက စတင်ထိန်း သိမ်းခဲ့ပြီး နိုဝင်ဘာ ၁၄ ရက် ည၌ ပြန်လွှတ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ရဲတရားရုံးက ၎င်းအား လုပ်သက်တစ်နှစ်လျှော့ ပြစ် ဒဏ်ကို နိုဝင်ဘာ ၁၄ ရက် တွင် ချမှတ်လိုက်ကြောင်း သတင်း ရရှိသည်။
ဘန်ကီမွန်းကို ကန့်ကွက်ရန် ရခိုင်လူမှုအဖွဲ့အစည်းများ အစည်းအဝေးလုပ်မည်
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ ရိုဟင်ဂျာ အသုံးအနှုန်းအပေါ် ကန့်ကွက်ဆန္ဒထုတ်ဖော်ရန် ရခိုင်လူမှုအဖွဲ့အစည်းများ စစ်တွေမြို့တွင် နိုဝင်ဘာလ ၁၆ ရက်၌ အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ သိရသည်။
စစ်တွေမြို့ ပြည်တော်သာ ရပ်ကွက်ရှိ အောင်မြေကုန်းကျောင်းတိုက်တွင် မွန်းလွဲ ၁ နာရီတွင် ပြုလုပ်မည်ဖြစ်ပြီး ပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများ အပါအဝင် အဖွဲ့ ၅၀ ခန့်ကို ဖိတ်ကြားထားကြောင်း စစ်တွေ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသာပွင့်က ပြောကြားသည်။
သမ္မတဦးသိန်းစိန် ဂျီ -၂၀ ထိပ်သီး အစည်းအဝေးတွင် ပထမဆုံးအကြိမ် တက်ရောက်ဆွေးနွေး
ရန်ကုန်- နိုင်ငံတော်သမ္မတဦး သိန်းစိန်သြစတြေးလျနိုင်ငံ ဘရစ်စဘိန်းမြို့၌
နိုဝင်ဘာ ၁၅ရက်မှ စတင်ပြုလုပ်သည့် ဂျီ-၂၀ထိပ် သီး အစည်းအဝေးသို့
ပထမဆုံးအကြိမ် တက်ရောက်ဆွေးနွေးခဲ့ သည်။
နိုင်ငံတော်သမ္မတက အာဆီ ယံဒေသသည် လူဦးရေ ၆၀၉သန်း ရှိသော ဈေးကွက်ကြီးဖြစ်နေပြီး စုစုပေါင်းကုန်ထုတ်တန်ဖိုး(ဂျီဒီပီ) မှာ အမေရိကန်ဒေါ်လာ
၂ဒသမ၅ ထရီလီယံရှိကာ တိုးတက်မှုနှုန်း
နိုင်ငံတော်သမ္မတက အာဆီ ယံဒေသသည် လူဦးရေ ၆၀၉သန်း ရှိသော ဈေးကွက်ကြီးဖြစ်နေပြီး စုစုပေါင်းကုန်ထုတ်တန်ဖိုး(ဂျီဒ
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကူညီနိုင်ရန် အမေရိကန်က ငြိမ်းချမ်းရေး အစီအစဉ်စတင်
မြန်မာ့ပြုပြင်ပြောင်းလဲ ရေးတွင် အောက်ခြေအထိ နား လည်သဘောပေါက်၍ နက်နက်
ရှိုင်းရှိုင်း ထောက်ပံ့ကူညီနိုင်ရန် အမေရိကန်ပြည်ထောင်စု၏ မြန်
မာပြည်ငြိမ်းချမ်းရေးအစီအစဉ် (Peace Crops) ကို ၂၀၁၅ ခုနှစ်တွင်
စတင်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက နေပြည်တော်၌ နိုဝင်ဘာ ၁၃
ရက်ကထုတ်ပြန်ကြေညာခဲ့သည်။
MPT ဖုန်းဘီလ် အများအပြား ဖြတ်တောက်ခံရလျှင် Call Center သို့ အကြောင်းကြားနိုင်ဟုဆို
စစ်ကိုင်းတိုင်းတွင် ယာဉ်တိုက်မှုကြောင့် ဆယ်လအတွင်း လူ ၃၆၂ ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး တွင် ဇန်နဝါ ရီမှ အောက်တိုဘာ လကုန်အထိ ၁၀ လ တာအတွင်း ယာဉ်တိုက်မှုကြောင့် လူ ၃၆၂ဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ စာရင်းများအရ သိရ သည်။
‘‘အများစုကတော့ ဆိုင်ကယ်မတော် တဆမှုတွေများပါတယ်’’ဟု စစ်ကိုင်းတိုင်း ဒေသကြီး ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းထိန်းသိမ်းရေးကော်မတီ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
