Thursday, December 25, 2014

သရုပ်ဆောင် မင်းအုပ်စိုးမှ ညီမဖြစ်သူ သရပါမဂ္ဂဇင်း အယ်ဒီတာ မတေးနုရင် (ခ) မနုနုရင်အား ထိုးကြိတ်ရိုက်နှက်ခဲ့၍ သေဆုံး


၂၅.၁၂.၂၀၁၄ ရက်နေ့ ၀၄၃၀ အချိန်တွင် ဗဟန်းမြို့နယ်နေ ရုပ်ရှင်သရုပ်ဆောင် မင်းအုပ်စိုး (ခ) ကိုအောင်နိုင်ထွန်း၊ (၄၄)နှစ်မှ ဗဟန်းမြို့မရဲစခန်းသို့ရောက်ရှိ လာပြီး ၎င်း သည် ၀၂၃၀ အချိန်ခန့် က အတူနေ ညီမ၀မ်းကွဲဖြစ်သူ မနုနုယဉ်(ခ)တေးနုယဉ် ၊ (၃၃)နှစ်အား လူမှုရေးကိစ္စတစ်ခုနှင့်ပတ်သက်၍ မေးမြန်းစဉ် အမှန်အတိုင်းပြောဆိုခြင်းမရှိသောကြောင့် စိတ်ဆိုးဒေါသဖြစ်ပြီး မနုနုယဉ် (ခ)တေးနုယဉ်ကို ၎င်း၏အိပ်ခန်းအတွင်း၌ လက်သီးဖြင့်ထိုးခြင်း၊ ဆောင့်တွန်းခြင်း ၊ ကိုင်ဆောင့်ခြင်း၊ ခြေထောက်ဖြင့်ကန် ခြင်းများပြုလုပ်မိခဲ့ကြောင်း၊ ထိုသို့ပြုလုပ်ခဲ့သဖြင့် မနုနုယဉ်(ခ)တေးနုယဉ်မှာ ကုတင်ပေါ်တွင် လဲကျငြိမ် သက် သွားကြောင်းကို အကြောင်းကြားလာခဲ့ပါသည်။

သေနတ်ဒဏ်ရာကြောင့် ဒေါ်ခင်ဝင်းသေဆုံးကြောင်း အတည်ပြု

Photo: သေနတ်ဒဏ်ရာကြောင့် ဒေါ်ခင်ဝင်းသေဆုံးကြောင်း အတည်ပြု
Thursday, December 25, 2014

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေတွင် ရဲတပ်ဖွဲ့ဝင်များနှင့်တောင်သူများအကြား ပဋိပက္ခဖြစ်ပွားရာမှ သေဆုံးသွားခဲ့သော ဒေါ်ခင်ဝင်း၏ရုပ်အလောင်းကို ဆားလင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံ ရင်ခွဲရုံ၌ စစ်ဆေးခဲ့ရာ သေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက အတည်ပြုလိုက်သည်။

ဆားလင်းကြီးမြို့ ပြည်သူ့ ဆေးရုံ ရင်ခွဲရုံတွင် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခွဲမှ နံနက် ၁၁ နာရီ ၅ မိနစ်အထိ ဒေါ်ခင်ဝင်း၏ ရုပ်အလောင်းအား စစ်ဆေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ စစ်ဆေးမှုနှင့်ပတ်သက်၍ မည်သို့ သေဆုံးခြင်းဖြစ်ကြောင်း ဒေါ်ခင် ဝင်း၏ မိသားစုဝင်များအား သက် ဆိုင်ရာဆရာဝန်ကြီးများက ပြန် လည်ရှင်းလင်းပြောကြားပေးရန် လာရောက်ကူညီဆောင်ရွက်ပေး နေသော ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း က တိုက်တွန်းပြောကြားခဲ့သည်။

‘‘ဓားနဲ့ခုတ်တဲ့ ဒဏ်ရာ မဟုတ်ဘူး။ တုတ်နဲ့ရိုက်တဲ့ဒဏ် ရာမဟုတ်ဘူး။ ပြတ်ရှဒဏ်ရာ လည်းမဟုတ်ဘူး။ သေနတ်ဒဏ် ရာပါ။ အကွာအဝေး ဘယ် လောက်က ဘယ်လိုသေနတ် အမျိုးအစားနဲ့ပစ်တယ်ဆိုတာ တော့ ကျွန်တော်တို့မကျွမ်းကျင် တဲ့အတွက် မသိပါဘူး။ နဖူးက မှန်တဲ့ဒဏ်ရာကြောင့် သေဆုံး သွားတာဖြစ်ပါတယ်။ ရင်ခွဲကြည့် တဲ့အခါ အခြားဘာရောဂါမှ မရှိ ပါဘူး’’ဟု ရင်ခွဲရုံအတွင်း ဆရာ ဝန်ကြီးများက မိသားစုဝင်များ အား ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။

ဒေါ်ခင်ဝင်း၏ မောင်ဖြစ်သူ ကိုသောင်းဌေးလွင်ကလည်း သက်ဆိုင်ရာမှုခင်းဆရာဝန်ကြီး များက ၎င်း၏ အစ်မဖြစ်သူမှာ စစ်ဆေးတွေ့ရှိချက်များအရ သေ နတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်ဟု ဆိုသည်။

ဒေါ်ခင်ဝင်း၏ ရုပ်အလောင်း အား စစ်ဆေးပြီးစီးသည့်အခါ ဆားလင်းကြီးမြို့ရှိ စာနာစိတ် လူမှုကူညီရေးအသင်းယာဉ်ဖြင့် မိုးကြိုးပြင်ကျေးရွာရှိ နေအိမ်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ မိုး ကြိုးပြင်ကျေးရွာရှိ နေအိမ်တွင် ရုပ်အလောင်းကို ပြင်ဆင်ထား ကာ မိသားစုဝင်များ၏ ဆန္ဒအရ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီ တွင် မိုးကြိုးပြင်သုသာန်၌ သဂြိုဟ်ရန် စီစဉ်ထားကြောင်း မိုးကြိုးပြင်ဒေသခံများပြောပြ ချက်အရ သိရှိရသည်။

ဒေါ်ခင်ဝင်းသေဆုံးခဲ့မှုကို ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့ စခန်းတွင် သမီးဖြစ်သူ ဒေါ်ခင် အေးမာက တရားလိုပြုလုပ်၍ အမှုဖွင့်တိုင်ကြားခဲ့သည်။ ဆား လင်းကြီးမြို့နယ် မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၄/ ၂၀၁၄)အရ အမှုအားလက်ခံ ဆောင်ရွက်လျက်ရှိကြောင်း ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

အောင်ခိုင်၊မျိုးမင်းဦး (7daydaily)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေတွင် ရဲတပ်ဖွဲ့ဝင်များနှင့်တောင်သူများအကြား ပဋိပက္ခ ဖြစ်ပွား ရာမှ သေဆုံးသွားခဲ့သော ဒေါ်ခင်ဝင်း၏ရုပ်အလောင်းကို ဆားလင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံ ရင်ခွဲရုံ၌ စစ်ဆေးခဲ့ရာ သေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက အတည်ပြု လိုက် သည်။

နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေး ဆွေးနွေးပွဲအပေါ် ဦးအေးသာအောင်ကို မေးမြန်းချက်



ဦးအေးသာအောင်

မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွေ ပူးပေါင်းဖြေရှင်းနိုင်ဖို့အတွက် .စည်းလုံးညီ ညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ) နဲ့ မိတ်ဘက် နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ လူမှုအခြေပြု အဖွဲ့ အစည်း တွေဟာ ရန်ကုန်မြို့မှာ ဒီဇင်ဘာ ၂၃ နဲ့ ၂၄ ရက်တွေမှာ ၂ ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအတွက် လုံခြုံရေး အထူးအလေးထား ဆောင်ရွက်ရန်ရှိ

Photo: ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအတွက် လုံခြုံရေး အထူးအလေးထား ဆောင်ရွက်ရန်ရှိ
Thursday, December 25, 2014

