Thursday, April 9, 2015

မိုင်းတုံရေအားလျှပ်စစ်စီမံကိန်း ဒေသခံနှင့် အဖွဲ့အစည်းများ ထပ်မံကန့်ကွက်

ရှမ်းပြည်နယ် မိုင်းတုံမြို့ နယ်ရှိ သံလွင်မြစ် အထက်ပိုင်း တွင် တည်ဆောက်မည့် မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်းစတင် ရန် မိုင်းတုံမြို့နယ်တွင် လူထုတွေ့ဆုံပွဲပြုလုပ်ပြီး စီမံကိန်းကို ဒေသခံနှင့် အဖွဲ့အစည်းများက ကန့်ကွက်ခဲ့ကြောင်း သတင်းရရှိသည်။
သံလွင်မြစ်ပေါ်တွင် တည် ဆောက်မည့် ရေအားလျှပ်စစ်စီမံ ကိန်းများအနက် အကြီးဆုံးဖြစ် လာမည့် မိုင်းတုံရေအားလျှပ်စစ် စီမံကိန်းစတင်နိုင်ရန် ဧပြီ ၆ ရက် က မိုင်းတုံမြို့နယ်တွင် လူထုတွေ့ ဆုံပွဲပြုလုပ်ခဲ့ရာ ဒေသခံများနှင့် အဖွဲ့အစည်းများက စီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ် ခဲ့ကြ၍ ဒေသခံများ၏ သဘော ထား ကြေညာချက်ကို ကုမ္ပဏီ သို့ပေးပို့ခဲ့ကြောင်း မိုင်းတုံဒေသခံ နန်းအုံးရင်က ပြောသည်။

ပိတ်ပင်ခံထားရသော်လည်း ရွှေည၀ါဆရာတော် တရားဟောမည်

တရားဟောကြားခွင့် ပိတ်ပင်ခံထားရသော ရွှေည၀ါဆရာတော်သည် ဧပြီ ၁၂ ရက်တွင် ရွှေပြည်သာမြို့နယ်၌ တရားဟောကြားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ရွှေည၀ါဆရာတော် ဦးပညာသီဟအနေဖြင့် တရားဟောကြားခွင့် ပိတ်ပင်ခံထားရသော်လည်း ရွှေပြည်သာမြို့နယ်၌ ပြုလုပ်မည့် တရားပွဲတစ်ခုကပင့်ဖိတ်ထား၍ သွားရောက်ဟောကြားမည်ဟု ဆရာတော်၏ တပည့် ဦးဝိဝေကာနန္ဒက အတည်ပြုမိန့်ကြားသည်။

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေး ခေါင်းဆောင်များသဘောတူ

 ပြည်ထောင်စု လွှတ်တော်က တောင်းဆိုထား သော ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး ကို ဧပြီ ၁၀ ရက်တွင် ပြုလုပ်ရန် ဆွေးနွေးပွဲတွင်ပါဝင်သည့် ခေါင်း ဆောင်များအကြား တရားဝင်ညှိ နှိုင်းသဘောတူညီမှု ရရှိခဲ့ ကြောင်း သတင်းရရှိသည်။
ဧပြီ ၈ ရက် မွန်းလွဲ ၃ နာရီခန့်တွင် နိုင်ငံတော်သမ္မတ အိမ်တော် ငုရွှေဝါခန်းမ၌ ပြုလုပ်သည့် ထိပ်သီးခေါင်းဆောင်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ တက် ရောက်သော ၄၈ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ခေါင်း ဆောင်များအကြား ယင်းကဲ့သို့ သဘောတူညီမှု ရရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆို ခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

မိတ်ဆွေတို့ချိန်ဆနိုင်ရန် ၁ ပတ်စာ မနောမယ ဟောစာတမ်းပါ (ဧပြီ ၈ မှ ၁၄)

