၂၀၁၅-၁၆ ဘဏ္ဍာနှစ်အ တွက် နိုင်ငံတော်၏ အမျိုးသားစီမံ ကိန်းများကို ဇန်န၀ါရီ ၂၆ ရက် တွင်မှ ပြည်ထောင်စုအစိုးရအဖွဲ့ က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည်ဖြစ်ပြီး အဆိုပါ စီမံ ကိန်းများကို လွှတ်တော်က စိစစ် ဖြတ်တောက်ပြီးသည့်အချိန်မှ သာ တိုးမြှင့်ပေးနိုင်မည့်ပမာဏကို တွက်ချက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
- မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အွန်လိုင်းဖုန်းငွေဖြည့် သည့် (Online Charging) စနစ် အဆင့်မြှင့်တင်မည်ဖြစ်၍ ဇန်န၀ါရီ ၂၅ မှ ၂၈ ရက်အတွင်း ဖုန်းငွေဖြည့်သွင်းခြင်းနှင့် နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုမှုများ ခက်ခဲနိုင်ကြောင်း သတင်းရရှိသည်။
‘‘လူသုံးနည်းတဲ့အချိန်တွေမှာပဲ အဆင့်မြှင့်တင်မှုလုပ်သွားမှာပါ။ အချိန်ကလည်းမိနစ်ပိုင်းလောက်ပါပဲ။ ဖုန်းငွေဖြည့်တဲ့ စနစ်ကိုပဲ အဆင့်မြှင့်တင်တာ ဖြစ်တဲ့အတွက် ပြည်တွင်းဖုန်းခေါ်ဆိုမှုကိုတော့ မထိခိုက်နိုင်ပါဘူး။ ဘီလ်ဖြည့်တာနဲ့ ဘီလ်စစ်တာလောက်ပဲ ခက်ခဲမှုဖြစ်မှာပါ’’ဟု မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းအင်ဂျင်နီယာမှူးဦးအော င်ကျော်သက်က ဆိုသည်။