(၂၀၁၃)ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်မှုကို အခုလ(၂၇)ရက်နေ့ ရှင်စောပုလမ်း ရှိ Myanmar Event Park မှာ ပြုလုပ်မှာဖြစ်ပြီး ထူးချွန်ဆုပေး ပွဲမှာ လုံခြုံရေးကို အထူးအလေး ထား ဆောင်ရွက်သွားမယ်လို့  မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူက ပြောပါတယ်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အားအပြင်  ပြင်ပကငှားရမ်းထားတဲ့ လုံခြုံရေးဝန်ထမ်းများ၊ ကိုလူချောအဖွဲ့ဝင် (၈၀)ကျော်နဲ့  MEP မှ လုံခြုံရေးများနဲ့အတူ ဆောင်ရွက်မှာဖြစ်ပြီး CCTV များ၊ ခေတ်မီလုံခြုံရေးပစ္စည်းများ ကိုပါ အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ထူးချွန်ဆုပေးပွဲရက်မှာ ယာဉ်ကြောကြပ်တည်းမှုကို ဖြေရှင်းနိုင်ဖို့နဲ့ လုံခြုံရေး အတွက် ရှင်စောပုလမ်းကို ညနေ(၃)နာရီမှာ ယာဉ်ဝင်ခွင့် စတင်ပိတ်ထားမှာဖြစ်ပြီး အကယ်ဒမီ ပေးပွဲကို ဖိတ်ကြားထားသူတွေနဲ့ အနီးအနားရပ်ကွက်များက ကားတွေသာဝင်ရောက်ခွင့်ရှိမယ်လို့ သိရပါတယ်။ ဆုပေးပွဲအတွင်း ၀င်ခွင့်က VIP ၀င်ပေါက်၊ Media ၀င်ပေါက်၊ အနုပညာရှင် ၀င်ပေါက်ဆိုပြီး ၀င်ပေါက်(၃)ပေါက်သတ်မှတ်ထားမှာဖြစ်ပြီး Myanmar Event Park ၀င်းအတွင်း ကိုတော့အနုပညာရှင်များနဲ့ Vip များသာ ယာဉ်ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။

MRTV-4
(၂၀၁၃)ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်မှုကို အခုလ(၂၇)ရက်နေ့ ရှင်စောပုလမ်း ရှိ Myanmar Event Park မှာ ပြုလုပ်မှာဖြစ်ပြီး ထူးချွန်ဆုပေးပွဲမှာ လုံခြုံရေးကို အထူးအလေးထား ဆောင်ရွက် သွားမယ် လို့  မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူက ပြောပါတယ်။

ဒေါ်ခင်ဝင်း (သို့မဟုတ်) လက်ပံတောင်း အကြမ်းဖက်မှု၏ သားကောင်

Photo: ဒေါ်ခင်ဝင်း (သို့မဟုတ်) လက်ပံတောင်း အကြမ်းဖက်မှု၏ သားကောင်
Thursday, December 25, 2014

“ဝေး … ဝေးပါပြီအေ … သဘောကောင်းတဲ့မိန်းမကြီးပါ။ သဘောကောင်းတဲ့ မိန်းမကြီးရေ … မခင်ဝင်း” ဆိုပြီး ဆွဲဆွဲငင်ငင် ငိုကြွေးနေတဲ့ အသက် ၆၀ အရွယ် အမျိုးသမီးကြီးတဦးရဲ့ အသံဟာ မိုးကြိုးပြင်ရွာထဲက နာရေး အိမ်ခြံ ဝင်းအတွင်းကနေ ပဲ့တင်ထပ်လို့နေပါတယ်။

ယာမြေသိမ်းခံဘဝတူ သူငယ်ချင်းဒေါ်ခင်ဝင်း သေဆုံးသွားတဲ့အတွက် ဒေါ်ခင်ဝင်းရဲ့ ခေါင်းတလားကို ဖက်ပြီးငိုကြွေးနေတဲ့ ဆည်တည်းရွာသူ မခင်ဆင့်ရဲ့ ငိုသံနဲ့ အတူ ခေါင်းတလားဘေးပတ်လည်မှာရှိတဲ့ ဆွေးမျိုးတွေနဲ့ ရွာသူရွာသားတွေရဲ့
ကြေကွဲ ဝမ်းနည်းနေကြတဲ့ မျက်နှာတွေပေါ်မှာလည်း မျက်ရည်စတွေနဲ့ပါ။

အိမ်ခြံဝင်းအတွင်းမှာလည်း ရပ်နည်းရပ်ဝေးက မိတ်ဆွေတွေ လယ်သိမ်းခံ ဘဝတူတောင်သူတွေနဲ့ လူမှုကူညီရေး အဖွဲ့ အစည်း တွေလည်း ရောက်ရှိနေကြလို့ အိမ်ဝင်းအတွင်းပြည့်နှက်လို့နေပါတယ်။

သေဆုံးသူ ဒေါ်ခင်ဝင်းမှာ သမီးနှစ်ယောက်ရှိပြီး ၂ ယောက်လုံးက မန္တလေးမှာ နေထိုင်ကြတာဖြစ်ပါတယ်။ ခင်ပွန်း ဖြစ်သူ ကတော့ အသက်ဆုံးပါးသွားတာ ၂၅ နှစ်ခန့်ကြာပြီဖြစ်ပြီး ဘိုးဘွားပိုင်ယာမြေ ၇ ဧကကျော်ကို ထွန်ယက်စိုက်ပျိုးရင်း တယောက်တည်း ရုန်းကန် လာခဲ့သူ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆောင်ရွက်နေတဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီက လျှော်ကြေးရယူထားခြင်းမရှိတဲ့ စစ်ကိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တုံရွာနဲ့ မိုးကြိုးပြင်အလယ်ကျေးရွာမှ လယ်ယာမြေ တွေကို အတင်းအဓမ္မ၀င်ရောက် သိမ်းယူ ခြံစည်းရိုးကာခဲ့ပါတယ်။ ရာပေါင်းများစွာသော ဒေသခံတွေက ၀မ်ပေါင် ကုမ္ပဏီရဲ့ အဓမ္မမြေသိမ်း ခြံစည်းရိုးခတ်မှုကို ဆန့်ကျင်ကြရမှာ ဒေါ်ခင်ဝင်းတဦးလည်း အပါအ၀င်ဖြစ်ပါတယ်။

မြေသိမ်းခံရလို့ ကံဆိုးမိုးမှောင်ကျ ပူဆွေးသောက ရောက်နေရတဲ့ ဒေါ်ခင်ဝင်းဟာ ဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေး ယူပေးထားတဲ့ ရဲတပ်ဖွဲ့က သေနတ် နဲ့ ပစ်ခတ်မှု ကြောင့် ဦးခေါင်းပွင့်ထွက် သေဆုံးသွားခဲ့ရပါတယ်။ “ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ” ဆိုတဲ့ စကားပုံက ဒေါ်ခင်ဝင်းအတွက်တော့ အဟုတ်အမှန် ဖြစ်စေခဲ့ပါတယ်။

“အဲဒီမနက်က ထူးထူးခြားခြား မနက်လေးနာရီ တုန်းခေါက်သံကြားတဲ့ အချိန်မှာ သူကျမကို စကားလာပြောတယ်။ မနီတဲ့ ညကသူအိမ်မက်တွေမက်တယ်တဲ့။ အိမ်မက်ထဲမှာ သနပ်ခါးတွေလူးတယ်။ အင်းကျီသစ်၊ ထမီသစ်နဲ့တဲ့ သွားတွေလည်း ကျွတ်ကျတယ်တဲ့။ ကျမက အစောကြီးရှိသေးတယ်။ ပြန်အိပ်ပါဆိုတော့ မအိပ်ဘူးဆိုပြီး ကျမကို သူ့ပေါင်ပေါ်တင်ပြီး စကားတွေပြောနေတာ” လို့ ဒေါ်ခင်ဝင်းနဲ့ တအိမ်တည်းအတူနေတဲ့ မအေးစွာက ပြောပါတယ်။

ဒေါ်ခင်ဝင်းနဲ့ အတူနေတဲ့ မအေးစွာဟာ မိုးကြိုးပြင်မြောက်ရွာသူ မိဘမဲ့ တယောက်ဖြစ်ပြီး ခန္ဓာကိုယ် အောက်ပိုင်း မသန်စွမ်းသူဖြစ်ပါတယ်။ အနှိပ်သည် ဘဝနဲ့ အိမ်စဉ်လှည့်ပြီး နှိပ်ပေးနေရင်းက လွန်ခဲ့တဲ့ခြောက်နှစ်က ဒေါ်ခင်ဝင်း နဲ့တွေ့ဆုံပြီး ခိုကိုးရာမဲ့နေတဲ့ မအေးစွာကို ဒေါ်ခင်ဝင်းက သူ့အိမ်မှာခေါ်ယူမွေးစားထားတာဖြစ်ပါတယ်။