ကိုးကန့်လက်နက်ကိုင်အဖွဲ့အတွင်းရေးမှူး ဦးထွန်းမြတ်လင်းကို ဖမ်းဝရမ်းထုတ်


1 / 1

ကိုးကန့်လက်နက်ကိုင် အဖွဲ့ အတွင်းရေးမှူး၊ ဖုန်ကြား ရှင်၏ သားမက်ဦးထွန်းမြတ်လင်း ကို ကိုးကန့်ဒေသနှင့်ပတ်သက်၍ တပ်မတော်၏ဆောင်ရွက်မှုများ အောင်မြင်မှုပျက်ပြားစေရန်ရည် ရွယ်၍ ပြည်တွင်း၊ပြည်ပမီဒီယာ များအား မဟုတ်မမှန်သတင်းပေး မှုဖြင့် တပ်မတော်စစ်ခုံရုံးက အ ရေးပေါ်စီမံမှုဥပဒေဖြင့် တရားစွဲ ကာ ဖမ်းဝရမ်းထုတ်လိုက်ပြီဖြစ် ကြောင်း သတင်းရရှိသည်။

အရေးပါသော တောင်ကုန်းများကို တပ်မတော်က ဆက်လက်သိမ်းယူ

 မြန်မာ့တပ်မတော်စစ်ကြောင်းများက ကိုးကန့်တိမ်း ရှောင်အဖွဲ့ နေရာယူထားသော အရေးပါသည့် တောင်ကုန်းများ ကို ဧပြီ ၈ ရက်က သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ချင်းရွှေဟော်နှင့် လောက်ကိုင်ကြား လုံထန်တောင်ကြောရှိ အရေးပါသည့် ပွိုင့် ၁၅၈၄၊ ၁၈၅၄ နှင့် ၁၅၀၈ တောင်ကုန်းသုံးခုကို တပ်မ ၆၆စစ်ကြောင်းများက လက်နက်ကြီးပစ်ကူဖြင့် သိမ်းပိုက်ရရှိခဲ့ကြောင်း ရှေ့တန်းတပ်မတော်အရာရှိတစ်ဦးက ပြောသည်။

NCA မူကြမ်းပါ အချက်အချို့ အကောင်အထည်ဖော်မှသာ အပြီးသတ် သဘောတူလက်မှတ်ထိုးမည်ဟု UNFC ထုတ်ပြန်


တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အတည်ပြုလက်မှတ်ရေးထိုးခြင်း အခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ− MPC)
တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးသဘောတူညီချက် စာချုပ်(NCA)အတည်ပြုမူကြမ်း ပါအကြောင်းအရာအချို့ကို ဆက် လက်ဆွေးနွေးပြီးနောက် လိုအပ် သည့် အကောင်အထည်ဖော်မှုရှိ မှသာ အပြီးသတ် သဘောတူ လက်မှတ်ရေးထိုးနိုင်မည် ဖြစ် ကြောင်းညီညွတ်သောတိုင်းရင်း သားလူမျိုးများဖက်ဒရယ်ကောင် စီ(UNFC)က သဘောထားထုတ် ပြန်သည်။

ဖမ်းဝရမ်းထုတ်ခံထားရသော ဂရိတ်ဝေါဦးတင်မောင် စင်ကာပူနိုင်ငံတွင် ဆေးကုသခံနေဟုဆို



တော်ဝင်နှင်းဆီဆေးရုံကို တွေ့ရစဉ် (ဓာတ်ပုံ−မောင်တာ)
 တရုတ်နိုင်ငံသားများ တရားမ၀င်ဆေးခန်းဖွင့်လှစ်မှု ဖြင့် ဆေးရုံပိတ်သိမ်းခံရပြီးနောက် ထွက်ပြေး တိမ်းရှောင်နေသည်ဟုဆိုကာ ဖမ်းဝရမ်းထုတ်ခြင်းခံထားရသော တော်ဝင်နှင်းဆီဆေးရုံပိုင်ရှင် ဂရိတ်ဝေါဦးတင်မာင်သည် စင်ကာပူနိုင်ငံ၌ ဆေးကုသမှုခံယူ နေကြောင်း ဂရိတ်ဝေါကုမ္ပဏီမှ တာဝန်ရှိသူများက ပြောသည်။

