Tuesday, January 15, 2013

HTC မှ နေပြီး ယခုအသစ်ဖွင့်လှစ်မည့် အရောင်းဆိုင်များတွင် လာရောက်ဝယ်ယူသူများကို လက်ဆောင် ပစ္စည်းများပေးအပ်သွားမှာ ဖြစ်တယ်လို့  သိရ

HTC မှ နေပြီး ယခုအသစ်ဖွင့်လှစ်မည့် အရောင်းဆိုင်များတွင် လာရောက်ဝယ်ယူသူများကို လက်ဆောင် ပစ္စည်းများပေးအပ်သွားမှာ ဖြစ်တယ်လို့  သိရပါတယ်။
အသေးစိတ်သိရှိလိုပါက HTC Myanmar မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

မူးယစ်ဆေးဝါး သန်း ၇၀၀ ဖိုးခန့် ဖမ်းမိ

Photo: မူးယစ်ဆေးဝါး သန်း ၇၀၀ ဖိုးခန့် ဖမ်းမိ

Tuesday, 15 January 2013

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့က လိုဏ်ဂူတခုမှာ မူးယစ်ဆေး သန်း ၇၀၀ ဖိုးလောက် ဖမ်းမိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီ လိုဏ်ဂူက စင်းတောင်းကျေးရွာ အုပ်စု၊ ထီတလိရွာနားမှာ တည်ရှိတယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးသတင်းရရှိတဲ့ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ စနေနေ့မနက်မှာ လိုဏ်ဂူထဲ ၀င်စစ်တော့
- ဆာလာအိတ် ( ၆၃) အိတ်နဲ့ ထည့်ထားတဲ့ ဘိန်းစိမ်း ၉၁၂ ကီလို၊ ဘိန်းညို ၁၄ ဒသမ ၂ ကီလို၊
- အမိုနီယမ်ကလိုရိုက် ၅ ဒသမ ၅ ကီလို၊
- ဘိန်းချက်ရမှာသုံးတဲ့ ပစ္စည်းများ
စတာတွေကို ဖမ်းမိတယ် လို့ ဆိုပါတယ်။
ဒီပစ္စည်းတွေရဲ့ စုစုပေါင်း တန်ဖိုးက ကျပ် ၇၃၄,၉၁၀,၀၀၀ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းပါတယ်။

ဒီပစ္စည်းများနဲ့အတူ ဖမ်းမိတာကတော့
ကိုမျိုးဇော်ထိုက် (၂၄) နှစ်(ဘ) ဦးသိန်းမောင်၊
ကိုအောင်ထိုက် (၂၂) နှစ် (ဘ) ဦးမောင်တီး၊
ကိုထွန်းလှ (၂၀) နှစ်၊ (ဘ) ဦးဟွန်း တို့ ဖြစ်ကြောင်း၊ သူတို့ကို အမှုဖွင့်အရေးယူထားကြောင်း ပင်လောင်းရဲစခန်းက ပြောပါတယ်။

(ဧရာဝတီမြန်မာဆိုက်)
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့က လိုဏ်ဂူတခုမှာ မူးယစ်ဆေး သန်း ၇၀၀ ဖိုးလောက် ဖမ်းမိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီ လိုဏ်ဂူက စင်းတောင်းကျေးရွာ အုပ်စု၊ ထီတလိရွာနားမှာ တည်ရှိ တယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးသတင်းရရှိတဲ့ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ စနေနေ့မနက်မှာ လိုဏ်ဂူထဲ ၀င်စစ်တော့
- ဆာလာအိတ် ( ၆၃) အိတ်နဲ့ ထည့်ထားတဲ့ ဘိန်းစိမ်း ၉၁၂ ကီလို၊

"နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ"

Photo: "နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ
ဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ"

Tuesday, 15 January 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ(၂)နာရီခွဲတွင်
နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထဲရေးဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ နိုင်ငံခြားရေးဝန်ကြီး
ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဒေါက်တာဖေသက်ခင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်
ကြပြီး ဧည့်သည်တော် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ အဆိုပါ ကော်မတီ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr. Georges Paelisanu နှင့် တာဝန်ရှိသူ
များလည်း တက်ရောက်သည်။

(နိုင်ငံတော် သမ္မတရုံး)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးသိန်းစိန် သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အားယနေ့မွန်း လွဲ(၂)နာရီခွဲတွင်နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံ တမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဗမာတွေကိုKIAကရက်ရက်စက်စက်သတ်နေပြီ

ဗမာတွေကိုKIAကရက်ရက်စက်စက်သတ်နေပြီ 

January 15, 2013

ဇန်န၀ါရီလ (၁၅) ရက်နေ့ နံနက် (၅း၀၀) နာရီခန့်တွင် KIAတပ်မဟာ(၂)တပ်ရင်း(၄ )သောင်း ကျန်းသူများက ကထန်ကျောက်စိမ်းမှော်ရှိ ဗမာနေအိမ်များအား လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ပြီး ရွာအတွင်းသို့ ၀င်ရောက်ကာ လက်နက် ငယ်များဖြင့် အရပ်သားများအား ပရမ်းပတာ ပစ်ခတ် ခဲ့ပါသည်။ ထိုသို့ပစ်ခတ်မှုကြောင့် ကိုမင်းကိုအောင်ဆိုသူ သေဆုံးပြီး၊ နှစ်ဦးဒဏ်ရာရရှိခဲ့ပါသည်။

 KIAသောင်းကျန်းသူများကထန်ကျောက်စိမ်းမှော် အနီးရှိ မြန်မာ့မျိုးချစ်တပ်မတော်တပ်စခန်း အားတိုက်ခိုက် ရမည့်အစား အပြစ်မဲ့ကျောက်စိမ်းတူးဗမာ ပြည်သူများနေထိုင်ရာ ကထန်ရွာအား ပစ်မှတ်ထား တိုက်ခိုက် ခဲ့ခြင်းမှာ မေးခွန်းထုတ်စရာဖြစ်နေပါသည်။ “မနက် ၅ နာရီမှာ လက်နက်ကြီးသံ နှစ်ချက်ကြားတာနဲ့ အိမ် အောက်ဝင်ပုန်းဖို့ကြိုးစားတာဘဲ၊ ဒီသူတောင်းစားတွေက ရွာထဲမှာ ဘယ်အချိန်ကတည်းက ရောက်နေ မှန်းတောင်မသိဘူး၊ ကြောက်ပြီး ပြေးတဲ့သူကပြေး၊ ကတုတ်ကျင်းထဲဝင်သူက၀င်တာဘဲ၊ KIAက ပြေးတဲ့ သူအကုန် ဗမာပဲဆိုပြီး လိုက်ပစ်တာဘဲ။ အိမ်ထဲလည်း ၀င်ပြီး ကျော်စိမ်းတုံးတွေ၊ ပိုက်ဆံတွေ၊ ရွှေငွေလက်ဝတ်ရတနာတွေ၊ ဖုန်းတွေ လိုချင်တာတွေအားလုံး ရိုက်ဖွင့်ပြီး၊ ယူသွားတာဘဲ။ ဘာမှမတတ်နိုင်ဘူး။ဒါနဲ့ ရွာရှေ့ က ဒေါ်ကြီးပု သမီး၅တန်းကျောင်းသူကလေးကိုလည်းဒီကောင်တွေထဲက၃ယောက်မုဒိန်း ကျင့်သွား သေး တယ် ၊ကလေးမလေးလဲအင်္ဂါပြဲပြီးသွေးတွေအရမ်းဆင်းနေတော့ချက်ချင်းပဲဆေးရုံပို့ လိုက် ကြတယ်” ဟု ရွာသူကြီးဦးကိုကိုဂျီးက ပြောသည်။

(စင်္ကာပူဖီး)
ဇန်န၀ါရီလ (၁၅) ရက်နေ့ နံနက် (၅း၀၀) နာရီခန့်တွင် KIA တပ်မဟာ (၂)တပ်ရင်း(၄ )သောင်း ကျန်းသူများက ကထန်ကျောက်စိမ်းမှော်ရှိ ဗမာနေအိမ်များအား လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ပြီး ရွာအတွင်းသို့ ၀င်ရောက်ကာ လက်နက်ငယ်များဖြင့် အရပ်သားများအား ပရမ်းပတာ ပစ်ခတ်ခဲ့ပါသည်။ ထိုသို့ပစ်ခတ်မှုကြောင့် ကိုမင်းကိုအောင်ဆိုသူ သေ ဆုံးပြီး၊ နှစ်ဦးဒဏ်ရာရရှိခဲ့ပါသည်။

ကချင်မြေရောက် ရှမ်းတစ်ယောက်


စိုင်းနောင်၊ ဇန်နဝါရီ ၁၅။
ကျွန်တော်နာမည် စိုင်းနောင်ပါ. ကချင်ပြည်နယ်မှာ မွေး. ကချင်ပြည်နယ်မှာ ကြီးပြင်းခဲ့ရတဲ့ ရှမ်းတစ်ယောက်ပါ။ ကျွန်တော်တို့ ရွာပတ်ဝန်းကျင်မှာလည်း ရှမ်းရွာတွေနဲ့ ရှမ်းလူမျိုးတွေ အများစု နေထိုင်ကြပြီး ကချင်လူမျိုးတွေက လူနည်းစုပါ။ ကချင်ပြည်နယ်မှာ ငယ်ငယ်လေးကတည်းက အတူနေလာတော့ ကချင်ရယ် ရှမ်းရယ်ဆိုပြီး ခွဲခွဲခြားခြားမရှိပဲ အေးအတူပူအမျှ အတူနေလာခဲ့ကြတာ.. ဟိုး .ကျွန်တော်တို့ အဖေတို့ အမေတို့ ငယ်ငယ်ကတည်းကပါ။ ကျွန်တော် မှတ်မိရသလောက်ဆိုရင်

ဦူးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ၏ တရားပွဲ ပြန်လည်ကျင်းပခွင့်ရ

Photo: ဦူးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ၏ တရားပွဲ ပြန်လည်ကျင်းပခွင့်ရ

Tuesday, 15 January 2013

မြန်မာနိုင်ငံတွင် တရားပွဲ ဟောပြောခွင့် ပိတ်ပင်ခြင်းခံထားရသည့် ဘဒ္ဒန္တဦူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)၏ တရားပွဲများ ပြန်လည်ကျင်းပခွင့်ရရှိပြီဖြစ်ကြောင်းသိရသည်။

ပထမဆုံးတရားပြန်လည် ဟောပြောခွင့်ရရှိသည့် တရားပွဲအဖြစ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ၀ိနယ
ဓမ္မစာဖြေ စာပြန်ပွဲတော်ကြီး ဓမ္မသဘင်ကို ဇန်န၀ါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီလ ၉ ရက်ထိ ၁၂ ည တိုင်တိုင် ဆင်ယင်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ တရားပွဲကို
(၂၉.၁.၂၀၁၃) မှ (၃၁.၁.၂၀၁၃) ထိ (၃)ညတိုင်တိုင် ပုသိမ်မြို့
နိဂြောဓာလမ်း၊ မောင်းထောင်ကျောင်း ပရိယတ္တိစာသင်တိုက်
ဓမ္မသဘင်တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး (၂၉.၁.၂၀၁၃)တွင် ကံလှကျောင်းတိုက်၌ ဟင်္သာတခရိုင်မှ မဇ္ဇိမ ကြယ်စင်အဖွဲ
့နှင့် လူမှုရေးအဖွဲ့ များ၊ မအူပင်ခရိုင် နာရေးကူညီမှုအသင်းနှင့်
လူမှုရေးအဖွဲ့ များ၊ ပုသိမ်ခရိုင် မြင့်မြတ်အလင်းအဖွဲ့ နှင့် လူမှုရေးအဖွဲ
့များ၊ ဖျာပုံ ခရိုင်တရားအလှူတော်အဖွဲ့ နှင့် လူမှုရေးအဖွဲ့ များက
သြ၀ါဒခံယူကာ တိုင်းအတွင်း တရားပွဲပင့်ဆောင် လျှောက်ထားပွဲများ
ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Popular Myanmar News Journal

မြန်မာနိုင်ငံတွင် တရားပွဲ ဟောပြောခွင့် ပိတ်ပင်ခြင်းခံထားရသည့် ဘဒ္ဒန္တဦူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)၏ တရားပွဲများ ပြန် လည် ကျင်းပခွင့်ရရှိပြီဖြစ်ကြောင်းသိရသည်။
ပထမဆုံးတရားပြန်လည် ဟောပြောခွင့်ရရှိသည့် တရားပွဲအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ၀ိနယ
ဓမ္မစာဖြေ စာပြန်ပွဲတော်ကြီး ဓမ္မသဘင်ကို ဇန်န၀ါရီလ ၂၉

အမျိုးသမီးဝန်ကြီး ၃ဝ ရာခိုင်နှုန်းရရေး ရခိုင်အမတ် လွှတ်တော်တွင် အဆိုတင်မည်

A joint session of the Burmese Parliament in Naypyitaw, the capital. Photo: Mizzima
အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး စုစုပေါင်း၏ ၃ဝ ရာခိုင်နှုန်းသည် အမျိုးသမီးဖြစ်စေရေးအတွက် လွှတ်တော်တွင် အဆိုတင်သွင်း၍ ကြိုးပမ်းမည်ဟု ရခိုင်လူမျိုးအောက်လွှတ်တော် အမတ် ဒေါ် ခင်စောဝေက မဇ္ဈိမကိုပြောသည်။




''အမျိုးသမီးတွေဟာ အခုရှိနေတာထက် ပိုပြီး လုပ်နိုင်ကြပါတယ်၊ ဒီထက် ပိုပြီးတော့ အရည်အချင်းတွေ ရှိနေပါတယ်။ ဒါပေမယ့် ရောက်နေတဲ့နေရာတွေ မကောင်းတဲ့အတွက် ပြသခွင့်မရကြတာပါ၊ အမျိုး သမီးတွေရဲ့ လုပ်ပိုင်ခွင့်ကို ဒီထက်တိုးမြှင့်ဖို့လိုပါတယ်''ဟု ဒေါ်ခင်စောဝေကဆိုသည်။

