Wednesday, February 25, 2015

ကိုးကန့်တိုက်ပွဲတွင် ပါဝင်ပတ်သက်ကြောင်း တပ်မတော်ပြောကြားမှု ‘၀’ နှင့် မိုင်းလားအဖွဲ့ ပူးတွဲကြေညာချက် ယနေ့ထုတ်ပြန်မည်


ကိုးကန့်တိုက်ပွဲတွင် ‘၀’ နှင့် မိုင်းလားအဖွဲ့တို့ ပါဝင်နေ ကြောင်း တပ်မတော်၏ ပြောကြား ချက်နှင့် ပတ်သက်၍ ‘၀’ပြည်သွေး စည်းညီညွတ်ရေးတပ်မတော်နှင့် မိုင်းလားအဖွဲ့တို့က ပူးတွဲကြေ ညာချက်တစ်စောင်ကို ဖေဖော်ဝါ ရီ ၂၅ ရက်တွင် ထုတ်ပြန်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
ထိုသို့ ထုတ်ပြန်နိုင်ရန် ‘၀’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နှင့် မိုင်းလားအဖွဲ့တို့ ဖေ ဖော်ဝါရီ ၂၄ ရက်တွင် အစည်း အဝေးပြုလုပ်ခဲ့ကြောင်း တရုတ် မြန်မာနယ်စပ်ရှိ အဆိုပါအဖွဲ့နှင့် နီးစပ်သူတစ်ဦးက အတည်ပြု ပြောကြားသည်။

မတရားပါ ခင်ဗျာ . . .

(၁)

ရွှေပြည်သာ စက်မှုဇုန် နယ်မြေက အထည်ချုပ် စက်ရုံ အလုပ်သမားတွေ လုပ်ခလစာ တိုးပေးဖို့ ဆန္ဒပြ တောင်းဆိုနေတာနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ချက် သုံးစောင် ထွက်လာပါတယ်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းတို့က ထုတ်ပြန်တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့ပါ တယ်။ အဲဒီနေ့မှာပဲ ဆန္ဒပြအလုပ်သမားတွေ နဲ့ ညှိနှိုင်းဆွေးနွေးမှု လုပ်ခဲ့ပါသေးတယ်။ ပြေလည်မှု မရခဲ့ပေမဲ့ သုံးရက်အတွင်း ဖြေရှင်းပေးမယ်ဆိုတဲ့ ကတိပြောခဲ့ပါတယ်။

ခင်ဦးမြို့နယ်တရားသူကြီးအား အလိုမရှိကြောင်းနှင့် မျှတသော တရားစီရင်မှုစနစ် ပေါ်ပေါက်စေရန် ဒေသခံများ ဆန္ဒပြ

ခင်ဦးမြို့နယ်တရားသူကြီးအား အလိုမရှိကြောင်း ဒေသခံများက ဖေဖော်ဝါရီ ၂၄ ရက်တွင် မြို့တွင်းလမ်းများမှ တရားရုံးသို့ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။ ခင်ဦးမြို့နယ် မဒေါင်းကြီးကျေးရွာ ဒေသခံများဦးဆောင်သော ရာဂဏန်းခန့်ရှိ ဆန္ဒထုတ်ဖော်သူများက အဂတိတရားကင်းရှင်းပြီး မျှတသော တရားစီရင်ရေးစနစ်ကို အလိုရှိကြောင်း နှင့် ၎င်းတို့ကျေးရွာမှ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ကို မြို့နယ်တရားရုံးက ဒဏ်ငွေရိုက်ခြင်း အပေါ် အဓိက ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း သိရသည်။

Tuesday, February 24, 2015

မြို့ပြဆူညံမှုများနှင့် ကင်းလွတ်ရာပန်းဆိုးတန်းက RangoonTea House


ဓာတ်ပုံများ -  Steve Tickner/ The Irrawaddy


 အင်္ဂလန်နိုင်ငံမြောက်ပိုင်းတွင် ကြီးပြင်းခဲ့ရသော်လည်း မြန်မာနိုင်ငံသည် ကိုထက်မြက်ဦးအတွက် အပျော်ဆုံး နေရာ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် သူတို့မိသားစုအားလပ်ရက်များတွင် သွားရောက်လေ့ရှိသည့် နေရာဖြစ်သလို ဆန်းဒါးလန်းမှာရှိစဉ် သူ့မိခင် ချက်ကျွေးတတ်သော အစားအစာများ၏ မူရင်းဒေသလည်း ဖြစ်နေပါသည်။

