Thursday, April 9, 2015

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေး ခေါင်းဆောင်များသဘောတူ

 ပြည်ထောင်စု လွှတ်တော်က တောင်းဆိုထား သော ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး ကို ဧပြီ ၁၀ ရက်တွင် ပြုလုပ်ရန် ဆွေးနွေးပွဲတွင်ပါဝင်သည့် ခေါင်း ဆောင်များအကြား တရားဝင်ညှိ နှိုင်းသဘောတူညီမှု ရရှိခဲ့ ကြောင်း သတင်းရရှိသည်။
ဧပြီ ၈ ရက် မွန်းလွဲ ၃ နာရီခန့်တွင် နိုင်ငံတော်သမ္မတ အိမ်တော် ငုရွှေဝါခန်းမ၌ ပြုလုပ်သည့် ထိပ်သီးခေါင်းဆောင်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ တက် ရောက်သော ၄၈ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ခေါင်း ဆောင်များအကြား ယင်းကဲ့သို့ သဘောတူညီမှု ရရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆို ခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

‘‘ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတအောင်လုပ်ပေးမယ်လို့သာ ပြောနေပေမယ့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီးတော့ ရွေးကောက်ပွဲရလဒ်အတိုင်း လုပ်ပေးပါ့မယ်လို့ တစ်ခါမှ ကတိမပေးသေးဘူး’’

မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးမင်းဇင်နှင့် တွေ့ဆုံခြင်း



Freedom House အပါအဝင် နိုင်ငံတကာ သုတေသနအဖွဲ့များအတွက် မြန်မာ့အရေးသုတေသီအဖြစ် ဆောင်ရွက်နေပြီး အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဘာကလေတက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံပါရဂူဘွဲ့အတွက် စာတမ်းပြုစုလျက်ရှိသည့် မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမင်းဇင် ရန်ကုန်မြို့သို့ ရောက်ရှိနေစဉ်အတွင်း 7Day News က သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ၎င်းသည် The ForeignPolicy ၊ Journal of Current  Southeast Asian Affairs အပါအဝင် နိုင်ငံတကာသတင်းဌာနများစွာတွင် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ သုံးသပ်ဆောင်းပါးများစွာ ရေးသားနေသူတစ်ဦးလည်းဖြစ်သည်။ ဦးမင်းဇင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များအနက် အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဘန်ဂျီးနားကျွန်းမှ ရေလုပ်သားများ ခိုးမှုကျူးလွန်ခြင်း၊ ရန်ဖြစ်ခြင်းတို့ကြောင့် လုပ်ငန်းရှင်က ကိုယ်ပိုင်အချုပ်ခန်းဖြင့် ချုပ်နှောင်ထားခြင်း ဖြစ်သည်ဟုဆို



အချုပ်ခန်းအတွင်း နေထိုင်ရသည့် ရေလုပ်သားတစ်ဦး(Dita Alangkara/AP)
ဘန်ဂျီးနားကျွန်းပေါ်တွင် ထိန်းသိမ်းခံထားရသည့် ရေလုပ် သားများသည် ခိုးမှုကျူးလွန်ခြင်း၊ ဒေသခံများနှင့် ခိုက်ရန်ဖြစ်ပွား ခြင်းတို့ကြောင့်  ၎င်းတို့လုပ်ကိုင်သည့်  ကုမ္ပဏီများကကိုယ်ပိုင်အချုပ်ခန်းဆောက်ကာ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ရှင်းပြခဲ့သည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်ထွန်းက ပြောသည်။

ထားဝယ် ငြိမ်းချမ်းရေး ထောက်ခံဆန္ဒပြပွဲ ဌာဆိုင်ရာဝန်ထမ်း ထက်ဝက်ကျော်ပါ


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ဧပြီလ ၈ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူမူကြမ်းကို ထောက်ခံသည့် ဆန္ဒပြပွဲကို လူဦးရေ သုံးထောင်ကျော်ဖြင့် ပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်း ထက်ဝက်ကျော် ပါဝင်ခဲ့ကြောင်း မြို့ခံများက ပြောကြားသည်။