နဘားဘူတာအနီး ဆော်မော်တံတားအား ကေအိုင်အေမှမိုင်းခွဲ

နဘားဘူတာအနီး ဆော်မော်တံတားအား ကေအိုင်အေမှမိုင်းခွဲ

ဇန်န၀ါရီလ ၁၅ရက်
 အင်းတော်မြို့နယ် နဘားဘူတာအနီး ဆော်မော်ချောင်း မီးရထားလမ်းတံတားအား ကေအိုင်အေမှ ည ၈နာရီ၁၀မိနစ်က မိုင်းခွဲခဲ့ ပါသည်။ ၂လမ်းသွားမီးရထားလမ်း တံတားဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် တံတားရေ လည်တိုင်မှာ ကျိုးပဲ့ပျက်စီးခဲ့ကာ မီးရထားသံလမ်းလည်း ကွေးကောက်၍ ဇလီဖားတုံး ၅၀လောက် ပျက်စီးခဲ့ သည်ဟု သိရှိရပါသည်။ မြစ်ကြီးနား မှမန္တလေးတို့ စုန်ဆင်းလာသော ၃၈ အစုန် အိပ်စင်ရထား နဘား ဘူတာနားမရောက်ခင်မှာဖြစ်တဲ့အတွက်ကြောင့် ရထားထိခိုက်မှုမရှိခဲ့ပေမယ် ရထားကို နဘားဘူတာတွင် ရပ်နားထားရပါသည်။ အခုချိန်မှ တံတားကို တာဝန်ရှိသူတွေသွားရောက်ပြင်ဆင်နေသည်ဟု သိရှိရသည်။
 မီးရထားလမ်းတံတားကို ကေအိုင်အေမှ ဖျက်ဆီးခဲ့သောကြောင့် ကုန်စီးဆင်းမှု နှောင့်နှေးသလို ခရီးသည်များလည်း အခက်အခဲတွေနဲ့ကြုံတွေ့နေရပါသည်။ မီးရထားရောက်ချိန်ထက်စောပြီး မိုင်းခွဲခဲ့တာပဲ ကံကောင်း တယ်လို့ ပြောရမှာပဲ မီးရထားသာ တံတားပေါ်ရောက်နေချိန် မိုင်းခွဲမယ်ဆိုရင် ခရီးသည်တွေလည်း ထိခိုက်သေဆုံးမှုတွေရှိနိုင်သည်ဟု နဘားဘူတာမှ မီးရထားဝန်ထမ်းတစ်ဦးက ပြောဆိုခဲ့သည်။ ကေအိုင်အေမှ ဒီလအတွင်း ရထားလမ်းမိုင်းခွဲမှုမှာ ၄ကြိမ်ရှိနေပြီး ခရီးသည် ၁၀ဦး ကျော်ထိခိုက်ဒဏ်ရမှုတွေရှိနေသည် ဟုသိရှိ ရသည်။

အင်းတော်မြို့နယ် နဘားဘူတာအနီး ဆော်မော်ချောင်း မီးရထား လမ်း တံတားအား ကေအိုင်အေမှ ည ၈နာရီ၁၀မိနစ်က မိုင်းခွဲခဲ့ပါသည်။ ၂လမ်းသွားမီးရထားလမ်း တံတားဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် တံတားရေလည်တိုင်မှာ ကျိုးပဲ့ပျက်စီးခဲ့ကာ မီးရထားသံလမ်း လည်း ကွေးကောက်၍ ဇလီဖားတုံး ၅၀လောက် ပျက်စီးခဲ့သည်ဟု သိရှိရပါသည်။ မြစ်ကြီးနား မှမန္တလေး

လေသန့်ဆေးဗူး ( Air Fresher ) များ မသုံးသင့်

Photo: လေသန့်ဆေးဗူး ( Air Fresher ) များ မသုံးသင့်

Tuesday, 15 January 2013

Phthalates လို့ခေါ်တဲ့ ဓာတု အဆိပ်တစ်မျိုးက လေသန့်ဆေးဗူး ( Air Fresher) တော်တော်များများမှာ ပါဝင်ပါတယ်။ ယင်း ဓာတ်ဟာ ကျန်းမာရေး အတွက် ဆိုးကျိုးရလဒ်များကို ဖြစ်ပေါ်စေတယ်လို့ လေ့လာ တွေ့ရှိပြီးနောက် နိုင်ငံကြီးများမှာ တားမြစ်ပိတ်ပင်လာကြောင်း သိရပါတယ်။

Air Fresher ဗူးထုတ်လုပ်ရာမှာ ယင်း Phthalates လို့ခေါ်တဲ့ ဓာတ်တစ်မျိုးကို မပါဝင်စေဖို့ ဖြစ်ပါတယ်။ သို့ပေမယ့် အများစုဟာ ပါဝင်နေဆဲ ဖြစ်ပါတယ်။

ဆိုးကျိုးများ

မွေးကင်းစကလေးနဲ့ ကလေးငယ်များ ရှိတဲ့ အိမ်များမှာ လုံးဝ အသုံးမပြု သင့်ပါဘူးလို့ ဆိုထားပါတယ်။ ပြီးတော့ ယင်းဆေးဟာ အမျိုးသမီး ဖြစ်ဖြစ်၊ အမျိုးသား ဖြစ်ဖြစ် ရှူရှိုက်မိရင် မျိုးပွားနိုင်မယ့် ဟိုမုန်းတွေကို သေစေ
ပါတယ်။ ပြီးတော့ ယင်းအနံ့ကို နေ့စဉ် ရှူရှိုက်နေရမှုဟာ အမှိုက်ပုံဟောင်း တစ်နေရာက အနံ့ကို ရှူရှိုက်လို့ရတဲ့ ရောဂါပမာဏနဲ့ မတိမ်းမယိမ်းပဲလို့ ဆိုပါတယ်

ဒါကြောင့် အမေရိကန်မှာ ၂၀၀၉ ခုနှစ်ကစလို့ လေသန့်ဆေဗူးတိုင်းမှာ Phthalate ဓာတ်များ ဖယ်ထုတ်စေပြီး အခြားသော ဖွံ့ဖြိုးဆဲ နိုင်ငံများ
မှာတော့ ဓာတုအဆိပ်ကြွယ်ဝတဲ့ Air Fresher ဗူးများ အသုံးပြုနေဆဲ
ဖြစ်ကြောင်း သိရပါတယ်။

medic-facts
Phthalates လို့ခေါ်တဲ့ ဓာတု အဆိပ်တစ်မျိုးက လေသန့်ဆေးဗူး ( Air Fresher) တော်တော်များများမှာ ပါဝင်ပါတယ်။ ယင်းဓာတ်ဟာ ကျန်းမာရေးအတွက် ဆိုးကျိုးရလဒ်များကို ဖြစ်ပေါ်စေတယ်လို့ လေ့ လာ တွေ့ရှိပြီးနောက် နိုင်ငံကြီးများမှာ တားမြစ်ပိတ်ပင်လာကြောင်း သိရပါတယ်။ Air Fresher ဗူးထုတ်လုပ်ရာမှာ ယင်း Phthalates လို့ခေါ်တဲ့ဓာတ်တစ်မျိုးကို မပါဝင်စေဖို့ ဖြစ်ပါတယ်။ သို့ပေမယ့်အများ စုဟာပါဝင်နေဆဲ ဖြစ်ပါတယ်။

ဂျပန် တိုက်လေယာဉ် များကို တုံ့ပြန်ရန် အတွက် တရုတ် နိုင်ငံက အရှေ့တရုတ် ပင်လယ်သို့ တိုက်လေယာဉ် များ စေလွှတ်ခဲ့ခြင်း

ဂျပန် တိုက်လေယာဉ် များကို တုံ့ပြန်ရန် အတွက် တရုတ် နိုင်ငံက အရှေ့တရုတ် ပင်လယ်သို့ တိုက်လေယာဉ် များ စေလွှတ်ခဲ့ခြင်း

တရုတ် အမျိုးသား ကာကွယ်ရေး ဝန်ကြီး ဌာနသည် အရှေ့တရုတ် ပင်လယ်၏ အနောက်တောင်ပိုင်း လေပိုင်နက်တွင် ပုံမှန် ကင်းလှည့်မှုများ ပြုလုပ်နေသော တရုတ်နိုင်ငံ၏ Y-8 တိုက်လေယာဉ်အား ဂျပန် နိုင်ငံ၏ F-15 တိုက်လေယာဉ် ၂ စင်းက နီးကပ်စွာ နောက်ယောင်ခံ လိုက်ခဲ့ပြီးနောက် ထိုကဲ့သို့ နှောင့်ယှက်မှု နှင့် ပတ်သက်၍ ပြစ်တင် ရှုတ်ချခဲ့ကြောင်း Xinhua သတင်း တစ်ရပ်အရ သိရှိရပါသည်။

ဂျပန် နိုင်ငံက ထိုကဲ့သို့ နှောင့်ယှက် ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံက အရှေ့တရုတ် ပင်လယ်သို့ J-10 တိုက်လေယာဉ် ၂ စင်း အား စေလွှတ်ခဲ့ကြောင်း တရုတ်အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနရှိ တာဝန်ရှိ သူတစ်ဦးက အတည်ပြု ပြောကြားခဲ့ပါသည်။ ၎င်း Y-8 တိုက်လေယာဉ်သည် အရှေ့တရုတ် ပင်လယ်၏ အနောက်တောင်ပိုင်း ရေပိုင် နက်တွင် ဇန်နဝါရီလ ၁ဝ ရက်နေ့က ကင်းလှည့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Y-8 တိုက်လေယာဉ် အား နောက်ယောင်ခံ လိုက်နေသော ဂျပန် တိုက်လေယာဉ်များ အပြင် ၎င်းလေပိုင်နက် အတွင်းရှိ အခြား ဂျပန် ကင်းထောက် လေယာဉ်များကိုပါ စောင့်ကြည့်ရန် အတွက် J-10 တိုက်လေယာဉ် ၂ စင်းကို စေလွှတ်ခဲ့ ကြောင်းနှင့် ဂျပန်တိုက်လေယာဉ်များ အနေဖြင့် တရုတ်တိုက်လေယာဉ်အား နီးကပ်စွာ ကင်းထောက်လှမ်းမှု များ တိုးမြှင့် လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ တရုတ်စစ်ဘက် အနေဖြင့် ၎င်း၏တရားဝင် အခွင့်အရေး များကို ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း၊ တရုတ်လေတပ်၏ လုံခြုံရေးကို ပြတ်ပြတ်သားသား ကာကွယ်ပေးမည် ဖြစ်ပြီး အမြင့်ဆုံး တပ်လှန့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ပိုမိုထိရောက်သော အစီအမံများ ချမှတ်ခြင်းဖြင့် လုံခြုံရေး အငြင်းပွားမှုကို တားဆီးသွားမည် ဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံ အနေဖြင့် နိုင်ငံတကာ ဥပဒေများကို လေးစား လိုက်နာရန် လိုကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

http://www.myawady.net.mm/allnews/global/item/4362-2013-01-14-13-25-40

အေးချမ်းမွန်မှ မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia


တရုတ်အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနသည် အရှေ့တရုတ် ပင်လယ်၏ အနောက်တောင်ပိုင်း လေပိုင်နက်တွင် ပုံမှန်ကင်းလှည့် မှုများ ပြုလုပ်နေသော တရုတ်နိုင်ငံ၏ Y-8 တိုက်လေယာဉ်အား ဂျပန် နိုင်ငံ၏ F-15 တိုက်လေယာဉ် ၂ စင်းက နီးကပ် စွာ နောက်ယောင်ခံလိုက်ခဲ့ပြီးနောက် ထိုကဲ့သို့ နှောင့်ယှက်မှု နှင့်ပတ်သက်၍ ပြစ်တင်ရှုတ်ချခဲ့ကြောင်း Xinhua သတင်းတစ်ရပ်အရသိရှိရပါသည်။

အင်တာနက် ဆက်ကြောင်းသစ်အတွက် ဒေါ်လာသန်း ၄၀ ခန့် တရုတ်ကုမ္ပဏီ ရင်းနှီးမြှုပ်နှံ

မြန်မာ့ စီးပွားရေး သတင်းများ  ဇန်နဝါရီ ၁၅၊ ၂၀၁၃

အင်တာနက် ဆက်ကြောင်းသစ်အတွက် ဒေါ်လာသန်း ၄၀ ခန့် တရုတ်ကုမ္ပဏီ ရင်းနှီးမြှုပ်နှံ 

ဆက်သွယ်ရေးမှ နိုင်ငံတကာသို့ ထွက်ပေါက်တခု ပိုရလာစေရန်အတွက် SE-ME-WE-5 အင်တာနက် ဆက်ကြောင်းတခု တည်ဆောက်မှုတွင် တရုတ်နိုင်ငံ ကုမ္ပဏီတခုမှ အမေရိကန် ဒေါ်လာ သန်း ၄၀ ခန့် ဝင်ရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

“SE-ME-WE-5 အင်တာနက် ဆက်ကြောင်း တည်ဆောက်မှုမှာ တရုတ်နိုင်ငံ အခြေစိုက် China Unicon ကုမ္ပဏီက ဝင်ရောက်လုပ်ကိုင်မှာ ဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီက ကေဘယ်လ်တွေနဲ့ စက်ပစ္စည်းတွေအတွက် အမေရိကန်ဒေါ်လာ ၃၅ သန်းမှ သန်း ၄၀ ကြား ရင်းနှီးမြှုပ်နှံမှာပါ” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်း က ပြောသည်။

