Saturday, April 20, 2013

စာနယ်ဇင်း လွတ်လပ်ခွင့်ပေးပြီးနောက် အဆိပ်ဖြစ်စေတဲ့ စာတွေများလာ

Photo: စာနယ်ဇင်း လွတ်လပ်ခွင့်ပေးပြီးနောက် အဆိပ်ဖြစ်စေတဲ့ စာတွေများလာ

မြန်မာနိုင်ငံမှာ အစိုးရက စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို ဖွင့်ပေးလိုက်တဲ့နောက်ပိုင်း ပြည်သူတွေကို အဆိပ်အတောက်ဖြစ်စေတဲ့စာပေတွေ အများအပြား ထွန်းကားလာနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာပြုလုပ်တဲ့ ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း(ဥပဒေကြမ်း) ရှင်းလင်းတင်ပြခြင်းနဲ့ အကြံဥာဏ်တောင်းခံခြင်း အခမ်းအနားမှာ ပြည်ထောင်စု ဒုတိယဝန်ကြီးက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

"တင်ထုတ်စနစ်ကနေ ထုတ်တင်စနစ်ကို ကျွန်တော်တို့ ပြောင်းလဲကျင့်သုံးခဲ့ပါတယ်။ အဲဒီလိုကျင့်သုံး လိုက်ပြီးနောက်ပိုင်းမှာပေါ့လေ အခုအချိန်အထိ ဘာတွေဖြစ်လာလဲဆိုတော့ ကျွန်တော်တို့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ ပြည်သူလူထုကို အဆိပ်အတောက်ဖြစ်စေတဲ့ ရေးသား မှုမျိုးတွေ တစ်စတစ်စများပြားလာနေတာကို ကျွန်တော်တို့ တွေ့ရပါတယ်"

ပြန်ကြားရေးဌာနရဲ့ စာရင်းပြုစုချက်အရ ပြီးခဲ့တဲ့မတ်လအထိ လောင်းကစားကိစ္စရပ်တွေကို အားပေးလှုံ့ဆော်တဲ့ ဂျာနယ်အမျိုးအစား ၁၃ မျိုးနဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ ရေးသားချက်၊ ဖော်ပြချက်နဲ့ ဓာတ်ပုံတွေပါဝင်တဲ့ ဂျာနယ်အမျိုးအစား ၄၆ စောင်ထိတွေ့လာရတယ်လို့ ဝန်ကြီးကဆိုပါတယ်။

ဒီဥပဒေမူကြမ်းကို အတည်ပြုပြီး နည်းဥပဒေတွေနဲ့ အသက်ဝင်လာတဲ့အခါမှာ ဒီအဆိပ်အတောက်စာပေတွေကို ထိန်းချုပ်သွားနိုင်မှာ ဖြစ်တယ်လို့လည်း ဝန်ကြီးကပြောပါတယ်။

ဒီကနေ့ စစ်တွေမြို့မှာပြုလုပ်တဲ့ အခမ်းအနားဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို အတည်ပြုနိုင်ဖို့အတွက် ဒေသခံတွေရဲ့ သဘောထားဆန္ဒနဲ့ အကြံဥာဏ်တွေကို အခုလ ၃၀ ရက်နေ့ နောက်ဆုံးအထိ တောင်းခံခြင်းဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အဲဒီအကြံပြုဆွေးနွေးချက်တွေကို ဥပဒေပြုရေးအဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းသွားမှာ ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနခွဲက ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ဒီအခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အခုလို ဥပဒေမူကြမ်းအတွက် အကြံဥာဏ်တောင်းခံတာတွေကို အခြားတိုင်းနဲ့ ပြည်နယ်အချို့မှာလည်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဒီအခမ်းအနားကို ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ ဥပဒေပညာရှင်တွေ၊ စာပေပညာရှင်တွေ စုစုပေါင်း ၇၀ လောက်က တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

RFA Burmese
မြန်မာနိုင်ငံမှာ အစိုးရက စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို ဖွင့်ပေးလိုက်တဲ့နောက်ပိုင်း ပြည်သူတွေကို အဆိပ်အတောက်ဖြစ်စေတဲ့စာပေတွေ အများအပြား ထွန်းကားလာနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောကြားလိုက်ပါတယ်။