ယင်းဆန္ဒပြပွဲတွင် ဌာနဆိုင်ရာ ပေါင်းစုံမှ ဝန်ထမ်းများ ပါဝင်ခဲ့ကြပြီး စစ်ကြောင်းသုံးကြောင်းဖြင့်နေရာသုံးနေရာမှ ချီတက်ကာ ထားဝယ်မြို့ တိုင်းဒေသကြီး အားကစားကွင်းတွင် ငြိမ်းချမ်းရေလုပ်ငန်းစဉ်အား ထောက်ခံဆန္ဒထုတ်ဖော်သည့် အခမ်းအနားကို ပြုလုပ်ခဲ့သည်။

သင်္ကြန်မဏ္ဍပ်များတွင် နေ့စဉ် ဗုံးအန္တရာယ်စစ်ဆေးမည်


ရန်ကုန်၊ သင်္ကြန်မဏ္ဍပ်များ၌ ဗုံးအန္တရာယ် ကင်းရှင်းစေရန် နေ့စဉ်စစ်ဆေးမှုများ ပြု လုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဦးတင်ဝင်းက ပြောသည်။
ယင်းစစ်ဆေးမှုအား တစ်နေ့လျှင် နှစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိ ရသည်။

ကျေးသီးမြို့နယ်အတွင်းရှိကျေးရွာများမှ SSPP/SSA အဖွဲ့ရိက္ခာနှင့် အစားအသောက်များတောင်းခံ


ရှမ်းပြည်နယ်တောင်ပိုင်း၊ကျေးသီးမြို့နယ်၊ ဝမ်ဝကျေးရွာအုပ်စု၊ ဝမ်ဝကျေးရွာအနီးတွင်ဧပြီလ ၇ ရက်နေ့၌ရှမ်းပြည်တိုး တက်ရေးပါတီနှင့် ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့မှရောက်ရှိလာပြီးအခြေပြုနေထိုင် လျက်ရှိကြောင်း ယင်းဒေသခံ ရွာသားများထံမှ သိရသည်။

ချောင်းဆိုးပျောက်ဆေးအတွက် နာနတ်သီး ဖျော်ရည်သောက်



ဘယ်လိုချောင်းဆိုးမှုမျိုးပဲ ဖြစ်ဖြစ် ချောင်းဆိုးပျောက်ဆေးရည်တွေ သောက်မယ့်အစား နာနတ်သီးဖျော်ရည်ကိုသာ သောက်ပေးလိုက်ပါ။ အကုန်အကျ ပိုနည်းတဲ့အပြင် ဓာတုအဆိပ်အတောက်တွေ မပါဝင်ဘဲ အအေးမိခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

ငုတ်တုတ်ထိုင်ပြီး တီဗီကြည့်ခြင်းဟာ ဆီးချို ၊ သွေးချို ရောဂါ ဖြစ်ပွားစေဖို့ အခွင့်အလမ်း ပိုမို များပြား



တီဗီရှေ့မှာ ငုတ်တုတ်ထိုင်ပြီး တီဗီကြည့်နေတဲ့ နာရီတိုင်းဟာ ဆီးချို ၊ သွေးချို ရောဂါဖြစ်ပွားစေဖို့ အခွင့်အလမ်း ပိုမိုများပြားစေတယ်လို့ သုတေသီတွေက သတိပေးခဲ့ပါတယ်။
သုတေသီတွေ ယုံကြည်ထားတာက ထိုင်နေတာများခြင်းဟာ လူတွေရဲ့ ကိုယ်အလေးချိန်တွေကို တိုးပွားလာစေ နိုင်တယ်ဆိုတာပါပဲ။ ဒါကြောင့် ဒီအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ပြီး တီဗီရှေ့မှာ အချိန်ဖြုန်းခြင်းဟာ ဆီးချို ၊ သွေးချို ရောဂါ ဖြစ်ပွားဖို့အတွက် ၃.၄ ရာခိုင်နှုန်း သေချာစေနိုင်တယ်လို့ သိရပါတယ်။

