Friday, December 18, 2015

အသက်လေးဆယ်ကျော် အမျိုးသမီးတွေ စတိုင်ကျစေဖို့

အသက်အရွယ်ကြီးလာလေလေ စတိုင်ကျဖို့အတွက် အခွင့်အရေးနည်းသွားလေလို့တွေး နေသူတွေအတွက် ငယ်ရွယ်နုပျို ပြီး အမိုက်စားပုံလေးဖြစ်အောင် ပြင်ဆင်လို့ရတယ်ဆိုတာ သိထားရအောင် အကြံပြုချင်ပါတယ်။

ရောင်စုံလည်ဆွဲများအသုံးပြုခြင်း - အသက်အရွယ်ရလာရင် အသားအရေ မွဲခြောက်လာ တတ်တာ ကြောင့် မျက်နှာတစ် ဝိုက်အရောင်ဟပ်ပြီး လင်းထင်း နေစေဖို့ လည်ဆွဲလေးတွေနဲ့ စတိုင်ထုတ်နိုင်ပါတယ်။

ဓားဘုရင်၏ စက္ကူပေါ်ကအနုပညာ

မဂ္ဂဇင်း၊ ဂျာနယ်၊ ပို့စကတ် စတာတွေမှာ ကိုယ်သဘောကျတဲ့ ရုပ်ရှင်မင်းသား၊ တိရစ္ဆာန်ပုံ၊ ပန်းပွင့်ပုံလေးများပါလာလျှင် ကတ်ကြေးဖြင့် ဖြတ်ယူညှပ်ထားပြီး ဆော့ကစားကြသည်ကို ကလေးဘဝတွင် လူတော်တော်များများ လုပ်ဖူးကြမည်ထင်သည်။

ပုံအကတ်လိုက်ထဲမှ မိမိလို ချင်သောရုပ်ပုံလေးတစ်ခု ချော ချောမောမောထွက်လာစေရန် ဓား၊ ကတ်ကြေး စသည်တို့ကို အသုံးပြု၍ မည်မျှအားထုတ်ရ ကြောင်း လုပ်ဖူးကြသူတိုင်း သိပါ လိမ့်မည်။ မလိုအပ်သည့်ဘေး သားစက္ကူများကို ခက်ခက်ခဲခဲ ညှပ်ထုတ်ပစ်ရသည်။ တစ်ခါတစ် ရံများ လက်လွန်ပြီး ကိုယ်လိုချင် သည့် ရုပ်ပုံအသားကို ညှပ်မိလှီးမိ လျှင်တော့ တောက်တခေါက် ခေါက်ဖြင့် စိတ်ပင်ပန်းစွာခံစားမှုရပြန်သည်။

အပစ်ရပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဒီချုပ်နှင့် ကော်မတီဖွဲ့စည်းမည်

ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ပူးပေါင်းဆောင်ရွက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့ ကော်မတီတစ်ရပ်ဖွဲ့စည်း မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ဒီဇင်ဘာ ၁၇ ရက်က နေ ပြည်တော်ပြည်သူ့လွှတ်တော်တ ရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီရုံးခန်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးသဘောတူညီစာချုပ် (NCA)တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တွေ့ဆုံခဲ့သည်။

Thursday, December 17, 2015

စည်းမျဉ်းသစ်က မြန်မာကစားသမားကောင်းများမွေးထုတ်ရေး အလုပ်ဖြစ်မလား

၂၀၁၆ ဇန်န၀ါရီ ၉ ရက်တွင် စတင်ကျင်းပတော့မည့် မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲ၌
ပြည်တွင်းဘောလုံးသမားများ နေရာပိုမိုရရှိရန် ရည်ရွယ်ပြီးပြိုင်ပွဲအတွင်း နိုင်ငံခြားကစားသမားပွဲထွက်အသုံးပြမှုအပေါ် ကန့်သတ်သည့်စည်းမျဉ်းသစ်ကို မြန်မာနေရှင်နယ်လိဂ်ကော်မတီက အစည်းအဝေး၌ အတည်ပြု ဆုံးဖြတ်ခဲ့ပြီဖြစ်သည်။
အတည်ပြုလိုက်သည့် စည်းမျဉ်းသစ်မှာနေရှင်နယ်လိဂ် ကလပ်အသင်းများက ကစားသမားခေါ်ယူရာတွင် (၃+၁) စနစ်ဖြင့် နိုင်ငံခြားသားသုံးဦးနှင့် အာရှကစားသမားတစ်ဦး၊ ကစားသမားခေါ်ယူခွင့် လေးဦးခွင့်ပြုခဲ့သော်လည်း ကွင်းအတွင်း၌ သုံးဦးသာ ကစားခွင့်ပြုမည့် စည်းမျဉ်းဖြစ်သည်။ အခြားနိုင်ငံခြားကစားသမားတစ်ဦးကို ထပ်မံအသုံးပြုလိုပါကကွင်းအတွင်းရှိ နိုင်ငံခြားကစားသမားတစ်ဦးနှင့် လဲလှယ်ရမည်ဖြစ်သည်။

