Tuesday, January 27, 2015

မြန်မာနိုင်ငံ၏ မြို့ပြလူဦးရေ သိပ်သည်းဆ အရှေ့အာရှတွင် ဒုတိယအမြင့်ဆုံးဟု ကမ္ဘာ့ဘဏ်ဆို


မြန်မာနိုင်ငံ၏ မြို့ပြဧရိယာ လူဦးရေ သိပ်သည်းဆ မြင့်တက်မှုမှာ အရှေ့အာရှဒေသတွင် အင်ဒိုနီးရှားနိုင်ငံ ပြီးပါက ဒုတိယအမြင့်ဆုံး ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အသစ်ထုတ်ပြန်လိုက်သော မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၀၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ မြို့ပြလူဦးရေ သိပ်သည်းဆမှာ တစ်စတုရန်း ကီလိုမီတာလျှင် လူဦးရေ ၆၂၀၀ ရှိခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်တွင် လူဦးရေ ၇၅၀၀ အထိ မြင့်တက်လာပြီး ယင်းမှာ အရှေ့အာရှဒေသတွင် ဒုတိယ အမြင့်ဆုံးနှုန်း ဖြစ်ကြောင်း ဇန်နဝါရီလ ၂၆ ရက်က ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် East Asia’s Changing Urban Landscape: Measuring a Decade of Spatial Growth အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကျောင်းဆရာမနှစ်ဦး၏ ရက်လည်ဆုတောင်းပွဲ လူထောင်ချီတက်ရောက်

ပြီးခဲ့သည့် သီတင်းပတ် က ရှမ်းပြည်နယ်ပန်ဆိုင်းမြို့နယ် ခွဲ ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည့်ကျောင်းဆရာမ နှစ်ဦး၏ ရက်လည်ဆုတောင်းပွဲကို ကောင်းခါးကျေးရွာ၌ ဇန်န၀ါရီ ၂၆ ရက်က ကျင်းပခဲ့ရာ ဒေသခံများ ထောင်နှင့်ချီ လာရောက်စုဝေး ဆုတောင်းခဲ့ကြသည်။ သေဆုံးသွားသည့် ကျောင်း ဆရာမ နှစ်ဦးအတွက် ဆုတောင်း ပွဲကို ကောင်းခါးကျေးရွာရှိ ခရစ် ယာန်ဘုရားရှိခိုးကျောင်းတွင် နံနက် ၁၁ နာရီခန့်မှ စတင်ကျင်းပ ခဲ့ခြင်းဖြစ်သည်။
အဆိုပါဆုတောင်းပွဲကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ဘာသာရေးဆရာများက ဦးဆောင်ဆုတောင်းပေးခဲ့ကြပြီး စစ်ဘက်နှင့်အရပ်ဘက်မှ အရာရှိများ တက်ရောက်ခဲ့ကြသည်။

ကာကွယ်ရေး အသုံးစရိတ် ၃၃ ရာခိုင်နှုန်းကို လက်နက်ဝယ်ရန်နှင့် ထုတ်လုပ်မှုတွင် သုံးမည်

Army-2
နေပြည်တော် (မဇ္ဈိမ)။ ။ လာမည့် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်၏ ကာကွယ်ရေး အသုံးစရိတ်ကို ကျပ် ၂,၆၁၂ ဘီလီယံ လျာထားပြီး ယင်း ပမာဏ ၏ ၃၃ ဒသမ ၄ဝ ရာခိုင်နှုန်း ဖြစ်သော ကျပ် ၈၆ဝ ဘီလီယံကျော်ကို တိုက်ခိုက်ရေး ကဏ္ဍတွင် သုံးစွဲရန် တင်ပြထားသည်ဟု ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ပြောသည်။၎င်းက ''သံချပ်ကာကားတို့ လေယာဉ်တို့ အမြောက်တို့ကို ဝယ်ယူတဲ့စရိတ်၊ ထုတ်လုပ်တဲ့ စရိတ်တွေကို ဆိုလိုတာပါ'' ဟု သတင်းထောက်များ ကို ပြောသည်။

တောင်ကိုရီးယားက အီရတ်ကို နှစ်ဂိုးပြတ်နိုင်ပြီး အာရှဖလားဗိုလ်လုပွဲတက်

Photo: တောင်ကိုရီးယားက အီရတ်ကို နှစ်ဂိုးပြတ်နိုင်ပြီး အာရှဖလားဗိုလ်လုပွဲတက်

Tuesday, January 27, 2015

 သြစတြေးလျနိုင်ငံ တွင် ကျင်းပနေသော အာရှဖလား ဘောလုံးပြိုင်ပွဲ၌ တောင်ကိုရီး ယားက အီရတ်ကို နှစ်ဂိုးပြတ်အ နိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက် ရောက်သွားသည်။

ပထမပိုင်းတွင် တောင်ကိုရီး ယားမှ လီဂျောင်ယော့က ခေါင်း တိုက်ဂိုးတစ်ဂိုး သွင်းယူခဲ့ပြီး ဒုတိ ယပိုင်းတွင် ကင်ယောင်ဂွမ်က အဝေးကန်ချက် ပြင်းပြင်းဖြင့် ဂိုးသွင်းယူခဲ့ပြီးနောက် တောင်ကိုရီးယားက ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံး နိုင်ငံတကာပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်နောက်ပိုင်း အာရှဖလားချန်ပီယံဖြစ်ရန်လည်း နီးစပ်လာသည်။

‘‘၂၇ နှစ်ကြာပြီးတဲ့နောက် မှာ ကျွန်တော်တို့ ပထမဆုံး နောက်တစ်ကြိမ် ဗိုလ်လုပွဲ တက်ရောက် ခဲ့တာပါပဲ’’ဟု တောင်ကိုရီးယား နည်းပြ အူလီစတီလိုက်က ပြော သည်။

၂၀၀၇ ခုနှစ် အာရှချန်ပီယံ အီရတ်မှာ တိုက်စစ်မှူး ယူနစ်မာ မွတ် ဦးဆောင်ပွဲထွက်ခဲ့သော် လည်း တောင်ကိုရီးယား၏ ခိုင် မာသော နောက်တန်းကို ကျော် ဖြတ်ရေး အခွင့်အလမ်းရရှိရန် ရုန်းကန်ခဲ့ရသည်။ တောင်ကိုရီးယား သည် ယခုပြိုင်ပွဲတွင် ကစားခဲ့သော ပွဲပေါင်းငါးပွဲ၌ တစ်ဂိုးမျှ ခွင့်ပြုရခြင်းမရှိပေ။

‘‘အကြိုဗိုလ်လုပွဲ တက်လာ တာဟာ ကျွန်တော်တို့ အသင်း အတွက် မယုံနိုင်စရာ အောင်မြင် မှုပါပဲ’’ဟု အီရတ်နည်းပြချုပ် ရက် ဒီရှီနိုင်ရှီလ်က ပြောသည်။ တောင်ကိုရီးယားသည် အင်္ဂါနေ့တွင် သြစတြေးလျနှင့် ယူအေအီး ကစား သောပွဲမှ အနိုင်ရရှိသည့် အသင်း နှင့် စနေနေ့တွင် ဗိုလ်လုပွဲကစား ရမည်ဖြစ်သည်။ 

7 Day Daily
 သြစတြေးလျနိုင်ငံ တွင် ကျင်းပနေသော အာရှဖလား ဘောလုံးပြိုင်ပွဲ၌ တောင်ကိုရီး ယားက အီရတ်ကို နှစ်ဂိုးပြတ်အ နိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက် ရောက်သွားသည်။

ပထမပိုင်းတွင် တောင်ကိုရီး ယားမှ လီဂျောင်ယော့က ခေါင်း တိုက်ဂိုးတစ်ဂိုး သွင်းယူခဲ့ပြီး ဒုတိ ယပိုင်းတွင် ကင်ယောင်ဂွမ်က အဝေးကန်ချက် ပြင်းပြင်းဖြင့် ဂိုးသွင်းယူခဲ့ပြီးနောက် တောင်ကိုရီးယားက ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံး နိုင်ငံတကာပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်နောက်ပိုင်း အာရှဖလားချန်ပီယံဖြစ်ရန်လည်း နီးစပ်လာသည်။

