Tuesday, June 9, 2015

အမေရိကန် ခရီးစဉ်မြင်ကွင်းတွေ ထည့်သွင်းရိုက်ကူးထားတဲ့ Snare အဖွဲ့ရဲ့ လိုက်ဖ်ရှိုး

အမေရိကန်နိုင်ငံတွင်ဒီဗီ ဒီရိုက်ကူးခဲ့သည့် သီချင်းတစ်ပုဒ် အပါအ၀င် သီချင်းသစ်များပါဝင် မည့် Snare အဖွဲ့၏ လိုက်ဖ်ရှိုး ဒီ ဗီဒ်ီအခွေကို မကြာမီဖြန့်ချိပေး မည်ဖြစ်ကြောင်း Snare အဖွဲ့မှ နေ၀င်းက ပြောသည်။
‘‘Snare အဖွဲ့ရဲ့ လိုက်ဖ်ရှိုး အခွေဖြန့်ဖို့ရှိတယ်။ အဲဒီအခွေမှာ သီချင်းအသစ်   သုံး၊ လေးပုဒ် လောက်ပါမယ်။ သီချင်းအသစ် တွေအတွက် အမ်တီဗီတွေလည်း ရိုက်နေတယ်။ မိစန္ဒီနဲ့တစ်ပုဒ်ဆို ရင် အမေရိကမှာ ရိုက်လာတယ်’’ ဟု ၎င်းကပြောသည်။
Snare အဖွဲ့၏ ပထမဆုံး တစ်ကိုယ်တော် လိုက်ဖ်ရှိုးဖျော် ဖြေပွဲကို ၂၀၁၄ က ပြုလုပ်ခဲ့ပြီး ယင်း လိုက်ဖ်ရှိုးပွဲကျင်းပစဉ်က မ ပါဝင်ခဲ့သည့် သီချင်းအသစ်များ ကိုပါ ယခုဒီဗီဒီအခွေ၌ ထည့်သွင်း  ထားခြင်းဖြစ်သည်။

မန္တလေးတိုင်းအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာ ၂၂ ရွာ ကမ်းပြို ကာကွယ်ရေး ကျပ်သန်းသုံးထောင်ခန့် သုံးမည်

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာ ၂၂ ရွာ ရေတိုက်စားခံရခြင်းနှင့် ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများအတွက် ငွေကျပ်သန်းသုံးထောင်ခန့် သုံးစွဲကာ လုပ်ဆောင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတင်းရရှိသည်။
ညောင်ဦး၊ မြင်းခြံ၊ ကျောက်ဆည်၊ ပြင်ဦးလွင်နှင့် မန္တလေးခရိုင်များအတွင်းရှိ ဧရာဝတီမြစ်ရေ တိုက်စားခံခဲ့ရပြီး ကမ်းပြိုမှုကြုံတွေ့နေရသည့် ကျေးရွာ ၂၂ ရွာ ၏ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအတွက် ငွေကျပ်သန်း ၂,၉၂၀ကျော် သုံးစွဲလုပ်ကိုင်မည်ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မန္တလေးတိုင်းဦးစီးမှူး ဦးဝင်းလှိုင်က ပြောသည်။

အမုန်းဘယ်လိုဖြေပါ့မယ်

စစ်ပွဲများကြောင့် နေရပ်တိမ်းရှောင်ထွက် ပြေး လာရသူများကို စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ်အ နီးကပ်ကူညီပေးနေသူ ကချင် တိုင်းရင်းသူလေး မလွမ်ညယ်တွင် ဗမာလူမျိုးအပေါင်းအသင်းဟူ၍ သိပ်မရှိပါ။
ထို့အပြင် ဗမာလူမျိုးဆိုလျှင် စကားမပြောဖြစ်အောင် ရှောင်တတ်သေးသည်။ ထို့အတွက် သူမတွင် အကြောင်းပြချက် ခိုင်ခိုင်မာမာရှိနေပါသည်။
လွန်ခဲ့သော၂နှစ်ခန့်က စစ် ကြောင့် အစ်ကိုအရင်းဖြစ်သူ၏ အသက်စတေးခဲ့ရသဖြင့် မလွမ်း ညယ်တွင် အနာမကျက်သေးပေ။ ၎င်းနှင့် ထိတွေ့ဆက်ဆံနေရ သော မျိုးနွယ်တူဒုက္ခသည်များထံ မှ ကြားရဖန်များလာသော အဖြစ် ဆိုးများက သူ့ကို ဗမာလူမျိုးများ နှင့် အဝေးဆုံးရောက်အောင် တွန်းပို့ထားသည်။
‘‘ကျွန်မက ဗမာတွေနဲ့ သိပ်မ ပေါင်းဖြစ်ဘူး။ ကင်းကင်းရှင်းရှင်း နေတယ်။ ဗမာတွေကို ကင်း အောင်နေတယ်’’ဟု မလွမ်းညယ် က ဆိုသည်။
လေးနှစ်ပြည့်လာသော် လည်း ယမ်းငွေ့မစဲသေးသည့် က ချင်မြေတွင် စစ်ပွဲအချိန်ကြာမြင့် လာသည်နှင့်အမျှ မလွမ်းညယ်ကဲ့ သို့ပင် ကချင်လူမျိုးအများစုတွင် ဗမာမုန်းတီးရေးစိတ်များ ခို အောင်းလာပါသည်။

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်တွင် အမျိုးသမီး အခွင့်အရေးရုပ်ရှင်များ ပြသမည်

တတိယအကြိမ်ပြုလုပ် မည့် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော် တွင် နှစ်စဉ်ပြုလုပ်နေကျ ကလေးသူငယ်အခွင့်အရေး ရုပ်ရှင်ပြသသည့် အစီအစဉ်ကိုသာမက အမျိုးသမီးများ၏ အခွင့်အရေး ရုပ်ရှင်ဇာတ်ကားများ ပြသသွားရန် အစီအစဉ်ရှိကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။
‘‘အမျိုးသမီးတွေရဲ့ အခွင့် အရေးနဲ့ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကား ငါးကားပါတယ်။ အင်မတန်လည်း ထူးခြားပါတယ်။ ဒါပေမဲ့ အဲဒီကားတွေက ပြိုင်ပွဲဝင်ကား တွေတော့ မဟုတ်ပါဘူး’’ဟု ၎င်း က ပြောသည်။
ယင်းဇာတ်ကားများမှာ အ ရည်အသွေးအားဖြင့် ကောင်းသ လို အမျိုးသမီးများ အိမ်တွင်းအ ကြမ်းဖက်မှုခံရခြင်း၊ အဖွဲ့အစည်းများက အနိုင်ကျင့်ခြင်း၊ ခင်ပွန်း ဖြစ်သူက အနိုင်ကျင့်ခြင်း၊ ချစ်သူရည်းစားက အနိုင်ကျင့်ခြင်း စ သည့် အကြောင်းအရာမျိုးစုံကို ပုံဖော်ထားကြောင်း ၎င်းက ဆို သည်။

လယ်ယာမြေပိုင်ဆိုင်ခွင့်လက်မှတ်ပုံစံ(၇)ထုတ်ယူမှု မသမာမှုများကြောင့် လယ်သမားများနစ်နာနေ