မအေးစွာရဲ့ ဖောက်သည်ချမှုကြောင့် ညက မက်တဲ့ အိမ်မက်အကြောင်းဟာ မိုးလင်းတာနဲ့ အိမ်နီးနားချင်းတွေဆီပြန့်သွား တယ်လို့ ဆိုပါတယ်။ ဒီအိမ်မက်မျိုးဟာ အတိတ်မကောင်းဘူးလို့ အိမ်နီးချင်းတွေက ပြောတာနဲ့ မအေးစွာ လည်း စိတ်သောကတွေ ရောက်ခဲ့ရတယ်လို့ ပြန်ပြောပြပါတယ်။

“မနက်ဖြန်ကြ ယာတွေခြံလာခတ်မှာ သွားတားရမယ်ဆိုပြီး ကျမကိုပြောတယ်။ ကျမကသူ့ကို အတင်းတားတယ်။ စိတ်မချတာနဲ့ ကျမလိုက်သွားတယ်။ ပြောင်းခင်းထိပ်ရောက်တော့ သေနက်သံတွေ တဒိုင်းဒိုင်း နဲ့ စကြားတယ်။ ကျမသူ့ကို
ထပ်တားတယ်။ သူက ငါနောက်ပြန်မလှည့်ဘူး။ သေချင်သေပစေ။ ငါ့လက်ပံတောင်းတောင်အတွက်နဲ့ သေမယ်ဆိုရင်တောင် ဂုဏ်ယူတယ်လို့ သူကပြောလိုက်သေးတယ် နမိတ်ဖတ်လိုက်သလိုပဲ” လို့ မအေးစွာက ဆိုပါတယ်။

“သူ့ယောင်းမဖြစ်သူကလည်း သူ့ကို အဲ့ဒီနေ့က စိတ်ပူပြီးလိုက်ခေါ်တယ်။ သူက ပြန်မလိုက်ဘူး။ နင်တို့ နှစ်ယောက် ကြောက်တတ်ရင် ပြန် ငါတယောက်တည်းသွားမယ်ဆိုပြီး ဆက်သွားတယ်။ ညနေကြတော့ တခြားလူတွေ
ပြန်ပြေး လာကြတယ်။ သူပြန်ပါမလာဘူး။ သုံးနာရီထိုးလောက်ကြတော့ သူသေသွားပြီ ဆိုပြီး ကြားလိုက်ရတာ” မအေးစွာက ဆက်ပြောပါတယ်။

ဒေါ်ခင်ဝင်းဟာ စိတ်သဘောထားကောင်းလွန်းသူရယ်လို့ ဒေသခံ ရွာသူရွာသားတွေက ပြောဆိုကြပြီး လွန်ခဲ့တဲ့
ငါးနှစ်ခန့်ကလည်း ဆွေမျိုးတော်စပ်သူမဟုတ်တဲ့ စိတ်မနှံ့သူ အမျိုးသမီးတဦး ရွာအပြင်မှာ သေဆုံးတော့မယ့် အချိန်မှာ အိမ်ကိုခေါ်လာပြီး ဆေးကုသ ကျွေးမွေးစောင့်ရှောက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ဒေါ်ခင်ဝင်း သေဆုံးသွားတဲ့ အတွက် အထူးသဖြင့် မှီခိုအားထားနေရတဲ့ အသက် ၂၈ နှစ်အရွယ် မအေးစွာ တယောက် အတွက်တော့ ခိုကိုးရာမဲ့ ထပ်ဖြစ်သွားပြီး သူ့ရဲ့ အနာဂတ် နေထိုင်ရေးအတွက်ပါပူပင်နေရှာပါတယ်။

“ကျမက ဒုက္ခိတ မိဘမဲ့ သူကောင်ကြွက် တမျက်နှာ သူလိုလူကသာ သားသမီးအရင်းလို ကျမကို စောင့်လျှောက်ခဲ့တာ။ သူသေဆုံးသွားတာဟာ ကျမအတွက် ခိုနားရာ သစ်ပင်ကြီး ပြိုလဲသွားသလိုပါပဲ။ ကျမဘယ်သူကို အားကိုးရမလဲ မသိပါဘူး”လို့ တုန်ရီနေတဲ့ အသံနဲ့ပြောဆိုရင်း မအေးစွာရဲ့ ပါးပြင်မှာ မျက်ရည်တွေကျနေပါတယ်။

ဒေါ်ခင်ဝင်းရဲ့ ညီမဖြစ်သူ ဒေါ်သန်းနုက “သမီးတွေက မန္တလေးမှာ အေးအေးဆေးဆေးလာနေပါခေါ်တာ မသွားဘူး။ သူက ဒီရွာနဲ့ သူ့ယာတွေကို ခင်တွယ်လွန်းတယ်။ သူငယ်ငယ်တုန်းကတည်း မြင်တွေ့နေရတဲ့ ဒီလက်ပံတောင်းတောင် ကြီးကိုလည်း သူသံယောဇဉ်ရှိနေတယ်။ အဲဒီအတွက်ပဲ သူအသက်ပေးသွားတယ်လို့ပြောရမလိုပဲ” လို့ ငိုကြွေးရင်းက ရှင်းပြပါတယ်။

လုံခြုံရေးရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်၊ ရိုက်နှက်မှုတွေကြောင့် ဒေါ်ခင်ဝင်း သေဆုံးသွားတဲ့အပြင် ယာမြေ ပြန်ရရေး တောင်း ဆိုတဲ့ ရွာသူ၊ ရွာသား ၄၀ ကျော်လည်း ထိခိုက်ဒဏ်ရာတွေရရှိသွားတဲ့ အတွက် ဒဏ်ရာပြင်းထန်သူတွေနဲ့ သေနတ်ကျည်ဆံ ထိမှန်ခံရသူတွေမှာ အခုအချိန်ထိ ဆေးကုသခံယူနေကြရပါတယ်။

ဒေါ်ခင်ဝင်းသေဆုံးပြီး နောက်တနေ့မှာပဲ ရန်ကုန်မြို့မှာရှိနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းအဖွဲ့အစည်းက မနီလာသိန်း၊ မမီးမီးနဲ့ တာဝန်ရှိသူတွေရောက်ရှိခဲ့ကြပြီး ဒဏ်ရာရရှိသူတွေကို ဆေးကုသနိုင်အောင်
ဆောင်ရွက် ခဲ့ ကြသလို သေဆုံးသူ ဒေါ်ခင်ဝင်း တရားမျှတမှုရရှိရေးအတွက်လည်း ဆားလင်းကြီးမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ဖို့ ကူညီခဲ့ကြပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းအဖွဲ့အစည်းက ဒေါ်ခင်ဝင်းကို အမှုဖွင့်ပေးနိုင်ဖို့အတွက် ဆားလင်းကြီးမြို့မ ရဲစခန်းမှာ
နာရီပေါင်းများစွာ အတိုက်အခံလုပ် ကြိုးစားခဲ့သလို ဒေါ်ခင်ဝင်းရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာ ဆရာဝန်ကြီး တွေနဲ့ ခွဲစိတ် စစ်ဆေးဖို့ သွားရောက်ရာမှာလည်း အနှောင့်အယှက်များစွာ ကျော်ဖြတ်ပြီး အကူအညီပေးခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ ဒေါ်ခင်ဝင်း သေဆုံးမှုကို ရဲစခန်းက အမှုဖွင့်ပေးခဲ့သလို ဆားလင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကလည်း သေနတ်ဒဏ်ရာကြောင့် ဒေါ်ခင်ဝင်း သေဆုံးကြောင်း အတည်ပြုပေးခဲ့ပါတယ်။

ဒေါ်ခင်ဝင်း သေဆုံးသွားတဲ့သတင်းက မြန်မာနိုင်ငံတနိုင်ငံလုံးတင်မကဘဲ နိုင်ငံတကာ အရပ်ရပ်အထိ ပျံ့နှံ့သွားခဲ့ပါတယ်။ ဗိုလ်ကျအနိုင်ကျင့် မြေသိမ်းမှုရဲ့ ဓားစာခံ သားကောင်ဖြစ်ခဲ့ရတဲ့ ဒေါ်ခင်ဝင်း သေဆုံးမှု သတင်းကြောင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီ၊ စစ်တပ်ဦးပိုင်ကုမ္ပဏီနဲ့ အစိုးရအာဏာပိုင်တွေရဲ့ ဥပဒေမဲ့ အကြမ်းဖက် လုပ်ရပ် ဘူးပေါ်သလို ပေါ်သွားပါတယ်။

ပြည်တွင်းမှာလည်း ဆန္ဒပြပွဲတွေ တောက်လျှောက် ဖြစ်ပေါ်လာပြီး ဒေါ်ခင်ဝင်း သတင်းကြားရသူ ပြည်သူတိုင်း တောက်ခေါက် ခံပြင်း ဒေါသထွက်ကြပါတယ်။