ယင်းအတွက် သဘောတူစာချုပ်ကို ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် China Unicon ကုမ္ပဏီတို့က ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ်အတွင်းက ချုပ်ဆိုခဲ့ပြီး ဖြစ်သည်။

“အင်တာနက် ဆက်ကြောင်း တည်ဆောက်ရာမှာ ကုန်းတွင်းပိုင်း ဖိုင်ဘာလိုင်းတွေကို မူဆယ်ကနေ-ငွေဆောင်အထိ အရင်တည်ဆောက်မှာပါ။ ပြီးမှ ပင်လယ်ထဲကို ဆင်းမှာပါ။ ပင်လယ်ထဲကမှ နိုင်ငံတကာနဲ့ ချိတ်ဆက်သုံးမှာပါ။ ဆက်ကြောင်း တည်ဆောက်မှုတွေ ပြီးစီးရင် အဲဒီ ကေဘယ်လ်လိုင်းကို တယောက်တဝက်စီ ပိုင်ဆိုင် အသုံးပြုသွားမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းဌေး က ဆက်လက်ပြောကြားသည်။

လက်ရှိအသုံးပြုနေသည့် SE-ME-WE-3 အင်တာနက် ဆက်ကြောင်းကို အသုံးပြုခဲ့သည်မှာ သက်တမ်း ကြာမြင့်နေပြီ ဖြစ်သဖြင့် အင်တာနက် ဆွဲအားကောင်းမွန်စေရန် ဆက်ကြောင်းသစ်ကို တည်ဆောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“SE-ME-WE-5 ဆက်ကြောင်းသစ် တည်ဆောက်ပြီးရင် မြန်မာနိုင်ငံအနေနဲ့ ပင်လယ်ကနေ နိုင်ငံတကာကို ဆက်သွယ်နိုင်မှာ ဖြစ်သလို တရုတ်ကနေ နိုင်ငံတကာကို ဆက်သွယ်နိုင်မှာဖြစ်လို့ ဆက်ကြောင်း နှစ်ခု အသုံးပြုပြီးနိုင်ငံတကာကို ထွက်တဲ့ ထွက်ပေါက်တခု ပိုရလာမှာ ဖြစ်ပါတယ်” ဟု ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိ ဦးသန်းအောင် က ပြောကြားသည်။ 




ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်များရှိ လက်လုပ်လက်စား အများစုသည် တန်ဖိုးနည်းထမင်းဆိုင်များကိုသာ အဓိကထား စားသောက်နေရပြီး၊ ထမင်းဆိုင်များမှလည်း အဆင်ပြေအောင် ကျပ် (၅၀)၊ (၁၀၀) ဖိုးအထိ ရောင်းပေးရကြောင်း သိရ

ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးမြို့နယ်များတွင် နေထိုင်သော လက်လုပ်လက်စား အများစုသည် တန်ဖိုးနည်း ထမင်းဆိုင်များကိုသာ အဓိကထား စားသောက်နေရပြီး ထမင်းဆိုင်များမှလည်း အဆင်ပြေအောင် (၅၀)၊ (၁၀၀) ဖိုးခန့် အထိ ရောင်းပေးရကြောင်း သိရသည်။
ပန်းရံနေ့စားသမားများ၊ ခေါင်းရွက်ဗျက်ထိုး ဈေးသည်များ၊ စက်ရုံးအလုပ်သမားများတို့သည် ၀င်ငွေပေါ်မူတည်၍ ခွဲဝေသုံးစွဲနေရပြီး ချက်ပြုတ်စားသောက်ခြင်းထက် ၀ယ်ယူစားသောက်ခြင်းက ၄င်းတို့အတွက် ပိုမိုအဆင်ပြေကြောင်း ငွေ ၂၀၀ မှ ၃၀၀ ခန့်ရှိလျှင် တစ်နပ်စာအတွက် လုံလောက်ကြောင်း ဆင်ခြေဖုံးရပ်ကွက်နေ ပြည်သူများထံမှ သိရှိရသည်။
"ကျွန်တော်က ပန်းရံလုပ်ပါတယ်။ နေ့စားဆိုတော့ ၃၀၀၀ လောက်ရတယ် နေ့ပြန်တိုးပေးရ ဟိုအကြွေး ဒီအကြွေးပေးရနဲ့ နောက်ဆုံး ထမင်းမချက်နိုင်ဘူး။ အိမ်ပြန်ရောက်တဲ့ အချိန်က ခုနှစ်နာရီလောက်ရှိတော့ ချက်ရင်လည်း ဆာလို့ မစောင့်နိုင်ဘူး။ ဆိုင်မှာက ထမင်းတစ်ရာဖိုး၊ ဟင်းတစ်ရာဖိုးဗျာ လိုက်ပွဲကငါးဆယ် တစ်ကိုယ်ရေဆို လောက်တယ်။ မိန်းမနဲ့ကလေးပါလာရင် တစ်ထောင်လောက် ကုန်တယ်" ဟု မြောက်ဥက္ကလာပတွင် နေထိုင်သော အသက်သုံးဆယ်ခန့်ရှိ ကိုညိုလုံးက ပြောသည်။
မနက်တွင် အပေါင်ဆိုင်များ၊ ပိုက်ဆံချေးသူများက မိမိတို့ကျေးဇူးရှင်များ ဖြစ်ကြောင်း၊ ထိုမှရသည့်ငွေများကို ဈေးရင်းဖို့နှင့် မနက်ပိုင်းဝမ်းစာအတွက် ဖြေရှင်းရကြောင်း လှိုင်သာယာမြို့နယ်တွင် နေထိုင်သော ဈေးသည်တစ်ဦးကလည်း ပြောပြခဲ့သည်။
လှိုင်သာယာမြို့နယ်အတွင်းရှိ ထမင်းဆိုင်ရှင် တစ်ဦးကလည်း "ဒီမှာတော့ အနည်းဆုံး ၃၀၀ ဖိုးရောင်းတယ်၊ ဒါပေမဲ့ ၅၀၊ ၁၀၀ ဖိုးကိုပဲ လာဝယ်စားကြတာ များတယ်၊ တစ်နေ့ကို လူလေးဆယ်ငါးဆယ်လောက် စားတာဆိုတော့ သူတို့ဝယ်တဲ့ဈေးကို ရောင်းရတာပေါ့၊ မရောင်းရင်လည်း ၀ယ်စားမယ့်သူတောင် ရှိမှာမဟုတ်ဘူး၊ လက်ဖက်သုပ် နှစ်ရာဖိုးဝယ်တယ်။ နောက်ထပ်တစ်ရာဖိုး ပေးပါဆိုလည်း ရောင်းပေးရတယ်။ တစ်ခါတစ်လေဆို ထမင်းစာပြီးမှ အကြွေးဆိုပြီး မှတ်ခိုင်းတယ်။ စားပြီးမှတော့ ဘာပြောလို့ရမှာလဲ၊ ဆာနေတဲ့သူတွေဆိုတော့လည်း မပြောချင်တော့ဘူး" ဟု ပြောပြခဲ့သည်။




မြန်မာစာစနစ် ပါဝင်သည့် HTC မိုဘိုင်းဖုန်းများအား ပြည်တွင်း၌ တရားဝင် စတင်ဖြန့်ချိ

မြန်မာစာစနစ် ပါဝင်သည့် HTC မိုဘိုင်းဖုန်းများအား ပြည်တွင်း၌ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့၌ တရားဝင် စတင်ဖြန့်ချိရန်အတွက် HTC Coporation နှင့် ပြည်တွင်းရှိ KMD Computer Group တို့ သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း ထိုသို့ HTC မိုဘိုင်းဖုန်းများအား တရားဝင်ဖြန့်ချိရာတွင် မြန်မာနိုင်ငံအတွက် အထူးသီးသန့် ဖန်တီးထားသည့် မြန်မာဘာသာသုံး Virtual Keyboard များဖြင့် ဒီဇိုင်းတီထွင်ထားသည့် စမတ်ဖုန်းများ ပါဝင်ပြီး  မြန်မာစာစနစ်တွင်လည်း ဇော်ဂျီ၊ စံမြန်မာနှင့် Myanmar 3 များ ပါဝင်ကြောင်း သိရှိရသည်။ 
"ကျွန်တော့်ရဲ့ ပြင်းပြတဲ့ဆန္ဒက မြန်မာဘာသာကို အပြည့်အ၀ အသုံးပြုနိုင်မယ့် Smart Phone တွေကို ဆန်းသစ်တီထွင်မှု ပြုလုပ်ပေးချင်တာပါ။ ဒါမှသာ မြန်မာလူမျိုးတွေ ဆက်သွယ်မှုအပိုင်းမှာ ပိုပြီးအဆင်ပြေပြေ လွယ်လွယ်ကူကူ ဆက်သွယ်လာနိုင်ကြမှာပါ" ဟု HTC ၏ CEO ဖြစ်သူ ဦးဝင်းသန်း (ခေါ်) Mr Peter Chou က ပြောကြားခဲ့သည်။
"ကျွန်မတို့အနေနဲ့ HTC Concept Store တွေမှာ ဖုန်းတွေကို ပြသရောင်းချတဲ့ ဆိုင်သက်သက်ပဲ မဟုတ်ပါဘူး။ HTC ရဲ့နောက်ဆုံးထွက်လာတဲ့ Innovative အဖြစ်ဆုံး နည်းပညာတွေကို ၀ယ်ယူစရာမလိုပဲ ကျောင်းသားကျောင်းသူတွေနဲ့ စိတ်ပါဝင်စားသူတွေကိုယ်တိုင် စမ်းသပ်နိုင်ဖို့ စီစဉ်ပေးထားတဲ့ နေရာတစ်ခုပါ။ နောက်ပြီး HTC စမတ်ဖုန်းတွေရဲ့ Feature တွေကို လေ့လာသင်ယူနိုင်ဖို့ user experience training တွေကိုလည်း အခမဲ့တက်ရောက်နိုင်အောင် စီစဉ်ပေးသွားမှာပါ။ အခြားမြို့ကြီးတွေမှာလည်း HTC Concept Store တွေ ထပ်ဖွင့်သွားမှာပါ" ဟု KMD Computer Group ၏ ဥက္ကဌဖြစ်သူ ဒေါ်တင်တင်အေးက ပြောကြားခဲ့သည်။  အဆိုပါ ပြည်တွင်းသို့ တရားဝင် စတင်ဖြန့်ချိမည့် HTC ၏ စမတ်ဖုန်းများတွင် နိုင်ငံတော်တော်များများ၌ မရနိုင်သေးသည့် HTC Butterfly စမတ်ဖုန်း အပါအ၀င် Desire C, Desire VC, Desire X, One X များ ပါဝင်ပြီး HTC Product warranty အနေဖြင့် ၁၈ လပေး သွားမည်ဖြစ်ကြောင်း သိရသည်။




