မန္တလေး- ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အကြံ ပေး၊ တောင်သာမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦး အောင်သောင်းအား အမေရိကန်ပြည်ထောင်စုက အထူးကန့်သတ် သည့် ပိတ်ဆို့မှုအမည်မည်းစာ ရင်း(Black List) ထည့်သွင်းခြင်း ကို မန္တလေးတိုင်းဒေသကြီးလွှတ် တော်တွင် အရေးကြီးအဆိုတင် ကာ ကန့်ကွက်ရှုတ်ချရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၂ ရက်က ကျင်းပ ခဲ့သည့် ပထမအကြိမ် မန္တလေး တိုင်းဒေသကြီးလွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ဦးအောင်သောင်း အား အမေရိကန်ပြည်ထောင်စုက အမည်မည်းစာရင်း ထည့်သွင်းခဲ့ သည့်ကိစ္စအား မန္တလေးတိုင်း ဒေသကြီးလွှတ်တော်တွင် အရေး ကြီးအဆိုတင်သွင်းကာ ကန့်ကွက်ရှုတ်ချရန် စီစဉ်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောသည်။