အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးချယ်ကာ ပြည်သူ့လွှတ်တော်အမတ်များ၏ ထောက်ခံချက်ဖြင့် ဒုသမ္မတဖြစ်လာသည့် ဦးထင်ကျော်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို NLDက တရားဝင်မထုတ်ပြန်ပေးခြင်းက မဲဆန္ဒရှင်များ၏ မူလအခွင့်အရေးကို ထိပါးစေသော အပြောင်းအလဲလားဟု ကြံ့ခိုင်ရေးပါတီက ၎င်းပါတီက ထုတ်ဝေနေသည့် ပြည်ထောင်စုနေ့စဉ် သတင်းစာကတစ်ဆင့် မေးခွန်းထုတ်လိုက်သည်။
ဦးထင်ကျော်၏ ကိုယ်ရေး အတ္ထုပ္ပတ္တိကို ပြည်သူများအား ရင်းနှီးပွင့်လင်းစွာ ချမပြခဲ့ခြင်းမှာ အင်အားကြီးပါတီက အင်အားနည်းပါတီများကို ဖိနှိပ်သည့် အသွင်ဆောင်စေသည်ဟု ပြောဆိုလိုက်သည်။


