အိပ်မောကျချိန် ဟောက်တတ်တဲ့သူတွေ ခံစားရတဲ့ ရောဂါဝေဒနာများ



လူတွေတော်တော် များများက ညဘက် အိပ်မောကျနေတဲ့အချိန်မှာ ဟောက်တတ်တဲ့ အကျင့်ကို ပေါ့သေးသေး ကိစ္စလို့  သဘောထားကြပါတယ်။ အမှန်တော့ အိပ်နေတဲ့အချိန်မှာ ဟောက်တာက သင့်ကျန်းမာရေး အတွက် ဘေးအန္တရာယ် ရှိစေပါတယ်။ ညဘက် အိပ်စက်နေချိန်မှာ မေးရိုး၊ လည်ချောင်းနဲ့ လျှာကြွက်သားတွေက ကောင်းကောင်း အလုပ် မလုပ်နိုင်ချိန်မှာ နှာခေါင်းနဲ့  အသက်မရှူနိုင်တာတွေဖြစ်လို့  ဟောက်ပြီး ပါးစပ်နဲ့ အသက်ရှူခြင်းတွေ ဖြစ်လာရတာပါ။ ဒီလိုဟောက်တတ်တဲ့ သူတွေက တစ်ညမှာ အကြိမ်ရာချီပြီး ဟောက်တတ်ကြပါတယ်။ လူအများစုကတော့ အိပ်စက်ရင်း ဟောက်ရလွန်းလို့ တစ်ရေးနိုးပြီး မောဟိုက်သလို ခံစားနေရတတ်ပါတယ်။ မောဟိုက်ခြင်းအပြင် အခြားခံစားရတဲ့ ဝေဒနာတွေကတော့

အမျိုးသမီးတွေဟာ ချစ်တင်းနှောရာ ကိစ္စရပ်တွေမှာ အရင်ကထက် ပိုမိုပွင့်လင်းမှု ရှိလာ


ခုခေတ် အမျိုးသမီးတွေဟာ ချစ်တင်းနှောတဲ့ အပိုင်းမှာ အရင်ထက် ပိုပြီးလွတ်လပ်တဲ့ သဘောထားတွေ ရှိလာပါတယ်။ လွန်ခဲ့တဲ့ နှစ်၂၀ကနဲ့ယှဉ်ရင် ချစ်တင်းနှောဖက် အရေအတွက်ဟာ ၂ဆ ပိုများလာတယ်လို့ စစ်တမ်းကောက်ချက်တွေ အရ သိရပါတယ်။

ရည်းစားဟောင်းက ကိုယ့်လှုပ်ရှားမှုတွေကို လူမှုကွန်ယက်တွေကတဆင့် စောင့်ကြည့်နေတယ်ဆိုရင်



ဘာအကြောင်းကြောင့် လမ်းခွဲခဲ့ လမ်းခွဲခဲ့၊ လမ်းခွဲခြင်းက ကြေကွဲဝမ်းနည်းဖို့ ကောင်းပါတယ်။ နှစ်ဦး နှစ်ဘက်လုံးက ဘာမှ မပတ်သတ်တော့ပေမယ့် တခါတလေ အွန်လိုင်းမှာ ရည်းစားဟောင်း က ကိုယ်ဘာတွေ လုပ်နေလဲ၊ သူ့ အတွက်များ ဘာတွေဆက်ပြီး ခံစားနေသေးလဲဆိုတာ စပ်စုချင်တာမျိုးတွေ ရှိတတ်ကြပါတယ်။ ဒီတော့လဲ အဲ့ဒီရည်းစားဟောင်းနဲ့ လမ်းခွဲပြီး နောက်ပိုင်းမှာ စပ်စုချင်တဲ့သူ (ရည်းစားဟောင်းအပါအဝင်)တွေကို ကိုယ်တွေဘက်က ပြတ်ပြတ်သားသားနဲ့ ပျော်ပျော် ရွှင်ရွှင်နေနိုင်တယ် ဆိုတာကို ဒီအချက်တွေနဲ့ ပေါ်တင်ပြလိုက်ပါ။

Facebook မှာ သူများပျော်တဲ့ Post ကို အကြည့်များရင် စိတ်ဓာတ်ကျနိုင်



University of Houston မှ စိတ်ပညာလေ့လာသူများရဲ့ ထုတ်ပြန်ချက်အရ Facebook မှာ သူများ တင်ထားတဲ့ ပျော်စရာ Post တွေ Status တွေကို အမြင်များရင် စိတ်ဓာတ်ကျနိုင်အောင် ဆိုပါတယ်။ 

ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရမှု ဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ မပိုပို အဖမ်းခံရ



ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံတွင် လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရမှုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုမှ ဖမ်းဝရမ်း ထုတ်ခံရသည့် ဆန္ဒပြပွဲ ဦးဆောင်သူ ခြောက်ဦးအနက် နည်းပညာတက္ကသိုလ် ကျောင်းသူ မပိုပိုကို ဧပြီလ ၈ ရက် ညနေ ၄ နာရီက သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာတွင် ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။ 