ကမ္ဘာ့ ကံအကောင်းဆုံး လူသား

ပုံမှာ မြင်တွေ့နေရတဲ့ လူကို ကမ္ဘာ့ကံအကောင်းဆုံး လူသားလို့လည်း ပြောစမှတ်ပြုကြပါတယ်။ သူဟာ ခရော်တီးယားနိုင်ငံက အသက် ၈၁နှစ်အရွယ် Frano Selak အမည်ရ အမျိုးသား ဖြစ်ပါတယ်။ သူဟာ သီချင်း သင်ကြားပေးတဲ့ ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်ကစလို့ သေဘေးနဲ့ စတင်ကြုံတွေ့ရပါတယ်။ အဲ့တုန်းက သူစီးတဲ့ ရထားဟာ ရထားလမ်းလျှော်ပြီး ရေခဲရေထဲက ကျတဲ့အခါ သေဆုံးသူများ ရှိခဲ့ပြီး သူဟာ လက်မောင်းဒဏ်ရာအချို့ ရရှိပြီးသာ ကျန်ခဲ့ပါတယ်။ တစ်နှစ်အကြာမှာတော့ သူစီးတဲ့ လေယာဉ်ဟာ အရေးပေါ် ထွက်ပေါ် မတော်တဆ ပြုတ်ထွက်ပြီး ၁၉ ဦးသေဆုံးတဲ့ အက်ဆီးဒန့်မှာ သူဟာ ကောက်ရိုးပုံပေါ် ကျပြီး ဒဏ်ရာအနာတရရရှိလို့ အသက်ဘေးမှ လွတ်ခဲ့ပါ သေးတယ်။ နောက်လေးနှစ်ကြာတဲ့အခါ သူစီးတဲ့ ဘတ်စ်ကားဟာ ရေထဲ ကျပြီး လေဦးသေပါတယ်။ သူကတော့ ရေကူးပြီး အပေါ်ကို ပြန်တက်နိုင်ခဲ့ ပါတယ်။ ၁၉၇၀ ခုနှစ်အရောက်မှာတော့ နံပါတ်လေးခုမြောက် အက်ဆီးဒန့် ဖြစ်ပြီး သူမောင်းတဲ့ ကား အက်ဆီးဒန့် ဖြစ်ပြီး ဆီတိုင်ကီ မပေါက်ကွဲခင် ကားကနေ အမြန် ထွက်နိုင်ခဲ့တာကြောင့် သေလုနီးနီး အခြေအနေမှ လွတ်မြောက်သွားခဲ့ ပါတယ်။

တိုက်ပွဲဝင် တပ်မတော်သားများအား ကိုယ်တိုင်အားပေးခဲ့သည့် အနုပညာရှင်များ

အနုပညာရှင်များအနေဖြင့် လောက်ကိုင်မြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကျဆုံးသွားသော တပ်မတော်သားများနှင့် တိုက်ပွဲဝင်တပ်မတော်သားများအတွက် အားပေးစာများ ရေးသား ပို့ပေးခဲ့သကဲ့သို့ ကောက်ခံရရှိသည့် အလှူငွေများကိုလည်း ဖေဖော် ၀ါရီ ၂၁ ရက်က အနုပညာရှင်များ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့သည်။ ထို့ကြောင့် ယင်းအစီအစဉ်တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှူဒါန်းခဲ့သူအချို့၏ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။
မေသန်းနု

လစာတိုးပေးရန် အကြမ်းဖက် ဆန္ဒပြ တောင်းဆိုသူများနှင့် သွေးထိုးလှုံ့ဆော်သူများကို အရေးယူမည်ဟု အစိုးရ ထုတ်ပြန်

လုပ်ခလစာတိုးမြှင့်ရေး အတွက် အကြမ်းဖက်ဆန္ဒပြ တောင်းဆိုမှုများတွင် ပါဝင်ပတ် သက်သူများနှင့် သွေးထိုးလှုံ့ဆော် သူများကို တည်ဆဲဥပဒေများ နှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အလုပ်သ မား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန် သည်။
အဆိုပါ ထုတ်ပြန်ချက်နှင့် အတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း လုပ်ခလစာ တိုးမြှင့်တောင်းဆိုမှုများကို ဆက် လက်ညှိနှိုင်းသွားမည်ဖြစ်ပြီး ဥပဒေနှင့် မညီညွတ်သော အကြမ်းဖက် တောင်းဆိုဆန္ဒပြမှုများ၊ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ဦးတည်ဆောင်ရွက်သူများကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ကို ထပ်မံသတိပေးလိုက်ကြောင်း သတင်းထုတ်ပြန်သည်။

လစာတိုးပေးရန် အကြမ်းဖက် ဆန္ဒပြ တောင်းဆိုသူများနှင့် သွေးထိုးလှုံ့ဆော်သူများကို အရေးယူမည်ဟု အစိုးရ ထုတ်ပြန်


လုပ်ခလစာတိုးမြှင့်ရေး အတွက် အကြမ်းဖက်ဆန္ဒပြ တောင်းဆိုမှုများတွင် ပါဝင်ပတ် သက်သူများနှင့် သွေးထိုးလှုံ့ဆော် သူများကို တည်ဆဲဥပဒေများ နှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အလုပ်သ မား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန် သည်။

အစိုးရစစ် အဋ္ဌမတန်းစာမေးပွဲ သင်္ချာမေးခွန်း ပေါက်ကြားမှု ဖြစ်ဟုဆို

မန္တလေးတိုင်းဒေသကြီး အခြေခံပညာအဋ္ဌမတန်းစာမေးပွဲ တွင် သင်္ချာဘာသာရပ်မဖြေဆိုမီ တစ်ရက်က မေးခွန်းလွှာကြိုတင် ပေါက်ကြားမှုဖြစ်ပေါ်ခဲ့ကြောင်း မန္တလေးမြို့ ပညာရေးအသိုင်း အဝိုင်းမှ သတင်းရရှိသည်။

ဖေဖော်ဝါရီ ၂၃ ရက်တွင် ဖြေဆိုရမည့် သင်္ချာဘာသာရပ် မေးခွန်းလွှာမှာ ဖေဖော်ဝါရီ ၂၂ ရက်တွင်ပြင်ပသို့ပေါက်ကြားနေပြီး မန္တလေးဒေသခံတက္ကသိုလ် ဆရာအချို့၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာ၌ ဖော်ပြထားခြင်းဖြစ်သည်။