ကားတင်သွင်းခွင့်ပြုသောပုံစံများ နှစ်သစ်တွင် စတင်ပြောင်းလဲမည်

၂၀၁၆ ဇန်န၀ါရီ ၁ ရက်ကစ၍ ကား တင်သွင်းခွင့်မူဝါဒသစ်ကြောင့် ကားတင်သွင်းမှု ပုံစံ ပြောင်းလဲရမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။
ယခင် ကားတင်သွင်းခွင့် လိုင်စင်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနတွင် လျှောက်ထားပြီးမှ ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနသို့ သွားရသော်လည်း ပုံစံသစ်မှာ ကားတင်သွင်းခွင့်ကို ကညနမှစ တင် လျှောက်ထားရမည်ဖြစ်ကြောင်း ကုန်း လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပြန် ကြားရေးတာဝန်ခံ ဦးလျန်ကျင့်မန်က ပြော သည်။

Tuesday, December 15, 2015

ဧရာဝတီတိုင်းမှာ စာသင်ကျောင်းတစ်ကျောင်း ဆောက်လုပ်လှူဒါန်းဖို့ ရှိတယ်လို့ မိုးစက်ဝိုင် ဆို

မြန်မာ့နှလုံးသား ပရဟိတအဖွဲ့ကို ဦးစီးတည်ထောင်ထားတဲ့ အလှမယ် မိုးစက်ဝိုင်က ဧရာဝတီတိုင်းဘက်မှာ စာသင်ကျောင်းတစ်ကျောင်း ဆောက်လုပ်လှူဒါန်းသွားဖို့ ရှိပါတယ်လို့ The Voice ကို ပြောပါတယ်။
“ဧရာဝတီတိုင်းဘက်မှာ လှူဖို့တော့ စီစဉ်ထားတယ်။ ဘယ်မြို့နယ်ထဲမှာ ဖြစ်မလဲတော့ မသိသေးဘူး။ အခု လောလောဆယ်တော့ ဧရာဝတီတိုင်းဘက်က ဒေသခံ သူငယ်ချင်း တစ်ယောက်ကိုတော့ မေးထားတယ်။ တကယ်လိုအပ်နေတဲ့ နေရာမှာ လှူဖြစ်မှာပါ။ အတိအကျသိရင် မိုးစက်ထပ်ပြီး ပြောပြပါမယ်” လို့ စာသင်ကျောင်းတစ်ကျောင်း လှူဒါန်းဖို့ စီစဉ်ထားတဲ့ အကြောင်းကို ၎င်းက ထပ်လောင်းပြောဆိုပါတယ်။

တရုတ်နယ်စပ်မှတစ်ဆင့် IS ၁၁ ဦးဝင်ရောက်သည့်သတင်းကြောင့် လားရှိုးတွင် လုံခြုံရေးတင်းကျပ်

အစွန်းရောက် အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့ISမှ အကြမ်းဖက်တိုက်ခိုက်ရေးသမားများဟု ယုံကြည်ရသည့် အမျိုးသား ၁၁ ဦး ဒီဇင်ဘာ ၁၄ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာသည်ဟုယူဆရသောကြောင့် မူဆယ်-လားရှိုး အဝေးပြေးလမ်းမကြီး တလျှောက် လုံခြုံရေးတင်းကျပ်စွာချထားကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။
"ပြီးခဲ့တဲ့တစ်ပတ်က တရုတ်နိုင်ငံထဲကို IS တွေ ဝင်ရောက်ခဲ့တယ်လို့ ပဏာမသတင်းရခဲ့တယ်။ ဒီဇင်ဘာ ၁၄ ရက်မှာ တရုတ်ရဲတပ်ဖွဲ့တွေ လိုက်ဖမ်းတာကို တိမ်းရှောင်ရင်း အဲဒီ IS တွေဟာမြန်မာနယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်လာနိုင်တယ်လို့ သတင်းရတဲ့အတွက် အခုအဲဒီလူတွေရဲ့ဓာတ်ပုံတွေကို တပ်ဖွဲ့ဝင်အားလုံးဆီ ဖြန့်ထားတယ်။ မြို့အဝင်အထွက်တွေမှာ ပိတ်ဆို့ရှာဖွေမှာဖြစ်သလို လှည့်ကင်းတွေလည်း မပြတ်လှည့်နေမှာပါ။

ပါကစ္စတန် လူစည်ကားရာ ဈေးထဲတွင် ရှီးယိုက်များကို ပစ်မှတ်ထားသည့် ဗုံးကွဲ အနည်းဆုံး ၂၃ ဦး သေဆုံး

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း လူစည်ကားရာ အထည်အလိပ် ဈေးထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ ရှီးယိုက်လူနည်းစုများကို ပစ်မှတ်ထားသည်ဟု သိရပြီး အနည်းဆုံး လူ ၂၃ ဦး သေဆုံးကာ ၅၅ ဦး ဒဏ်ရာရရှိသွားကြောင်း VOA သတင်းတစ်ရပ်က ဖော်ပြထားသည်။
အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတော်အတန် ပေးထားသော ခရိုင်တွင် အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယောက်ျားနှင့် မိန်းမ ဦးဏှောက်တို့ဧ။် ကွာခြားချက်များ

၁။ လုပ်ငန်းမျိုးစုံလုပ်ကိုင်ခြင်း

မိန်းမဦးဏှောက်သည် လုပ်ငန်းမျိုးစုံကို တပြိုင်နက်တည်း ဆောင်ရွက်နိုင်ရန် တည်ဆောက်ထားသည်။

