Saturday, August 29, 2015
သဘာဝရေကန်ကျိုးပေါက်ကာ တွန်းဇံရှိ ရွာတစ်ရွာ ရွာလုံးကျွတ် မျောပါပျက်စီး
ချင်းပြည်နယ် တွန်းဇံမြို့ နယ်တွင် မိုးသည်းထန်စွာ ရွာ သွန်းပြီး တောင်ပေါ်ရှိ သဘာဝ ရေကန်တစ်ကန် ကျိုးကျကာ ရေစီးအရှိန်နှင့် ကျေးရွာတစ်ရွာ ရွာလုံး ကျွတ်နီးပါး မျောပါသွားခဲ့ကြောင်း သတင်းရရှိသည်။
သြဂုတ် ၂၈ ရက် နံနက် ၃ နာရီခန့်က မိုးရွာသွန်းမှုကြောင့် တွန်းဇံမြို့နယ်ရှိ တွီခိန်ဇန် (ဟားခါးလေး)ကျေးရွာရှိ သဘာဝရေကန်တစ်ကန် ကျိုးကျသွားခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် တောင်ကျရေများ အရှိန်ဖြင့် စီး လာပြီး လူနေအိမ်များ မျောပါ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်ဟု ချင်းပြည်နယ်အစိုးရ အဖွဲ့ရုံးမှ သ တင်းရရှိသည်။‘‘ရေတွေက ရွှံ့နွံရေတွေ ဖြစ်တာကြောင့် ကယ်ဆယ်ရေး လုပ်ဖို့ကို တော်တော်ဒုက္ခရောက် နေတယ်။ ကျွန်တော်တို့ သတင်း ရသလောက်ကတော့ တစ်ဦး သေတယ်။ ကျန်တာတွေ အတည်မပြုနိုင်သေးဘူး’’ဟု တွီခိန်ဇန်ရွာ အနီး ရှာထော်ဇန် ရွာမှဒေသခံ တစ်ဦးက ပြောသည်။
ရေဘေးအတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က လေယာဉ်နှစ်စီးဖြင့် အလှူပစ္စည်းများ လာရောက်ပို့ဆောင်
ရေဘေးသင့်ပြည် သူများ ပြန်လည်ထူထောင်ရေး တွင် အသုံးပြုနိုင်ရန် တရုတ်ပြည် သူ့ သမ္မတနိုင်ငံ၊ ပြည်သူ့လွတ် မြောက်ရေးတပ်မတော်(PLA)မှ ယွမ်ငွေ ၁၀ သန်းတန်ဖိုးရှိ ကယ် ဆယ်ထောက်ပံ့ရေးပစ္စည်းများကို သြဂုတ် ၂၈ ရက်က နေပြည်တော် လေဆိပ်သို့ လာရောက်ပို့ဆောင် လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။ရေဘေးသင့်ပြည်သူများ အ သုံးပြုနိုင်ရန် ရွက်ဖျင်တဲ ၁၈၂ လုံး၊ မီးစက် ၁၈၂ လုံး၊ စောင်ပါကင် ထုပ် ၁၂၀ စုစုပေါင်း ၅၄ ဒသမ ၆၂တန် အလေးချိန်ရှိသည့် ကယ် ဆယ်ရေးပစ္စည်းများပါဝင်ပြီး သြ ဂုတ် ၂၈ ရက်၌ တရုတ်တပ်မတော် လေကြောင်းလိုင်း IL-76 Car-go ကုန်တင်လေယာဉ်နှစ်စီးဖြင့် နေပြည်တော်လေဆိပ်သို့ ပထမ ဆုံးအကြိမ် လာရောက်ပို့ဆောင် ခဲ့ခြင်းဖြစ်သည်။
ဗိုက်ချပ်ရန် ဆရာခိုလိမ်းဆေးသောက်နေခြင်း အန္တရာယ်ရှိ
တိုင်းရင်းဆေးဝါးတစ်မျိုး ဖြစ်သည့် ဆရာခိုအနာလိမ်းဆေး ကို ဗိုက်ချပ်ရန်နှင့် အစာအိမ်ရော ဂါအမျိုးမျိုးအတွက် သောက်ဆေး အဖြစ် အသုံးပြုနေသည်မှာ အ ဆိပ်ဖြစ်စေနိုင်ပြီး သောက်ဆေး အဖြစ်အသုံးမပြုသင့်ကြောင်း တိုင်းရင်းဆေးသမားတော်များနှင့် အထွေထွေရောဂါကု ဆရာဝန်အ ချို့က သတိပေးပြောကြားသည်။အနာလိမ်းဆေးအဖြစ်ထုတ် လုပ်ထားသော ဆရာခိုဆေးတွင် နှမ်းဆီ၊ လေးညှင်း၊ ဒုတ္ထာ၊ပရုတ်၊ မုန်ညင်းဆီ၊ ဇာတိပ္ဖိုလ်၊ ထော ပတ်၊ ပျားဖယောင်းစသည့် ပစ္စည်း ရှစ်မျိုးပါဝင်ပြီး ယင်းအနက် ပရုတ်နှင့် ပျားဖယောင်းတို့မှာ လိမ်းဆေးတွင် ဘေးထွက်ဆိုးကျိုး မရှိသော်လည်း သောက်ဆေးအ ဖြစ် အသုံးပြုလေ့မရှိကြောင်း ရန်ကုန်တိုင်းရင်းဆေးရုံကြီးမှ သမားတော်တစ်ဦးကပြောသည်။
Friday, August 28, 2015
ပြည်ထောင်စုဝန်ကြီး ၁၈ ဦး ရွေးကောက်ပွဲဝင်ပြိုင်မည်
လက်ရှိအစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်ထောင်စုဝန်ကြီး ၁၈ ဦး ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေး ကောက်ပွဲကော်မရှင်သို့ ကိုယ်စား လှယ်လောင်းအမည်စာရင်းတင် သွင်းထားသည်။
ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ်များအတွက် ဝန်ကြီး ၁၄ ဦးနှင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အတွက် ဝန်ကြီးလေးဦး အသီးသီး အမည်စာရင်း ပေးသွင်းထား ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က သတင်း ထုတ်ပြန်ထားသည်။သမ္မတရုံးဝန်ကြီးခြောက်ဦး စလုံး ရွေးကောက်ပွဲပြန်ဝင်ကြပြီး သမ္မတရုံးဝန်ကြီးဌာန (၁) ပြည် ထောင်စုဝန်ကြီး ဦးသိန်းညွန့်က မအူပင်တွင်လည်းကောင်း၊ သမ္မတရုံးဝန်ကြီးဌာန (၂) ဝန်ကြီး ဦးစိုးမောင်က ရေစကြိုတွင်လည်း ကောင်း၊ သမ္မတရုံးဝန်ကြီးဌာန (၃) ဝန်ကြီး ဦးစိုးသိန်းက ကယား ပြည်နယ်မဲဆန္ဒနယ် အမှတ် (၉) တွင်လည်းကောင်း၊ သမ္မတရုံးဝန် ကြီးဌာန (၄) ဝန်ကြီး ဦးအောင်မင်း က ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် (၇)တွင်လည်းကောင်း၊ သမ္မတရုံးဝန်ကြီးဌာန (၆) ဝန်ကြီး ဦးလှထွန်းက ကျောက်ပန်းတောင်းတွင်လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အတွဲတွေ သောင်းကျန်းနေသည်
