Tuesday, March 10, 2015

အက်ဖ်အေဖလား ဆီမီးဖိုင်နယ်တွင် အာဆင်နယ်အသင်း လီဗာပူးလ်အသင်းကို ရှောင်လွှဲနိုင်ခဲ့

Arsenal
(အင်္ဂလန်)။ ။ အက်ဖ်အေဖလား ကွာတား ဖိုင်နယ်၏ နောက်ဆုံးပွဲစဉ်ဖြစ်သော မန်ယူနှင့် အာဆင်နယ် တို့၏ ပွဲစဉ်အပြီးတွင်
ဆီမီးဖိုင်နယ်ပွဲစဉ် များကို ဆက်လက် မဲခွဲခဲ့ရာတွင် မန်ယူကို အနိုင်ရခဲ့သော အာဆင်နယ် အသင်း သည် နောက်ဆုံး လက်ကျန် အသင်းကြီး ဖြစ် သည့် လီဗာပူးလ်အသင်းကို ရှောင်လွှဲနိုင်ခဲ့ သည်။

၁၀ တန်းအတွက် ကြိုပြင်စရာရှိလို့ ဇာတ်ကားရိုက် လက်မခံသေးတဲ့ ယွန်းယွန်း

န၀မတန်းစာမေးပွဲ ဖြေဆို ပြီး၍ ကျောင်းပိတ်ထားသော်လည်း တက္ကသိုလ်ဝင်တန်းအတွက် စတင် ပြင်ဆင်ရမည်ဖြစ်သောကြောင့် ဇာတ်ကားများ လက်ခံရိုက်ကူး ဖြစ်ဦးမည်မဟုတ်ကြောင်း ယွန်း ယွန်းက ပြောသည်။
‘‘နွေရာသီမှာလည်း ဆယ် တန်းအတွက် ကျူရှင်တွေ စတက် ရတော့မှာဆိုတော့ ဗီဒီယိုတော့ မရိုက်ဖြစ်လောက်ဘူး။ ကြော်ငြာ လောက်ပဲ ရိုက်ဖြစ်မယ်ထင် တယ်’’ ဟု ၎င်းက ပြောသည်။
ယွန်းယွန်းသည် ပညာရေး ဘက်ကို အချိန်ပေးလိုသော ကြောင့် ဇာတ်ကားရိုက်ကူးခြင်း ကို ပြီးခဲ့သည့်နှစ်ကတည်းက လျှော့ချခဲ့ပြီး ကြော်ငြာများနှင့် မြူးဇစ်အမ်တီဗီများသာ လက်ခံ ရိုက်ကူးခဲ့သည်။

လက်ပံတန်းမြို့ မတ်လ ၁၀ ရက် မနက်ပိုင်းအစ မြင်ကွင်း


ကွန်ဟိန်းမြို့နယ်တွင် ဒေသခံတိုင်းရင်းသားများအား RCSS/SSA အဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ်စုဆောင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ လိုင်ကပ်ကျေးရွာအုပ်စု၊ ဆိုင်းမွန်ကျေးရွာသို့ မတ်လ ၇ ရက်နေ့ တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA)အဖွဲ့မှ လူသစ်စုဆောင်းမှု များ ပြုလုပ်သွားကြောင်း သိရသည်။
“ရွာထဲကို ရောက်လာတယ်၊ လူအင်အားကတော့ ၁၀၀ လောက်တော့ ရှိမယ်ထင်တယ်၊ သူတို့ရွာထဲ ဝင်လာတော့ ကလေးတွေက ကိုယ့်အိမ်ကို ပြန်ပြေးလာကြတယ်၊ ရွာလူကြီးအိမ်ကိုတန်းသွားတယ်၊ ပြီးတော့ ရွာကို လူသစ် ၃ ယောက် စုပေးရမယ်ပြောတယ် ”ဟု ရွာခံတစ်ဦးက ပြောသည်။
အဆိုပါကျေးရွာအုပ်စု၊ ဆိုင်းမွန်ကျေးရွာသို့ RCSS/SSA အဖွဲ့မှ ရောက်ရှိ လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး အားခေါ်ယူ၍ ရွာမှ လူသစ် ၃ ယောက် စုဆောင်းပေးရန် ပြောကြားခဲ့ကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။

ကျောင်းသားသပိတ်ကို အကြမ်းဖက်မဖြိုခွင်းရန် အထက်မြန်မာပြည် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရန် ဆန္ဒပြတောင်း ဆိုနေသည့် ကျောင်းသားလှုပ်ရှား မှုများအပေါ် ထောက်ခံကြောင်း နှင့် လက်ပံတန်းမြို့တွင် ပိတ်ဆို့ ခံထားရသည့် ပင်မကျောင်းသား သပိတ်စစ်ကြောင်းကို အကြမ်း ဖက်ဖြိုခွဲခြင်းမပြုရန် အထက် မြန်မာပြည် အရပ်ဘက်လူမှုအဖွဲ့ အစည်း ၁၂၀ ကျော်က ကြေညာ ချက်ထုတ်ပြန်သည်။
လက်ပံတန်းမြို့ရှိ ပင်မ ကျောင်းသားသပိတ်စစ်ကြောင်း က မတ်လ ၁၀ ရက် နံနက် ၁၀ နာရီတွင် ပိတ်ဆို့တားဆီးထားမှု များ မဖယ်ရှားပါက ကျော်ဖြတ် ချီတက်မည်ဖြစ်ကြောင်း အရေး ပေါ်သတင်းထုတ်ပြန်ထားသည့် အပေါ် အစိုးရက ကျောင်းသား သပိတ်များအား အကြမ်းဖက်ဖြို ခွဲမည်ကို အထက်မြန်မာပြည် အရပ်ဘက်အဖွဲ့အစည်းများက အထူးစိုးရိမ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