စက်မှုဇုန်အချို့ မြေဈေးနှုန်းမှာ တစ်ကမ္ဘာလုံး၌ အမြင့်ဆုံး ဖြစ်နေသော်လည်း နိုင်ငံတော်မှ ထိန်းချုပ်မည်မဟုတ်ကြောင်း စီးပွား/စီမံ ဒုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံရှိ စက်မှုဇုန်အချို့၏ မြေဈေးနှုန်းများမှာ နိုင်ငံတကာ တွက်ချက်မှု ပုံစံနှင့် တွက်ချက်ပါက ကမ္ဘာတွင် အမြင့်ဆုံး ဖြစ်နေသော်လည်း နိုင်ငံတော် အနေဖြင့် ထိန်းချုပ်မည် မဟုတ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောကြားသည်။
အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က ဇန်န၀ါရီလ ၉ ရက်တွင် ကျင်းပသည့် သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ယင်းသို့ ထိန်းချုပ်မည် မဟုတ်သော်လည်း အထူးစီးပွားရေး ဇုန်များအတွင်းရှိ မြေဈေးနှုန်းများကိုမူ နိုင်ငံတကာ ဈေးများဖြင့် နှိုင်းယှဉ်ကာ ကိုက်ညီမှုရှိအောင် ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြား ခဲ့ပါသည်။
စက်မှုဇုန် မြေဈေးကို တကယ်ထိန်းချုပ်ချင်ရင် တကယ် လုပ်မယ့်သူတွေကိုပဲ လွယ်လွယ်ကူ ကူချထားပေးလိုက်ဖို့ပဲ လိုတယ်။ ဒါဆို ဈေးတက်စရာ အကြောင်းမရှိဘူး။ တကယ်လုပ်မယ့်သူ ကျတော့ မြေကွက်ရတဲ့ အခါမှာလည်း သုံးလအတွင်း အုတ်တံတိုင်း ခတ်ရမယ်၊ မခတ်ရင် ပြန်သိမ်းမယ်၊ တစ်နှစ်အတွင်း စက်ရုံဆောက်ရမယ်၊ မဆောက်ရင် ပြန်သိမ်းမယ်ဆိုပြီး လုပ်တယ်။ ရောင်းစားတဲ့ သူတွေကျတော့ ခြံလည်းမခတ်၊ စက်ရုံလည်း မဆောက်ဘဲ နှစ်ပေါင်းများစွာ ကိုင်ထားတာကျတော့ ဘာမှပြန်မသိမ်းဘူး...
၎င်းကပင် “Land Prices ကို နိုင်ငံတော်အနေနဲ့ ထိန်းချုပ်မှာ မဟုတ်ပါဘူး။ နိုင်ငံတကာမှာ စက်မှုဇုန်၊ အထူးစီးပွားရေး ဇုန်တွေက ၁ စတုရန်း မီတာကို နှစ် ၅၀ နဲ့ တွက်တယ်။ ကျွန်တော်တို့ဆီမှာ ၁ စတုရန်း မီတာကို Per Years နဲ့ တွက်တယ်။ ကျွန်တော်တို့ဆီက စက်မှုဇုန်တွေကို နိုင်ငံတကာလို ၁ စတုရန်း မီတာကို 50 Year နဲ့တွက်ရင် တစ်ကမ္ဘာလုံးထက် များနေပါတယ်။ ကျွန်တော်တို့လည်း နိုင်ငံတကာက ဈေးတွေနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်နိုင်ငံနဲ့ သင့်တော်တဲ့ နိုင်ငံက ဈေးကိုယူပြီး လုပ်သွားဖို့ ရှိတယ်။ မြေဈေး မြင့်တက်မှုကို ကျော်လွှားနိုင်အောင် ဆောင်ရွက်မယ်” ဟု ပြောကြားခဲ့သည်။
စက်မှုဇုန်များအတွင်း မြေဈေးများမှာ တစ်စတုရန်း မီတာလျှင် အမေရိကန်ဒေါ်လာ ၅၀ ကျသင့်နေပြီး ထိုင်း၊ ဗီယက်နမ်တို့ထက် များစွာ မြင့်တက်နေကြောင်း သိရှိရပါသည်။
အထူးစီးပွားရေး ဇုန်များအတွင်း၌မူ ထိုသို့ မြေဈေးနှုန်း မကြုံရစေရန် လုပ်ဆောင်မည် ဖြစ်ပြီး သီလ၀ါ အထူးစီးပွားရေးဇုန် အကောင်အထည် ဖော်မည့် Master Plan ကို ရေးဆွဲလျက်ရှိရာ ဇန်န၀ါရီ လကုန်တွင် ပြီးစီးမည် ဖြစ်သည်ဟု သိရှိရသည်။
စက်မှုဇုန်များတွင် မြေဈေး အမှန်တကယ် မြင့်တက်ရသည့် ပြဿနာမှာ အမှန်တကယ် စက်ရုံတည်ထောင် လုပ်ကိုင်မည့်သူများ မြေကွက် မရရှိဘဲ ရောင်းစားမည့်သူ၊ အမှန်တကယ် လုပ်ငန်းမတည်ထောင်ဘဲ ဈေးကစားသူများသာ မြေကွက် လွယ်လွယ်ကူကူ ရထားခြင်းကြောင့် ဖြစ်သည်ဟု ဆွေးနွေးပွဲ တက်ရောက်လာသည့် လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။
မြေဈေးနှုန်းအား နိုင်ငံတော်မှ မထိန်းချုပ်ဘဲ ထိန်းသိမ်းနိုင်မည့် နည်းလမ်းမှာ ရှိပြီးဖြစ်ကြောင်း၊ အမှန်တကယ် လုပ်ကိုင်သူများအား စက်မှုဇုန် မြေကွက်များ လွယ်ကူစွာ ချထားပေးခြင်း၊ စက်ရုံလွယ်ကူစွာ တည်ဆောက်ခွင့် ပေးခြင်းများ ပြုလုပ်ရန်သာ လိုကြောင်း လုပ်ငန်းရှင်များက သုံးသပ်သည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် International Business Promotion Centre မှ ဦးအေးသောင်းက “စက်မှုဇုန် မြေဈေးတွေ ကြီးတယ်ဆိုတာ တကယ်လုပ်မယ့်သူကို မြေကွက် မချပေးဘဲနဲ့ ရောင်းစားမယ့် သူတွေကို ချထားပေးလို့ ဈေးကြီးတာ။ စက်မှုဇုန် မြေဈေးကို တကယ်ထိန်းချုပ်ချင်ရင် တကယ် လုပ်မယ့်သူတွေကိုပဲ လွယ်လွယ်ကူ ကူချထားပေးလိုက်ဖို့ပဲ လိုတယ်။ ဒါဆို ဈေးတက်စရာ အကြောင်းမရှိဘူး။ တကယ်လုပ်မယ့်သူ ကျတော့ မြေကွက်ရတဲ့ အခါမှာလည်း သုံးလအတွင်း အုတ်တံတိုင်း ခတ်ရမယ်၊ မခတ်ရင် ပြန်သိမ်းမယ်၊ တစ်နှစ်အတွင်း စက်ရုံဆောက်ရမယ်၊ မဆောက်ရင် ပြန်သိမ်းမယ်ဆိုပြီး လုပ်တယ်။ ရောင်းစားတဲ့ သူတွေကျတော့ ခြံလည်းမခတ်၊ စက်ရုံလည်း မဆောက်ဘဲ နှစ်ပေါင်းများစွာ ကိုင်ထားတာကျတော့ ဘာမှပြန်မသိမ်းဘူး” ဟု ပြောကြားခဲ့သည်။



NLABR 
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language

ဆက်သွယ်ရေးမှ နိုင်ငံတကာသို့ ထွက်ပေါက်တခု ပိုရလာစေရန် အတွက် SE-ME-WE-5 အင်တာနက် ဆက်ကြောင်းတခုတည်ဆောက် မှုတွင် တရုတ်နိုင်ငံ ကုမ္ပဏီတခုမှ အမေရိကန် ဒေါ်လာသန်း ၄၀ ခန့် ဝင်ရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စင်ကာပူ သမ္မတ နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် LIEUTENANT GENERAL NEO KIAN HONG က ဂုဏ်ပြု ကြိုဆိုခြင်း အခမ်း အနား တက်ရောက်ပြီး တွေ့ဆုံ ဆွေးနွေး


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စင်ကာပူ သမ္မတ နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် LIEUTENANT GENERAL NEO KIAN HONG က ဂုဏ်ပြု ကြိုဆိုခြင်း အခမ်း အနား တက်ရောက်ပြီး တွေ့ဆုံ ဆွေးနွေး

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား စင်ကာပူ သမ္မတ နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် Lieutenant General Neo Kian Hongမှ ဂုဏ်ပြု ကြိုဆို ခြင်း အခမ်း အနားကို ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက် ပိုင်းတွင် စင်ကာပူ သမ္မတ နိုင်ငံ ကာကွယ်ရေး ၀န်ကြီး ဌာနတွင် ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂုဏ်ပြု ကြိုဆိုပွဲ အခမ်း အနားသို့ တက်ရောက်ရန် ကာကွယ်ရေး ၀န်ကြီး ဌာနသို့ ရောက်ရှိရာ စင်ကာပူ သမ္မတ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Lieutenant General Neo Kian Hong မှ ခရီးဦး ကြိုဆို နှုတ်ဆက်ပြီး အလေးပြုခံ စင်မြင့်သို့ သွားရောက် နေရာယူကာ ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြု ခြင်းကို ခံယူ ကြသည်။

ထိုအချိန်တွင် စင်ကာပူ သမ္မတ နိုင်ငံ စစ်တီးဝိုင်းမှ ဂုဏ်ပြု တီးမှုတ်သည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ စင်ကာပူ သမ္မတ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့သည် ဂုဏ်ပြု တပ်ဖွဲ့ကို စစ်ဆေးကြပြီး ဂုဏ်ပြု ကြိုဆိုပွဲ တက်ရောက် လာကြသူ များနှင့် အပြန်အလှန် မိတ်ဆက် ကြသည်။

အဆိုပါ ဂုဏ်ပြု ကြိုဆိုပွဲ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင် တပ်မတော် အရာရှိကြီးများ၊ စင်ကာပူ သမ္မတ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ စင်ကာပူ တပ်မတော်မှ တပ်မတော် အရာရှိ ကြီးများ တက်ရောက် ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင် များသည် ကာကွယ်ရေး ၀န်ကြီးဌာန ဧည့်ခန်းမ၌ စင်ကာပူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံပြီး ကမ္ဘာ့ ရေးရာနှင့် ဒေသတွင်း လုံခြုံရေး ဆိုင်ရာ အမြင်များ ဖလှယ်ခြင်း၊ နှစ်နိုင်ငံ တပ်မတော် ပူးပေါင်း ဆောင်ရွက်မှုနှင့် အခြေခံ အဆောက် အအုံများ ဖော်ဆောင်ရေး ကိစ္စရပ်များ၊ လေ့ကျင့်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ စစ်ရေ ယာဉ်များ အပြန်အလှန် စေလွှတ် လေ့လာရေး ကိစ္စရပ်များ၊ အာဆီယံ အစည်းအဝေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးကြပြီး အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် လဲလှယ် ကြသည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များအား Joint Staff Conference Room တွင် စင်ကာပူ တပ်မတော်မှ တာဝန်ရှိ သူများက စင်ကာပူ တပ်မတော် အား အဆင့်မြှင့် တင် ဆောင်ရွက်ခြင်းနှင့် ဒေသတွင်း လုံခြုံရေး တည်ဆောက်မှု အခြေအနေ များအား ရှင်းလင်း တင်ပြပြီး နှစ်ဖက် အမြင်ချင်း အပြန်အလှန် ဆွေးနွေး ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များအား Jiang Nan Chun, Four Seasons Hotel၌ စင်ကာပူ တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်က ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံ ခဲ့ကြောင်း သတင်း ရရှိသည်။

http://www.myawady.net.mm/allnews/headline/item/4382-2013-01-15-08-10-39
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စင်ကာပူသမ္မတ နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် LIEUTENANT GENERAL NEO KIAN HONG က ဂုဏ်ပြု ကြိုဆိုခြင်း အခမ်းအနားတက်ရောက်ပြီး တွေ့ဆုံဆွးနွေး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား

၈၈မျိုးဆက်ကျောင်းသားများ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ ရောက်ရှိ

၈၈  သတင်းများ   ဇန်နဝါရီ ၁၅၊ ၂၀၁၃

၈၈မျိုးဆက်ကျောင်းသားများ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ ရောက်ရှိ

၂ဝ၁၃ခုနှစ်၊ ဇန်န၀ါရီလ၊ ၁၄ ရက် နံနက် ၈း၃ဝ နာရီတွင် ရန်ကုန်လေဆိပ်မှ ထွက်ခွာလာခဲ့ကြသော ၈၈မျိုးဆက်ကျောင်းသား ၁၆ ဦးသည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာလေဆိပ်သို့ ဒေသစံတော်ချိန် ည ၇း ၁၀ နာရီတွင် ဆိုက်ရောက်ခဲ့ကြရာ Centrer Peace and Conflict Studies မှ တာဝန်ရှိသူများနှင့် ဖိလစ်ပိုင်နိုင်ငံတွင် ပညာတော်သင်ရောက်ရှိနေကြသော မြန်မာကျောင်းသားများက လေဆိပ်သို့ လာရောက်ကြိုဆိုခဲ့ကြသည်။ ၈၈မျိုးဆက်ကျောင်းသားများသည် မနီလာမြို့ရှိ ခေတ္တ တည်းခိုရာ The Richmonde Hotel သို့ ဒေသစံတော်ချိန် ၈း ၃၀ နာရီတွင် ရောက်ရှိခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် Centrer Peace and Conflict Studies ( ငြိမ်းချမ်းရေးနှင့် ပဋိပက္ခများ လေ့လာရေးစင်တာ CPCS ) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမိတ်ဆက်ခဲ့ကြသည်။ ၈၈မျိုးဆက်ကျောင်းသားများသည် မနက်ဖြန် ( ဇန်န၀ါရီလ၊ ၁၅ ရက်) နံနက်တွင် ဖိလစ်ပိုင်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် Lt. General Emmanuel T Bautista နှင့် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။ ထို့အပြင် ဖိလစ်ပိုင်နိုင်ငံ၏ ငြိမ်းချမ်းရေးဆောင်ရွက်မှု ပြုလုပ်နေကြသည့် လူမှုအဖွဲ့အစည်းများဖြစ်ကြသော BMFI , MILF , TAF စသည့် အဖွဲ့များနှင့်လည်း တွေ့ဆုံကြမည်ဖြစ်ပြီး၊ ဖိလစ်ပိုင်နိုင်ငံရှိ ဗြိတိသျှသံရုံးမှ သံအမတ်ကြီး Stephen Lille နှင့် ပထမအတွင်းဝန် Thomas Philpps တို့နှင့်လည်း တွေ့ဆုံကြမည်ဖြစ်သည်။ 

88 Generation Students


NLABR
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language

၂ဝ၁၃ခုနှစ်၊ ဇန်န၀ါရီလ၊ ၁၄ ရက် နံနက် ၈း၃ဝ နာရီတွင် ရန်ကုန်လေဆိပ်မှ ထွက်ခွာလာခဲ့ကြသော ၈၈မျိုးဆက်ကျောင်းသား ၁၆ ဦးသည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာလေဆိပ်သို့ ဒေသစံတော်ချိန် ည ၇း ၁၀ နာရီတွင် ဆိုက်ရောက်ခဲ့ကြရာ Centrer Peace and Conflict Studies မှ တာဝန်ရှိသူများနှင့် ဖိလစ်ပိုင်နိုင်ငံတွင် ပညာတော် သင်ရောက်ရှိနေကြသော မြန်မာကျောင်းသားများကလေဆိပ်သို့ လာရောက်ကြိုဆိုခဲ့ကြသည်။ ၈၈မျိုး

KIA အဖွဲ့က မိုင်းထောင်၊ ဖမ်းဆီး၊ ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိ

ဇန်နဝါရီ ၁ဝ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဆွမ်ပရာဘွမ် မြို့နယ်ရှိ ဇနန်တံတား အနီး မိုင်းနင်း မိ ပေါက် ကွဲ ခဲ့ရာ ဆိုင်ကယ် မောင်းနှင်သူ ပူတာအို မြို့နယ် ဖန်ခိုင်(၁) ကျေးရွာနေ ဦးခင်မောင်ဆန်းမှာ ယင်းနေရာ ၌ ပင် သေဆုံးသွားခဲ့ပြီး ဆိုင်ကယ်နောက်လိုက်ပါလာသူ မြစ်ကြီးနားမြို့နယ် နမ်ရှယ်ကော့ ကျေးရွာနေ ဦးမီးကော်ခင်မှာ ဘယ်ဘက်ပေါင်တွင် မိုင်းစထိမှန် ဒဏ်ရာရရှိ (မစိုးရိမ်ရ)ခဲ့သဖြင့် ဆွမ်ပရာဘွမ် ပြည် သူ့ ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည်။