အစိုးရဘဏ်မှ ချေးငွေ ရရှိရန် လယ်ယာမြေလုပ်ပိုင်ခွင့် ပြုလက်မှတ် ပုံစံ (၇)ထုတ်ရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ မသမာမှုများကြောင့် လယ်သမား များ လယ်မြေပိုင်ဆိုင်ခွင့်များပါ ဆုံးရှုံးခဲ့ရသည်ဟု တောင်သူလယ် သမားထံမှ သတင်းရရှိသည်။
‘‘ဒီပုံစံ (၇) လုပ်ရင် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက တစ်ဆင့်  လုပ်ရတာ အဆင်မပြေတာတွေ ရှိတယ်။ ရွာထဲမှာ ပွဲစားတွေက အလိမ်ခံရတာ တချို့တွေခံရတာ ရှိတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဆီ တင်ထားပြီး ပုံစံ (၇)မကျသေး တဲ့ လယ်သမားတွေရှိတယ်’’ဟု မအူပင်မြို့နယ်မှ လယ်သမား ဦး စိန်ဝင်းက  ပြောသည်။
ပုံစံ (၇) သည် ဘဏ်လုပ်ငန်း အဆင်ပြေရေး ပိုင်ဆိုင်မှုတင်ပြ ရန်ဖြစ်ပြီး     ပုံစံ(၇)မတိုင်မီ လယ်သမားများအနေဖြင့်ဘဏ်မှ ချေးငွေယူရာတွင် လယ်ယာပိုင် ဆိုင်မှုအတွက် ပိုင်ဆိုင်ကြောင်းအ ထောက်အထား စာရွက်များပြရ ကြောင်း တောင်သူလယ်သမား များဖွံ့ဖြိုးတိုးတက်ရေးပါတီအ တွင်းရေးမှူး ဒေါ်ခင်သန်းဦးက ပြောသည်။

Monday, June 8, 2015

လှေစီးဒုက္ခသည်များ ထားရှိသည့်နေရာမှ ဘင်္ဂါလီနှစ်ဦး ထွက်ပြေး

မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့တွင် ယာယီ လက်ခံထားသည့် လှေစီးဘင်္ဂါလီ ခုနစ်ရာကျော်အနက် နှစ်ဦးသည် ဇွန်လ ၅ ရက်၌ ထွက်ပြေးသွား ကြောင်းသတင်းရရှိသည်။
 လှေစီး ဘင်္ဂါလီများကို စစ်တွေ အခြေစိုက် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်က ဇွန်လ ၆ ရက်မှ စတင်ကာ လာရောက်စစ်ဆေးမှု များပြုလုပ်နေပြီး ယင်းနေ့မတိုင်မီ ဇွန်လ ၅ ရက်နံနက် ၅ နာရီခွဲခန့် တွင် စခန်းအမှတ် (၃၇)မှ ဘင်္ဂါ လီနှစ်ဦး ထွက်ပြေးသွားခြင်းဖြစ် ကြောင်း မောင်တောခရိုင်လဝက ဦးစီးဌာနမှ အရာရှိတစ်ဦးကပြော ကြားသည်။‘‘ထွက်ပြေးသွားတဲ့ဘင်္ဂါလီ နှစ်ဦး နံပါတ်က ၄၇ နဲ့ ၄၈ ဖြစ်ပါ တယ်။ ကျွန်တော်တို့လည်း လှေစီးဘင်္ဂါလီတချို့ကို ဘင်္ဂလားဒေ့ရှ် ကိုပြန်လွှဲပေးဖို့ စီစဉ်နေတဲ့ အတွက် အလုပ်များနေတာကြောင့် သတိထားဖို့မရလိုက်ပါဘူး’’ ဟု ၎င်းကပြောသည်။

ပြည်ပ အမှာမရသဖြင့် စက်ရုံအချို့ ပိတ်သိမ်း

 ပြည်ပမှ အမှာမရသဖြင့်ရန်ကုန်တိုင်းရှိ စက်ရုံအချို့ စီးပွားရေးအရ တွက်ခြေမကိုက်၍ ယခုနှစ်အတွင်း စက်ရုံငါးခု ပိတ်သိမ်းသွားခဲ့ကြောင်း သတင်းရရှိသည်။‘‘အပြီးပိတ်တာရှိသလို တ ချို့ကလည်း အော်ဒါမရလို့ ဆိုပြီး ယာယီ ရပ်နားတာမျိုးတွေ ရှိပါ တယ်။ အကြမ်းဖျင်းလောက်က တော့ ဒီနှစ်ထဲမှာ ငါးရုံလောက် အပြီး ပိတ်သွားတယ်လို့ သိထားရ တယ်’’ဟု အလုပ်သမားညွှန်ကြား မှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။အပြီးပိတ်သိမ်းသော စက်ရုံများအပြင် ပိတ်သိမ်းရန် တင်ပြသည့်စက်ရုံများလည်း ရှိသည်။ စက်ရုံအချို့ပိတ်သိမ်းခြင်းမှာ ၎င်းတို့လုပ်ငန်းရပ်တည်ရေး အခက်အခဲကြောင့်သာဖြစ်ပြီး အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေးအငြင်းပွားမှုများနှင့် မသက်ဆိုင်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန တာဝန်ရှိသူက ဆိုသည်။

အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင်နိုင်မည့် စက်မှုဇုန်များ ဧရာဝတီတိုင်းအတွင်း တည်ဆောက်ရန်ရှိ

 ဂျပန်နိုင်ငံမှ ငွေကြေးအ ကူအညီဖြင့် ဧရာဝတီတိုင်းဒေသ ကြီးအတွင်း အထည်ချုပ်လုပ်ငန်းဦးစားပေးစက်မှုဇုန်များကို တည်ဆောက်အကောင်အထည်ဖော် ရန် စီစဉ်နေကြောင်း တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောသည်။
‘‘မိဘတွေက လယ်ယာလုပ် ငန်းလုပ်ကိုင်နေတော့ သားသမီး တွေက အလုပ်မရှိဘူး။ သူတို့တွေ အလုပ်အကိုင်ရအောင်လို့ အခုလို စီစဉ်တာပါ။ အထည်ချုပ်လုပ်ငန်း က ပညာသိပ်တတ်စရာမလိုဘူး။ သုံးလေးတန်းအောင်ရုံနဲ့ လုပ်လို့ ရပါတယ်’’ဟု တိုင်းဝန်ကြီးချုပ် ဦး သိန်းအောင်က ပြောကြားသည်။

တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၃၀၀၀ တင်ပို့ရန် ဆန်စပါးအသင်းချုပ် စီစဉ်

ဆန်တန်ချိန်၃,၀၀၀ကို ဇွန်လ ၂၀ရက်နောက်ပိုင်းတွင် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်တရားဝင်တင်ပို့ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတင်းရရှိသည်။
‘‘တရုတ်ကိုတော့ တရားဝင် လမ်းကြောင်းကပေါက်ပြီ။ အာဖ ရိကနိုင်ငံနဲ့ တခြားဈေးကွက်တွေ ကိုလည်း တင်ပို့နိုင်ဖို့ ကြိုးစားနေ တယ်’’ဟု မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်အထွေထွေအတွင်းရေး မှူးဦးရဲမင်းအောင်ကပြောသည်။
တရုတ်သို့ တရားဝင် ဆန်ရောင်းချရာတွင် ပိုးမွှားရောဂါ၊ ဆန်အရည်အသွေး၊ ဆန်စက် အခြေအနေ၊ ဆန်သိုလှောင်ထား မှုပုံစံတို့ကို စစ်ဆေးပြီးမှသာ သ ဘောတူလက်ခံခဲ့ခြင်းဖြစ်သည်။ လက်ရှိတရုတ်နိုင်ငံသို့ ဆန်တင်ပို့ ရာတွင်ကုမ္ပဏီ ၂၉ခုအားရွေးချယ် အသိအမှတ်ပြုထားပြီး ပထမဆုံး မြန်မာ့လယ်ယာစီးပွားအများပိုင် ကော်ပိုရေးရှင်း(MAPCO)မှ တန် ၃,၀၀၀ စတင်ပို့မည်ဖြစ်သည်။