အိုဘားမားခရီးစဉ်အတွင်း နွေးထွေးစွာ ကြိုဆိုခဲ့သဖြင့် အစိုးရနှင့် ပြည်သူကို ကျေးဇူးတင်ကြောင်း အမေရိကန်သံရုံးထုတ်ပြန်
နိုဝင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ မြန်မာနိုင်ငံရှိ နေပြည် တော်နှင့် ရန်ကုန်မြို့များသို့ ရောက်ရှိလာခဲ့သည့် အမေရိကန် သမ္မတအိုဘားမားကို မြန်မာအစိုး ရနှင့် ပြည်သူလူထုမှ နွေးထွေးပျူငှာစွာ ကြိုဆိုဧည့်ခံခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း အမေရိကန်ရန်ကုန်သံရုံးမှ နိုဝင်ဘာ ၁၄ ရက်တွင် သံရုံး၏ တရားဝင်ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ထုတ်ပြန် ကြေညာသည်။
Friday, November 14, 2014
အောင်ဘာလေ ကျပ်သိန်း ၁၅ဝဝ ဆုအပါအဝင် ဆုမဲပေါင်း ၂ဝဝဝကျော် ပိုင်ရှင်မဲ့နေ
နိုဝင်ဘာ ၂၈ ရက် နောက်ဆုံးထားကာထုတ်ယူခြင်းမရှိပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်
အောင် ဘာလေကျပ်သိန်း၁၅ဝဝဆုနှင့် ဆု ကြီးများအပါအဝင် လာရောက် ထုတ်ယူရန်ကျန်ရှိသည့် ဆုမဲပေါင်း ၂ဝဝဝကျော် နိုဝင်ဘာ ၂၈ရက် နောက်ဆုံးထားကာ ထုတ်ယူခြင်းမရှိ ပါက ပြည်သူ့အခွန်အဖြစ်သိမ်းဆည်း သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန် များဦးစီးဌာနမှ သတင်းရရှိသည်။
ထုတ်ယူရန်ကျန်ရှိနေသေးသည့် ဆုမဲများမှာ ကျပ်သိန်း၁၅ဝဝတစ်ဆု၊ ကျပ်သိန်း၁ဝဝ တစ်ဆု၊ ကျပ် ၁ဝ သိန်း ၁၃ဆု၊ ကျပ် ၃သိန်းကိုးဆု၊ ကျပ်၂သိန်း ၉၇ဆု၊ ကျပ်၁သိန်း ၂၇ဝ ဆုများအပါအဝင် ဆုမဲ စုစု ပေါင်း ၂၂၂၁ဆုထုတ်ယူရန် ကျန် ရှိနေသေးကြောင်း ပြည်တွင်းအခွန် များဦးစီးဌာန အောင်ဘာလေသိန်း ဆုဌာနခွဲမှ သိရသည်။
အမေရိကန်သမ္မတဘားရက်အိုဘားမား မြန်မာနိုင်ငံဟု တရားဝင်ခေါ်ဝေါ်
အမေရိကန်သမ္မတအိုဘားမား သည် ပထမအကြိမ် မြန်မာနိုင်ငံခရီး စဉ်အတွင်း မြန်မာဟု ခေါ်ဝေါ်သုံးစွဲ ခဲ့ပြီး ယခုမြန်မာနိုင်ငံတွင် အိမ်ရှင် အဖြစ်ပြုလုပ်သည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာ စဉ် မြန်မာနိုင်ငံဟု ထပ်မံခေါ်ဝေါ် သုံးစွဲခြင်းဖြစ်သည်။
ကြေးမုံသတင်းစာ သတင်းထောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တံခါးပိတ်ကာ ဝိုင်းရိုက်၍ ရေနွေးပူနှင့် လောင်းဟုဆို
ယင်းနေ့ညက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မှတ်ပုံတင် ပြုလုပ်ပေးနေကြောင်း ကြားသိသဖြင့် ၎င်း၏ ဇနီး၏ ၁၈ နှစ် မှတ်ပုံတင်ဟောင်းကို အသက် ၃၀ ပြည့် မှတ်ပုံတင်ဖြင့် လဲလှယ်ရန် သွားရောက်ရာ ရုံးအဖွဲ့ဝင်များနှင့် စကားများရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းကဲ့သို့ ရိုက်နှက်ခံရမှုကြောင့် ပဲခူးပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူရကြောင်း ၎င်းက ပြောကြားသည်။
ဖမ်းမိ ငါးမန်းတစ်ကောင် ဝမ်းဗိုက်တွင်း လူဦးခေါင်းနှင့် ခြေထောက်များကို တွေ့ ရှိ