Asus ၏ ၁၄၅ ဒေါ်လာတန် Tablet - Memo Pad

Asus ၏ ၁၄၅ ဒေါ်လာတန် Tablet - Memo Pad

၂၀၁၃ CES မှာ ဝင်ရောက်ပြသသွားတဲ့ Asus ရဲ့  ဈေးသက်သာ ကျောက်သင်ပုန်း ကွန်ပြူတာ ဖြစ်ပါတယ်။ 

Operating System

နောက်ဆုံးပေါ် Android Jell Bean ကို အသုံးပြုပါမယ်။ ဆက်လက်ပြီး တော့လည်း ဗားရှင်း အသစ်တွေ Upgrade ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ 

CPU

1GHz VIA WM8950 processor ကို အသုံးပြု ပါတယ်။ RAM ကတော့ 1GB ပဲ ရှိမှာ ဖြစ်ပါတယ်။ 

Display 

1024x600 resolution ဖြစ်တဲ့အတွက် Nexus 7 နဲ့ သပ်မကွာပါဘူး။ အရွယ်အစားက အစ ဖြစ်ပါတယ်။ Asus က အွန်လိုင်းမှာ Free ပေးတဲ့ 5GB လည်း ထပ်ရအုံးမှာ ဖြစ်ပါတယ်။ 

Storage

8GB နဲ့ 16GB ကြား ရွေးချယ်စရာ ရှိပါတယ်။ microSD ကဒ်လည်း ထည့်လို့ ရအုံးမှာ ဖြစ်ပြီး 32 GB အထိ တိုးချဲ့ နိုင်ပါတယ်။

Connectivity 

Wi-Fi, micro USB port, headphone jack စုံစုံလင်လင် ပါရှိပါတယ်။ 

ဈေးနှုန်း

အမေရိကန်ဒေါ်လာ ၁၄၅ ဒေါ်လာ ဆိုတော့ မြန်မာပြည်မှာ တစ်သိန်း သုံးသောင်းကျပ်ငွေ ဝန်းကျင်လောက်ပဲ ပေါက်ဈေးရှိမယ့် Tablet ဖြစ်ပါတယ်။ iPad, Nexus တို့လို Brand လောက်တော့ ဈေးမကြီးတာ အမှန်ပါပဲ။

Memo Pad ကိုလာမယ့် ဧပြီလကစလို့ စတင်ဖြန့်ချိမှာ ဖြစ်မယ်လို့ သိရပါတယ်။ 
--
Ref: pocketlint
Aung Kham (TSJ team)


http://blog.techspace.com.mm/2013/01/asus-tablet-memo-pad.html


၂၀၁၃ CES မှာ ဝင်ရောက်ပြသသွားတဲ့ Asus ရဲ့  ဈေးသက် သာ ကျောက်သင်ပုန်း ကွန်ပြူတာ ဖြစ်ပါတယ်။
Operating System
နောက်ဆုံးပေါ် Android Jell Bean ကို အသုံးပြုပါမယ်။ ဆက် လက်ပြီး တော့လည်းဗားရှင်းအသစ်တွေ Upgrade ပြု လုပ်နိုင်မှာ ဖြစ် ပါတယ်။
CPU

Monday, January 14, 2013

Wi Fi ပါသော Samsung WB250F ကင်မရာ

Wi Fi ပါသော Samsung WB250F ကင်မရာ

Wi Fi ပါတယ်ဆိုလို့ ဘာလုပ်လို့ရလဲ ဆိုတော့ အင်တာနက်မှာ Sharing လုပ်လို့ရမယ်၊ Wi-Fi ပါတဲ့ ကင်မရာချင်း၊ ကွန်ပြူတာ၊ စမတ်ဖုန်း၊ Tablet များနဲ့ အလွယ်တကူ ပုံ၊ ဗီဒီယို အကူးအပြောင်း လုပ်လို့ရမှာ ဖြစ်ပါတယ်။

၂၀၁၃ CES မှာ ပြသနေတဲ့ ကုန်ပစ္စည်းလည်း ဖြစ်ပါတယ်။ ကင်မရာရဲ့  ရုပ်ထွက် ကြည်လင်မှု Pixel resolution ကလည်း 14.2 megapixel ဝန်းကျင်မှာ ရှိပါတယ်။ BSI CMOS sensor လည်း ပါဝင်ပါသေးတယ်။ optical Zoom က ၁၈ ဆ ဆိုတော့ တော်တော်လေး ဆွဲနိုင်တယ်လို့ ဆိုရပါမယ်။ 24-430mm equivalent အထိကို zoom range ရှိပါတယ်။

Touch screen မျက်နှာပြင်ပါဝင်တဲ့ ဖုန်းပဲ ဖြစ်ပါတယ်။ Samsung ရဲ့  Touch ဆိုတော့ UI အပိုင်းကတော့ အပြစ်ပြောစရာ မရှိပါဘူး။ Samsung Galaxy Camera ကလို Android OS မပါပေမယ့် သူ့ ဒီဂျစ်တယ် ကင်မရာနဲ့ Compact ဖြစ်မယ့် software နဲ့ Hardware ကတော့ ပါဝင်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် စမတ်ဖုန်းနဲ့ အလွယ်တကူ Sync လုပ်လို့ရကြောင်း ပြပွဲမှာ သက်သေပြခဲ့ပါတယ်။

ဈေးလည်း သက်သာမယ့် ကင်မရာ ဖြစ်ပါတယ်။ 14.2 megapixel range ထဲမှာ ဈေးသက်သာမယ့် ကင်မရာ တစ်ခုအဖြစ် Samsung မှ မကြာမီ ဖြန့်ချိတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: pocketlint
Aung Kham (TSJ team)
================================
Credit Tecespace journal
Wi Fi ပါတယ်ဆိုလို့ ဘာလုပ်လို့ရလဲ ဆိုတော့ အင်တာနက်မှာ Sharing လုပ်လို့ရမယ်၊ Wi-Fi ပါတဲ့ ကင်မရာချင်း၊ ကွန်ပြူတာ၊ စမတ် ဖုန်း၊ Tablet များနဲ့ အလွယ်တကူပုံ၊ ဗီဒီယို အကူးအပြောင်း လုပ်လို့ ရမှာ ဖြစ်ပါတယ်။

အုပ်စုလိုက်ကျင့်ကြံမှု အိန္ဒိမှာ ထပ်မံဖြစ်

အုပ်စုလိုက်ကျင့်ကြံမှု အိန္ဒိမှာ ထပ်မံဖြစ်
------------------------------------------
မကြာခင်က အိန္ဒိယ နယူးဒေလီမှာ ဖြစ်ပွားခဲ့တဲ့ ဆေးကျောင်းသူလေးတဦးကို အုပ်စုလိုက်ကျင့်ကြံမှုနဲ့ အလားတူတဲ့ အဖြစ်အပျက်တခု ပန်ဂျပ်ပြည်နယ် Gurdaspur ဒေသမှာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သောကြာနေ့မှာ ဘတ်စ်ကားတစီးမှာ ပါတဲ့ ခရီးသည် ၂၉ နှစ်အရွယ် အိမ်ထောင်ရှိ အမျိုးသမီးတဦး က အဲဒီအချိန်မှာ တဦးတည်းကျန်နေတဲ့ ခရီးသည်ဖြစ်နေပါတယ်။ ဘတ်စ်ကားဒရိုင်ဘာက မှတ်တိုင်မှာမရပ်ဘဲ ကျော်မောင်းသွားပြီး ဘတ်စ်ဒရိုင်ဘာနဲ့ ပါဝင်ကူညီသူ တယောက်က အဆိုပါ အမျိုးသမီးကို လိပ်စာဖော်မပြထားတဲ့ နေရာတခုကို ခေါ်သွားပြီး အဲဒီမှာ အခြားလူ ၅ ယောက်က ပူးပေါင်းပါဝင်ခဲ့ပြီး စုပေါင်းကျင့်ကြံခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ အကြမ်းဖက်သူထဲမှ ၆ ယောက်ကို ဖမ်းဆီးမိပြီး ကျန်တယောက်ကို ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။ (CNN, Jan 13, 2013)

မကြာခင်က အိန္ဒိယ နယူးဒေလီ မှာ ဖြစ်ပွား ခဲ့တဲ့ ဆေးကျောင်းသူလေး တဦးကို အုပ်စုလိုက်ကျင့်ကြံမှုနဲ့ အလားတူတဲ့ အဖြစ်အပျက်တခု ပန်ဂျပ်ပြည်နယ် Gurdaspur ဒေသမှာ ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ သောကြာနေ့မှာ ဘတ်စ်ကားတစီးမှာပါတဲ့ ခရီးသည် ၂၉ နှစ်

လေယာဉ်ပေါ်တွင် ဆဲလ်ဖုန်းအသုံးပြုခြင်း

လေယာဉ်ပေါ်တွင် ဆဲလ်ဖုန်းအသုံးပြုခြင်း

အရင်ကဆိုရင် လေယာဉ်ပေါ်မှာ ဆဲလ်ဖုန်း အသုံးပြုခွင့်ကို ပိတ်ပင်ပါတယ်။ ယခုအချိန်ထိလည်း နိုင်ငံအများစုမှာ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ အကြောင်းအရင်းက ဒီလို ဖြစ်ပါတယ်။

အကယ်၍ တစ်ယောက်ယောက်က လေယာဉ်ပေါ်မှာ ဖုန်းပြောရင် ထိုခိုက်စေမယ့် ယူနစ် သုံးခု ရှိပါတယ်။ အဲဒါတွေကတော့

၁။ လေယာဉ် GPS

လေယာဉ်ရဲ့  GPS တင်မကပဲ ဂြိုလ်တုဆက်သွယ်ရေးနစ်၊ မြေပြင် ဆက်သွယ်ရေး လမ်းကြောင်းအားလုံးမှာ ဆဲလ်ဖုန်းရဲ့  Wave တွေရောနှောနေမျာ ဖြစ်ပါတယ်။ ဒီတော့ လိုချင်တဲ့ သတင်းအချက် အလက်ကို မှန်မှန်ကန်ကန် မရရှိတော့ပဲ လေယာဉ်တိမ်းမှောက်တဲ့အထိ ဖြစ်စေပါတယ်။

၂။ နိုင်ငံပိုင် ဆက်သွယ်ရေးတိုင်များ

လေယာဉ်ပေါ်မှာ ဖုန်းပြောပြီဆိုရင် ဘယ်နိုင်ငံရောက်ရောက် ရောက်လေရာ နိုင်ငံက နီးစပ်ရာ တာဝါတိုင်နဲ့ သွားချိတ်ပါတယ်။ ချိတ်တာမှ တစ်ခုတည်းနဲ့ မဟုတ်ပ တိုင်အားလုံးမှာ သွားညှိပါတယ်။ ဒီတော့ နိုင်ငံရဲ့  ဆက်သွယ်ရေး ကွန်ရက်ကြီး တစ်ခုလုံးကို ထိခိုက်စေပါတယ်။

၃။ လေဆိပ်ဆက်သွယ်ရေး

လေယာဉ်အဆင်း၊ အတက်တွေမှာ အထူးသဖြင့် ဖုန်းပြောခွင့်ကို ပိတ်ပင်ထားပါတယ်။ ဘာလို့လဲဆို လေဆိပ်မှာရှိတဲ့ ဆက်သွယ်ရေး တာဝါ တိုင်များနဲ့ သွားညှိပါတယ်။ အကျိုးဆက်ကတော့ လေယာဉ်မောက်ဖို့ ပါပဲ။

မော်ဒန်ခေတ်နှင့် လေယာဉ်ပေါ် ဆက်သွယ်ရေး

အခုတော့ ခေတ်မှီသွားပါပြီ။ နိုင်ငံကြီးက လေယာဉ်တွေမှာ သီးသန့် ဂြိုလ်တုဖုန်း ခွဲထားပေးတာတော့ အမေရိကန်မှာဆို ၁၀ နှစ်မကတော့ပါဘူး။ လေယာဉ်ပေါ်ကနေ အင်တာနက်သုံးလို့ရအောင်တောင် ဖန်တီးပေးပါတယ်။ ဒါက လေယာဉ်နဲ့ မြေပြင်က ဆက်သွယ်ရေး တာဝါတိုင်များနဲ့ ဆက်စပ်မှု မရှိအောင်လည်း ဖန်တီးထားပါတယ်။ ယခုဆို ကိုယ့်ဖုန်းကို လေယာဉ်ပေါ်မှာ အသုံးပြုလို့ရတဲ့အထိ ဆားဗစ်ပေးတဲ့ လေယာဉ်လိုင်းနဲ့ ကုမ္မဏီများ ရှိလာပြီ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
================================
Credit Techspace journal
အရင်ကဆိုရင် လေယာဉ်ပေါ်မှာ ဆဲလ်ဖုန်း အသုံးပြုခွင့်ကို ပိတ်ပင် ပါတယ်။ ယခုအချိန်ထိလည်း နိုင်ငံအများစုမှာ ပိတ်ပင်ထားဆဲ ဖြစ်ပါ တယ်။ အကြောင်းအရင်းက ဒီလို ဖြစ်ပါတယ်။
အကယ်၍ တစ်ယောက်ယောက်က လေယာဉ်ပေါ်မှာ ဖုန်းပြောရင် ထိုခိုက်စေမယ့် ယူနစ် သုံးခုရှိပါတယ်။ အဲဒါတွေကတော့-