နိုင်ငံတကာမှာလည်း အမေရိကန် အစိုးရ အပါအ၀င် လူ့အခွင့်အရေး အဖွဲ့အစည်းတွေကမြန်မာအစိုးရ အကြမ်းဖက်မှု ကြောင့် ဒေါ်ခင်ဝင်း သေဆုံးမှုအပေါ် ၀မ်းနည်းကြောင်း၊ စိုးရိမ်ကြောင်းနဲ့ တာဝန်ရှိသူတွေကို ချက်ချင်း အရေးယူဖော်ထုတ် ပေးဖို့ တောင်းဆိုနေကြပါတယ်။

ရိုးသားသဘောကောင်းလွန်းတဲ့ အသက် ၅၆ အရွယ် ဒေါ်ခင်ဝင်းဟာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ သူ့အိမ်အောက် ကုတင် လေးပေါ်မှာ မလှုပ်မယှက် လဲလျောင်းနေပေမယ့် သူ အသက် အသေခံ ဆန္ဒပြခဲ့တဲ့ လုပ်ရပ်ကတော့ အခုအချိန်အထိ ပြည်တွင်းပြည်ပ ပြည်သူတွေဆီ ဆက်လက် ပျံ့နှံ့နေဆဲဖြစ်ပါတယ်။

ဒေါ်ခင်ဝင်းက ယုတ်မာကောက်ကျစ်တဲ့ အာဏာပိုင်တွေရဲ့ ဥပဒေမဲ့ အကြမ်းဖက်မှုကို ပေါ်လွင်ထင်ရှားစေခဲ့တဲ့ ဓားစာခံ သားကောင်တဦး လို့ ဆိုနိုင်သလို လက်ပံတောင်းတောင်ကို အသက်စွန့် ကာကွယ်သွားတဲ့ အမျိုးသမီး အာဇာနည် သူရဲကောင်းတဦးဆိုရင်လည်း မမှားနိုင်ပါဘူး။

ကျော်ခ (ဧရာဝတီ)
“ဝေး … ဝေးပါပြီအေ … သဘောကောင်းတဲ့မိန်းမကြီးပါ။ သဘောကောင်းတဲ့ မိန်းမကြီးရေ … မခင်ဝင်း” ဆိုပြီး ဆွဲဆွဲငင်ငင် ငိုကြွေးနေတဲ့ အသက် ၆၀ အရွယ် အမျိုးသမီးကြီးတဦးရဲ့ အသံဟာ မိုးကြိုးပြင်ရွာထဲက နာရေး အိမ်ခြံ ဝင်းအတွင်းကနေ ပဲ့တင်ထပ်လို့နေပါတယ်။

လက်ပံတောင်းကိစ္စ စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်ကို လိုက်နာမှု အားနည်းခဲ့ဟု စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဝန်ခံ


ဒေါ်အောင်ဆန်းကြည် ဦးဆောင်သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော် မရှင် ၏ အစီရင်ခံစာ အကောင်အထည်ဖော်ရန် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့သည့် အကောင်အထည် ဖော်ဆောင်ရေး ကော်မတီမှာ ကော်မရှင်၏ အကြံပြုချက်များကို ထိရောက်စွာ လိုက်နာမှု အားနည်းခဲ့ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက ဝန်ခံပြောကြားလိုက်သည်။

ပီပါထဲသို့ ဆီထည့်စဉ် နော်ဇယ်ခေါင်းနှင့် ပွတ်တိုက်မိရာမှ ဆီဘောက်ဆာ ကားကြီးနှင့် ဆီပီပါတင် ၁၂ ဘီးကားနှစ်စီး မီးလောင်


မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် သမ္မတောကျေးရွာရှိ Asia Energy ဆီသိုလှောင်ရေး ခြံအတွင်း ဒီဇင်ဘာ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက ဆီပီပါတင် ကားများပေါ်ရှိ ဆီပီပါ အလွတ်များထဲသို့ ဆီဖြည့်စဉ် ဆီပိုက်ခေါင်းဖြစ်သော နော်ဇယ်ခေါင်းနှင့် ဆီပီပါတို့ ပွတ်တိုက်မိရာမှ မီးပွားများ လွှင့်စင်ကာ ဆီဘောက် ဆာ ကားကြီးတစ်စီးနှင့် ၁၂ ဘီး ဆီပီပါတင် ကားနှစ်စီး မီးလောင်ကျွမ်းကာ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လေလွင့်ကလေးငယ် ၁၀၀၀ ကျော်ကို ထိန်းသိမ်း


ရန်ကုန်မြို့တော်အတွင်း လှည့်လည်သွားလာနေသော လေလွင့်ကလေးငယ်များကို ထိန်းသိမ်းလျက်ရှိရာ ဇန်နဝါရီလမှ ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ ကလေးငယ် အယောက် ၁၀၀၀ ကျော် ထိန်းသိမ်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ဆီးရီးယားတွင် လေကြောင်း ထိုးစစ်ဆင်နေသော တိုက်လေယာဉ်ကို IS အဖွဲ့ ပစ်ချ၊ လေယာဉ်မှူးကို ဓားစာခံအဖြစ် ဖမ်းဆီးထား


အမေရိကန်၏ ဦးဆောင်မှုဖြင့် ဆီးရီးယားမြောက်ပိုင်းတွင် လေကြောင်းထိုးစစ် ဆင်နွှဲလျက်ရှိသော တိုက် လေယာဉ် များထဲမှာ တစ်စီးကို အစွန်းရောက် အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့ Islamic State က ပစ်ချခဲ့ပြီး လေယာဉ်မှူးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာကို မလိုက်နာ၍ လက်ပံတောင်း တောင် ပဋိပက္ခထပ်ဖြစ်ဟု NLD ထုတ်ပြန်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသအတွင်း ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခ ထပ်မံဖြစ်ပွားခဲ့ခြင်းသည် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာကို လိုက်နာဆောင်ရွက်ခြင်း မရှိသောကြောင့် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ထုတ်ပြန်ကြေညာသည်။

နိုင်ငံလုံးချီ အပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ လျင်မြန်စွာ ဖြစ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ရန် UNA ညီလာခံ ဆုံးဖြတ်


အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်းများအကြား တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို လျင်မြန်စွာ ဖြစ်ပေါ်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) ညီလာခံက ဆုံးဖြတ် ကြောင်း UNA နာယက ဦးအေးသာအောင်က ပြောကြားသည်။

လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် လေယာဉ်ပျံ ပုံသဏ္ဌာန် ပင်မစာသင်ဆောင် စတင်ဆောက်လုပ်


Photo: လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် လေယာဉ်ပျံ ပုံသဏ္ဌာန် ပင်မစာသင်ဆောင် စတင်ဆောက်လုပ်
Thursday, December 25, 2014

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် တည်ဆောက်မည့် လေယာဉ်ပျံ ပုံသဏ္ဌာန် ပင်မစာသင်ဆောင်ကြီး၏ ဦးခေါင်းပိုင်းကို စတင်ဆောက်လုပ်နေပြီ ဖြစ်ကြောင်း အဆိုပါတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်သွင်က ပြောကြားသည်။

အဆိုပါ လေယာဉ်ပျံ ပုံသဏ္ဌာန် ပင်မစာသင်ဆောင်ကြီး၏ ဦးခေါင်းပိုင်းတွင် ဘွဲ့နှင်းသဘင်ခန်းမနှင့် ရုံးခန်းများ ပါဝင်မည် ဖြစ်ကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများ ပြီးစီးပါက လက်ရှိ သုံးနေသော ရုံးခန်းများကို စာသင်ခန်းများအဖြစ် အသုံးပြုမည်ဟု ၎င်းကဆိုသည်။

ပင်မစာသင်ဆောင်ကြီးကို သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ ဘဏ္ဍာငွေဖြင့် တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ လက်ရှိ ဘဏ္ဍာနှစ်နှင့် လာမည့် ဘဏ္ဍာနှစ် နှစ်ခုအတွင်း အပြီးတည်ဆောက်မည် ဖြစ်သောကြောင့် စီမံကိန်း တစ်ခုလုံး၏ ကုန်ကျစရိတ်ကို တွက်ချက်နေဆဲ ဖြစ်ကြောင်း ပါမောက္ခချုပ်က ရှင်းပြသည်။