ခပ်မြူးမြူး ဒစ္စကိုသီချင်း သံစဉ်အလိုက် လှုပ်ရှားနေကြသည်က အရွယ်စုံ၊ ရောင်စုံ၊ကျားမ အစုံ။ တွန့်လိမ်ကောက်ကွေးအောင် ကနေသူလည်းရှိသည်။ တစ် ယောက်နှင့်တစ်ယောက် ဖက်ရင်းတွဲကနေသူ စုံတွဲများလည်းရှိ သည်။ ဘီယာပုလင်း၊ အရက်ပု လင်းခပ်တည်တည်ကိုင်မော့ သူမိန်းမ၊ ယောက်ျားများလည်း တစ်ပုံတစ်ပင်။ ညအချိန် မြင် ကွင်းမဟုတ်သလို နိုက်ကလပ် လည်းမဟုတ်ပါ။ နေ့ခင်းကြောင် တောင် ပြည်သူ့ရင်ပြင်ရှိ ရေ လွှာကြီးမှ မြင်ကွင်းတစ်ခုဖြစ်ပါ သည်။
အဆိုပါရေလွှာကြီးမှာ ရေ ကူးကန်ဟုဆိုရအောင်လည်း ကျန်းမာရေးလေ့ကျင့်ခန်းအဖြစ် ကူးလို့ရသည့် ရေကူးကန်မဟုတ်။ စိတ်ပြေလက်ပျောက်ဟုဆိုရ အောင်လည်း တဒုံးဒုံး တချမ်းချမ်း ဖြင့် လူအများသားမို့ အေးအေး ဆေးဆေးအပန်းဖြေလိုသူ မိသားစုအတွက် အာရုံနောက်မှာသေချာ ပါသည်။ ဒီဂျေသီချင်းဖွင့်သည်။ အရက်များ ခိုးရောင်းသည်။ နောက်ဆုံးတွင်တော့ ပျော်ချင်သူ လူငယ်များ၊ သမီးရည်းစားများအတွက် သီးသန့်နေရာတစ်ခုဖြစ်လာပါတော့သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ရက္ခိုင့် တပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ တိုက်ပွဲ ဖြစ်ပွား
ဘူးသီးတောင်မြို့နယ် အနီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်အနီးတွင် ရက္ခိုင့်တပ်မတော် နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်တို့ သုံးနာရီခန့်ကြာအောင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။နှစ်နိုင်ငံ နယ်စပ်မိုင်တိုင် အမှတ် (၆၀) အနီးတွင် သြဂုတ် ၂၇ ရက် နံနက် ၉ နာရီခန့်မှ နေ့လယ် ၁၂ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်မတော်ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။ ‘‘ထိခိုက်တာတော့ ကျွန် တော်တို့ဘက်ကတော့ မရှိဘူး။ သူတို့ဘက်ကတော့ သူတို့မီဒီယာ တွေရေးတာတော့ တစ်ယောက် ဒဏ်ရာရတယ် ကြားတယ်။ ရွာ တွေမှာ ပြောတာတော့ သူတို့ ဘက်က နှစ်ယောက်ထပ်ကျတယ် ပြောတယ်’’ဟု ဒေါက်တာညိုထွန်းအောင်က ပြောသည်။ဖြစ်ပွားရသည့် အကြောင်း ရင်းမှာ ရက္ခိုင့်တပ်မတော်အဖွဲ့ဝင်များက ၎င်းတို့ လှုပ်ရှားရာဒေသ အနီးဝန်းကျင်တွင် ရေဘေး ရင် ဆိုင်နေရသူများအား ထောက်ပံ့ ရေးပစ္စည်းများ သွားပို့စဉ် ဘင်္ဂ လားဒေ့ရှ်နယ်ခြားစောင့်တပ်က ကုန်ပစ္စည်းသယ်ယူရာ၌ အသုံးပြု သည့် လားနှင့် မြင်းအချို့ကို ဖမ်း ဆီးခြင်းကြောင့် ဖြစ်ကြောင်း ၎င်း က ဆက်လက်ပြောသည်။
မန္တလေးတွင် ခိုးကူးခွေရောင်းချမှုဖြင့် နစ်နာကြေး ကျပ်သိန်း ၉၃၀ ပေးဆောင်ရမည့် ဆိုင်ပိုင်ရှင် တိမ်းရှောင်နေဆဲ
မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ်တွင် တရားမဝင်ခိုး ကူးခွေအချပ် ၃,၀၀၀ သိမ်းဆည်း ရမိခဲ့ပြီး ဆိုင်ပိုင်ရှင် ဦးထွန်းနိုင်ကို ကျပ်သိန်း ၉၃၀ ပေးလျော်ရန် မန္တလေးခရိုင်တရားရုံးက စီရင်ချက်ချမှတ်ခဲ့သော်လည်း တိမ်း ရှောင်နေကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)အတွင်း ရေးမှူး ဦးသားစိုးက ပြောသည်။ချမ်းအေးသာစံမြို့နယ်တွင် ၂၀၁၃ ဇန်နဝါရီက ထွန်းနိုင် Mobile Phone နှင့် DVD အခွေ အရောင်းဆိုင်မှ တရားမဝင်ခိုးကူး ခွေမြန်မာသီချင်းအချပ်ရေ ၃၀၀၀ ဖမ်းဆီးရမိခဲ့ပြီး အမှတ်(၆)နယ် မြေရဲတပ်ဖွဲ့စခန်းတွင် ဗီဒီယို အက်ဥပဒေပုဒ်မ ၃၂(ခ) အရ အ မှုဖွင့်ခဲ့သည်။ချမ်းအေးသာစံမြို့နယ် တ ရားရုံးက မတ်လ ၅ ရက်တွင် ပြစ် မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆို သော ဦးထွန်းနိုင်ကို ငွေဒဏ်ကျပ် တစ်သိန်းပေးဆောင်ရန်နှင့် မပေး ဆောင်နိုင်ပါက ထောင်ဒဏ်သုံး လကျခံရန် အမိန့်ချမှတ်ခဲ့ရာ ဦး ထွန်းနိုင်က ဒဏ်ငွေကျပ်တစ်သိန်း ပေးဆောင်ခဲ့သည်။ထို့အပြင် မြန်မာတေးဂီတ သီချင်းများကို တရားမဝင်ကူးယူ ၍ စီးပွားဖြစ်ရောင်းချခြင်းအပေါ် နစ်နာကြေးရလိုမှုဖြင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ဦးထွန်းနိုင် ကို မန္တလေးခရိုင်တရားရုံး၌ ထပ်မံ တရားစွဲဆိုခဲ့ရာ နစ်နာကြေး ကျပ် သိန်း ၉၃၀ တိတိ ပေးဆောင်ရန် ၂၀၁၄ ဇူလိုင် ၃၀ ရက်က အ မိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