လူပြောများနေတဲ့ ခိုင်သဇင်ငုဝါနဲ့ ကယန်းတိုင်းရင်းသူဓာတ်ပုံကိစ္စ

မော်ဒယ်မင်းသမီးငယ် ခိုင်သဇင်ငုဝါက ကယန်းတိုင်းရင်းသူတစ်ဦးနှင့် အမှတ်တရဓာတ်ပုံတွဲရိုက်ခဲ့ရာက မုန့်ဖိုးတစ်သောင်းပေးရသည့်အကြောင်းကို ဓာတ်ပုံများနှင့်တကွ ဖေ့စ် ဘွတ်ခ်စာမျက်နှာသို့တင်ခဲ့ရာ ထိုအကြောင်း အရာမှာ လူမှုကွန်ရက်တွင် လူပြောများသည့်အကြောင်းအရာ ဖြစ်နေသည်။
‘‘တစ်သောင်းပေးပြီးရိုက်ခဲ့ရသောပုံများ မနေ့က ကရိဝိက်ရှေ့မှာဓာတ်ပုံရိုက်တုန်း သူနဲ့တွေ့လို့ သြော်..အမှတ်တရဖြစ်အောင်ဓာတ်ပုံလေးတွဲရိုက်လိုက်ပါတယ်။ ရိုက်လို့လည်းပြီးရော မုန့်ဖိုးမုန့်ဖိုးဆိုပြီးပြောတယ်။ ပထမတော့ ဘာပြောမှန်းမသိဘူးပေါ့။ သူ့စကားကိုနားမလည်ဘူး။ ပြီးမှ သေချာပြန်မေးတော့မှ သူနဲ့ဓာတ်ပုံတွဲရိုက်တဲ့အတွက် သူ့ကိုမုန့်ဖိုးပေးပါတဲ့ သေရော။ အားလုံး ပေါင်းပြီးတစ်သောင်းပေးလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် တန်အောင်လို့ Selfie ရော၊ တစ်ယောက်

မက်ဆီ ဘာစီလိုနာမှ ထွက်ခွာနိုင်ဟု ကလပ်ဒါရိုက်တာ ၀န်ခံ

လီယွန်နယ်မက်ဆီမှာ ဘာစီလိုနာမှ ထွက်ခွာသွားနိုင်ဆဲဖြစ်သည်ဟု ဘာကာ၏ အားကစားဒါရိုက်တာ အေရီဒို ဘရိုက်ဒါက ၀န်ခံလိုက်သည်။
မက်ဆီ (၂၇) နှစ်မှာ ဘာကာနှင့် ၂၀၁၈ ဇွန်လအထိစာချုပ်ချုပ်ဆိုထားသော်လည်း အသင်းမှ ထွက်ခွာခွင့်အတွက် ပေါင်သန်း ၂၅၀သာ သတ်မှတ်ထားသည်။
ယခုဘောလုံးရာသီအစောပိုင်းက နည်းပြအင်းနရစ် နှင့် ဆက်ဆံရေးပျက်ယွင်းလာခဲ့ပြီးနောက် မက်စီမှာ အသင်းမှ ထွက်ခွာနိုင်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

မန္တလေးမြို့တွင် တိုးမြှင့်ကောက်ခံမည့် ရေမီတာခနှုန်းထားအသစ်များထုတ်ပြန်

မန္တလေးမြို့တွင် လာမည့်ဧပြီ ၁ ရက်မှ စတင် တိုးမြှင့်ကောက်ခံတော့မည့် ရေမီတာနှုန်းထားအသစ်များကို မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်သည်။
တိုးမြှင့်လိုက်သည့်နှုန်းထား များမှာ အိမ်သုံးနှင့်စီးပွားသုံး တစ်ယူနစ်လျှင် ပျမ်းမျှကျပ် ၃၀ ခန့်တက်သွားပြီး ကျုံးရေအသုံးပြုခမှာမူ အသုံးပြုသည့်ပိုက်ပမာဏပေါ်မူတည်၍ ယခင်နှုန်းထားကို နှစ်ဆမှငါးဆအထိ တိုးမြှင့်ခြင်းဖြစ်သည်။
ရေပေးဝေမည့်အချိန်တိုး မြှင့်လာခြင်း၊ ရေပိုက်လိုင်းများ တိုးချဲ့ချထားခြင်း၊ ရေတွန်းစက် ရေတွင်းများတည်ဆောက်အသုံး ပြုရခြင်း၊ လျှပ်စစ်မီတာခများ ပိုမို ကျခံသုံးစွဲလာရခြင်းတို့ကြောင့် တိုးမြှင့်ကောက်ခံခြင်းဖြစ်ကြောင်းစည်ပင်သာယာ၏ အသိပေးကြေ ညာချက်တွင်ဖော်ပြထားသည်။
မန္တလေးစည်ပင်သာယာ၏ ရေမီတာတွင် အမှိုက်သရိုက်များ ပါလာခြင်း၊ ရေပေးဝေချိန်မမှန် ခြင်း၊ အနည်အမှုန်များပါလာ တတ်၍ သောက်သုံးမရခြင်း၊သုံးရေအတွက်ဆိုလျှင်လည်း နွေရာသီတွင်မကြာခဏ ရေပြတ်လပ်တတ်ခြင်းများဖြစ်ပေါ်နေသည်။
ထို့ကြောင့် မြို့နေလူထုမှာ အဝီစိတွင်းများတူးကာ အသုံးပြု နေရကြောင်းနှင့် အဝီစိတွင်း မတူးနိုင်သူများအတွက် ရေအခက်အခဲ များဖြစ်ပေါ်နေကြောင်း မန္တလေး မြို့ပေါ်တွင် နေထိုင်သူများက ပြောသည်။