မိန်းမများသည် တီဗွီကြည့်ရင်း ဖုန်းပြောလျက် ဟင်းချက်နိုင်သည်။

ယောက်ျားဦးဏှောက်သည် တကြိမ်တွင် လုပ်ငန်းတခုသာ ဆောင်ရွက်နိုင်ရန် တည်ဆောက်ထားသည်။ ယောက်ျားများသည် တီဗွီကြည့်နေစဉ် ဖုန်းမပြောနိုင်။ စကားပြောနေစဉ် တီဗွီကိုပိတ်ထားသည်။

ပြည်တွင်းငြိမ်းချမ်းရေးအဆုံးသတ်အောင်မြင်မှာကို UNFC သေမလောက် ကြောက်နေပြီ

NCA ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးနောက်ပိုင်း သွေးရူးသွေးတမ်းဖြစ်နေတာ UNFC ပါ။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ UNFC မျက်နှာစုံညီအစည်းအဝေးဆိုပြီး ဒီဇင်ဘာ ၇ ရက်ကနေ ၁၀ ရက်နေ့အထိ လုပ်ခဲ့ တယ်။ ဒီဇင်ဘာ ၈ ရက်နေ့မှာ လွှတ်တော်အတည်ပြုခဲ့တဲ့ NCA ကို မထောက်ခံဘူးလို့ ကြေညာချက်ထုတ်ပြန် တယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့မှာလည်း NCA နဲ့ပတ်သက်ပြီး လက်မခံနိုင်တဲ့အကြောင်း ကြေညာချက်ထုတ်ပြန် တယ်။ UNFC မရိုးသားတာပေါ်လွင်နေပါပြီ။ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ကတောင် သဘောတူလို့ NCA ကို လက်မှတ်ထိုးပြီး JMC အစည်းအဝေးတွေသွားနေတာကို UNFC က ပြောခွင့်၊ ဝေဖန်ခွင့်မရှိဘူးလို့ ပြောချင် တယ်။

Tuesday, December 8, 2015

ရခိုင်ပြည်နယ်မြို့လေးမြို့တွင် ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းက အခမဲ့ဆေးကုသပေးမည်

မြန်မာနိုင်ငံတွင်ဒုတိ ယအဆင်းရဲဆုံးပြည်နယ်ဖြစ်သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ် လေးမြို့နယ်မှ ဆင်းရဲနွမ်းပါးသူ ဒေသခံများအား ရွှေပါရမီကျန်းမာ ရေးဖောင်ဒေးရှင်းက အခမဲ့ဆေးကုသပေးမည်ဟု သိရသည်။
‘‘ရွှေပါရမီတောရ ဆရာ တော်အရှင်ဆန္ဒာဓိကရဲ့ လမ်းညွှန်ချက်နဲ့ ရခိုင်ပြည်နယ်မှာ ပထ မဆုံးအခမဲ့ဆေးကုသဖို့ လာ ရောက်ရတာဖြစ်ပါတယ်။ ရှေ့ ပြေးအနေနဲ့ မြောက်ဦး၊ ကျောက် တော်၊ စစ်တွေကဒေသခံတွေကို စာရင်းလာကောက်တဲ့အနေနဲ့ မျက်စိဝေဒနာရှင်တွေကို စမ်းသပ် ပေးတာ၊ မျက်မှန်ပေးတာတွေ ဆောင်ရွက်နေပါတယ်’’ဟု မြောက်ဦးမြို့သို့ ရောက်ရှိနေသည့် ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အမေရိကန် ရေတပ်၏ အကြီးဆုံး ကိုယ်ပျောက်ဖျက်သင်္ဘော နောက်ဆုံးအဆင့် စမ်းသပ်ခုတ်မောင်းမှု စတင်


အမေရိကန် ရေတပ်သမိုင်းတွင် တည်ဆောက်ဖူးသမျှ အကြီးဆုံးသော ကိုယ်ပျောက် (ရေဒါဖြင့် မဖမ်းယူနိုင်သော) ဖျက်သင်္ဘောကြီးကို နောက်ဆုံးအဆင့် စမ်းသပ်မှု ပြုလုပ်နေပြီဟု သိရသည်။
မိန်းရှိ Bath Iron Works သင်္ဘောကျင်းမှ ဒီဇင်ဘာ ၇ ရက်တွင် USS Zumwalt စတင်ထွက်ခွာပြီး ရေတပ်တွင် တာဝန်မထမ်းဆောင်မီ နောက်ဆုံးအကြိမ် ပင်လယ်ပြင် လက်တွေ့ခုတ်မောင်း စမ်းသပ်မှု ပြုလုပ်သွားမည်ဟု ရေတပ်က ကြေညာခဲ့သည်။