၂၀၀၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တက္ကသိုလ်ဖြစ်သည့် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် ယမန်နှစ်က ကျောင်းသား ၅၈၀ ရှိပြီး၊ ယခုစာသင်နှစ်တွင် ကျောင်းသူများကိုပါ ခေါ်ယူထားသောကြောင့် သင်တန်းသား သင်တန်းသူ အသစ်များ လက်ခံနေဆဲ ဖြစ်ကြောင်း ကျောင်းသားရေးရာ ဌာနထံမှ သိရသည်။

ယခင်က ငါးနှစ်သင်ရိုးအဖြစ် သတ်မှတ်ထားသော်လည်း ယခု ခြောက်နှစ်သင်ရိုး အဖြစ် ပြောင်းလဲမည် ဖြစ်ကြောင်း၊ မဟာတန်း တက်ရောက်ရန် အရည်အချင်း ပြည့်မီပါက နောက်ထပ်သုံးနှစ် သင်တန်း ထပ်တက်ရမည် ဖြစ်ကြောင်း၊ လေဆိပ်စီမံခန့်ခွဲမှုဆိုင်ရာ ဒီပလိုမာ တစ်နှစ်သင်တန်းကိုလည်း ဇန်နဝါရီလတွင် ဒုတိယအသုတ် အဖြစ် ဖွင့်လှစ်မည် ဖြစ်ကြောင်း ယင်းတက္ကသိုလ် ပါမောက္ခချုပ် ရုံးအဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများတွင် လေကြောင်းလိုင်းများနှင့် လေဆိပ်လုပ်ငန်းများ ပါဝင်လာ၍ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိလိုသဖြင့် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် ပညာသင်ကြားခြင်း ဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်တွင် တက်ရောက်နေသူများက ပြောဆိုသည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် တည်ဆောက်မည့် လေယာဉ်ပျံ ပုံသဏ္ဌာန် ပင်မစာသင်ဆောင်ကြီး၏ ဦးခေါင်းပိုင်းကို စတင်ဆောက်လုပ် နေပြီ ဖြစ်ကြောင်း အဆိုပါတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်သွင်က ပြောကြားသည်။

အမျိုးသမီးတစ်ဦးကို ပစ်ခတ်ရန် အကြောင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

Photo: အမျိုးသမီးတစ်ဦးကို ပစ်ခတ်ရန် အကြောင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်
Thursday, December 25, 2014

လက်ပံတောင်းတောင် ဒေသမှာ လုံခြုံရေးတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် ၂၂ ရက်နေ့က မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်း သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး အမျိုးသမီး တစ်ဦးကို ဘယ်လို အခြေအနေမျိုးမှာမှ အခုလိုပစ်ခတ်ရန် အကြောင်း မရှိပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

RFA ကတင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့ကဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို လိုက်နာဖို့ပျက်ကွက်တဲ့အတွက် အစိုးရမှာတာဝန်ရှိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ဝေဖန်လိုက်ပါတယ်။

"လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်ခဲ့လို့ ဒီလိုဖြစ်တာပေါ့၊ ဖြစ်ပြီးမှ လျော်ကြေးပေးတယ်ဆိုတာ လူတစ်ယောက်ရဲ့အသက်က ဘယ်လိုလျော်ကြေးနဲ့တန်ပါ့မလဲ၊ တန်ဖိုးဖြတ်လို့မှမရတာလေ လူတစ်ယောက်ရဲ့အသက်ကို"

ရှေ့လာမယ့်နှစ်အတွင်း ဆောင်ရွက်မယ့် လုပ်ငန်းတွေကို မေးမြန်းရာမှာတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေပေါ်ပေါက်ရေးနဲ့ မျှတလွတ်လပ်တဲ့ရွေးကောက်ပွဲတွေဖြစ်ပေါ်ရေးအတွက် ဆက်လက်ကြိုးပမ်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ လွှတ်တော်ထဲမှာ ဆွေးနွေးတာတွေရှိမယ်၊ ဒီဖွဲ့စည်ပုံအခြေခံ ပြုပြင်ပြောင်းလဲရေးရော၊ ဒီနှစ်နောက်ပိုင်းမှာ လာမယ့်ရွေးကောက်ပွဲရော အားလုံးချောမွေ့ဖို့ဆိုလို့ရှိရင်တော့ တကယ့်ကိုဆွေးနွေးသင့်တဲ့သူတွေက ထိထိရောက်ရောက် ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ကိုလုပ်ရမယ်"

ဒါ့အပြင် လာမယ့်နှစ်မှာ ပြည်သူလူထုအားလုံး တာဝန်ကျေပွန်ကြရင် မြန်မာနိုင်ငံဟာ ကြိမ်းသေမုချ တိုးတက်မှာဖြစ်တယ်လို့လည်း နှစ်သစ်ကူးစကားလက်ဆောင်ပါးလိုက်ပါတယ်။

RFA Burmese
လက်ပံတောင်းတောင် ဒေသမှာ လုံခြုံရေးတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် ၂၂ ရက်နေ့က မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်း သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး အမျိုးသမီး တစ်ဦးကို ဘယ်လို အခြေအနေမျိုးမှာမှ အခုလို ပစ်ခတ်ရန် အကြောင်းမရှိပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

အကြမ်းဖက်သမားများ အရေးယူမှု ပါကစ္စတန်စစ်တရားရုံးသစ်ဖွဲ့


Photo: အကြမ်းဖက်သမားများ အရေးယူမှု ပါကစ္စတန်စစ်တရားရုံးသစ်ဖွဲ့
Thursday, December 25, 2014 

ပါကစ္စတန်အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျောင်းတကျောင်းမှာ ဖြစ်ပွား ခဲ့တဲ့ သွေးထွက်သံယို အကြမ်းဖက် သတ်ဖြတ်မှုကြီးကို တုံ့ပြန်တဲ့ အနေနဲ့ အကြမ်းဖက် သမားတွေလို့ သံသယရှိ သူတွေကို အသစ်ဖွဲ့စည်း လိုက်တဲ့ စစ်ခုံရုံးတွေမှာ တရားစီရင် တော့မယ်လို့ ပါကစ္စတန် ၀န်ကြီးချုပ် န၀ပ်ရှရစ်ဖ် က ပြောဆိုလိုက်ပါတယ်။

တနေ့လုံးကျင်းပခဲ့တဲ့ အစိုးရအဖွဲ့ အစည်းအဝေးအပြီး ကြာသပတေးနေ့ နိုင်ငံကို မိန့်ခွန်းပြောဆိုရာမှာ မစ္စတာ ရှရစ်ဖ် က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အစည်းအဝေးကို အစိုးရအဖွဲ့ဝင်တွေသာမက တခြားထိပ်တန်း အရာရှိတွေလည်း တက်ရောက်ခဲ့ကြပြီး အကြမ်းဖက်မှုကို ကိုင်တွယ်ဖို့ အစီအစဉ်အသစ်တွေ ဆွဲခဲ့တယ်လို့ ဆိုပါတယ်။

စစ်ခုံရုံးတွေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်တွေကို ထုတ်ဖော်မပြောပေမဲ့၊ အကြမ်းဖက်သမားတွေကို အမြန်ဆုံးတရားစီရင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ပါကစ္စတန်ကလေးငယ်တွေရဲ့ သွေးတွေဟာ အလဟသ မဖြစ်စေရဘူးလို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။ Peshawar က ကျောင်းမှာ ဖြစ်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးဟာ တနိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့ကြောင်း အစွန်းရောက်ဝါဒကို အမြစ်ဖြုတ်ပစ်ရမယ်လို့ သူက ပြောပါတယ်။

အစိုးရရဲ့ အစီအစဉ်သစ်ထဲမှာ အကြမ်းဖက်အုပ်စုတွေရဲ့ ရန်ပုံငွေဖြတ်တောက်ဖို့ တားမြစ်ပိတ်ပင်ထားတဲ့ အုပ်စုတွေအနေနဲ့ နာမည်အသစ်နဲ့ လှုပ်ရှားတာမျိုး မလုပ်နိုင်အောင် တားဆီးဖို့ စတာတွေ ပါဝင်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ပါကစ္စတန်အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျောင်းတကျောင်းမှာ ဖြစ်ပွား ခဲ့တဲ့ သွေးထွက်သံယို အကြမ်းဖက် သတ်ဖြတ်မှုကြီးကို တုံ့ပြန်တဲ့ အနေနဲ့ အကြမ်းဖက် သမားတွေလို့ သံသယရှိ သူတွေကို အသစ်ဖွဲ့စည်း လိုက်တဲ့ စစ်ခုံရုံးတွေမှာ တရားစီရင် တော့မယ်လို့ ပါကစ္စတန် ၀န်ကြီးချုပ် န၀ပ်ရှရစ်ဖ် က ပြောဆိုလိုက်ပါတယ်။