မုံရွာမြို့ ကြက်၊ ငုံး မွေးမြူရေးအထူးဇုန် ဇီဝလုံခြုံရေးနှင့် မွေးမြူရေးဆိုင်ရာ နည်းပညာသင်တန်း ဖွင့်လှစ်မည်

မုံရွာမြို့ ကြက်၊ ငုံးမွေးမြူ ရေး အထူးဇုန် ဇီဝလုံခြုံရေးနှင့် မွေးမြူရေးဆိုင်ရာ နည်းပညာသင် တန်းကို ကုလသမဂ္ဂ ကမ္ဘာ့စား နပ်ရိက္ခာအဖွဲ့ (FAO) က ဇွန်လ ၉မှ ၁၂ ရက်အထိ မွေးမြူရေးလုပ်ငန်းရှင်များအား ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ဇီဝလုံခြုံရေးနဲ့ မွေးမြူရေး ဆိုင်ရာ နည်းပညာ သင်တန်းကို FAO က ပို့ချမှာပါ။ နှစ်တိုင်း လည်း သင်တန်းပို့ချခဲ့ပေမယ့် ဒီနှစ်တော့ ဇီဝလုံခြုံရေးအတွက် နည်းပညာ ကွဲပြားမှုတွေ ရှိနိုင် တယ်’’ဟု မုံရွာမြို့ ကြက်၊ ငုံး မွေး မြူရေးအထူးဇုန် ကြက်မွေးမြူရေး လုပ်ငန်းရှင် ဦးအောင်ဝင်းသန်းက ပြောကြားသည်။

အိုင်အက်စ်တို့လက်မှ ဘိုင်ဂျီမြို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း အီရတ်စစ်တပ်ကြေညာ

အမေရိကန်လေတပ်၏ ပံ့ပိုးမှုနှင့်အတူ အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) လက်အောက်မှ ဘိုင်ဂျီမြို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း အီရတ်စစ်တပ်က ကြေညာခဲ့သည်။
 ဇွန်လ ၇ ရက်တွင် အီရတ် စစ်တပ်နှင့် ပြည်သူ့စစ်များသည် ဘိုင်ဂျီမြို့တွင်းရှိ အစိုးရ အဆောက်အအုံများ၊ မြို့တော်ခန်းမ၊ အဓိက ဗလီကြီးနှင့် ပတ်ဝန်းကျင် ရပ်ကွက်များကို အပြည့်အဝ ထိန်းချုပ်လိုက်နိုင်ကြောင်း အီရတ်စစ်တပ်မှ ဗိုလ်မှူးချုပ် တာဆင်း အီဘရာဟင်က CNNသို့ ပြောကြားခဲ့သည်။

မားစ်ရောဂါ ကူးစက်မှုကြောင့် နိုင်ငံစီးပွားရေး ထိခိုက်လာမည်ကို တောင်ကိုရီးယား စိုးရိမ်

မားစ်ရောဂါပိုး ကူးစက် ပျံ့နှံ့နေမှုများကြောင့် နိုင်ငံ၏ စီးပွားရေးကဏ္ဍကို သက်ရောက်မှု ကြီးမားစွာ ထိခိုက်လာမည်ကို တောင်ကိုရီးယား အစိုးရက စိုးရိမ်လျက်ရှိကြောင်း သတင်းရရှိသည်။
 အရှေ့အလယ်ပိုင်းဒေသမှ စတင်ကူးစက်လာသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါသည် လတ်တလောတွင် တောင်ကိုရီးယား လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေပြီး ဆိုးလ်မြို့တော်သို့ လာရောက်လည်ပတ်မည့် ကမ္ဘာလှည့်ခရီးသွား အများအပြားသည်လည်း ၎င်းတို့၏ ခရီးစဉ်များကို ဖျက်သိမ်းခဲ့ကြသည်။

ပြည်မြို့တွင် လိုင်စင်မဲ့ ဆိုင်ကယ်များ အရေးယူမည်

 ပြည်မြို့တွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို စစ်ဆေး အရေးယူတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ကုန်လမ်းပို့ဆောင်ရေး ညွှန် ကြားမှူးဦးစီးဌာနက ထုတ်ပေး သည့် တရားဝင်လိုင်စင်မရှိသော ဆိုင်ကယ်များ စစ်ဆေးအရေးယူခြင်းကို ဇွန်လ ၈ ရက်တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ပြည်မြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက စီစဉ်ခြင်းဖြစ်ကြောင်း ပြည်မြို့၊ ဆံတော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။‘‘လိုင်စင်မဲ့ဆိုင်ကယ်တွေကို စစ်ဆေးအရေးယူသွားတော့မယ် ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့်သိ အောင် ဆောင်ရွက်ပေးဖို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးရဲ့ ညွှန်ကြား ချက်အရ ကြေညာပေးတာပါ။ ပြည်မြို့နယ်အတွင်းပဲလို့ သိရ တယ်’’ ဟု ဆံတော်ရပ်ကွက် အုပ် ချုပ်ရေးမှူး ဦးညွန့်လှိုင်က ပြော ကြားသည်။

ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ပေးပို့လာသည့် ပြည်သူ့ရင်ဖွင့်သံများကို လုပ်ပိုင်ခွင့် ဘောင်အတွင်းမှ ကြိုးစားပေးမည်ဟု သူရဦးရွှေမန်းပြောကြား

လူမှုကွန်ရက် စာမျက်နှာ မှတစ်ဆင့် တင်ပြလာသည့် ပြည် သူများ၏ ရင်ဖွင့်သံများကို လက် ခံကြိုဆိုနေပြီး လုပ်ပိုင်ခွင့်မူ ဘောင်အတွင်းမှ ကြိုးစားဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ပြည် ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြထားသည်။
‘‘ဖေ့စ်ဘွတ်ခ်မှပေးပို့လာ သော ပြည်သူများ၏ ရင်ဖွင့်စ ကားသံများကို လက်ခံကြိုဆို လျက်ရှိပြီး  လွှတ်တော်ဥက္ကဋ္ဌတစ် ယောက်ရဲ့ လုပ်ပေးနိုင်တဲ့ မူ ဘောင်များအတွင်းမှ တိုင်းပြည် အကျိုး၊ ပြည်သူများအကျိုးအ တွက် ကြိုးစားဆောင်ရွက်သွားပါ မယ်။ မိမိနဲ့အတူ ပူးပေါင်းပါဝင် ကြဖို့လည်း ဖိတ်ခေါ်အပ်ပါတယ်’’ ဟု သူရဦးရွှေမန်းက ဇွန်လ ၇ရက် တွင် ရေးသားထားသည်။