ရဲတပ်ဖွဲ့ အဆင့်မြှင့်တင်ရေး တရုတ်ထံမှ ကျပ် ၄၄ ဘီလီယံကျော် ချေးမည်

မြန်မာနိုင်ငံရဲတပ်ဖွဲ့များကို အဆင့်မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံ တရုတ်ပို့ကုန်သွင်းကုန်ဘဏ် (EXIM Bank of China) ထံမှ ကျပ် ၄၄,၈၀၁ သန်း (ယွမ် ၂၄၆ သန်း) ကို ချေးယူသွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောကြားသည်။

တစ်နှစ်လျှင် အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဆိုင်းငံ့ကာလ ငါးနှစ်၊ ပြန်ဆပ်ကာလ ၁၅ နှစ်ဖြင့် သက်တမ်း ၂၀ နှစ်ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်၊ (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ၎င်းက ရှင်းလင်းတင်ပြခဲ့သည်။

Monday, March 9, 2015

မန္တလေးသင်္ကြန် ကျုံးပတ်လည် မဏ္ဍပ် ယခင်နှစ်ထက် လျော့နည်းဖွယ်ရှိ


မန္တလေး− ယခုနှစ် မန္တလေးသ င်္ကြန်ပွဲတော်တွင် ကျုံးပတ်လည် မဏ္ဍပ်တည်ဆောက်ရန် လာ ရောက်လျှောက်ထားသူ ယခင်နှစ် ထက် လျော့ကျခဲ့ကြောင်းသတင်းရရှိသည်။

၂၀၁၄ သင်္ကြန်ကာလကကျုံးပတ်လည်တွင် မဏ္ဍပ်တည်ဆောက်လို၍ လာရောက်လျှောက်ထားသူ ၂၅၆ ဦးအထိရှိခဲ့ပြီး ယခုနှစ်တွင်မူ လျှောက်လွှာ ပိတ်ချိန်မတ်လ ၆ရက် အထိ  ၂၁၇ ဦးသာလာရောက် လျှောက်ထားခဲ့ သဖြင့် ယမန်နှစ်ကထက် လျော့နည်းခဲ့သည်ဟု မန္တလေးမြို့တော်

ဘဝမှန် ပေါ်သွားသည့်အတွက် မိသားစုကို အိုင်အက်စ် ပါးကွက်သား ဂျီဟတ်ဒီဂျွန် တောင်းပန်


မျက်နှာဖုံး နောက်ကွယ်မှ မိမိ၏ ဘဝမှန် ပေါ်ပေါက်သွားခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များအတွက် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) အကြမ်းဖက်အဖွဲ့၏ ပါးကွက်သား ဂျီဟတ်ဒီဂျွန်က မိသားစုထံ တောင်းပန်ခဲ့ကြောင်း သိရသည်။

ကူဝိတ်ဖွား ဗြိတိန်နိုင်ငံသား မိုဟာမက် အမ်ဝါဇီသည် အိုင်အက်စ် တပ်ဖွဲ့၏ ဓားစာခံများကို ခေါင်းဖြတ်ကွပ်မျက်သည့် မျက်နှာဖုံးစွပ် ပါးကွက်သား ဂျီဟတ်ဒီဂျွန်ဖြစ်ကြောင်း ဖော်ထုတ် တွေ့ရှိပြီးနောက် ၎င်း၏ မိသားစုသည် လူမြင်ကွင်းရှေ့ မထွက်ဝံ့လောက်အောင် ဖြစ်နေသည်။

လောက်ကိုင်ဒေသစစ် ဘေးသင့်ပြည်သူတွေ အတွက် ငွေကျပ် ၅ သိန်းလှူဒါန်းခဲ့တဲ့ အိမ့် ချစ်

မြန်မာဂီတဆုပေးပွဲ ၂ဝ၁၄မှာ ပရိသတ်အားပေးမှု အများဆုံးနှဲု့ I Love Artist Female ဆုကို ရရှိခဲ့တဲ့ အဆိုတော်အိမ့်ချစ်က ကိုးကန့် ဒေသစ စ်ဘေးသင့်ပြည်သူတွေ အတွက် သွားရောက်လှူဒါန်းတဲ့ ရွှေသံစဉ်ဖောင်ဒေး ရှင်းနဲ့အတူငွေကျပ် ၅သိန်းလှူဒါန်းခဲ့ပါတယ်။ I Love Artist ဆုအဖြစ် ရရှိခဲ့တဲ့ ရွှေနှစ်ကျပ်သားစလုံးကို အလှူဒါနပြုလုပ်သွားမယ်လို့ ဆိုတဲ့ အိမ့်ချစ်က “အိမ့်ချစ်က ရွှနှစ်ကျပ်သားရခဲ့တယ်။ ဆုအဖြစ် ရတဲ့ရွှေနှစ် ကျပ်သားနဲ့ ညီမျှတဲ့ တန်ဖိုးကို အကုန်လှူပစ်မယ်လို့ ရည်ရွယ်ထားပါတယ်။ အခု ပထမဦးဆုံး ၅သိန်းစလှူတယ်။ လောက်ကိုင် တိုက်ပွဲကနေ ကျသွားတဲ့ စစ်သည်တွေရယ်၊ရဲဘော်တွေ၊ ပြည်သူတွေအတွက် သွားလှူမယ့် ရွှေသံစဉ်ဖောင်ဒေးရှင်းနဲ့ ၅သိန်းလှူလိုက်တာပါ” လို့ ဆိုပါတယ်။

