
ရန်ကုန်တိုင်း တရားလွှတ်တော်ပေါ် သုံးရောင်ခြယ်အလံ လွှင့်ထူမှုအတွက် လဲလှယ် တပ်ဆင်ခဲ့သူကို ဥပဒေအရ အရေးယူပေးဖို့ ရန်ကုန်တိုင်း တရားရေး ဦးစီးမှုရုံး စီမံ ထောက်ပံ့ဌာန ဒုညွှန်ကြားရေးမှူး အဆင့်ရှိသူက ကျောက်တံတား ရဲစခန်းမှာ ဇန်န၀ါရီလ ၁ ရက်နေ့က အမှုဖွင့်လိုက်ပါတယ်။
ဇန်န၀ါရီ ၁ ရက်နေ့က နေ့လည် ၂ နာရီခွဲလောက်က ရန်ကုန်ုတိုင်း တရားလွှတ်တော် အဆောက်အဦ ပေါ်မှာ လွတ်လပ်ရေး တိုက်ပွဲဝင် သုံးရောင်ခြယ် ဒေါင်းအလံကို လွှင့်တင်ထားတာကို ထူးထူးခြားခြား မြင်တွေ့ခဲ့ရပါတယ်။