ဆီးရီးယားနိုင်ငံတွင် ငါးလအတွင်း စစ်သွေးကြွ ၁၆ဝဝ ကျော် ချေမှုန်းနိုင်


အမေရိကန်ဦးဆောင်သည့် လေကြောင်းတိုက်ခိုက် ရေးဆင်နွှဲမှုကြောင့် ငါးလအတွင်း ဆီးရီးယားနိုင်ငံရှိ အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေး အဖွဲ့ဝင်ပေါင်း ၁၆ဝဝ ကျော် သေဆုံးခဲ့ကြောင်း စောင့်ကြည့်လေ့လာသူ တစ်ဦးက ဆိုသည်။
အဆိုပါသေဆုံးသူများအနက် အများစုမှာအိုင်အက်စ် စစ်သွေးကြွများနှင့် အယ်ခိုင်ဒါအဖွဲ့များဖြစ်ပြီး အရပ်သား ၆၂ ဦးသာပါဝင်ကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောသည်။

ပညာရေး ဥပဒေကြမ်း ပြင်ဆင်ရန် အကြံပြုစာများသောကြောင့် ကျောင်းသားများနှင့် တွေ့ဆုံရန် ရက်မသတ်မှတ်နိုင်သေးဟုဆို

Yadanarbon-University-Student-Strike-11-s
နေပြည်တော် (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေကြမ်းပြင်ဆင်ရန် ပြည်သူများထံမှ အကြံပြု စာများ ပြားနေသည့်အတွက် သပိတ်မှောက် ကျောင်းသားများနှင့် ယခုအပတ်တွင် တွေ့ဆုံမည်ဖြစ်သော်လည်း ရက်အတိအကျ မသတ်မှတ်ရသေးဟု အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောသည်။
''အကြံပြုစာတွေက တော်တော်ကိုများနေတယ်။ ကျောင်းသားတွေနဲ့က ဒီအပတ်ထဲတွေ့မှာပါ။ သို့သော် ရက်မသတ်ရသေးဘူး။ စောစောက အကြံပြုစာတွေက ဒီကနေ့အထိ ပို့ပေးနေကြတုန်း။ လွှတ်တော်ကိုယ် စားလှယ်တွေ လေ့လာနိုင်ရန် ဖြန့်ပေးဖို့ရှိတယ်'' ဟု ၎င်းက ပြောသည်။

လုံးပတ် ငါးလက်မရှိသစ်ချောင်းကြီး လည်ပင်းထုတ်ချင်းပေါက်စူးဝင်ခဲ့သူ အား တောင်ငူခရိုင်ဆေးရုံကြီးမှ အောင်မြင်စွာခွဲစိတ်ကုသပေးခဲ့


အသက် (၄၆)နှစ်အရွယ် အမျိုး သားတစ်ဦး၏ လည်ပင်းထဲသို့ လုံးပတ် ငါးလက်မ၊ အရှည် ငါးပေ ရှိ သစ်ချောင်းကြီး ထုတ်ချင်းပေါက် ဝင်ခဲ့သော် လည်း တောင်ငူခရိုင် ပြည်သူ့ဆေးရုံကြီးမှ ခွဲစိတ်ဆရာဝန် များက အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ကျောက် ကြီးမြို့နယ် ကျောက်ခဲကြီးကျေးရွာ နေ ဦးမျိုးခိုင် သည် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၇ နာရီခန့်က မီးဖို ချောင်သုံး ထင်းအတွက် ပျဉ်းကတိုး ပင်ပေါ်တက်၍ ကိုင်းဖျား ကိုင်းနားများ

စစ်ဗျူဟာအရ အရေးကြီးတောင်ကုန်းများ တပ်မတော် သိမ်းပိုက်


ဖေဖော်ဝါရီ ၂၃ ရက်တိုက်ပွဲများတွင် တပ်မတော်မှ သုံးဦးကျ၊ ခုနစ်ဦးဒဏ်ရာရ၊ ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့မှ ခြောက်ဦးသေ
လောက်ကိုင်−ကုန်း ကြမ်းကားလမ်းပေါ်ရှိ ၁၈ မိုင် လမ်းဆုံအနီးတစ်ဝိုက် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့များ ခြေ ကုပ်ယူထားသော စစ်ဗျူဟာအရ အရေးကြီးသည့် တောင်ကုန်း များကို တပ်မတော်က သိမ်းပိုက် နိုင်ပြီး နောက်တစ်နေ့တွင် အခြားနေရာ၌ တိုက်ပွဲများဆက် လက်ဖြစ်ပွားရာ နှစ်ဖက်ကျဆုံး မှုများရှိကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ပြင်ဆင်ချက် ၇၅ ချက်ဖြင့် ပြည်သူ့လွှတ်တော်သို့ တင်သွင်း

မျိုးစောင့်ဥပဒေ လေးမျိုးတွင် ပါဝင်သည့် မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူး ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ကို ပြည်သူ့လွှတ်တော်ဥပဒေ ကြမ်းပူးပေါင်းကော်မတီက ပြင် ဆင်ချက် ၇၅ ချက်ဖြင့် ပြည်သူ့ လွှတ်တော်သို့ တင်သွင်းလိုက် ကြောင်း သတင်းရရှိသည်။
အဆိုပါ ဥပဒေကြမ်းကို ယခုလ ၂၃ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော်(၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး၌ပြည်ထောင်စုတရားလွှတ်တော် ချုပ်က တင်သွင်းခဲ့ကာ ဖော်ပြပါ ကော်မတီမှလည်း ပြင်ဆင်ချက် များ ပါဝင်သည့် ဥပဒေကြမ်းကို တစ်ပြိုင်နက် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှာမျှ မရှိသော အခြားနိုင်ငံမြို့တော်အထိ တရုတ်အလံ၊ စတစ်ကာနှင့် နံပါတ်တပ်ကားများ မောင်းနှင်မှုမှာ နယ်စပ်ကညနသို့ အကြောင်းကြား၍ ခွင့်ပြုခဲ့ခြင်းဟုဆို

ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှာမျှ မရှိသော အခြားနိုင်ငံမြို့တော်အထိ တရုတ်အလံ၊ စတစ်ကာနှင့် နံပါတ်တပ်ကားများ မောင်းနှင်မှုမှာ နယ်စပ် ကညနသို့ အကြောင်းကြား၍ ခွင့်ပြုခဲ့ခြင်းဟု တာဝန်ရှိသူ များ၏ ပြောဆိုမှု အရ သိရသည်။
မန္တလေးမြို့တွင် ဖေဖော်ဝါရီ ၂၁ ရက် နှင့် ၂၂ ရက်တို့တွင် တရုတ်နိုင်ငံအလံ၊ စတစ်ကာနှင့် နံပါတ်တပ် ကားများ မောင်းနှင်မှုများသည် မူဆယ်-မန္တလေး နိုင်ငံခြားသားသီးသန့် ယာဉ်လိုင်းပြေးဆွဲရန် လာရောက် လေ့လာခြင်းဖြစ်ကာ ၎င်းတို့သည် သက်ဆိုင်ရာ နယ်စပ်ကညနသို့ အကြောင်းကြားခဲ့ကြောင်း အမှတ် (၁၁) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောင်းသားများအား ပြင်းထန်စွာရိုက်သည့် ဘော်ဒါကျောင်းဆရာကို အမှုဖွင့်

စာမေးပွဲဖြေဆိုနေသော အဋ္ဌမတန်း၊ န၀မတန်းကျာင်းသားများ အား ငါးမူးလုံး ရေပိုက်ဖြင့် အ ချက်ငါးဆယ်ကျော် ရိုက်နှက်အ ပြစ်ပေးသော ပုဂံရွှေပြည်ဘော်ဒါ ဆောင်မှ ဆရာတစ်ဦးကို ပုဒ်မ ၃၂၃ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၂၁ ရက် ညတွင် ပုဂံမြို့ရှိ ပုဂံရွှေပြည် ဘော်ဒါဆောင်မှ ဆရာဦးကျော်စိုးကြည် သည် စာမေးပွဲဖြေဆိုနေသော န၀မတန်းကျောင်းသားများနှင့် အဋ္ဌမတန်းကျောင်းသား ငါးဦး ခန့်အား ငါးမူးလုံးရေပိုက်ဖြင့် အချက်ငါးဆယ်ကျော် ရိုက်နှက်ခဲ့သည်။၎င်းတို့အနက်မှ အဋ္ဌမတန်း ကျောင်းသားအသက် (၁၄) နှစ်အရွယ် မောင်လင်းဝေသန့်သည် ရိုက်နှက်ခံရမှုကြောင့် တင်ပါးတွင် အညိုအမည်းဒဏ်ရာများ ရရှိခဲ့သည်။

ဖုန်းလိုင်းမမိ၍ လက်ကိုင်ဖုန်းများကိုင်ပေါက် ပစ်ခွဲဆန္ဒပြ

ကသာမြို့တွင် MPT ဖုန်းလိုင်းမမိ၍ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းရုံးရှေ့၌ ဆန္ဒပြသူ များက လက်ကိုင်ဖုန်းများ မြေပြင်တွင်ကိုင်ပေါက်ခွဲပစ်၍ ဆန္ဒဖော် ထုတ်ခဲ့ကြကြောင်းသတင်းရရှိ သည်။
ဖေဖော်ဝါရီ ၂၂ ရက်နံနက် က ဆန္ဒဖော်ထုတ်သူ ၅၀ ကျော်မှာကသာခရိုင်အတွင်း မြန်မာ့ဆက် သွယ်ရေး MPT ၏ ဂျီအက်စ်အမ် ဖုန်းလိုင်းများဆက်သွယ်ရာတွင် သုံးလကျော်ပြတ်တောက်နေမှုကို အမြန်ဆုံး ဖြေရှင်းပေးရန် ဆန္ဒ ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ ကသာမြို့ခံ ဆန္ဒဖော်ထုတ်သူများ ကတယ် လီဖုန်းလိုင်းများ ကောင်းမွန်ရေး၊ အင်တာနက်လိုင်းများကောင်းမွန် ရေး၊ ဖုန်းခေါ်ဆိုခများလျှော့ချပေး ရေးတို့ကို တောင်းဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

စစ်မက်ဖြစ်ပွားရာ ဒေသများအကြောင်း သတင်းရယူ တင်ပြရာတွင် မည်သည့်ခြိမ်းခြောက်မှုမှ မရှိစေရေး စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် တပ်မတော် အမြန်ဆုံးဆွေးနွေးရန် PEN Myanmar တိုက်တွန်း