လစ်ဗျားတွင် လူနှစ်ဦးကို မှော်ဆရာများဟု စွပ်စွဲပြီး အိုင်အက်စ် ခေါင်းဖြတ်ကွပ်မျက်

မှော်ဆရာများဖြစ်ကြောင်း စွပ်စွဲချက်ဖြင့် လူနှစ်ဦးကို အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများက လူအများရှေ့မှောက်တွင် ခေါင်းဖြတ် ကွပ်မျက်ခဲ့ကြောင်း သိရသည်။အိုင်အက်စ်တို့ ထုတ်ဖော် ပြသလိုက်သည့် စက်ဆုပ်ဖွယ် ဗီဒီယို တစ်ခုတွင် လစ်ဗျားနိုင်ငံ၊ ထရီပိုလီ မြို့လယ် တစ်နေရာ၌ ယခုလို ရက်စက်ကြမ်းကြုတ်မှု တစ်ခုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေခြင်း ဖြစ်သည်။ အိုင်အက်စ်တို့သည် ဆီးရီးယားနှင့် အီရတ်တို့တွင် အဓိက ခြေကုပ်ယူထားသော်လည်း နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့် လစ်ဗျားတွင်လည်း တစ်စတစ်စ ဩဇာပျံ့နှံ့ သက်ရောက်လာသည်။

ဆီးရီးယားစစ်တပ်ကို မှားယွင်းဗုံးကြဲကြောင်း သတင်းများကို အမေရိကန် ငြင်းဆို

ဆီးရီးယားစစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသည့် အမေရိကန် တိုက်လေယာဉ်တစ်စီး။
မိမိတို့ မဟာမိတ်လေတပ်က ဆီးရီးယားစစ်စခန်းတစ်ခုကို မှားယွင်း ဗုံးကြဲမိကြောင်းသတင်းများကို အမေရိကန်အစိုးရက ငြင်းဆိုလိုက်သည်။
ဆီးရီးယားအစိုးရက အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်)တို့ကို တိုက်ခိုက်နေသည့် အမေရိကန်ဦးဆောင်သော မဟာမိတ်လေတပ်က မိမိတို့၏စစ်စခန်းတစ်ခုကို မှားယွင်းဗုံးကြဲခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း ကြေညာခဲ့သည်။
နိုင်ငံ အရှေ့ပိုင်းရှိ ဒီယာအယ်လ်ဇောဒေသတွင် ဒီဇင်ဘာ ၆ ရက် ညနေပိုင်းက ယခုလို မှားယွင်းတိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်းဟု ဆီးရီးယားအစိုးရက စွပ်စွဲခဲ့သော်လည်း ဝါရှင်တန်ဖက်ကမူ ယင်းသတင်းဖော်ပြချက်များသည် အမှားသက်သက်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

ရန်ကုန်မြို့ရှိ ရေသန့်လုပ်ငန်း ၁၃ ခုကို ပိတ်သိမ်း

သောက်သုံးရန်မသင့်ဘဲ စံချိန်စံညွှန်းမညီ ထုတ်လုပ်သည့် ရန်ကုန်မြို့ရှိ ရေသန့်ကုမ္ပဏီ ၁၃ ခုကို လုပ်ငန်းပိတ်သိမ်းအရေးယူခဲ့ ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံအစားအသောက် နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာန (FDA) ဦးဆောင်သည့် စားသောက်ကုန် လုံခြုံရေးကွန် ရက်သည် ရန်ကုန်မြို့တွင် မှတ်ပုံ တင်ထားခြင်းမရှိဘဲ သောက်သုံး ရန်မသင့်သော ရေသန့်လုပ်ငန်း ၁၃ ခုကို လုပ်ငန်းပိတ်သိမ်းရန် မြို့တော်စည်ပင်နှင့် ပူးပေါင်း၍ အ ရေးယူခဲ့ခြင်း ဖြစ်သည်။
အဆိုပါကွန်ရက်မှ ရန်ကုန် မြို့ရှိ မြို့နယ်အချို့ကို ကျပန်းစစ် ဆေးခဲ့ခြင်းဖြစ်ပြီး လှိုင်သာယာမြို့နယ်ရှိ ပစ်တိုင်းထောင်၊ MT ၊ နှင်း ပန်း၊ လမင်းစံ၊ မင်းမင်း၊ သီတာ ဇော်စသည့် ရေသန့်လုပ်ငန်းများ နှင့် တောင်ဒဂုံမြို့နယ်ရှိ Boon ၊ ရွှေငါး၊ မြမြင့်မိုရ်၊ Geo Aqua ၊ အောင်သန်းထိုက်၊ မိုးကြယ်၊ Y2K စသည့် ရေသန့်လုပ်ငန်းများကို ပိတ်သိမ်းအရေးယူခဲ့သည်။

မြန်မာနိုင်ငံကနေ တရုတ်ကိုဖယ်ရှားနေတဲ့ အမေရိကန်

ရခိုင်ပြည်နယ် မဒေးကျွန်းရှိ တရုတ်ရေနံပိုက်လိုင်းနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းမှ ဂိုဒေါင်များ(ဓာတ်ပုံ−စိုးဇေယျာထွန်း/ရိုက်တာ)
တရုတ်နိုင်ငံက စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံတကာတွင်လူရာဝင့်ဆံ့လာလေ တရုတ်နှင့် အမေရိကန်အကြား ဆက်ဆံရေးက ပိုပြီးတင်းမာလာလေဖြစ် ပါသည်။ တရုတ်ခေါင်းဆောင် ပိုင်းအများစုက နိုင်ငံတကာတွင်သူတို့၏စစ်မှန်သော သြဇာလွှမ်းမိုးမှုကို ပြန်လည်ရယူရန်ဆုံးဖြတ် လိုက်သည့်အချိန်တွင် အမေရိကန် အစိုးရခေါင်းဆောင် အများစုက လည်း သူတို့၏လွှမ်းမိုးထားသည့်အနေအထားကို မပေးလိုသည့် သဘောရှိသည်။