မြစ်ဆုံစီမံကိန်းဧရိယာရှိ ကျေးရွာတွင် ရွှေတူးဖော်နေခြင်းကြောင့် ဒေသခံများ မြေနေရာဆုံးရှုံးမည်ကို စိုးရိမ်နေ
မြစ်ဆုံစီမံကိန်းတွင် ပါဝင်သည့် ဒေါင်ပန်ကျေးရွာ ဟောင်းနေရာ၌ တရုတ်ကုမ္ပဏီ(CPI) အစောင့်ဝန်ထမ်းများနှင့် လုပ်ငန်းရှင်များ ရွှေကျင်နေသည့် အတွက် မြေနေရာဆုံးရှုံးမည်ကို ဒေသခံများ စိုးရိမ်ပူပန်နေ ကြောင်း သတင်းရရှိသည်။
ရွှေတူးဖော်သူများကို လုပ် ကိုင်ခွင့်ပေးထားခြင်းကြောင့် မြစ် ဆုံစီမံကိန်းလုံးဝရပ်ဆိုင်းချိန်တွင် မိမိဒေသသို့ ပြန်လည်နေထိုင်ခွင့် ရရှိပါက မြေနေရာမရှိမည်ကို စိုးရိမ်ပူပန်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။‘‘ကျွန်တော်တို့ကိုတော့ ကန့် သတ်နယ်မြေဆိုပြီး လုံးဝမဝင်ရ ဘူး။ ရွှေကျတော့လာကျင်နေကြတယ်။ ဒါက ဘယ်လိုလဲမသိဘူး။ အခုက အားလုံးက ဝိုင်းဝန်းပိတ် ပင်တော့ တစ်နေ့ကျလို့ရှိရင် ရွာ ဟောင်းကိုပြန်လာပြီး နေနိုင်မယ် လို့မျှော်လင့်တယ်။ အခုက CPI က ရွှေကျင်သမားတွေကို ခွင့်ပြု ထားတော့ ကျွန်တော်တို့လည်း အားလုံးပြောင်းသွားမှာကို စိုးရိမ် နေတယ်’’ဟု ဒေါင်ပန်ကျေးရွာမှ မလိယန်သို့ ပြောင်းရွှေ့နေထိုင် သည့် ဘာသာရေးဆရာတစ်ဦးက ပြောသည်။
မွေးဖွားချိန်တွင် ဖခင်နိုင်ငံသား မဖြစ်ဟုဆိုပြီး အမျိုးသမီးကိုယ်စားလှယ်လောင်းတစ်ဦးကို ခရိုင်ကော်မရှင် ပယ်ချ
မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် မည့် ဖက်ဒရယ်ပြည်ထောင်စုပါ တီမှ ကိုယ်စားလှယ်လောင်းတစ် ဦးကို မွေးဖွားချိန်၌ ဖခင်သည်နိုင်ငံ သားမဖြစ်သည့်အတွက်ဟုဆို ကာ မန္တလေးခရိုင်ရွေးကောက်ပွဲ ကော်မရှင်က အမည်စာရင်းပယ် ချလိုက်ကြောင်း သတင်းရရှိ သည်။မန္တလေးတိုင်းဒေသကြီး လွှတ်တော် ချမ်းအေးသာစံမြို့ နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ၀င် ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာ ၀င်းမြင့်ကိုလည်း မွေးဖွားချိန်၌ ဖခင်မှာ နိုင်ငံသားမဖြစ်သည့် အတွက် အမည်စာရင်းပယ်ချခဲ့ သည်။ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ချမ်းအေးသာစံမြို့ နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်အဖြစ် ၀င်ရောက်ယှဉ် ပြိုင်ရန် အမည်စာရင်းတင်သွင်း ထားသည့် ဒေါ်ချိုချိုစန်းကို ခရိုင် ရွေးကောက်ပွဲကော်မရှင်က အ မည်စာရင်းမှ ပယ်ချထားကြောင်း မန္တလေး တိုင်းဒေသကြီး ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ ရွေး ကောက်ပွဲအရာရှိ ဦးကျော်ကျော် စိုးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်အတွက် အကျိုးရှိမည့်သူတစ်ယောက်ဖြစ်ဟု တပ်ချုပ်မှတ်ချက်ပြု
ဒေါ်အောင်ဆန်းစုကြည် သည် အတွေ့အကြုံရှိသူဖြစ်ပြီး တိုင်းပြည်အတွက် အကျိုးရှိမည့် သူတစ်ယောက်ဖြစ်သည်ဟု ယုံ ကြည်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောကြား သည်။သြဂုတ် ၂၅ ရက်က ဂျပန် သတင်းဌာန ကျိုဒိုနှင့် တွေ့ဆုံမေး မြန်းခန်းတွင် တပ်ချုပ်က အထက် ပါအတိုင်း ဒေါ်အောင်ဆန်းစု ကြည်နှင့်ပတ်သက်၍ မှတ်ချက်ပြု ဖြေကြားခဲ့ခြင်းဖြစ်သည်။ ကျိုဒိုသတင်းဌာနက ရွေး ကောက်ပွဲတွင် အတိုက်အခံပါတီ အပြတ်အသတ်အနိုင်ရခြင်းအပါ အဝင် ဒေါ်အောင်ဆန်းစုကြည်အ ပေါ် မည်သို့ သုံးသပ်မိပါသလဲဟူ သည့်မေးခွန်းကို တပ်ချုပ်က ယခု ကဲ့သို့ ဖြေကြားသည်။‘‘ဘယ်ပါတီပဲဖြစ်ဖြစ်ပေါ့။ ဘယ်မဲဆန္ဒနယ်မှာပဲဖြစ်ဖြစ် မှန် မှန်ကန်ကန်နဲ့ထွက်လာတဲ့ရလဒ် ကိုတော့ ကျွန်တော်တို့လက်ခံမယ် ဆိုတာ ကျွန်တော်ပြောလိုတယ်။ နောက်တစ်ခုကတော့ ဒေါ်အောင် ဆန်းစုကြည်နဲ့ပတ်သက်ပြီး သူ့မှာ လည်း အတွေ့အကြုံတွေရှိပါ တယ်။ သူ့ရဲ့အတွေ့အကြုံဟာ နိုင်ငံအတွက်လည်း တစ်နေရာရာ မှာတော့ အထောက်အကူရမယ် လို့ ကျွန်တော်တို့ယူဆပါတယ်။ အဲဒီတော့ ဘာပဲပြောပြောပေါ့ လေ။ အားလုံးဝိုင်းဝန်းပြီးတော့ ဆောင်ရွက်မယ်ဆိုလို့ရှိရင် တိုင်း ပြည်အတွက် အကျိုးရှိမယ့်သူ တစ်ယောက်ဖြစ်ပါတယ်လို့ ကျွန် တော်ယုံကြည်တယ်’’ဟု တပ်ချုပ် က ပြောသည်။
တစ်ရက်တာ အသုံးပြုသူ အရေအတွက် တစ်ဘီလီယံထိ ရှိလာကြောင်း Facebook ကြေညာ