Wednesday, December 24, 2014

ဖခင်ဖြစ်သူက ဟန်းဆက်မဝယ်ပေးသဖြင့် လူငယ်တစ်ဦး အဆိပ်သောက် သေဆုံး

ကွမ်းခြံကုန်းမြို့နယ် ဆင်တိုးကျေးရွာတွင် ဒီဇင်ဘာလ ၂၁ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က အသက် ၂၀ အရွယ်ရှိ လူငယ်တစ်ဦးမှာ ဖခင်ဖြစ်သူက ဟန်းဆက် မဝယ်ပေးသောကြောင့် အဆိပ်သောက် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
ဆင်တိုးကျေးရွာတွင် နေထိုင်သူ ကိုအောင်မြင့်မြတ်မှာ ၎င်း၏ ဖခင်ဖြစ်သူကို ဟန်းဆက်လိုချင်ကြောင်း လွန်ခဲ့သည့် တစ်ပတ်ခန့်က စတင်ပူဆာခဲ့သော်လည်း ဖခင်က မဝယ်ပေးနိုင်သေးသောကြောင့် ယင်းနေ့က လယ်တဲရှိ ပိုတက်ဆေးသောက်ကာ အဆုံးစီရင်ခဲ့ခြင်း ဖြစ်ကြောင်း ကွမ်းခြံကုန်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ဟန်းဆက်ဝယ်ပေးဖို့ ပူဆာနေတာ မဝယ်ပေးလို့ မသေခင် သုံးရက်လောက်တည်းက စိတ်ကောက်ပြီး ထမင်းလည်း မစားတော့ဘူး၊ ဆုံးတဲ့နေ့က လယ်ထဲလိုက်လာပြီး သူ့မရီးကို ပိုတက်ဆေးသောက်ရင် သေလားလို့ မေးခဲ့သေးတယ်။

သံတော်ဆင့် ဂျာနယ် အမှု ပြန်ကြားရေး ၀န်ကြီးဌာနကို စတင် စစ်ဆေး

သမ္မတကို အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရသည့် မြန်မာသံတော်ဆင့် ဂျာနယ်၏ ဒုတိယမြောက် ရုံးချိန်း ဖြစ်သော ယနေ့ တွင် တရားလို ပြန်ကြားရေး ၀န်ကြီးဌာနကို စတင်စစ်ဆေးကြောင်း သတင်း ရရှိသည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ တရားလိုပြ သက်သေတဦး ဖြစ်သူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်ကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးက စတင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
၂၀၁၄ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က ထုတ်ဝေသော မြန်မာ သံတော်ဆင့် ဂျာနယ်တွင် အံ့ခေါင်မင်း၏ နိုင်ငံရေး တွေ့ဆုံ မေးမြန်းခြင်း ကဏ္ဍတွင် သမ္မတ ဦးသိန်းစိန်အား ဂုဏ်သိက္ခာ ထိခိုက်စေပြီး အကြည်ညို ပျက်စေသည့် အသုံးအနှုန်းများ ရေးသားဖော်ပြခဲ့ သဖြင့် သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း မြန်မာ သံတော်ဆင့် ရှေ့နေ ဦးဇော်လင်းက ဧရာဝတီသို့ ပြောသည်။

ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးကြောင်း မှုခင်းဆရာဝန် အတည်ပြု

ဒေါက်တာတင်နွယ်

လက်ပံတောင်း ကြေးနီစီမံကိန်း အဓိကရုဏ်းမှာ သေဆုံးသူ ဒေါ်ခင်ဝင်းဟာ သေနတ်ထိမှန်တဲ့ ဒဏ်ရာနဲ့ သေဆုံးတာဖြစ်တယ်လို့ မှုခင်းဆရာဝန်က အတည်ပြု ပြောကြား ပါတယ်။

ဒေါ်ခင်ဝင်းအလောင်းကို ဆားလင်းကြီးမြို့နယ်ဆရာဝန် ဒေါက်တာတင့်လွင်၊ မုံရွာမြို့နယ်မှုခင်းဆရာဝန် ဒေါက်တာတင်နွယ်၊ မုံရွာမြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ ညွန့်သန်းတို့က ရင်ခွဲရုံမှာ မနက်ပို်င်း ဆယ်နာရီလောက်က ခွဲစိတ်ပြီးနောက် ရှင်းလင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ဆောင်းရာသီသီးနှံချေးငွေနှင့်ပတ်သက်၍ ကောလာဟလဖြစ်ခဲ့သော ဟင်္သာတမြို့တွင် ချေးငွေစတင်ထုတ်ချေး

ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂ဝ၁၄ခုနှစ်အတွက် ဆောင်းရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေအား မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၉၈ အုပ်စုမှ ဆောင်းသီးနှံ စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအား ဒီဇင် ဘာ ၂၂ရက်မှ စတင်ထုတ်ချေးပေး နေပြီဖြစ်ကြောင်း သိရသည်။
''ရန်ပုံငွေက ၂၄ဝဝဝကျော်ရ ပါတယ်။ အဲဒီရတာကို ဒီဇင်ဘာ ၂ ရက်ကပြီးတော့ ဇန်နဝါရီ ၁၅အထိ ကျေးရွာအုပ်စု ၉၈အုပ်စုက တောင် သူ ၁၈ဝဝဝခန့်ကို အပြီးထုတ်ချေးဖို့ လျာထားတယ်။ ကျွန်တော်တို့ဘဏ် ဘက်ကလဲ အလျင်အမြန်ရအောင် ထုတ်ချေးပေးလျက်ရှိသလို ၂ဝ၁၄ ခုနှစ်မိုးချေးငွေကိုလဲ သတ်မှတ် ရက်အတွင်း အပြေအလည်ပြန် လည်ပေးဆပ်ပါလို့ ပြောချင်ပါတယ်။ ဒါမှ ၂ဝ၁၄ခုနှစ် မိုးချေးငွေစော စောပေးဆပ်မှ ၂ဝ၁၅ခုနှစ်ကို ကျွန် တော်တို့က စောစောပြန်ထုတ်ချေး လို့ရပါမယ်''ဟု မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဦးကြည်လွင်က ပြောသည်။

ရင်ခွင်ပိုက်အရွယ် ကလေးငယ် အပါအ၀င် ရန်ကုန်သို့ သွားမည့် ဘင်္ဂါလီများ ကို လမ်းတစ်ဝက်တွင် ချထားခဲ့

ရန်ကုန်မြို့သို့ သွားရောက်မည့် ဘင်္ဂါလီ ၄ဦးနှင့် ၄င်းတို့နှင့်အတူ ပါလာသော ရင်ခွင်ပိုက်အရွယ် ကလေးငယ်တစ်ဦး တို့ကို ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း ကားတစ်စီးပေါ်မှ ချထား ခဲ့သောကြောင့် ဖမ်းဆီးထိန်းသိမ်း ထားကြောင်း အမ်းမြို့မ ရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။

ယခုလ ၂၁ရက်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အောက်ရွာအနီး တောင်ကုန်းပေါ်တွင် ကားတစ်စီး ပေါ်မှ ဘင်္ဂါလီလူမျိုးများအား ချထား ခဲ့သောကြောင့် ၄င်းတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ လ၀က အက်ဥပဒေဖြင့် စစ်ဆေးအရေးယူထားကြောင်း အမ်းမြို့မ ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ဒုရဲမှူး သောင်းလွင် က Rakhine News Agency သို့ပြောသည်။

စပိန်တော်ဝင်မင်းသမီးခရစ္စတီနာအခွန်လိမ်လည်မှုဖြင့်တရားခွင်၌ ရင်ဆိုင်ရမည်


စပိန်ဘုရင်ဖိလစ် (၆)၏ ညီမ ဖြစ်သူ ခရစ္စတီနာမှာ ပထမဆုံး တရားခွင်၌ရင်ဆိုင်ရသည့် တော်ဝင် မိသားစုဝင် ဖြစ်လာလိမ့် မည်ဖြစ် ကြောင်း၊ သူမအား တရားသူကြီး၏ အခွန်လိမ်လည်မှုဖြင့် တရားရုံးသို့ တင်ပို့ရန် အမိန့်ချခဲ့ကြောင်း AFP သတင်း က ဖော်ပြခဲ့သည်။
လေးနှစ်တာ စုံစမ်းစစ်ဆေးမှု များပြုလုပ်ပြီးနောက် ဘုရင့်မိသားစု အား ပြသနာဖြစ်ပေါ်စေခဲ့ရပြီး ဘုရင် ဂျူအန်ကာလို့စ်မှာလည်း ဇွန်လက ထီးနန်းစွန့်ခဲ့ရပြီးနောက် ဤတရား ရုံးဆုံးဖြတ်ချက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