ဂျပန်မလေးဆိုထားတဲ့ ဖြူ နီ ပြာ ၀ါ သင်္ကြန်သီချင်းလေး အရမ်းနားထောင်လို့ကောင်းပါတယ်



ထူးထွေဆန်းပြားဗီဒီယိုများ

ထိုင်းနဲ့ ရုရှား ချစ်ကြည်ရေးတိုးမြှင့်

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနဲ့ ရုရှားဝန်ကြီးချုပ် Dmitry Medvedev တို့တွေ့ဆုံစဉ်

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနဲ့ ရုရှားဝန်ကြီးချုပ် Dmitry Medvedev တို့တွေ့ဆုံစဉ် (ဓာတ်ပုံ – Bangkok Post)
ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အစိုးရအဖွဲ့ကို ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက စစ်အုပ်ချုပ်ရေး ရုပ်သိမ်းဖို့ ဝိုင်းဝန်း ဖိအားပေးနေချိန်မှာပဲ ထိုင်းနဲ့ ရုရှား နှစ်နိုင်ငံကုန်သွယ်ရေးကို လာမယ့်နှစ်ထဲမှာ နှစ်ဆတိုး လုပ်ဆောင်သွားမယ်လို့ ထိုင်းနိုင်ငံကိုရောက်နေတဲ့ ရုရှားဝန်ကြီးချုပ် Dmitry Medvedev နဲ့ တွေ့ဆုံ ဆွေးနွေးအပြီးမှာပဲ ထိုင်းဝန်ကြီချုပ် က ပြောဆိုလိုက်ပါတယ်။

ဖားကန့်တွင် မြေပြိုမှု ထပ်မံဖြစ်၊ လူ ၇၀ ခန့် ပျောက်ဆုံး

မြေပြိုမှုများ မကြာခဏ ဖြစ်ပွားနေသော ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အနီးတွင် ဧပြီလ ၈ ရက်နေ့ ညနေ ၅ နာရီခန့်က မြယမုံကုမ္ပဏီ၏ ကျောက်စိမ်းတူးဖော်ရေးတွင်း မြေပြိုကျရာ လူ ၇၀ ခန့် ပျောက်ဆုံးနေကြောင်း လုံးခင်းနယ်မြေ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

မြန်မာပြည်မြောက်ဖျားက ဖျားနာနေဆဲ နောင်မွန်း



နောင်မွန်းမြို့သို့သွားရာ လမ်းပိုင်းတစ်နေရာ/ဓာတ်ပုံ- မရန်
ပူတာအိုမြို့မှ ရှစ်နာရီကြာ ဆိုင်ကယ်ဖြင့် ခရီးနှင်ပြီးသည်နှင့် နောင်မွန်းမြို့မှ ကြိုဆိုပါ၏ဆိုသည့် အနည်းငယ်ပေါက်ပြဲနေသော မြို့ဝင်ဆိုင်းဘုတ်ဗီနိုင်းကို တွေ့မြင်ရမည်ဖြစ်သည်။
ဆိုင်းဘုတ်ကိုကျော်လာလျှင်တော့ လောလောလတ်လတ် ခင်းထားသည့် မြို့တွင်းသုံးမိုင်ကတ္တရာလမ်းကို မြင်ရမည်ဖြစ်ကာ ဆက်သွားလျှင် နောင်မွန်းမြို့ပေါ် ရပ်ကွက်သို့ ရောက်ရှိမည်ဖြစ်သည်။

အစိုးရ၏ ဥပေက္ခာနှင့် အိမ်ပြန်ချိန်အခက်



လက်မှတ်ထိုးရန် တိုးဝှေ့နေသူများ (ဓာတ်ပုံ − အေးမြကျော်)
အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်း ၀င်လိုက်သည်နှင့် လူအချို့ နောက်မှကပ်ပါလာကြသည်။ သူတို့လက်ထဲတွင် စာရွက်တချို့ ဆုပ်ကိုင်ထားသည်။
‘‘ဘယ်သွားမှာလဲ၊ လက်မှတ်လိုရင်ပြောနော်။ ဂိတ်သွားလည်း လက်မှတ်ရတော့မှာ မဟုတ်ဘူး’’ ဟု တကောက်ကောက်လိုက်ပါရင်း ၎င်းတို့လက်ထဲမှ ယာဉ်ထိုင်ခုံနေရာပြဇယားစာရွက်များကို ပြသကာ တတွတ်တွတ်ပြောသည်။
အဝေးပြေးသို့ ရောက်ရှိလာကြသော ခရီးသည်များက ၎င်းတို့အား တွန်းဖယ်ရင်း လက်မှတ်ရောင်း

