Saturday, March 23, 2013

ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည် စခန်းတွင် မီးလောင်ကျွမ်းမှုကြောင့် လူ ၄၂ ဦး သေဆုံး


ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြန်မာဒုက္ခသည်များ နေထိုင်ရာ စခန်းတစ်ခုတွင် မတ် ၂၂ ရက်နေ့က မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ရာလူ ၄၂ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ပြည်ထဲရေး ၀န်ကြီး ဌာနမှ အရာရှိများက ပြောကြားခဲ့သည်။

ယနေ့ မတ်လ ၂၃ ရက်နေ့ နံနက် မိတ္ထီလာမြို့မြင်ကွင်း

ယနေ့ မတ်လ ၂၃ ရက်နေ့ မိတ္ထီလာမြို့၏ လက်ရှိအခြေ အနေမှာ ပြန်လည် တည်ငြိမ်နေ ပြီဖြစ်ပြီး ဒေသ ဆိုင်ရာအာဏာပိုင်များနှင့် တပ်မတော်သားများ အနေဖြင့် ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာ ချထားပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
From......Eleven 

မိတ္ထီလာတွင် ကယ်ဆယ်ထောက်ပံရေး စတင်

ရွှေအရောင်းအဝယ်ပြုရာမှ ပဠိပက္ခများ ဖြစ်ပေါခဲ့သော မိတ္ထီလာမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၂၁ ကျောင်းတွင် ဒုက္ခသည် ၄၅၀၀ ကျော်နင့် ခရိုင်အားကစားကွင်းရှိ ဒုက္ခသည် ၂၀၀၀ ခန့်ကို ကယ် ဆယ်ထောက်ပံ ရေးလုပ်ငန်းများ ကိုဆောင်ရွက်ရန် သံင်္ယာတော်များ ၊ဒေသအာဏာ ပိုင်များနင့် မြိုခံလူမှုရေး အဖွဲအစည်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း မိတ္ထီလာမြို့ခံ The Voice Weekly သတင်းထောက်က သတင်းပေးပိုသည်။

မီဒီယာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်မည်

မီဒီယာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်မည်
Saturday,, March 23, 2013

သင်္ကြန်အပြီး လွှတ်တော် အစည်းအဝေးပြန်စလျှင် မီဒီယာ ဥပဒေကြမ်း
အပြီးသတ်ကို ပြည် သူ့လွှတ်တော်သို့ တင်ပြသွားမည် ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင် စီ (ယာယီ)မှ တာဝန်ရှိသူတစ်ဦး ထံက သိရသည်။

မီဒီယာဥပဒေကြမ်းကို သင်္ကြန်မရောက်မီကာလ မတ်လ ၂၄ ရက်နေ့
တွင် အချောသတ် ရေးဆွဲမည်ဖြစ်ကြောင်း၊ အချော သတ်ထွက်ရှိလာ
မည့် ဥပဒေကြမ်း သည် မီဒီယာသမားများ၏ အခွင့် အရေးနှင့် တာဝန်
သိမှုများပါဝင် ရန် ထည့်သွင်းဖော်ပြထားကြောင်း၊ ဥပဒေဆိုသည်မှာ ကာကွယ်ပေး ရန် တစ်ခုတည်းမဟုတ်ဘဲ၊ တာဝန်နှင့် အခွင့်အရေးနှစ်ခုတွဲ ပါကြောင်း၊ ထိုသဘောကို နား လည်ရန်လိုကြောင်း၊ သတင်း သမားများအား တာဝန်ပေးရန် နှင့် တာဝန်ထမ်းရန်လည်းပါ ကြောင်း၊ ဥပဒေကို ချိုးဖောက် လျှင် ပေးမည့်ပြစ်ဒဏ်လည်း ပါကောင်းပါနိုင်မည်ဖြစ်ကြောင်း၊ဥပဒေမူကြမ်း
ကို လွှတ်တော်ရေး ရာတာဝန်ရှိသူများ၊ ဥပဒေအရာ ရှိများနှင့် တိုင်ပင်ပြီးမှ အချော သတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဥပဒေမူကြမ်း၏ အခန်းတိုင်း
တွင် ဝေါဟာရများ စကားလုံးများအား ပြင်ဆင်မှုပြုလုပ်ထားကြောင်း သိရသည်။

မီဒီယာဥပဒေကြမ်းကို လွှတ်တော်သို့တင်မည့်အချိန်နှင့် ပုဂ္ဂလိက သတင်းစာများ ထုတ် ဝေမည့်အချိန်သည် နီးကပ်နေရာ မီဒီယာ
ဥပဒေထွက်ပြီးမှ သတင်း စာထုတ်ဝေခြင်းက ပိုမိုကောင်း မွန်မည်
ထင်ကြောင်း မီဒီယာ သမားများက ပြောဆိုနေကြ ကြောင်း သိရ
သည်။

အောင်ကောင်းစည်
Myanmar News Update သင်္ကြန်အပြီး လွှတ်တော် အစည်းအဝေးပြန်စလျှင် မီဒီယာ ဥပဒေကြမ်း အပြီးသတ်ကို ပြည် သူ့လွှတ်တော်သို့ တင်ပြသွားမည် ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ တာဝန်ရှိသူတစ်ဦး ထံက သိရသည်။
မီဒီယာဥပဒေကြမ်းကို သင်္ကြန်မရောက်မီကာလ မတ်လ ၂၄ ရက်နေ့တွင်

မိတ္ထီလာ ၂၃.၃.၂၀၁၃ နံနက် ၁၀နာရီ ၁၅မိနစ်


မိတ္ထီလာမြို့တွင် အမှတ် (၁)ရဲစခန်းဝင်းနှင့် ခရိုင် ဘောလုံးကွင်းအတွင်းတွင် ကယ်ဆယ်ရေးစခန်း (၂) ခုသို့ နေပြည်တော်၊မန္တလေး၊မိတ္ထီလာတို့မှ အထူးကုဆရာဝန်ကြီးများ လက်ထောက်ဆရာဝန်များ ဦးဆောင်သော ဝန်ထမ်းဆရာဝန်အဖွဲ့များမှ ကျန်းမာရေးစောင့်ရှောက်ကုသမှုများကို ယနေ့နံနက် ၁၀နာရီမှ စတင်ပြုလုပ်ပေးနေပြီး။

နိုင်ငံတကာ မူးယစ်ဂိုဏ်းအဖွဲ့ဝင် ၃၀ နီးပါး သြစတြေးလျမှာ ဖမ်းမိ

Photo: နိုင်ငံတကာ မူးယစ်ဂိုဏ်းအဖွဲ့ဝင် ၃၀ နီးပါး သြစတြေးလျမှာ ဖမ်းမိ 

မတ်လ ၂၃ ရက်၊ ၂၀၁၃ 

နိုင်ငံတကာ မူးယစ်ဆေးဝါးဂိုဏ်း အဖွဲ့ဝင် ၂ ဒါဇင်ကျော်ကို ဖမ်းဆီးလိုက်တယ်လို့ သြစတေးလျ ရဲတပ်ဖွဲ့က သောကြာ နေ့မှာ ပြောပါတယ်။ 

Melbourne မြို့ဝန်းကျင်မှာ မသင်္ကာသူ ၂၇ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာပါ။ ဒီမူးယစ်ဂိုဏ်းရဲ့ လုပ်ငန်းတွေဟာ တရုတ်၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတွေအထိ ရောက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

မူးယစ်ဂိုဏ်းအဖွဲ့ဝင်တွေထံက မူးယစ်ဆေးဝါးတွေ၊ Lamborghini ပြိုင်ကား၊ လက်ကိုင်အိတ်တွေနဲ့ အိမ်ယာမြေတွေ အပါ အ၀င် အမေရိကန်ဒေါ်လာ ၁၀ သန်းနဲ့ညီမျှတဲ့ ပိုင်ဆိုင်မှုတွေကို မနှစ်က ဖမ်းဆီး ရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

အခု ဖမ်းခံထားရတဲ့ မသင်္ကာသူတွေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မူးယစ်ဆေးဝါး ဖြန့်ချိ ရောင်းချမှုတွေနဲ့ အဲဒီ မူးယစ်ဆေးရောင်းပြီးရတဲ့ အမြတ်အစွန်းတွေကို ငွေဖြူပြန်ဖြစ်အောင် လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံ ထားရတာ ဖြစ်ပါတယ်။ 