၃၅နှစ်အရွယ် ခင်ပွန်းကို သတ်ခဲ့ကြောင်း နိုင်ဂျီးရီးယား ကလေးသတို့သမီးက ၀န်ခံ


နိုင်ဂျီးရီးယားသူ ကလေးသတို့သမီး ဖြစ်သူဟာ သူမရဲ့ အသက်၃၅နှစ်ရှိ ခင်ပွန်းကို ကြွက်သတ်ဆေးသုံးပြီး သတ်ခဲ့ကြောင်းကို စာမရေးတတ်တဲ့အတွက် လက်ဗွေနှိပ်ပြီး ၀န်ခံခဲ့ပါတယ်။ သူမရဲ့ခင်ပွန်း Umar Sani ဟာ မင်္ဂလာဆောင်ပြီး ရက်ပိုင်းအကြာမှာပဲ သေဆုံးခဲ့တာဖြစ်ပြီး အသက် ၁၄နှစ်သာရှိတဲ့ ကလေးသတို့သမီး Wasila Tasi’u ကို သေဒဏ်ပေးဖို့အတွက် တရားလိုတွေက ကြိုးစားနေကြပါတယ်။

အယ်လ်ဂျီးရီးယားစစ်တပ်က ဂျီဟဒ်ခေါင်းဆောင်ကို အသေဖမ်းဆီး

ပြင်သစ်ကမ္ဘာလှည့်ခရီးသည် Herve Gourdel ကို ပြန်ပေးဆွဲကာ ခေါင်းဖြတ်သတ်ခဲ့သည့် ဂျီဟဒ် စစ်သွေးကြွအဖွဲ့ခေါင်းဆောင်ကို အယ်လ်ဂျီးရီးယားတပ်မတော်မှ အသေဖမ်းဆီးရမိခဲ့သည်ဟု အယ်လ်ဂျီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။
ဂျီဟဒ်ခေါင်းဆောင် Abdelmalek Gouri နှင့် သူ၏ အပေါင်းအပါနှစ်ဦးကို
အယ်ဂျီးရီးယားနိုင်ငံ Isser နယ် မြို့တွင် တနင်္လာနေ့က ပစ်ခတ်ဖမ်းဆီး
ရမိခဲ့သည်ဟု ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။
Gouri ၏ Jund al-Khilafa အဖွဲ့သည် ပြင်သစ်၏ အိုင်အက်စ် လေကြောင်း
တိုက်ခိုက်မှုကို တုံ့ပြန်သည့် အနေဖြင့် Gourdel ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း
ပြောဆိုထားပြီး ခေါင်းဖြတ်သတ်နေသည့် ဗီဒီယိုကို ဖြန့်ချိခဲ့သည်။

မန္တလေးတောင် ခရီးကြမ်းစက်ဘီးစီးပြိုင်ပွဲ စိတ်ပါဝင်စားသူ များပြား

တတိယအကြိမ် မန္တလေး တောင်တက် Mountain Bike ခရီးကြမ်း စက်ဘီးစီးပြိုင်ပွဲကို လူစိတ်ဝင်စားမှုရှိလာပြီး ပြိုင်ပွဲ ဝင် ဦးရေ နှစ်စဉ်များပြားလာ ကြောင်း Mandalay Free Riders
Group(MFR)မှ သတင်းရရှိသည်။
အဆိုပါပြိုင်ပွဲကို ၂ဝ၁၂ ခုနှစ်မှ စတင်ကာ ကျင်းပခဲ့ပြီး စတင်ကျင်းပသည့်နှစ်တွင် တောင်တက်Mountain Bike နှင့် တောင်ဆင်း Downhill ပြိုင်ပွဲ နှစ်ခုစလုံးတွင် ဝင်ရောက်ယှဉ် ပြိုင်သူ ၁၃ဝ ဦးခန့်သာ ရှိခဲ့ကာ ယခုနှစ် ပြိုင်ပွဲနှစ်ရပ်လုံး စုစု ပေါင်း ပြိုင်ပွဲဝင်ဦးရေ နှစ်ရာ ကျော်လာပြီ ဖြစ်ကြောင်း Mandalay Free Riders Group မှ ဥက္ကဋ္ဌ ဦးအောင်အောင်က ပြောသည်။
''နိုင်ငံတကာမှာတော့ ဒီလို ပွဲတွေ အမြဲလုပ်တယ်လေ ဒီမှာက အဲ့ဒီလိုမရှိဘူး။ သူတို့ဖိတ်ခေါ်တာ တွေကိုပဲ သွားသွားပြိုင်နေရတယ်။ အဲဒါနဲ့ ဒီမှာလည်း လုပ်မယ်ဆိုပြီး ကျွန်တော်တို့ ကျင်းပတာ။ ဒါနဲ့ ပါဆိုရင် သုံးနှစ်ရှိပါပြီ နိုင်ငံခြား သားတွေတော့ မပါပါဘူး။ နိုင်ငံ တွင်း စက်ဘီးစီးသူတွေချည်းပါပဲ '' ဟု ၄င်းဆိုသည်။
ယခုနှစ်Mountain Bike ပြိုင်ပွဲတွင် ယှဉ်ပြိုင်သူ ၁၇ဝ ကျော်ခန့်ရှိပြီး တောင်အဆင်း လမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်သူမှာ ၃ဝ ကျော် ခန့်သာရှိကာ မန္တလေး ၇၈ လမ်းDiamond Plaza မှ ပြိုင်ပွဲစတင်၍မန္တလေးတောင်တွင် အဆုံးသတ်မည် ဖြစ်သည်။

တရုတ်သို့ ရေနံပို့လွှတ်ရန် ကျောက်ဖြူရေနက်ဆိပ်ကမ်းအသင့်ဖြစ်ပြီ ရခိုင်ကမ်းရိုး တန်းနှင့် ရေလုပ်ငန်းထိခိုက်မည်ကို ဒေသခံစိုးရိမ်

ကျောက်ဖြူရေနက် ဆိပ်ကမ်းတွင် တန်ချိန်တစ်သိန်းထိ တင်ဆောင်နိုင်သောရေနံ တင်သင်္ဘော များလာမည့် ဇန်န၀ါရီလ တွင်စတင် ဆိုက် ကပ်တော့ မည်ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ သစ်တောနှင့် သတ္တုတွင်း ၀န်ကြီး ဦးကျော်ခင် ကပြောသည်။
အရှေ့အလယ်ပိုင်းမှ သင်္ဘောဖြင့် သယ်ဆောင် လာမည့် ရေနံများကို ကျောက်ဖြူ မြို့နယ်၊ မဒေးကျွန်းတွင် အခြေစိုက်သည့် တရုတ်နိုင်ငံ ပိုင်ကုမ္ပဏီ CNPC ၏ ရေနံလှောင် ကန်များတွင် ထားရှိကာ တရုတ်သို့ပိုက် လိုင်းဖြင့်ပို့ လွှတ်ရန် စီစဉ် ထားသည်။
“တရုတ်နိုင်ငံ လောင်စာဆီအတွက် အဓိကထားမှာ။ မြန်မာအစိုးရ ဘက်ကတော့ သိုလှောင် ထားတာ။ ပိုက် လိုင်းဖြတ်သန်း တာအတွက် အကျိုးခံ စားခွင့်ရမှာ” ဟု ဦးကျော်ခင်က ဆိုသည်။
ဇန်န၀ါရီလတွင် ဆိုက်ကပ်မည့် ရေနံတင် သင်္ဘော များတွင် တစ်ကြိမ်ဆိုက် ကပ်ပါက တန်ချိန်သုံး သိန်းထိ ပါဝင်မည် ဖြစ်ပြီး တစ်လလျှင် အများဆုံး သုံးခေါက် ထိ ဆိုက်ကပ် ရန်ရှိ သည်ဟု ၎င်းကပြောသည်။
ဒေသခံတို့ကမူရေနံတင် သင်္ဘောများ ဆိုက်ကပ်ပါက ဆိပ်ကမ်း အတွင်း ရေနံယိုဖိတ် မှုများနှင့် မတော်တဆ မှုများကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် အသက် အန္တရာယ် ထိခိုက်ပါ ကမည်သို့ တာဝန်ယူမည်နည်းဟု မေးခွန်း ထုတ်သည်။