ဆိုရှယ်မီဒီယာများနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ

Photo: ဆိုရှယ်မီဒီယာများနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ ”
Saturday, 20 April 2013 

ယနေ့ ၂၀၁၃ခုနှစ်၊ ဧပြီလ ၂၀ရက်၊ နံနက်၁၀း၂၀ နာရီက ရန်ကုန်မြို့၊
သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့
အစည်း ရုံးခန်းတွင် ဆိုရှယ်မီဒီယာများ အရေးကိစ္စနှင့် ပတ်သက်၍
အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း
လူ့အဖွဲ့အစည်း၏ လူထုဆက်ဆံရေးဌာနမှ ဦးစီး၍ ပြုလုပ်ခဲ့သည်။
ထိုဆွေးနွေးပွဲသို့ စာနယ်ဇင်းကောင်စီ၊ စာနယ်ဇင်း သမဂ္ဂ၊ MIDO ၊
MJN၊ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး၊ သဘင်အစည်းအရုံး၊
တက္ကသိုလ်အသီးသီးမှ ကျောင်းသားအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့
များနှင့် မီဒီယာများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် Online ဆိုရှုယ်မီဒီယာများနှင့် Facebook စာမျက်နှာ
များပေါ်၌ အများပြည်သူများ အထိတ်တလန့် ဖြစ်စေသော၊ ဘာသာရေး၊
လူမျိုးရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပဋိပက္ခများဖြစ်စေသော အရေးအသားများ၊
ထင်မြင်ယူဆချက်များ၊ အတုအယောင်ဖန်တီးနေမှုများ၊ သွေးထိုးလှုံ့ဆော်
နေမှုများနှင့် ပတ်သက်၍ မည်သို့တားဆီးဆောင်ရွက်နိုင်ကြမည်ကို
အားလုံးဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အင်တာနက်အသုံးပြုရာတွင်
လိုက်နာကျင့်သုံးရမည့်ကျင့်ဝတ်များနှင့်ပတ်သက်၍ လည်းကောင်း၊
Cyber ဥပဒေနှင့်ပတ်သက်၍လည်းကောင်း အမြင်ရှုထောင့်အမျိုးမျိုးဖြင့်
ဆွေးနွေးခဲ့ကြသည်။

The 88 Generation - Public Relation'

Myawaddy News
ယနေ့ ၂၀၁၃ခုနှစ်၊ ဧပြီလ ၂၀ရက်၊ နံနက်၁၀း၂၀ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း ရုံးခန်းတွင် ဆိုရှယ်မီဒီယာများ အရေးကိစ္စနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း၏ လူထုဆက်ဆံရေး ဌာနမှ ဦးစီး၍ ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲသို့ စာနယ်ဇင်းကောင်စီ၊ စာနယ်ဇင်း သမဂ္ဂ၊ MIDO ၊ MJN၊ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး၊ သဘင်အစည်းအရုံး၊ တက္ကသိုလ်အသီးသီးမှ ကျောင်းသားအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မီဒီယာများ တက်ရောက်ခဲ့ကြသည်။

မြန်မာ့လူ့အခွင့်အရေး အမေရိကန်ချီးကျူး

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာခဲ့ပြီး ပြုပြင်ပြောင်းလဲရေး ဆက်ပြီးလုပ်သွားမဲ့ပုံ ရပေမဲ့ စိန်ခေါ်မှုတွေ အများကြီး ရှိနေသေးတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြောလိုက်ပါတယ်။ သောကြာနေ့က အမေရိကန်နိုင်ငံခြားရေး ဌာနမှာ ပြုလုပ်တဲ့ နှစ်ပတ်လည် လူ့အခွင့်အရေးအစီရင်ခံစာထုတ်ပြန်ပွဲမှာ ဝန်ကြီး Kerry ကခုလို ပြောကြားခဲ့ တာဖြစ်ပါတယ်။ အထီး ကျန် နိုင်ငံတခု ဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံဟာ တိုးတက်မှုတွေ ရှိလာပေမဲ့ အမေရိန်ကန်က ဖြစ်စေချင်တဲ့ အခြေအနေ မရောက်သေးဘူးလို့လည်း သူကပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြ ပေးထား ပါတယ်။