ဈေးမတည်ငြိမ်မှုကြောင့် စိုးရိမ်စိတ်ဖြင့် စိုက်ပျိုးနေရကြောင်း ကြက်သွန်စိုက် တောင်သူများပြောကြား

အောင်လံနှင့် သရက်မြို့နယ်တို့တွင် ဆောင်းကြက်သွန်များ စတင် ရေသွင်းစိုက်ပျိုး နေသော်လည်း ဈေးမတည်ငြိမ်မှုကြောင့် စိုးရိမ်စိတ်ဖြင့် စိုက်ပျိုးနေရကြောင်း ကြက်သွန်စိုက် တောင်သူများကပြောသည်။
‘‘အခုဖြစ်နေတဲ့ဈေးကြောင့် ကြက်သွန်စိုက်သူတိုးလာတယ်။ နဂိုစိုက်သူတွေကလည်း တိုးစိုက် ကြတယ်။ ဒါပေမဲ့ ကိုယ့်ကြက်သွန်ပေါ်ချိန်ကျတော့ဈေးကပြုတ် ပြုတ်ကျနေတာများတယ်။ အခုသာ ဈေးကောင်းတာ။ ပေါ်ချိန်ကျဈေး အဆမတန်ကျသွားမှာ စိုးရိမ်တယ်လေ။ တထိတ်ထိတ်နဲ့ စိုက်နေရတာပဲ’’ ဟု ရွှေညောင်ပင် ကျေးရွာမှ ကုန်းကြက်သွန်စိုက်တောင်သူ ကိုလှိုင်ကျော်မြင့်က ပြောသည်။

ကျောက်မျက်ရိုင်းနှင့် ကျောက်စိမ်းများ မြန်မာကျပ်ငွေဖြင့် ရောင်းမည်

နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ တွင် ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ ကျောက်မျက်ရိုင်းနှင့်ကျောက်စိမ်းအသားကျောက်များကို မြန်မာကျပ်ငွေဖြင့် ရောင်းချမည်ဖြစ်သည်။
အဆိုပါ အရောင်းပြပွဲတွင် ကျောက်မျက်၊ ကျောက်စိမ်းအတွဲ ပေါင်းခြောက်ထောင်ကျော် ပါဝင် ပြသရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကော်မတီမှ စီမံရေးရာ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ပြော ကြားသည်။‘‘အခု ဒီပွဲကတော့ ပြည်တွင်းကိုပဲ ရောင်းတဲ့ပွဲပါ။ စစ်ကိုင်းတို့၊ မန္တလေးတို့ဘက်မှာ အချောထည် လုပ်နေတဲ့ လုပ်ငန်းရှင်တွေ တစ် နိုင်တစ်ပိုင်လုပ်ငန်းငယ်လေးတွေ ကို ကုန်ကြမ်းရောင်းပေးတဲ့ပွဲ လည်း ဖြစ်တယ်’’ဟု ဦးသန်းဇော် ဦးက ပြောသည်။ပြပွဲအတွင်း ပြသရောင်းချ မည့် ကျောက်မျက်အရိုင်းအနေ ဖြင့် ကြမ်းခင်းဈေး အနည်းဆုံး သုံးသိန်းသတ်မှတ်ရောင်းချခွင့်ပြု ထားပြီး ကျောက်စိမ်း အသား ကျောက်များအနေဖြင့် မြန်မာ ကျပ်ငွေ အနည်းဆုံး ၁၀ သိန်း သတ်မှတ်ရောင်းချနိုင်ကြောင်း သိရသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီအ၀င်များလာ၍ ကျပ်တစ်ထောင်ခန့် ဈေးကျ

ဘုရင့်နောင်ကုန်စည်ဒိုင် သို့ ကြက်သွန်နီအ၀င်များသော ကြောင့် ကြက်သွန်နီတစ်ပိဿာ လျှင် ကျပ်တစ်ထောင်ခန့်ဈေးကျ လာပြီး ထပ်မံ ကျဆင်းလာနိုင် ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၇ ရက်တွင် ဘုရင့် နောင်ကုန်စည်ဒိုင်သို့ ပြည်တွင်း ကြက်သွန်နီအသစ်နှင့် တရုတ် ကြက်သွန်နီကား အစီးရေ ၃၀ ခန့် ၀င်ရောက်လာကြောင်း အောင်ရတနာကြက်သွန်နီပွဲရုံမှ ဦးစိန်ဝင်းက ပြောသည်။
ကြက်သွန်နီဈေး မြင့်တက် စဉ်က ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တစ်ရက်လျှင် ကြက်သွန်နီတင် ကား ၁၅ စီးခန့်သာအ၀င်ရှိခဲ့သည်။ ယခင်က ဘုရင့်နောင်ကုန်စည်ဒိုင် သို့ တစ်ရက်လျှင် ပျမ်းမျှကြက်သွန်နီကုန်ကားအစီးရေ ၃၀ မှ ၄၀အထိ အ၀င်ရှိခဲ့သည်။

ပြပွဲတွင် ရောင်းချသော ကျောက်စိမ်းတွဲများကို အခွန်ပုံမှန်ကောက်ခံကြောင်း တာဝန်ရှိသူပြော