(၁၄)ကြိမ်မြောက် ရုံးထုတ်သော်လည်း စာရေးဆရာထင်လင်းဦး၏ သက်သေများမစစ်ဖြစ်

စာရေးဆရာထင်လင်းဦး၏ (၁၄)ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခြင်းကို ဧပြီ ၈ ရက်က ချောင်းဦးမြို့နယ် တရားရုံးတွင် ပြုလုပ်ခဲ့သော်လည်း ဦးထင်လင်းဦး၏ သက်သေများကို စစ်ဆေးနိုင်ခြင်းမရှိကြောင်း သိရသည်။
ချောင်းဦးမြို့နယ် စာပေဟောပြောပွဲတွင် ဘာသာ၊ သာသနာစော်ကားပြောဆိုသည် ဟူသော စွဲချက်ဖြင့် ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနဦးစီးမှူး ဦးထွန်းခိုင်က တိုင်ကြားခဲ့၍ အမှုရင်ဆိုင်နေခြင်းဖြစ်သည်။

အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးခြင်းသည် အခြေခံဥပဒေနှင့်မညီဟု နိုင်ငံရေး ပါတီကြီးများပြော

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ်(ပီအာရ်)ကျင့်သုံးခြင်းသည် အခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိသည့်အပြင် လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးရန် မသင့်ကြောင်း အမျိုးသားလွှတ်တော်၌ ကျင်းပနေသည့် ကြားနာပွဲတွင် နိုင်ငံရေးပါတီကြီးအချို့ကပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး က ပီအာရ်စနစ်သည် အခြေခံဥပ ဒေနှင့် ညီညွတ်ခြင်းရှိ၊မရှိစိစစ်နေ ဆဲအချိန်၌ အမျိုးသားလွှတ်တော်  တွင် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးခြင်းအပေါ် နိုင်ငံရေးပါတီ များ၏ သဘောထားအမြင်များကို အမျိုးသားလွှတ်တော်ဥပဒေ ကြမ်းကော်မတီက ကြားနာပွဲပြု လုပ်နေခြင်းဖြစ်သည်။

မဲဆန္ဒနယ် အသိပေးလုပ်ငန်းများ ဒီချုပ် စတင်လုပ်ဆောင်

၂၀၁၅ အထွေထွေရွေး ကောက်ပွဲအတွက် မဲစာရင်းမှန် ကန်တိကျစေရန် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ပြည်သူလူ ထုအား မဲဆန္ဒရှင် အသိပေးမှု လုပ်ငန်းများ စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း သတင်းရရှိ သည်။

ရန်ကုန်တိုင်းအတွင်း ၁၀ မြို့နယ်တွင် အထွေထွေရွေးကောက်ပွဲအတွက် ရှေ့ပြေးမဲစာရင်းများ ကပ်ထားမှု စတင်နေသည့်အချိန် ၌ ယင်းမဲစာရင်းများကို ပြည်သူ လူထုစိတ်ပါဝင်စားစေရန်နှင့် မဲ စာရင်းတွင် အားနည်းချက်များ ရှိပါက အချိန်မီသိရှိနိုင်ရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုမဲစာရင်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ဦးထွန်းထွန်းဟိန် က ပြောသည်။

နိုင်ငံတော် သမ္မတကြီး ပါးကို နမ်းချင်သည်



ကျွန်တော်က အကောင်းမြင်ဝါဒ သမား ဖြစ်သည်။ သဘောထား ပျော့ပျောင်းသူလည်း ဖြစ်သည်။ ထို့ကြောင့် သမိုင်းအရ ဖြစ်ပေါ် လာသည့် စစ်တစ်ပိုင်းအစိုးရလို့ပဲ ပြောပြော၊ တစ်မတ်သား အစိုးရလို့ပဲဆိုဆို နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို ကျွန်တော် လေးစားသည်။ ယုံကြည်သည်။ မျှော်လည်းမျှော်လင့်ထားသည်။

