နတ်ဘုရားရုပ်တုကို အမွှေးနံ့သာများ ဖြန်းပက်နေသည့် ကမ္ဘောဒီးယား ဒုတိယ ဝန်ကြီးချုပ် ဆော့ခ်အန်း။
ကမ္ဘောဒီးယားနိုင်ငံရှိ ဦးခေါင်းနှင့်ခန္ဓာကိုယ် တခြားစီဖြတ်တောက်ခြင်းခံထားရသည့် ဟိန္ဒူနတ်ဘုရားရုပ်တုတစ်ခုကို နှစ်ပေါင်း ၁၃၀ နီးပါးအကြာတွင် ပြန်လည်ပေါင်းစပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယားကို ပြင်သစ်တို့ ကိုလိုနီအဖြစ် အုပ်စိုးစဉ်က အဆိုပါ နတ်ဘုရားရုပ်တု၏ဦးခေါင်းကို ယူဆောင်သွားပြီး ပါရီရှိ ဂီမတ်ပြတိုက်တွင် နှစ်ပေါင်းများစွာ ပြသထားသည်။ ဂီမတ်သည် အာရှအနုပညာလက်ရာများကို ပြသသည့်ပြင်သစ်အမျိုးသားပြတိုက်လည်း ဖြစ်သည်။

