ဒီဖမ်းဆီးမှုဟာ ရာဇ၀တ်လုပ်ငန်းက ရရှိတဲ့ ချမ်းသာကြွယ်ဝမှုတွေကို အာဏာပိုင်တွေအနေနဲ့ ပြန်လည် သိမ်းပိုက်လိုက် နိုင်တယ်ဆိုတာ ပြသလိုက်တာပဲလို့ သြစတေးလျ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

VOA 

မူးယစ်ဂိုက်းအားဖမ်းဆီးစဉ် သိမ်းဆည်းရခဲ့သော အမျိုးအစား Lamborghini ကား။ (ဓါတ်ပုံ) နိုင်ငံတကာ မူးယစ်ဆေးဝါးဂိုဏ်း အဖွဲ့ဝင် ၂ ဒါဇင်ကျော်ကို ဖမ်းဆီး လိုက် တယ်လို့ သြစတေးလျ ရဲတပ်ဖွဲ့က သောကြာ နေ့ မှာ ပြော ပါတယ်။
Melbourne မြို့ဝန်းကျင်မှာ မသင်္ကာသူ ၂၇ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်တာပါ။ ဒီမူးယစ်ဂိုဏ်းရဲ့လုပ်ငန်းတွေဟာ တရုတ်၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတွေအထိ ရောက်တယ်လို့တာဝန်ရှိ သူတွေက ပြောပါတယ်။

မိတ္ထီလာ အဓိကရုဏ်း နောက်ဆုံးရသတင်း

Photo: မိတ္ထီလာ အဓိကရုဏ်း နောက်ဆုံးရသတင်း 

"အဓိကရုဏ်းဖြစ်စဉ်အတွင်း ဖမ်းဆီးထားသူ ၅၃ ဦးရှိပြီဖြစ်"

မတ်လ ၂၀ ရက်နေ့ကနေ မတ်လ ၂၃ ရက်နေ့အထိ လေးရက်အတွင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းဖြစ်စဉ်တွေမှာ မသင်္ကာသူ ၅၃ ဦးကို မိတ္ထီလာမြို့နယ်အတွင်းက သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့စခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှုးရုံးက ရဲအရာရှိတစ်ဦးက RFA ကိုဒီကနေ့ မနက်မှာ အတည်ပြုပြောကြားပါတယ်။

ရဲစခန်းတွေမှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ လူ ၅၃ ဦးအထဲမှာ မိတ္ထီလာမြို့ကမဟုတ်ဘဲ အနီးအနားမြို့တွေက ဒေသခံ တွေပါဝင်တယ်လို့လဲ အဲဒီအရာရှိက ပြောပါတယ်။

မိတ္ထီလာမြို့တွင်းမှာ ပစ္စည်းများကိုင်ဆောင် သွားလာနေတဲ့ မင်္သကာဖွယ်သူအချို့ကို အဓိကရုဏ်းစတင်ဖြစ်ပွားရာ မတ်လ ၂၀ ရက်နေ့ကတည်းက စတင် 
ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

မနေ့က မတ်လ ၂၂ ရက်နေ့နေ့လယ်က စပြီး အဓိကရုဏ်းတွေ အဓိက ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့နယ် အမှတ်(၂)ရဲစခန်းနယ်မြေအတွင်းမှာ ယာယီစစ်ဆေးရေးဂိတ်တွေဖွင့်လှစ်ပြီး တုတ်၊ဓားကိုင်ဆောင်ပြီး မိတ္ထီလာမြို့တွင်း သွားလာနေသူအချို့မှာပါရှိတဲ့ တုတ်တွေ၊ဓားတွေကို သိမ်းဆည်းခဲ့တယ်လို့ မိတ္ထီလာ အမှတ်(၂)ရဲစခန်းက တာဝန်ရှိသူက RFA ကို မတ်လ ၂၂ ရက်နေ့ညနေက ပြောပါတယ်။ "အဓိကရုဏ်းဖြစ်စဉ်အတွင်း ဖမ်းဆီးထားသူ ၅၃ ဦးရှိပြီဖြစ်"
မတ်လ ၂၀ ရက်နေ့ကနေ မတ်လ ၂၃ ရက်နေ့အထိ လေးရက်အတွင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းဖြစ်စဉ်တွေမှာ မသင်္ကာသူ ၅၃ ဦးကို မိတ္ထီလာမြို့နယ်အတွင်းက သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့ စခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မိတ္ထီလာ ခရိုင်ရဲ တပ်ဖွဲ့မှုးရုံးကရဲအရာရှိတစ်ဦးက RFA ကိုဒီကနေ့ မနက်မှာ အတည်ပြုပြော ကြားပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘာသာရေး အဓိကရုဏ်းအသွင် သတင်းများမှာ ကောလာဟလ များသာဖြစ်ပြီး ကူးစက်မှု မဖြစ်စေရန် ကြိုတင်စီမံထားသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူ ပြောကြား


မိတ္ထီလာခရိုင်အတွင်းလက်ရှိ ဖြစ်ပွားနေသောဘာသာရေးအဓိကရုဏ်း ဖြစ်စဉ်များနှင့်ဆက်စပ်၍ ရန်ကုန် တိုင်း ဒေသကြီးအတွင်း လတ်တလောထွက်ပေါ်နေသော သတင်းများမှာ ကောလာဟလများ သာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မိတ္ထီလာခရိုင်မှအဓိကရုဏ်းအသွင်များကူးစက်မှု မရှိစေရန် ကြိုတင်စီမံ ထားကာ လုံခြုံရေးအင်အားကိုတိုးမြှင့်ချထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး သက်လွင်က ပြောသည်။

မိတ္ထီလာ ၂၃.၃.၂၀၁၃ နံနက် ၈နာရီ အခြေအနေ



ယခင်ရက်များက ပိတ်ထားသော ဈေးဆိုင်ခန်းအချို့ ယနေ့ပြန်လည်ဖွင့်လှစ်ရောင်းချလျှက်ရှိပါသည်။ ဒုတ် ဓါး လက်နက်များ ကိုင်ဆောင်၍သွားလာနေသူများ မတွေ့ရှိရတော့ပါ။ ပုဒ်မ၁၄၄ ထုတ်ပြန်ထားကြောင်း မြို့တွင်းတွင် ကြေငြာနေလျှက်ရှိပါသည်။

ကရင်နီဒုက္ခသည် စခန်း မီးလောင်မှုကြောင့် လူ၃၀ကျော်သေဆုံး

မယ်ဟောင်ဆောင် ကရင်နီ ဒုက္ခသည်စခန်း ၂ မှာ အိမ်ခြေ ၆၀၀ ကျော်လောက်ရှိ။
ထိုင်းမြန်မာ နယ်စပ် မယ်ဟောင်ဆောင် မြို့နယ်က ကရင်နီ ဒုက္ခသည်စ ခန်း အမှတ်၂ရဲ့ ရပ်ကွက် ၁နဲ့ ၄မှာ မနေ့ညနေပိုင်းက မီးလောင်မှု ဖြစ်ခဲ့ရာ မှာ လူ၃၀ ကျော် သေဆုံးပြီး အိမ်ခြေ၄၀၀ကျော် မီးထဲ ပါသွားတယ်လို့ သိရပါတယ်။

ဘာလင် အိုလံပစ်အားကစားရုံတွင် ရဟတ်ယာဉ် မတော်တဆမှုဖြစ်ပွား

Photo: ဘာလင် အိုလံပစ်အားကစားရုံတွင် ရဟတ်ယာဉ် မတော်တဆမှုဖြစ်ပွား
Saturday,, March 23, 2013

ကြာသပတေးနေ့ မနက်ပိုင်းက ရဲတပ်ဖွဲ့ပိုင် ရဟတ်ယာဉ် နှစ်စင်းသည်
လေထဲ ပျံဝဲနေရင်း မတော်တဆ တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ရဲများက ဆိုသည်။ ဖြစ်စဉ်အတွင်း ရဟတ်ယာဉ် တစ်စင်း၏ ပိုင်းလော့မှ သေဆုံး
သွားခဲ့ကြောင်းလည်း သိရသည်။ 