ရည်းစားဟောင်း အဆိုတော်နိုင်းဝမ်းကားအား ၀င်တိုက်မှုနှင့်ပတ်သက်၍ မော်ဒယ်လ် ယွန်းမီမီကျော် ပြန်လည်ရှင်းလင်း


အဆိုတော် နိုင်းဝမ်း၏ ကားသည် မတ် ၇ ရက်တွင် ကမ္ဘာအေးဘုရားလမ်းရှိ မီးနီတွင် ကားရပ်ထားစဉ် မစ္စ တစ်ယောက်က လုပ်ကြံကာ ယာဉ်နှစ်စီးညှပ်တိုက်ခြင်းဖြစ်သည်ဟု ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့အပေါ် မော်ဒယ် ယွန်းမီမီကျော်က ပြန်လည် ရှင်းလင်းခဲ့သည်။
“သူက ယောကျာ်းတစ်ယောက်ဖြစ်ပြီးတော့ မိန်းကလေး တစ်ယောက်ကို မစားရတဲ့အမည်း သဲနဲ့ပက် သလိုလုပ်နေတာ။ ဦးနှောက်ရှိတဲ့ သူတိုင်း ဒီကိစ္စကိုစဉ်းစားတတ်တယ်။

စောဆန်းအောင်အား ဒီကေဘီအေခေါင်းဆောင်များမသိဘဲ ဗိုလ်မှူးချုပ်စောကျော်သက်က ရာထူးပြန်ခန့်

အစိုးရတပ်မတော်နှင့် တင်းမာမှုများ ဖြစ်ပွားနေသည့် စောဆန်းအောင်အား မူလရာထူး ဖြစ်သော ဗိုလ်မှူးကြီးရာထူးဖြင့် ဒီကေဘီအေ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောကျော်သက်က ပြန်လည်ခန့်အပ်လိုက်ပြီး၊ ဒီကေဘီအေ ကလို့ထူးဘော စစ်ဌာနချုပ်ခေါင်းဆောင်ပိုင်းက ယင်းအခြေအနေကို မသိရသေးကြောင်း သတင်းရရှိသည်။
ဒီကေဘီအေကလို့ထူးဘော စစ်ဌာနချုပ် တံဆိပ်တုံးဖြင့် ဗိုလ် မှူးချုပ်စောကျော်သက် လက် မှတ်ထိုးကာ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး အစိုးရတပ်မတော်နှင့် ဒီကေဘီအေတို့ကြား မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေးအတွက် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးချုပ်စောကျော်သက်က ပြောသည်။
‘‘သူကလည်း အစိုးရတပ် နဲ့က ပစ်ကြခတ်ကြ၊ လန့်ကြ၊ ပြေးကြနဲ့ ကျွန်တော်တို့လည်း တာဝန်နည်းနည်း ပေါ့သွား အောင်၊ ပြန်ပြီးတော့ လက်ခံ လိုက်တဲ့အကြောင်း သူတို့ကို (အ ရှေ့တောင်တိုင်း စစ်ဌာနချုပ်) အသိပေးအကြောင်းကြားလိုက် တာလေ။ နို့မို့ဆို မလိုလားတဲ့ ပြဿနာ ခဏခဏ ဖြစ်လာတယ် မဟုတ်လား’’ဟု ဗိုလ်မှူးချုပ်စော ကျော်သက်က ပြောသည်။

ကျောင်းသားသပိတ် ရန်ကုန်သို့သွားခွင့် ပြု၊ မပြု ယနေ့ညနေ သမ္မတ အဖြေပေးမည်

ရန်ကုန် (မဇ္ဈိမ) ။ ။ အချက်(၈)ချက်ဖြင့် ရန်ကုန်သို့ ချီတက်ရန် ပင်မသပိတ်မှောက်ကျောင်းသားများ၏ လိုလားချက်ကို ခွင့်ပြု၊ မပြု ယနေ့ညနေသုံးနာရီတွင် သမ္မတထံမှ အဖြေသိရမည်ဟု လက်ပံတန်းမြို့သို့ ရောက်ရှိလာသည့် မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ယက်(NNER) မှ ဒေါက်တာသိန်းလွင်က ပြောသည်။


“ဒီနေ့ ညနေသုံးနာရီလောက်မှာ သမ္မတဆီက အဖြေသိရမှာပါ” ဟု ဒေါက်တာသိန်းလွင်က ဆိုသည်။
လက်ပံတန်းမြို့သို့ မတ်လ ၇ရက်နေ့၊ မနက်ပိုင်းက သပိတ်မှောက်ကျောင်းသားများအပါအဝင် ပဲခူးတိုင်း နယ်လုံဝန်ကြီးနှင့် လာရောက်တွေ့ဆုံခဲ့သည့် ဒေါက်တာသိန်းလွင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ် သည်။