စေတီပုံပါ အထည်စ ရောင်းတာ သာသနာကို ညိုးနွမ်းစေသလား

Photo: စေတီပုံပါ အထည်စ ရောင်းတာ သာသနာကို ညိုးနွမ်းစေသလား
Saturday, 20 April 2013


စေတီပုံ ရိုက်နှိပ်ထားသော ချည်ထည်များ လက်ဝယ်တွေ့ရှိသောကြောင့် ရန်ကုန် မြို့ ယုဇနပလာဇာရှိ အထည်ဆိုင် ပိုင်ရှင်ကို သာသနာကို ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မဖွင့်၍ အရေးယူထားရပြီး အထည်တင်သွင်းလာသည့် မော်လမြိုင်မြို့သို့လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့က ပြောဆိုသည်။

သို့သော် ဧရာဝတီမှ စုံစမ်းသိရှိရသမျှ အမှုသွား အမှုလာများအရ အထည်ဆိုင်ပိုင်ရှင်ကို တရားစွဲဆိုနိုင်လောက်သည့် အထောက်အထားများ မတွေ့ရှိရဘဲ  ဆိုရှယ်မီဒီယာပေါ်တွင် လူပြောများနေသည့် စေတီပုံ ဒီဇိုင်းဆင်ထားသည်ဆိုသော အထည်စများသည် ထိုင်းနိုင်ငံတွင် ထုတ်လုပ် တင်သွင်းလာသောအစများ ဖြစ်ဖွယ်ရှိသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က ယုဇနပလာဇာ မျက်နှာစာတမ်းအနီးရှိ မေခလာ(သမီး) အထည်ဆိုင်တွင် ရောင်းချလျက်ရှိသော ပိတ်စအချို့တွင် စေတီပုံ ရိုက်နှိပ်ထားသော ချည်ထည် ၇ ထည်ကို သိမ်းဆည်းရမိခဲ့ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူး ဦးသက်နိုင်က ဧရာဝတီသို့ ပြောသည်။ ‘အစကတော့ ထမီစလည်း ချုပ်လို့ရတယ်။ အကျီစလည်း ချုပ်လို့ရတယ်။ ပါတိတ်ပေါ့။ ကျနော်တို့ ၇ ထည် မိထားတယ်”ဟု သူက ပြောသည်။

ချည်ထည်အစများတွင် စေတီပုံ ရိုက်နှိပ်ထားခြင်းကို ကာယကံရှင် ဆိုင်ရှင်များကိုယ်တိုင် မသိရှိဘဲ ရဲများဝင်ရောက် ရှာဖွေမှသာ သိရှိရသည်ဟု ထွက်ဆိုထားကြောင်း စခန်းမှူးက ရှင်းပြသည်။

ယခုကိစ္စကို တိုင်း ခရိုင် အဆင့်ဆင့်တင်ပြခဲ့ပြီး သင်္ကြန်ကာလ အလုပ်ရှုပ်နေသောကြောင့် အမှုမဖွင့်ဘဲထားခဲ့ရာ  ဘာသာရေး အဖွဲ့အစည်းတခုမှ အမှုဖွင့်ပေးရန် ဖိအားပေး တောင်းဆိုသောကြောင့် ဧပြီလ ၁၄ ရက်နေ့တွင် သာသနာကို ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မ  ၂၉၅ ဖြင့် ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် မင်းမင်းအောင်က တရားလိုလုပ်၍ အမှုဖွင့်ထားကြောင်း၊ စခန်းမှူးကိုယ်တိုင်က အမှုစစ်အရာရှိ အဖြစ်ဆောင်ရွက်နေကြောင်းလည်း ရှင်းပြသည်။