စစ်မက်ဖြစ်ပွားရာ ဒေသများအကြောင်း သတင်းရယူတင်ပြရာတွင် မည်သည့်ခြိမ်းခြောက် မှုမျိုးမှ မရှိစေရေး စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် တပ်မတော်တို့ အမြန်ဆုံးဆွေးနွေးရန် တိုက်တွန်းသည့် သဘောထား ထုတ်ပြန်ချက် တစ်ရပ်ကို စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာများနှင့် အနုပညာရှင်များ ပါဝင်ဖွဲ့စည်းထားပြီး လွတ်လပ်စွာရေးသား ထုတ်ဖော်ပြော ဆိုခွင့်ကို ကာကွယ်စောင့်ရှောက်သည့် အဖွဲ့ဖြစ်သော PEN Myanmar က ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်သည်။

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်နယ်မြေတွင် တပ်မတော်နှင့် ကိုးကန့်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး သတင်းသမားများ သတင်းရယူရာ၌ ခြိမ်းခြောက်ခံနေရသည့် အခြေအနေနှင့် ပတ်သက်ပြီး PEN Myanmar က ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြ အလုပ်သမားများအား ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလုပ်သမား ၀န်ကြီးဌာနတို့ ကြေညာချက် အသီးသီး ထုတ်ပြန်

ဆန္ဒပြ အလုပ်သမားများအား ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနတို့သည် ဖေဖော်ဝါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန်ချက်များ အသီးသီး ထုတ်ပြန်ကြေညာသည်။

အခြေခံ အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေးအတွက် အစိုးရနှင့် လွှတ်တော်ပိုင်းက ပျက်ကွက်ခဲ့ပြီးနောက် အလုပ်သမားထု၏ ဆန္ဒထုတ်ဖော်မှု အရှိန်မြင့်တက်လာခဲ့ပြီး ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ရွှေပြည်သာစက်မှုဇုန်ရှိ E-Land Myanmar အထည်ချုပ်စက်ရုံ၊ Ford Glory အထည်ချုပ်စက်ရုံ၊ COSTEC International အထည်ချုပ်စက်ရုံများမှ အလုပ်သမားများ၏ ဆန္ဒထုတ်ဖော်မှုများ ပိုမိုအားကောင်းလာခဲ့ကာ အလုပ်သမားသပိတ် အသွင်ဖြင့် အရေးဆိုမှုများ

တိုက်ပွဲသတင်းများရယူရာတွင် လက်နက်ကိုင် အဖွဲ့များနှင့် ဆက်သွယ် မေးမြန်းခြင်းကြောင့် သတင်းထောက်များ အရေးယူမခံရနိုင်ဟု ဦးရဲထွဋ်ပြော

ကိုးကန့်တိုက်ပွဲအပါအ၀င် ပဋိပက္ခဖြစ်ရာဒေသများ၏ သတင်းများ ရယူရာတွင် သတင်း ထောက်များ အနေဖြင့် လက်နက် ကိုင်တပ်ဖွဲ့များနှင့် ဆက်သွယ်ပါ က မတရားအသင်းအက်ဥပဒေ အရ အရေးယူခံရနိုင်သည်ဟု သတင်းများထွက်ပေါ်နေခြင်းအ ပေါ် စိုးရိမ်ရန်မလိုကြောင်း အစိုးရပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်ကပြော သည်။

‘‘သတင်းရေးတဲ့အပေါ်ပဲ မူ တည်ပါတယ်။ သတင်းထောက် ကတော့ သတင်းဖြစ်တဲ့အခါ နှစ် ဖက်အတည်ပြု မေးမြန်းရတာ သူ့အလုပ် သူလုပ်မှာပါပဲ။ ဟိုဘက် ဒီဘက်မေးရတာ လုပ်တာပဲ။ တစ်ခုပဲ သောင်းကျန်းသူထုတ်တဲ့ တည်ငြိမ်မှုပျက်ပြားအောင်နဲ့ မသေချာဘဲ ဆူပူမှုတွေ အခြေအနေ ပိုဆိုးသွားအောင် ကောလာဟလတွေဖြစ်အောင် သတင်းတွေရေးမယ်ဆိုရင်တော့ တစ်မျိုးပေါ့’’ဟု ဦးရဲထွဋ်ကပြောသည်။

Monday, February 23, 2015

လုပ်ခတိုးပေးရန် တောင်းဆိုသည့် ရွှေပြည်သာ အလုပ်သမား နှစ်ဦး နိုင်ငံတော် အကြည်အညိုပျက်စေမှုဖြင့် အမှုဖွင့်ခံရ

လုပ်ခလစာတိုးပေးရန် ဆန္ဒပြတောင်းဆိုသည့် ရွှေပြည်သာစက်ရုံများ သပိတ်မှောက်မှုတွင် ပါဝင်သော အလုပ်သမား နှစ်ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် အမှုဖွင့် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး မြင့်ထွေးက ဖေဖော်ဝါရီ ၂၂ ရက်က ပြောသည်။