ကိုရင်ငယ်များ တင်ဆောင်လားသည့်ကားမှောက် ကိုရင်(၅)ပါးပျံလွန်


၂၀၁၅ ခုနှစ် မတ်လ ၉ ရက်နေ့ နံနက် ၀၆း၁၀ နာရီခန့် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၄၁/၁ နှင့် ၂၄၁/၂ ကြား (အသွားလမ်း)တွင် ရှမ်းပြည်နယ် နောင်မူ နေထိုင်သူ ဦးဇင်း မောင်းနှင်လာသည့် ယာဉ်အမှတ် 8G/×××× Light truck ယာဉ်သည် ရေဆူနေသဖြင့် ရေလဲပြီး ပြန်အထွက်တွင် ပြင်ဦးလွင် နေထိုင်သူ ဦးမင်းအောင်ကျော်မြင့် မောင်းနှင်လာသည့် ယာဉ်အမှတ် 9E/×××× မန်းရွှေမြို့တော် Express ယာဉ်က နောက်မှ ဝင်ရောက်တိုက်မိသော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး Express ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားပါသည်။

၆နှစ်ကြာအောင် ခေါင်းမလျှော်ပဲ နေလာတဲ့အတွက် ဆံပင်နဲ့ ပတ်သက်ပြီး ဘယ်လိုရလာဒ်ကောင်းတွေ ခံစားရတယ်ဆိုတာ ပြောပြပေးခဲ့သူ


ခေါင်းမလျှော်တာ ၆နှစ်တာရှိပြီဖြစ်တဲ့ ဒီအမျိုးသမီးအကြောင်းနည်းနည်း ပြောပြပေးချင်ပါတယ်။ ဘာ့ကြောင့် သူ ဒီလို အချိန်ကြာမြင့်စွာ ခေါင်းမလျှော်ပဲနေပေမယ့် သူမရဲ့ဆံပင်တွဟာ ကြည့်ကောင်းနေ သလဲဆိုတာကို ခုလို  ပြောပြပေးသွားပါတယ်။ "ခေါင်းမလျှော်ပဲနေကြတယ်လို့ ပထမဆုံး သူငယ်ချင်းတစ်ယောက်ဆီက ကြားလိုက်တော့ ဘယ်လိုပုံများဖြစ်မလဲပေါ့။ ဆံပင်ဘုတ်သိုက်ကြီးဖြစ်ပြီး ညစ်ပတ်နေမှာပဲလို့ တွေးမိတယ်။ ဒါပေမယ့် သူ့ဆံပင်ကိုကြည့်တော့လည်း လှလိုက်တာ မပြောနဲ့။ ချောမွတ်ပြီး တောက်ပြောင်နေတာပဲ။ သူကပြောတာတော့ ဒါ ရှန်ပူမသုံးတော့ပဲ ထားလို့တဲ့။

အ၀ယ်မမှားစေချင်

တစ်နေ့ ကျွန်ုပ်ထံသို့ ဖော်ပြပါ ပစ္စည်း ရောက်ရှိလာသည်။ ကချင်ပြည်နယ်၊ ဒေသတစ်ခုမှ ထွက်ရှိသော ရတနာပစ္စည်းဟုဆိုသည်။ အရည်အသွေးကောင်းသည်။ ကျွန်ုပ်သည် ထိုပစ္စည်းအား တွေ့လိုက်သည်နှင့် ရင်ထဲတွင် တစ်မျိုးခံစားလိုက်ရသည်။ ဘာရယ်မသိ၊ ထိုပစ္စည်းကို အဖန်ဖန် အခါခါ စစ်ဆေးကြည့်ရှုသည်၊ တကယ်ကောင်းသည့် ပစ္စည်းဟု ထင်မိသည်၊ ထိုပစ္စည်းအပေါ် အကျွန်ုပ်၏ မကျွမ်းကျင်မှု များကြောင့်ထင်ပါသည်။

ကိုးကန့်သောင်းကျန်းသူအဖွဲ့အား ငြိမ်းချမ်းရေးစကား လုံးဝပြောမည်မဟုတ်ပါ

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား တိုက်ခိုက်ခြင်းဟာ နိုင်ငံတော်ရဲ့ နယ်မြေအစိတ်အပိုင်း တစ်ခုခုကို ကျူးကျော်တိုက်ခိုက်တာဖြစ်လို့ အချုပ်အခြာ အာဏာ ကို ထိပါးစော်ကားခြင်းပါလို့ တပ်မတော်ဘက်က တုံ့ပြန် ပြောဆိုထားပြီးဖြစ်ပါတယ်။ တစ်ဆက်တည်းဆိုသလို ကိုးကန့်သောင်းကျန်းသူ အဖွဲ့ကို လုံးဝအလျော့ပေးမှာ မဟုတ်ကြောင်းလည်း ပြောကြားထားပြီးဖြစ်ပါ တယ်။ ဆိုလိုချင်တာက ကိုးကန့်သောင်းကျန်းသူ အဖွဲ့ကိုအမြစ်ပြတ်ချေမှုန်းသုတ်သင်သွားမှာဖြစ်ပါတယ်။


ကိုးကန့်သောင်းကျန်းသူအဖွဲ့အား ငြိမ်းချမ်းရေးစကား လုံးဝပြောမည်မဟုတ်ပါ

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား တိုက်ခိုက်ခြင်းဟာ နိုင်ငံတော်ရဲ့ နယ်မြေအစိတ်အပိုင်း တစ်ခုခုကို ကျူးကျော်တိုက်ခိုက်တာဖြစ်လို့ အချုပ်အခြာ အာဏာ ကို ထိပါးစော်ကားခြင်းပါလို့ တပ်မတော်ဘက်က တုံ့ပြန် ပြောဆိုထားပြီးဖြစ်ပါတယ်။ တစ်ဆက်တည်းဆိုသလို ကိုးကန့်သောင်းကျန်းသူ အဖွဲ့ကို လုံးဝအလျော့ပေးမှာ မဟုတ်ကြောင်းလည်း ပြောကြားထားပြီးဖြစ်ပါ တယ်။ ဆိုလိုချင်တာက ကိုးကန့်သောင်းကျန်းသူအဖွဲ့ကို အမြစ်ပြတ်ချေမှုန်းသုတ်သင်သွားမှာဖြစ်ပါတယ်။

ကျောင်းသားသပိတ်က ကျောင်းသားအားလုံးဆန္ဒလား ??

