Wednesday, January 30, 2013

မီဒီယာ သမားတွေ ကြောင့် KIA စစ်ရှုံးခဲ့သလော

ကေအိုင်အေတွေရဲ့  ခံစစ်နေရာယူပုံ
ပြည်ထောင်စု တပ်မတော် နဲ့  ကေအိုင်အေ တို့  တိုက်ပွဲတွေ ဖြစ်ပွားနေစဉ် မှာ ကေအိုင်အေ အဖွဲ့တွေက မီဒီယာ သမားတွေ ကို လိုင်ဇာ နဲ့ ရှေ့တန်း စစ်ပြေပြင် ကို  ခေါ်ယူပြီး သူတို့ စစ်တိုက်တာ မှန်သယောင် ခေါ်ပြခဲ့ကြပါတယ်။  အထူးသဖြင့် ယခင် အစိုးရ လက်ထက်က တပ်မတော် ကို အစဉ်အမြဲ ဆန့်ကျင်ဘက် အမြင်နဲ့ ရေးခဲ့တဲ့ ဧရာဝတီ သတင်းထောက်တွေ ကိုပါ။  (အခုလဲ  သတင်းထောက်ကျင့်ဝတ်နဲ့ မညီ နိုင်ငံတော် နဲ့ တပ်မတော် ရဲ့ နိုင်ငံတော် လုံခြုံရေး  စီမံကိန်း အချို့ကို  ထုတ်လွှင့် ရေးသားနေတုန်းပါ။)

မြန်မာ့မီဒီယာလွတ်လပ်ခွင့် အဆင့် ၁၈ ဆင့် တိုးတက်


ရန်ကုန်၊ဇန်န၀ါရီ-၃၀

နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က ၂၀၁၂ ခုနှစ်အတွက် သတ်မှတ်ထုတ်ပြန်လိုက်သော ကမ္ဘာ့မီဒီယာလွတ်လပ်ခွင့်ညွှန်းကိန်းတွင် မြန်မာနိုင်ငံက ယခင်ထက် အဆင့် ၁၈ ဆင့် တိုးတက်လာပြီး ၁၇၉ နိုင်ငံတွင် အဆင့် ၁၅၁ အဆင့် ချိတ်ခဲ့သည်။

ထိုးစစ်တွေရပ်စဲဖို့ ဆန္ဒရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာ

   
ကချင်ပြည်နယ်မှာ တစ်နှစ်ခွဲကျော်ကြာ ဖြစ်ပွားနေတဲ့ အစိုးရနဲ့ ကေအိုင်အေ တပ်တွေအကြား ထိုးစစ်တွေရပ်စဲဖို့နဲ့ ထာဝရ ငြိမ်းချမ်းရေး ဆက်လက်တည်ဆောက်သွားဖို့အတွက် အထူးလိုလားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဇန်နဝါရီလ ၂၈ ရက်နေ့ နိုင်ငံပိုင်သတင်းစာသုံးစောင်မှာ ဖော်ပြခဲ့တဲ့ ကေအိုင်အေ မိုင်းခွဲတိုက်ခိုက် မှုဖြစ်စဉ်သတင်းမှာ အသုံးပြုထားတဲ့ ဓာတ်ပုံ နှင့် ပတ်သတ်၍ ပြန်ကြားရေး ဒုဝန်ကြီးရဲ့ ရှင်းပြချက်

ဇန်နဝါရီလ ၂၈ ရက်နေ့ နိုင်ငံပိုင်သတင်းစာသုံးစောင်မှာ ဖော်ပြခဲ့တဲ့ ကေအိုင်အေ မိုင်းခွဲတိုက်ခိုက် မှုဖြစ်စဉ်သတင်းမှာ အသုံးပြုထားတဲ့ ဓာတ်ပုံဟာ မြန်မာတိုင်းမ် ( အင်္ဂလိပ်) မှာ ဖော်ပြထားတဲ့ အဲပုဂံ လေယာဉ်ပျက်ကျမှုသတင်းမှာ ဖော်ပြထားတဲ့ဓာတ်ပုံဖြစ်ကြောင်း တာဝန်သိပြည်သူတစ်ဦးက ဒီနေ့ ညနေ ၆ နာရီလောက်မှာ ကျွန်တော့်ဆီကို ဆက်သွယ်အကြောင်း ကြားလာပါတယ်။

