စံခလပူရီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် ကမ္ဘာ့အစ္စလာမ်အဖွဲ့ကြီး OIC ၏ လူသားချင်း စာနာမှုဆိုင် ရာ လေ့လာစောင့်ကြည့်ရေး ရုံးများ
လာရောက်ဖွင့်လှစ်မည်ကို ကန့်ကွက်သည့် အနေဖြင့် လူထုလူတန်းစား
အလွှာအသီးသီးနှင့် သံဃာတော်များက မြို့ကြီးများတွင် ဆန္ဒပြပွဲများ
ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရှိ ရသည်။
Friday, October 12, 2012
KIO နှင့် အစိုးရ ကိုယ်စားလှယ်များ ရွှေလီမှာ ပြန်လည် တွေ့ဆုံမည်
ချင်းမိုင်(မဇ္စျိမ) ။ ။ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ေ ဆာင်ရေး လုပ်ငန်းကော်မတီနှင့်
ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် မကြာမီ
တွေ့ ဆုံမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဂွမ်ဂျာ က ပြောသည်။
သံရုံးရှေ့ဆန္ဒပြသူများအနက် မရမာကြီးအဖွဲ့ကိုသာ မြို့နယ်မှူး ခေါ်တွေ့
ရန်ကုန် (မဇ္ဈိမ) ။ ။ အောက်တိုဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့သော
ဘင်္ဂလားဒေရှ့် သံရုံးရှေ့ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူများအနက် မရမာကြီး
လူမျိုးများအဖွဲ့ကိုသာ ကမာရွတ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး
ဦးရဲထွန်းအောင် က ခေါ်ယူတွေ့ဆုံကာ ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း
သိရသည်။
ပြန်တွေ့ဆုံရေး KIO ကို နေပြည်တော် ကမ်းလှမ်း
တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး စက်တင်ဘာလ
အတွင်း တိုက်ပွဲပေါင်း ၁၀၅ ခန့် ဖြစ်ပွားသည်။
|
ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)နှင့် မြန်မာ အစိုးရ တပ်များအကြား စစ်ရေး
တင်းမာနေစဉ် အပစ်အခတ် ရပ်စဲရေးအတွက် တွေ့ ဆုံဆွေးနွေးရန် အစိုးရဘက်က
ပြန်လည် ကမ်းလှမ်း လိုက်သည်။
အစိုးရအနေနှင့် နှစ်ဖက် ကိုယ်စားလှယ်များ သွားရောက်နိုင်မည့်
တရုတ်နိုင်ငံ ရွှေလီမြို့သို့မဟုတ် ရှမ်းပြည်နယ် မြောက်ပိုင်း
မူဆယ်မြို့နယ် တွင် တွေ့ဆုံရန် အဆိုပြုထားပြီး KIO ခေါင်းဆောင်များ ထံ ယခုလ
၁၀ ရက်နေ့က စာပေးပို့ထားကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် များက ပြောသည်။
နော်ဝေ ငြိမ်းချမ်းရေး အကူအညီ ဝေဖန်ခံနေရ
ကရင်ပြည်နယ်အတွင်း ပြည်တွင်းရွှေ့ပြောင်း
ဒုက္ခသည် မိသားစုတစု မိုးခိုလှုံနေစဉ်
|
မြန်မာနိုင်ငံတွင် အော်စလိုက ဦးစီးဦးဆောင် ဆောင်ရွက်နေသော
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ယာယီ ရပ်ဆိုင်းလိုက်သည်ဟူသော
သတင်း များနှင့်ပတ်သက်ပြီး နော်ဝေနိုင်ငံခြားရေး ၀န်ကြီးဌာနက
ပယ်ချလိုက်သော် လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနှင့် လတ်တလော
ဖြစ်ပေါ်နေသော အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲ ချက်များအား ပြန်လည်
မဖြေရှင်းနိုင်သရွေ့ KNU ထိန်းချုပ်ဒေသ များအတွင်း