ဒီမိုကရေစီပညာရေးဥပဒေဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အခုပြုလုပ်နေတဲ့ ကျောင်းသားသပိတ်နဲ့ပတ်သက်ပြီး ဒီသပိတ် ဟာ မြန်မာနိုင်ငံတစ်ဝှမ်း လုံးမှာရှိတဲ့ ကျောင်းသားအားလုံးကို ကိုယ်စားပြုသလား။
ကျောင်းသားအားလုံးဆန္ဒနဲ့ပြုလုပ်တဲ့ ကျောင်းသားသပိတ်လားဆိုတဲ့ မေးခွန်းတွေအများကြီးထွက်လာပါတယ်။ ကျွန်တော်ကိုယ်တိုင် ရန်ကုန်စီးပွားရေးတက္ကသိုလ် (YIE) က တတိယနှစ်ကျောင်းသားပါ။ ပထမတစ်ခေါက်တုန်းကလည်း ဇေယျာလွင်တို့အဖွဲ့တွေ (YIE) က ဆရာမကို ရိုင်းရိုင်းစိုင်းစိုင်းတွေပြောပြီး အွန်လိုင်းမှာ ယုတ်မာစွာဝါဒဖြန့်လို့ ကျွန်တော်စာတစ်ပုဒ်ရေးဘူးပါတယ်။ အခုလဲ ဒီသပိတ်ဟာ ကျောင်းသားအားလုံးရဲ့ဆန္ဒလား၊ ကျောင်းသားတွေကို ကိုယ်စားပြုသလားဆိုတာကို အချက်ကျကျပြော ပြချင်ပါတယ်။

IS အဖွဲ့နှင့် ဘိုကိုဟာရမ် အစွန်းရောက် စစ်သွေးကြွ အုပ်စုနှစ်စု ပူးပေါင်း


နိုင်ဂျီးရီးယားနိုင်ငံ အခြေစိုက် ဘိုကိုဟာရမ် အစွန်းရောက် စစ်သွေးကြွအုပ်စုသည် အီရတ်နှင့် ဆီးရီးယားတွင် အဓိက ခြေကုပ်ယူ လှုပ်ရှားနေသည့် IS အစွန်းရောက် အစ္စလာမ္မစ်အုပ်စုနှင့် ပူးပေါင်းတော့မည် ဖြစ်သည်ဟု ဘိုကိုဟာရမ် ခေါင်းဆောင် အဘူဘာကာရှီကူက ထုတ်ဖော်ပြောကြားလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြထားသည်။


မုဒိမ်းမှုကျူးလွန်သူကို ထောင်ထဲမှ ဆွဲထုတ်သတ်ဖြတ်မှုဖြင့် လူ ၂၂ ဦးကို အိန္ဒိယရဲဖမ်းဆီး

အရင်တပတ်က အိန္ဒိယအရှေ့မြောက်ဒေသ နာဂလန်းပြည်နယ်ထဲမှာ လူအုပ်ကြီးက အကျဉ်းထောင်ကို ၀င်စီးပြီး မုဒိမ်းမှုနဲ့ ချုပ်နှောင်ထားသူကို ထောင်ထဲက ဆွဲထုတ်၊ ရိုက်နှက် သတ်ဖြတ်ခဲ့တဲ့ ၀ရုန်းသုန်းကား ဖြစ်စဉ်နဲ့ ပတ်သက်လို့ လူ ၂၂ ယောက်ကို ရဲအဖွဲ့က မတ် ၈ ရက်နေ့က ဖမ်းဆီးထားပါတယ်။
ဒီမာပူဝါ အကျဉ်းထောင်မှာ ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့လို့ အရေးပေါ် လုံခြုံရေးအမိန့်လည်း ထုတ်ပြန်ခဲ့ရပါတယ်။ အခြေအနေတွေ တင်းမာနေပေမယ့် ထိန်းသိမ်းထားနိုင်ပြီးလို့ ရဲမှူးကြီး ၀ါဘန် ဂျမားက ပြောပါတယ်။
လူ ၁၈ ယောက်ကို အခင်းဖြစ်တဲ့အချိန်က ဖမ်းဆီးပြီး နောက်ထပ် ဖမ်းဆီးမှုတွေနဲ့ပါဆိုရင် ၂၂ ယောက် ရှိပြီးလို့ ရဲအဖွဲ့က ဆိုပါတယ်။

ကျောင်းသားသပိတ်က ကျောင်းသားအားလုံးဆန္ဒလား ??