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ အိုလံပစ် အားကစားရုံတွင် ရဟတ်ယာဉ်နှစ်စင်း တိုက်မိ၍ ပျက်ကျရာ လေယာဉ်မှူး တစ်ဦး သေဆုံးသွားကြောင်း သိရှိရသည်။
ကြာသပတေးနေ့ မနက်ပိုင်းက ရဲတပ်ဖွဲ့ပိုင် ရဟတ်ယာဉ် နှစ်စင်းသည် လေ
ထဲ ပျံဝဲနေရင်း မတော်တဆ တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ရဲများက ဆိုသည်။

ဖြစ်စဉ်အတွင်း ရဟတ်ယာဉ် တစ်စင်း၏ ပိုင်းလော့မှ သေဆုံးသွားခဲ့ကြောင်း
လည်း သိရသည်။ နောက်ထပ် ဆိုးရွားစွာ ဒဏ်ရာရသူ (၂)ယောက်ရှိပြီး အခြားသူများမှာမူ အတန်ငယ် ထိခိုက်မှုများ ရှိခဲ့ကြကြောင်း ရဲတပ်ဖွဲ့က
ပြောကြားခဲ့သည်။ ရဟတ်ယာဉ်နှစ်စင်း လေထဲတွင် ရှိနေစဉ် ဒလက်များ အပြန်အလှန် ထိခိုက် ငြိမိခဲ့ရာမှ ပျက်ကျခြင်းဟု ဆိုသည်။

ထိုနှစ်စင်းစလုံး ထိုအချိန်တွင် မြေပေါ် ဆင်းသက်နေဆဲဖြစ်ပြီး ယင်းအနေအထား၌ ချိတ်မိသွားခြင်းဟု ဂျာမန်ရဲတပ်ဖွဲ့ ပြောရေး
ဆိုခွင့်ရ အရာရှိ မိုက်ခ်ဂွာရာက ပြောကြားခဲ့သည်။ ထိုဖြစ်စဉ် အပြီး
တွင် ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံများသို့ အလျင်အမြန် တင်ပို့ခဲ့ကြောင်းလည်း သိရသည်။ 

ရဲတပ်ဖွဲ့သည် ရဟတ်ယာဉ်နှစ်စင်း အဘယ်ကြောင့် နီးကပ်စွာ ဆင်းသက်ဖြစ်ခဲ့ကြောင်းကို ဖော်ထုတ်ရန် ကြိုးစားနေသလို လက်ရှိ အနေအထားတွင် ရဟတ်ယာဉ် ပျက်ကျသည့် အခြေအနေ အသေး
စိတ်ကို စုံစမ်းနေဆဲဟု သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network ကြာသပတေးနေ့ မနက်ပိုင်းက ရဲတပ်ဖွဲ့ပိုင် ရဟတ်ယာဉ် နှစ်စင်း သည်  လေထဲ ပျံဝဲနေရင်း မတော်တဆ တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ရဲများ က ဆိုသည်။ ဖြစ်စဉ်အတွင်း ရဟတ်ယာဉ်တစ်စင်း၏ ပိုင်းလော့မှ သေ ဆုံးသွားခဲ့ကြောင်းလည်း သိရသည်။
ဂျာမနီနိုင်ငံ၊ဘာလင်မြို့ရှိ အိုလံပစ်အားကစားရုံတွင် ရဟတ်ယာဉ်နှစ်စင်း တိုက်မိ၍ပျက်ကျရာ လေယာဉ်မှူးတစ်ဦး သေဆုံးသွားကြောင်း သိရှိ ရသည်။

မိတ္ထီလာ နံနက် ၆း၀၀နာရီ am အချိန်နှင့်နောက်ဆုံးအခြေအနေများ


ညပိုင်း နန်တော်ကုန်းဗလီနောက် ပုံးအောင်းနေကြသူများကို ကားများနှင့်ခေါ်ထုတ်။ရပ်ကွက်အတွင်းရှိ အိမ်များအတွင်း ပုံးအောင်နေသူများကို ရှာဖွယ်ကယ်ဆယ်။

Friday, March 22, 2013

၂၀၁၂-၂၀၁၃ တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၁၅၀၀၀ ခန့် ပျက်ကွက်

Photo: ၂၀၁၂-၂၀၁၃ တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ
၁၅၀၀၀ ခန့် ပျက်ကွက်
Friday, March 22, 2013

အောက်မြန်မာပြည်တွင် ၂၀၁၂-၂၀၁၃ နှစ်အတွက် တက္ကသိုလ် ၀င်တန်း ဖြေဆိုသူ စာရင်းရှိ ဦးရေ ၁၅၅၇၉၀တွင် လာရောက်မ
ဖြေသူ ၁၅၀၀၀ ကျော်ခန့် ရှိကြောင်းအမှတ်(၁) အခြေခံပညာ ဦးစီးဌာန အောက်မြန်မာပြည်မှ သိရသည်။

ယင်းကဲ့သို့ လာရောက် မဖြေဆိုသူများတွင် ဇီဝဗေဒဘာသာတွဲ
တွင် စာရင်းရှိ ၃၁၃၅၁တွင် ပျက်ကွက်သူ ၁၉၁၆ ဦး၊ ဘောဂဗေဒ ဘာသာတွဲတွင် စာရင်းရှိ ၁၂၄၂၉၀ တွင်ပျက်ကွက်သူ ၁၂၀၉၂ ဦး
ရှိပြီး ဝိဇ္ဇာတွဲ ဖြေဆိုရန် ပျက်ကွက်သူ ၂၁၁၂ဦးရှိကြောင်း သိရှိရ
သည်။

၂၀၁၁-၂၀၁၂နှစ်က အောက်မြန်မာပြည်တွင် စာရင်းရှိ ၁၅၁၁၉၆ ဦးတွင် ဖြေဆိုရန်ပျက်ကွက်သူ ၁၆၄၄၈ ဦး ရှိပြီး ပျက်ကွက်သူ ၉.၂ ရာခိုင်နှုန်းခန့်ရှိပြီး၂၀၁၂-၂၀၁၃ ပညာသင်နှစ်နှင့် နှိုင်းယှဉ်ပါက
ယခုနှစ်တွင် စာမေးပွဲလာရောက်မဖြေဆိုသူ ပိုများကြောင်း
သိရသည်။

အောက်မြန်မာပြည်တွင် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊
မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့ ပါဝင်ပြီး
ပဲခူးတိုင်းတွင် ပဲခူးတိုင်း အရှေ့နှင့် ပဲခူးတိုင်းအနောက်ဟူ၍
အုပ်စုနှစ်ခု ခွဲထားကြောင်း သိရသည်။

ရည်မွန်
The Myanma Ageအောက်မြန်မာပြည်တွင် ၂၀၁၂-၂၀၁၃ နှစ်အတွက် တက္ကသိုလ် ၀င်တန်း ဖြေဆိုသူ စာရင်းရှိ ဦးရေ ၁၅၅၇၉၀တွင် လာရောက်မ ဖြေသူ ၁၅၀၀၀ ကျော်ခန့်ရှိကြောင်းအမှတ်(၁) အခြေခံပညာ ဦးစီး ဌာန အောက်မြန်မာပြည်မှ သိရသည်။
ယင်းကဲ့သို့လာရောက် မဖြေဆိုသူများတွင် ဇီဝဗေဒဘာသာတွဲတွင် စာရင်းရှိ ၃၁၃၅၁တွင် ပျက်ကွက်သူ ၁၉၁၆ ဦး၊ ဘောဂဗေဒ ဘာသာ တွဲတွင် စာရင်းရှိ ၁၂၄၂၉၀ တွင်ပျက်ကွက်သူ ၁၂၀၉၂ ဦးရှိပြီး ဝိဇ္ဇာတွဲ ဖြေဆိုရန် ပျက်ကွက်သူ ၂၁၁၂ဦးရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံနေ အစ္စလမ်ဘာသာဝင်များ လုံခြုံရေးအတွက် သမ္မတထံ တိုင်ကြား

Photo: မြန်မာနိုင်ငံနေ အစ္စလမ်ဘာသာဝင်များ လုံခြုံရေးအတွက် သမ္မတထံ တိုင်ကြား
Friday, March 22, 2013