ကလေးငယ်များ ခိုးယူ၍ ထိုင်းသို့ ရောင်းချသော ဈေးကွက် ပေါ်ပေါက်နေ

ကလေးငယ်များကို ငယ်ရွယ်စဉ်တောင်းရမ်းခိုင်းပြီး ကြီးလျှင် မိန်းကလေးကို ပြည့်တန်ဆာလုပ်ငန်း၊ အနှိပ်ခန်း၊ အိမ်အကူအဖြစ်ခိုင်းကာ ယောက်ျားလေးကို မူးယစ်ဆေးရောင်းဝယ်ရေးနှင့် ရေလုပ်ငန်းတို့တွင် ခိုင်းစေ

 မြန်မာကလေးငယ်များ ကို ခိုးယူ၍ ထိုင်းနိုင်ငံသို့ရောင်းချ ပြီးကလေးငယ် များအား တောင်းရမ်းခိုင်းကာ ကြီးပြင်းလာလျှင် မ ကောင်းသည့် လုပ်ငန်း များလုပ် ကိုင်စေသော ဈေးကွက် ထိုင်းနိုင်ငံ တွင် ပေါ်ပေါက် နေကြောင်း သတင်းရရှိသည်။

ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးအား ဒေါ်ကြိုင်ကြိုင် လာရောက်ဖူးမြော်

ရွှေကျင်ဂိုဏ်းလုံးကျွတ် အစည်းအဝေးကြီးသို့ တက် ရောက်ရန် ကြွရောက်လာသည့် ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာ တော်ကြီးအား အငြိမ်းစား ဗိုလ် ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ် ကြိုင်ကြိုင် လာရောက်ဖူးမြော်ခဲ့ ကြောင်း သတင်းရရှိသည်။

မကြာသေးမီက ကျန်းမာရေးအ ခြေအနေ ချို့ယွင်းနေသည်ဟု သ တင်းထွက်ပေါ်ခဲ့သော ဒေါ်ကြိုင် ကြိုင်သည် ကျန်းမာစွာဖြင့် သာ သနာပိုင်ဆရာတော်ကြီးအား ယ ခုလ ၂၆ ရက်တွင် လာရောက် ဖူး မြော်ခဲ့ခြင်းဖြစ်ကြောင်း အထက် ပါ အစည်းအဝေးကျင်းပမည့် ဓမ္မ ဒူတ ဆေကိန္ဒာရာမကျောင်းတိုက် မှ ကပ္ပိယတစ်ဦးက ပြောကြားသည်။

‘‘အထွေအထူးတော့ မရှိပါ ဘူး။ ဆရာတော်ကြီးကို လာဖူး တယ်။ ဆရာတော်ကြီးက ကျန်း မာရေးလည်း မကောင်းဘူးလေ။ သင်္ကန်းကပ်တယ်။ ဒီလောက်ပါ ပဲ’’ ဟု အဆိုပါပုဂ္ဂိုလ်က ပြော သည်။

လူထုမြင်ကွင်းမှ ကာလအ တန်ကြာ ပျောက်ကွယ်နေခဲ့သော အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်း ရွှေ၏ ဇနီးဒေါ်ကြိုင်ကြိုင် ဆရာတော်ကြီးအား လာရောက်ဖူးမြော်နေသည့် ဓာတ်ပုံမှာ အင်တာနက်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။

ဆရာတော်ကြီးအား လာ ရောက်ဖူးမြော်သည့် ဒေါ်ကြိုင် ကြိုင်အား သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက ရေစက်ချ တရားချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

(၁၉)ကြိမ်မြောက် ရွှေကျင်ဂိုဏ်းလုံး ကျွတ်အစည်းအဝေးကို မှော်ဘီ မြို့နယ် ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ကျင်းပမည်ဖြစ်ပြီး အမေရိကန်၊ ဗြိတိန်၊ ဂျပန် အစရှိသည့် ပြည်ပနိုင်ငံများ၌ သီတင်းသုံးသော ဆရာတော်များအပါအ၀င် သံဃာတော် အပါး ၁၀၀၀ ကျော် တက်ရောက်မည်ဖြစ်သည်။

           ရွှေကျင်နိကာယသံဃာ့ဂိုဏ်း ၏ ဂိုဏ်းလုံးကျွတ်အစည်းအဝေး များကို သုံးနှစ်တစ်ကြိမ် ကျင်းပခဲ့ ပြီး (၁၈) ကြိမ်မြောက်အစည်းအ ဝေးကို ဓမ္မဒူတ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ၂၀၁၂ က ကျင်းပခဲ့ကာ ဂိုဏ်းဝန်ဆောင်ဆရာတော် ၁၅၀ မှ ၂၀၀ ပါးသို့ တိုးမြှင့်ခြင်း၊ ရွှေကျင်ဂိုဏ်းချုပ်၊ ဂိုဏ်းထောက်ဆရာတော်များ ထပ်မံခန့်အပ်ခြင်း၊ ၀ိနည်းဆိုင်ရာများ ပိုမိုတိကျစွာ ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။

7 Day Daily

ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးအား ဒေါ်ကြိုင်ကြိုင် လာရောက်ဖူးမြော်

ရွှေကျင်ဂိုဏ်းလုံးကျွတ် အစည်းအဝေးကြီးသို့ တက် ရောက်ရန် ကြွရောက်လာသည့် ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာ တော်ကြီးအား အငြိမ်းစား ဗိုလ် ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ် ကြိုင်ကြိုင် လာရောက်ဖူးမြော်ခဲ့ ကြောင်း သတင်းရရှိသည်။

မကြာသေးမီက ကျန်းမာရေးအ ခြေအနေ ချို့ယွင်းနေသည်ဟု သ တင်းထွက်ပေါ်ခဲ့သော ဒေါ်ကြိုင် ကြိုင်သည် ကျန်းမာစွာဖြင့် သာ သနာပိုင်ဆရာတော်ကြီးအား ယ ခုလ ၂၆ ရက်တွင် လာရောက် ဖူး မြော်ခဲ့ခြင်းဖြစ်ကြောင်း အထက် ပါ အစည်းအဝေးကျင်းပမည့် ဓမ္မ ဒူတ ဆေကိန္ဒာရာမကျောင်းတိုက် မှ ကပ္ပိယတစ်ဦးက ပြောကြားသည်။

စည်းကမ်းလိုက်နာရန် ပျက်ကွက်ခဲ့သော ယာဉ်လုပ်သား ၄၀၀ နီးပါးအား အလုပ်မှထုတ်ပယ်

Photo: စည်းကမ်းလိုက်နာရန် ပျက်ကွက်ခဲ့သော ယာဉ်လုပ်သား ၄၀၀ နီးပါးအား အလုပ်မှထုတ်ပယ်

Tuesday, January 27, 2015

ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်အတွင်း ယာဉ်လုပ်သား ၄ဝဝ နီးပါးအား စည်း ကမ်းလိုက်နာရန် ပျက်ကွက်မှုများ ဖြင့် အလုပ်မှ ထုတ်ပယ်ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်း ကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဦးလှအောင် က ပြောကြားသည်။

''ပြီးခဲ့တဲ့နှစ်အတွင်း ယာဉ်လုပ် သား ၄ဝဝ နီးပါးကို စည်းကမ်းလိုက်နာ ရန်ပျက်ကွက်မှုနဲ့မထသ(ဗဟို)ကထုတ် ပယ်ခဲ့ရပါတယ်။ အဓိကကတော့ ခရီး သည်တွေက ကျေနပ်မှုမရှိလို့ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို တိုင်ကြားခဲ့ပါတယ်။ ဒီလိုတိုင်ကြားတဲ့ နေရာမှာ မထသ(ဗဟို)အနေနဲ့ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို တိုင်ကြားမှုများနဲ့ပတ်သက်လို့ လာ ရောက်ဖြေရှင်းဖို့ ဆင့်ခေါ်ပေမယ့် လာရောက်ဖြေရှင်းခြင်းမရှိတဲ့ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို မထသ(ဗဟို)မှ ထုတ်ပယ်ခဲ့ပါတယ်'' ဟု ဦးလှအောင်က ပြောကြားသည်။

ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်အတွင်း မထသ(ဗဟို)အနေဖြင့် ယာဉ်မောင်း ၂၁၇ ဦးနှင့် ယာဉ်နောက်လိုက် ၃၅၅ ဦးကို အလုပ်အကိုင်များခန့်ထားပေး ခဲ့ပြီး ယင်းတို့အနက် ယာဉ်မောင်း ၁၆၄ ဦးနှင့် ယာဉ်နောက်လိုက် ၂၃၃ ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့ ကြောင်း သိရသည်။

ယခုအခါ ခရီးသည်များအနေ ဖြင့် မချေမငံဆက်ဆံသော ယာဉ် နောက် လိုက်များ၊ ဂိတ်ဆုံးအောင် မောင်းနှင်ခြင်းမရှိဘဲ လမ်းတစ်ဝက် မှ ပြန် လှည့်သော မော်တော် ယာဉ် များနှင့် ယာဉ်စီးခပိုတောင်းခံသော ယာဉ် နောက်လိုက် များကို တိုင်ကြား မှုများ ပိုမိုပြုလုပ်လာကြောင်း မထသ (ဗဟို)စာရင်းများအရ သိရသည်။ ထိုသို့တိုင်ကြားမှုများ ပိုမိုများပြားလာ သည့်အတွက် မထသ(ဗဟို)အနေဖြင့် ယာဉ်မောင်းများနှင့် ယာဉ်နောက် လိုက်များကို သင်တန်းများ ဖွင့်လှစ် ပို့ချလျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar
ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်အတွင်း ယာဉ်လုပ်သား ၄ဝဝ နီးပါးအား စည်း ကမ်းလိုက်နာရန် ပျက်ကွက်မှုများ ဖြင့် အလုပ်မှ ထုတ်ပယ်ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်း ကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဦးလှအောင် က ပြောကြားသည်။

''ပြီးခဲ့တဲ့နှစ်အတွင်း ယာဉ်လုပ် သား ၄ဝဝ နီးပါးကို စည်းကမ်းလိုက်နာ ရန်ပျက်ကွက်မှုနဲ့မထသ(ဗဟို)ကထုတ် ပယ်ခဲ့ရပါတယ်။ အဓိကကတော့ ခရီး သည်တွေက ကျေနပ်မှုမရှိလို့ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို တိုင်ကြားခဲ့ပါတယ်။ ဒီလိုတိုင်ကြားတဲ့ နေရာမှာ မထသ(ဗဟို)အနေနဲ့ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို တိုင်ကြားမှုများနဲ့ပတ်သက်လို့ လာ ရောက်ဖြေရှင်းဖို့ ဆင့်ခေါ်ပေမယ့်

ကာကွယ်ရေးဝန်ကြီးဌာနမှ တောင်းခံသည့် ဘတ်ဂျက် ကျပ် ၂၆၁၂ ဘီလျံအနက် ၃၃ ရာခိုင်နှုန်းကို တိုက်ခိုက်ရေးအသုံးစရိတ်အဖြစ် သုံးစွဲမည်

ကာကွယ်ရေးဝန်ကြီးဌာနမှ တောင်းခံသည့် ဘတ်ဂျက် ကျပ် ၂၆၁၂ဘီလျံအနက် ၃၃ ရာခိုင်နှုန်းကို တိုက်ခိုက်ရေးအသုံးစရိတ်အဖြစ် သုံးစွဲမည်ဟု ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ကာကွယ်ရေး ဘတ်ဂျက် စုစုပေါင်း၏ ၅၈ ရာခိုင်နှုန်းကျော်ကို လစာနှင့်စရိတ် အတွက် လည်းကောင်း၊ တိုက်ခိုက်ရေးအတွက် ၃၃ ရာခိုင်နှုန်းကျော်ကို လည်းကောင်း၊ ဆောက်လုပ်ရေးကဏ္ဍအတွက် ကိုးရာခိုင်နှုန်းကျော်ကို လည်းကောင်း၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအတွက် သုံးရာခိုင်နှုန်းကျော်ကို လည်းကောင်း၊ လက်ရုံးဝန်ထမ်းတပ်များအတွက် တစ်ရာခိုင်နှုန်းနီးပါးကို လည်းကောင်း အသီးသီးသုံးစွဲရန် လျာထားသည်ဟု ကာကွယ်ရေးဝန်ကြီးက လွှတ်တော်သို့ တင်ပြခဲ့သည်။

မန္တလေးမှ ရန်ကုန်မြို့သို့ သပိတ်မှောက်လမ်းလျှောက်နေခြင်းအပြင် ကျောင်းသားသမဂ္ဂများက အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်လှုပ်ရှားမှုများ နိုင်ငံအနှံ့ တက္ကသိုလ်များ၌ ပြုလုပ်နေ

မန္တလေးမှ ရန်ကုန်သို့ သပိတ်မှောက် လမ်းလျှောက်မှုများ ပြုလုပ်နေခြင်းအပြင် ကျောင်းသားသမဂ္ဂများက အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သော လှုပ်ရှားမှုများကို နိုင်ငံအနှံ့တက္ကသိုလ်များတွင် ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

ဇန်နဝါရီ ၂၂ ရက်နှင့် ၂၆ ရက်များတွင် ဒဂုံတက္ကသိုလ်တွင် ဗကသ ကျောင်းသားများ က အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်သော သရုပ်ပြလှုပ်ရှားမှုများ၊ အခြားကျောင်းသား၊ ကျောင်းသူများကို ၎င်းတို့နှင့်အတူ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ရန် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။

ချယ်လ်ဆီးနှင့်လီဗာပူး ဗိုလ်လုပွဲ ဘယ်သူတက်မလဲ

Photo: ချယ်လ်ဆီးနှင့်လီဗာပူး ဗိုလ်လုပွဲ ဘယ်သူတက်မလဲ
=============================

Tuesday, January 27, 2015

ကတ်ပီတယ်ဝမ်းဖလားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ ပွဲစဉ်တွေကို ဇန်နဝါရီ ၂၈ ရက်နဲ့ ၂၉ ရက် နံနက်ပိုင်းတွေမှာ ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ပြတ်သားတဲ့ ရလဒ်ကို အပြိုင်ပုံဖော်ကြမယ့် လီဗာပူးနဲ့ ချယ်လ်ဆီးတို့ရဲ့ အားပြိုင်မှုနဲ့ စပါးနဲ့ ရှက်ဖ်ဖီးယူနိုက်တက်အသင်းတို့မှာ ဘယ်အသင်းတွေ နောက်ဆုံး ဗိုလ်လုပွဲတက်ရောက်မသွားမလဲဆိုတာ ရင်ခုန်စရာကောင်းနေပါတယ်။