တစ်ရက်တာအတွင်း Facebook အသုံးပြုသူ တစ်ဘီလီယံ (သန်းတစ်ထောင်)ထိ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ကြောင်း Facebook ဝက်ဘ်ဆိုက် ထူထောင်သူ မာ့ခ်ဇူကာဘာ့ဂ်က ပြောကြားလိုက်သည်။
အဆိုပါ အမှတ်တရ အောင်မြင်မှုသည် ဩဂုတ် ၂၄ ရက်က လက်တွေ့ အထမြောက်ခဲ့ကြောင်း ဇူကာဘာ့ဂ်က ဆိုသည်။ ကမ္ဘာ့လူဦးရေသည် ၇ ဘီလီယံမျှ ရှိနေရာ ယခုအခါ ကမ္ဘာပေါ်တွင် လူ ၇ ဦးရှိတိုင်း ၁ ဦးက Facebook အသုံးပြုနေသည့် သဘောလည်း ဖြစ်လာခဲ့သည်။
Facebook၏ အဆိုအရ အနည်းဆုံး တစ်လလျှင် တစ်ကြိမ်မျှ Log In ဝင်သူ အရေအတွက် ၁.၅ ဘီလီယံနီးပါး ရှိသော်လည်း တစ်ရက်တာအတွင်း သုံးစွဲသူ တစ်ဘီလီယံထိ ရောက်ရှိခြင်းမှာ ယခုတစ်ကြိမ် ပထမဆုံးဟု သိရသည်။
အသတ်ခံရသည့် ဗာဂျီးနီးယား သတင်းထောက်၏ ဖခင်က သေနတ်ကိုင်ဆောင်ခွင့် ဥပဒေများ ပြောင်းလဲရန် တောင်းဆို
တိုက်ရိုက် သတင်းထုတ်လွှင့်မှု ပြုလုပ်နေစဉ် ပစ်သတ်ခံရသည့် အမေရိကန် သတင်းထောက်၏ ဖခင်က နိုင်ငံ၏ သေနတ်ကိုင်ဆောင်ခွင့်ဆိုင်ရာ ဥပဒေများ ပြုပြင်ပြောင်းလဲရေးကို ပိုမိုတွန်းအားပေး ဆောင်ရွက်ရန် တောင်းဆိုလိုက်ကြောင်း သိရသည်။အန်ဒီပါကားက အမေရိကန် သမ္မတ ဘာရတ်အိုဘားမားထံ ရည်ရွယ်ပြီး သေနတ်ကိုင်ဆောင်ခွင့် ဥပဒေများ ပြင်ဆင် ပြောင်းလဲရန် မိမိ လိုလားကြောင်း ပြောဆိုခဲ့သည်။ ၎င်း၏ သမီးဖြစ်သူ အမေရိကန် သတင်းထောက် အလီဆန်ပါကားသည် ကင်မရာသမား အဒမ်ဝါ့ဒ်နှင့်အတူ ဗာဂျီးနီးယားတွင် ရုပ်မြင်သံကြား တိုက်ရိုက် ရိုက်ကူးမှု အစီအစဉ် တစ်ခုတွင် လူမည်းတစ်ဦး၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည်။
စက်ရုံပေါင်း ၃၉ ခု လုပ်ကိုင်ခွင့် ရရှိထားသည့် သီလ၀ါအထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းများ စတင်လည်ပတ်မည့် ပထမအဆင့် ဖွင့်ပွဲကို ရွေးကောက်ပွဲမတိုင်ခင် ပြုလုပ်သွားမည်
ဂျပန်၊ အမေရိကန် အစရှိသည့် နိုင်ငံများ အပါအ၀င် နိုင်ငံများမှ စက်ရုံပေါင်း ၃၉ ခု ၀င်ရောက်မြှုပ်နှံခွင့် ရရှိထားသည့် သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့် အတွင်းရှိ စက်ရုံများ လည်ပတ်မည့် ဖွင့်ပွဲကို လာမည့် ရွေးကောက်ပွဲမတိုင်ခင် ပြုလုပ်သွား
မည်ဖြစ်ကြောင်း သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီမှအတွင်းရေးမှူး ဒေါက်တာ
သန်းအောင်နှင့်တွဲဖက်အတွင်းရေးမှူး ဒေါ်သန်းသန်းသွယ်တို့က သြဂုတ် ၂၆ ရက်တွင် ပြောကြားသည်။
ဂျပန်၊ ဟောင်ကောင်၊ ထိုင်း၊ အမေရိကန်၊ မြန်မာ၊ ပြင်သစ်၊ ဆွီဒင်၊ တရုတ်၊ သြစတြေးလျ အစရှိသည့် နိုင်ငံများမှ စက်ရုံပေါင်း ၃၉ ရုံတို့အား ၀င်ရောက်မြှုပ်နှံခွင့် ပြုထားသည့် သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်း လုပ်ငန်းများ လည်ပတ်သည့် ဖွင့်ပွဲအတွက် လက်ရှိအချိန်တွင် မိုးရာသီဖြစ်နေခြင်းနှင့် တည်ဆောက်နေသည့် စက်ရုံများ ပြီးစီးရန် စောင့်ဆိုင်းနေခြင်းကြောင့်ဖြစ်ကြောင်း ဒေါ်သန်း
သန်းသွယ်က ပြောကြားသည်။
ရန်ကုန်မြို့သစ် စီမံကိန်းအတွင်းရှိ မြေများ ကာလပေါက်ဈေးအတိုင်း လျော်မည်
ရန်ကုန်မြို့သစ် စီမံကိန်းကြောင့် မြေသိမ်း ဆည်းခံရသူများကို ကာလပေါက်ဈေး တန်ဖိုးအတိုင်း လျော်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင်မဲ ဆန္ဒနယ်မြေမှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က The Messenger Media သို့ ပြောသည်။
“မြို့တော်ဝန်ကြီးက တရားဝင် ပြောထားတာတော့ သမ္မတကြီးရဲ့ လမ်းညွှန်ချက်နဲ့ မြို့သစ်ဖော်တာကြောင့် လယ်မြေသိမ်းဆည်း ခံရတဲ့သူတွေကို ကာလပေါက်ဈေး အတိုင်း ပေးလျော်မယ်လို့ ပြောထားတယ်”ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့သစ် စီမံကိန်း ဆောင်ရွက်မည့် မြေဧရိယာမှာ ဧကပေါင်း (၃၀၀၀၀) နီးပါးရှိပြီး ဒေသခံများ၏ လယ်ယာမြေများကို သိမ်းဆည်းရမည် ဖြစ်သည်။
ယင်းကဲ့သို့ သိမ်းဆည်းခံရမည့် ဒေသခံများ နစ်နာမှု မရှိစေရန် တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် ဒေသခံများ တိုက်ရိုက် တွေ့ဆုံညှိနှိုင်းကာနစ်နာကြေးများ ပေးလျော်သွားမည် ဖြစ်ကြောင်းရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှဆောက်လုပ်ရေး ၀န်ကြီးက ပြောကြားထားသည်။
Thursday, August 27, 2015