ဖိလစ်ပိုင်နိုင်ငံတွင် တံငါသည်တစ်စု ဖမ်းမိသည့် ကျားမန်းတစ်ကောင်ကို ဝမ်းဗိုက်ခွဲစဉ် စိတ်နှလုံးပျက်စဖွယ် လူဦးခေါင်းနှင့် ခြေထောက် တို့ ကို တွေ့ ရှိခဲ့ကြသည်။တံငါသည် ဘိုဒွိုင်းဂေါဂေါ့ဒ် နှင့် အဖွဲ့ သည် ဘိုဟိုးနှင့် ကာမီဂျင်းကျွန်းစုများကြား ငါးဖမ်းနေခဲ့စဉ် အလေးချိန် အားဖြင့် ပေါင်၁၃၀၀ခန့် ရှိမည့် ကျားငါးမန်းကြီး တစ်ကောင်ကို ဖမ်းမိရခဲ့သည်။ ၎င်းတို့ တံငါသည်အဖွဲ့ က ယင်းကျားငါးမန်း ကောင်၏ ဝမ်းဗိုက်ကို ခွဲလိုက်ကြစဉ် စိတ်နှလုံး နောက်ကျိဖွယ် ကောင်းအောင် ငါးမန်း၏ အစာအိမ်အတွင်း အစာချက်လျက်ရှိပြီး အနေအထားဖြင့် လူဦးခေါင်းနှင့် ခြေထောက် တို့ ကို တွေ့ ရှိလိုက် ကြခြင်း ဖြစ်သည်။
ရိုဟင်ဂျာပဲ ဆက်ခေါ်မယ်ဆိုတဲ့ ဘန်ကီမွန်းပြောဆိုချက်ကို မဘသ ကန့်ကွက်
မြန်မာနိုင်ငံမှာရှိတဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ပဲ ဆက်လက်ခေါ်ဝေါ်မယ်ဆိုတဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ ပြောဆိုချက်ကို ကန့်ကွက်တယ်လို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) က နိုဝင်ဘာလ ၁၃ ရက်နေ့ ရက်စွဲနဲ့ သဘောထား ထုတ်ပြန်လိုက်ပါတယ်။
ရိုဟင်ဂျာ အသုံးအနှုန်း ပြောဆိုတာဟာ မြန်မာပြည်သူ၊ ပြည်သားတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေ အကြား နားလည်မှု လွဲမှားစေနိုင်ရုံသာမက လူမျိုးရေး ပဋိပက္ခတွေပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်လို့ အဲဒီသဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာဆီယံ အစည်းအဝေးပြီးဆုံး
နှစ်ရက်ကြာ ကျင်းပတဲ့ အစည်းအဝေးအတွင်း အီဘိုလာ ရောဂါအကြောင်း၊ IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့အကြောင်းနဲ့ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုအကြောင်းတွေ ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် လာမယ့်နှစ် အာဆီယံ အစည်းအဝေးကို မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပဖို့ရှိတဲ့အတွက် သမ္မတ ဦးသိန်းစိန်က မလေးရှားဝန်ကြီးချုပ် Najib Razak ကို ဥက္ကဌရာထူး လွဲအပ်လိုက်ပြီ ဖြစ်ပါတယ်။
KIA (ကချင်) လက်နက်ကိုင် အဖွဲ့မှ ဒေသခံပြည်သူ များအား ဖမ်းဆီးခေါ်ဆောင် လျက်ရှိ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ကြာရာပတ္တီး (အေ) နယ်မြေသို့ နိုဝင်ဘာ ၉ ရက် ည ၉ နာရီခွဲခန့် နှင့် နိုဝင်ဘာ ၁ဝ ရက် ည ၁၂ နာရီခွဲခန့် တို့တွင် KIA (ကချင်) လက်နက်ကိုင် အဖွဲ့မှ အင်အား ငါးဦးသည် အရပ်ဝတ် များဖြင့် ရောက်ရှိလာပြီး နေအိမ်များ နှင့် လမ်းမပေါ်များမှ မနန်ရှင်း၂၄ နှစ်၊ မဒခွမ်ကျင် ၂၂ နှစ်၊ မခွန်ဆား ၂၈ နှစ်၊ မောင်ဝဒမ်းဂျုံ ၁၆ နှစ်၊ မောင်နမ့်ဟီးဆင် ၁၇ နှစ်၊ မောင်ကိဘောမ် ၁၉ နှစ်၊ မောင်ခေါင်ဂျုံး ၁၉ နှစ်၊ မောင်ပေါင်ခမ်းကူး ၂ဝ နှစ်၊မောင်ဆောင်ချမ်း (ခ) မာနော် ၂ဝ နှစ်၊ မောင်ထချီဖုန် ၂၂ နှစ်၊ မောင်ဘောက်နော် (ခ) ဒွန်ဆာဘော် ၂၃ နှစ် နှင့် မောင်တန်ကူးဆင်ရန် ၂၅ နှစ်၊ အမျိုးသမီး သုံးဦး ၊ အမျိုးသားကိုးဦး စုစုပေါင်း ၁၂ ဦးတို့အား လူသစ် အဖြစ် အဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားသည်။
အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ၌ အိန္ဒိယဝန်ကြီးချုပ်က ဘာသာရေးနှင့် အကြမ်းဖက်မှုအကြား ဆက်နွှယ်ချက်မှန်သမျှကို ပယ်ဖျက်ပစ်ရန် တောင်းဆို
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ နောက်ကြောင်းပြန်မလှည့်ရေး အိုဘားမား သတိပေး
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတရေး ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
နေပြည်တော်လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဆောင် I-12 တွင် နိုဝင်ဘာ ၁၃ရက် မွန်းလွဲ ၁ နာရီအချိန်၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်က
ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ (စ) အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မအများစု မပြင်ဆင်သင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး
နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးခဲ့ကြခြင်း ဖြစ် သည်။
ဗိုလ်မှူးချုပ် တင့်ဆန်းနိုင်က ဆွေးနွေးရာတွင် “ပုဒ်မ ၅၉(စ)နဲ့ပတ်သက်ပြီးတော့ ကိုယ်စားလှယ်များ သိရှိနိုင်ရေး တင်ပြလိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားပါတီများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၊ တပ်မတော်သား ကိုယ်စားလှယ်များအသီးသီးက ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးချက်များအရ မဲခွဲဆုံးဖြတ်ခြင်း ပြုလုပ်တဲ့နေရာမှာ ကော်မတီဝင် ၃၁ ဦးအနက် ၂၆ ဦး အစည်းအဝေးတက်ရောက်ခဲ့ပြီးတော့မှ ငါးဦးသာ ပယ်ဖျက်ရန် စကားအသုံးအနှုန်းပြောင်းရန် အဆိုပြုခဲ့ပြီး ကျန် ၂၁ ဦးက မူလအတိုင်းသာထားရှိရန် ထောက်ခံခဲ့ပါကြောင်း တင်ပြလိုပါတယ်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပုဒ်မတွေကို ပြင်ဆင်လိုပါက အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအပိုင်းမှာပါတဲ့အတိုင်း ပြင်ဆင်သွားရမှာ ဖြစ်ပါတယ်”ဟု ဆွေးနွေးသည်။
ရိုဟင်ဂျာ/ဘင်္ဂါလီဟု ဘန်ကီမွန်း ပူးတွဲသုံးနှုန်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ရခိုင်ပြည်နယ်ရှိ
မွတ်စလင်အသိုင်းအ၀ိုင်းကို ရိုဟင်ဂျာ/ဘင်္ဂါလီဟု ပထမဆုံးအကြိမ်
ပူးတွဲသုံးနှုန်းခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်၌ ပြုလုပ်နေသော(၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ဒုတိယနေ့တွင် မီဒီယာအချို့နှင့် တွေ့ဆုံစဉ် မစ္စတာဘန်က ယင်းကဲ့သို့ သုံးနှုန်းခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာ ၁၂ ရက် အာဆီယံထိပ်သီးအစည်းအဝေး ပထမနေ့ အပြီးပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ကုလအတွင်းရေးမှူးချုပ်က လူနည်းစုအခွင့်အရေးကို အသိအမှတ်ပြုပြီး ရိုဟင်ဂျာဟုသာ