ကျောက်မျက်ရတနာပြ ပွဲများတွင်ရောင်းချသည့် ကျောက် စိမ်းတွဲများကို အစိုးရက အခွန်ကောက်ခံကြောင်း ဒီဇင်ဘာ ၁၂ ရက်က ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့က ပြောကြားခဲ့သည်။
စစ်ဗိုလ်ချုပ်ဟောင်းကြီးများ က နောက်ကွယ်က ကြိုးကိုင်၍ထိန်းချုပ်နေသော ကုမ္ပဏီများ သည် နိုင်ငံတော်ကို အခွန်မ ဆောင်ဘဲ ကျောက်စိမ်းများ ရောင်းချခဲ့သည်ဟု ဖော်ပြခဲ့သော Global Witness အစီရင်ခံစာနှင့် ပတ်သက်၍ မေးမြန်းရာတွင် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

Saturday, December 5, 2015

ကန်တော်ကြီး၊ မြကျွန်းသာနှင့် ပြည်သူ့ဥယျာဉ် မြေငှားရမ်းခများကို ကာလပေါက်ဈေးဖြင့် ပြောင်းလဲငှားရမ်းထားဟုဆို

ကန်တော်ကြီးသဘာဝ ဥယျာဉ်၊ ပြည်သူ့ဥယျာဉ်နှင့် မြ ကျွန်းသာဥယျာဉ်တို့အား ပုဂ္ဂလိက ကုမ္ပဏီများနှင့် မြေငှားရမ်းခစာ ချုပ် ချုပ်ဆိုမှုများကို ခေတ်ကာလပေါက်ဈေးနှင့် ညီညွတ်စေရန် ပြင်ဆင်ချုပ်ဆိုမှုများပြုလုပ်ထား ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဒီဇင်ဘာ ၄ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့သည်။
တင်ဒါမခေါ်ဘဲ ပွင့်လင်းမြင် သာစွာ လုပ်ကိုင်မှုအားနည်းခြင်း၊ ခေတ်ကာလပေါက်ဈေးအရ မြေ ငှားရမ်းခနှုန်းထား နည်းပါးနေခြင်း၊ မည်သည့်နှုန်းထားများဖြင့် စာချုပ်ချုပ်ဆိုထားသည်ကို မသိရှိခြင်းတို့ကြောင့် ဥယျာဉ်များ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက လွှတ် တော်၌ မေးမြန်းခဲ့မှုများကို မြို့ တော်ဝန်က အချက်အလက်နှင့် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုခံစားရဆုံးဆယ်နိုင်ငံတွင် မြန်မာဒုတိယလိုက်

နှစ်ပေါင်းနှစ်ဆယ်အ တွင်း ရာသီဥတုပြောင်းလဲမှုဒဏ် ခံစားရဆုံး ဆယ်နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံသည် နံပါတ်(၂)၌ ရှိကြောင်း ဂျာမန်အခြေစိုက် ရာသီဥတုပြောင်းလဲခြင်းစောင့် ကြည့်လေ့လာရေးအဖွဲ့ Ger-man Watch အဖွဲ့က ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ သည်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ပြုလုပ်သော ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း ကွန်ဗင်းရှင်းအ လုပ်ရုံဆွေးနွေးပွဲ (UNFCCC)၌ ၎င်းတို့၏ တွေ့ရှိချက်ကို အ ထက်ပါအတိုင်း သတင်းထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုဒဏ် ခံစားရဆုံးဆယ်နိုင်ငံစာရင်းတွင် ဟွန်ဒူးရပ်စ်နိုင်ငံပြီးလျှင် မြန်မာ နိုင်ငံသည် ဒုတိယလိုက်သည်။ မြန်မာနိုင်ငံနောက်တွင် ဟေတီ နိုင်ငံက အဆင့်(၃)၌ရှိသည်။

အကျင့်ပျက်ခြစားမှုဖြင့် ဘောလုံးလောကမှ တာဝန်ရှိသူ ၁၆ ဦးကို ထပ်မံစွဲချက်တင်

ဝါရှင်တန်− ကန်ဒေါ်လာသန်းပေါင်းများစွာပါဝင်သော ဖီဖာ၏ အရှုပ်တော်ပုံသည်ပိုမိုနက်ရှိုင်းလာခဲ့ပြီး အမေရိကန်တရားရေးဌာနက ဘောလုံးနှင့် ပတ်သက်သူ ၁၆ ဦးကို ထပ်မံစွဲချက်တင်လိုက်သည်။
ယမန်နေ့က ဇူးရစ်မြို့ရှိ ဖီဖာအရာရှိများ တည်းခိုရာ ဇိမ်ခံဟိုတယ်တွင် ဆွစ်ဇာလန်အာဏာပိုင်များက တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် (CONMEBOL) ဥက္ကဋ္ဌ ဟွမ်အိန်ဂျယ်နာပေါက်နှင့် မြောက်အမေရိကနှင့် ဗဟိုအမေရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အယ်လ်ဖရီဒိုဟာဝစ်တို့ကို ၀င်ရောက်ဖမ်းဆီးခဲ့သည်။ယင်းနောက် နာရီအနည်းငယ်အကြာမှာပင် အမေရိကန် တရားရေးဌာနက လူပေါင်း ၁၆ ဦးကို အကျင့်ပျက်ခြစားမှုစွဲချက်များ ထုတ်ပြန်ခဲ့ရာ အထက်ပါ ဖီဖာအရာရှိကြီးနှစ်ဦးလည်း ပါဝင်ခဲ့သည်။