ငရုတ်သီးဘူးလေးဆောင်ပါ
မကြာသေးမီက ရန်ကုန်မြို့ လမ်းလယ် ကောင်တွင် အမျိုး သမီးလေးတစ်ဦးကို အခြားအမျိုး သမီးနှစ်ဦးက ဓားထောက်လု ယက်ခဲ့သည့်သတင်းက မြန်မာ တွေအကြားက ဆိုရှယ်အင်တာ နက်စာမျက်နှာတွေမှာ အုတ် အော်သောင်းတင်းဖြစ်သွားသည်။မရှေးမနှောင်းမှာပဲ ကားမောင်း လာသူမိန်းကလေးတစ်ဦးကို အမျိုးသားတစ်ဦးက မီးပွိုင့်မိစဉ် ကားတံခါးဖွင့်ဝင်ဖို့ ကြိုးစား သည့်သတင်းကိုလည်း ကြားရပြန်သည်။ထို့အပြင် ဘတ်စ်ကားပေါ် မှာ မိန်းကလေးတစ်ဦးကို အကာ အကွယ်ယူပြီး အသားယူဖို့ကြံ စည်သူအမျိုးသားတစ်ဦးကို အခြားမိန်းကလေးတစ်ဦးက လက်တုံ့ပြန်ဖြေရှင်းလိုက်သည့် သတင်းကိုလည်းတွေ့ရသည်။
နမ့်စန်ရှိ ဒီချုပ်ဆိုင်းဘုတ် ဖျက်ဆီးသူငါးဦး တရားရုံးမလာ၍ ဖမ်းဝရမ်းထုတ်
ဖျက်ဆီးခံရသည့် ရပ်ကျေးဆိုင်းဘုတ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးနေစဉ်
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ရပ်ကျေးဆိုင်းဘုတ်ဖျက်ဆီးခဲ့သူ လေးဦးနှင့် ခိုင်းစေညွှန်ကြားသူ မတ် ကျန်းဌာနေ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး၊ စုစုပေါင်းငါးဦးကို နမ့်စန်မြို့နယ် တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ကြောင်း သတင်းရရှိ သည်။၎င်းတို့ငါးဦးကို နမ့်စန်မြို့ နယ်တရားရုံးတွင် နမ့်စန်မြို့နယ် ဒီချုပ်ဥက္ကဋ္ဌ ဦးနေဇော်နိုင်ကတရား လိုပြုလုပ်၍ ပုဒ်မ ၄၂၇ အကျိုး ဖျက်ဆီးမှုဖြင့် တရားစွဲဆိုရန် တ ရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ ခြင်းဖြစ်သည်။သို့သော် ၎င်းတို့ ငါးဦးမှာ တရားရင်ဆိုင်ရန် မလာရောက် သဖြင့် သြဂုတ် ၂၁ ရက်စွဲဖြင့် တရားရုံးက ဖမ်းဝရမ်းထုတ်လိုက် ကြောင်း သတင်းရရှိသည်။
‘‘ငဘကို မြန်မာဇာတ်ကားတွေနဲ့ယှဉ်ရင်တော့ လုံးဝစိတ်ကျေနပ်တယ်’’
ကျော်သူနှင့် စကားစမြည်
Thursday, August 27, 2015
ဓာတ်ပုံ-ဒါရိုက်တာမျိုးထူးဖေ့စ်ဘွတ်
ရုပ်ရှင်လောကမှ ရှစ်နှစ်ခန့်အနား ယူခဲ့သည့် သရုပ်ဆောင်ကျော်သူ က ယခုနှစ်အတွင်း ရုပ်ရှင်ဇာတ် ကားများကို ဆက်တိုက်ပြန်လည် ရိုက်ကူးလာသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ကိုလိုနီခေတ် တောင် သူလယ်သမားဘဝကို သရုပ်ဖော် သည့် ‘ငဘ’ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့ပြီး စက်တင်ဘာလဆန်း တွင် နောက်ထပ် ရုပ်ရှင်ဇာတ် ကားသစ်တစ်ကားကို ထပ်မံရိုက် ကူးမည်ဖြစ်သည်။ ထို့ကြောင့် ကျော်သူကို ‘ငဘ’ရုပ်ရှင်ရိုက်ကူး မှုအပါအဝင် ၎င်း၏ အနုပညာ လှုပ်ရှားမှုများအကြောင်း မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါ သည်။
အထပ်မြင့် ဈေးများတွင် လမ်းဘေးဈေးသည်များအတွက် ငါးပေပတ်လည် နေရာပေးမည်
ရန်ကုန်မြို့တွင် တည် ဆောက်လျက်ရှိသော နှစ်ထပ် ဈေး ၁၂ ခု တည်ဆောက်ပြီးစီးပါ က လမ်းဘေးဈေးသည်များအား ၅ ပေပတ်လည် နေရာချပေးထား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက အဆင့် မြှင့်တင်လျက်ရှိသော ယင်းစည်ပင် ဈေးများပြီးစီးပါက လမ်းဘေးဈေးသည်များအတွက် နေရာတစ်ခုစီ သီးသန့်ပေးကာ ရောင်းချစေမည်ဖြစ်ကြောင်း မြို့တော်စည်ပင်ဈေးများဌာနမှ ဌာနမှူးက ပြောသည်။
ဈေးသည်များအတွက် နေ ရာများကို သက်ဆိုင်ရာဈေး၏ ဈေးများဌာနထံတွင် ခွင့်ပြုချက် တောင်းခံပြီး ငှားရမ်းနိုင်ရန် စီစဉ် ထားကြောင်း ဌာနမှူးက ဆိုသည်။
ဈေးသည်များအတွက် ဆိုင်ခန်းခမှာ ဈေးအပေါ် မူတည်၍ ကွာခြားသွားမည်ဖြစ်ပြီး ထိန်းသိမ်းပြုပြင်ရေးလုပ်နိုင်သူ လမ်းဘေးဈေးသည်များကို ဦးစားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
တရားမဝင် အေးခဲကြက်သားများ ပြည်တွင်းထုတ်တံဆိပ်ဖြင့် ရောင်းချမှုများကို အရေးယူမည်