နေပြည်တော်၌ ပြုလုပ်နေသော(၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ဒုတိယနေ့တွင် မီဒီယာအချို့နှင့် တွေ့ဆုံစဉ် မစ္စတာဘန်က ယင်းကဲ့သို့ သုံးနှုန်းခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာ ၁၂ ရက် အာဆီယံထိပ်သီးအစည်းအဝေး ပထမနေ့ အပြီးပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ကုလအတွင်းရေးမှူးချုပ်က လူနည်းစုအခွင့်အရေးကို အသိအမှတ်ပြုပြီး ရိုဟင်ဂျာဟုသာ
အခြေခံဥပဒေအချက်အချို့ ပြင်ဆင်ရန် စဉ်းစားသင့်ကြောင်း ဦးသိန်းစိန်ကို အိုဘားမားတိုက်တွန်း
အမေရိကန်သမ္မ တအိုဘားမားက အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တစ်
စုံတစ်ယောက်၊ အဖွဲ့တစ်ဖွဲ့ကို ရည်ညွှန်းပြီး ကန့်သတ်သကဲ့သို့ ဖြစ်နေသည့်
ပုဒ်မများအား ပြင် ဆင်ရန် မြန်မာအစိုးရ အနေဖြင့် စဉ်းစားသင့်ကြောင်း သမ္မတဦး
သိန်းစိန်ကို တိုက်တွန်းပြောကြား လိုက်သည်။
ရခိုင်ပြည်နယ်အရေးဆွေး နွေးရာတွင် ရခိုင်ပြည်နယ်၌ ရှိ သော ဘင်္ဂါလီလူမျိုးများအား ရိုဟင်ဂျာဟု သုံးနှုန်းခြင်းမရှိဘဲ မွတ်စလင်လူနည်းစုများဟုသာ ခေါ် ဝေါ်ပြောဆိုခဲ့ကြောင်း ဦးရဲထွဋ် ကပြောကြားသည်။
ရခိုင်ပြည်နယ်အရေးဆွေး နွေးရာတွင် ရခိုင်ပြည်နယ်၌ ရှိ သော ဘင်္ဂါလီလူမျိုးများအား ရိုဟင်ဂျာဟု သုံးနှုန်းခြင်းမရှိဘဲ မွတ်စလင်လူနည်းစုများဟုသာ ခေါ် ဝေါ်ပြောဆိုခဲ့ကြောင်း ဦးရဲထွဋ် ကပြောကြားသည်။
လွှတ်တော်သို့ လေ့လာရန်လာသော ဒီချုပ်ပါတီဝင်များအား နေပြည်တော်သို့ ၀င်ခွင့်မပြု
လွှတ်တော်သို့ လာရောက်လေ့လာသည့် ဒဂုံဆိပ်ကမ်းမြို့နယ် အမျိုးသားဒီမိုကရေ
စီအဖွဲ့ချုပ်မှ ပါတီဝင်တစ်ရာ ကျော်အား လုံခြုံရေးအကြောင်းပြ ချက်ဖြင့်
နေပြည်တော်သို့ ၀င်ခွင့်မပြုခဲ့ကြောင်း သတင်းရရှိ သည်။
နေပြည်တော်အ၀င် ဂိတ် ပေါက်ဖြစ်သည့် စီလမ်းဆုံ စစ် ဆေးရေးဂိတ်တွင် ပိတ်ပင်ခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ပိတ်ပင်ခဲ့မှုသည် သမ္မတညွှန်ကြားချက်ဖြင့် နေပြည်တော်ကောင်စီမှ အမိန့်အရဖြစ် ကြောင်း အုပ်ချုပ်ရေးပိုင်းက ပြော ဆိုခဲ့သည်ဟု အင်န်အယ်လ်ဒီပါတီမှ ဒဂုံဆိပ်ကမ်းမြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက် တာ မျိုးအောင်ကပြောသည်။
နေပြည်တော်အ၀င် ဂိတ် ပေါက်ဖြစ်သည့် စီလမ်းဆုံ စစ် ဆေးရေးဂိတ်တွင် ပိတ်ပင်ခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ပိတ်ပင်ခဲ့မှုသည် သမ္မတညွှန်ကြားချက်ဖြင့် နေပြည်တော်ကောင်စီမှ အမိန့်အရဖြစ် ကြောင်း အုပ်ချုပ်ရေးပိုင်းက ပြော ဆိုခဲ့သည်ဟု အင်န်အယ်လ်ဒီပါတီမှ ဒဂုံဆိပ်ကမ်းမြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက် တာ မျိုးအောင်ကပြောသည်။
Subscribe to:
Posts (Atom)