ရုရှား ကမ္ဘာလှည့်ခရီးသွားများကို တိုက်ခိုက်ရန် ထိုင်းနိုင်ငံထဲသို့ အိုင်အက်စ်များ ရောက်ရှိနေဟုဆို

ထိုင်းလေဆိပ်တစ်ခုတွင် တွေ့ရသည့် ရုရှားကမ္ဘာလှည့် ခရီးသည်များ။
ရုရှားနိုင်ငံသားများကို ပစ်မှတ်ထား တိုက်ခိုက်ရန်အတွက် အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွအကြမ်းဖက်သမား ၁၀ ဦးခန့် ထိုင်းနိုင်ငံထဲရောက်နေကြောင်း ရုရှားက ထိုင်းရဲတပ်ဖွဲ့ထံ ဆက်သွယ်သတိပေးထားကြောင်း သိရသည်။
ဆီးရီးယားနှင့် အီရတ်တို့တွင် ခြေကုပ်ယူလှုပ်ရှားနေသည့် အိုင်အက်စ်တို့သည် ပြီးခဲ့သည့်လက ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်တွင် ကွန်မန်ဒိုဆန်ဆန် အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုကြီးကို အဓိကကြိုးကိုင်ခဲ့ပြီး အဆိုပါဖြစ်စဉ်တွင် လူပေါင်း ၁၃၀ မျှ သေဆုံးခဲ့သည်။

ကယ်လီဖိုးနီးယား ပစ်ခတ်မှုကို အကြမ်းဖက်မှု အနေဖြင့် FBI သတ်မှတ်စုံစမ်းနေ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ လူမှုစောင့်ရှောက်ရေးစင်တာတစ်ခုတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်၍ FBI ထောက်လှမ်းရေး ဌာနက အကြမ်းဖက်မှုတစ်ခုအဖြစ် သတ်မှတ်စုံစမ်းနေကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်ရပ်တွင် ဆန်ဘာနာဒီနိုမြို့ရှိ လူမှုစောင့်ရှောက်ရေးစင်တာ၌ ပါတီပွဲတစ်ခု ကျင်းပနေချိန်တွင် လင်မယားနှစ်ဦးက ချေမှုန်းရေးရိုင်ဖယ်များဖြင့် ဝင်ရောက်ပစ်ခတ်ရာ လူ ၁၄ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်။ သေနတ်သမားများက ထွက်ပြေးရန် ကြိုးစားသော်လည်း ၎င်းတို့၏ အနက်ရောင် SUV မော်တော်ကားကို ရဲတပ်ဖွဲ့က ပိတ်ဆို့တားဆီးပြီး တရားခံနှစ်ဦးကို သုတ်သင်နိုင်ခဲ့သည်။

အစိုးရအပြောင်းအလဲ အောင်မြင်ချောမွေ့စေရန် သမ္မတက ညွှန်ကြားထားပြီးဖြစ်သည်

အစိုးရအပြောင်းအလဲဖြစ်စဉ် အောင်မြင်ချောမွေ့စေရန် လိုအပ်သည့် ညွှန်ကြားချက်များ ပေးထားပြီး အစီအစဉ်များကို စနစ်တကျ ဆောင်ရွက်နေသည်ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။
အစိုးရအဖွဲ့အစည်းအားလုံးနှင့် ဝန်ထမ်းအားလုံးကို ညွှန်ကြားချက်များ ပေးထားခြင်းဖြစ်ပြီး ဥပဒေများ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်သွားမည်ဟု သမ္မတက နိုဝင်ဘာလနှင့် ဒီဇင်ဘာလ ပထမပတ်အတွင်း မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများနှင့် ပတ်သက်သည့် ဒီဇင်ဘာ ၅ ရက် သဝဏ်လွှာအတွင်း ထည့်သွင်းပြောကြားသည်။

ပါတီစုံဒီမိုကရေစီလမ်းကြောင်း၏ ဒုတိယခြေလှမ်းလျှောက်လှမ်းရန် လိုအပ်သည်များကို ဥပဒေနှင့်အညီ ဆောင်ရွက် နေခြင်းဖြစ်၍ အပြန် အလှန်လေးစား၊ အပြန်အလှန် အထောက် အကူပြု ဆောင်ရွက် သွားကြရမည်