Saturday, June 6, 2015

အစိုးရကို ဆန္ဒပြချင်သည်

မေလ ၃၁ ရက်မှ စတင်ကာအစိုးရကို ဆန္ဒပြချင်စိတ်များကိန်းအောင်းနေသည်။ အထူးသဖြင့်တော့ စည်ပင်သာယာဌာနကို ဖြစ်သည်။ကိုယ်က အစိုးရသတ်မှတ်ထားသော ဆန္ဒပြခွင့်ပုဒ်မ ၁၈ တွေ၊ ဘာညာ သာရကာထွေလီ ကာလီသတ်မှတ်ချက်တွေကိုတော့ဖြင့် နားမလည်လှ။ မိမိလိုက်ပါချင်သော ဆန္ဒပြပွဲများကို လိုက်ပါခဲ့ဖူးသော်လည်း ကိုယ်တိုင်ဦးမဆောင်ခဲ့ဖူး။ ထို့ကြောင့် ခွင့်ပြုချက်မည် သို့ တင်ပြတောင်းခံရမည်လည်း မသိ။ သို့သော် ယမန်နေ့ကစ၍ စိတ်ထဲမှာ ကလိ ကလိ တရိရိဖြင့်ဆန္ဒပြချင်နေသည်ကိုသာ သိ သည်။
စည်ပင်သာယာကို ဆန္ဒပြ ချင်ရသည့် အကြောင်းက ဒီလို ရှင့်။ ရန်ကုန်မြို့တော်စည်ပင် သာရေးကော်မတီ၏ သုံးလတစ် ကြိမ်ကောက်ခံသော အခွန်ပြေ စာတွင် သန့်ရှင်းရေးဆောင်ရွက်ခ ဟူ၍ တစ်လလျှင် ၆၀၀ ကျပ်နှုန်း ဖြင့် သုံးလတစ်ကြိမ် ၁,၈၀၀ ကျပ် နှုန်း ဆောင်ခဲ့ရသည်မှာ ကြာခဲ့ပြီ။ ကျွန်မသည် အညာကျေးလက်မှ ကျေးတောသူ တစ်ဦးဖြစ်သော် လည်း ရန်ကုန်မြို့တော်ကြီးမှာ အိုးပိုင်အိမ်ပိုင်ဖြင့်နေထိုင်လာခဲ့ သည်မှာလည်း နှစ်ပေါင်းလေး ဆယ်ရှိခဲ့ပြီ။ ထို့ကြောင့် ရန်ကုန် မြို့တော်၏ အခွန်အခကောက်ခံ ပုံ၊ ကောက်ခံနည်း၊ တိုးမြှင့် ကောက်ခံလာပုံတွေကို မသိမရှိ သိရှိသည်။ ထို့နည်းအတူ ၀န် ဆောင်မှုပေးခဲ့ပုံတွေကိုလည်း အ မှတ်မထင် မဖြစ်ခဲ့။
၁၉၇၃ ရန်ကုန်မြို့တော်သို့ စတင်ပြောင်းရွှေ့ နေထိုင်စဉ်မှစ၍ စည်ပင်သာယာ၏ သန့်ရှင်းရေးဆောင်ရွက်ခ အခွန်အကောက်သည် သုံးလတစ်ကြိမ် ဘိုးဘွားပိုင်မြေ၊ ဂရန် မြေ၊ ကွာတားမြေ၊ စကွာတားမြေ၊ ပါမစ်မြေ၊ ကျူးကျော်မြေများအခွန်ကောက်ခံချိန်မှာတစ်ပါတည်း ပူးတွဲပါလာတတ်သည်။ ယခုအချိန် ကာလတွင်ထိုအခွန်ပြေစာ၌ သန့်ရှင်းရေးဆောင်ရွက်ခဟူ၍ ၁,၈၀၀ ကျပ် ကျသင့်သည်။ အစဉ်အလာအရမူ ထိုမြေခွန်ပြေစာအမှတ်၊စာရင်းအမှတ်နှင့်အတူ ကောက်ခံသော သန့်ရှင်းရေးဆောင်ရွက်ခသည် ရန်ကုန်စည်ပင်သာယာရေး နယ်နိမိတ်တွင် နေထိုင်စဉ် သန့်ရှင်းရေးဆောင် ရွက်ခအတွက် အပြီးအစီးကောက်ခံခဲ့ခြင်းဟု နားလည်သည်။ဘယ်အချိန်၊ ဘယ်ကာလကမှ လည်း အခြားပြေစာတစ်မျိုးမျိုးဖြင့် သီးခြားထပ်မံကောက်ခံခဲ့ခြင်း မရှိခဲ့။
သို့သော် လွန်ခဲ့သော ငါးနှစ် ခန့်မှ စတင်၍ စည်ပင်သာယာ ဌာနမှပင် ၀န်ထမ်းတစ်ဦး သီးသန့် ထားရှိပြီး အိမ်ပေါက်စေ့၊ အခန်း ပေါက်စေ့သို့လည်၍ သန့်ရှင်းရေး ဆောင်ရွက်ခဟူ၍ ခေါင်းစဉ်တပ် သော အခွန်ကိုကောက်ခံခဲ့ပြန် သည်။ ရန်ကုန်မြို့တော်၊ စည်ပင် သာယာဌာန၏ အမှတ်အသားပါ အခွန်ပြေစာဖြင့် မဟုတ်။ ဖြစ်က တတ်ဆန်းပြေစာ စာရွက်တစ် ရွက်ဖြင့် ကောက်ခံခြင်း ဖြစ် သည်။
ထိုသို့ စတင်ကောက်ခံစဉ် က ကျွန်မသည် လာရောက် ကောက်ခံသော စည်ပင်ဝန်ထမ်းကို ‘‘သန့်ရှင်းရေး ဆောင်ရွက်ခဆိုပြီး မြေခွန်နဲ့အတူ ပုံမှန်ဆောင်နေတာ ပဲ။ ဘယ်နှစ်ထပ်ကောက်နေဦးမှာ လဲ’’ဟု မေးမြန်းခဲ့သည်။ ထိုအခါ စည်ပင်ဝန်ထမ်း အမျိုးသမီးက သူလည်း မသိဘူး။ အထက်က ကောက်ခိုင်း၍ ကောက်ခံရသည် ဟုဆို၏။ ထိုသို့ကောက်ခံခြင်းမှာ ယခင်အစဉ်အလာ မရှိခဲ့သော နားလှည့်ပါးရိုက်သော သန့်ရှင်းရေးဆောင်ရွက်ခကို အခွန်နှစ်ထပ် ကောက်ခံမှုဟု နားလည်သည်။ ထိုကောက်ခံမှုသည် အစိုးရ၏ ပုံမှန်ဘတ်ဂျက်စာရင်းထဲသို့ပင် ၀င်၏၊ မ၀င်၏ ပြည်သူများသိခွင့် မရှိ။
ယခုတော့ ထိုအခွန်နှစ်ထပ် ကို Upgrade တစ်မျိုးဖြင့် တစ် ဆင့်တိုးမြင့်ဦးမည်ဟု ဆိုပြန် သည်။ မေလ ၃၁ ရက်က ကျွန်မ ၏ နေအိမ်သို့ ရပ်ကွက်လူကြီးများ ရောက်ရှိလာခဲ့သည်။ သူတို့က ပြည်သူလူထု၏ သဘောထား အဆိုပြုလွှာဟု အမည်ပေးထား သော စာရွက်တစ်ရွက်ကို ပေး သည်။ ပြီးတော့ ‘‘ဟောဒီစာရွက် မှာ ပါရှိတဲ့ ကုမ္ပဏီက အမှိုက်သိမ်း တဲ့ ၀န်ဆောင်မှုကိုပေးမယ်။ သန့် ရှင်းရေဆောင်ရွက်ခ လစဉ် ၆၀၀ ကျပ်မှ ၁,၆၀၀ ကျပ်အထိ တိုးမြှင့် ကောက်ခံတာကို သဘောတူ၊ မတူ အဆိုပြုပေးပါ’’ ဟု ဆို၏။
ကျွန်မပြောချင်သည်။ တကယ်တော့ မူလကပင် ရန်ကုန် မြို့တော်စည်ပင်သာယာ၏ လုပ် ထုံးလုပ်နည်းမှ ကွဲလွဲပြီး ဒုတိယ မြောက် ထပ်ဆင့်ကောက်ခံသော သန့်ရှင်းရေး ဆောင်ရွက်ခ ကောက်ခံမှုကို သဘောမတူခဲ့။ အစိုးရနှင့် အလုပ်လုပ်ရသည်ကို ပြည်သူတစ်ဦးအနေဖြင့် တစ်ဦး တစ်ယောက်တည်း ဖောက်ထွက်ပြီး အရစ်တွေ၊ အတွန့်တွေ မလုပ်ချင်၍သာ ပေးဆောင်နေရသည်။ အဓိပ္ပာယ်မရှိဟုသာ ထင်သည်။ ကျွန်မနည်းတူပင် အခြား အခြား ပြည်သူအများကလည်း အစိုးရ ၀န်ထမ်းဝတ်စုံဖြင့် အခွန်လာ ကောက်သည်ဆိုလျှင် လုပ်ထုံး လုပ်နည်းမှန်၏၊ မှား၏၊ မစစ် ဆေးဘဲ စကားနည်းရန်စဲ ပေး ဆောင်လိုက်ကြသည်သာ။