အမှုစစ်ဆေးပေါ်ပေါက်ချက်အရ အထည်အလိပ်များမှ မော်လမြိုင်ဘက်မှ ၀င်ရောက်လာခြင်းဖြစ်ကြောင်း၊ ထိုကြောင့် မော်လမြိုင် အဆက်အသွယ်ကို လိုက်လံ ဖော်ထုတ်လျက် ရှိကြောင်း၊ မေခလာပိုင်ရှင်မှာ ဗုဒ္ဓဘာသာဖြစ်ပြီး ဘုရားတည် ကျောင်းဆောက်နေသူ ဖြစ်ကြောင်း၊ ဆိုင်အပေါ်ထပ်သို့ ၀င်ရောက်ရှာဖွေရာ ဘုရားစင်တစ်ခုကို တွေ့ရှိရကြောင်း၊ သက်သေခံပစ္စည်းကို သိမ်းဆည်းထားပြီး စေတီပုံမှာ ပြောင်းပြန်လှန်လိုက်မှသာ နောက်ကျောဘက်တွင် တွေ့ရှိရကြောင်း၊အထည်စတိုင်းတွင် တွေ့ရှိရခြင်း မဟုတ်ဘဲ အချို့အစများတွင်သာ တွေ့ရှိရကြောင်း ရဲအရာရှိ ဦးသက်နိုင်က ဧရာဝတီနှင့် တွေ့ဆုံရာတွင် ရှင်းပြသည်။

ထိုသို့ စေတီပုံပါရှိကြောင်း ရဲတပ်ဖွဲ့သို့ ဖမ်းဆီးရန် သတင်းပေးသူများမှာ သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖြစ်သည်။ ဇာတ်လမ်းအစမှာ ဧပြီလ ၁၁ ရက်နေ့ သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ပြေ ၃ ရပ်ကွက် ဥက္ကဋ္ဌ ဒေါ်ဥမ္မာ ဆိုသူသည် မေခလာ(သမီး) အထည်ဆိုင်တွင် ထမီချုပ်ရန် ပိတ်စတစ်ခုဝယ်ယူခဲ့ရာ အထည်စတွင် စေတီပုံပါနေသောကြောင့် အံ့သြသွားခဲ့ကြောင်း၊ အတူပါရှိလာသူ အဖော်များကို ပြ၍ မိမိအား ဖုန်းဆက်အကြောင်းကြားသောကြောင့် သွားရောက်ကြည့်ရှုခဲ့ရာ ဟုတ်မှန်နေကြောင်း သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးဌာနမှ ဦးလှမိုးက ဧရာဝတီသို့ပြောသည်။

”ကျနော်လည်း မြို့နယ်ကို သတင်းပို့ပြီး ရပ်ကွက်ရုံးကို သွားတယ်။ ရဲတွေခေါ်တယ်။ ပြီးရင် ၀င်ဖမ်းတယ်။ ရဲတွေ ၀င်ဖမ်းတော့ ဘာမှမရှိဘူး။ ပထမ ပြောထားတုန်းက လိုသလောက်ရတယ်လို့ ပြောထားတာ။ ကိုယ်တိုင်ဝယ်ခဲ့တဲ့ မဥမ္မာက ကြားတွေကြားတွေမှာ ညှပ်ညှပ်ထားတာတွေကို ဆွဲထုတ်ပြတယ်။ အဲဒီအခါကျမှ ထွက်လာတာ”ဟု  ဦးလှမိုးက ပြောသည်။

သို့သော် ဧပြီလ ၁၁ ရက်နေ့ ဖြစ်စဉ်ကို လုံးဝမသိရှိခဲ့ဘဲ ၁၂ ရက်နေ့တွင် မန္တလေးမြို့မှ အရှင်ဝီရသူက ဖုန်း massage ပို့၍ အကြောင်းကြားမှသာ သိရှိရသောကြောင့် ၁၃ ရက်နေ့တွင် သာကေတ NLD ရုံးသို့ သွားရောက် စုံစမ်း၍ ၁၄ ရက်နေ့တွင် မင်္ဂလာတောင်ညွှန့် မြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်စုံစမ်းခဲ့ကြောင်း ထေရ၀ါဒ ဓမ္မကွန်ရက်မှ ဆရာတော် ဦးကေသရက မိန့်သည်။