ချယ်လ်ဆီးနှင့် လီဗာပူး

ပထမအကျော့မှာ တစ်ဂိုးစီသရေ ပွဲဖြစ်ခဲ့လို့ အခုပွဲစဉ်ဟာ အကြိတ် အနယ်ရှိမယ့် ပွဲစဉ်ဖြစ်နေပါတယ်။ နှစ်သင်းစလုံးဟာ ကတ်ပီတယ်ဝမ်း ဖလားရရှိဖို့အတွက် အခုပွဲစဉ်ဟာ အရေကြီးနေပြီး ခြေကုန်ထုတ် ကြရမယ့်ပွဲဖြစ်ပါတယ်။ ပထမ အကျော့ လီဗာပူးကွင်းမှာ ကစားခဲ့မှု ကိုကြည့်ရင် နည်းပြ ရော်ဂျာရဲ့ အခင်းအကျင်းနဲ့ နည်းဗျူဟာအောက် မှာ နည်းပြမော်ရင်ဟိုရဲ့ အဖွဲ့သားတွေ စိတ်တိုင်းကျ လှုပ်ရှားခွင့်မရခဲ့တာ တော့အမှန်ပါပဲ။ တစ်ဂိုးစီသရေ ရလဒ်ကို ခြေကုန်လက်ပန်းကျအောင် ရုန်းကန်အားထုတ်ခဲ့ရတဲ့ ချယ်လ်ဆီး အတွက် ဒီပွဲမှာတော့ တစ်သင်းလုံး ဖိဖိစီးစီးကစားမှာ သေချာ ပါတယ်။ နှစ်သင်းစလုံး အကောင်းဆုံးကစား သမားတွေနဲ့ ပွဲထွက်ကြဖို့ရှိနေပြီး အမှားအယွင်းနည်းအောင် ယှဉ်ပြိုင် ကြမှာမို့ နည်းပြမော်ရင်ဟိုဟာ ပထမပွဲ ကို သင်ခန်းစာအဖြစ် မှတ်ယူပြီး သေ သေချာချာပြင်ဆင်မှာ ဖြစ်ပါတယ်။ လီဗာပူးဟာ တိုက်စစ်မှာ စတာလင်းနဲ့ ကော်တင်ဟိုတို့ကိုထုတ်ပြီး ဂျာရတ်ကို တိုက်စစ်မှာ လိုက်ပါကစားစေဖို့ စီစဉ် ပါလိမ့်မယ်။ ချယ်လ်ဆီးကတော့ တိုက်စစ်မှာ ဒီယေဂိုကော်စတာကို တင်ကစားပြီး ဝီလီယံ၊ ဖာဘရီဂတ်တို့ ကို ကွင်းလယ်တိုက်စစ်တွေမှာ ထား ကာ ခင်းကျင်းဖို့တော့များနေပါတယ်။ ကတ်ပီတယ်ဝမ်းဖလားရယူဖို့ လက် တစ်ကမ်းအလိုမှာတော့ ချယ်လ်ဆီး ဟာ အိမ်ကွင်းမှာ ပြတ်သားတဲ့ ရလဒ် ကို ပုံဖော်ပြီး ဖြတ်ကျော်ဖို့ အခွင့်ရေး ကို ရယူမှာဖြစ်ပါတယ်။

စပါးနှင့် ရှက်ဖ်ဖီး

ပထမအကျော့ အကြိုဗိုလ်လုပွဲမှာ စပါးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေ မယ့် ကံကြမ္မာရဲ့ ဖေးမမှုကြောင့် ဖြစ် တာမို့ အခုပွဲအိမ်ကွင်းမှာ သတိထား ကစားရမှာဖြစ်ပါတယ်။ ပထမအကျော့ ပွဲစဉ်မှာ အဒီဘာယော၊ အဲရစ်ဆင် တောင်ဆန် တို့က ခြေစွမ်းမပြနိုင်ခဲ့ သလို ရှက်ဖ်ဖီးကိုလည်း စပါးတို့ဖိအား ပေးမကစားနိုင်ခဲ့ပါဘူး။ ရှက်ဖ်ဖီးတို့ ကတော့ နောက်ဆုံး ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့အတွက် ဒီပွဲကိုတော့ ခြေကုန်ထုတ်ပြီး မာမာတင်းတင်း ရင်ဆိုင်မှာဖြစ်ပါတယ်။ စပါးတို့ကတော့ အဝေးကွင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ပွဲ ရထားတာမို့ အခုပွဲမှာ အနိုင်ရလဒ်ကို ပဲဦးတည်ပြီး ရှက်ဖ်ဖီးကို ဧည့်ခံမှာဖြစ် ပါတယ်။ အိမ်ရှင်စပါးတို့ အခုပွဲမှာ အနိုင် ဆိုတာကို ဖော်ထုတ်ပြသပါလိမ့်မယ်။

MOI Webportal Myanmar
ကတ်ပီတယ်ဝမ်းဖလားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ ပွဲစဉ်တွေကို ဇန်နဝါရီ ၂၈ ရက်နဲ့ ၂၉ ရက် နံနက်ပိုင်းတွေမှာ ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ပြတ်သားတဲ့ ရလဒ်ကို အပြိုင်ပုံဖော်ကြမယ့် လီဗာပူးနဲ့ ချယ်လ်ဆီးတို့ရဲ့ အားပြိုင်မှုနဲ့ စပါးနဲ့ ရှက်ဖ်ဖီးယူနိုက်တက်အသင်းတို့မှာ ဘယ်အသင်းတွေ နောက်ဆုံး ဗိုလ်လုပွဲတက်ရောက်မသွားမလဲဆိုတာ ရင်ခုန်စရာကောင်းနေပါတယ်။

ချယ်လ်ဆီးနှင့် လီဗာပူး

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည့် အနောက်ပိုင်းခရိုင် စည်ပင်ဥက္ကဋ္ဌ (ရပ်မိရပ်ဖ) ၏ ဆရာဝန်သုံးနားကြပ်ပါ ဓာတ်ပုံအချို့နှင့် ပတ်သက်၍ ဆရာဝန်အချို့ ဝေဖန်


ဇန်န၀ါရီ ၆ ရက်က ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီဝင်ကိုယ်စားလှယ်များ ကတိသစ္စာပြု အခမ်းအနားတွင် ဒေါက်တာတင်ထွန်း(ယာဘက်အစွန်)ကို တွေ့ရစဉ်
လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည့် အနောက်ပိုင်းခရိုင် စည်ပင်ဥက္ကဠ (ရပ်မိရပ်ဖ) ဒေါက်တာတင်ထွန်း၏  ဆရာဝန်သုံးနားကြပ်ပါ ဓာတ်ပုံအချို့နှင့်ပတ်သက်၍ ဆရာဝန်အချို့က ဝေဖန်မှုများရှိနေကြောင်း သိရသည်။

အဓိကအားဖြင့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် စည်ပင်ရွေးကောက်ပွဲ၊ မယ်ရွေးပွဲများနှင့် မသက်ဆိုင်ဘဲ အဆိုပါစည်ပင်ဥက္ကဠက လူနာအား စမ်းသပ်ကုသရာတွင် ဆရာဝန်များအသုံးပြုသည့် နားကြပ်ကို ယင်းနေရာများတွင် တပ်ဆင်ကာ သူ၏ ဆရာဝန်ဆိုသည့် ဂုဏ်ပုဒ်အား ဖော်ပြထားသည့်ပုံရိပ်အချို့အပေါ် ဆရာဝန်အချို့က ဝေဖန်ခဲ့ခြင်းဖြစ်သည်။ 

ဘူးသီးတောင်တွင် ဗုံးပေါက်ကွဲမှုဖြင့် ဖမ်းဆီးခံရသူသုံးဦး ပေါက်ကွဲဥပဒေဖြင့် တရားစွဲခံရမည်

ဘူးသီးတောင်မြို့ မြို့နယ်ထွေအုပ်ရိပ်သာအနီးတွင် ပြီးခဲ့သည့်အောက်တိုဘာ ၃၁ ရက်က ဗုံးပေါက်ကွဲမှုဖြင့် ဖမ်းဆီးခံရ သူ ဘင်္ဂါလီသုံးဦးကို ပုဒ်မ နှစ်ခု ဖြင့် တရားစွဲဆိုထားပြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရပါက ပေါက်ကွဲ စေတတ်သော အရာဝတ္ထုများ အက်ဥပဒေဖြင့်ပါ ဆက်လက် တရားစွဲဆိုသွားမည်ဟု ခရိုင်ဥပ ဒေရုံးမှ သတင်းရရှိသည်။

မြန်မာသုံးဦးကို သတ်ဖြတ်သည်ဟု သံသယရှိ ထိုင်းမာဖီးယားနှစ်ဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံတောင်ပိုင်း တွင် ရော်ဘာလုပ်ငန်းလုပ်ကိုင်နေ သည့် မြန်မာလုပ်သားသုံးဦးကို သေနတ်ဖြင့် ပစ်သတ်သော တရား ခံဟု ယူဆရသူ ထိုင်းမာဖီးယားနှစ်ဦးကို ဆူရတ်ဌာနီရဲတပ်ဖွဲ့က ဖမ်း ဆီးလိုက်ကြောင်း သတင်းရရှိ သည်။

ဆူရတ်ဌာနီခရိုင်ရဲတပ်ဖွဲ့ သည် မြန်မာလုပ်သားသုံးဦးကို သေနတ်ဖြင့် ပစ်သတ်သော တရားခံအဖြစ် သံသယရှိသည့် ထိုင်းမာ ဖီးယားနှစ်ဦးကို အခင်းဖြစ်ပွားပြီး နှစ်ရက်အကြာ ဇန်န၀ါရီ ၂၅ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်း နိုင်ငံတောင်ပိုင်းပညာရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ ဦးမိုးဝေက ပြောသည်။

အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဗုံးထောင်ထားသည် ဆိုသော ဖုန်းနံပါတ်ကို စုံစမ်းနေ

အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်အတွင်း ဗုံးထောင် ထားသည်ဟု ခြိမ်းခြောက်ခဲ့သည့် ဖုန်းနံပါတ်သည် နိုင်ငံခြားမှ ခေါ်ဆိုသော ဖုန်းနံပါတ်ဖြစ်သော် လည်း မည်သည့်နိုင်ငံမှ ခေါ်ဆို သည်ကို မသိရသေးကြောင်း သ တင်းရရှိသည်။

ဇန်န၀ါရီ ၂၃ ရက် ည ၁၁ နာရီခန့်တွင် အင်းစိန်ရွာမ ဆရာတော်ထံ ဖုန်းဝင်လာပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်ရှာ ဖွေရာ ဘာမှမတွေ့ရှိကြောင်း အင်းစိန်ရဲစခန်းမှ စခန်းမှူး မျိုး မြင့်ကြိုင်က ဆိုသည်။

‘‘ဖုန်းနံပါတ်ကိုကြည့်ပြီး တော့ ဘယ်ကဆက်တာလဲဆို တာကို စုံစမ်းနေတုန်းပါ။ မလေး ရှားက ဆက်တာလား၊ ထိုင်းနယ် စပ်က ဆက်တာလားဆိုတာ အတိအကျမသိသေးပါဘူး။ သက်သက်နှောင့်ယှက်ချင်လို့ ဆက်တာ လည်းဖြစ်နိုင်ပါတယ်’’ဟု ၎င်းက ဆိုသည်။

Monday, January 26, 2015

တောင်းဆိုထားသည့်အချက် ၁၁ ချက်မှထက်ဝက်ခန့် ပြင်မပေးမချင်း ကျောင်း သားများ ဆက်လက်သပိတ်မှောက်မည်

အမျိုးသားပညာရေး ဥပဒေ တွင် ပြင်ဆင်ရန် တောင်းဆိုထားသည့်အချက် ၁၁ ချက် မှ ထက်ဝက်ခန့် ပြင်မပေးမချင်း ဆက်လက် သပိတ် မှောက်သွားမည်ဟု ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦး ဆောင်ကော်မတီမှ သိရသည်။
ဆရာသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် တရားဝင် အသိအမှတ်ပြုရေး၊ ဥပဒေတွင်ပါသည့် အမျိုးသားပညာရေး ကော်မရှင်နှင့် တက္ကသိုလ်များ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ပယ် ဖျက်ပေးရေး၊ ပညာရေးမူဝါဒများ ချမှတ်ရာတွင် ကျောင်း သားကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမကိုယ်စားလှယ် များ ပါဝင်ခွင့်ရရေး စသည့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး ဆိုင်ရာ အချက်များ မပြင်ဆင်သ၍ ဆက်လက်သပိတ် မှောက်သွားမည်ဟု သိရသည်။

လက်ရှိနိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊နိုင်ငံရေးအင်အားစု များနှင့် ဖေဖော်ဝါရီလ အတွင်း တွေ့ဆုံဆွေးနွေးရန် UNA ဆုံးဖြတ်

လက်ရှိ နိုင်ငံရေးအခြေအနေနှင့်ပတ်သက် ၍ မဟာမိတ်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများနှင့်သုံးရက်တာတွေ့ဆုံ ဆွေးနွေးခြင်းကို ဖေဖော်ဝါရီလအ တွင်း ပြုလုပ်ရန်စည်းလုံးညီညွတ် သော တိုင်းရင်းသား လူမျိုးများမဟာ မိတ်အဖွဲ့ (UNA) အနေဖြင့်ယမန် နေ့ကဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

စည်းလုံးညီညွတ်သော တိုင်း ရင်းသားလူမျိုးများအဖွဲ့နှင့် မဟာမိတ် နိုင်ငံရေး ပါတီများ၊ အဖွဲ့အစည်းများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရှေ့လ ၁၇ရက်မှ ၁၉ရက်အထိ ၃ရက် တာတွေ့ဆုံဆွေးနွေးရန် ဇန်နဝါရီ ၂၅ ရက်က UNA အဖွဲ့အနေဖြင့် အစည်း အဝေးပြုလုပ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
UNA အဖွဲ့ဝင် ရခိုင်အမျိုး သားပါတီမှ ဦးအေးသာအောင်က ''ဒီနေ့ ကျွန်တော်တို့ အဖွဲ့က သတ်မှတ် လိုက်တဲ့ရက်ကို ဖိတ်မယ့်မိတ်ဖက် အဖွဲ့တွေကို အီးမေးလ် နဲ့ပို့ပြီးအကြံ ဥာဏ်ယူမယ်။ အဲဒီရက်မှာ သူတို့ဘက် က အဆင်ပြေမပြေပေါ့။ ဖိတ်မယ့်အ ဖွဲ့အစည်းကတော့ အားလုံးပေါင်း ၄ဝလောက်ရှိမယ်''ဟုပြောသည်။

သစ်တောဝန်ထမ်းများအား သတ်ဖြတ်သူဟု ယူဆရသူနှစ်ဦးကို ဖမ်းဆီးထား

ရန်ကုန်၊ ဇန်နဝါရီ ၂၄- ရှမ်းပြည်နယ် လင်း ခေးခရိုင် သစ်တောဦးစီးဌာနမှ ဝန်ထမ်း လေးဦး သေနတ်ဖြင့် ပစ်သတ်ခံရမှုမှ ပြစ် မှုကျူးလွန်ကြောင်း သံသယရှိသူ နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း လင်းခေးမြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး တင်မောင်ဆွေက ပြောသည်။
မသင်္ကာတရားခံ အမျိုးသားနှစ် ဦးကို တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ယခုအခါ စစ်ဆေးလျက်ရှိပြီး ပတ်သက် ဆက်နွယ်မှုရှိသည့် တရားခံတချို့ကိုလည်း ဖမ်းဆီးရမိရန် ဆောင်ရွက်နေကြောင်းသိ ရသည်။
လင်းခေးမြို့နယ် ရဲစခန်းမှစခန်း မှူး ဒုရဲမှူးတင်မောင်ဆွေက ''ပူးပေါင်း ရဲ တပ်ဖွဲ့က ဖမ်းဆီးရမိထားတာပါ။ မသင်္ကာ တရားခံအဖြစ်နဲ့ စစ်ဆေးနေပါတယ်။ ဘယ် နေရာမှာ မိတယ်၊ ဘယ်အဖွဲ့အစည်းကဆို တာကိုတော့ ထုတ်ဖော်ပြောလို့ မရပါဘူး'' ဟုပြောသည်။

အင်န်အယ်လ်ဒီအနေဖြင့် မိမိပါတီဝင်များ နိုင်ငံသားဖြစ်၊ မဖြစ် စတင်စိစစ်နေပြီဖြစ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့် မိမိပါတီဝင်များ နိုင်ငံသားဖြစ်၊ မဖြစ် စိစစ်ခြင်းကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိ သူ ဦးÓဏ်ဝင်းကပြောသည်။
''ကျွန်တော်တို့ အခုမြို့နယ် တွေကို ညွှန်ကြားချက်ပေးထားပြီ။ သူတို့က စိစစ်ပြီးရင် ထုတ်ပစ်ရမှာ ပေါ့။ ပြီးရင်တော့ ရွေးကောက်ပွဲကော် မရှင်ကို တင်ပြရမယ်။ သိပ်များများ တော့ ရှိမယ်မထင်ပါဘူး။ ယာယီ ကတ်ကိုင်ထား တဲ့သူတွေကို စိစစ်ပြီး ထုတ်ပစ်ရုံနဲ့တော့ ပါတီအင်အားကို မထိခိုက်နိုင်ပါဘူး''ဟု ဆိုသည်။
နိုင်ငံရေးပါတီများ အနေဖြင့် မိမိပါတီတွင်း ယာယီနိုင်ငံသား သက်သေခံ ကတ်(white card)ကိုင် ဆောင်ထားသူများရှိ၊ မရှိစိစစ်ပြီး ဇန်နဝါရီလ အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) သို့တင်ပြ ရန် ကော်မရှင်က ညွှန်ကြား ထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ပါတီဝင်အင်အားများ သည့်အတွက် သတ်မှတ်ရက် တိုးမြှင့် ပေးရန် တောင်းဆို ထားသောကြောင့် UEC က မတ်လအထိ နှစ်လထပ်မံ တိုးမြှင့်ပေးထားခြင်းဖြစ် သည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသို့ ရေနံစိမ်းတန်ချိန် တစ်သိန်းကျော်ပါ သင်္ဘော စတင်ဆိုက်ကပ်

ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသို့ ရေနံစိမ်းတန်ချိန် တစ်သိန်းကျော် ပါသည့် တရုတ်ရေနံတင် သင်္ဘောတစ်စင်း ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စတင်ဆိုက်ကပ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အတွင်းရေးမှူး ဦးကြည်သာက ပြောကြားသည်။

တန်ချိန် သုံးသိန်းဆံ့ သင်္ဘောများ ယင်းဆိပ်ကမ်းတွင် လာရောက် ဆိုက်ကပ်ရေး အတွက် ကနဦးအနေနှင့် ရေကြောင်းအန္တရာယ် ကင်းရှင်းခြင်း ရှိမရှိ စစ်ဆေးရန် လာရောက်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“အခုသင်္ဘောက တရုတ်ပြည်က သူ့ရေနံကို တင်ပြီးလာတာ။ ဆိပ်ကမ်းကို လာပြီး စမ်းသပ်တာပါ” ဟု ဦးကြည်သာက ဆက်လက်ပြောဆိုသည်။

RCSS/SSA အဖွဲ့မှ လူသစ်စုဆောင်းခံရသော ဒေသခံတစ်ဦး လက်နက်မဲ့ အလင်းဝင်ရောက်

Photo: RCSS/SSA အဖွဲ့မှ လူသစ်စုဆောင်းခံရသော ဒေသခံတစ်ဦး လက်နက်မဲ့ အလင်းဝင်ရောက်

Monday, January 26, 2015

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ နယ်မြေခံတပ်ရင်းသို့ ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA)အဖွဲ့မှ လူသစ်စုဆောင်းခံရသော ဒေသခံတစ်ဦး လက်နက်မဲ့ အလင်းဝင် ရောက်လာခဲ့ကြောင်း သတင်းရရှိသည်။
“၀မ်အင်ချောင်းဖျားမှာ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ စစ်ကြောင်းဆီ ကိုလာပြီး အလင်းဝင်တာပါ၊ လက်နက်မဲ့ပါ၊ လူသစ်စုဆောင်းခံရတာတောင် ရက်ပိုင်းပဲရှိသေးတယ်”ဟု တာဝန်ရှိအရာရှိတစ်ဦးကပြောသည်။
အဆိုပါအလင်းဝင်ရောက်လာသူမှာ စိုင်းလုံတစ်၊ အသက်(၃၉)နှစ်၊ ရှမ်း/ဗုဒ္ဓ၊ ရပ်ကွက်(၁)၊ ကျိုင်းတုံမြို့နေသူ ဖြစ်ကြောင်း သိရသည်။

RCSS/SSA အဖွဲ့မှ ၎င်းအား ဇန်န၀ါရီလ ပထမပတ်အတွင်းက လူသစ်အဖြစ်စုဆောင်းသွားခြင်းဖြစ်ကြောင်း၊ ၎င်းအား လူသစ်စုဆောင်းသော အဖွဲ့မှာ ပေါ့ထောက်ဝေါ့ဦးအဖွဲ့မှဖြစ်ပြီး တောထဲတွင် ရွာစဉ်ရွာဆက် လှုပ်ရှားသွားလာနေစဉ် ထွက် ပြေးလာခြင်းဖြစ်ကြောင်း ၎င်းက ပြောကြား သွားသည်။

“ကျိုင်းတုံမြို့ပေါ်မှာနေတဲ့ လူတောင်လာပြီး လူသစ်စုတယ်ဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ၊ အဲဒီလိုခံနေရတဲ့ ဒေသခံတွေ ဘယ်လောက်တောင်ရှိမယ် မသိဘူး၊ တကယ်တော့ အဲဒီအဖွဲ့ဟာ ကျွန်တော်တို့ပြည်နယ်အတွက် ဆက်ကြေးကောက်၊ ရိက္ခာတောင်း၊ လူသစ်စုတာကလွဲလို့ ဘာမှအကျိုး မပြုပါဘူးဗျာ” ဟု ကျိုင်းတုံမြိုကခံတစ်ဦး က ပြောကြားသွားသည်။

စိုင်းလေး(ကျိုင်းတုံ)

Shan News
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ နယ်မြေခံတပ်ရင်းသို့ ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA)အဖွဲ့မှ လူသစ်စုဆောင်းခံရသော ဒေသခံတစ်ဦး လက်နက်မဲ့ အလင်းဝင် ရောက်လာခဲ့ကြောင်း သတင်းရရှိသည်။
“၀မ်အင်ချောင်းဖျားမှာ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ စစ်ကြောင်းဆီ ကိုလာပြီး အလင်းဝင်တာပါ၊ လက်နက်မဲ့ပါ၊ လူသစ်စုဆောင်းခံရတာတောင် ရက်ပိုင်းပဲရှိသေးတယ်”ဟု တာဝန်ရှိအရာရှိ တစ်ဦးက ပြောသည်။
Photo: နေပြည်တော် အပါအဝင် မြို့ကြီးအချို့၌ ဖေဖော်ဝါရီလဆန်းအထိ အအေးပိုမည်

Monday, January 26, 2015

တရုတ်ပြည်သူ့သမ္မတနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသည့် လေဖိအားများရပ်ဝန်း (China High) အားကောင်းနေပြီး အရှေ့မြောက် ဆောင်းမုတ်သုံလေ ပိုမိုအားကောင်းနေသည့်အတွက် နေပြည်တော် အပါအဝင် မြို့ကြီးအချို့၌ ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အတွင်း အအေးပိုမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

နေပြည်တော်၊ မြစ်ကြီးနား၊ တောင်ကြီး၊ လွိုင်ကော်၊ လားရှိုးနှင့် ကျိုင်းတုံမြို့တို့တွင် ယင်းရက်ပိုင်းအတွင်း အအေးပိုနိုင်ပြီး ညအပူချိန်များမှာ ၈ ဒီဂရီစင်တီဂရိတ်မှ ၁၃ ဒီဂရီ စင်တီဂရိတ်အတွင်း ရှိ၍ ကျန်မြို့ကြီးများတွင် ညအပူချိန်မှာ ၁၆ ဒီဂရီ စင်တီဂရိတ်မှ ၁၈ ဒီဂရီ စင်တီဂရိတ်အတွင်း ရှိနိုင်ကြောင်း ၎င်းက ခန့်မှန်းထားသည်။

“ရန်ကုန်မှာက အအေးဓာတ်တော့ ရှိတာပေါ့။ ဒါပေမဲ့ တခြားမြို့တွေနဲ့ ယှဉ်ရင်တော့ ပျမ်းမျှ ညအပူချိန် ၃ ဒီဂရီ စင်တီဂရိတ်လောက်ပဲ လျော့ကျနိုင်တယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနေပြီး ထူးခြားသည့် ညအပူချိန်များမှာ ပင်လောင်းမြို့နှင့် လွိုင်လင်မြို့တို့တွင် ၂ ဒီဂရီ စင်တီဂရိတ်၊ နမ့်စန်မြို့နှင့် ဟားခါးမြို့တို့တွင် ၃ ဒီဂရီ စင်တီဂရိတ်နှင့် ဟဲဟိုးမြို့တွင် ၄ ဒီဂရီ စင်တီဂရိတ်သာ ရှိကြောင်း အဆိုပါဌာနက ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