သတင်း မှတ်တမ်းယူသည့် ပြင်သစ်နိုင်ငံသားတဦး ပြည်နှင်ခံရ


 ငြိမ်းချမ်းရေးအတွက် လိုင်ဇာ ရောက်သည်အထိ လမ်းလျှောက်သူများ ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့မှ ထွက်ခွာလာစဉ် (ဓာတ်ပုံ – ဧရာဝတီ)

ရန်ကုန်မြို့မှ ကချင်ပြည်နယ် လိုင်ဇာမြို့နယ်အထိ  ငြိမ်းချမ်းရေး လမ်းလျှောက်နေသူများနှင့် လိုက်ပါ၍ သတင်းမှတ်တမ်း ရယူသည့် ပြင်သစ်နိုင်ငံသားတဦးကို ယနေ့ညနေ ပိုင်းတွင် မြန်မာနိုင်ငံမှ ပြည်နှင်ဒဏ် ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

KIA အကြမ်းဖက် ခေါင်းဆောင် ဂမ်ရှောင် စစ်ရာဇ၀တ်မှု့ တစ်ခု နောက်ထပ် ကျူးလွန်ဖို့ ပြင်ဆင်နေဟု သတင်းထွက်

KIA မှ မြို့ကြီးများတွင် အသေခံဗုံးခွဲရန် စေလွှတ်

လိုင်စင်ပို့စ်  ဇန် ၃၀ ၂၀၁၃

ကချင်ဒေသအတွင်းသို့ ဆက်သွယ်ထားသော လမ်း/ တံတားများနှင့် ရထားလမ်းများကို KIAမှ အစိုးရတပ်အသုံးပြုသည်ဟု အကြောင်းပြချက်ဖြင့် အကြိမ်ကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။ သို့သော် KIA သောင်းကျန်းသူ၏ အခြေအနေမှာ တစ်နေ့တစ်ခြား ဆိုးရွားလာခဲ့သည်။ ကချင်ဒေသခံနှင့် နိုင်ငံ တစ်ဝှမ်းရှိ တိုင်းရင်းသားများကလည်း KIA အား ရွံ့ရှာစက်ဆုပ်လာကြသည်။
  
    ယခုတဖန် KIA သည် အစိုးရအား နိုင်ငံရေးသိက္ခာ ကျဆင်းစေ ရန်နှင့် နိုင်ငံတကာမှ မြန်မာနိုင်ငံအား အထင်မြင်သေးစေရန် ရည်ရွယ်ချက်ဖြင့် မြို့ကြီးများတွင် အကြီးစားဖောက်ခွဲ ဖျက်ဆီးမှု များ ပြုလုပ်ရန် အတွက် အသေခံအဖွဲ့အဖြစ် ဖွဲ့စည်းထားသော KIA သောင်းကျန်းသူများအား ကချင်ပြည်နယ် လိုင်စင်ပို့စ်မှ မနေ့က စတင်စေလွှတ်ခဲ့သည်ဟု လိုင်စင်ပို့စ် ဒေသခံတစ်ဦးထံမှ သတင်းရရှိ ပါတယ်။  အနီးစပ်ဆုံးမှရှိသည့် မြစ်ကြီးနား မြို့မှ ဒေသခံများနှင့် ဗန်းမော်မြို့မှ ဒေသခံများမှ KIA ၏ပြုလုပ်မည့်အစီအစဉ်ကို ကြားသိပြီး စိုးရိမ်မှုများဖြစ်ပေါ် နေသည်ဟု ဒေသခံများ၏ပြောပြချက်အရသိရှိရသည်။KIA မှ မြို့ကြီးများတွင် အသေခံဗုံးခွဲရန် စေလွှတ်