ငြိမ်းချမ်းရေးလုပ်ငန်းအသစ်များ ထပ်မံတိုးချဲ့ဆောင်ရွက် မည် မဟုတ်ဟူ၍
အတည်ပြုပြောကြားခဲ့သည်။
တရားဝင် ငွေလဲ ဈေးကွက် ပြန်လည် သုံးသပ်ရန်လို
ရိုးရိုးပဲနေချင်သည်ဆိုသော သမ္မတကြီး
ယနေ့ညနေပိုင်းတွင် ကြေညာခဲ့သော ငြိမ်းချမ်းရေးနိုဘယ်ဆု နှင့် ပတ်သက်ပြီး
သမ္မတရုံး တာဝန်ရှိသူ ဦးဇော်ဌေး က The Voice Weekly သို့
အောက်ပါအတိုင်းမှတ်ချက်ပြု ပြောကြားသည်။ "နိုဗယ်ကြေညာတဲ့ ကိစ္စကို သမ္မတ မသိပါဘူး။ သမ္မတက ၀န်ကြီးတွေ အစည်းအဝေးခန်းထဲရောက်နေပါတယ်။
ပုဂ္ဂလိကကားများထက် ဗန္ဓုလကုမ္ပဏီကားများက ကားခပိုယူနေ
ရခိုင်တိုင်းရင်းသားဝန်ကြီးက လက်တုံ့မပြန်သင့်ကြောင်းပြော
ရေနက်ဆိပ်ကမ်းစီမံကိန်းမှ တုန်ခါသံများကြောင့် စစ်တွေ၌ ငါးဈေးမြင့်တက်နေ
အိန္ဒိယ- မြန်မာကုလားတန်မြစ်ကြောင်း
ဘက်စုံဖွံ့ဖြိုးရေး၏ပမာဏလုပ်ငန်းစဉ်တစ်ခုဖြစ်သည့် စစ်တွေ ရေနက် ဆိပ်ကမ်း
တည်ဆောက် မှု စီမံကိန်းမှ မြေပြင်ရေပြင်များကို တုန်ခါစေသော ငလျင်ကဲ့သို့
စက်ယန္တရားများ အသုံးပြုမှု၊ တည်ဆောက်မှုလုပ်ငန်းမှ ထုရိုက်သံများကြောင့်
စစ်တွေမြို့ရှိ ပင်လယ်ပြင်ကမ်းနီး ကမ်းဝေးငါးဖမ်းဇုန်များ၌ ငါးဖမ်းဆီးရရှိမှု
သိသိသာသာ လျော့နည်း ကျဆင်းလျှက်ရှိသည်။
ဒုတိယအကြိမ်မြောက် အာရှစီးပွါးဖြစ် စိုက်ပျိုးရေးအစည်းအဝေးကိုဆန္ဒပြ
ယနေ့  ရန်ကုန်မြို့ Park Royal
Hotel တွင် ပြုလုပ်သောဒုတိယအကြိမ် အာရှစီးပွါးဖြစ်
စိုက်ပျိုးရေး အစည်း အဝေးကို ပွင့်လင်းမြင်သာမှုမရှိ၍
လယ်သမားအရေးဆောင်ရွက်နေသည့် ဦးဝင်းချိုကဆန္ဒပြ လျက်ရှိသည်။ အဆိုပါ အစည်းအဝေးသည် မြန်မာနိုင်ငံဧ။်မြေလွတ်မြေ ရိုင်းများအပေါ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင် ရန် ကျင်းပခြင်းဖြစ်ကြောင်းသိရသ ည်။
တူရကီက ထိန်းသိမ်းခဲ့သော လေယာဉ်ပေါ်တွင် ရုရှား စစ်လက်နက်များပါရှိ
| (တူရကီက ကြားဖြတ်ဟန့်တားထိန်းသိမ်းခဲ့သော ဆီးရီးယား အရပ်ဘက်လေယာဉ်) |
မိမိတို့ ကြားဖြတ် ဟန့်တားထိန်းသိမ်းခဲ့သည့်
ဆီးရီးယား အရပ်ဘက် လေ ယာဉ်ပေါ်တွင် ရုရှားလုပ် စစ်လက်နက်များ ပါလာကြောင်း
တူရကီ အစိုးရက ပြောကြားခဲ့သည်။ တူရကီ လေတပ် တိုက်လေယာဉ်များသည် ဆီးရီးယား
ခရီးသည်တင် လေယာဉ်တစ်စင်းကို ပိတ်ဆို့ကာ အန်ကာရာ တွင် ဆင်းသက်စေခဲ့သည်။
ထို့နောက်တွင်မူ လေယာဉ်ပေါ်မှ ကုန်သေတ္တာ အချို့ကို လေ့လာဖော်ထုတ်ခဲ့ရာ
စစ်လက်နက်များ တွေ့ရှိခဲ့ကြောင်း ဝန်ကြီးချုပ် ရီဆပ်တေရစ်ပ် အာဒိုဂန်က
အတည်ပြုခဲ့သည်။ ဆီးရီးယား အာရပ် လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်တွင်
ခရီးသည်နှင့် အမှုထမ်း စုစုပေါင်း (၃၇)ဦး လိုက်ပါလာသည်။ ထိုလေယာဉ်သည်
မော်စကိုမှ ဒမတ်စကက်သို့ ဦးတည်ပျံသန်းစဉ် ကြားဖြတ်ဖမ်းဆီး ခံရခြင်း
ဖြစ်သည်။
ရှားခဲအင်းပြဿနာအား အရေးကြီးအဆိုအဖြစ် တိုင်းလွှတ်တော်၌ အတည်ပြု