The Voice Weekly
တရုတ်ပြည်သူ့သမ္မတနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသည့် လေဖိအားများရပ်ဝန်း (China High) အားကောင်းနေပြီး အရှေ့မြောက် ဆောင်းမုတ်သုံလေ ပိုမိုအားကောင်းနေသည့်အတွက် နေပြည်တော် အပါအဝင် မြို့ကြီးအချို့၌ ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အတွင်း အအေးပိုမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ဆိုင်ကယ် စီးနင်းမှုများကို အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း ဖမ်းဆီးမည်


ရပ်ကွက် အတွင်း ဆိုင်ကယ် စီးနင်းမှုများကို ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဖမ်းဆီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် (၂)၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ သိရသည်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက ဒီရပ်ကွက်မှာ ဒေသခံတွေ ဖြစ်တဲ့ အတွက် ဒါကို ပိုပြီး လုပ်ဆောင်နိုင် ပါတယ်။ တိတိကျကျ စာရင်း ကောက်ပြီး လုပ်ဆောင်ရင် ခရီး ပိုရောက်မှာပါ ဟု အမှတ် (၂)၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ ခွဲမှူးရုံးမှ ဒုရဲမှူးကြီး လင်းထွဋ်က ပြောသည်။

ဂျပန်ဓားစာခံ နှစ်ဦးအနက် တစ်ဦးကို IS အုပ်စု သတ်ဖြတ်ဟု ယူဆရ၊ ဂျပန်ဝန်ကြီးချုပ် အမျက်ကြီးစွာထွက်

ဖမ်းဆီးခံထားရသော ဂျပန်လူမျိုး ဓားစာခံနှစ်ဦး ရှိသည့်အနက် တစ်ဦးကို သတ်ဖြတ်လိုက်ပြီဟု ဆိုထားသည့် ဗီဒီယိုအား အစ္စလာမ္မစ်နိုင်ငံတော် (IS) အစွန်းရောက်အုပ်စုက ထုတ်ပြန်လိုက်မှုကို ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။
IS အုပ်စုသည် ဖမ်းဆီးထားသော ဓားစာခံများကို ၇၂ နာရီအတွင်း ဒေါ်လာ သန်း ၂၀၀ ဖြင့် ရွေးရမည်ဟု တောင်းဆိုခဲ့သည့် သတ်မှတ်ကာလ ကျော်လွန်သွားပြီးနောက် ဟာရူနာယူကာဝါဟု အမည်ရသည့် ဓားစာခံတစ်ဦးကို သတ်ဖြတ်လိုက်ပြီဟု ဗီဒီယိုခွေ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ရက်စက်ကြမ်းကြုတ်ပြီး မည်သို့မျှ လက်သင့်ခံဖွယ် မရှိသော လုပ်ရပ်အဖြစ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ကာ ကျန်ရှိသော ဓားစာခံ ကင်ဂျီဂိုတိုကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုသည်။

ကျောင်းသားသပိတ် စစ်ကြောင်းကို မြို့နယ် ခြောက်ခုမှ ရဲတပ်ဖွဲ့ဝင်တို့က ဆန္ဒပြ ခွင့်ပြုမိန့် တင်ပြရန် သတိပေး

ရန်ကုန် (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက် လှုပ်ရှားမှု ရက် ၆ဝ အလွန် လှုပ်ရှားမှုအဖြစ် ဇန်နဝါရီ ၂ဝ ရက်က မန္တလေးမြို့မှ စတင် ထွက်ခွာလာသည့် ကျောင်းသားထု သပိတ်မှောက်စစ်ကြောင်းကို ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ-၁၈ အရ ခွင့်ပြုမိန့် တင်ပြရန် မြို့နယ်ခြောက်ခုမှ မြို့အဝင်လမ်းတွင် ရဲတပ်ဖွဲ့များက သတိပေးခဲ့ကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုမင်းသွေးသစ်က မဇ္ဈိမကို ပြောသည်။အဆိုပါ ခွင့်ပြုမိန့်တင်ရန် မန္တလေး၊ ပုလိပ်၊ ကျောက်ဆည်၊ မြစ်သား၊ နွားထိုးကြီးနှင့် မြင်းခြံမြို့များရှိ ရဲတပ် ဖွဲ့ တာဝန်ရှိသူများက မြို့ဝင်လမ်းတွင် သတိပေးခဲ့ခြင်း ဖြစ်သည်။

မန္တလေးနန်းတွင်းရှိ တပ်ထောင်တွင် တာဝန်ကျတပ်ကြပ်ကို သတ်ဖြတ်ပြီး အကျဉ်းသားများ ထွက်ပြေး


 မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ထောင်တွင် တာဝန်ကျတပ်ကြပ်ကို သတ်ဖြတ်ပြီး အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်သွားမှု ဇန်န၀ါရီ ၂၄ ရက်ညက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၂၅ ရက် နံနက် ၂ နာရီခန့်တွင် တပ်ထောင်မှ တာဝန်ကျတပ်ကြပ်တစ်ဦးကို သတ်ကာ အကျဉ်းသား ရှစ်ဦးခန့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သူများကပြောသည်။ စားဖိုဆောင်တွင် တာဝန်ကျသည့် အကျဉ်းသားများက တပ်ကြပ်ကိုသတ်ကာ ထွက်ပြေးသွားခြင်းဖြစ်ပြီး နံနက်မှသာ သိရှိခဲ့ရသည်ဟုလည်း တပ်နှင့် နီးစပ်သူများကပြောသည်။

ကျောင်းသားသပိတ် စစ်ကြောင်းများ ထပ်တိုးချဲ့ရန်နှင့် ရန်ကုန်တွင် သပိတ်စခန်းဖွင့်ရန် စီစဉ်


အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်သပိတ်မှောက်ပွဲများ နိုင်ငံလုံးအနှံ့ ထပ်မံပေါ်ပေါက်လာစေရန် အထက်မြန်မာပြည် သပိတ်စစ်ကြောင်းများအပြင် အောက်မြန်မာပြည် သပိတ်စစ်ကြောင်းများပါ ထပ်မံတိုးချဲ့ရန် စီစဉ်နေပြီး ရန်ကုန်တွင် သပိတ်စခန်းဖွင့်မည် ဖြစ်ကြောင်း ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုရဲဇာနည်ထွန်းက The Voice သို့ ပြောကြားသည်။
အဆိုပါ သပိတ်စစ်ကြောင်းများသည် ရန်ကုန်မြို့တော်တွင် ပူးပေါင်းပြီး သပိတ်စခန်း ဖွင့်လှစ်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

လားဟူတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတွင် နိုင်ငံကျော်တေးသံရှင်များ အခမဲ့ဖျော်ဖြေမည်

ရှမ်းပြည်နယ်အရှေ့ပိုင်း၏ မြို့တော် ကျိုင်းတုံမြို့၌ ဇန်နဝါရီလ ၂၇ ရက်နေ့က စတင်၍ သုံးရက်ကြာ ကျင်းပမည့် တတိယအကြိမ်မြောက် လားဟူ တိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူး ပွဲတော်တွင် ရုပ်ရှင်သရုပ်ဆောင် စိုးပြည့်သဇင် အပါအဝင် နိုင်ငံကျော်တေးသံရှင်များဖြင့် အခမဲ့ဖျော်ဖြေမည် ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီတို့ထံမှ သိရသည်။
ကျိုင်းတုံမြို့ ဟွေခါးကျေးရွာ လားဟူစာပေနှင့် ယဉ်ကျေးမှုရုံး၌ တတိယအကြိမ်မြောက် ကျင်းပမည့် ယင်းပွဲတော်ကို ဇန်နဝါရီလ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း၊ ယင်းပွဲတော် ကာလအတွင်း လားဟူတိုင်းရင်းသား ရိုးရာအကများဖြင့် ဖျော်ဖြေမည့်အပြင် ဇန်နဝါရီလ ၂၉ ရက်နေ့၌ ရုပ်ရှင်သရုပ်ဆောင် စိုးပြည့်သဇင် အပါအဝင် နောနော်၊ အိုင်ရင်းဇင်မာမြင့်၊ ကောင်းကောင်း၊ အိုက်ထွန်းနှင့် Baung စသည့် နိုင်ငံကျော်တေးသံရှင်များဖြင့် အခမဲ့ဖျော်ဖြေပေးမည် ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီဝင်တစ်ဦးက ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်ကို ဥပဒေနှင့်အညီ ပြန်လည်ဖွဲ့စည်းပေးရန် လူထုလက်မှတ်များ ကောက်ခံမည်