ယခုတော့ဖြင့် လစဉ်ပေး ဆောင်နေရသည့် သန့်ရှင်းရေး ဆောင်ရွက်ခကို တစ်ဆင့်တိုး၍ ကုမ္ပဏီကိုထိုးအပ်ကာ ၁,၆၀၀ ကျပ်အထိ တိုးမြှင့်ပေးဆောင်ခိုင်း ရန် ကြံစည်နေပြန်ပြီ။ သဘောတူ၊ မတူ အဆိုပြုလွှာကို ကောက်ခံ သော ရပ်ကွက်လူကြီးများအား ‘‘ဟုတ်ပြီ။ ကုမ္ပဏီကိုအပ်မယ်။ ငွေကြေးလည်း တိုးကောက်မယ်။ ကုမ္ပဏီက ဘယ်လိုဝန်ဆောင်မှု တွေ ပေးမှာလဲ။ ဟိုရှေးရှေးခေတ် ကျွန်မတို့ငယ်စဉ်က မြို့တော်စည်ပင်သာယာက မြေခွန်နဲ့အတူကောက်ခံခဲ့တဲ့ သန့်ရှင်းရေး ဆောင်ရွက်ခနဲ့တင် ပြီးခဲ့တယ် နော်။ အဲဒီအချိန်တုန်းက အိမ်ရှေ့ လည်း သန့်ရှင်းတယ်။ အိမ် နောက်ဖေးလမ်းကြားလည်း သန့် ရှင်းတယ်။ အခု မသန့်ရှင်းဘူး။ အမှိုက်တွေ ဗရပွဖြစ်နေတယ်။ အခွန်တွေသာ နည်းလမ်းစုံနဲ့ ကောက်ခံနေတယ်။ ၀န်ဆောင်မှု က လျော့ကျသွားတယ်။ အခုကိစ္စ မှာ ကျွန်မတို့ ပြည်သူလူထုက သဘောတူ၊ မတူ ဆုံးဖြတ်နိုင် အောင် ကုမ္ပဏီက ဘယ်လိုဝန် ဆောင်မှုတွေကို လုပ်ဆောင်ပေး မှာလဲ ပြောပြပေးပါ’’ဟု တောင်း ဆိုမိသည်။
ရပ်ကွက်လူကြီးများက တော့ ‘‘ထူးခြားပြီး မလုပ်ဘူး။ လက်ရှိ လမ်းထိပ်မှာ ချထားတဲ့ အမှိုက်ပုံးတွေ သိမ်းတာပဲ လုပ် မယ်ပြောတယ်’’ ဟု ဆိုသည်။ ဒုက္ခော။ ၀န်ဆောင်မှုမှာ အတူ တူ။ ထူးခြားပြီး မသန့်ရှင်းလာဘဲ လစဉ်ကျပ် ၁,၀၀၀၊ တစ်နှစ်မှာ ကျပ် ၁၂,၀၀၀ တိုးပေးရမည်ဆိုပါလား။ ဒါကို သဘောတူ၊ မတူဆိုသည်ကို မေးမှ မေးတတ်ပလေ ဟုသာ သြချလိုက်ချင်သည်။ သို့ နှင့် ကျွန်မသည် ‘‘အိမ်ရှေ့၊ အိမ် နောက်ဖေးလမ်းကြားသန့်ရှင်း ရေးကို အပြည့်အ၀ ၀န်ဆောင်မှု ပေးမည်ဆိုပါက သဘောတူပါ သည်။ သို့မဟုတ်ပါက သဘော မတူနိုင်ပါ’’ဟုသာ အဆိုပြုလွှာ တွင် ရေးသားပေးလိုက်သည်။
အစိုးရလုပ်နေပုံကား အခြား ကိစ္စများကို မဆိုထားနှင့်။ နိုင်ငံ အတွင်းရှိ မြို့တော်ကြီးများ၏သန့် ရှင်းရေးကိစ္စမှာပင် အပေါ်ယံမှာ ရွှေမှုန်ကြဲအထဲမှာတော့ နွားချေးခံဆိုသလို လုပ်နေခြင်းက စိတ်ကသိ ကအောက်ဖြစ်လှသည်။ ပြည်သူ က ပေးဆောင်ရမည့် အခွန်အ ကောက်ကိုမူ အမျိုးမျိုးအထွေ ထွေ၊ နှစ်ထပ်၊ သုံးထပ်ခေါင်းစဉ် တပ်၍ ကောက်ခံချင်သည်။ ကောက်ခံနေသည်။ ဝန်ဆောင်မှုကိုတော့ ကောင်းမွန်အောင် မစဉ်း စား။
ယခု သန့်ရှင်းရေးကိစ္စမှာပင် အစိုးရစည်ပင်သာယာဌာန၏ ကိုင်တွယ်ပုံမှာ ပုဂ္ဂလိကကုမ္ပဏီ ကို ထိုးအပ်ချိန်မှာလည်း နောက် ဖေးလမ်းကြားများသန့်ရှင်းမှုအ တွက် အစီအစဉ်မပါ။ ပြည်သူလူ ထုအပေါ်မှာ လှည့်ပတ်ညာဝါး အခွန်ကို စားနေသလောက် တာ ဝန်ခံမှုအတွက် တွေးခေါ်စဉ်းစား ရာမှာ ချို့တဲ့လွန်းလှသည်။
မကြာမီက ဆက်သွယ်ရေး တယ်လီဖုန်းခွန်ကို ကောက်ခံရန် ကြံစည်မှုမှာလည်း ဆက်သွယ် ရေးလိုင်းများက အော်ချင်သ လောက်အော် ခေါ်လို့မှမကြား။ ဆင်းမ်ကတ်အမျိုးမျိုးအကြားမှာ ဗျာများနေရဆဲ ပြည်သူထံမှ အခွန်ဖြတ်တောက်ကောက်ခံရန် ကြံ ရွယ်ခဲ့သည်။ ဝန်ဆောင်မှုကို ပထ မဦးစားပေးကြိုးစားပြီးလျှင် ပြည် သူများဘက်ကလည်း အခွန်အကောက်ဆိုသည်မှာ ပေးသင့်လျှင် ပေးရတတ်သည်ကို မသိမရှိ။ သိရှိကြသည်သာ။
မုန့်ဟင်းခါးဆိုင်လေးစား၍ ကောင်းသည်။ စွဲငြိသွားပြီးလျှင် ဈေးတိုးတောင်းလည်း ရနိုင် သည်။ အလှပြင်ဆိုင်လေးတစ် ဆိုင် လှအောင်ပြင်တတ်သည်။ ဈေးတိုးတောင်းလျှင် လှချင်သည် မို့ ပေးကြမည်။ ကျူရှင်ဆရာ စာ သင်ကောင်းသည်၊ ကုန်ဈေးနှုန်း တက်လျှင် ဆရာသမားပညာခ တိုးတောင်းလျှင် တိုးပေးရမည်။ ယုတ်စွအဆုံး ဗေဒင်ဆရာများပင် မှန်အောင်သာဟော ဈေးမပြော ဘူးဆိုသည်မှာ ပြည်သူ့သဘာဝ စိတ်ထားပင်။ ပြည့်စုံကောင်းမွန် သော ဝန်ဆောင်မှုက ပထမလာ ပါစေ။ အခွန်ပေးရန် မနှမြော။ ဝန် ဆောင်မှုကောင်းကောင်းက ဘယ် မှာ နေမှန်းအသိခင် အခွန်ကို အ ပြေးလာကောက်၊ တိုးကောက် ခြင်းကို မည်သူကမှ မသဒ္ဓါ၊ ကြည်ဖြူရှိမည်မထင်ပါ။
တစ်လက်စတည်း ပြောလို သည်။ ၁၉၈၈ ခု မတိုင်ခင်ကာလ များက မြန်မာပြည်တစ်ဝန်းလုံး တွင် မည်သည့်မြို့သို့သွားသွား၊ မြို့အဝင် ဂိတ်ကြေးကောက်ခံ သည်ဟုမရှိခဲ့။ ယခုတော့ မြို့တော်ကြီးများမှာသာမက မြို့ငယ်က လေးတိုင်းမှာလည်း ဂိတ်ကြေးကိုယ်စီနှင့်ဖြစ်နေသည်။ ယခင် စစ်အစိုးရလက်ထက်က မြို့နယ်တစ်ခုချင်းစီမှာ ခန့်ထားသည့် မဝတ၊ ခ၀တ၊တဝတ အုပ်ချုပ်ရေးမှူး စစ်ဗိုလ်များ မြို့ရန်ပုံငွေဟု အကြောင်းပြကာ ကောက်ခံခွင့် ပေးထားသည်ဟု နားလည်သည်။ စစ်အာဏာရှင်ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အောက်မှာ အစိုးရမွဲသွားသဖြင့် ၁၉၈၈ လူထုဆန္ဒပြပွဲများအပြီး တစ်မြို့နယ် ချင်းစီကို မြို့ဝင်ကြေးများကို ကောက်ခံသုံးစွဲစေခဲ့သည် ထင်ပါသည်။ ယခုတော့ဖြင့် တစ်မြို့ဖြတ် လျှင် တစ်ခါ။ မြို့မှန်သမျှ လိုလိုမှာ မြို့အဝင်ဂိတ်ကြေးသည် နှိပ်စက် လွန်းလှသည်။
မေးလိုက်ရဦးမည်။ လက်ရှိ အစိုးရကို။ အစိုးရကြီးကိုပါ။ တိုင်း ပြည်၏သယံဇာတလည်း ကုန်လုပြီ။ သစ်တောတွေလည်း ကုန်ခဲ့ပြီအစိုးရက မချမ်းသာသေးဘူး လား။ တိုင်းသူပြည်သားထံကနေ ရသမျှကို ညှစ်ထုတ်ဆဲလား။ ကျွန်မကတော့ စစ်အစိုးရလက်ကျန် လက်ရှိအစိုးရ၏မည်သည့် လွှတ်တော်မှာမှ အတည်ပြုပြဋ္ဌာန်းထား ခြင်းမရှိသော ဝန်ဆောင်မှုကောင်း မှာ ဗလာ။ ကြံကြံဖန်ဖန် နှစ်ထပ်ဆလံ။ တိုးပြီးရင်းတိုး အခွန် အမျိုးမျိုးကို ပြန်လည်စစ်ဆေး သုံးသပ်ကြရန် ဆန္ဒပြချင်သည်။
မယ်ငွေဥ
7 day