ဒီမိုကရေစီပညာရေးဥပဒေဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အခုပြုလုပ်နေတဲ့ ကျောင်းသားသပိတ်နဲ့ပတ်သက်ပြီး ဒီသပိတ် ဟာ မြန်မာနိုင်ငံတစ်ဝှမ်း လုံးမှာရှိတဲ့ ကျောင်းသားအားလုံးကို ကိုယ်စားပြုသလား။
ကျောင်းသားအားလုံးဆန္ဒနဲ့ပြုလုပ်တဲ့ ကျောင်းသားသပိတ်လားဆိုတဲ့ မေးခွန်းတွေအများကြီးထွက်လာပါ တယ်။ ကျွန်တော်ကိုယ်တိုင် ရန်ကုန်စီးပွားရေးတက္ကသိုလ် (YIE) က တတိယနှစ်ကျောင်းသားပါ။ ပထမတစ်ခေါက်တုန်းကလည်း ဇေယျာလွင်တို့အဖွဲ့တွေ (YIE) က ဆရာမကို ရိုင်းရိုင်းစိုင်းစိုင်းတွေပြောပြီး အွန်လိုင်းမှာ ယုတ်မာစွာဝါဒဖြန့်လို့ ကျွန်တော်စာတစ်ပုဒ်ရေးဘူးပါတယ်။ အခုလဲ ဒီသပိတ်ဟာ ကျောင်းသားအားလုံးရဲ့ဆန္ဒလား၊ ကျောင်းသားတွေကို ကိုယ်စားပြုသလားဆိုတာကို အချက်ကျကျပြော ပြချင်ပါတယ်။

ထိုင်သပိတ်ဆင်နွှဲနေသော ကျောင်းသားကျောင်းသူများအား အေးချမ်းစွာ အိမ်ပြန်ဖို့ ပါတီများအနေနဲ့ တောင်းဆိုသင့်

အမျိုးသားပညာရေးဥပဒေကြမ်း ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး အတွက် လက်ပံတန်းမြို့တွင် ထိုင်သပိတ်ဆင်နွှဲ နေသော ကျောင်းသားကျောင်းသူ များအား ရန်ကုန်သို့ ငြိမ်းချမ်းစွာ ပြန်လည်ရောက်ရှိရေး သမ္မတထံသို့ ပါတီ ၂၃ ဖွဲ့မှ စာရေးသား မေတ္တာရပ်ခံ တိုက်တွန်းထားသည်ဟု သိရှိ ရပါသည်။
အမှန်တကယ်ဆိုရင် ပါတီများအနေဖြင့် ကျောင်းသား ကျောင်းသူများအား ရန်ကုန်သို့ ဆက်သွားစေမယ့် အစား ၎င်းတို့၏ နေအိမ်များသို့ အေးအေးချမ်း ချမ်းပြန်သွားရန် တောင်းဆိုသင့်သည်ဟု မြင်မိပါသည်။
ယခုဆိုလျှင် ဆယ်တန်းကျောင်းသားများနှင့် တက္ကသိုလ်ကျောင်းသားများမှာ စာမေးပွဲဖြေဆိုရန် လွန်စွာနီးကပ်နေပြီဖြစ်၍ ကျောင်းသားမိဘများကလည်း စိုးရိမ်ပူပန်နေကြပါသည်။ ထို့ပြင် ကျောင်းသား ကျောင်းသူများ သပိတ်ဆင်နွှဲတောင်းဆိုနေ သော ပညာရေးဥပဒေမူကြမ်းကိုလည်း လွှတ်တော်တွင် ညှိနှိုင်းဆွေးနွေးနေပြီ ဖြစ်ပါသည်။ ထို့ကြောင့် ထိုင်သပိတ်ဆင်နွှဲ နေသော ကျောင်းသားကျောင်းသူများ အနေဖြင့် အေးအေးဆေးဆေး အိမ်ပြန်ပြီး စာကျက်နေသင့်သော အချိန်ဖြစ်သည်ဟု ဆိုချင်ပါသည်။

ဖားကန့်မြေပြိုမှု လူနှစ်ဦးသာ ပျောက်ဆုံးစာရင်းရှိဟုဆို

ကျောက်စိမ်း အဓိကထွက်ရှိရာ ဖားကန့်ဒေသတွင် မတ်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုကြောင့် လူတစ်ရာကျော် သေဆုံးသည်ဟု ဒေသခံများက ပြောကြားသော်လည်း နှစ်ရက်အတွင်း ပျောက်ဆုံးနေသည်ဟု လာရောက်အကြောင်းကြားထားသူ နှစ်ဦးသာ ရှိကြောင်း ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်း ဒုရဲအုပ် သက်ဇော်ဦးက ပြောကြားသည်။
မတ်လ ၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် စွန့်ပစ်မြေစာပုံ ပြိုကျမှုတွင် ပျောက်ဆုံးစာရင်း လာရောက်ပေးထားသူ ခြောက်ဦး ရှိခဲ့သော်လည်း မတ်လ ၇ ရက်နေ့က စာရင်းပေးထားသူထဲမှ ၄ ဦးက ၎င်းတို့သည် အခြားနေရာတွင် ရေမဆေးကျောက် ရှာဖွေနေသည်ဟု လာပြောသဖြင့် လက်ရှိတွင် နှစ်ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ၎င်းကဆိုသည်။

တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅ သိန်းရှာတဲ့ ၁၅နှစ်သမီးရဲ့ ကလေးထိန်း စီးပွားရေး