တရုတ်နိုင်ငံမှ အေးခဲကြက်သားများကိုတရားမဝင်တင်သွင်းပြီး မန္တလေးမြို့တွင် ပြည်တွင်း တံဆိပ်များ ပြောင်းကပ်ကာရောင်းချမှုများရှိနေ၍ အရေးယူရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ ချုပ်မှ သတင်းရရှိသည်။ တရုတ်နိုင်ငံမှ အေးခဲကြက်သားများကို ကုန်တင်ယာဉ်များဖြင့် တရားမဝင်တင် ဆောင်ကာ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ကုန် သွယ်ရေးဂိတ်မှတစ်ဆင့် ဖြတ် သန်းကာ မန္တလေးမြို့ရှိ အအေးခန်းများ၌ သိုလှောင်ပြီး ဈေးများတွင် ရောင်းချနေကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ လုပ်ငန်းရှင်များက တိုင်ကြားခဲ့ခြင်းဖြစ်သည်။‘‘မန္တလေးက cold store (အအေးခန်းစက်ရုံ)တွေမှာ တရုတ် ကနေ တရုတ်စာနဲ့ကပ်ထားတဲ့ အေးခဲကြက်သားတွေ တရားမဝင်ရောက်နေတယ်။ ဒါနဲ့ ရန်ကုန်က မွေး/ကုဦးစီးနဲ့ တာဝန်ရှိသူတွေ အရေးယူဖို့သွားဖမ်းတော့ ပြည်တွင်းတံဆိပ်တွေ ပြောင်းကပ်ပြီးသားဖြစ်နေ လို့ အရေးယူလို့မရဘဲပြန်လာခဲ့ရတယ်။ ဆက်လက်အရေးယူဖို့ လုပ်နေတယ်’’ဟု မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ အကြံပေး ဒေါက်တာသန်းလှက ပြောသည်။
ကျောက်စိမ်းလုပ်ကွက် ဧရိယာနည်းပြီး အထွက်လျော့၍ လုပ်ကိုင်လိုသူ နည်းလာ
ဖားကန့်ရှိ ကျောက်စိမ်း တူးဖော်ရေးလုပ်ကွက်များတွင် ထပ်မံတူးဖော်ရန် လုပ်ကွက်ဧရိ ယာနည်းပါးသွားပြီး ကျောက် ထွက်ရှိမှုလျော့ကျလာ၍ လုပ်ကိုင်လိုသည့် ကုမ္ပဏီများနည်းပါး လာကြောင်း သတ္တုတွင်းဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောသည်။
‘‘လုပ်ကွက်တွေက ကုန်သွားတယ်။ တူးဖော်လာတာကြာပြီဆို တော့ လုပ်ကွက်တွေက သက်တမ်းတွေလည်း ကုန်ပြီး ကျောက် မရှိတော့ဘူး’’ဟု ဦးဝင်းထိန်က ဆိုသည်။
ထို့အပြင် ကုမ္ပဏီအများစု က ဒေသတွင်းလုံခြုံရေးအခြေအ နေအရ လုပ်ကွက်များကို ပြန် လည်အပ်နှံသည့် ကုမ္ပဏီများ လည်း များပြားလာပြီး အများစုမှာ သက်တမ်းကုန်သွားသဖြင့် လုပ် ကွက်များကို ပြန်လည်အပ်နှံကြခြင်းဖြစ်သည်ဟု ဆိုသည်။
Wednesday, August 26, 2015
နှစ် ၄၀ နီးပါး ပြန်ဆပ်ရမည့် ချေးငွေများချေးနေမှုသည် နောက်အစိုးရရှစ်ဆက်အထိ အကြွေးများရှိနေမည်ဖြစ်သည့်အတွက် မလိုအပ်သည့် စီမံကိန်း၊ အသုံးစရိတ်များကို ဖြတ်တောက်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဆွေးနွေး
နှစ် ၄၀ နီးပါးပြန်ဆပ်ရမည့် ချေးငွေများချေးနေမှုသည် နောက်အစိုးရရှစ်ဆက်အထိ အကြွေးများရှိနေမည်ဖြစ်သည့်အတွက် မလိုအပ်သည့်စီမံကိန်း၊ အသုံးစရိတ်များကို ဖြတ်တောက်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ပြောကြားသည်။
သြဂုတ် ၂၅ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လျှပ်စစ်ဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနများ၏ ပြည်ပချေးငွေများနှင့်ပတ်သက်ပြီး ဆွေးနွေးစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါ်တင်နွယ်ဦးက "လျှပ်စစ်ဝန်ကြီးဌာနက ၀န်ကြီးဌာနတွေထဲမှာ ကြည့်မယ်ဆိုရင် အကြွေးအမျိုးအမည်အများဆုံး ၀န်ကြီးဌာနဖြစ်ပါတယ်။ အရင်တုန်းကလည်း သထုံဓာတ်အားပေးစက်ရုံအတွက်ဆိုပြီး ကမ္ဘာ့ဘဏ်ကနေ ဒေါ်လာသန်း ၁၄၀ ချေးခဲ့ပါတယ်။ ဂျပန်နိုင်ငံကနေလည်း ယန်း ၂၉ ဘီလျံ ချေးထားပါတယ်။ တရုတ်နိုင်ငံကနေလည်း ဒေါ်လာ ၅၇ သန်းကျော် ချေးထားတာရှိပါသေးတယ်။
တပ်မတော်က ထောက်ခံပေးရန် နိုင်ငံရေးပါတီအချို့ တပ်ချုပ်ထံစာပို့ ဟုဆို
၂၀၁၅ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တပ်မတော်က ထောက်ခံပေးရန် နိုင်ငံရေးပါတီအချို့က စာပေးပို့ တောင်းဆိုထားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
သြဂုတ်လ ၂၄ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့တို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းသို့ ပြောဆိုခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးသီဟစောက ဆိုသည်။
လွှတ်တော်ရပ်နားရန်ရှိသော်လည်း ကျန်ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း သူရဦးရွှေမန်းပြောကြား
ရွေးကောက်ပွဲ စည်းရုံးရေးကာလများတွင် လွှတ် တော်အစည်းအဝေးရပ်နားထား ရန်ရှိသော်လည်း ပြဋ္ဌာန်းရန် ကျန် ရှိနေသည့် ဥပဒေများကို အကြွေးကျန်မရှိအောင် ဆောင်ရွက်ရန် လွှတ်တော် ကော်မတီများက ဆောင်ရွက်ရန်လိုကြောင်း ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေ မန်းကပြောကြားသည်။
သြဂုတ် ၂၅ ရက်က ပြည်သူ့ လွှတ်တော် အဆောက်အအုံ၏ အစည်းအဝေးခန်းမတွင် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူး များ၊ ကော်မရှင် အဖွဲ့ဝင်များနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပစဉ် သူရဦးရွှေမန်းကယင်း သို့ ပြောကြားခြင်းဖြစ်ပြီး ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်လည်း ရေးသားထားသည်။