ဒါလား လူနေရပ်ကွက်

ဓာတ်ပုံရိုက်သည့် မြင်ကွင်းအတွင်း ကေအိုင်အေ ယူနီဖောင်းဝတ် ၄ ယောက်၊ မ၀တ် ၂ ယောက် ဒါလား လူနေရပ်ကွက်။ လက်နက်ကြီး တိုက်ရိုက်ထိပုံတော့ မရှိ။ မြေကြီးဘယ်ညာ ဖွာထွက်ခြင်း မရှိ။ အစများ စင်လျှင်စင်၊ မစင်လျှင် လူတွေ ရွေ့လာတာသာ ဖြစ်သည်။ သို့သော် အရပ်သားဆို၍ ချမ်းစီးနေသည့် ကာလတွင် အဖြူအစိမ်း အသစ်ချွတ်ချွတ်လေး ၀တ်ထားသည့် ကလေးမ တစ်ဦးသာ။ နောက်တစ်ခါ သေပြီဆိုလျှင် မပုပ်သေးသည့် ကေအိုင်အေ အလောင်းများပါ စုပုံထားပြီး ပြလေမလား။

(oppositeye)
ဓာတ်ပုံရိုက်သည့် မြင်ကွင်းအတွင်း ကေအိုင်အေ ယူနီဖောင်းဝတ် ၄ ယောက်၊ မ၀တ် ၂ ယောက် ဒါလား လူနေရပ်ကွက်။ လက်နက်ကြီး တိုက်ရိုက်ထိပုံတော့ မရှိ။ မြေကြီးဘယ်ညာ ဖွာထွက်ခြင်း မရှိ။ အစများ စင်လျှင်စင်၊ မစင်လျှင် လူတွေ ရွေ့လာတာသာ ဖြစ်သည်။ သို့သော်

ကေအိုင်အေ ဌာနချုပ့်ရှိရာ လိုင်ဇာမြို့ပေါ် လူနေရပ်ကွက်တွင် လက်နက်ကြီး ထိမှန်ပြီး လူ (၂) ဦး သေဆုံး၊ လူ (၆) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ


၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၄) ရက် နံနက် (၈း၁၅) မိနစ် အချိန်တွင်ဒေါ့ဖုန်းယန် တပ်မတော် စခန်းမှ ၁၀၅ မမ လက်နက်ဖြင့် လိုင်ဇာမြို့ပေါ် လူနေရပ်ကွက်များသို့ (၄) ချက်ပစ်ခဲ့ပြီး (၃) လုံး ပေါက်ကွဲခဲ့ကြောင်း သိရ သည်။အဆိုပါ ပစ်ခတ်မှုကြောင့် ပထမအလုံး ပေါက်ကွဲမှု ဖြစ်စဉ်တွင် မြစ်ကြီးနား ဟိုတယ်အနီး လူနေအိမ် တစ်ခုပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကာ အမျိုးသား (၂) ဦး နေရာတွင် သေဆုံးခဲ့ပြီး လူ (၆) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်နှင့် မွန်နိုင်ငံရေး ပါတီများ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေး

ha-14-1-8


အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်နှင့် မွန်နိုင်ငံရေး ပါတီများ၊ အဖွဲ့ အစည်းများသည် ဇန်န၀ါရီလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် မွန်ပြည် နယ်မော်လမြိုင်မြို့တွင်တွ့ဆုံခဲ့ကြပြီးပည်နယ်တွင်း ငိမ်း ချမ်းရေးဖော်ဆောင်ရေး  ၊ လက်နက်ကိုင် အဖွဲ့အစည်း များနှင့် မြန်မာ အစိုးရကြား အပစ်အခတ် ရပ်စဲရေး ၊ ဒေသခံပြည် သူများ ၏ လူနေမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အနီးကပ်ပညာဒါန စာသင်ဝိုင်းများ စတင်ဖွင့်လှစ် သင်ကြားနေပြီး တက်ရောက်သူ အများအပြား ရှိနေ

Photo: တက္ကသိုလ်ဝင်တန်း စာမေးပွဲ အနီးကပ်ပညာဒါန စာသင်ဝိုင်းများ စတင်ဖွင့်လှစ် သင်ကြားနေပြီး တက်ရောက်သူ အများအပြား ရှိနေ  
Monday, 14 January 2013 

၂၀၁၂-၂၀၁၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ရန်ကုန်မြို့တွင်းတွင် အနီးကပ်ပညာဒါန စာသင်ဝိုင်းများ စတင်ဖွင့်လှစ် သင်ကြားနေပြီး တက်ရောက်သူ အများအပြား ရှိလာကြောင်း ပညာဒါနကျောင်းများရှိ 
ဆရာ၊ ဆရာမ အသိုင်းအ၀န်းမှ စုံစမ်းသိရှိရသည်။

"ဒီကျောင်းကတော့ ငွေကြေးတစ်စုံတစ်ရာ ပေးစရာ မလိုပါဘူး၊ နှစ်စက
ကျောင်းသား ၂၅၀ ကျော် ရှိတယ်၊ စည်းကမ်းကြီးတော့ တဖြည်းဖြည်း
လျော့လာတယ်၊ အခု အနီးကပ် ၁၀၀ ဖိုး စာမေးပွဲတွေ ဖြေခိုင်းပြီး
တော်တဲ့ကျောင်းသားတွေကို ၄၅ ရက်လောက် သေချာစခန်းသွင်း
လေ့ကျင့်ပေးမှာ၊ ဦးဇင်းတို့ကျောင်းက ပညာဒါနကျောင်းဆိုပေမဲ့
မြောက်ဥက္ကလာမှာ အောင်ချက် အကောင်းဆုံးပဲ" ဟု
မြောက်ဥက္ကလပမြို့နယ်မှ ဓမ္မရက္ခိတကျောင်းရှိ ကျောင်းတာဝန်ခံ 
ဦးဇင်းမှ မိန့်ကြားခဲ့သည်။

အဆိုပါကျောင်းတွင် မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံ၊ ပုလဲ၊
ထောက်ကြန့်မြို့နယ်များရှိ ရက်ကွက်အသီးသီးမှ လက်လုပ်လက်စား မိသားစုများ၏ သားသမီးများ ပိုမိုတက်ရောက်မှု များကြောင်း သိရသည်။

ပညာဒါန ကျောင်းများတွင် စာသင်ပေးသည့် ဆရာ၊ ဆရာမများသည် နှစ် ၂၀ စာသင်အတွေ့အကြုံ့ရှိသော သူများနှင့် လူငယ်ပရဟိတ ဆရာ၊ ဆရာမများလည်း ပါဝင်ပြီး လက်ရှိ အခကြေးငွေယူ၍ သင်ကြားသော စာသင်ဝိုင်းများမှ ဆရာများလည်း ပါဝင်ကြောင်း သိရှိရသည်။         

"ပညာဒါနကျောင်းဆိုတော့ ကူညီတဲ့သူ များပါတယ်၊ အခုအနီးကပ် စာသင်ဝိုင်းမှာဆို ရန်ကုန်တက္ကသိုလ်က ပါမောက္ခတွေကို ခေါ်ပြီး
မေးခွန်းဟောင်းတွေနဲ့ အမှတ်ပေးစည်းမျဉ်းတွေကို စနစ်တကျ နားလည်အောင် သင်ပေးမှာပါ၊ အဲ့အတွက်လည်း ငွေကြေးတစ်စုံ
တစ်ရာ ပေးစရာမလိုပါဘူး၊ ညနေတိုင်း ထမင်းကျွေးတယ်၊ သူတို့အတွက် အချိန်က ခုချိန်မှာ အရမ်းအရေးကြီးတယ်" ဟု မြောက်ဥက္ကလာပမြို့နယ် ဓမ္မရက္ခိတကျောင်းရှိ  ကျောင်းတာဝန်ခံ ဆရာတော်မှ မိန့်ကြားခဲ့သည်။

အဆိုပါကျောင်းတွင် နှစ်စက ကျောင်းသားများသာမက ဘုန်းတော်ကြီးနှင့် သီလရှင်များပါ တက်ရောက်လျှက်ရှိပြီး  ယခု အခါ ကျောင်းသား ၂၀၀ ကျော်ဖြင့် သင်ကြားရာ အနီးကပ် စာသင်ဝိုင်းများအတွက် ထူးချွန်ကျောင်းသားများကို ဂုဏ်ထူးထွက်သည်အထိ သင်ကြားပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ပညာဒါနကျောင်းများတွင် တက္ကသိုလ်ဝင်တန်းသာမက ဘာသာစကားနှင့် အသက်မွေးမှု ပညာရပ်များ၊ နွေရာသီ ယဉ်ကျေးလိမ္မာ သင်တန်းများနှင့် ဂီတအနုပညာရပ်များကိုပါ အခမဲ့သင်ကြားလျက်ရှိပြီး နယ်မြို့များတွင်လည်း ပညာဒါနကျောင်းများ အများအပြားရှိလာကြောင်း သိရှိရသည်။      

Eleven Media Group
၂၀၁၂-၂၀၁၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ရန်ကုန်မြို့တွင်း တွင် အနီးကပ်ပညာဒါန စာသင်ဝိုင်းများ စတင်ဖွင့်လှစ် သင်ကြားနေပြီး တက်ရောက်သူ အများအပြားရှိလာကြောင်း ပညာဒါနကျောင်းများရှိ  ဆရာ၊ ဆရာမ အသိုင်းအ၀န်းမှ စုံစမ်းသိရှိရသည်။
"ဒီကျောင်းကတော့ ငွေကြေးတစ်စုံတစ်ရာ ပေးစရာ မလိုပါဘူး၊ နှစ်စက
ကျောင်းသား ၂၅၀ ကျော် ရှိတယ်၊ စည်းကမ်းကြီးတော့ တဖြည်းဖြည်းလျော့လာတယ်၊ အခုအနီးကပ် ၁၀၀ ဖိုး စာမေး

>>> ဇန်န၀ါရီလ ၁၄ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း >>>

>>> ဇန်န၀ါရီလ ၁၄ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း >>>

ယနေ့ ဇန်န၀ါရီ ၁၄ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၈၅၈ ကျပ် သတ်မှတ်ကြောင်း သိရသည်။

ထို့အပြင် Cross Exchange Rate အရ 
တစ်ယူရို - ၁၁၄၆.၁ ကျပ်၊ 
စင်္ကာပူ တစ်ဒေါ်လာ - ၆၉၉.၆၉ ကျပ်၊ 
စတာလင်ပေါင် တစ်ပေါင် - ၁၃၈၃.၄ ကျပ်၊ 
ဂျပန်ယန်း တစ်ရာ - ၉၅၈.၈၇ ကျပ်၊ 
သြစတြေးလျဒေါ်လာ တစ်ဒေါ်လာ - ၉၀၃.၂၅ ကျပ်၊ 
တရုတ်ယွမ် တစ်ယွမ် - ၁၃၈.၀၃ ကျပ်၊ 
အိနိ္ဒယရူပီး တစ်ရူပီး - ၁၅.၆၆၈ ကျပ်၊ 
ကိုရီးယားဝမ် တစ်ရာ -၈၁.၂၆၂ ကျပ်၊ 
မလေးရှား ရင်းဂစ် တစ်ရင်းဂစ် - ၂၈၄.၀၁ ကျပ်
ထိုင်းဘတ် တစ်ဘတ် - ၂၈.၃၂၆ ကျပ် သတ်မှတ်သည်။
MRTV 4

ယနေ့ ဇန်န၀ါရီ ၁၄ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၈၅၈ ကျပ် သတ်မှတ်ကြောင်း သိရသည်။
ထို့အပြင် Cross Exchange Rate အရ
တစ်ယူရို - ၁၁၄၆.၁ ကျပ်၊
                                         

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ စင်ကာပူနှင့် မလေးရှား နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ထွက်ခွာ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ စင်ကာပူနှင့် မလေးရှား နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ထွက်ခွာ
 
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချစ်ကြည်ရေး ခရီး ထွက်ခွာရာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် တာဝန် ရှိသူများက နေပြည်တော် လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက် ကြစဉ်။
 
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် စင်ကာပူ သမ္မတ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Lt-Gen Neo Kian Hong ၏ ဖိတ်ကြားချက် အရ စင်ကာပူ သမ္မတ နိုင်ငံသို့ သွားရောက်ရန် အတွက် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် လေဆိပ်မှ မြန်မာ့ တပ်မတော် အထူး လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ထွက်ခွာကြရာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ဇနီး ဒေါ်မာမာဝေ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ် သူရ သက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီး များနှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က နေပြည်တော် လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက် ကြသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ စင်ကာပူ သမ္မတ နိုင်ငံသို့ မြန်မာ့လေကြောင်း ခရီးစဉ်ဖြင့် ထွက်ခွာကြရာ ရန်ကုန်တိုင်း စစ်ဌာန ချုပ် တိုင်းမှူးနှင့် တပ်မတော် အရာရှိ ကြီးများ၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဆိုင်ရာ စင်ကာပူ သမ္မတ နိုင်ငံ သံအမတ်ကြီး Mr.Chua Hian Kong Robert၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဆိုင်ရာ မလေးရှား နိုင်ငံ သံအမတ်ကြီး Dr.Ahmad Faisal Bin Muhamad နှင့် တာဝန် ရှိသူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက် ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့တွင် အဖွဲ့ဝင်များ အဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိ ကြီးများနှင့် တာဝန် ရှိသူများ လိုက်ပါ သွားကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မလေးရှား နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato' Sri Zulkifeli Bin Mohd Zin ၏ ဖိတ်ကြားချက် အရ စင်ကာပူ သမ္မတ နိုင်ငံမှ တစ်ဆင့် မလေးရှား နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

http://www.myawady.net.mm/allnews/headline/item/4277-2013-01-14-08-15-19

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူ သမ္မတ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Lt-Gen Neo Kian Hong ၏ ဖိတ်ကြားချက် အရ စင်ကာပူသမ္မတ နိုင်ငံသို့သွားရောက်ရန်အတွက် ယနေ့ နံနက်ပိုင်း