လက်ပံတောင်းတောင်စီမံကိန်း ရပ်ဆိုင်းပေးရန် တရုတ်သံရုံးရှေ့ ဆန္ဒထုတ်ဖော်

တရုတ်နိုင်ငံပိုင် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ လုပ်ကိုင်နေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းပေးရန် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေက ရန်ကုန်မြို့ ဒဂုံမြို့နယ်အတွင်းရှိ တရုတ်နိုင်ငံ သံရုံးရှေ့တွင် တက်ကြွလှုပ်ရှားသူများက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒဂုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဆန္ဒပြသူ ၁၂ ဦး ပါဝင်သော ယင်းအဖွဲ့သည် လက်ပံတောင်းတောင် စီမံကိန်း ရုပ်သိမ်းရေးတို့အရေး၊ သခင်မျိုးဟေ့ တို့ဗမာ၊ ဒီအာဏာရှင် တရုတ်တွေနဲ့ ပေါင်းလုပ်ရင် ဘာနိုင်ငံဖြစ်မလဲ စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

လက်ပံတောင်း အကြမ်းဖက်ဖြိုခွင်းခံရမှု ၈၈ မျိုးဆက် ကန့်ကွက်ရှုတ်ချ

လက်ပံတောင်းတောင် ဒေသခံတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းလို့ ဒေါ်ခင်ဝင်း သေဆုံးပြီး ရွာသားတွေ ဒဏ်ရာရတယ်ဆိုတဲ့သတင်းကြောင့် တုန်လှုပ်ဝမ်းနည်းရတဲ့ အကြောင်းနဲ့ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

ဘင်္ဂါလီမှ ကမန် လူမျိုး အဖြစ် ပြောင်းထားသူ များကို အဆင့်ဆင့် စစ်ဆေးကာ ဗဟိုမှ ဆုံးဖြတ်မည်

လာမည့် ဇန်န၀ါရီလ (၁) ရက်နေ့မှ စ၍ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူမျိုး များကို နိုင်ငံသား စိစစ်ခြင်း စတင်မည် ဖြစ်ကာ ဘင်္ဂါလီ လူမျိုး ဖြစ်သော်လည်း ကမန် တိုင်းရင်းသား ဟူ၍ နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်ထားသူ များကို အဆင့်ဆင့် စစ်ဆေး၍ ဗဟို အဆင့်မှ ဆုံးဖြတ်မည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။
ဘင်္ဂါလီကနေ ကမန် လုပ်ထားတဲ့သူ တွေကို စစ်လိုက်လို့ ပေါ်လာရင်၊ မြို့နယ် အဆင့်ဆင့်ကနေ ဗဟိုကို တင်ပြပြီး ဥပဒေ အတိုင်းပေါ့။ သွေးနှောဆို သွေးနှော ဆုံးဖြတ် သွားမယ်။ ကမန် တိုင်းရင်းသား ဖြစ်တယ် ဆိုရင် တိုင်းရင်းသားက နိုင်ငံသား ဖြစ်ပါတယ်။ တချို့ ကျတော့ ဘင်္ဂါလီက ကမန်လို့ ယူထားတာတော့ ရှိနေတယ် ဟု ရခိုင်ပြည်နယ် လ.၀.က ဦးစီးမှူး ဦးခင်စိုးက The Messenger Media သို့ ပြောသည်။

တကျော့ပြန် လက်ပံတောင်း အကြမ်းဖက်မှု ချက်ချင်းစုံစမ်း အရေးယူရန်လို

လက်ပံ တောင်းတောင် ကြေးနီထုတ် လုပ်ရေး စီမံကိန်းအတွက် ဒီဇင်ဘာလ ၂၂ ရက်နေ့က လျော်ကြေးရယူထားခြင်း မရှိသော လယ်ယာမြေများပေါ်တွင် ၀မ်ပေါင် ကုမ္ပဏီက အဓမ္မ၀င် ရောက်၍  ခြံစည်း ရိုးခတ်ခဲ့သဖြင့် ဒေသခံများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့်  ဒေသခံ တောင်သူ အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်ဝင်းသေဆုံးသွားပြီး ဒေသခံ တောင်သူ အများ အပြားလည်း သေနတ်ဒဏ်ရာ ရရှိသွားခဲ့သည်။   
ရဲတပ်ဖွဲ့က ပစ်ခတ်လိုက်သော သေနတ်ကျည်ဆန်သည် ဒေါ်ခင်ဝင်း၏ ဦးခေါင်းကို ထိမှန်၍ ဦးနှောက်ပွင့် ထွက် သေဆုံး သွား ခြင်းဖြစ်သည့်အတွက် ရဲတပ်ဖွဲ့သည် ဒေသခံများကို ခြောက်လှန့်ရန်  ပစ်ခတ်ခြင်း မဟုတ်ဘဲ သေချာချိန်ရွယ် ပစ် ခတ် ခြင်း ဖြစ်ကြောင်း ထင်ရှားသည်။ အဓိကရုဏ်းများကို ကိုင်တွယ်ရာတွင် ရဲတပ်ဖွဲ့အနေဖြင့်  စည်း ၃ စည်း သတ် မှတ် ၍ ပထမအဆင့် သတိပေးခြင်း၊ ဒုတိယစည်းကျော်လာလျှင် ခြောက်လှန့်ပစ်ခတ်ခြင်း၊ တတိယစည်း ကျော်လာ လျှင် ရိုက် နှက် ဖမ်းဆီးခြင်း ဆိုသည့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာဘဲ ဆန္ဒပြသူများကို တိုက်ရိုက် ပစ်ခတ် ခြင်း မှာ ဥပဒေ ချိုးဖောက်ခြင်းပင်ဖြစ်သည်။

အခွန်ဦးစီးဌာနက ထိပ်တန်းအခွန်ထမ်း ၁၀၀၀ စာရင်းအပြင် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တည်ထောင်သည့် ACE အပါအ၀င် ခရိုနီကုမ္ပဏီများ၏ အခွန်ဆောင်မှုစာရင်းကို ထပ်မံထုတ်ပြန်

၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်အတွက် စည်းကမ်းအတိုင်း အချိန်မီ တရားဝင်ပေးဆောင်သည့် ထိပ်တန်းအခွန်ထမ်း ၁ဝဝဝ စာရင်းအပြင် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တည်ထောင်ပိုင်ဆိုင်လုပ်ကိုင်ခဲ့သော ACE ကုမ္ပဏီအပါအဝင် ခရိုနီကုမ္ပဏီအချို့ပါသော အခွန်ပေးဆောင်မှုစာရင်းကိုလည်း ပြည်တွင်းအခွန်ဦးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်တွင်းအခွန်ဦးစီးဌာနအနေဖြင့် ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်အတွက် ထိပ်တန်းကုန်သွယ်ခွန်ပေးဆောင်သူ ၁ဝဝဝ စာရင်း၊ ထိပ်တန်းဝင်ငွေခွန် ထမ်းဆောင်သူ ၁ဝဝဝ စာရင်း၊ နိုင်ငံခြားကုမ္ပဏီများ ဝင်ငွေခွန်၊ ကုန်သွယ်ခွန်ပေးဆောင်ထားသည့် သီးခြားစာရင်းများကို ဒီဇင်ဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်။
ယင်းနေ့၌ပင် “၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်၊ ၃၁-၃-၂ဝ၁၄ ရက်နောက်ပိုင်း ဝင်ငွေခွန်အများဆုံးပေးဆောင်ခဲ့သူ မြန်မာလုပ်ငန်းရှင်/ ကုမ္ပဏီများစာရင်း” ဟူသော ခေါင်းစဉ်ဖြင့် အခွန်ထမ်း ၁၇၇ ဦးပါသော စာရင်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ထိပ်တန်းအခွန်ထမ်း ၁ဝဝဝ စာရင်းဆိုသည်မှာ သတ်မှတ်စည်းကမ်းအတိုင်း သတ်မှတ်ချိန်အမီ အခွန်ပေးဆောင်သူများကိုသာ စာရင်းကောက်ယူထုတ်ပြန်ခြင်း ဖြစ်သည်။

သမုဒ္ဒရာနှစ်စင်းကို ဆက်သွယ်မည့် တူးမြောင်းသစ် နီကာရာဂွါတွင် စတင်ဖောက်လုပ်


အတ္တလန္တိတ် သမုဒ္ဒရာနှင့် ပစိဖိတ် သမုဒ္ဒရာ နှစ်စင်းအကြား ဆက်သွယ်မည့် တူးမြောင်းသစ် ဖောက်လုပ် ခြင်းကို စတင်လုပ်ဆောင်ပြီဖြစ်ကြောင်း နီကာရာဂွါနိုင်ငံအစိုးရက ဒီဇင်ဘာ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။