ကျင်းပနေသော ဧရာဝတီတိုင်းလွှတ်တော်တွင် ရှားခဲအင်းပြဿနာနှင့်ပတ်သက်၍ ကျုံပျော်(၁)မဲဆန္ဒနယ် ကိုယ်စား လှယ် ဦးသန်းထွန်း တင်သွင်းခဲ့သော အရေးကြီးအဆိုအား ကိုယ်စားလှယ်(၅)ဦးမှ ဆွေးနွေး အတည်ပြု လိုက်ပြီဖြစ်သည်။
၁၂.၁၀.၂၀၁၂ ရက်နေ့ ရခိုင်လူငယ်ကွန်ယက်အဖွဲ့နှင့် မရမာအဖွဲ့မှ ဆန္ဒပြမှု ငြိမ်းချမ်းစွာဖြင့် ပြီးဆုံး
ရခိုင်လူငယ်ကွန်ယက်အဖွဲ့နှင့် မရမာအဖွဲ့မှ ဆန္ဒထုတ်ဖော်မှု တွင် တောင်း ဆိုသော စာအိတ်ကို ဘင်္ဂလားဒေ့ရှ်ကောင်းစစ်ဝန်ရုံးတာ ၀န်ခံ
တယောက်ေ ယာက်မှ ထွက်ယူရန်အတွက် တောင်းခဲ့သော်လည်း ဘင်္ဂလားေ ဒ့ရှ်
ကောင်းစစ်ဝန်ရုံးမှ တယောက်မှ လာရောက် ယူဆောင် ခဲ့ခြင်းမရှိခဲ့ပါ။ ထိုသို့
စာအိတ်ကို ဘင်္ဂလားဒေ့ရှ် ကောင်းစစ်ဝန်ရုံးမှ ခြံတွင် ထဲမှ ယူဆောင်ပေးပါရန်
တောင်းဆိုနေစဉ်တွင် ရဲမှူးကြီး ကိုကိုဦး (ရကသ - ၆) မှ ထိုစာအား
သူ့အားပေးရန် တောင်းဆိုသဖြင့် ဆန္ဒပြလူငယ်များမှာ မကျေနပ်နှင့်
စိတ်အနှောက်အယှက်ဖြစ်ခဲ့ရပါသည်ဟု ဆန္ဒပြလူငယ်တယောက်မှ ပြောကြားခဲ့ပါသည်။ ယခုအခါ ဆန္ဒပြမှုကို ငြိမ်းချမ်းစွာဖြင့် ပြီးဆုံးသွားခဲ့ပါပြီ။
From- Rakhine Straight Views
ပြည်သူ(၄၀၀)ကျော် စစ်တွေဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးရှေ့၌ ဆန္ဒထုတ်ဖော်
စစ်တွေမှ ရခိုင်လူမျိုးများအပါအ၀င် မာရမာကြီးနှင့်ဟိန္ဒူလူမျိုးများ မှာ စစ်တွေမြို့ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံး ရှေ့၌ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော် ခြဲ့ ကသည်။
ယနေ့ အောက်တိုဘာလ (၁၂)ရက်နေ့ နေ့လည်ပိုင်းတွင် ရခိုင်နှင့်၊ မာရမာကြီး၊ဟိန္ဒူလူမျိုးအပါအဝင် အင်အား (၄၀၀) ကျော်မှာ ဘင်္ဂ လားဒေရှ်ကောင်စစ်ဝန်ရုံးရှေ့ ၌ နာရီဝက်အကြာ ငြိမ်သက်စွာံ ဆန္ဒ္ဒ ထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။
စစ်တွေမှ ရခိုင်လူမျိုးများအပါအ၀င် မာရမာကြီးနှင့်ဟိန္ဒူလူမျိုးများယနေ့ အောက်တိုဘာလ (၁၂)ရက်နေ့ နေ့လည်ပိုင်းတွင် ရခိုင်နှင့်၊ မာရမာကြီး၊ဟိန္ဒူလူမ
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနှင့်ပူးပေါင်းရေး မဖြစ်မနေတည်ထောင်မည်ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဆို
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသို့ ကမ်းလှမ်းထားသည့် ပူးပေါင်းရေးအဆိုကို မဖြစ်မနေ တည်ဆောက်သွားမည်ဟုရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က
ကြေညာချက်ထုတ်ပြန်သည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (Arakan League For
Democracy) ပါတီ၏ (၂၄) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တို ဘာလ
၁၂ ရက်နေ့တွင်ရန်ကုန်မြို့ရှိ ဒို့ရိုးရာစားသောက်ဆိုင်တွင် ပြုလုပ်၍
၎င်းအချက်အလက်အပါအဝင် အချက် (၉) ချက်ပါသည့် ကြေညာစာတမ်းကိုထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ထုတ်ပြန်ချက်တွင်-