၎င်းးက '' ကျွန်တော်တို့ရဲတပ်ဖွဲ့တွေက အလုပ်သမားတွေကို ဖမ်ဆီးတယ်ဆိုတာ မဟုတ်ပါဘူး။ အလုပ် ရှင်ဘက်က လာတိုင်ထားလို့ ခုလောလောဆယ်မှာ ၅ဝ၅(ခ)နဲ့ အမှုဖွင့်ပေးထားတာ နှစ်ဦးပဲရှိပါတယ်။ ကျွန်တော်တို့က ညှိနှိုင်းဖြေရှင်းဖို့ပဲ လုပ်ခဲ့တာပါ။ ဥပဒေအရပဲ လုပ်ဆောင်ခဲ့တယ်။ ရဲတပ်ဖွဲ့ဝင်တွေက ဘာအီကွေ့မန့်မှ မပါဘူး။ တစ်ခုမှအကြမ်းမဖက်ခဲ့ဘူး။ ခဲတွေ၊ တုတ်တွေနဲ့ ပေါက်တာကို ကြံ့ကြံ့ခံခဲ့တယ်။ အဆင့်ဆင့် ဖြေရှင်းတယ်။ ညှိနှိုင်းလို့ မရတော့လို့သာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာပါ''ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်တွင် ကူးတို့ရေယာဉ် နစ်မြုပ်ပြီး လူ(၆၅)ဦးထက်မနည်း သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ပိုင်းတွင် ကူးတို့ရေယာဉ်တစ်စီး တိမ်းမှောက်နစ်မြုပ်မှု ဖြစ်ပွားရာ အနည်းဆုံး လူ(၆၅)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
လူပေါင်း (၁၀၀)ကျော်ကို တင်ဆောင်လာသည့် ရေယာဉ်သည် ပတ်ဒ်မား မြစ်ထဲတွင် ပိုက်ချ ငါးဖမ်းသင်္ဘော တစ်စီးကို ဝင်တိုက်ပြီး နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ ဒါကာမြို့တော်မှ အနောက်မြောက်ဘက် ကီလိုမီတာ (၄၀)ခန့် အကွာတွင် ဖြစ်ပွားသော အဆိုပါ မတော်တဆမှုအတွင်း သေဆုံးသူများအနက် ငယ်ရွယ်သည့် ကလေးငယ် တစ်ဦးလည်း ပါဝင်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

တပ်မတော်သားများကို ဦးပိုင်တွင် အစုရှယ်ယာထည့်ဝင်ရန် ညွှန်ကြား

မြန်မာ့တပ်မတော်၏ ပြီးခဲ့သည့် လေးလပတ်အစည်းအဝေးတွင် တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သို့ တပ်မတော်သားများကို ဧပြီလနောက်ဆုံးထား၍ အစုရှယ်ယာ များ ထည့်ဝင်ရန် သတ်မှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တွင် အစုရှယ်ယာထည့်သွင်းရန်သတ်မှတ်ထားသော နှုန်းထားမှာ ဒုတိယ ဗိုလ်မှူးကြီးနှင့်အထက် ကျပ် ၁၀ သိန်း၊ ဗိုလ်မှူးအဆင့် ကျပ် ငါးသိန်း၊ ဒုဗိုလ် မှ ဗိုလ်ကြီးအဆင့် ကျပ် သုံးသိန်း၊ အခြားအဆင့်စစ်သည် (လူပျို) ကျပ်နှစ်သိန်းနှင့် အခြားအဆင့်စစ်သည်(အိမ်ထောင်သည်) ကျပ်တစ်သိန်းတို့ဖြစ်သည်။
အထက်ပါနှုန်းထားထည့်ဝင်ကြရန် နေပြည်တော်တိုင်းစစ်ဌာနချုပ် တွင် ပြုလုပ်သော ၂၀၁၄ (တတိယ)လေးလပတ်အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး တစ်ဦးချင်းအစုရှယ်ယာထည့်ဝင်နှုန်းကို လာမည့် ဧပြီ ၃၀ရက်၌ အပြီးထည့်ဝင်ရမည်ဟု ညွှန်ကြားထားကြောင်း သတင်း ရရှိသည်။
‘‘တစ်နှစ်ကို ၃၀ ရာခိုင်နှုန်း ရတယ်။ တစ်ရာထည့်ထားရင် ၃၀ ရတယ်။ အဆင်ပြေတယ်’’ ဟု မြန်မာ့ တပ်မတော်မှ ဗိုလ်မှူး ကြီးတစ်ဦးကပြောသည်။

ပြည်မြို့တွင် သောင်းကျန်းနေသည်ဆိုသော လူမည်းကြီးမှာ ကောလာဟလသာဖြစ်


 ပြည်မြို့တွင်အမျိုးသမီးများကို လိုက်လံခြောက်လှန့်နေသော ထူးဆန်းသည့်လူမည်းကြီးတစ်ဦး ပေါ်ထွက်နေသည်ဟူသောသတင်းမှာ ကောလာဟလသာဖြစ်ကြောင်းပြည်မြို့နယ်ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ရှင်းလင်းခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြည်မြို့အနီးတစ်ဝိုက်တွင် အသားမည်းမည်း၊ ကိုယ်လုံးတီးနှင့် အလွန်လျင်မြန်သည့် အမျိုးသားတစ်ဦးပေါ်ထွက်လာကြောင်း၊ ၎င်းအမျိုးသားမှာ ကျေးရွာအချို့တွင် အမျိုးသမီးများ၏အိပ်ခန်းအတွင်းသို့ဝင်၍နှောင့်ယှက်ကြောင်း၊ ဖမ်းဆီးရန်ခက်ခဲပြီး ခုန်ပျံကျော်လွှား တတ်ကြောင်း ပါးစပ်သတင်းများမှတစ်ဆင့် ပျံ့နှံ့ခဲ့သည်။