တိုင်းပြည်ကို အေးချမ်းသာယာပြီး တိုးတက်စေလိုသောစိတ်ရှိ သည့် နိုင်ငံသား တစ်ဦးအနေဖြင့် စည်းကမ်းရှိခြင်း၊ တရားမျှတခြင်း၊ ကိုယ်ကျင့်သိက္ခာစောင့်ထိန်းခြင်း၊ ညီညွတ်မျှတသော ပူးပေါင်း ဆောင်ရွက် မှုရှိခြင်း၊ နိုင်ငံကြီးသား ပီသခြင်း၊ အမျိုးဘာသာသာသနာကို စောင့်ထိန်းခြင်း၊ မိမိစွမ်းရည် သတ္တိထက်မြက်အောင် ဆောင်ရွက်အသုံးချခြင်း၊ အကြီးအကဲ ဂုဏ်ရည်ပြည့်ဝအောင် ကျင့်ကြံ ဆောင်ရွက်ခြင်း၊ အတွေးအခေါ်များ အမြဲရှင်သန်အောင် ဆောင်ရွက်ခြင်း စသည့် လူတစ်ဦးချင်း ဆိုင်ရာ ကျင့်ကြံအားထုတ်မှုတို့ကို အမိစစ်တက္ကသိုလ်က လေ့ကျင့် ပျိုးထောင်ပေး မှုများ နှင့် ပေါင်းစပ် ပြီး မိမိဘ၀တိုးတက်မှုကို ထာဝရ ရှင်သန်အောင် နေထိုင်ကြိုးစားကြရ မည်ဖြစ် ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်က ယနေ့နံနက် ၇ နာရီခွဲ တွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သော စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၅၇) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အစိုးရအသစ်သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ခိုင်မာစေရန် အလျင်အမြန် ဆောင်ရွက်သင့်

၂၀၁၆ တွင်တက်လာမည့် အစိုးရအသစ်အနေဖြင့် လွတ်လပ်၍ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ရပ်အတွက် မရှိမဖြစ် အခြေခံဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ခိုင်မာစေရန် အလျင်အမြန် အရေးယူ ဆောင်ရွက်မှုများ လိုအပ်မည်ဟု PEN American Center အဖွဲ့ကြီးက ထုတ်ပြန်လိုက်သည်။

PEN American Center အဖွဲ့ကြီး၏ ဒီဇင်ဘာ ၄ ရက်ထုတ် "မပြီးပြည့်စုံသေးသော လွတ်လပ် ခြင်း-မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ဆိုင်ရာ အလားအလာများနှင့် သုံးသပ်တင်ပြချက် များ" အမည်ရှိ အစီရင်ခံစာအတွင်း ထည့်သွင်း အကြံပြုထားခြင်း ဖြစ်သည်။

တိုက်ပွဲများ လုံးဝ ရပ်ဆိုင်းရေး ရှမ်းပြည်တိုးတက်ရေးပါတီနှင့် UPWC တို့ ထပ်မံဆွေးနွေးဦးမည်

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) တို့ တိုက်ပွဲများ လုံးဝ ရပ်ဆိုင်းရေးအတွက် လာမည့် ဒီဇင်ဘာလ ၇ ရက် နေပြည်တော်တွင် ထပ်မံ တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

ရှမ်းပြည်နယ် မိုင်းရှူး၊ မိုင်းနောင်၊ ကျေးသီးမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့မှုကို ရပ်ဆိုင်းရေး၊ တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်ရေသော စစ်ပြေးဒုက္ခသည်များ မိမိတို့ မူရင်း နေရပ်သို့ ပြန်၍ ပြန်လည် နေရာချထားရေးနှင့် မိုင်းရှူး၊ မိုင်းနောင် မြို့နယ်အတွင်း ပိတ်ထားရသော စာသင်ကြောင်းများ အမြန်ဆုံး ပြန်လည် ဖွင့်လှစ်နိုင်ရေး စသည့် အချက် ၄ ချက်ကို အဓိက သွားရောက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း SSPP/SSA ၏ ဗဟိုကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဆု က ပြောသည်။

“နေပြည်တော်မှာ တွေ့ဖို့ စီစဉ်ထားပါတယ်။ စစ်ပွဲတွေ ချုပ်ငြိမ်းရေး အဓိက ဆွေးနွေးမှာ ဖြစ်ပါတယ်။ UPWC ၏ ညှိနှိုင်းပေး မှုနဲ့ ဒီဒေသ အေးချမ်းနေတယ်ဆိုတော့ ကျနော်တို့အနေနဲ့ ကျေးဇူးတင်စကား ပြောရမယ်။ အပြန်အလှန် ယုံကြည်မှု လုပ်ဆောင်ဖို့ ဖလှယ်ရမယ်။ စစ်ပြေးဒုက္ခသည်တွေ မူရင်း ဒေသကို ပြန်ဖို၊ ပိတ်ထားရတဲ့ စာသင်ကျောင်းတွေ အမြန်ဆုံး ပြန်ဖွင့်နိုင်ဖို့ အဓိက ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။” ဟု သူက မဇ္စျိမကို ပြောသည်။

ပီအက်စ်ဂျီ၏ လိဂ်ပြိုင်ပွဲသွင်းဂိုးအများဆုံး ကစားသမား ဖြစ်လာသည့် အီဗရာဟီမိုဗစ်ခ်ျ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို အဝေးကွင်းတွင် ၀-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် အနိုင်ဂိုး နှစ်ဂိုးသွင်းယူပေးခဲ့သည့် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျသည် ပီအက်စ်ဂျီအသင်း၏သမိုင်းတွင် လိဂ်ပြိုင်ပွဲသွင်းဂိုးအများဆုံးကစားသမား ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ပီအက်စ်ဂျီအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၃၅ မိနစ်တွင် ကာဗာနီက စတင်သွင်းယူပေးခဲ့ပြီး မိုဗစ်ခ်ျက ၄၄ မိနစ်တွင် ပင်နယ်တီမှ ဒုတိယဂိုး၊ ၆၁ မိနစ်တွင် တတိယဂိုးသွင်းယူပေးခဲ့သည်။