ရွေးကောက်ပွဲကို ဘယ်သူရွှေ့ဆိုင်းမလဲ



၂၀၁၅ နှစ်လယ်ပိုင်းနီးကပ် လာခြင်းနှင့်အတူ နှစ်ကုန်ပိုင်းတွင်ကျင်းပမည်ဟု တရားဝင်ထုတ်ပြန်ထားသော အထွေထွေရွေးကောက်ပွဲများ ရွှေ့ဆိုင်းနိုင်ခြေစိုးရိမ်ရေမှတ် မြင့်တက်လျက်ရှိသည်။ ရွေးကောက်ပွဲရွှေ့ဆိုင်းခြင်းသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသား ပြည်သူလူထု၏ဆန္ဒကို ဒီမိုကရေ စီနည်းကျထုတ်ဖော်မှုကို ရွှေ့ဆိုင်းခြင်းပင်ဖြစ်သည်။ ရွေးကောက်ပွဲ ရွှေ့ဆိုင်းသူသည် ဒီမိုကရေစီစနစ်၏ ဘုံရန်သူ၊ တိုင်းရင်းသားပြည်သူလူထု၏ ဘုံရန်သူပင်ဖြစ်သည်။

မြန်မာ-တရုတ်နယ်စပ် မှောင်ခိုကူးမှုများ ယူနန်အစိုးရနှိမ်နင်းမည်



မြန်မာနိုင်ငံမှ တရားဝင်ပို့ကုန်ဖြစ်သော်လည်း တရုတ်နိုင်ငံက တရားဝင်တင်သွင်းခွင့်ပြုမထား၍ မြန်မာ−တရုတ်နယ်စပ်တွင် လယ်ယာထွက်ကုန်အချို့ကို ကားချင်းကဲ့ယူ၍ တရုတ်သို့တင်ပို့ရန် ပြင်ဆင်နေစဉ်
 မြန်မာ-တရုတ်နယ်စပ်တွင် မှောင်ခိုကုန်ကူးမှုများကို ပထမဆုံးအကြိမ် ထိရောက်စွာ တားဆီးနှိမ်နင်းမှုများပြုလုပ်မည်ဟု တရုတ်နိုင်ငံယူနန်အစိုးရက ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးသို့ စာပေးပို့ထားကြောင်း သတင်းရရှိသည်။မြန်မာ−တရုတ် နယ်စပ်ရှိ တုန်ဟို၊ ၀န်စန်း၊ စစ်ဆောင်ပန်း နာ၊ တယ်ဟုန်စသော ဒေသများ တွင် မှောင်ခိုကုန်ကူးမှုများကို ဧပြီ ၁ ရက်မှ မေလ ၃၁ ရက်ထိ နှစ်လကြာ သီးသန့်တားဆီးမှု ဆောင်ရွက်မည်ဟု မြန်မာကောင်စစ်ဝန်ရုံးသို့ ပေးပို့ထားသော စာ၌ ဖော်ပြထားသည်။

အဝေးသင်သိပ္ပံဘာသာတွဲများအတွက် လက်တွေ့သင်ခန်းစာသင်ချိန်ကို ရက်ဆက်သင်ကြားခြင်း သည်ထိရောက်သည့် သင်ကြားနည်းပုံစံမျိုးမဟုတ်ဟုဆို

http://i.dailymail.co.uk/i/pix/2015/03/03/0B8EE3DF00000514-2976595-image-a-1_1425343113423.jpg

အဝေးသင်သိပ္ပံဘာသာတွဲများအတွက် လက်တွေ့သင်ခန်းစာသင်ချိန်ကို ရက်ဆက်သင်ကြားခြင်း သည် ထိရောက်သည့်သင်ကြားနည်းပုံစံမျိုးမဟုတ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင် ကပြောကြားလိုက်သည်။
ယင်းကဲ့သို့ ပြောကြားခြင်းကို ယခု ၃၀ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တွင် ချင်းပြည်နယ်၊ ပလက်ဝမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်လင်း၏ ချင်းပြည် နယ်ပလက်ဝမြို့နယ်ရှိ ဆယ်တန်းအောင်မြင်ပြီး အဝေးသင်တက္ကသိုလ်တွင် သိပ္ပံဘာသာတွဲဖြင့် သင် ကြားနေသောကျောင်းသား၊