လိုင်စင်ပို့စ် ဇန် ၃၀ ၂၀၁၃

ကချင်ဒေသအတွင်းသို့ ဆက်သွယ်ထားသော လမ်း/ တံတားများနှင့် ရထားလမ်းများကို KIAမှ အစိုးရတပ်အသုံးပြုသည်ဟု အကြောင်းပြချက်ဖြင့် အကြိမ်ကြိမ်

ဝေးလံပြီး သွားလာရေး ခက်ခဲသည့် ဒေသများသို့ ဆရာဝန်များ သွားရောက်တာဝန် ထမ်းဆောင်လိုစိတ် ရှိရန်အတွက် လစာသုံးဆ ပေးနိုင်ရန် ကျန်းမာရေး ၀န်ကြီးဌာနမှ နိုင်ငံတော် သမ္မတထံ တင်ပြထားဟုဆို

ဝေးလံပြီး သွားလာရေး ခက်ခဲသည့် ဒေသများသို့ ဆရာဝန်များ သွားရောက် တာဝန်ထမ်းဆောင်လိုစိတ် ဖြစ်ပေါ်အောင် လစာ သုံးဆအထိ တိုးမြှင့်ပေးနိုင်ရန် ကျန်းမာရေး ၀န်ကြီးဌာနမှ နိုင်ငံတော် သမ္မတထံ တင်ပြထားကြောင်း သိရသည်။

ဦးဆန်းဆင့် ဧရာဝတီတိုင်းမှာ ပေါ်ပြူလာဖြစ်


ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီး ခန့်အပ်ခြင်းမပြုဘဲ ဧရာဝတီတိုင်းမှာပဲ လွှတ်တော် ဥက္ကဋ္ဌအဖြစ်နဲ့ သက်တမ်းကုန်တဲ့အထိ ဆက်ထားပေးဖို့ ပြည်သူ ၇,၀၀၀ ကျော်က အင်္ဂါနေ့မှာ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ကြပါတယ်။

ပုဒ်မ ၁၇ (၁) ရှိနေသောကြောင့် ကရင်တိုင်းရင်းသား ညီလာခံ မကျင်းပနိုင်ဘဲ ကရင်တိုင်းရင်းသားများ တိုင်ပင်နှီးနှောပွဲသာ ဖြစ်လာနိုင်ဟု KNU ခေါင်းဆောင်ပြောကြား

မတရားအသင်းနှင့် ဆက်သွယ်သည်ဟူသည့် ပုဒ်မ ၁၇ (၁) ရှိနေသောကြောင့် ကရင်တိုင်းရင်းသား ညီလာခံ မကျင်းပနိုင်ဘဲ ကရင်တိုင်းရင်းသားများ တိုင်ပင်နှီးနှောပွဲသာ ဖြစ်လာနိုင်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် အထွေထွေ အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောကြားခဲ့ကြောင်း ကရင်အမျိုးသား သတင်းဌာနဗဟို (KIC) တွင် ဇန်န၀ါရီ လ ၂၉ ရက်နေ့က ဖော်ပြခဲ့သည်။

"တပ်မတော်သိမ်းထားသောမြေ အမှန်နစ်နာသူများအတွက် ဖြေရှင်းပေးရန် ကာ/ချုပ် ညွှန်ကြားထား"



တပ်မတော်မှ သိမ်းဆည်းထားသောမြေများကို အမှန်တကယ်နစ်နာသူများ အတွက် ဖြေရှင်းပေးရန် ကာကွယ်ရေးဦးစီးချုပ်က ညွှန်ကြားထားသည်ဟု တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ်မင်းနိုင်က ပြောသည်။