တပ်ချုပ်ပါဝင်လှူဒါန်းသည့် ကြေးသွန်းခေါင်းလောင်းကြီးကို ထားဝယ် ရွှေတောင်စားစေတီတွင် ရေစက်ချလှူဒါန်း

တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ပါဝင်လှူဒါန်းခဲ့သည့် ကြေးပိဿချိန်တစ်သောင်းကျော် ရှိ မဟာခေါင်းလောင်းကြီးကို ထားဝယ်မြို့ ရွှေတောင်စားစေတီ တော်၌ ထားရှိရန် ရေစက်ချလှူ ဒါန်းခဲ့ပြီး တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အပါအ၀င် တပ်မ တော်(ကြည်း၊ရေ၊လေ)မိသားစု များနှင့် စေတနာရှင် အလှူရှင် များက စုစုပေါင်းကျပ်သိန်းသုံးရာ ကျော်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
မဟာဝိဇယခေမသီတလနိ ဗ္ဗုတဃောသမဟာခေါင်းလောင်း တော်ကြီး ရေစက်ချလှူဒါန်း ပူဇော်ခြင်းအခမ်းအနားကို ဇွန်လ ၄ရက်တွင်ကျင်းပခဲ့ပြီး စုစုပေါင်းအလှူငွေကျပ်သိန်း ၃၂၀လှူဒါန်းခဲ့ ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ရာကျော်ကို လူကုန်ကူးသည့် ထိုင်းလူမျိုးအား စတင်စစ်ဆေး


ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ရာကျော်ကို လူကုန်ကူးခဲ့သည့် ထိုင်းနိုင်ငံသားအပါအဝင် လူငါး ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။
မောင်တောမြို့နှင့် ထိစပ်နေ သည့် မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းမိခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားများနှင့် ပတ်သက်၍ လူကုန် ကူးသူ အဓိကတရားခံ ထိုင်းအမျိုး သားတစ်ဦးကို မေလ ၂၉ ရက်၌ ရန်ကုန်မြို့တွင် ရဲတပ်ဖွဲ့က ဖမ်း ဆီးခဲ့သည်။ ထို့နောက် ၎င်းနှင့် ဆက်နွှယ်သူ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးကို ထပ်မံဖမ်း ဆီးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

ဖေ့စ်ဘွတ်ခ်သုံး၍ ခိုက်ရန်ဖြစ်ပွားပါက ကျောင်းထုတ်မည်ဟုဆို


ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၅) အခြေခံပညာအထက် တန်းကျောင်းတွင် ဖေ့စ်ဘွတ်ခ်လူ မှုကွန်ရက်အသုံးပြုပြီး ခိုက်ရန်ဖြစ် ပွားသော ကျောင်းသား၊ ကျောင်း သူများကို ကျောင်းမှ ထုတ်ပယ်သည်အထိ အရေးယူမည် ဖြစ် ကြောင်း သတင်းထွက်ပေါ်နေ သည်။
အထက(၅) ဗိုလ်တထောင် ကျောင်းတွင် ကျောင်းသားများ ဖေ့စ်ဘွတ်ခ်သုံး၍ ရန်ဖြစ်ပါက ကျောင်းကထုတ်ပယ်မည့် စည်း ကမ်းကို ၂၀၁၅-၁၆ ပညာသင်နှစ်မှ စတင်၍ အထူးစည်းကမ်းအဖြစ် ထုတ်ပြန်လိုက်ကြောင်း ဇွန်လ ၃ ရက်၌ အင်တာနက်တွင် ပျံ့နှံ့နေခဲ့ သည်။

ဖမ်းမိသမျှ လှေစီးဒုက္ခသည်များ ရခိုင်သို့ ပို့နေမှု စစ်တွေမြို့မိမြို့ဖအဖွဲ့ကန့်ကွက်မည်