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသို့ ကမ်းလှမ်းထားသည့် ပူးပေါင်းရေးအဆိုကို မဖြစ်မနေ တည်ဆောက်သွားမည်ဟုရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က
ကြေညာချက်ထုတ်ပြန်သည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (Arakan League For
Democracy) ပါတီ၏ (၂၄) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တို ဘာလ
၁၂ ရက်နေ့တွင်ရန်ကုန်မြို့ရှိ ဒို့ရိုးရာစားသောက်ဆိုင်တွင် ပြုလုပ်၍
၎င်းအချက်အလက်အပါအဝင် အချက် (၉) ချက်ပါသည့် ကြေညာစာတမ်းကိုထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ထုတ်ပြန်ချက်တွင်-
လှိုင်သာယာညောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ အထမမြောက်သေး
လှိုင်သာယာ
မြို့နယ်ရှိ ညောင်ကျေးရွာမှ ဒုတိယအကြိမ်အုပ်ချုပ်ရေး မှူးရွေးချယ်ပွဲကို
ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ကျေးရွာသူကျေးရွာ သားများ အများစုမှ
လက်မခံသဖြင့် ယခုအချိန်ထိမရွေးချယ်ရသေးကြောင်း
၎င်းရွာခံများမှ သိရသည်။ညောင်ကျေးရွာ၏ ပထမအကြိမ်ရွေးချယ်ပွဲကို စက်တင်ဘာ
၁၇ရက်နေ့က ပြုလုပ်ခဲ့ပြီး ပြည်သူများမှ ရွေးကောက်သူ ၃ဦးမှ ၂ဦးကို
ကျေးရွာနေလူ၃ဦးက လတ်မှတ်ထိုးကန့်ကွက်သဖြင့်
ဒုတိယ အကြိမ်ပြန် လည်ပြုလုပ်ရာတွင် ရွာခံအများစုက ယခင်ရွေးကောက်ခံရသူများကိုပဲအုပ်ချုပ်ရေးမှူး အဖြစ်တင်မြှောက်ရန် တောင်းဆိုသဖြင့် ရွေးချယ်ပွဲကို ဆက်လက်မပြုလုပ်ရပဲ ရပ်နားလိုက်ရကြောင်း ၄င်းရွာမှ ကိုရဲကိုနိုင်က ဆိုသည်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော နာရေး သတင်း နိုင်ငံပိုင် သတင်းစဉ်မှာ ဖော်ပြ
ရဲဘော် သုံးကျိတ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော်၏ နာရေး သတင်းကို ဒီကနေ့
အောက်တိုဘာလ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှာ သတင်းစဉ်အဖြစ်
ဖော်ပြပါရှိလာမှုဟာ ထူးခြားမှု တခုပါ။
ဒုတိယအကြိမ်အာရှစီးပွားဖြစ်စိုက်ပျိုးရေး
(အစည်းအဝေး)သို့ ပေးပို့လိုသောမြေလွတ်မြေလပ်များစီမံခန့်ခွဲခြင်းဆိုင်ရာ သဘောထားအမြင်ဆွေးနွေးပွဲ မှ ထွက်ပေါ်လာသောသဘောထားမှတ်ချက်များ
၁။ ဒေသတွင်း မြေယာအငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်နိုင်ငခြင်း
မရှိသေးသော ကာလအတွင်း အသစ်ထပ်မံငှားရမ်းခြင်း ရောင်းချခြင်းကို
ပြုလုပ်ဆောင်ရွက်ခြင်း မပြုရန်။
မန္တလေးရှိ ထိုင်း ဘုရင့်ဂူကို စစ်ဆေးမည်
သဖန်းပွင့်မင်းသားဘွဲ့ခံ ထိုင်းဘုရင်
ကျောက်ဘွားဒေါက် မဒူဝါး ၏ အုတ်ဂူ
|
မန္တလေးမြို့ အမရပူရ တောင်သမန် အင်း အနီး လင်းဇင်းကုန်း သုသာန်ရှိ
အုတ်ဂူသည် သဖန်းပွင့် မင်းသား ဘွဲ့ခံ ထိုင်း ဘုရင် ကျောက် ဘွား ဒေါက်
မဒူဝါး(ခေါ်) ဥတွန်ပုံ ၏ အုတ်ဂူ ဟုတ် မဟုတ်ကို ထိုင်းအာဏာပိုင်များက
သွားရောက် စစ်ဆေးမှု ပြု လုပ်မည် ဟု သိရသည်။
Subscribe to:
Posts (Atom)