မိုဘိုင်းဆင်းကတ်ဈေး နှစ်သောင်းကျပ် ဖြစ် မဖြစ် မကြာခင် သိရတော့မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၉
လတ်တလောဖြစ်ပွားနေသော ဆက်သွယ်ရေးအရှုပ်တော်ပုံကို ရှင်းလင်းပြီး မှသာ တန်ဖိုးနည်းမိုဘိုင်းဆင်းကတ်ဈေးကို သိရှိမည်ဟု သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။
 တန်ဖိုးနည်းမိုဘိုင်းဆင်းကတ် ဈေး နှုန်းနှင့်ပတ်သက်၍ ပထမအကြိမ်

အမျိုးသမီးတွေ ဘာကြောင့် ငရုပ်သီးမှုန့်နဲ့ ဓား ဆောင်နေကြတာလဲ

အိန္ဒိယနိုင်ငံ မွန်ဘိုင်းက အမျိုးသမီးတွေကို မုဒိန်းကောင်တွေရဲ့ အန္တရာယ်ပေးမှုက ခုခံကာကွယ်နိုင်
အောင် ငရုပ်သီးမှုန့်နဲ့ ဓားတွေ ဆောင်ထားဖို့ အိန္ဒိယနိုင်ငံက နိုင်ငံရေး ပါတီကြီးတခုက ဝေငှပေးဝေနေပါ တယ်။ 

 ဓာတ်ပုံ-The Times of India

နေ့ခင်းကြောင်တောင် ရန်ကုန်မြို့လယ်ခေါင် တစ္ဆေခြောက်ခံရခြင်း

ရေးသားသူ- သတင်းအဖွဲ့

“သင်္ချိုင်းစောင့်စံအိမ်”၊ “သုသာန်စောင့်မဖဲဝါ”၊ “သရဲမလင်”၊ “တစ်နပ်စားခင်မှုန်”၊ “ခြတောင်ပို့ဖြို၍ ကြမ္မာဆိုးနှင့်

သေကြသူများ”၊ “၀က်မိစာ”၊ “အမေကို ပစ်မှားတဲ့ဘီလူးဝင်စားသား”၊ “မကျွတ်မလွတ်ကျော်မမ”၊ “လက်ပြတ်ဝင်စား မလှရီ”

မြန်မာ ဗီဒီယိုဈေးကွက် ဗဟိုချက်ဖြစ်သော ရန်ကုန်မြို့လယ် ၃၅ လမ်းနှင့် ၃၆ လမ်းရှိ ဗီဒီယိုလုပ်ငန်းများတွင် ကြော်ငြာထားသော ဇာတ်ကားဆိုင်းဘုတ်အမည်များဖြစ်၏။

လယ်သမားများ အကြွေးဆပ်နိုင်ရန် ထမင်းတစ်နပ်လျှော့စားသင့်ကြောင်း လယ်ဆည်ဝန်ကြီး အကြံပြု


လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးမြင့်လှိုင်က အကြွေးကင်းအောင် နေထိုင် နည်းကို မျှဝေရင်း လယ်သမားများ အကြွေးဆပ်ရန် တစ်ရက်လျှင်ထမင်းတစ်နပ် လျှော့စားသင့်ေ ကြာင်း ဓနုဖြူမြို့နယ်၌ လယ်သမားများနှင့် တွေ့ဆုံပွဲတွင် ပြောခဲ့ကြားသည်။

မော်ဒယ် သရုပ်ဆောင် ချမ်းမီမီကို(ဓါတ်ပုံ)


ဦးဆန်းဆင့် သာသနာရေးဝန်ကြီး ရာထူးလက်ခံရန် မသေချာ


သာသနာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ရာထူးအား လက်ခံရန်ကိစ္စကို ပြည်သူများ၏ ဆန္ဒသဘောထားအတိုင်းသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၀န် ကြီးခန့်အပ်ရန် အဆိုတင်သွင်းခံ ရသူ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကပြောသည်။

ဦးဆန်းဆင့်ကို သာသနာရေး ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ပါက လွှတ်တော်အတွက် ဆုံးရှုံးဟုဆို

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီးအဖြစ် ခန့်အပ်ရန်
စီစဉ်ခြင်းသည် လွှတ်တော်အတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပေါ်စေကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်
စားလှယ်အချို့က ပြောသည်။

ကုလငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် မြန်မာရဲများ၌အရည်အချင်းပြည့်မီသူမရှိသေး



ကုလသမဂ္ဂလက်အောက်ရှိ ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တစ်ဖွဲ့အား ခေါ်ယူခဲ့သော်လည်း သတ်မှတ်ထားသော အရည်အချင်းပြည့်မီသူမရှိသဖြင့် စေလွှတ်နိုင်ခဲ့ခြင်းမရှိ
ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ စီမံရေးနှင့် လေ့ကျင့်ရေးညွှန်ကြားရေးမှူး ရဲမှူးကြီးဝင်းခေါင်

၂၀၁၂ အတွင်း လူသတ်မှုနှင့်မုဒိမ်းမှု အများဆုံးဖြစ်


မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အမှုကြီး ၁၀ မျိုးတွင် လူသတ်မှုနှင့်မုဒိမ်းမှုမှာ ယခင်နှစ်များကဲ့သို့ အများဆုံးဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အမှုကြီး ၁၀ မျိုး စုစုပေါင်း ၂၃၁၈ မှုဖြစ်ပွားခဲ့ရာတွင် လူသတ်မှု ၁၃၂၃၊ မုဒိမ်းမှု ၆၅၄ ရှိပြီး၊ ကျန်အမှုကြီးများထက် ထိုနှစ်မျိုးက လွန်စွာများပြားခဲ့သည်။

လိုင်ဇာ လမ်းလျှောက်အဖွဲ့ကို မိုးထိမိုးမိ ကိစ္စလို မဖြစ်စေရဟု တောင်ငူ ရဲမှူး ကတိပေး

ရန်ကုန် (မဇ္ဈိမ)။   ။ ငြိမ်းချမ်းရေး လိုလားသော လမ်းလျှောက်လူငယ်များအဖွဲ့အား မိုးထိမိုးမိ ရွှေလုပ်သားများ လမ်းလျှောက်ဆန္ဒပြခဲ့စဉ်ကကဲ့သို့ ဖြိုခွဲမည်မဟုတ်ကြောင်း တောင်ငူခရိုင် ရဲမှူးဦးဇော်မင်း က ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကတိပေးခဲ့ကြောင်း လမ်းလျှောက်အဖွဲ့က ပြောသည်။

Myanmar Times အင်္ဂလိပ်အယ်ဒီတာချုပ် ဒန်ကလေ တရားစွဲခံရ

 မြန်မာတိုင်းမ်စ် ဂျာနယ် အင်္ဂလိပ်ပိုင်း အယ်ဒီတာချုပ် Ross Dunkley.
အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ထုတ်ဝေနေတဲ့ မြန်မာတိုမ်းဂျာနယ်ရဲ့ အင်္ဂလိပ်ဘာသာ အယ်ဒီတာချုပ် မစ်စတာ ရော့စ်ဒန်ကလီကို Myanmar Consolidated ကုမ္ပဏီရဲ့ ဒါရိုက်တာက ကိုယ်ထိလက်ရောက် ကျူးလွန်မှုအပါအ၀င် ပုဒ်မ နှစ်ခုနဲ့ ကျောက်တံတား ရဲစခန်းမှာ မနေ့ကပဲ

နိုင်ငံရေးပြဿနာရဲ့ အန္တရာယ် အီဂျစ်စစ်တပ် သတိပေး

 အီဂျစ်နိုင်ငံမှာ ဆန္ဒပြမှု ဆက်လက်ဖြစ်ပွား
အီဂျစ်နိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ အဓိကရုဏ်းတွေကြောင့် နိုင်ငံပြုကွဲသွား နိုင်တယ်လို့ အီဂျစ်စစ်တပ် အကြီးအကဲ က သတိပေးလိုက်ပါတယ်။