ပုံမှာ မြင်တွေ့ရတဲ့ အသက် ၁၅ နှစ် အရွယ် အမျိုးသမီးဟာ Noa Mintz လို့ အမည်ရပြီး ကမ္ဘာ့ အသက်အငယ်ဆုံး စွန့်ဦးတီထွင်သူ စာရင်းထဲမှာ ပါဝင်လာပါပြီ။ အကြောင်းကတော့ သူမဟာ ကလေးထိန်း စီးပွားရေး လုပ်ငန်းကို တည်ထောင်ပြီး နှစ်စဉ် ကုမ္ဗဏီဝင်ငွေ ၅ သိန်း ရှာဖွေ နိုင်နေလို့ ဖြစ်ပါတယ်။
သူမရဲ့ လုပ်ငန်းမှာ အိမ်အဖော်လုပ်မယ့်သူ ၂၅ ဦးနဲ့ ကလေးထိန်း ဦးရေ ၅၀ တို့ ပါဝင်ပါတယ်။ အကယ်၍ အိမ်ဖော် သို့မဟုတ် ကလေးထိန်းလိုအပ်ပြီ ဆိုရင် သူမရဲ့ ကုမ္ဗဏီကို ဆက်သွယ်ရုံပါပဲ။ သူမဟာ ဝဘ်ဆိုဒ် တစ်ခု ထောင်ထားပြီး ယင်းကနေ ခေါ်ယူတဲ့ သူများကို သူမဆီမှာ sign up လုပ်ထားသူများအား လွတ်ပေးပါတယ်။ ကုမ္ဗဏီ စည်းမျဉ်းစည်းကမ်းအရ သူမဟာ အသက် ၁၈ နှစ်မပြည့်သေးတာကြောင့် စီအီးအို နေရာ ကို ရင်းနှီးတဲ့ မိတ်ဆွေကို ထားရှိစေပါတယ်။

တရုတ်နယ်စပ်ရောက် မြန်မာ ဒုက္ခသည် သုံးသောင်းကျော် ကယ်တင်ခွင့်ရရန် ကြီးလေးကြီးထံ စာတင်မည်

ကိုးကန့်ဒေသ လောက်ကိုင်မြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တရုတ်နယ်စပ်သို့ ရောက်ရှိ ပုန်းရှောင်နေသည့် စစ်ပြေး ဒုက္ခသည် သုံးသောင်းကျော်ကို ကယ်တင်နိုင်ရန် အခက်အခဲရှိနေခြင်းကြောင့် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ထံ စာရေးသားတင်ပြသွားမည်ဟု End War In Myanmar လူသားချင်းမို့စာနာစို့ အဖွဲ့ဝင် ကိုလင်းနီသွေးက မဇ္ဈိမသို့ပြောသည်။
"“Myanmar Peace Centre က သမ္မတအထိ ပေါက်ရောက်တဲ့အတွက်ကြောင့် သူတို့ကနေတစ်ဆင့် လေးနေရာကို စာတင်မှာပါ။ကျွန်တော်တို့ ဒီအတိုင်း သွားရောက်ကယ်တင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေ။ ဒါကြောင့်စာတင်မယ် ခွင့်ပြုမိန့်ကျလာပြီဆိုရင် ကွမ်လုံမှာရှိတဲ့ ဒေသခံ ပရဟိတသမားတွေက သွားရောက် ခေါ်ဆောင်မှာပါ" ကိုလင်းသွေးနီက ပြောသည်။

ယောက်ကျားအရိုက်ခံရလို့  အွန်လိုင်းမှာ ပုံတင်ပြီး တိုင်တဲ့ အမျိုးသမီး

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မှာ မလေးရှားနိုင်ငံ နေထိုင်နေသူ ထိုင်းနိုင်ငံသူ အမျိုးသမီးက "ကျမကို ကယ်ကြပါ "ဆိုတဲ့ ခေါင်းစဉ်နဲ့  သူမဖေ့ဘွတ်မှာတင်ပြီး အကူညီတောင်းခဲ့ပါတယ်၊
အသက်၂၉နှစ် ထိုင်းနိုင်သူ joy ဟာ လွန်ခဲ့တဲ့ခြောက်နှစ်ထဲက မလေးရှားနိုင်ငံသားနဲ့ အိမ် ထောင်ကျခဲ့ပြီး သမီးလေးတယောက်ရနေပါပြီတဲ့၊သူမယောက်ကျားက ညဖက်အပြင်ထွက်လည်လွန်းလို့  စကားများရာက နေ သူမကိုဒဏ် ရာပြင်းပြင်း ထန်ထန် ရ အောင် ရိုက်ခဲ့ပါတယ် ၊ သူမယောက်ကျားကိုအရေးယူပေးဖို့  မလေးရှား စကားမပေါက်တာ ကြောင့် ခုလို အွန်လိုင်းမှာ တင်လိုက်ပြီးတဲ့နောက်မှာ ထိုင်းသတင်းတွေမှာပြန့် နှံ့ သွားခဲ့ပါတယ်။

ခေတ္တရွှေ့ပြောင်းစခန်းမှ ကျောင်းသားမိဘများအား သားသမီးများထံသို့ သွားရောက်ခြင်းမပြုရန် KIA အဖွဲ့မှ ခြိမ်းခြောက်တားမြစ်

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်အတွင်းရှိ ခေတ္တရွှေ့ပြောင်းစခန်းမှ ကျောင်းသားမိဘများအား ၎င်းတို့၏ သားသမီးများ စာမေးပွဲဖြေဆိုရာ မြို့များအသီးသီးသို့ သွားရောက်ခြင်းမပြုရန် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ခြိမ်းခြောက်တားမြစ်ထားကြောင်း သိရသည်။
ဗန်းမော်ခရိုင်အတွင်းရှိ နယ်စပ်မှတ်တိုင်အမှတ် (၈)ရှိ ခေတ္တရွှေ့ပြောင်းစ ခန်းမှ ဒဿမတန်းကျောင်းသား၊ ကျောင်းသူ များ၏ အုပ်ထိန်သူမိဘ များမှ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဆဒုံးမြို့ပေါ်ရှိ အထက်တန်းကျောင်းများတွင် ပညာသင်ကြား လျက် ရှိရာ မတ်လ ၁၁ ရက်နေ့တွင် စားမေးပွဲဖြေဆိုကြ မည်ဖြစ်သောကြောင့် ၎င်းတို့၏ သားသမီးများ ထံသို့ သွားရောက်ကာ အနီးကပ်