အီဂျစ်သမ္မတဟောင်းမူဘာရက်အမှု ပြန်စစ်ဆေးမည်

ကမ္ဘာ့သတင်းများ  14/01/2013

နိုင်ငံတကာသတင်းများ 

အီဂျစ်သမ္မတဟောင်းမူဘာရက်အမှု ပြန်စစ်ဆေးမည် 

ထောင်ဒဏ်တသက်တကျွန်း ကျခံနေရတဲ့ အီဂျစ်သမ္မတဟောင်း ဟော်စနီ မူဘာရက်ရဲ့ အမှုကို ပြန်ပြီးစစ်ဆေးဖို့ အီဂျစ်တရားရုံး တခုက အမိန့်ထုတ်လိုက်ပါတယ်။ အသက် ၈၄ နှစ်အရွယ် အီဂျစ်ခေါင်းဆောင်ဟောင်း မူဘာရက်က တရားစစ်ဆေးမှုအသစ် ပြန်လုပ်ပေးဖို့ အယူခံဝင်ထားတာကို တရားရုံးက တနင်္ဂနွေနေ့မှာ ခွင့်ပြုခဲ့တာပါ။ ဆယ်စုနှစ်သုံးခုကြာ သူ့ရဲ့အုပ်စိုးမှု အဆုံးသတ်သွားစေခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဆန္ဒပြ ကန့်ကွက်မှုတွေအတွင်း ရာပေါင်းများစွာသော ဆန္ဒပြသူတွေကို သတ်ဖြတ်ခဲ့မှုကို တားဆီးဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး သူ့ကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီးတဲ့နောက် လပေါင်းများစွာအကြာမှာ အခုလို ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
 
သူနဲ့အတူ ထောက်ဒဏ်တသက်တကျွန်း ချမှတ်ခံထားရတဲ့ သူ့ရဲ့ပြည်ထဲရေးဝန်ကြီးဖြစ်သူ Habib el-Adly ရဲ့အမှု၊ သားနှစ်ဦးဖြစ်ကြတဲ့ Gamal နဲ့ All တို့ရဲ့ အမှုတွေကိုလည်း ပြန်စစ်ဆေးမှာ ဖြစ်ပါတယ်။ သူတို့တတွေဟာ တခြားစွဲချက်တွေနဲ့ လည်း ရင်ဆိုင်နေကြရတာမို့ အကျဉ်းထောင်ထဲမှာပဲ ဆက်ပြီး နေသွားကြရမှာဖြစ်ပါတယ်။
 
တရားစစ်ဆေးမှုအသစ် လုပ်မယ့်ရက်ကိုတော့ မသတ်မှတ်ရသေးပါဘူး။ မစ္စတာမူဘာရက်အပေါ် စွဲတင်ထားတာတွေဟာ ပြီးခဲ့တဲ့ ဇွန်လက သူ့ကို ထောင်ဒဏ်တသက်ချမှတ်ခဲ့တဲ့ စွဲချက်တွေနဲ့ အတူတူပဲလို့ ဆိုပါတယ်။ ကိုင်ရိုမြို့တော်တရားရုံးက အဲဒီလိုဆုံးဖြတ်လိုက်တဲ့အခါ မူဘာရက် ကို ထောက်ခံသူတွေက တရားမျှတမှု အဓွန့်ရှည်ပါစေဆိုပြီး အော်ဟစ်ကြွေးကြော်ခဲ့ကြပါတယ်။ 




ဘေဂျင်းလေထုညစ်ညမ်းမှု အဆိုးရွားဆုံးစံချိန်တင် 

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ မီးခိုးမြူတွေ ဆိုးဆိုးရွားရွား ထူထပ်နေတဲ့အတွက် သုံးရက်မြောက် ဆက်တိုက် အန္တရာယ်ဖြစ်နိုင်တဲ့အဆင့်မှာ ရောက်နေပြီး လူတွေ အိမ်ထဲမှာနေကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။အသက်အရွယ်ကြီးရင့်သူတွေ၊ ကလေးငယ်တွေ၊ အဆုတ်ရောဂါနဲ့ နှလုံးရောဂါဆိုင်ရာ ကျန်းမာရေး ချို့ယွင်းချက်ရှိသူတွေ အနေနဲ့ အပြင်ထွက်တာ ဒါမှမဟုတ် ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်တာမျိုး ကို ရှောင်ရှားကြဖို့ စည်ပင်သာယာ ပတ်ဝန်းကျင်ရေးရာဌာနက သတိပေးထားတာပါ။
 
အဆုတ်ထဲကို ၀င်ရောက်နိုင်တဲ့ အမှုန် အစအနတွေဟာ ဘေးကင်းတယ်လို့ယူဆတဲ့ အဆင့်ထက် လေးဆနီးပါး ပိုများနေတယ်လို့ အဲဒီဌာနက တနင်္ဂနွေနေ့မှြာေ ပာပါတယ်။ ဒီအဆင့်ဟာ မှတ်တမ်းတင်ဖူးသမျှ သမိုင်းမှာ အဆိုးဆုံးဖြစ်ပါတယ်။ ဒီလို လေထုညစ်ညမ်းနေတဲ့ အခြေအနေဟာ နောက်ထပ် သုံးရက်အထိ ပိုပြီး တာရှည်နိုင်တယ်လို့ တရုတ်အစိုးရအာဘော် ဆင်ဟွာသတင်းဌာနက ခန့်မှန်းထားပါတယ်။



NLABR 
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language

ထောင်ဒဏ်တသက်တကျွန်း ကျခံနေရတဲ့ အီဂျစ် သမ္မတဟောင်း ဟော်စနီ မူဘာရက်ရဲ့အမှုကို ပြန်ပြီးစစ်ဆေးဖို့ အီဂျစ် တရားရုံး တခုကအမိန့်ထုတ်လိုက်ပါတယ်။ အသက် ၈၄ နှစ် အရွယ် အီဂျစ်ခေါင်းဆောင်ဟောင်း မူဘာရက်က တရားစစ်ဆေးမှု အသစ် ပြန်

HTC စမတ်ဖုန်းတွေ မြန်မာပြည်မှာ ရောင်းချတော့မယ်

HTC စမတ်ဖုန်းတွေ မြန်မာပြည်မှာ ရောင်းချတော့မယ်

MONDAY, JANUARY 14, 2013  အိမ့်သံစဉ် 

ထိုင်ဝမ်က ထုတ်လုပ်ဖြန့်ချီနေတဲ့ HTC စမတ်ဖုန်းတွေဟာ အာရှတိုက်အတွင်း အခု နောက်ဆုံး ရင်းနှီးမြှုပ်နှံ တဲ့ နိုင်ငံတခု မြန်မာနိုင်ငံဈေးကွက်မှာ ရောင်းချဖို့ ရှိနေပါပြီ။ 

HTC ဟာ တယ်လီဇုန်း ဟမ်းစက် ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ ဆမ်ဆောင်း၊ Apple တရုတ် လုပ် ZTE နဲ့ Huawei တွေနဲ့ ဈေးကွက်သစ်မှာ ယှဉ်ပြိုင်ဖို့ လုပ်ဆောင်လာတာဖြစ်ပါတယ်။ 

HTC ကုမ္ပဏီရဲ့ CEO ဟာ တကယ်တော့ မြန်မာနိုင်ငံသား တဦးဖြစ်ခဲ့ပြီး မကြာသေးခင်က လည်း မြန်မာပြည် ကို လာရောက်ခဲ့ပါသေးတယ်။ 

ထိုင်ဝမ်တွင် ရုံးချုပ်ဖွင့်လှစ်ထားသော ကမ္ဘာ့ထိပ်တန်း ဖုန်းကုမ္ပဏီတခုဖြစ်သည့် HTC ၏ အမှုဆောင် အရာရှိချုပ် (CEO) နှင့် ဥက္ကဋ္ဌ မစ္စတာ ပီတာချူး (Peter Chou)( မြန်မာ အမည် ဦးဝင်းသန်း) က မန္တလေးမြို့၌ အိုင်တီဝါသနာရှင် လူငယ်တွေနဲ့ ယမန်နှစ် မေလက တွေ့ဆုံရာမှာ မိမိသည် မန္တလေး ဇာတိ မြန်မာနိုင်ငံသား တဦးဖြစ်ကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။ 

မြန်မာအမည် ဦးဝင်းသန်း ခေါ် မစ္စတာ ပီတာချူးဟာ လွန်ခဲ့သည့် နှစ် ၃၀ ခန့်က ထိုင်ဝမ်နိုင်ငံ
ကို ပြောင်းရွေ့ အခြေချခဲ့သူဖြစ်ပြီး ၁၉၇၉ ခုနှစ်အထိ မန္တလေးဒေသကောလိပ်၌ ဒုတိယနှစ်အထိ ပညာသင်ကြားခဲ့ပါတယ်။ 
ံHTC ကုမ္ပဏီနဲ့ စီအီးအိုဖြစ်သူ ဦးဝင်းသန်းနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဤနေရာမှာ တစုတစည်းတည်း ဖတ်နိုင်ပါတယ်။ 
Posted in: News,သတင်း


HTC ၏ CEO ဖြစ်သူ မန္တလေးသား ဦးဝင်းသန်း ခေါ် မစ္စတာ ပီတာချူး (ဓာတ်ပုံ - CNET) 

အေးချမ်းမွန်မှ  ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ထိုင်ဝမ်က ထုတ်လုပ်ဖြန့်ချီနေတဲ့ HTC စမတ်ဖုန်းတွေဟာ အာရှတိုက် အတွင်း အခု နောက်ဆုံး ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံ တခု မြန်မာနိုင်ငံဈေး ကွက်မှာ ရောင်းချဖို့ ရှိနေပါပြီ။
HTC ဟာ တယ်လီဇုန်းဟမ်းစက် ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ ဆမ်ဆောင်း၊ Apple တရုတ် လုပ် ZTE နဲ့ Huawei တွေနဲ့ ဈေးကွက်သစ်မှာ ယှဉ်ပြိုင်

၂၀၁၃ -၂၀၁၄ ခုနှစ်အတွင်း နိုင်ငံတကာချေးငွေ ဒေါ်လာ သန်းပေါင်း ၉၀၀ ကျော် ချေးယူရန် လျာထားပြီး တရုတ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများမှ အများဆုံး ချေးယူရန် လျာထား

၂၀၁၃ -၂၀၁၄ ခုနှစ်အတွင်း နိုင်ငံတကာချေးငွေ ဒေါ်လာ သန်းပေါင်း ၉၀၀ ကျော် ချေးယူရန် လျာထားပြီး တရုတ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများမှ အများဆုံး ချေးယူရန် လျာထား  
Monday, 14 January 2013 

၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ပြည်ထောင်စု အစိုးရအဖွဲ့အတွက် နိုင်ငံတကာ
ချေးငွေ အမေရိကန်ဒေါ်လာ ၉၀၀ ဒသမ ၃၉ သန်းကျော် ချေးယူရန် လျာထားပြီး တရုတ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများမှ အများဆုံး ချေးယူရန် လျာထားကြောင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်များ (မူကြမ်း) နောက်ဆက်တွဲ -၂(ဂ) တွင် ပါရှိသည်။

တရုတ်နိုင်ငံမှ ချေးငွေများကို ဆည်တော်ကြီး ရေကူရေလှောင်တမံ အတွက် ချေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၀၊ ရန်ကုန်-မန္တလေး အဝေးပြေး လမ်းသစ်အတွက် ချေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀၊ ဆက်သွယ်ရေး ကဏ္ဍအတွက် ချေးငွေ အမေရိကန်ဒေါ်လာ ၂၂၄၊ အထက် ဘီလူးချောင်း ရေအားလျှပ်စစ် စီမံကိန်း ၂၉ မဂ္ဂါဝပ် အတွက်
 ချေးငွေ အမေရိကန်ဒေါ်လာ ၁၂ သန်း အပါအ၀င် အခြားစီမံကိန်းကြီးများ အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၂၇ သန်းကျော်ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း ရရှိနိုင်မည်ဟု လျာထားကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံမှ စုစုပေါင်း ချေးငွေ အမေရိကန်ဒေါ်လာ ၂၁၁ သန်း ကျော်ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်အတွင်း ရရှိနိုင်မည်ဟု လျာထားသည်။ အဆိုပါ လျာထားချက်များမှာ ချင်းပြည်နယ် တောင်းပိုင်းနှင့် မြောက်ပိုင်း မိုက္ကရိုဝေ့ဖ် ဆက်ကြောင်း တည်ဆောက်ခြင်း လုပ်ငန်းအတွက် ချေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆ ဒသမ ၂၊ ရထားပို့ဆောင်ရေး ကဏ္ဍရှိ စက်ခေါင်းတွဲများနှင့် တွဲများ၊ သံလမ်းပြေး ကရိန်းများ၊ အရံ ပစ္စည်းများ ၀ယ်ယူခြင်းအတွက် အမေရိကန်ဒေါ်လာ ၄၈ သန်း၊ ဆည်ရေသောက် စီမံကိန်း ၁၈ ခုနှင့် တူးမြောင်းများ ခေတ်မီပြုပြင် မွမ်းမံဖြည့်စွက်ခြင်း လုပ်ငန်း စီမံကိန်း ၁၆ ခုအတွက် ချေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀၀ အပြင် အခြားလုပ်ငန်းများ ဖြစ်ကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံမှ ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ချေးငွေ ပမာဏ အမေရိကန်
ဒေါ်လာ ၁၆၁ သန်းကျော်ကို ချေးယူရန် လျာထားပြီး အဆိုပါ စီမံကိန်းများ
မှာ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှု စီမံချက်အတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းကျော်၊ ဓာတ်အားပေး စက်ရုံနှင့် ဓာတ်အားလိုင်းများ ပြန်လည်
 ပြင်ဆင်ခြင်း စီမံချက်အတွက် ၅၇ ဒသမ ၆၉ သန်းနှင့် ကြံခင်း ဘိလပ်မြေ
စက်ရုံ ပြန်လည်ပြုပြင်ရန် စီမံချက်အတွက် ၄၇ သန်းကျော် ဖြစ်ကြောင်း သိရှိရသည်။

eleven media group

၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ပြည်ထောင်စု အစိုးရအဖွဲ့ အတွက် နိုင်ငံ တကာချေးငွေ အမေရိကန်ဒေါ်လာ ၉၀၀ ဒသမ ၃၉ သန်းကျော် ချေး ယူရန်လျာထားပြီး တရုတ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများမှ အများဆုံး ချေး ယူရန် လျာထားကြောင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံ ကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်များ (မူကြမ်း) နောက်ဆက်တွဲ -၂(ဂ) တွင် ပါရှိသည်။