အီဂျစ်ကာကွယ်ရေးဝန်ကြီး အဘ္ဘဒယ်လ် ဖါတာ အယ်လ်ဆစ်ဆီ (Abdel-Fattah el-Sissi) က စစ်တက္ကသိုလ် ဗိုလ်လောင်းတွေကို အင်္ဂါနေ့က မိန့်ခွန်းပြောကြားရာမှာ အဲဒီလို ထည့်သွင်းပြောဆို သွား တာပါ။

ကချင်ပဋိပက္ခ UWSA ကြားဝင်စေ့စပ်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ အစိုးရအကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းသွားစေဖို့အတွက် နှစ်ဘက်တွေ့ဆုံဆွေးနွေးပွဲတွေကို ၀ နယ်မြေတွင်းမှာ ပြုလုပ်ဖို့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဖိတ်ခေါ်ထားတာကို KIO ဘက်က

Tuesday, January 29, 2013

“ပွဲဦးထွက်အယ်လ်ဘမ်ဖြင့် ကမ္ဘာ့ဂီတ Top Ten ၀င်နိုင်ချေရှိနေသူ နိုင်ငံ့ဂုဏ်ဆောင် ချင်းတိုင်းရင်းသူလေး Milla Hniang နှင့် ပေါ်ပြူလာ အင်တာဗျူး”

သူ၏နာမည် အပြည့်အစုံက Milla Dawt Hniang ဖြစ်ပြီး အသက် ၂၂ နှစ်ရှိ ချင်းတိုင်းရင်းသူတစ်ဦးဖြစ်ရာ ယခုအခါ အမေရိကန် ပြည်ထောင်စု ကိုလံဘီယာစီမံကိန်းမြို့၊ မေရီလန်းပြည်နယ် (Maryland)တွင် နေထိုင်သူဖြစ်သည်။ အဆိုတော်တစ်ဦးဖြစ်သလို သီချင်းလည်းရေးပါသည်။ တစ်ကိုယ်တည်းသီဆိုထားသည့်

ခိုးဝင်လာသော ရိုဟင်ဂျာများကို လက်မခံဘဲ နှင်ထုတ်သွားမည်ဟု ထိုင်းအစိုးရပြော


ထိုင်းအစိုးရသည် နိုင်ငံတွင်းသို့  အိမ်နီးချင်းမြန်မာနိုင်ငံမှ ရိုဟင်ဂျာများ ခိုးဝင်လာမှု အထူးများပြားလာသောကြောင့် နောက်ထပ် လှေဖြင့်ခိုးဝင်လာသော ရိုဟင်ဂျာများကို အခြေချခွင့်မပေးဘဲ နှင်ထုတ်သွားမည်ဟု အစိုးရထိပ်တန်းအရာရှိကြီးတစ်ဦးက ပြောကြားလိုက်သည်။

Myanmar Times ရှယ်ယာရှင်များ ကွဲပြီလား

 
 အမျိုးသမီး တစ်ယောက်ကို ထိုးကြိတ်မှု့ဖြင့် တရားစွဲခံခဲ့ရဖူးသည့် မစ္စတာ ရော့စ် ဒန်ကလေ အားတွေ့ရစဉ်

အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေနေသော The Myanmar Times အပတ်စဉ် သတင်းဂျာနယ်၏ အုပ်ချုပ်ရေးမှူး အဆင့်များနှင့် ရှယ်ယာ ပိုင်ဆိုင်ထားသူများ အပြန်အလှန် လူသိရှင်ကြား ပြဿနာ ဖြစ်ပွားခဲ့ကြသောကြောင့် နေ့စဉ်သတင်းစာ ထုတ်ဝေမည့် ကိစ္စ မတိုင်မီ ရှယ်ယာခွဲဝေမှုများ ဖြစ်လာမည်လားဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။