မြန်မာနိုင်ငံတွင်းတွင် နေထိုင်သော အစ္စလမ်ဘာသာဝင်များ၏ အသက်အိုးအိမ် လုံခြုံမှုနှင့် စိုးရိမ်သောကများ ကင်းဝေးစေရန် အတွက် တရားဥပဒေ၏ အကာအကွယ် ပြည့်ဝစွာ ဖြည့်စည်းပေးစေ လိုကြောင်း
မြန်မာ နိုင်ငံလုံးဆိုင်ရာ အစ္စလမ် ဘာသာရေးအဖွဲ့က မတ်လ ၂၁ ရက်နေ့
နေ့စွဲဖြင့် နိုင်ငံတော် သမ္မတထံ တိုင်ကြားစာ ပေးပို့ထားခဲ့သည်ဟု သိရသည်။

“အဓိကကတော့ နိုင်ငံတော် အေးချမ်းသာယာရေးကို လိုချင်တယ်။ ကျနော်တို့ လူနည်းစုတွေအပေါ်မှာ ဥပဒေရဲ့ အကာအကွယ် ထိထိရောက်ရောက် ရယူချင်တယ်။ ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာ
နိုင်ငံတော် သမ္မတနဲ့ တကွ တာဝန်ရှိသူတွေကို သိစေချင်လို့ စာတင်ရတာပါ” ဟု မြန်မာ မွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ်မှ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးတင်မောင်မောင်က ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလမ်ဘာသာရေး အဖွဲ့ကြီး၏ နိုင်ငံတော် သမ္မတထံ တင်ပြစာတွင် သာကေတ မြို့နယ်၌ ဖြစ်ပွားခဲ့သော ဖြစ်ရပ်များ၊ လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဘီးလင်းမြို့နယ်များတွင် ဖျက်ဆီးခံခဲ့ရသော အစ္စလမ် ဘုရားကျောင်းများနှင့် ဗလီများအကြောင်းကို ထည့်သွင်း
ဖော်ပြထားသည်ဟု သိရသည်။

နိုင်ငံတော် အစိုးရအနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လည်းကောင်း၊ တည်ဆဲ ဥပဒေများအရ လည်းကောင်း၊ နိုင်ငံတကာ ကျင့်ထုံးများအရ လည်းကောင်း လူနည်းစုများအား ဥပဒေနှင့် အညီ ပြည့်ဝသည့် အကာအကွယ်များ
ပြုပေးမည်ဟု ယုံကြည်မိပါကြောင်း ဖော်ပြထားသည်။

“အခု ကိစ္စတွေက စဉ်းစားရခက်တယ်။ ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်နေသလားလို့ သံသယဖြစ်မိတယ်။ ကျနော်တို့ အနေနဲ့ အားကိုးရာမဲ့ အခြေအနေကြုံတွေ့နေရတယ်။ ဘာသာရေး လူမှုရေးကို ခုတုံးလုပ်ပြီးတော့ ပဋိပက္ခဖြစ်အောင် ဖန်တီး လုပ်ဆောင်နေတာကို၊ နေရာတော်တော် များများမှာ ဥပဒေမဲ့ လုပ်နေတာကို ကျနော်တို့ တွေ့နေရတယ်။ ဒီလို ဖြစ်ရပ်တွေဟာ နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်လာမှာကိုလည်း ကျနော်တို့ ကြောက်ရွံ့နေပါတယ်” ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ မော်လ၀ီ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးကျော်စိုးက ဧရာဝတီကို ပြောသည်။

မတ်လ ၂၀ ရက်နေ့တွင် မိတ္ထီလာ မြို့မဈေးကြီးအတွင်း ရွှေအရောင်းအ၀ယ် ကိစ္စနှင့် ပတ်သတ်ပြီး ပဋိပက္ခစတင် ဖြစ်ပွားခဲ့ရာမှ ယနေ့ ၂၂ ရက်နေ့ ညနေပိုင်းအထိ ရရှိသော စာရင်းများအရ လူ ၉ ဦးအထိ သေဆုံးခဲ့ကာ အစ္စလမ် ဘာသာရေးဆိုင်ရာ အဆောက်အဦးများနှင့် လူနေရပ်ကွက်များ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

မိတ္ထီလာ အကြမ်းဖက်မှုများနှင့် ပတ်သတ်ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ၊ ရွှေဝါရောင် သံဃာတော်များ ကွန်ယက်၊  ဗမာ နိုင်ငံလုံးဆိုင်ရာ
ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်တို့ကလည်း လူမျိုးရေး ဘာသာရေး အသွင်ဆောင်သော ပဋိပက္ခများနှင့် အကြမ်းဖက်မှုများအတွက် ထိရောက်စွာ အရေးယူပေးရန် ကြေငြာချက်များ ထုတ်ပြန်ထားသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများကို အမြန်ဆုံး ထိန်းသိမ်းရန် မတ်လ ၂၀ ရက် နေ့က တိုက်တွန်း ပြောကြားထားသည်။

ယနေ့ ညနေပိုင်းတွင် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်၊ ၀မ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်၊ သာစည် မြို့နယ်များကို အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၃ ပုဒ်မခွဲ က အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီ ရယူရမည်ဖြစ်ကြောင်း
နိုင်ငံတော် သမ္မတရုံးမှ သတင်းထုတ်ပြန်ထားသည်။

ယင်းအရေးပေါ် အခြေအနေ ကြေညာပြီးနောက်တွင် မိတ္ထီလာ အနီးအနားရှိ တောထဲသို့ ထွက်ပြေးနေကြသော အစ္စလမ် ဘာသာဝင် ၁၅၀၀ ကျော်ကို လုံခြုံရေးများက ပြန်လည်ခေါ်ယူလာပြီး မိတ္ထီလာ ခရိုင် အားကစားကွင်းသို့ ပြောင်းရွှေ့ နေရာချထားကာ ကယ်ဆယ်ရေး စခန်း ဖွင့်ပေးထားမည် ဖြစ်ကြောင်း မိတ္ထီလာသို့ ရောက်ရှိနေသည့် ဧရာဝတီ သတင်းထောက်က ပြောသည်။

ဓာတ်ပုံ - မိတ္ထီလာမြို့တွင် မတ်လ ၂၂ ရက်နေ့က မီးလောင်နေသည့်
မြင်ကွင်း (တေဇလှိုင် / ဧရာဝတီ)

နန်းသီရိလွင်
ဧရာဝတီ မြန်မာနိုင်ငံတွင်းတွင် နေထိုင်သော အစ္စလမ်ဘာသာဝင်များ၏ အသက် အိုးအိမ် လုံခြုံမှုနှင့် စိုးရိမ်သောကများ ကင်းဝေးစေရန် အတွက် တရား ဥပဒေ၏ အကာအကွယ် ပြည့်ဝစွာ ဖြည့်စည်းပေးစေ လိုကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာ အစ္စလမ်ဘာသာရေးအဖွဲ့က မတ်လ ၂၁ ရက်နေ့နေ့စွဲဖြင့် နိုင်ငံတော် သမ္မတထံတိုင်ကြားစာ ပေးပို့ထား ခဲ့ သည်ဟုသိရ သည်။

ကရင်ပြည်နယ်ရှိ လယ်သမားများကို လယ်ယာလုပ်ခွင့် ရရှိရန် ပြန်လည်လျှောက်ခွင့်ပြု

Photo: ကရင်ပြည်နယ်ရှိ လယ်သမားများကို လယ်ယာလုပ်ခွင့် ရရှိရန် ပြန်လည်လျှောက်ခွင့်ပြု
Friday, March 22, 2013

ကရင်ပြည်နယ်အတွင်းရှိ လယ်သမားများအနေဖြင့် မိမိပိုင် လယ်ယာမြေများကို ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေးအတွက် ယခုနှစ် ဆန်းပိုင်းမှစ၍ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ လျှောက်လွှာများ သွားရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

၎င်းလျှောက်လွှာများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ တဆင့်ပြီးတဆင့် လျှောက်ထားကြခဲ့ရာ လက်ရှိ လျှောက်လွှာလာတင်သူမှာ ၁၀၀ဦးကျော်ရှိလာပြီး
ကျေးရွာအုပ်ချုပ်ရေးမှူးများက နိုင်ငံတော်၏ အထက်တာဝန်ရှိသူများ
ထံသို့ တင်ပေးသွားမည်ဟု သိရကြောင်း ဒေသခံလယ်သမားများက
ပြောဆိုနေကြသည်။

ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စောတာမိုက်က “ကျနော်တို့ကို အထက်က မြို့နယ်ရုံးက ညွန်ကြားလို့ အခုလို လုပ်ပေးရတာပါ။ သူတို့ ညွန်ကြားချက်များအရဆိုရင် တနိုင်ငံလုံးပဲလို့ သိရပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဒေသခံလယ်သမားများသည် ပြေစာပေါက်သည့် လယ်မြေများကို ပြန်လည် လုပ်ကိုင်ခွင့်ရရှိရေး အပါအ၀င် ၂၀၁၀ခုနှစ်မတိုင် ခင်ကာလက အသိမ်းခံ လယ်မြေများနှင့် အကြောင်းအမျိုးမျိုးကြောင့် ရောင်းခဲ့ရသည့် လယ်မြေ များကို ပြန်လည်လုပ်ကိုင်ခွင့်ရရှိ ရန် လုပ်ဆောင်နေခြင်းဖြစ်သည် ဟု စောတာမိုက်က ဆိုသည်။

ယင်းသို့ လုပ်ဆောင်ရာတွင် လယ်သမားများဘက်က လျှောက်လွှာတင် စရိတ်များအတွက် ငွေပေးဆောင်ရန် မလိုကြောင်းနှင့် ဖြေရှင်း၍ ရနိုင်သည့် လယ်မြေများကို ဖြေရှင်းပေးပြီး ရှုတ်ထွေးမှုများရှိသည့် လယ်မြေများကို သက်ဆိုင်ရာ အစိုးရဌာနများသို့ တင်ပြ လုပ်ဆောင်သွားရန်ရှိသည်ဟုလည်း သိရသည်။

ဘားအံမြို့နယ်၊ မိန်းမရှာရွာသား လယ်သမားတစ်ဦးကလည်း “ကျနော်တို့ရဲ့ လယ်မြေကိစ္စတွေကို နိုင်ငံတော်က တရားမျှတစွာ ဆုံးဖြတ်လုပ်ကိုင် သွားမယ်လို့ ယုံကြည်တယ်။ နိုင်ငံတော်ရဲ့ ဆုံးဖြတ်ချက်များကိုလည်း
လေးစားလိုက်နာမယ်။ နောက် မျှော် လင့်ချက်နဲ့ ကျနော်တို့ အခုလို လျှောက်လွှာတွေ လာရောက်တင်ရတာပါ”ဟု ကေအိုင်စီသို့
ပြောသည်။

ယခုလ ၅ရက်နေ့က နယ်စပ်အခြေစိုက် ကရင်လူ့အခွင့်အရေး အဖွဲ့အစည်း KHRG က အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း ကရင် ပြည်နယ် အပါအ၀င်
မြန်မာပြည်အရှေ့ဘက်ခြမ်းဒေသများ၌ မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်၍ အစီရင်ခံစာ ထုတ်ပြန်ကြေ ညာခဲ့သည်။

သို့သော် မြန်မာအစိုးရမှ လယ်သမားများအတွက် ယခုလို လယ်ယာမြေ လုပ်ကိုင်ခွင့် ပြန်လည်ရရှိရန် ဆောင်ရွက်ပေးနေမှုများ ကို ကရင်ပြည်နယ်ရှိ
ဒေသခံ တောင်သူလယ်သမားများနှင့် ပြည်သူလူထုများ ကျေနပ်အားရ
နေကြသည်။

စောညွန့်သောင်း (ကေအိုင်စီ)
KIC (Karen Information Center) ကရင်ပြည်နယ်အတွင်းရှိ လယ်သမားများအနေဖြင့် မိမိပိုင် လယ်ယာမြေ များကို ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေးအတွက် ယခုနှစ် ဆန်းပိုင်းမှ စ၍ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ လျှောက်လွှာများ သွားရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
၎င်းလျှောက်လွှာများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ တဆင့်ပြီးတဆင့် လျှောက်ထားကြခဲ့ရာ

မိတ္ထီလာမြို့၌ ဆူပူအကြမ်းဖက်မှုကြောင့် ယနေ့အထိ သေဆုံးသူ (၁၁)ဦး၊ ဒဏ်ရာရသူ (၃၉) ဦးရှိ မတ်လ (၂၂) ရက်မှစ၍ မိတ္ထီလာခရိုင်၌ အရေးပေါ်အခြေအနေကြေညာထား ဆူပူအကြမ်းဖက်မှုများ ကျယ်ပြန့်မလာအောင် ပြည်သူများက တာဝန်ရှိသူများနှင့် အတူ ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံထား

မိတ္ထီလာမြို့၌ ဆူပူအကြမ်းဖက်မှုကြောင့် ယနေ့အထိ သေဆုံးသူ (၁၁)ဦး၊ ဒဏ်ရာရသူ (၃၉) ဦးရှိ မတ်လ (၂၂) ရက်မှစ၍ မိတ္ထီလာခရိုင်၌ အရေးပေါ်အခြေအနေကြေညာထား ဆူပူအကြမ်းဖက်မှုများ ကျယ်ပြန့်မလာအောင် ပြည်သူများက တာဝန်ရှိသူများနှင့် အတူ ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံထား
Friday, March 22, 2013

မန္တလေးတိုင်းဒေကြီး မိတ္ထီလာမြို့၌ ဖြစ်ပွားသည့် ဆူပူအကြမ်းဖက်မှုကြောင့် ယနေ့ ညနေပိုင်းအထိရရှိသော သတင်းများအရ စုစုပေါင်း သေဆုံးသူ (၁၁) ဦး၊ ဒဏ်ရာရရှိသူ (၃၉) ဦးရှိကြောင်း၊ ပဋိပက္ခကြောင့် ပျက်စီးမှု အနေဖြင့် နေအိမ် (၁၅၂) လုံး၊ မော်တော်ယာဉ် (၂) စီး၊ ပညာရေးမှူးရုံး (၁)လုံး၊ ဆိုင်ကယ် (၁) စီး၊ သုံးဘီးဆိုင်ကယ် (၂) စီး၊ ဘာသာရေး အဆောက်အအုံ (၁၃) လုံးရှိကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ပြီး ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်းအေးချမ်းစွာ နေထိုင်နိုင်ရေးကို အမြန်ဆုံးဖော်ဆောင်ပေးနိုင်ရေး အတွက် မိတ္ထီလာ ခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်အပါအဝင် မြို့နယ်
လေးမြို့နယ်အား ယနေ့မှစ၍ အရေးပေါ်အခြေအနေ ကြေညာထား သည်။

ပြည်သူများအနေဖြင့် ဆူပူအကြမ်းဖက်မှုများ ကျယ်ပြန့်မလာစေရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက် ကြပါရန်အတွက် ယခုဖြစ်စဉ်တွင် ဆူပူအကြမ်းဖက်ခြင်း၊ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းများကို ဦးဆောင်ပြု လုပ်ခဲ့သူများ၊ ထပ်မံ၍ အလားတူလုပ်ဆောင်ရန် ကြံစည်သူ မျာအား တွေ့ရှိပါက အရေးယူနိုင်ရေးအတွက် သတင်းပေးပို့ ကြပါရန် သက်ဆိုင်ရာက မေတ္တာရပ်ခံထားကြောင်း သတင်းရရှိသည်။


ပြန်ကြားရေးဝန်ကြီးဌာန

http://www.ministryofinformation.gov.mm/index.php/announcement/2395-2013-03-22-00-07-12.html မန္တလေးတိုင်းဒေကြီး မိတ္ထီလာမြို့၌ ဖြစ်ပွားသည့် ဆူပူအကြမ်း ဖက်မှုကြောင့် ယနေ့ ညနေပိုင်းအထိရရှိသော သတင်းများအရ စုစုပေါင်း သေဆုံးသူ (၁၁) ဦး၊ ဒဏ်ရာရရှိသူ (၃၉) ဦးရှိကြောင်း၊ ပဋိပက္ခကြောင့် ပျက်စီးမှု အနေဖြင့် နေအိမ် (၁၅၂) လုံး၊ မော်တော်ယာဉ် (၂) စီး၊ ပညာရေးမှူးရုံး (၁)လုံး၊ ဆိုင်ကယ် (၁) စီး၊ သုံးဘီးဆိုင်ကယ် (၂) စီး၊ ဘာသာရေး အဆောက်အအုံ (၁၃) လုံးရှိကြောင်း သိရှိရသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍

မတ်လ ၂၂ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်

မိထ္တီလာမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများကြောင့် မတ်လ ၂၂ ရက်နေ့ ညနေပိုင်း အထိ သေဆုံးသူ ၁၁ ဦးရှိပြီး ဒဏ်ရာရရှိသူ ၃၉ ဦးရှိကြောင်းနှင့် ပဋိပက္ခကြောင့် ပျက်ဆီးမှုအနေဖြင့် နေအိမ်

မိတ္ထီလာ အဓိကရုဏ်းကို ဖြေရှင်းဖို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ လပခတိုင်းမှူးကို တာဝန်ပေး

မတ်လ ၂၁ ရက်နေ့ မှစတင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့အထိ အဓိကရုဏ်းတွေ အဓိကဖြစ်ပွားနေတဲ့ မိတ္ထီလာခရိုင်အတွင်းက မိတ္ထီလာမြို့အပါအဝင် အနီးဆုံးမြို့တွေဖြစ်တဲ့ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့တွေမှာ အင်းတကော် အခြေစိုက် တပ်မ ၇၇ စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းသုံးရင်းကို အသုံးပြုပြီး အခြေ အနေတွေ ငြိမ်သက်အောင် ထိန်းသိမ်းမယ်လို့ RFA က စုံစမ်းသိရပါတယ်။

အစ္စရေး နိုင်ငံသို့ အမေရိကန် သမ္မတ ရောက်ရှိနေစဉ် ဟားမတ်စ် စစ်သွေးကြွ များက ဒုံးကျည်ဖြင့် ပစ်ခတ်

Photo: အစ္စရေး နိုင်ငံသို့ အမေရိကန် သမ္မတ ရောက်ရှိနေစဉ် ဟားမတ်စ် စစ်သွေးကြွ များက ဒုံးကျည်ဖြင့် ပစ်ခတ်
Friday, March 22, 2013

အမေရိကန် သမ္မတ ဘားရတ် အိုဘားမား၏ အစ္စရေး နိုင်ငံ ခရီးစဉ် ဒုတိယ မြောက်နေ့တွင် ဂါဇာ ကမ်းမြောင်ဒေသရှိ ဟားမတ်စ် စစ်သွေးကြွ များက အစ္စရေးနိုင်ငံ တောင်ပိုင်းသို့ မတ် ၂၁ ရက်တွင် ဒုံး ကျည်လေးစင်း
ပစ်ခတ်ခဲ့ရာ ဒုံးကျည်တစ်စင်းမှာ ဆဒီရော့တ် နယ်စပ်မြို့ရှိ အိမ်တစ်အိမ်၏ ခြံဝင်းအတွင်း ကျရောက် ပေါက်ကွဲ ခဲ့သောကြောင့် နေအိမ် ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း ရဲတပ်ဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ မစ်ကီရို စန်ဖယ်တ်က ပြောကြားခဲ့သည်။

အဆိုပါ ပစ်ခတ်မှု ပြုလုပ်စဉ်တွင် သမ္မတ အိုဘားမားသည် ဂျေရုဆလင်
သို့ ရောက်ရှိနေပြီး ၎င်းပစ်ခတ်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့ အစည်းက
မှ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။ အိုဘားမားသည် မတ် ၂၂ ရက်တွင် အနောက်ဘက် ကမ်းဒေသ ရာမာလာမြို့သို့ သွားရောက်ရန် စီစဉ် ထားကြောင်း သိရသည်။

မြ၀တီ အမေရိကန် သမ္မတဘားရတ်အိုဘားမား၏ အစ္စရေး နိုင်ငံခရီးစဉ် ဒုတိယ မြောက်နေ့တွင် ဂါဇာ ကမ်းမြောင်ဒေသရှိ ဟားမတ်စ် စစ်သွေးကြွ များက အစ္စရေးနိုင်ငံ တောင်ပိုင်းသို့ မတ် ၂၁ ရက်တွင် ဒုံး ကျည်လေး စင်းပစ်ခတ်ခဲ့ရာ ဒုံးကျည်တစ်စင်းမှာ ဆဒီရော့တ် နယ်စပ်မြို့ရှိ အိမ်တစ်အိမ်၏ ခြံဝင်းအတွင်း ကျရောက် ပေါက်ကွဲ ခဲ့သောကြောင့် နေ အိမ် ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း ရဲတပ်ဖွဲ့ ၏ ပြောရေး ဆိုခွင့်ရှိသူ မစ်ကီရို စန်ဖယ်တ်က ပြောကြားခဲ့သည်။

သမ္မတ အမိန့်ထမ်းဆောင်ရန် တပ်မတော် အသင့်ဖြစ်

Photo: သမ္မတ အမိန့်ထမ်းဆောင်ရန် တပ်မတော် အသင့်ဖြစ်
Friday, March 22, 2013

နိုင်ငံတော်သမ္မတရုံးရဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ပါ အချက်များကိုဆောင်ရွက်ရန် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များက အဓိကရုဏ်းဖြစ်ပွားနေသည့် မိတ္ထီလာမြို့နှင့် အခြားမြို့များ၏ လုံခြုံရေး အခြေအနေများကို ထိန်းသိမ်းရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိတစ်ဦးက RFA သို့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် အတည်ပြု ပြောကြားသည်။

ဓာတ်ပုံ - Eleven Media Group
RFA နိုင်ငံတော်သမ္မတရုံးရဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ပါ အချက် များကိုဆောင်ရွက်ရန် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များက အဓိကရုဏ်းဖြစ်ပွားနေသည့် မိတ္ထီလာမြို့နှင့် အခြားမြို့များ၏ လုံခြုံရေး အခြေအနေများကို ထိန်းသိမ်းရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိ တစ်ဦးက RFA သို့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် အတည်ပြု ပြောကြား သည်။

ဓာတ်ပုံ - Eleven Media Group

Google ဒိုမိန်းအသစ်မြန်မာအချက်အလက်အဓိက ရှာဖွေရန်ရည်ရွယ်

Photo: Google ဒိုမိန်းအသစ်မြန်မာအချက်အလက်အဓိက ရှာဖွေရန်ရည်ရွယ် 
Friday, March 22, 2013

မြန်မာနိုင်ငံသို့ ဂူးဂဲလ် အမှုဆောင်အရာရှိချုပ်Mr. Eric Schmidt မကြာမီ တစ်ရက်အလို မှစတင် အသုံးပြုခွင့် ရခဲ့သည့် Google.com.mm ဒိုမိန်းမှာ မြန်မာနှင့် သက်ဆိုင်သည့် အချက်အလက်များအား အဓိကထား ရှာဖွေပေးနိုင်မည်ဟု ဂူးဂဲလ် ကုမ္ပဏီပြန်ကြားေ ရးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနမှMs. Ammy ကပြောသည်။

မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူ ဦးဇော်ထွဋ်က ''အရင်က ရိုးရိုး .com သုံးပြီး ဂူးဂဲလ်မှာ တစ်ခုခုရှာမယ်ဆိုရင် ကိုယ် ရှာချင်တဲ့ ပြည်တွင်းက အရာက မရင်မတက်ဘူး။.mm နဲ့ ရှာမယ်ဆိုရင်
မြန်မာပြည်တွင်း အချက်အလက်ကို သူက ဦးစားပေးပြမယ်'' ဟု အသုံးပြုနိုင်ပုံနှင့် စပ်လျဉ်း၍ ပြောသည်။

ထို့ပြင် ဂူးဂဲလ်မှ အန်းဒရွိုက်စနစ်သုံး ဂူးဂဲလ်အယ်ပလီကေးရှင်း စတိုးအား အွန်လိုင်း၌ တရားဝင် ဖွင့်လှစ်ပေးနိုင်ချေရှိပြီး ပြည်တွင်းမှ မိုဘိုင်း အယ် ပလီကေးရှင်းရေးဆွဲသူ များအတွက် အလားအလာကောင်းများ ရှိလာနိုင်ကြောင်း နည်းပညာ ကျွမ်းကျင်လူငယ်များက ဆိုသည်။