အိုဘားမားအား သမ္မတရာထူး အပ်နှင်းခြင်း အခမ်းအနားတွင် ဘီယွန်းစေးနှင့် အနုပညာရှင် များစွာ ဖျော်ဖြေ မည်

အိုဘားမားအား သမ္မတရာထူး အပ်နှင်းခြင်း အခမ်းအနားတွင် ဘီယွန်းစေးနှင့် အနုပညာရှင် များစွာ ဖျော်ဖြေ မည်

အမေရိကန် သမ္မတ ဘားရက် အိုဘားမားအား ၎င်း၏ ဒုတိယ အကြိမ် သမ္မတ သက်တမ်း ရာထူး အပ်နှင်းပွဲ အခမ်းအနားကို ဝါရှင်တန်မြို့၌ ဇန်နဝါရီ ၂၁ ရက်တွင် ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ အခမ်းအနား၌
ပေါ့ပ် အဆိုရှင်များ ဖြစ်ကြသည့် ဘီယွန်းစေးနိုးလ်နှင့် ကယ်လီ ကလက်ဆွန်တို့ အပြင် ကျေး လက်ရိုးရာ ဂီတ ဝါရင့် အဆိုရှင်ကြီး ဂျိမ်းစ်တေးလာတို့ ပါ ဝင် ဖျော်ဖြေသွားမည်ဟု သိရသည်။ ရာထူး အပ်နှင်းခြင်း အခမ်းအနား တွင် ပါဝင် ဖျော်ဖြေမည့် အနုပညာရှင် များကို ရွေးချယ်ရာတွင် သမ္မတ အိုဘားမား ကိုယ်တိုင် ပါဝင်ကြောင်း ပွဲစီစဉ် သူများက ပြောကြားခဲ့သည်။ သမ္မတ အိုဘားမားက အမေရိ ကန် နိုင်ငံ၏ ပုံပြင်များကို သီကြွေးထားသည့် ရှေးခေတ် ရိုး ရာ တေးသီချင်းများကို နှစ်သက်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ အိုဘားမား၏ သမ္မတ ရာထူး အပ်နှင်းခြင်း အခမ်းအနားတွင် ကျူဘား အမေရိကန် အဆိုတော် ရစ်ချက် ဘလန်ကိုလည်း ပါဝင်မည်ဖြစ်ကြောင်း ဘီ ယွန်းစေးသည် နိုင်ငံတော် သီချင်းကို သီဆိုမည်ဖြစ်ပြီး ကလက်ဆွန်က My Country Tis of Thee တေးသီချင်းကို သီဆိုမည်ဖြစ်ပြီး တေးလာက အမေရိ ကန် နိုင်ငံ၏ အလှအပ များကို ညွှန်းဆိုထားသော America the Beautiful တေးသီချင်းကို သီဆိုမည် ဖြစ်သည်။ ဂျိမ်းစ် တေးလာနှင့် ဘီယွန်းစေးတို့သည် ၂ဝဝ၉ ခုနှစ်က ပြုလုပ်ခဲ့သော သမ္မတ အိုဘားမား၏ ပထမအကြိမ် သမ္မတ အဖြစ် ရာထူး အပ်နှင်းခြင်း အခမ်းအနား တွင်လည်း ပါဝင် တင်ဆက်ခဲ့သူ များ ဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/arts/artcorner/item/4108-2013-01-11-09-25-26

အမေရိကန် သမ္မတဘားရက် အိုဘားမားအား ၎င်း၏ ဒုတိယအကြိမ် သမ္မတသက်တမ်းရာထူး အပ်နှင်းပွဲအခမ်းအနားကို ဝါရှင်တန်မြို့၌ ဇန်နဝါရီ ၂၁ ရက်တွင် ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါအခမ်း အနား၌ပေါ့ပ်အဆိုရှင်များ ဖြစ်ကြသည့် ဘီယွန်းစေးနိုးလ်နှင့်ကယ်လီ ကလက်ဆွန်တို့အပြင် ကျေးလက်ရိုးရာ ဂီတဝါရင့် အဆိုရှင်ကြီး

မြန်မာ-ထိုင်း ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ မကြာမီ ကျင်းပမည်

မြန်မာ-ထိုင်း ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ မကြာမီ ကျင်းပမည်

အားကစား ဝန်ကြီး ဌာန မြန်မာ နိုင်ငံ  ရိုးရာ လက်ဝှေ့ အဖွဲ့ ချုပ်မှ ကြီးမှူးပြီး H & S Group မှ စီစဉ် ကျင်းပသည့် မြန်မာ နှင့်ထိုင်းရိုးရာ လက်ဝှေ့ (Imperial the Spirit of Myanmar) MYANMAR Vs THAILAND LETWHAY COMPETITION FIGHTS ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂ဝ ရက် မွန်းလွဲ ၂ နာရီ တွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာ တောင်ညွန့် မြို့နယ် သိမ်ဖြူ လမ်းရှိ သိမ်ဖြူ အားကစား ခန်းမ၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

အဆိုပါ စိန်ခေါ်ပွဲတွင် မြန်မာ့ လက်ဝှေ့ အကျော်အမော် နှင့်ထိုင်း လက်ဝှေ့ အကျော် အမော် သုံးတွဲတို့ ယှဉ်ပြိုင် ထိုးသတ်ကြမည့် အပြင် ပြည်တွင်း စိန်ခေါ်ပွဲ ငါးပွဲပါ ပါဝင် ထိုးသတ် ကြမည် ဖြစ်သည်။ မြန်မာ-ထိုင်း ပွဲစဉ်များ တွင် တွေ့မရှောင် (မြန်မာ)နှင့် ဂျိုဝီဟ (ထိုင်း)၊ တူးတူး (မြန်မာ)နှင့် ပက်ပကိုင် (ထိုင်း)၊ ထွန်းထွန်းမင်း (မြန်မာ)နှင့် ပွန်ပက် (ထိုင်း) တို့ အတွဲ များက လက်ဝှေ့ ပညာစွမ်းများ ဖြင့် အနိုင်မခံ အရှုံး မပေးဘဲ ရေကုန် ရေခန်း ထိုးသတ် ကြမည် ဖြစ်ပြီး ပြည်တွင်း ပွဲစဉ်ငါးချီ ပြိုင်ပွဲတွင် မိုက်တိုင်စန် (အလင်းရောင်) နှင့် ရဲရင့် (နဂါးမာန်)၊ လေးချီ ပွဲစဉ် များတွင် မင်းမဟာ (ဘိလပ်မြေ စက်ရုံ) နှင့် ထက်အောင်ရဲ (ဝါဆို)၊  ခွန်ရှိုင်းထက် (ဝါဆို) နှင့် ထွန်းလုံရှိန် (ငြိမ်းချမ်းရေး)၊ ဖျံသွေး (ငြိမ်းချမ်းရေး) နှင့် ရဲရင့်ထွန်း (မုဒုံသား)၊ ဝမ်းဝမ်း (နဂါးမာန်) နှင့် တာဝိတ် (တော့ဝမ်း) တို့ကလည်း ကြိုးဝိုင်း အလယ်တွင် ထိုးကွက် သတ်ကွက် လက်ဝှေ့ ပညာရပ် ကိုပြကာ ပရိသတ် အကြိုက် ယှဉ်ပြိုင် ထိုးသတ် ကြ မည် ဖြစ်သည်။

ယခု ကျင်းပမည့် မြန်မာ- ထိုင်းရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲသည် အကျော်အမော် ချင်းတွေ့ ကြသည့် ပွဲတစ်ပွဲ ဟုဆိုနိုင် သလို ပဝါမကူ ရေမရှူဘဲ ရေကုန် ရေခန်း ထိုးသတ်မည့် ပွဲများလည်း ဖြစ်ပေ လိမ့်မည်။

အသက်အပိုင်း အခြား၊ ဝိတ်တန်း၊ အရပ်အမောင်း နှင့်ပြိုင်ပွဲ အတွေ့အကြုံ များမှာ သိသိသာသာ ကွာခြားမှု မရှိဘဲ မတိမ်းမယိမ်း သာဖြစ်သည်။ သို့အတွက် ဝမ်းစုံချိုင်း ကလပ်မှ လက်ဝှေ့ကျော် တို့က ကစားဖော် များရှုံးခဲ့သည့် ၂ဝ၁ဝ ပြည့်နှစ်က ရှုံးကြွေးကို ပြန်ဆပ်သွား လေမလာ သို့တည်းမဟုတ် ပူပူ နွေးနွေး ဒဂုံ ရွှေအောင်လံ ဆုရှင်များက အောင်မြင်မှုအရှိန်ဖြင့် ရှေ့ကိုဆက် လက်မောင်း နှင်လေဦး မလားဆိုသည် ကို ဟာကနဲ ဟင်က နဲဖြင့်   မြန်မာ လက် ဝှေ့ ပရိသတ်တို့ မကြာမီ အားမလို အားမရ ရင်ခုန်စွာ မြင်တွေ့ ကြရမည် ဖြစ်သည်။

အလားတူ ပြည်တွင်း ပွဲများသည်လည်း ဇိုးကနဲ ဇက်ကနဲ ဘိုးကနဲ ဘက်ကနဲနဲ့ လက်ဝှေ့ ပညာရပ် များကို အံ့မခန်း စွာဖြင့် ပရိသတ် အကြိုက် ယှဉ်ပြိုင် ထိုးသတ်ကြမည့် ပွဲကောင်းများ ဖြစ်မည် ဟုလည်း ထင်မြင် ယုံကြည်ပါသည်။

အဆိုပါ မြန်မာ-ထိုင်းရိုးရာ လက်ဝှေ့  စိန်ခေါ်ပွဲကို မည်သည့် ရုပ်သံလွှင့် ဌာန ကမှ Live/Delay  ထုတ်လွှင့် ပြသမည် မဟုတ်ကြောင်း သိရသည်။ ရုံဝင်လက် မှတ်ခ များကို ငွေကျပ် တစ်သောင်း ငါးထောင်၊ ငွေကျပ် တစ်သောင်း နှစ်ထောင် နှင့် ငွေကျပ် ရှစ်ထောင် ဟူ၍ သတ်မှတ် ထားပြီး ကြိုတင် လက်မှတ် ဝယ်ယူ လိုသူ များအနေဖြင့် 'ဇော်' ပစ်တိုင်းထောင် (ဗီဒီယို) အမှတ် (၁၈ဝ) မြေညီထပ်  ၃၅ လမ်း (အလယ်) ကျောက်တံတား မြို့နယ်  သို့ လည်းကောင်း၊ ဖုန်း ဝ၁-၂၄၉၁၁၇၊ ဝ၉-၄၉၂၄၅၅ဝ၅ နှင့် ဝ၉-၄၂၅ဝ၂၃၇၉၉ တို့သို့ လည်းကောင်း ဆက်သွယ် စုံစမ်း ဝယ်ယူကာ ကြည့်ရှု နိုင်ပါကြောင်း မြန်မာ့ လက်ဝှေ့ ပရိသတ် များအား သတင်း ကောင်းပါး အပ်ပါသည်။

http://www.myawady.net.mm/allnews/headline/item/4266-2013-01-13-10-09-21
အားကစား ဝန်ကြီး ဌာန မြန်မာ နိုင်ငံ ရိုးရာ လက်ဝှေ့ အဖွဲ့ ချုပ်မှ ကြီးမှူးပြီး H & S Group မှ စီစဉ် ကျင်းပသည့် မြန်မာ နှင့်ထိုင်းရိုးရာ လက်ဝှေ့ (Imperial the Spirit of Myanmar) MYANMAR Vs THAILAND LETWHAY COMPETITION FIGHTS ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂ဝ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး

KIAတပ်ဖွဲ့ကရှေ့တန်းစစ်သားများနေရာတွင် လီဆူးလူမျိုးများဖြင့် အစားထိုး

KIAလက်နက်ကိုင်တပ်ဖွဲ့နဲ့ နိုင်ငံတော်အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲ(၁၁)ကြိမ် ပြုလုပ်ပြီး သည့်တိုင် ထူးခြား ထင်ရှားတဲ့ အဖြေရလာဒ် တစ်ခု ပေါ်ထွက်မလာခဲ့ပါဘူး။ ၂၀၁၂ခုနှစ် ၊ နှစ်ကုန်ပိုင်းမှာ နှစ်ဦးနှစ် ဖက်အဆင့်မြင့် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေပါဝင်ပြီး တွေ့ဆုံဆွေးနွေး ဖို့ ပြင်ဆင်ထားပေမယ့် KIA ဘက်ကစစ်ဘက် ခေါင်းဆောင်ပိုင်းက တက်ရောက်မှုမရှိတာကြောင့် ဆွေးနွေးပွဲပျက်ပြားသွားခဲ့ရပါတယ်။