‘‘ရွေးကောက်ပွဲစည်းရုံးရေး ကာလမှာလည်း ရတဲ့ရက်ကလေး ကို တက်ပေးဖို့၊ ကျန်နေတဲ့ ဥပ ဒေတွေကို ဖြတ်ဖို့ပေါ့’’ဟု ပြည်သူ့ လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်က ပြောသည်။
ပြည်သူ့ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်းထားသည့်လွှတ်တော် ၏ အဓိကအကျဆုံးတာဝန်မှာ ဥ ပဒေများပြဋ္ဌာန်းရန်ဖြစ်သည်။
သမ္မတ၊ ကာချုပ်တို့ နှင့် တွေ့ဆုံမည့်ရက် တိုင်းရင်းသားများ မဆုံးဖြတ်ရသေး
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ရေး သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံမည့်ရက်ကို မဆုံးဖြတ်နိုင်သေးကြောင်း ထိပ်သီးခေါင်းဆောင်များအဖွဲ့ဝင် ဦးခွန်ဥက္ကာက သြဂုတ် ၂၅ရက်တွင် မဇ္ဈိမကို ပြောသည်။
"ကျွန်တော်တို့ ညှိနေပါတယ်။ တိုင်းရင်းသားအများစုက စက်တင်ဘာလောက် ဖြစ်ချင်တယ်။ အစိုးရဖက်ကကျတော့ ဝေးလွန်းတယ်လို့ ဆိုတယ်။ ရက်အတိအကျ သိရဖို့ကိုတော့ နဲနဲတော့စောင့်ပါဦး။" ဟု ၎င်းကပြောသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ပါ အချက် ၃၃ ခုကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့က သြဂုတ်လ တတိယအပတ်အတွင်း၌ ပြုလုပ်သည့် ၉ကြိမ်မြောက် အစည်းအဝေးတွင် သဘောတူညီမှု ရရှိထားပြီးဖြစ်သည်။
ယင်းစာချုပ်ကို တိုင်းရင်းသားအဖွဲ့အားလုံး ပါဝင် လက်မှတ်ထိုးနိုင်ရေး အတွက် သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ နေပြည်တော်တွင် ဆွေးနွေးကြဦးမည် ဖြစ်သည်။
တပ်မတော်က တိုင်းရင်းသားများကို ဖိနှိပ်ခြင်းမဟုတ်ဘဲ နိုင်ငံရေးအရ အထင်အမြင် လွဲမှားခြင်း ဖြစ်ကြောင်း တပ်ချုပ်ဆို
တပ်မတော်အနေနှင့် တိုင်းရင်းသား များအပေါ် ဖိနှိပ်သည်ဟု အဖွဲ့အစည်း အချို့က ပြောဆိုနေမှုသည် နိုင်ငံရေးအရ အထင်အမြင် လွဲမှားခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
သြဂုတ်လ ၂၅ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ ဌာနေကိုယ်စားလှယ် Mr. Jurg Montani ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာတွင် ယင်းသို့ ပြောဆိုခြင်းဖြစ်ကြောင်း တပ်မတော်ပိုင် မြဝတီသတင်းဌာနတွင် ဖော်ပြထားသည်။
တပ်မတော်တွင် တိုင်းရင်းသား အရာရှိ ၃၀၀၀ ကျော်နှင့် တိုင်းရင်းသား စစ်မှုထမ်းများစွာ တာဝန်ထမ်းဆောင် လျက်ရှိပြီး တိုင်းရင်းသားများနှင့် မည်သို့မျှ ပြဿနာတက်စရာ အကြောင်းမရှိ သောကြောင့် မြန်မာ့တပ်မတော်မှ တိုင်းရင်းသားများအပေါ် ဖိနှိပ်သည်ဟု ပြောဆိုမှုသည် နိုင်ငံရေးအရ အထင်အမြင် လွဲမှားခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
မိုးဒဏ်၊ ရေဒဏ်ကြောင့် တံတား ၉၈စင်း ပျက်စီးခဲ့ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ထုတ်ပြန်
ဇူလိုင်နှင့် ဩဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေဘေးအန္တရာယ်တို့ကြောင့် နိုင်ငံအ၀ှမ်းရှိ တံတား ၉၈ စင်း ပျက်စီးသွားသည် ဟုဆောက်လုပ်ရေးဝန်ကြီး ဌာနက ဩဂုတ် ၂၆တွင် သတင်းထုတ်ပြန်လိုက်သည်။
တံတားများပျက်စီးသွားသော ပြည်နယ်နှင့်တိုင်းများမှာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့ ဖြစ်သည်။
ပျက်စီးမှုများအနက် စစ်ကိုင်းတိုင်းတွင် တံတား ၂၇စင်း၊ ရခိုင်ပြည်နယ်တွင် ၂၀စင်းနှင့် မန္တလေး တိုင်းတွင် ၁၆စင်းဖြစ်ပြီး တိုင်းနှင့်ပြည်နယ်များအနက် အများဆုံးပျက်စီးခဲ့သည်ဟု ဆောက်လုပ်ရေး ၀န်ကြီး ဌာနက ထုတ်ပြန်ထားသည်။
ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ရွေးကောက်ပွဲတွင် ၁၅ နေရာ ယှဉ်ပြိုင်မည်
ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) ပါတီသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အတွင်း မြို့နယ် ခြောက်မြို့နယ်၌ ၁၅ နေရာ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံရန် တောင်ကြီးခရိုင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ အမည်စာရင်း တင်သွင်းထားကြောင်း အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်သည်။
ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် ရှမ်းပြည်နယ် အတွင်းတွင် တောင်ကြီးမြို့နယ်၊ ရပ်စောက် မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် မောက်မယ်မြို့ နယ်များတွင် ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ရေဘေးကယ်ဆယ်ရေး ဦးစားပေးနေရသဖြင့် WFP ၏ ပုံမှန်လုပ်ငန်းများ ခေတ္တရပ်/ ယာယီလျော့ချမည်
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ရေဘေးသင့်ပြည်သူများအတွက် ဦးစားပေး ထောက်ပံ့ သွားမည်ဖြစ်သဖြင့် ပုံမှန်လုပ်ငန်းအစီအစဉ်များကို ခေတ္တရပ်နားခြင်း သို့မဟုတ် လျော့ချသွားမည်ဟု WFP က ထုတ်ပြန်သည်။WFP ကဆောင်ရွက်နေသည့် ရပ်ရွာပိုင်ရင်းမြစ်များဖ်ာဆောင်ခြင်း၊ ကျောင်းတွင်းရိက္ခာထောက်ပံ့မှု၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အာဟာရထောက်ပံ့ခြင်းနှင့် အေအိုင်ဒီအက်စ်နှင့် တီဘီဝေ ဒနာရှင်များအတွက် စားနပ်ရိက္ခာ ထောက်ပံ့ခြင်း အစီအစဉ်များကို ခေတ္တရပ်နားထားမည်ဟု သြဂုတ် ၂၆ ထုတ်ပြန်ချက်က ဖော်ပြသည်။
ဘူးသီးတောင်တွင် နိုင်ငံသား စိစစ်မှုစတင်၊ ၅ ဦးစိစစ်ပြီးစီး
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်ဖြစ်သော ဘူးသီးတောင်မြို့နှင့် မောင်တောမြို့နယ်တွင် ယခင်က နိုင်ငံသားစိစစ်မှု မခံလိုသော ဘင်္ဂလီများမှာ ယခု စိစစ်ခံမှုယူနေပြီး လျှောက်လွှာတင်ထားသူ ၃၀ ဦးရှိသည့် အထဲက ၅ဦး စိစစ်ပြီးသွားပြီ ဖြစ်သော်လည်း တစ်ဦးတစ်ယောက်မှ နိုင်ငံသားစိစစ်ရေး အချက်အလက်များနှင့် မကိုက်ညီကြောင်း သိရသည်။
နိုင်ငံသားစိစစ်ရေး ဘုတ်အဖွဲ့ (ဘူးသီးတောင်မြို့) မှ အဖွဲ့လည်းဖြစ်၊ မြို့မိမြို့တစ်ဦးဖြစ်သူ ဦးထွန်းအောင်သိန်းက " ၁၉၈၂ ဥပဒေ ပုဒ်မ ၄၂ အရ နိုင်ငံပြုခွင့်ရဖို့ လျှောက်တဲ့နေရာမှာ သူတို့ဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မတိုင်ခင်က ရောက်တယ်ဆိုတဲ့ အထောက်အထားကို မတွေ့ရပါ။ သူတို့တင်ပြတာက သူတို့အမျိုးသားမှတ်ပုံတင် မိတ္တူနဲ့ လဝကရဲ့ မှတ်တမ်းဖြစ်တဲ့ (နိုင်-၁) ဆိုတဲ့ စာရင်းကိုပဲတင်ပြပါတယ်။ ကျနော်တို့မူရင်းကို တောင်းတော့ လဝက က မတင်ပြနိုင်ပါ။ ပြီးတော့ ၄၈ ခုနှစ် (၇) အရ ဆိုရင်တော သူတို့ဟာ လဝကမှာ တစ်နှစ်ထက်မနည်း ငါးနှစ်ထက်မများ အချိန်မှာ နိုင်ငံသားဖြစ်ခွင့် လျှောက်ဖူးခဲ့ရမယ်။ အခုကျနော်တို့ အဲဒီ ၅ယောက် စိစစ်တော့ အဲဒီလိုလျှောက်လို့မရှိတဲ့အတွက် သူတို့ဟာ နိုင်ငံသားဖြစ်ခွင့် မရရှိခဲ့ပါ။ " ဟု ပြောသည်။
လက်နဲ့ ရေးထားတာကို ခြေနဲ့ ဖျက်လိုက်တဲ့ နော်စီဖိုးရာစိန်
သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၁ ရက်နေ့တုန်းက NCA လက်မှတ်ထိုးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ထံ ဖိတ်ခေါ်ထားတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ အဲဒီကမ်းလှမ်းမှုကို KNU၊ KNU/KNLA-PC၊ RCSS/SSA၊ DKBA အဖွဲ့ ၄ ဖွဲ့က လက်ခံပြီး လက်မှတ်ထိုးမယ့်အကြောင်း သြဂုတ်လ ၁၇ ရက်နေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ တချို့ လက်နက်ကိုင်အဖွဲ့တွေက တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်မှ လက်မှတ်ထိုးမယ်ဆိုတဲ့မူကို စွဲကိုင်ထားတာကိုလည်း တွေ့ရပါတယ်။ လက်ရှိ SD ခေါင်းဆောင် နော်စီ ဖိုးရာစိန်ကလည်း အဖွဲ့အားလုံးပါဝင်မှ NCA ကို KNU လက်မှတ်ထိုးမယ်ဆိုပြီး ပြောလာပါတယ်။
KNU အဖွဲ့ရဲ့ ကိုယ်စား နော်စီဖိုးရာစိန် ပြောတာဖြစ်တဲ့အတွက် အားလုံးအံ့အားသင့်ကြရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ KNU ခေါင်းဆောင် ဥက္ကဋ္ဌကြီး ဖထီးမူတူးဆေးဖိုး ကိုယ်တိုင် လက်မှတ်ထိုးပါမယ်လို့ တရားဝင် ထုတ်ပြန် ခဲ့တာပါ။ အခု KNU ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ဖထီး မူတူးဆေးဖိုးနဲ့ ဆန့်ကျင်ဘက်ကို ပြောလာတယ်။ KNU အဖွဲ့ရဲ့ သြဇာသက်ရောက်မှုဟာ ဖထီး မူတူးဆေးဖိုး လက်ထဲမှာလား၊ နော်စီဖိုးရာစိန် လက်ထဲမှာလား စဉ်းစားစရာ ဖြစ်နေပါတယ်။ လက်ရှိ KNU ဥက္ကဋ္ဌ က ဖထီးမူတူးဆေးဖိုးဖြစ်တဲ့အတွက် ဖထီးရဲ့ ပြောစကားကိုသာ အတည်ယူရမှာပါ။
Subscribe to:
Posts (Atom)