သပိတ်စခန်း ဖြိုခွဲခံရမှု ၂ လပြည့် ဒေသခံ ၂၀၀၀ ချီတက် ဆန္ဒပြ


လက်ပန်းတောင်းတောင်ဒေသ က ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြနေတဲ့ သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွဲခံရမှု ၂ လပြည့် အထိမ်းအမှတ်အနေနဲ့ ဒေသခံအင်အား ၂ ထောင်ကျော်ဟာ တုံရွာသပိတ်စခန်း ကနေ ညောင်ပင်ကြီးဆိပ်ကမ်းအထိ ဒီကနေ့လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့ကြပြီး၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးကို အဓိကထား တောင်းဆိုခဲ့တယ်လို့ အဲဒီဆန္ဒပြပွဲမှာပါဝင်တဲ့ တောကျောင်းကျေးရွာ မှ ဒေသခံ ဦးမြင့်ဌေးက RFA ကို ပြောပါတယ်။

တိုက်လေယာဉ်ဝယ် ထားပါတယ်ဆိုမှ စစ်တိုက်ဖို့ဝယ် မှာပေါ့။စစ်တိုက်စရာမရှိရင် လူ တင်လေယာဉ်တွေပဲဝယ်ပြီး ပိုက် ဆံရှာမှာပေါ့ ဟု ဦးအောင်သိန်းလင်း ပြော

ကချင်တိုက်ပွဲတွင်း တိုက်လေယာဉ်အသုံးပြုခြင်းနှင့် ပတ်သက်၍အမေရိကန် ၏ပြောဆိုမှုက အဓိပ္ပာယ်မရှိကြောင်းဦးအောင်သိန်းလင်းပြော
=================================================

မြန်မာအစိုးရတပ်မတော်နှင့် KIA,KIO တို့ကြား ဖြစ်ပွားလျက် ရှိသော တိုက်ပွဲများအတွင်း မြန်မာ့ တပ်မတော်ဘက်မှ တိုက်လေယာဉ် များအသုံးပြုထိုးစစ်ဆင်ခဲ့ခြင်းအား အမေရိကန်အစိုးရနှင့်ကုလသမဂ္ဂ တို့မှ အသုံးမပြုသင့်ကြောင်း ဝေဖန်ပြောဆိုခဲ့ခြင်းမှာ အဓိပ္ပာယ် လုံးဝမရှိကြောင်းနှင့်ပြည်တွင်းရေး ကို ၀င်စွက်ဖက်ခြင်းသာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲ ရေးနှင့်ခေတ်မီဖွံ့ဖြိုးမှုစီစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်း လင်းက Hot News သတင်း ထောက်နှင့်တွေ့ဆုံစဉ်ပြောကြား သွားခဲ့သည်။

ဝ'တပ်ဖွဲ့၏ ဖိတ်ခေါ်မှု KIO လက်ခံကြောင်း ပြန်ကြား


ချင်းမိုင်(မဇ္စျိမ)။   ။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးရန် ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၏ ဖိတ်ခေါ်ချက်ကို KIO ဘက်မှ လက်ခံကြောင်း အင်္ဂါနေ့တွင် အကြောင်းပြန်ခဲ့သည်ဟု UWSA ပြောရေးဆိုခွင့်ရသူ ဦးအောင်မြင့် က ပြောသည်။  

ကေအိုင်အေတို့၏ ခံစစ်စခန်းများကို မြန်မာ့တပ်မတော် ဘယ်လို တိုက်ခဲ့သလဲ


မြန်မာ့ တပ်မတော်သားများ အဖို့ စခန်းသိမ်းတိုက်ပွဲဆိုသည်နှင့် အရင်ဆုံး ပြန်လည် မြင်ယောင်ကြသည်မှာ ထိုင်း-မြန်မာ နယ်စပ်တွင် အိုမီဂါပုံ ၊ သို့မဟုတ် ပုလင်းခွံ တစ်လုံးပုံကဲ့သို့ အ၀င် တစ်ပေါက်သာ ရှိသည့် စခန်းများကို သိမ်းယူနိုင်ခဲ့သည့် တိုက်ပွဲများ ပင်ဖြစ်သည်။ အဆိုပါ စခန်းများသည် နိုင်ငံခြားသားများ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ပြီး