ဂူးဂဲလ် အနေဖြင့် မြန်မာနိုင်ငံ၏ အိုင်တီနည်းပညာ ကဏ္ဍ၌သာမက ပညာရေး ကဏ္ဍပိုင်း၌ပါ ကူညီပေးလိုပြီး မြန်မာနိုင်ငံအစိုးရနှင့်
တွေ့ဆုံ ဆွေးနွေး မှုများပြုလုပ်ရာ၌လည်း ပုဂ္ဂလိကအနေဖြင့် လုပ်ကိုင်နိုင်မည့် ကဏ္ဍအပိုင်းများ ပိုမိုဖြစ်ထွန်း လာစေရေးကို
ဦးစားပေး ပြောကြားသွားမည် ဖြစ်ကြောင်း ဂူးဂဲလ် အမှုဆောင်
အရာရှိချုပ်Mr. Eric Schmidt ကဆိုသည်။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်အနေဖြင့် ဂူးဂဲလ် အမှုဆောင်
အရာရှိချုပ်နှ င့် ဆွေးနွေးပြောဆိုမှုများ မပြုလုပ်ရသေးကြောင်း၊ ယင်းအတွက် အသင်းချုပ်နှင့် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်
သွားမည်ကိုမူ ပြောကြားနိုင်သေးမည် မဟုတ်ကြောင်း
အသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောသည်။

Google အမှုဆောင် အရာရှိချုပ်Mr. Eric Schmidt မှာ မြန်မာနိုင်ငံသို့ မတ်လ ၂၂ ရက်နေ့တွင် လာရောက်ခဲ့ပြီး MICT Park အစည်းအဝေး ခန်းမ၌ မြန်မာ့အနာဂတ် လူငယ်ခေါင်းဆောင်များ၊ နည်းပညာ စိတ်ဝင်စားသူလူငယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် စကားဝိုင်းပုံစံ ဆွေးနွေးပွဲ တစ်ခုအား ၂ နာရီနီးပါးခန့် ပြုလုပ်ခဲ့သည်။

သုတလင်း
Popular Myanmar News Journal မြန်မာနိုင်ငံသို့ ဂူးဂဲလ် အမှုဆောင်အရာရှိချုပ်Mr. Eric Schmidt မကြာမီ တစ်ရက်အလို မှစတင် အသုံးပြုခွင့် ရခဲ့သည့် Google.com.mm ဒိုမိန်းမှာ မြန်မာနှင့် သက်ဆိုင်သည့် အချက်အလက်များအား အဓိက ထား ရှာဖွေပေးနိုင်မည်ဟု ဂူးဂဲလ် ကုမ္ပဏီပြန်ကြားေ ရးနှင့် ပြည်သူ့ ဆက်ဆံရေး ဌာနမှMs. Ammy ကပြောသည်။
မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူ ဦးဇော်ထွဋ်က ''အရင်က ရိုးရိုး .com သုံးပြီး ဂူးဂဲလ်မှာ တစ်ခုခုရှာမယ်ဆိုရင် ကိုယ် ရှာချင်တဲ့ ပြည်တွင်းကအရာက မရင်မတက်ဘူး။.mm နဲ့ ရှာမယ် ဆိုရင် မြန်မာပြည်တွင်း အချက်အလက်ကို သူက ဦးစားပေးပြမယ်'' ဟု အသုံးပြုနိုင်ပုံနှင့် စပ်လျဉ်း၍ ပြော သည်။

မိတ္ထီလာ အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာလိုက်ခြင်း

မိတ္ထီလာ အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာလိုက်ခြင်း
=================================

နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၁၃)
(၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်)
--------------------------------------------------------------

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ
-မိတ္ထီလာမြို့နယ်
-ဝမ်းတွင်းမြို့နယ်
-မလှိုင်မြို့နယ် နှင့်
-သာစည်မြို့နယ်များအတွင်း

ယနေ့မှစ၍ အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။

တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။

(Source- နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်)

Hmuu Zaw
နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၁၃)
(၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်)
--------------------------------------------------------------

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍


မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်

မိတ္ထီလာမြို့ ဈေးကုန်း ဘုန်းတော်ကြီးကျောင်းတွင် ပိတ်မိနေသော AFP, Messenger, RFA အစရှိသည့် သတင်းထောက်(၉)ဦးအား မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍


မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် လူမျိုးရေး ပဋိပက္ခများနှင့် ပတ်သက်၍ မြန်မာ စာနယ်ဇင်းသမဂ္ဂမှ မတ်လ ၂၂ ရက်နေ့ ရက်စွဲဖြင့် သဘောထား ထုတ်ပြန် လိုက်ပါသည်။

မိတ္ထီလာ ပဋိပက္ခအရေး ကုလသမဂ္ဂ ကြေညာချက် ထုတ်


မိတ္ထီလာမြို့တွင် မတည်မငြိမ် ဖြစ်ပေါ်နေမှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် မစ္စတာ အာရွှတ် နီဂမ်က ကြေညာချက်တစောင်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူများ အနှောင့်အယှက်မဖြစ်စေရန် နီးစပ်ရာစာစစ်ဌာနများတွင်ပြောင်းလဲဖြေဆိုခွင့်ပြုခဲ့

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် မိတ္ထီလာမြို့နယ်အတွင်း တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနေသူများ အနှောင့်အယှက် မဖြစ်စေရန်အတွက် စာမေးပွဲဖြေဆိုသူများအား မိမိတို့နှင့် နီးစပ်ရာ စာစစ်ဌာနများတွင် ပြောင်းရွှေ့ ဖြေဆိုခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

NLD တွင်နေရာမရလိုက်သူများအတွက် စိတ်မကောင်းကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

Photo: NLD တွင်နေရာမရလိုက်သူများအတွက် စိတ်မကောင်းကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
Friday, March 22, 2013

NLD တွင် အနှစ် ၂၀ခန့်တာဝန်ထမ်းဆောင်လာခဲ့ပြီး နေရာ မရခဲ့သူများ အတွက် စိတ်မကောင်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

" NLD မှာ အနှစ် ၂၀ လောက်လုပ်လာပြီး နေရာမရလိုက်တဲ့သူတွေအတွက် စိတ်မကောက်းပါဘူး။ သူတို့ရဲ့ သစ္စာရှိမှုကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ သစ္စာရှိတိုင်း လုပ်ရည်ကိုင်ရည်နဲ့ တခြားစီပါပဲ။ သူတို့က အဖွဲ့အစည်းနဲ့ လုပ်ရတဲ့ စည်းရုံးရေးလုပ်ငန်းတွေမှာ မကျွမ်းကျင်လို့ပါ။ သူတို့ရဲ့သစ္စာရှိမှုကို အသိအမှတ်ပြုပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ဓာတ်ပုံ - NLD Congress
Messenger News Journal
NLD တွင် အနှစ် ၂၀ခန့်တာဝန်ထမ်းဆောင်လာခဲ့ပြီး နေရာ မရခဲ့ သူများအတွက် စိတ်မကောင်းကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
" NLD မှာ အနှစ် ၂၀ လောက်လုပ် လာပြီး နေရာမရလိုက်တဲ့ သူတွေ အတွက် စိတ်မကောက်းပါဘူး။ သူတို့ရဲ့ သစ္စာရှိမှုကို အသိအမှတ်ပြု ပါတယ်။ ဒါပေမဲ့ သစ္စာရှိတိုင်း လုပ်ရည်ကိုင်ရည်နဲ့ တခြားစီပါပဲ။

ဂျပန်က စားနပ်ရိက္ခာအတွက် မြန်မာသို့ ဒေါ်လာ ၂၁ သန်းလှူ

ဂျပန်က စားနပ်ရိက္ခာအတွက် မြန်မာသို့ ဒေါ်လာ ၂၁ သန်းလှူ
Friday, March 22, 2013

ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာ အထောက်အပံ့အဖြစ် ယန်းငွေ ၂ ဘီလီယံ (ဒေါ်လာ ၂၁ သန်း) ကို ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှတဆင့် လှူဒါန်းကြောင်း သိရသည်။ သံအမတ်ကြီး မီကီအို နုမာတာ က နေပြည်တော်တွင် WFP သို့ လှူဒါန်းခြင်း ဖြစ်သည်။