သင်္ကြန်ပွဲတော်တွင်း တားမြစ်ချက် ၈ ချက် ထိုင်းအစိုးရ ထုတ်ပြန်

ay_107796013

၂၀၁၅ ဧပြီလထဲမှာ ကျရောက်တဲ့ အတာသင်္ကြန်ပွဲမှာ အန္တရာယ်ကင်းရှင်းရေး နဲ့ ယဉ်ကျေးမှု ထိန်းသိမ်းရေးအတွက် ထိုင်းအစိုးရက တားမြစ်ချက် ၈ ချက် ထုတ်ပြန်ထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အခုလာမယ့် သင်္ကြန်ပွဲတော်မှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနက အဆိုပြုထားတဲ့  ထိုင်းဓလေ့ရိုးရာ ယဉ်ကျေးမှုအတိုင်း ရေကစားရေး အဆိုပြုချက်ကို မတ်လ ၂၇ ရက်နေ့  ၀န်ကြီးများအစည်းအဝေးမှာ သဘောတူပြီး တားမြစ်ချက် ၈ ချက်ကို ထုတ်ပြန်လိုက်တယ်လို့ ထိုင်းဝန်ကြီးများရုံးပြောခွင့်ရ ဗိုလ်မှုး ယုံယုဒ် မိုင်လပ်က ပြောပါတယ်။

ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲမှု ရှုတ်ချပွဲတက်သည့် ပါတီတချို့ သတိပေးခံရ

ကျောင်းသားသပိတ်

ပြီးခဲ့သည့် မတ်လ ၁၃ ရက်က ပုသိမ်မြို့၌ ကျင်းပသည့် ကျောင်းသားသပိတ် အကြမ်းဖက်မှု ရှုတ်ချပွဲတွင် ဟောပြောနေ သော ပုသိမ်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးသီဟ(ဓာတ်ပုံ – ဆလိုင်းသန့်စင်/ဧရာဝတီ)
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ပြီးခဲ့သည့် မတ်လ ၁၃ ရက်က ကျင်းပသည့် ဒီမိုကရေစီ ပညာရေး ကျောင်းသား သပိတ် အား အကြမ်းဖက် ဖြိုခွင်းမှု ရှုတ်ချခြင်းအခမ်းအနားသို့ တက်ရောက်ဟောပြောသော နိုင်ငံရေးပါတီတချို့ကို တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က ဧပြီလ ၆ ရက်နေ့တွင် သတိပေးကြောင်း သတင်း ရရှိသည်။

ပုဂံဘုရားများရှိ အလှူခံပုံးများ အဖောက်ခံရ၍ လုံခြုံရေးဝန်ထမ်းများကို စသုံးလုံး သင်တန်းပေးရန်စီစဉ်

ဆယ်ရက်အတွင်း ပုဂံရှိ ဘုရားနှစ်ဆူမှအလှူခံပုံးများ အဖောက်ခံရမှုကြောင့် ရဲတပ်ဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့က ဘုရားလုံခြုံရေး ဝန်ထမ်းများကို သင်တန်းများပေးရန် စီစဉ်နေ ကြောင်း သိရသည်။  မတ်လ တစ်လတည်းတွင် ပုဂံရှိဘုရားနှစ်ဆူမှ အလှူခံပုံးများ အဖောက်ခံခဲ့ရခြင်းဖြစ်၍ တန်ခိုး ကြီးဘုရား ၁၄ ဆူတွင် လုံခြုံရေးအင်အား တိုးမြှင့်ထားသည့်အပြင် အဆိုပါဖောက်ထွင်းခံရမှုများကို အထူးအမှုစစ် အဖွဲ့ဖွဲ့၍ စုံစမ်း စစ်ဆေးလျက်ရှိကြောင်း  ညောင်ဦး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ငြိမ်းကပြောသည်။