ကိုးကန့်ဒေသတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွား

လောက်ကိုင်နှင့် ချင်း ရွှေဟော်မြို့ကြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ် ပွားနေပြီး ကွမ်းလုံ နှင့် သိန်းနီမြို့ကြား ရွာတစ်ရွာ တွင်လည်း အစိုးရ တပ်မတော်နှင့် လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့တို့ ဖေဖော်ဝါရီ ၂၂ ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
အစိုးရတပ်မတော်နှင့် ဖုန် ကြားရှင်တို့အဖွဲ့ စတင်တိုက်ခိုက် စဉ်က ကုန်းကြမ်းနှင့် လောက်ကိုင် မြို့အနီးတွင်သာ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သော် လည်း ယခုအခါလောက်ကိုင်နှင့် ချင်းရွှေဟော်ကြားတွင် တိုက်ပွဲ များ ပိုမိုဖြစ်ပွားလာကြောင်း ချင်း ရွှေဟော်မြို့ကို လုံခြုံရေးတာဝန် ယူထားသည့် တပ်မ (၁၁)မှ တပ်မတော်အရာရှိ တစ်ဦးက ပြော သည်။ လောက်ကိုင်မြို့ပေါ်ရှိ ဒစကဌာနချုပ်ကို ကိုးကန့်အဖွဲ့က ညစဉ် လာရောက် တိုက်ခိုက်နေပြီး ဖေဖော်ဝါရီ ၂၁ ရက်ကလည်း အရပ်သားနှင့် သတင်း ထောက် များ လိုက်ပါလာသည့် ကြက်ခြေ နီအလံ လွှင့်ထားသည့်ကားကို နာရီဝက်ကြာအောင် ပစ်ခတ်ခဲ့သည်။

၂၀၀၇ မှ ၂၀၁၄ အတွင်း အိမ်ခြံမြေအရောင်းအ၀ယ် အခွန်မဆောင်သူများ နှစ်လအတွင်း မပေးဆောင်လျှင် ကာလတန်ဖိုးနှင့် ပြောင်းလဲပေးဆောင် ရမည်ဟုဆို

လွန်ခဲ့သော ခုနစ်နှစ် အတွင်းက အိမ်ခြံမြေတန်ဖိုးသတ် မှတ်ချက်များအား နှစ်လအတွင်း အခွန် မပေးဆောင် ပါက ပယ်ဖျက်ပြီး ကာလတန်ဖိုးနှင့် ပြောင်းလဲ ပေးဆောင်ရမည်ဟု သတင်းရရှိ သည်။
၂၀၀၇ မှ ၂၀၁၄ အတွင်း အခွန်မဆောင်သော အိမ်ခြံမြေ အရောင်းအ၀ယ်များသည် မတ်လ၃၁ ရက်နောက်ဆုံးထားအခွန် မ ပေးဆောင်ပါက ၎င်းတို့မူလက ၀ယ်ယူထားသည့် သတ်မှတ်တန် ဖိုးများကို ပယ်ဖျက်ပြီး လက်ရှိ ကာလတန်ဖိုးနှင့် နှုန်းထားအ တိုင်း တန်ဖိုး ပြန်သတ်မှတ်မည်ဟု ပြည်တွင်း အခွန်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြောကြားသည်။
‘‘အားလုံးကို နှစ်လအချိန် ပေးထားပါတယ်။ မဆောင်ဘူးဆို ရင် ပယ်ဖျက်လိုက်တော့တယ်။ ပယ်ပြီးတော့ ကျွန်မကတော့ ၂၀၁၂ က ၀ယ်တော့ တန်ဖိုး လည်း သတ်မှတ်ပြီးသား။ ကျော်သွားပြီး အခုပြန်ဆောင်ချင်ပါတယ်ဆိုလို့ မရတော့ဘူး။ လက်ရှိကာလ ပေါက်ဈေးရဲ့ တန်ဖိုးကို ပြန်သတ် မှတ်ပေးမယ်။ အဲဒီတုန်းက အခွန် နှုန်းထားတွေ လက်မခံတော့ဘူး။ အခုနှုန်းထားနဲ့ အခွန်ဆောင်ရမယ်။ အဲဒီတုန်းက နှုန်းထားနဲ့ တန်ဖိုးအတိုင်း လိုချင်တယ်ဆိုရင် နှစ်လအတွင်းမှာ လာဆောင်ကြပါ’’ ဟု ဦးမျိုးမင်းဇော်က ဆိုသည်။

အာဆင်နယ် ဖလားစိန်ခေါ်နိုင်သူ ဖြစ်မလာခြင်းကို နားမလည်နိုင်ဟု မော်ရင်ဟိုပြောကြား

လန်ဒန်- အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး ၎င်းတို့၏အသင်းကို စိန်ခေါ်နေသင့်ကြောင်း ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပြီး အာစင်ဝင်းဂါး၏ မှတ်တမ်းကိုလည်း ခနဲ့လိုက်သည်။
ပွဲပေါင်း ၁၂ ပွဲသာ ကျန်ရှိတော့သည့်အချိန်တွင် အာဆင်နယ်မှာ ချယ်လ်ဆီး၏နောက် ၁၂ မှတ် ပြတ်ကျန်နေသည်။ မော်ရင်ဟိုက အာဆင်နယ်အသင်းကို ချီးကျူးပြီး ကစားပုံကိုလည်း ချီးကျူးခဲ့သည်။ ၀င်းဂါးမှာ အတိတ် မှတ်တမ်းကောင်းများကြောင့် ချန်ပီယံ ဖြစ်ရေး ထပ်မံစောင့်ဆိုင်းနိုင်ပြီး အိပ်မက်အလုပ်တစ်ခု ရထားသည်ဟု မှတ်ချက်ပြုသည်။

