ပဲခူးမြို့ အ၀င်တွင် တွေ့ရသည့် နာရီစင် (ဓာတ်ပုံ – ဇူးဇူး / ဧရာဝတီ)
ဂျပန်နိုင်ငံသို့ ပို့ဆောင်ပေးမည်ဟုဆိုကာ ငွေလိမ်လည်မှုနှင့်ဆက်စပ်၍ လူ ၂ ဦးအသတ်ခံရပြီး ပဲခူးမြို့နယ်၊ အင်းတကော် နယ်မြေအပိုင် ရွှေပြည် ၃ ရေလှောင်တမံ အနီးတွင် အလောင်း သွားရောက်ပစ်ချခဲ့မှုအတွက် ကျူးလွန်သူ တရားခံ ၄ ဦး ဖော်ထုတ်သိရှိထားပြီး ၁ ဦးဖမ်းမိထားကာ တရားခံ ၃ ဦးလွတ်မြောက်နေ ဆဲဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
