အဝေးသင်ပညာ ဆည်းပူးသူတွေအပေါ် ခွဲခြားသတ်မှတ်မှု AHRC ဝေဖန်





မြန်မာနိုင်ငံအစိုးရ ပညာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အဝေးသင်တက္ကသိုလ်တွေကို အသိအမှတ် မပြုတဲ့သဘော အစိုးရတာဝန်ရှိသူတွေဘက်က ပြောဆိုမှုကို AHRC အာရှလူ့အခွင့်အရေးကော်မရှင်က ကန့်ကွက်လိုက်ပါတယ်။

ဗကသ ကျောင်းသူ မပိုပိုကို ဖမ်းပြီ

ကမာရွတ်မြို့နယ် ရဲစခန်း၏ ဖမ်းဝရမ်းဖြင့် ဗကသ ကျောင်းသူ မပိုပိုကို သန်လျင်ရဲစခန်းက ဧပြီ ၈ ရက် ညနေ ၅ နာရီအချိန်ခန့်တွင် သူမ၏နေအိမ်ရှေ့၌ ဖမ်းဆီးခဲ့ ကြောင်း သန်လျင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဦးက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

ထိုင်းသင်္ကြန်မှာ ရေနှင့်ဖျော်ပြီး မျက်နှာကို သုတ်သည့် ပေါင်ဒါအကြောင်း တစေ့တစောင်း

893811บ้านดินสอพอง

ထိုင်းနိုင်ငံမှာ ဆုန်ခရမ်း (ခေါ်) သင်္ကြန်နီးလာတာနဲ့ သင်္ကြန်နဲ့ သက်ဆိုင်တဲ့ ရေပြွတ်တွေ သင်္ကြန်အင်္ကျီတွေ ဈေးကွက်ထဲကို ရောက်လာတဲ့အချိန်မှာပဲ ရေနဲ့ ဖျော်ပြီး မျက်နှာကို လိမ်းလေ့ ရှိသလို သင်္ကြန်မှာ တယောက်နဲ့ တယောက်မျက်နှာတွေကို သုတ်လိမ်းလေ့ရှိတဲ့ ဒင်းဆော်ဖုန် (ခေါ်) ပေါင်ဒါရဲ့ အခန်း ကဏ္ဍကလည်း မဖြစ်မနေ ပါလာလေ့ ရှိပါတယ်။

ကာလာစုံ သင်္ကြန်အတွက် ဖက်ရှင်ရင်ခုန်သံ

ရန်ကုန်သင်္ကြန်တွင် ပျော်ရွှင်စွာရေပက်ခံနေသူများ-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

နှစ်ကူးသင်္ကြန်ရောက်ရန် ရက် အ နည်းငယ်သာ လိုတော့သည်။ သည်လိုအချိန် ရောက်လာတိုင်း သင်္ကြန်မှာ အပီအပြင် ကဲနိုင်ဖို့ အစီအစဉ်တွေ ဆွဲပြီးနေကြပါပြီ။ ၀တ်မယ့် အ၀တ်အစား ဖက်ရှင်ဒီဇိုင်းများကို သူများထက် တစ်မူထူးအောင် ဘယ်လိုဝတ်မလဲ၊ ဆံပင် ပုံစံကို အားလုံးထက် ထင်းနေ အောင် ဘယ်လိုပုံ၊ ဘယ်လိုအ ရောင်ဆိုးမလဲ စသည်ဖြင့် စိတ်ကူး ပုံဖော်နေကြသည့် အချိန်လည်း ဖြစ်သည်။သင်္ကြန် လေးရက်တာကို အ လန်းစားဖက်ရှင်များနဲ့ ဖြတ်သန်းလေ့ရှိကြတဲ့ လူငယ်တွေ ဒီနှစ်သင်္ကြန်မှာလည်း ဘယ်လိုဖက် ရှင်တွေ ၀တ်ဆင်ကြမယ်၊ ဘယ်လို ဆံပင်ပုံစံ၊ အရောင်တွေ ခေတ်စားမလဲဆိုတာ စောင့်ကြည့်ရင်း ဒီနှစ်အတွက် သင်္ကြန်ဖက်ရှင် အကြိုရင်ခုန်သံနဲ့ ဘာဖက်ရှင်တွေ ခေတ်စားနိုင်မလဲဆိုတာကို သင်္ကြန်အတွက် ကြိုတင်ပြင်ဆင် နေသူတချို့ရဲ့ အစီအစဉ်တွေကို နားထောင်ပြီး အကြိုခံစားကြည့် ကြရအောင်။