နစ်မြုပ် ရုရှား ငါးဖမ်းသဘောင်္က မြန်မာတဦးနဲ့ ဆက်သွယ်မေးမြန်းချက်

ငါးဖမ်းသဘောင်္

ရုရှ ငါးဖမ်းသင်္ဘော Dalny Vostok (ဓာတ်ပုံ – Itar-Tass)
ဧပြီလ ၂ ရက်နေ့ အစောပိုင်းက နိုင်ငံတကာမှ သင်္ဘောသား ၁၃၂ ဦးပါဝင်သည့် ရုရှား ငါးဖမ်းသင်္ဘော Dalny Vostok သည် ဒေသ စံတော်ချိန် နံနက် ၄ နာရီခန့်တွင် Kamchatka ကျွန်းဆွယ်အနီး Okhotsk ပင်လယ်တွင်းသို့ နစ်မြုပ်သွားခဲ့ပြီး သင်္ဘောပေါ်ပါသူများ ထဲတွင် ၆၃ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကာ ၅၆ ဦး၏ ရုပ်အလောင်းများ ဆယ်ယူနိုင်ခဲ့ကြောင်း သိရှိရသည်။

အဘယ့်ကြောင့် လူသေသောအခါ ဒီလိုလုပ်နေပါသလဲ ?

လူသေသောအခါ ရေချိုးပေးရခြင်းအကြောင်း
==========================
လူတို့သည် ရောဂါများခံစားရသောအခါ ဆေးဝါးများကုသရခြင်း ရေမချိုးရခြင်းစသည်ဖြင့် ရက်လနှစ်ကြာမြင့်အောင် ဝေဒနာကိုခံစားပြီး သေဆုံးသွားရလေသည် ထိုလူသေကောင်၌ မကောင်းသောအနံ့များနံနေသောကြောင့် အသုဘရှုသူ ရဟန်းရှင်လူများ အနံ့သက်သာစေရန် ရေချိုးပေးရခြင်း အမွှေးနံ့သာများဖြန်းပေးရခြင်းပင် ဖြစ်ပါသည်။
လူသေကောင်ပါးစပ် ငွေထည့်ပေးရခြင်းအကြောင်း

ခဏတာအပျော် တစ်ဘ၀စာနောင်တ



ရန်ကုန်မြို့ရှိ ရေကစားမဏ္ဍပ်တစ်ခုရှေ့တွင် ပျော်ရွှင်စွာရေပက်ခံနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ))
ရက်အနည်းငယ်အတွင်း ကျရောက်လာတော့မည့် သင်္ကြန်အတွက် မဏ္ဍပ်ဆောက်သည့်သူများ၊ ရေပက်ခံထွက်မည့်သူများ အလျှိုလျှိုပြင်ဆင်နေကြသည်။

မြန်မာ-တရုတ်နယ်နိမိတ်အငြင်းပွားပြဿနာ ဘယ်လိုဖြေရှင်းမလဲ



မန်မာ-တရုတ် နယ်စပ် နယ်မြေပိုင်မှု အငြင်းပွားနေစဉ် (ဓာတ်ပုံ − Zaai HomMain Facebook)
လောက်ကိုင်တိုက်ပွဲတွင် မြန်မာတိုက်လေယာဉ်မှ ကြဲချသည့်ဗုံးကြောင့် တရုတ်နိုင်ငံသားငါးဦး သေဆုံးခဲ့ရမှုအတွက် သမ္မတဦးသိန်းစိန်ကိုယ်စား မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီကို တောင်းပန်ခဲ့သည့် သတင်းများ ပြည်တွင်း၊ ပြည်ပမီဒီယာစာမျက်နှာများထက် ပလူပျံခဲ့သည်။

ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောစီမံကိန်း ထိရောက်မှု နည်းပါး

