
၂၀၁၅ခုနှစ် အောက်တိုဘာလ (၈)နေ့ ည(၉)နာရီခွဲအချိန် ၀န်းကျင်တွင် တာချီလိတ်၌ မိုးရွာသွန်းနေစဉ် အတွင်း မီးလောင်မှုတစ်ခု ဖြစ်ပွားရာ၊ အဆိုပါ မီးလောင်မှု၏ နောက်ကွယ်တွင် တာချီလိတ်ဒေသခံများ တုန်လှုပ်ခြောက်ခြား ထိတ်လန့်စေခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။အခင်းဖြစ်ပွားရာ နေအိမ်သည် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ ပိတောက်(၉)လမ်းသွယ်ရှိ နေအိမ်အမှတ် (၉၂)တွင်ဖြစ်ပြီး နေအိမ်အတွင်း၌ အသက်(၅၁)နှစ်ရှိ မအားညွှန့်၏ အိပ်ခန်းအတွင်း၌ ကုတင်နှင့် မွေ့ယာ အပြင် မျက်နှာ