ဦးသိန်းစိန်နှင့် သူရဦးရွှေမန်း ရွေးကောက်ပွဲဝင်ရန် ပါတီတွင်း မူလမဲဆန္ဒနယ်များ လျာထားပြီးဖြစ်

““ဥက္ကဋ္ဌရဲ့ တာဝန်ဝတ္တရားတွေကို အပြည့်အ၀ ထမ်းဆောင်နေတာကတော့ ဦးရွှေမန်းပေါ့။ ၂၀၁၅ ရွေးကောက်ပွဲ အဲဒါတော့ မပြောနိုင်သေးဘူး။ အသက်အရွယ်အရရယ် သမ္မတ အငြိမ်းစားအနေနဲ့ ဖြစ်သွားတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့ … ” ” ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တို့သည် လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ယခင်အောင်နိုင်ပြီး ၂၀၁၀ မဲဆန္ဒနယ်များအတိုင်း ၀င်ရောက် ယှဉ်ပြိုင်ရန် ပါတီတွင်း မဲဆန္ဒနယ် စာရင်းများတွင် လျာထားပြီးဖြစ်သည်ဟု ဧပြီလ ၇ ရက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ညီညီလွင်(ငြိမ်း)က မြန်မာသံတော်ဆင့် သို့ ပြောသည်။

အမေရိကန် သမ္မတ အိုဘားမားနှင့် သီးသန့် အင်တာဗျူး

Obama attends dedication at Ft. McNair in Washington

အာဆီယံ ဥက္ကဋ္ဌအနေနဲ့ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ တိုက်ပွဲများ ဖြစ်ပွားနေမှု၊ မီဒီယာများ ဖိနှိပ်မှု ဆက်လက်ခံနေရခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပေါ်နေခြင်း စတဲ့ အငြင်းပွားဖွယ်ရာတွေ ပေါ်ပေါက်နေချိန်လည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သဘောထားတင်းမာသူများ

ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (ဓာတ်ပုံ – ဧရာဝတီ)
ကွယ်လွန်သွားပြီဖြစ်သည့် သတင်းစာဆရာကြီးနှင့် နိုင်ငံရေး လှုပ်ရှား ကြိုးပမ်း စွန့်လွှတ် အနစ်နာခံခဲ့သူ ဦးဝင်းတင်က “ဒီအစိုးရကို ကျုပ်မယုံဘူး” ဟု ပြောင်ဖွင့်ပြောပြီး စိန်ခေါ်ရဲသည့် သတ္တိရှိခဲ့သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မဝင်ဖို့နှင့် ထောင်ချောက်ထဲကို လည်စင်းမခံဖို့ ပန်ကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ လျစ်လျူရှုခဲ့သည်။

လက်ပူတိုက် ငြိမ်းချမ်းရေး မဖြစ်စေဖို့



ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မကြာခင်က ရရှိလိုက်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကနေ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်ထွန်းလာနိုင်ပါ့မလားဆိုတာ လူအတော်များများ သံသယ ရှိကြတာကို တွေ့ရပါတယ်။ တကယ့်အလားအလာ ဘယ်လို ဖြစ်လာနိုင်ပါသလဲ လက်ပူတိုက် ငြိမ်းချမ်းရေး မဖြစ်ရလေအောင် ဘယ်လိုလုပ်သင့်ပါသလဲ။ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးစိုင်းညွန့်လွင် နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) အဖွဲ့ဝင် ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန် ("Andrew" Ngun Cung Lian) တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ် ထားပါတယ်။

