ပါတီ လွှတ်တော်ကိုယ် စားလှယ်များ၏ အရည်အချင်း ကို
စောင့်ကြည့်စစ်ဆေးမည့် လွှတ်တော်ကိုယ်စားလှယ် စိစစ် ရေးအဖွဲ့
ဖွဲ့စည်းမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ သတင်းရရှိသည်။အဆိုပါ
လွှတ်တော်ကိုယ် စားလှယ်စိစစ်ရေးအဖွဲ့သည် လွှတ်တော်သက်တမ်းငါးနှစ်တာ အတွင်း
ပါတီမှ လွှတ်တော်ကိုယ် စားလှယ်များ၏ လွှတ်တော်တွင်း ဆောင်ရွက်မှုများ၊
လွှတ်တော် ကိုယ်စားလှယ်များ၏ ပိုင်ဆိုင်မှု များကို စောင့်ကြည့်သွားမည် ဖြစ်
သည်။
လွှတ်တော်ကိုယ်စားလှယ်
စိစစ်ရေးအဖွဲ့သည် နိုင်ငံတစ်ဝန်း လှည့်လည်ကာ အမျိုးသားဒီမိုက
ရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ် စားလှယ်များကို စောင့်ကြည့်မှု များ
ပြုလုပ်မည် ဖြစ်သည်။ယခုလ
၂၈ ရက်က ရန်ကုန် မြို့တွင် ကျင်းပခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စား လှယ်များနှင့် တွေ့ဆုံပွဲတွင်
မကြာမီ ကာလအတွင်း လွှတ်တော်ကိုယ် စားလှယ်များကို စိစစ်ရေးအဖွဲ့ ဖွဲ့ကာ
စိစစ်မှုများ ပြုလုပ်မည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။





