စက်ရုံဝင်ပေါက်ပိတ်ဆို့ဆန္ဒပြခဲ့ခြင်းအပေါ် သက်ဆိုင်ရာသံရုံးများက အစိုးရကို ဖိအားပေးကန့်ကွက်


 သပိတ်မှောက်လုပ် သားများက စက်ရုံဝင်ပေါက်ပိတ် ဆို့ဆန္ဒပြခဲ့ခြင်းအတွက် အလုပ်ရှင်များ၏ သက်ဆိုင်ရာ သံရုံးများ က မြန်မာအစိုးရအား ကန့်ကွက်ဖိအားပေးမှုများ   ပြုလုပ်ထား ကြောင်း သတင်း ရရှိသည်။

ရွှေပြည်သာစက်မှုဇုန်ရှိ အ ထည်ချုပ်စက်ရုံသုံးရုံတွင် လုပ်ခ လစာတိုးမြှင့်ပေးရေးအတွက် လုပ်သားများက စက်ရုံများရှေ့၌ ပိတ်ဆို့သပိတ်မှောက်မှုများ ရက်ရှည်ပြုလုပ်နေခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေသော အလုပ်ရှင်များနစ်နာမှုများရှိနေသည့်အပေါ် ဖြေရှင်းဆောင်ရွက်ပေးရန် သံရုံးများက အကြောင်း ကြားလာ ခဲ့ခြင်းဖြစ်သည်ဟု အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးထင်အောင်က ပြောသည်။

မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် ဆေးဝါးများမှာ တရုတ်၊ ထိုင်းနှင့် အိန္ဒိယမှ တင်သွင်းနေပြီး ၎င်းတို့အနက် ၄၅ ရာခိုင်နှုန်းမှာ အိန္ဒိယမှ တင်သွင်းခြင်းဖြစ်ဟု ဆို

မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် ဆေးဝါးအများစုမှာ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံများမှ တင်သွင်းနေခြင်းဖြစ်ပြီး ယင်းတို့အနက် ၄၅ ရာခိုင်နှုန်းမှာ အိန္ဒိယနိုင်ငံမှ တင်သွင်းခြင်းဖြစ်ကြောင်း India Pharma & Healthcare Expo 2015 ပွဲတွင် ပြောကြားချက်များအရ သိရသည်။

မြန်မာနိုင်ငံ၌ ဆေးဝါးတင်သွင်းမှုနှင့် ပတ်သက်ပြီး၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် ရှိခဲ့ရာမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂၄၄ သန်း ရှိခဲ့သည့်အတွက် သိသိသာသာ တိုးတက်များပြားခဲ့ကြောင်း၊ ပြည်ပနိုင်ငံများမှ ဆေးဝါးများ တင်သွင်းရာတွင် တရားဝင် တင်သွင်းလာသည့် ဆေးဝါးများ ရှိသလို တစ်ဖက်တွင်လည်း မမှန်မကန် တင်သွင်းလာသည့် ဆေးဝါးများမြောက်များစွာ တွေ့နေရကြောင်းနှင့် နယ်စပ်များမှ မမှန်မကန် တင်သွင်းလာသည့် အဆင့်မမီသည့် ဆေးဝါးများ ၀င်ရောက်လာသည်ကိုလည်း တွေ့နေရကြောင်းလည်း သိရသည်။

လောက်ကိုင်-ချင်းရွှေဟော်ကြား ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ကွမ်းလုံ-သိန္နီ-ကွတ်ခိုင်မြို့များ အနီး၌ပါ တိုက်ပွဲများ ဖြစ်လာ

လောက်ကိုင်-ချင်းရွှေဟော်ကြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ကွမ်းလုံ-သိန္နီ-ကွတ်ခိုင်မြို့ အနီးတစ်ဝိုက် ဒေသများတွင်ပါ တိုက်ပွဲများ ဖြစ် လာကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၂ ရက်က လောက်ကိုင်-ချင်းရွှေဟော်ကြားတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ကွမ်းလုံ-သိန္နီ-ကွတ်ခိုင်မြို့ အနီးတွင်ပါ တိုက်ပွဲဖြစ်ပွား လာနေသည်ဟု သိရသည်။ ၂၁ ရက်မှ စတင်ကာ တိုက်ပွဲများ ပြန်လည်ဖြစ် ပွားနေခြင်းဖြစ်ပြီး လောက်ကိုင်-ချင်းရွှေဟော်ကြားရှိ လုံထန်ကျေးရွာ အနီးတစ်ဝိုက် ပိုမိုဖြစ်ပွားလျက်ရှိကာ တပ်မ ၁၁ နှင့် စကခ ၁၆ တို့မှ ပူပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တပ်မ ၁၁ မှ ဗိုလ်မှူးချုပ်လှမြင့်စိုးက “၂၁ ရက်က သတင်းထောက်တွေ၊ ကြက်ခြေနီတွေ သေနတ် ဒဏ်ရာ ရတဲ့ လောက်ကိုင်-ချင်းရွှေဟော်ကြားတွေနဲ့ ပစ်ကွင်းတွေကို စစ်ကြောင်းတွေနဲ့ ၀င်ရှင်းတယ်။ ပစ်ခတ်မှုတွေ တော့ မိနစ် အနည်းငယ် ဖြစ်ပွားခဲ့တယ်” ဟု ပြောကြားသည်။