အင်ဒိုနီးရှားလူကုန်ကူးမှု ကော်မတီဖွဲ့စုံစမ်းမည်


အင်ဒိုနီးရှားနိုင်ငံအတွင်းက ငါးဖမ်းလုပ်ငန်းမှာ ကျွန်ပြုခိုင်းစေမှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေ ထွက်ပေါ်နေတာကြောင့် အဲဒီကိစ္စကို အထူးအဖွဲ့ ဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ အင်ဒိုနီးရှားအစိုးရက ကြေညာလိုက်ပါတယ်။

ဒီနှစ်သင်္ကြန်မှာဆံပင်ဖက်ရှင် ဘယ်လိုတွေထွင်ကြမလဲ




သင်္ကြန်အတွက်ဖက်ရှင်ကို ဖန်တီးတဲ့အခါ အရေးပါဆုံးနဲ့ဖက်ရှင်ထွင်လို့ အကောင်းဆုံးထဲမှာ ဆံပင်ဒီဇိုင်း ဖက်ရှင်ကလည်း   တခုအပါအ၀င်ဖြစ်ပါတယ်။ တနှစ်ထက်တနှစ် ဆန်းသစ်လာတဲ့ဆံပင်ဒီဇိုင်းတွေကလည်း အများကြီးရှိလာပါတယ်။

Wednesday, April 8, 2015

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိပ်သီးညီလာခံသို့ ကိုးကန့်တပ်ဖွဲ့ တက်မည်

MNDAA
၂၀၁၄ ခုနှစ် ဇန်န၀ါရီလအတွင်းက ကရင်ပြည်နယ် လော်ခီးလာ၌ ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိပ်သီး ညီလာခံ(ဓာတ်ပုံ – မေခ/ဧရာဝတီ)
ဧပြီလအတွင်း NCCT က ဦးဆောင်ကျင်းပရန် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးညီလာခံတွင် လက်ရှိအချိန် ၌ အစိုးရနှင့် တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
“ဘယ်သူ တက်ရောက်မလဲ ဆိုတာ ကျနော်တို့ မဆွေးနွေးရသေးဘူး။ ဖိတ်စာ မရောက်သေးဘူးဗျ။ လုံခြုံရေးလည်း တာဝန်ယူ တယ် ဆိုရင် တက်လို့ ရပါတယ်”ဟု MNDAA ၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်းမြတ်လင်းက ဧရာဝတီကို ပြောကြားသည်။

မြန်မာအသင်းမှ လက်ခံလျှင် နိုင်ငံကိုယ်စားပြု ကစားချင်ပါသည်ဟု အင်္ဂလန်ရောက် ကရင်တိုင်းရင်းသား Kler Heh ပြောကြား

အင်္ဂလန်ပထမ တန်း Sheffield United ကလပ် အသင်းမှာသာ ကစားနေသော်လည်း မြန်မာပြည်မှလက်ခံလျှင် မြန်မာ ပြည်ကိုယ်စားပြု ကစားသမား ဖြစ် ချင်ပါတယ်ဟု ကရင်တိုင်းရင်းသား Kler Heh က မြန်မာဘောလုံးချစ် မြတ်နိုးသူများဖေ့စ်ဘွတ်ခ်သို့ ပြော သည်။
ထိုင်း-မြန်မာနယ်စပ် Kwe Ko Lo ဒုက္ခသည်စခန်းမှ မွေးဖွား လာသည့် အသက်(၁၉)နှစ်အရွယ် ကရင်တိုင်းရင်းသား Kler Heh မှာ ၁ဝ နှစ်သား အရွယ်ကပင် အင်္ဂလန် နိုင်ငံကိုရောက်ရှိကာ ကျောင်းအ သင်းမှစတင် ဘောလုံးကစားခဲ့သူ ဖြစ်သည်။