သစ်တော

စစ်ကိုင်းတိုင်း အတွင်းရှိ အလောင်းတော် ကသပ သစ်တော ကြိုးဝိုင်း(ဓာတ်ပုံ – ဧရာဝတီ)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနက သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ဒေသခံပြည်သူ များ အစုအဖွဲ့လိုက် ပိုင်ဆိုင်သည့် သစ်တောစိုက်ခင်းများ ထူထောင်ရန် နှစ် ၃၀ စီမံကိန်းချမှတ် ဆောင်ရွက်နေသော်လည်း ထိရောက်မှု နည်းပါးလျက်ရှိကြောင်း သိရသည်။

အရက်၊ ဆေးလိပ်အခွန် တိုးကောက်မည့်ဥပဒေ လာမည့်နှစ် ပြဋ္ဌာန်းနိုင်

အရက်၊ ဆေးလိပ်အပါအဝင် အထူးကုန်သွယ်ခွင့်ဖြင့် ခွင့်ပြုထား သော ကုန်စည်များကို အခွန်ပိုတိုး ကောက်မည့် ဥပဒေကို လာမည့် နှစ်တွင် ပြဋ္ဌာန်းနိုင်မည်ဖြစ် ကြောင်း သိရသည်။

ယခင်ပြဋ္ဌာန်းထားရှိခဲ့သော ကုန်သွယ်လုပ်ငန်းခွန် ဥပဒေတွင် အရက်၊ ဆေးလိပ်၊ မော်တော် ကားနှင့် အခြားပစ္စည်းအချို့ကို ရောသွင်း ပြဋ္ဌာန်းထားပြီး သီးခြား ဥပဒေအဖြစ် မရှိကြောင်း၊ ထို့ ကြောင့် ပိုမိုကုန်သွယ်မှု မပြု လုပ်နိုင်ရန် အခွန်အခ တိုးမြှင့် ကောက်ခံမည်ဖြစ်ပြီး ယင်းအ တွက် သီးသန့်ဖြစ်သော အထူး ကုန်သွယ်လုပ်ငန်းဥပဒေကို ပြ ဋ္ဌာန်းရခြင်းဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။

ငရဲခန်းမှအပြန် လက်ချည်းဗလာ



တပ်မတော်(ရေ)၏ ဖရီးဂိတ်သင်္ဘောပေါ်ဖြင့် ပြန်ပါလာသော မြန်မာလုပ်သားများ (ဓာတ်ပုံ- MOI)
ကြီးမားသော အဆောက်အအုံတစ်ခု၏ မြေကွက်လပ်တစ်နေရာတွင် လက်ဝါးကပ်တိုင်ပုံသဏ္ဌာန် တိုင်တစ်တိုင် စိုက်ထူထားသည်။ အဆိုပါ လက်ဝါးကပ်တိုင်ဆီသို့ အင်္ကျီအပြာနုရောင် ၀တ်ဆင်ထားသော သန်မာထွားကျိုင်းသည့် လူလေးဦးက ကိုကျော်စွာလင်းအား ခေါ်ဆောင်လာသည်။
ထို့နောက် သူ၏လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်ကို တိုင်နှင့်ကပ်၍ ကြိုးဖြင့်ချည်ထားလိုက်ပြီး လက်နှင့် ခြေထောက်များကို သူတို့က မလှုပ်နိုင်အောင် ဆုပ်ကိုင်ထိန်းချုပ်ထားလိုက်သည်။

နှစ်နိုင်ငံနယ်စပ်တွင် တရုတ်အလံစိုက်ရန် ကြိုးပမ်းသည့် ရွာလမ်းကို ရှမ်းပြည်နယ်အစိုးရ ပိတ်


နှစ်နိုင်ငံနယ်စပ်တွင် တရုတ်ဘက်မှ အလံစိုက်သောကြောင့် အငြင်းပွားနေစဉ်(fb.com/Zaai HomMai )
မြစ်ကူးတံတားတည် ဆောက်ရန် တရုတ်ပြည်သူ့သမ္မ တနိုင်ငံတော်အလံကို မြေတိုင်း သည့်အနေဖြင့် လာရောက်စိုက် ထူရန်ကြိုးပမ်းသည့် ရှမ်းပြည်နယ် မြောက်ပိုင်းမူဆယ်ခရိုင်နှင့် နမ့်ခမ်းမြို့နယ်အတွင်း ကုန်းဆာကျေးရွာကူးတို့ဆိပ်လမ်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပိတ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဦးပါမောက္ခကို မှုခင်းကိစ္စများတွင် ဝင်မစွက်ဖက်ရန် သံဃနာယကအဖွဲ့က စာထုတ်



မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာနိုင်သည့် မှုခင်းကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့က တားမြစ်စာ ထုတ်ပြန်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။ 

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ငွေကြေးကိစ္စတစ်ခုကြောင့် အမှုဖွင့်ခံရသူကို ရဲတပ်ဖွဲ့က စစ်ဆေးခဲ့သည်ကို မကျေနပ်သောကြောင့် ရဲများ လာဘ်စားနေကြောင်းကို ယင်းမြို့နယ် ရဲစခန်းရှေ့တွင် မကွေးဆရာတော် ဦးပါမောက္ခက လက်ကိုင်အသံချဲ့စက်ဖြင့် မိန့်ဆိုခဲ့ကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်မှုမှာ အများပြည်သူက ရဲတပ်ဖွဲ့အပေါ် အထင်လွဲမှားနိုင်သောကြောင့် အမှုအခင်းကိစ္စများတွင် ဦးပါမောက္ခ အပါအဝင် သံဃာတော်အချို့ ဝင်ရောက်စွက်ဖက်မှုများကို အရေးယူပေးရန် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကထံ တိုင်းရဲတပ်ဖွဲ့မှူးက တင်ပြခဲ့ကြောင်း၊ ယင်းနောက် ဂိုဏ်းပေါင်းစုံ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဆရာတော်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ဆွေးနွေးဆုံးဖြတ်ပြီးနောက် တားမြစ်စာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင် ဆရာတော်တစ်ပါးက မိန့်ကြားသည်။

ဖွဲ့စည်းပုံ မပြင်လျှင် “မေးခွန်းများ မြင့်တက်လာမည်”ဟု အမေရိကန်သံရုံး ပြောဆို

ဖွဲ့စည်းပုံ

၂၀၁၄ နိုဝင်ဘာတုန်းက ၂ နိုင်ငံခေါင်းဆောင်များ နေပြည်တော်တွင် တွေ့ခဲ့ကြစဉ် (ဓာတ်ပုံ – Reuters)
မြန်မာနိုင်ငံတွင် အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ခြင်း မရှိသည့် အတွက် ပြုပြင်ပြောင်းလဲရေးများ၏ ယုံကြည်စိတ်ချရမှု အပေါ် “မေးခွန်းများ မြင့်တက်လာမည်”ဟု အမေရိကန်နိုင်ငံက ဧပြီလ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ သို့သော် လာမည့်ရွေးကောက်ပွဲများ၏ တရားဝင်ဖြစ်မှုကို ထိခိုက်စေလိမ့်မည်ဟု မပြောပေ။

တရုတ်စစ်သားတွေ ဆားရည်စိမ် အသီးအရွက်ပဲ စားနေရသလား



တရုတ်စစ်သားတစုက ဆားရည်စိမ် အသီးအရွက်တွေကိုသာ စားနေကြရတဲ့ သတင်းနဲ့ ဓာတ်ပုံတွေ အွန်လိုင်း လူမှုကွန်ယက်နဲ့ မီဒီယာတွေမှာ ဖော်ပြခဲ့ပြီး နောက်ပိုင်း တရုတ်နိုင်ငံမှ လူမှုကွန်ရက်တွေမှာ ဝေဖန် ပြောဆိုမှုတွေ အမြောက်အများထွက်ပေါ်လာခဲ့ကြောင်း ဘီဘီစီ သတင်းတပုဒ်က ဆိုပါတယ်။ တရုတ်အစိုးရပိုင်သတင်းဌာနတွေကလည်း ပြန်လည် တုန့်ပြန်မှုတွေ ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။ 

အငြင်းပွားနေသည့် စံမမီတံတားနှစ်စင် မွေး/ရေ ဝန်ကြီးဌာန မဆောက်ဟု ငြင်းချက်ထုတ်


ပလက်ဝမြို့နယ်နှင့် ကလေးဝမြို့နယ်များတွင် မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော တံတားနှစ်စင်းပြီးစီးမှုမရှိဟု အမျိုးသားလွှတ်တော်၏ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဧပြီလ ၈ ရက်က ဆွေးနွေးမှုများသည် မှားယွင်းနေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာက သတင်းထုတ်ပြန်သည်။