WFP မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ကားလို့စ် ဗယ်လိုဆိုက ဂျပန်၏ ထောက်ပံ့လှူဒါန်းငွေသည် ပဋိပက္ခဖြစ်ပွားရာ ရခိုင်နှင့် ကချင်ပြည်နယ်ကဲ့သို့သော ဒေသများရှိ ဒုက္ခသည် ၂ သိန်းခွဲအတွက် ၆ လစာ ရိက္ခာ ဖူလုံစေမည်ဟု DPA သတင်းဌာနသို့ ပြောဆိုထားသည်။ ယမန်နှစ်တွင်လည်း ဂျပန်က စားနပ်ရိက္ခာ ထောက်ပံ့ရေးအတွက်
မြန်မာသို့ ဒေါ်လာ ၁၀ သန်း လှူခဲ့သေးသည်။

ဧရာဝတီ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာ အထောက်အပံ့အဖြစ် ယန်းငွေ ၂ ဘီလီယံ (ဒေါ်လာ ၂၁ သန်း) ကို ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှတဆင့် လှူဒါန်းကြောင်း သိရသည်။ သံအမတ်ကြီး မီကီအို နုမာတာ က နေပြည်တော်တွင် WFP သို့ လှူဒါန်းခြင်း ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံတွင် စကတ်အတိုအပြတ်များမ၀တ်ဆင်ရ ဥပဒေထုတ်ပြန်...

Photo: တောင်ကိုရီးယားနိုင်ငံတွင် စကတ်အတိုအပြတ်များမ၀တ်ဆင်ရ
ဥပဒေထုတ်ပြန်...
Friday, March 22, 2013

တောင်ကိုရီးယားနိုင်ငံတွင် မတ်လ(၂၂)ရက်နေ့မှ စတင်ကာ စကတ်အတို
အပြတ်များအား ၀တ်ဆင်ခွင့်မပြုတော့သော ဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း
သိရသည်။ ယခုအခါ၌ ကိုရီးယားနိုင်ငံ၏ နာမည်ကျော်အနုပညာရှင်
များသည် သရုပ်ပျက်လောက်သော စကတ်အတိုများကို ၀တ်ဆင်လာ
သဖြင့် အမြင်မတင့်တယ်မှုများကို ကြုံတွေ့နေရသဖြင့် ၎င်းဥပဒေအား
ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။ ထိုဥပဒေအား ဖောက်ဖျက်ပါက
အမေရိကန်ဒေါ်လာ(၄၅)ဒေါ်လာ ဒဏ်ငွေပေးဆောင်ရန် ပြဋ္ဌာန်း
ထားကြောင်း သိရသည်။

SkyNet TV Browser တောင်ကိုရီးယားနိုင်ငံတွင် မတ်လ(၂၂)ရက်နေ့မှ စတင်ကာ စကတ် အတို အပြတ်များအား ၀တ်ဆင်ခွင့်မပြုတော့သော ဥပဒေ ကို ပြဋ္ဌာန်း လိုက်ကြောင်း သိရသည်။ ယခုအခါ၌ ကိုရီးယားနိုင်ငံ၏ နာမည်ကျော် အနုပညာရှင်များသည် သရုပ်ပျက်လောက်သော စကတ်အတိုများကို ၀တ်ဆင်လာသဖြင့် အမြင်မတင့်တယ်မှုများကို ကြုံတွေ့နေရသဖြင့် ၎င်းဥပဒေအားပြဋ္ဌာန်းလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။ ထိုဥပဒေ အား ဖောက်ဖျက်ပါက အမေရိကန်ဒေါ်လာ(၄၅)ဒေါ်လာ ဒဏ်ငွေပေးဆောင် ရန် ပြဋ္ဌာန်းထားကြောင်း သိရသည်။

မိတ္ထီလာမြို့တွင် ဆူပူနေသူများကို ပစ်ခတ်နှိမ်နှင်းရန် အမိန့်မထုတ်သေး

မိတ္ထီလာမြို့တွင် ဆူပူနေသူများကို ပစ်ခတ်နှိမ်နှင်းရန် အမိန့်မထုတ်သေး

FRIDAY, MARCH 22, 2013


မတ်လ ၂၁ ရက်နေ့မှစတင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့အထိ မိတ္ထီလာမြို့မှာ ဆူပူအကြမ်းဖက်နေတဲ့ သင်္ကန်းဝတ်ပါ လူအုပ်တွေကို ဥပဒေလုပ်ထုံးလုပ်နည်းအရ ပစ်ခတ်နှိမ်နှင်းဖို့ကို ယခုအချိန်ထိ မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့က အမိန့်ထုတ်ပြန်ခြင်းမရှိသေးဘူးလို့ ယင်းဒေသမှာ လုံခြုံရေး တာဝန်ယူနေတဲ့ ရဲအရာရှိတစ်ဦးက RFA ကို ဒီကနေ့ မနက်က အတည်ပြုပြောကြားပါတယ်။

"သူတို့ကို ဖမ်းလို့မရဘူး၊ပစ်ခတ်လို့မရဘူး။ဘယ်သူမှ ပစ်ခတ်ဖို့ အမိန့်မပေးဘူး။တိတိကျကျ အမိန့်မပေးဘူး"ဟု အဆိုပါရဲအရာရှိက ပြောပါတယ်။

ယမန်နေ့က မတ်လ ၂၁ ရက်နေ့မှာ မင်္ဂလာဇေယျုံနယ်မြေမှာ ဆူပူအကြမ်းဖက်နေတဲ့ လူအုပ်ကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ထိန်းသိမ်းရတာကတော့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အန္တာရာယ်ပြုတဲ့ အတွက် ပစ်ခတ်ထိန်းသိမ်းရတာ ဖြစ်တယ်လို့ ရှင်းလင်းပြောကြားပါတယ်။

ဒီကနေ့ မနက်မှာတော့ မိတ္ထီလာမြို့တွင်းနေရာအနှံ့မှာ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် မီးသတ်တပ်ဖွဲ့တွေနဲ့ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး မီးငြိမ်းသတ်နေရတယ်လို့ သိရပါတယ်။

အစ္စလာမ်ဘာသာဝင်အများစု နေထိုင်ရာ မင်္ဂလာဇေယျုံနယ်မြေထဲက နေအိမ်၊အဆောက်အဦးတွေ မီးလောင်ကုန်တဲ့အတွက် အဲဒီဒေသမှာ နေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေကို အမှတ်(၁)ရဲစခန်းနဲ့မိတ္ထီလာခရိုင်အားကစားကွင်းမှာ ယာယီနေရာချထားတယ်လို့ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

ဒီကနေ့မနက်က မိတ္ထီလာမြို့တွင်းမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေကြောင့် ဒေသခံလေးဦးသေဆုံးခဲ့တယ်လို့ မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့က ဆေးရုံက တရားဝင်ရတဲ့ စာရင်းကိုသာ အမှန်အတည်ပြုရတာပါ၊လမ်းပေါ်က စာရင်းကို အတည်ပြုလို့ မရပါဘူး"ဟု ယင်းရဲအရာရှိ တစ်ဦးက ပြောပါတယ်။

မိတ္ထီလာမြို့မှာ သုံးရက်ကြာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံကြီးရဲ့ မှတ်တမ်းတွေ အရသိရပါတယ်။

MYANMAR EXPRESS

http://www.facebook.com/ZinYawNews မတ်လ ၂၁ ရက်နေ့မှစတင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့အထိ မိတ္ထီလာမြို့မှာ ဆူပူအကြမ်းဖက်နေတဲ့ သင်္ကန်းဝတ်ပါ လူအုပ်တွေကို ဥပဒေလုပ်ထုံးလုပ်နည်းအရ ပစ်ခတ်နှိမ်နှင်းဖို့ကို ယခုအချိန်ထိ မိတ္ထီလာ ခရိုင်ရဲတပ်ဖွဲ့က အမိန့်ထုတ်ပြန်ခြင်းမရှိသေးဘူးလို့ ယင်းဒေသမှာ လုံခြုံရေး တာဝန်ယူနေတဲ့ ရဲအရာရှိတစ်ဦးက RFA ကို ဒီကနေ့ မနက်က အတည်ပြုပြောကြားပါတယ်။