ပင်လယ်ပြင်အတွင်း ဖမ်းဆီးခံခဲ့ရသည့် လှေစီးဒုက္ခ သည်များအား ရခိုင်ပြည်နယ်အ တွင်းသို့ပို့ဆောင်နေသည့် အစိုးရ ၏ လုပ်ရပ်ကို ကန့်ကွက်သည့် အနေဖြင့် စစ်တွေမြို့ မြို့မိမြို့ဖ အဖွဲ့သည် အစိုးရအဖွဲ့နှင့် ပူး ပေါင်းဆောင်ရွက်မှုများကို ရပ် တန့်ရန် ဇွန်လ ၄ ရက်၌ ဆုံးဖြတ် လိုက်သည်။
စစ်တွေမြို့မှ မြို့မိမြို့ဖအဖွဲ့ သည် အစိုးရနှင့် ဒေသခံများအ ကြား သြဇာကြီးသည့်အဖွဲ့အ စည်းတစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် လုပ်ငန်းအချို့ တွင် ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့လည်းဖြစ်သည်။
စစ်တွေ မြို့မိမြို့ဖအဖွဲ့ သည် အစိုးရနှင့်ပူးပေါင်းဆောင် ရွက်နေသည့် မြို့နယ်အထောက် အကူပြုကော်မတီ၊ စည်ပင်သာ ယာကော်မတီ၊ နိုင်ငံသားစိစစ် ရေးကော်မတီနှင့် ဘင်္ဂါလီ၊ ၀ှိုက် ကတ်၊ လှေစီးဒုက္ခသည်များအား စိစစ်နေသည့် ကိစ္စများတွင် ပူး ပေါင်းဆောင်ရွက်မှုများ ပြုလုပ် တော့မည်မဟုတ်ကြောင်းစစ်တွေ မြို့မိမြို့ဖအဖွဲ့မှ ဦးသန်း ထွန်းက ပြောသည်။
ပြီးခဲ့သည့် မေလ တတိယ နှင့် စတုတ္ထပတ်အတွင်း မြန်မာ့ ရေပြင်တွင်တွေ့ရှိခဲ့သည့် လှေ စီးဒုက္ခသည် ၉၀၀ ကျော် ရခိုင် ပြည်နယ်သို့ ပို့ဆောင်နေသည့် အစိုးရ၏ အစီအစဉ်ကို မကျေနပ် ကြောင်း ပြသသည့်အနေဖြင့် ယင်းကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ် ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖ အဖွဲ့မှ ဦးသန်းထွန်းက ပြော ကြားသည်။

လူသားချင်းစာနာထောက်ထားမှုဖြင့် ကယ်ဆယ်ခဲ့သော လှေစီးသွားလာ သူများ အား အမြန်ပြန်လည်ပို့ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိ

မြန်မာ့တပ်မတော်(ရေ)က ပင်လယ်ပြင်လုံခြုံရေးတာဝန်ထမ်းဆောင်စဉ် မေ ၂၉ ရက်က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့အရှေ့တောင်ဘက် ပင်လယ်ပြင်၌ လူသားချင်းစာနာထောက်ထားသည့် အနေဖြင့် ကယ်တင်ခဲ့သော လှေစီး သွားလာသူ ၇၃၃ ဦးကို ၄င်းတို့မူလလာရောက် သည့်နေရာသို့ ချောမွေ့မြန်ဆန်စွာ ပို့ဆောင်သည့်လုပ်ငန်းများဆောင် ရွက်နိုင်ရန် လှေစီးသွားလာသူများ၏အခြေအနေနှင့်စပ်လျဉ်း၍ ဖြစ်ရပ်မှန်ပေါ်ပေါက်ရေး စိစစ်ရေးအဖွဲ့ခေါင်းဆောင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ‘ဒုတိယဝန်ကြီး ဦးဝင်းမြင့်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် စိစစ်ရေးအဖွဲ့ဝင် များ သည် လှေစီးသွား လာသူများကို ယာယီရွှေ့ပြောင်းထား ရှိသည့် ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပြို(လက်ဝဲ)မြို့အနီးရှိ မှတ်တိုင်(၃၇) စခန်းသို့ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက သွားရောက်ခဲ့ကြသည်။

Friday, June 5, 2015

လှေစီးဒုက္ခသည် ၇၀၀ ကျေုာ်တွင် ဘင်္ဂလားဒေ့ရှ်မှ ၅၄၆ ဦး၊ မြန်မာမှ ၁၈၇ ဦး ပါဝင်ဟု ထုတ်ပြန်

 လှေစီးဒုက္ခသည် ၇၃၃ ဦးအနက် ၅၄၆ ဦးသည် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသားများဖြစ်ပြီး ကျန် ၁၈၇ ဦးသည် မြန်မာနိုင်ငံမှ ဘင်္ဂါ လီများဖြစ်ကြောင်း မြန်မာအစိုးရ သတင်းဌာနများက ဇွန်လ ၄ ရက် တွင် ထုတ်ပြန်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ကို နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်နိုင်ရန် သံတမန် နည်း လမ်းအရ ဆောင်ရွက်နေကြောင်း မြန်မာအစိုးရသတင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

နိုင်ငံဒကာနှင့် ဒကာနိုင်ငံ

ဟိုတစ်ရက်က မိတ်ဆွေ တစ်ယောက် ရဲ့ ပွဲတပွဲကိုရောက်ခဲ့တယ်။ ပွဲဆိုပေမယ့် စားသောက် ဆိုင်တစ်ခုကို လှမ်းဖိတ်တာပါ။ ပါရဂူဘွဲ့ပြီးသွားလို့ ပျော်ရွှင်တဲ့ အနေနဲ့ နီးစပ်ရာမိတ်ဆွေတွေကို လှမ်းဖိတ်ပြီး ဧည့်ခံကျွေးမွေးတာ ပါ။ ဒီနေ့ကုန်ကျစရိတ်အားလုံးကို ငါဒကာခံမယ်လို့ ပြောပြီးအားရ ပါးရစားသောက်ကြပါလို့ ပြော နေတဲ့သူ့မျက်နှာမှာပီတိတွေကို တွေ့နေရတယ်။ ဒကာခံမယ်ဆို တဲ့စကားကိုကြားလိုက်တော့ အ ကြောင်းအရာတစ်ခုကို သွားသ တိရမိတယ်။

အိပ်မက်တွေလှပဖို့ ကမ္ဘာမြေကိုကာကွယ်စို့


လာမည့်ဇွန်လ ၅ ရက်နေ့သည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ဖြစ်ပါသည်။ ကမ္ဘာ့ပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းဖို့ သတိပေးသည့်အနေဖြင့် နှစ်စဉ်ဇွန်လ ၅ ရက်နေ့ရောက်တိုင်း ကမ္ဘာတစ်ဝန်းလုံးကျင်းပကြဖို့ United Nations Environment (UNEP)က နှိုးဆော်တိုက်တွန်းထားပါသည်။

အွန်လိုင်းတွင် မဲစာရင်းကြည့်နိုင်သည့် ၀က်ဘ်ဆိုက်၌ အချက်အလက်မပြည့်စုံသေး



အွန်လိုင်းတွင် မဲစာရင်း ကြည့်ရှုနိုင်ရန်လွှင့်တင်ထားသည့် ၀က်ဘ်ဆိုက်မှာ လက်ရှိ၌ အချက်အလက်မပြည့်စုံသေးဘဲ ဇွန်လ ၂၂ ရက် နောက်ပိုင်းမှသာ တစ် နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်း ထုတ်ပြန်ထားသည်။

တရားမ၀င် ၀င်ရောက်လာသော စားသောက်ကုန်နှင့်ဆေးဝါးများကို ဖမ်းဆီးဖျက်ဆီးနေဟုဆို

 မြန်မာနိုင်ငံသို့ အိမ်နီးချင်းနိုင်ငံများမှ တရားမ၀င် ၀င်ရောက်လာသည့် စားသောက် ကုန်နှင့် အိမ်သုံးဆေးဝါးများကို ဖမ်းဆီးဖျက်ဆီး အရေးယူနေ ကြောင်း သတင်းရရှိသည်။
တရားမ၀င်ကုန်ပစ္စည်းများ တင်သွင်းလာမှုကို ရွေ့လျားစစ် ဆေးရေးအဖွဲ့ (Mobile Team) များဖြင့် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ၂နှစ်ကျော်ကာလအ တွင်း ကျပ်သန်းပေါင်း ၁,၃၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းများကို ဖမ်း ဆီးရမိပြီးဖျက်ဆီးနိုင်ခဲ့ကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ သည်။
ဇွန်လ ၃ ရက်တွင်ပြုလုပ် သည့် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၌ Mobile Team နှင့်ပတ်သက် သည့် မေးမြန်းမှုကို ဦးဝင်းမြင့်က ဖြေကြားခဲ့ခြင်းဖြစ်သည်။

လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ အထူးဂရုပြုရမည်

 မြန်မာနိုင်ငံ အလယ် ပိုင်းနှင့် မြောက်ပိုင်းဒေသတို့တွင် မိုးတိမ်တောင်ကြောင့် မိုးထစ်ချုန်းရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေကျခြင်းနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ဇွန်လလယ်အထိ အထူးဂရုပြုရန် လို အပ်ကြောင်း မိုး/ဇလဌာနမှ သတင်းရရှိသည်။
လေထုတွင် ရေငွေ့ပါဝင်မှု၊ မတည်ငြိမ်သည့် လေထုအခြေ အနေကြောင့် မိုးတိမ်တောင်ကြီး များ အားကောင်းလာကာ နောက် ဆက်တွဲဘေးအန္တရာယ်ဖြစ်သည့် မိုးထစ်ချုန်းရွာသွန်းခြင်း၊ လေ ပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ် ခြင်း၊ မိုးသီးကြွေကျခြင်းများ ဖြစ် ပေါ်နိုင်ကြောင်း အထက်မြန်မာ ပြည်မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးကျော်လွင်ဦးက ပြော သည်။

လှိုင်သာယာရှိကျေးရွာငါးရွာတွင် ပန်းလှိုင်စီလုံ ဆေးရုံက အခမဲ့ကျန်းမာရေးစစ်ဆေးပေးမည်

ပန်းလှိုင်စီလုံဆေးရုံကလှိုင်သာယာမြို့နယ်ရှိ ရွာငါးရွာ တွင် အခမဲ့ကျန်းမာရေးစစ်ဆေးမှု များပြုလုပ်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။
လှိုင်သာယာမြို့နယ်ရှိ ညောင်ရွာ၊ ရှမ်းရွာ၊ ရေဥက္ကံ၊ ကစင်နှင့် သာယာကုန်းကျေးရွာတို့တွင် ဇူလိုင်တွင် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ပန်းလှိုင်စီလုံဆေးရုံမှ Talent Mana-gement ဒါရိုက်တာ ဒေါက်တာဇော်ဝင်းစန္ဒီကပြောသည်။
‘‘အဲဒီရွာတွေက ရွာလူကြီး တွေနဲ့တွေ့ပြီး ကျား၊ မ စာရင်း ကောက်မယ်။ ပြီးရင် ရောဂါတွေ စစ်ဆေးပေးမယ်။ ဆေးကုပေး မယ်။ အဖြစ်များတဲ့ရောဂါတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဦးစား ပေးစစ်ဆေးပေးသွားမှာပါ။ တစ် ခါကုရင်လူနာ  ၅၀ ကနေ ၁၀၀ လောက်ကုပေးဖို့ မှန်းထားတယ်’’ ဟု ၎င်းကဆက်လက် ပြောကြားသည်။

ကမ္ဘာတစ်ဝန်းလူငယ်များ တီထွင်ဆန်းသစ်မှုပြိုင်ပွဲတွင် မြန်မာအမျိုးသမီးတစ်ဦး ဆုရ

ကမ္ဘာတစ်ဝန်းမှ နည်းပညာရှင်နှင့် စွန့်ဦးတီထွင်လူငယ်များ အွန်လိုင်းမှတစ်ဆင့် ပါဝင်ယှဉ်ပြိုင်ရသည့် ကမ္ဘာ့လူငယ်များဆန်းသစ်တီထွင်မှုပြိုင်ပွဲ ၂၀၁၅ တွင် နှစ်ဦးရွေးချယ်၍ ဆုပေးခဲ့ရာ၌ မြန်မာနိုင်ငံမှ အမျိုးသမီးတစ်ဦး ဆုရရှိခဲ့သည်။
‘‘ဒီပွဲကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ်အနေနဲ့ လေးဦးဝင်ပြိုင်ခဲ့တာပါ။ အဲဒီထဲကမှ အစိုးရနဲ့ ပုဂ္ဂလိကကျောင်းတွေရဲ့စီမံခန့်ခွဲမှုစနစ်နဲ့ ဝင်ပြိုင်ခဲ့တဲ့ မအိဖြူက ဆုရရှိခဲ့တာ ဖြစ်ပါတယ်’’ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းတင့်က ပြောကြားသည်။

စိုက်စရိတ်ချေးငွေ ကျပ် ဘီလီယံ ၄၀၀ ချေးယူခွင့် လွှတ်တော်အတည်ပြုပြီး ထပ်မံတိုးချေးပေးရန် ကိုယ်စားလှယ်များဆွေးနွေး

စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးရန် ဗဟိုဘဏ်ချေးငွေ ကျပ် ၄၀၀ ဘီလီယံချေးယူခွင့်ကို ပြည်ထောင်စု
လွှတ်တော်က အတည်ပြုပေးပြီး လယ်သမားများအား တစ်ဧကလျှင် ကျပ်နှစ်သိန်း နှုန်းချေးပေးရန် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးလိုက်သည်။
“ငါးဧကအောက် လုပ်ကွက်ငယ်လယ်သမားများကို စိုက်ပျိုးစရိတ် ကာမိအောင် ချေးပေးသင့် ပါတယ်။ ဒါ့အပြင် ငွေတစ်သိန်းကျပ်မှ ကျပ်နှစ်သိန်း တိုးမြင့်ချေးပေးနိုင်အောင် ဆောင်ရွက်သင့်ပါ တယ်” ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးစိန်းဝင်းက ဆွေးနွေးသည်။
ထို့အပြင် စပါးစိုက်ပျိုးသည့် လယ်ယာမြေများကို တစ်ဧကလျှင် တစ်သိန်းနှုန်း ချေးပေးပြီး အခြားသီးနှံများ စိုက်ပျိုးသည့် ယာမြေများကို ကျပ်နှစ်သောင်း ချေးပေးခြင်းသည်လည်း သီးနှံစိုက် တောင်သူနှင့် လယ်သမားများကို ခွဲခြားခြင်းဖြစ်ပေါ်နေသည်ဟု ဆွေးနွေးသည်။

ကချင်ပြည်နယ် တကျော့ပြန်စစ်ပွဲ ၄ နှစ်ပြည့်နှင့် ဒုက္ခသည်များအတွက် ရန်ပုံငွေလှုပ်ရှားမှု

ကချင်လွတ်မြောက်ရေး တပ်နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ခြင်း ၄ နှစ် တာကာလ၌ ကချင်ပြည်နယ် ဒုက္ခသည် စခန်းများတွင် စစ်ဘေးဒုက္ခသည် တသိန်းကျော် ရှိနေပြီး အကူအညီများ ဆက်လက် လိုအပ်နေကြောင်း သိရသည်။ဇွန်လ ၉ ရက်နေ့သည် တကျော့ပြန်စစ် ၄ နှစ်ပြည့်သောနေ့ဖြစ်ပြီး တည်ငြိမ်မှုမရှိခြင်း၊ တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေခြင်းတို့ကြောင့် ဒုက္ခသည်များမှာ နေရပ်သို့ မပြန်နိုင်သေးကြောင်း ဇွန်လ ၆ ရက် စနေနေ့တွင် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်း၌ အထိမ်းအမှတ်ပွဲ လှုပ်ရှားမည့် ရန်ကုန် ကချင်လူငယ်များက ထုတ်ပြန်သည်။