
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ် တို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင် တပ်နယ် တပ်မတော် ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်ကို စွမ်းစွမ်းတမံဖြင့် သက်စွန့် ကြိုးပမ်း ထမ်းရွက်စဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ရင်းနှီးနွေး ထွေးစွာ တွေ့ဆုံ၍ ဂုဏ်ပြုအားပေး စကား ပြေကြားသည်။




