ရန်ကုန် (မဇ္ဈိမ)။ ။ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဥပဒေနှင့်အညီ ပြန်လည်ဖွဲ့စည်းပေးရန် လူထုလက်မှတ်များ ကောက်ခံသွားမည်ဟု ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ ကိုမြတ်ကျော်က ဇန်နဝါရီ ၂၅ ရက်တွင် ပြောဆိုလိုက်သည်။''ရွေးကောက်ပွဲကို ပြည်သူလူထု စိတ်ဝင်စားမှု အားနည်းနေတာကို မြှင့်တင်ချင် တယ်။ ရွေးကောက်ပွဲက တရားမျှတဖို့ဆိုရင် ကော်မရှင်တွေက ဥပဒေနဲ့ ညီဖို့လိုပါတယ်။ ခုကော်မရှင်တွေက ဥပဒေနဲ့အညီ တရား မဝင်ဘူး။ ဒါကြောင့် ဥပဒေနဲ့အညီ ပြန်လည် ဖွဲ့စည်းပေးနိုင်အောင် ပြည်သူလူထု က လက်မှတ်ရေးထိုး တောင်းဆိုသွားဖို့ ဒီနေ့ကစပြီး လှုပ်ရှားမှု လုပ်ဆောင်သွားမှာပါ'' ဟု ၎င်းက ဆိုသည်။

သတ္တုတွင်းဥပဒေ ပြဋ္ဌာန်းပြီးပါက ရွှေဒင်္ဂါးပြားနှင့် ရွှေချောင်းများကို နိုင်ငံတကာသို့ တရားဝင် တင်ပို့ရောင်းချခြင်းနှင့် တင်သွင်းဝယ်ယူခြင်း ပြုလုပ်နိုင်မည်

Photo: သတ္တုတွင်းဥပဒေ ပြဋ္ဌာန်းပြီးပါက ရွှေဒင်္ဂါးပြားနှင့် ရွှေချောင်းများကို နိုင်ငံတကာသို့ တရားဝင် တင်ပို့ရောင်းချခြင်းနှင့် တင်သွင်းဝယ်ယူခြင်း ပြုလုပ်နိုင်မည်

Monday, January 26, 2015

သတ္တုတွင်းဥပဒေ ပြဋ္ဌာန်းပြီးပါက ရွှေဒင်္ဂါးပြားနှင့် ရွှေချောင်းများကို နိုင်ငံတကာသို့ တရားဝင်တင်ပို့ ရောင်းချခြင်းနှင့် တင်သွင်းဝယ်ယူခြင်းများ ပြုလုပ်နိုင် မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဇန်န၀ါရီ ၂၄ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ် ငန်းရှင်များအသင်း၏ ဆဋ္ဌမအကြိမ် နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြား သည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က “ရွှေဒင်္ဂါးပြားနဲ့ ရွှေချောင်းတွေကို နိုင်ငံတကာဈေးကွက်ကို တင်ပို့ရောင်းချခြင်း တင်သွင်းဝယ်ယူခြင်း စတာတွေကို သတ္တုတွင်းဥပဒေပြဋ္ဌာန်းပြီး ခွင့်ပြုပေးတော့ မှာ ဖြစ်ပါတယ်။ ပြည်တွင်းရွှေလုပ်ငန်းရှင်တွေ အနေနဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ရောင်းဝယ်ခြင်း လုပ်ငန်းတွေကို ဆက်သွယ်လေ့လာထားဖို့ လိုအပ်ပါတယ်” ဟု ပြောကြားသည်။

ယင်းအပြင် ရွှေအရည်အသွေးကို ၉၉ ဒသမ ၉၉ ထုတ်လုပ်ခြင်း၊ ကျပ်၊ ပဲ၊ ရွေး စနစ်မှ ဂရမ်၊ အောင်စ စနစ်သို့ ပြောင်းလဲကျင့်သုံးခြင်းနှင့် စတော့ရှယ်ယာဈေး ကွက် စနစ်ကို ကျင့်သုံးခြင်း စသည်တို့မှာ မလွဲမသွေ ဖြစ်လာမယ့် အခြေ အနေကောင်းများ ဖြစ်ကြောင်း၊ ပြောင်းလဲလာသည့် အခြေအနေနှင့် အညီ နိုင်ငံတကာနှင့် အရောင်းအ၀ယ် ပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင် ထားရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

မြန်မာ့ရွှေအား ဈေးကွက်အတွင်း တရားဝင်ရောင်းဝယ်မှု ပြုလုပ်လျက် ရှိသော်လည်း ထုတ်လုပ်ခြင်းနှင့် ရောင်းချမှု အပိုင်းတွင် မှောင်ခိုထွက်ရှိမှု ရှိနေပြီး အဓိကအားဖြင့် မြန်မာ-တရုတ် နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ထွက်ရှိမှု အများဆုံးဖြစ်ကြောင်း သိရသည်။
ပြည်တွင်းထုတ် ရွှေထည်နှင့် လက်ဝတ်ရတနာများ ပြည်ပသို့ တင်ပို့ရာတွင် ဖြစ်ပေါ်လာမည့် ဈေးကွက်အခြေအနေအား မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်း(ဦးထုံရွှေဆိုင်)က “ပြည်ပကို တရားဝင် ရွှေတင်ပို့ခွင့် ပြုမယ်ဆိုရင် ပြည်တွင်းက ရွှေလက်ဝတ်ရတနာလုပ်တဲ့ အသေးစား၊ အလတ်စား လုပ်ငန်းတွေ တိုးတက်လာမှာပါ။ ပြီးတော့ တရားဝင်တင်ပို့ရမှာ ဖြစ်တဲ့အတွက် နယ်စပ်ကနေ ထွက်နေတဲ့ တရားမ၀င် ကုန်သွယ်မှုတွေ တရားဝင်ကုန်သွယ်မှု လမ်းကြောင်းပေါ် ရောက်လာမှာပေါ့။ အခုက တရားဝင် တင်ပို့ချင်ရင်တောင် ခွင့်ပြုချက် မရှိတော့ တရားဝင်လုပ်လို့ မရတဲ့ အနေအထား ဖြစ်နေတယ်။ အသင်းက တင်ပြချက်အချို့ ပါဝင်တဲ့ သတ္တုဥပဒေ ပြင်ဆင်ချက်တွေကိုလည်း အတည်ပြု ပြဋ္ဌာန်းတာမျိုးတွေ မလုပ်ရသေးတော့ နောက်ပိုင်းဥပဒေကိစ္စတွေ ပြီးရင်တော့ ပြည်ပကို တင်ပို့မယ့် ကိစ္စတွေ ဖြစ်လာမှာပါ။ တင်ပို့ဖြစ်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ထိုင်းကို တရားဝင်တင်ပို့မယ် ဆိုရင်ပဲ ဈေးကွက်ရပစ္စည်း ဖြစ်လာမှာပါ” ဟု ပြောပြသည်။

လက်ရှိ ရွှေအရောင်းအ၀ယ်ဈေးကွက်တွင် ကမ္ဘာ့ရွှေဈေး မြင့်တက်လာ မှုကြောင့် ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်နေပြီး ဇန်န၀ါရီ ၂၅ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၆၉၇၀၀၀ ၀န်းကျင်နှင့် ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၆၆၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

Eleven Media Group
သတ္တုတွင်းဥပဒေ ပြဋ္ဌာန်းပြီးပါက ရွှေဒင်္ဂါးပြားနှင့် ရွှေချောင်းများကို နိုင်ငံတကာသို့ တရားဝင်တင်ပို့ ရောင်းချခြင်းနှင့် တင်သွင်းဝယ်ယူခြင်းများ ပြုလုပ်နိုင် မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဇန်န၀ါရီ ၂၄ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ် ငန်းရှင်များအသင်း၏ ဆဋ္ဌမအကြိမ် နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြား သည်။