” စခန်းသွားစုံစမ်းတော့ အမှုမဖွင့်ရသေးဘူး။ မြို့နယ်မှူး ဦးဝင်းအောင်နီက စေတီတွေဟာ ပိတ်စပေါ်မှာ လုပ်ထားတာ သဘောရိုးနဲ့ လုပ်တာပါလို့ ထပ်ခါတလဲလဲ ပြောတယ်။ အထည်အကုန်လုံးမပါဘဲနဲ့ ကွက်တိကွက်ကျား ဟိုတစ ဒီတစ ပါတဲ့အတွက်ကြောင့် မှားယွင်းစွာ ပါလာတာလို့ ပြောတယ်။ နောက်တခုက ဗုဒ္ဓဘာသာဝင်တွေပါတဲ့။အရင် အုပ်ချုပ်ရေးမှူးဟောင်းရဲ့ သမီးတွေတဲ့။ အထည်တွေမှာ စေတီပုံပါတာ ဘယ်သူနစ်နာသလဲတဲ့။ နစ်နာတဲ့သူ အမှုဖွင့်၊ တိုင်ပေါ့တဲ့။ အထည်တွေတောင်း ကြည့်တော့ မရှိတော့ဘူး။အထက်ကို တင်လိုက်ပြီတဲ့။ သက်သေခံ ပစ္စည်းကို ကျုပ်တို့ကို ထုတ်မပြဘူး။ မြို့နယ်မှူးက ပိတ်စ ပိတ်လိပ်လို့ အကြိမ်ကြိမ် သုံးတယ်။ ဒီ အစက ဗြောင်မဟုတ်တဲ့အတွက်ကြောင့် ဘယ်သူမှ လုံချည်ချုပ်မ၀တ်ဘူး။ ထမီပဲ ချုပ်ကြမှာ”ဟု ဦးကေသရက ဧရာဝတီသို့ မိန့်သည်။

ထိုသို့ မေးမြန်းစုံစမ်းမှသာ အမှုဖွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဦးကေသရက ဆိုသည်။

ဘာသာရေး ရှုထောင့်မှ ကြည့်ပါက ဘာသာ သာသနာအတွက် လွန်စွာ နစ်နာကြောင်း၊ ဘုရားစေတီသည် ဗုဒ္ဓသာသနာအတွက် အထွတ်အမြတ်ဖြစ်ကြောင်း၊ အမျိုးသမီးဝတ် လုံချည်ဖြစ်သော အင်္ဂါဝရ နေရာတွင် ရိုက်နှိပ်ထားခြင်းသည် ဗုဒ္ဓဘာသာကို မဖွယ်မရာလုပ်ဆောင်သည့် သဘော ဖြစ်နေကြောင်း ထေရ၀ါဒ ဓမ္မကွန်ရက်မှ ဦးနေမိန္ဒက မိန့်သည်။

”ဦးဇင်းတို့က တိုင်းရုံးကို စုံစမ်းမေးမြန်းမှ မြို့နယ်ရုံးမှာ ဖွင့်ပေးထားတယ်လို့ ပြောတယ်။ ဦးဇင်းတို့ ပြန်လာပြီး ညကျမှ ဖွင့်ပေးတာ။ ပြီးတော့ ဒီဆိုင်ကို အငြိုးထားတာ မဟုတ်ဘူး။ ဘယ်က လာလဲဆိုတဲ့ Source ကိုလည်း သိချင်တယ်”ဟု ဦးနေမိန္ဒက ဆိုသည်။

စေတီတော်ပုံ အထည်စများ ရောင်းချမိခြင်းကို လုံးဝမသိရှိခဲ့ကြောင်း မေခလာအထည်ဆိုင် ပိုင်ရှင် ဒေါ်မေခလာသိန်းက ဧရာဝတီသို့ ပြောသည်။

”ရှက်လည်း ရှက်တယ်။ စိတ်လည်းညစ်တယ်”ဟူ၍သာ  ဒေါ်မေခလာသိန်းက ကောက်ချက်ချ ပြောဆိုပြီး မိမိသည် ဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ယောက် ဖြစ်ကြောင်း၊ နှစ်စဉ် ၀ါဆိုသင်္ကန်းကပ်ကြောင်း၊ ဆရာတော် သံဃာတော်များကို အပတ်စဉ် ဆွမ်းကပ်လျက်ရှိကြောင်း၊ မြန်မာတနိုင်ငံလုံးတွင် ဘုရားတည် ကျောင်းဆောက်လျက်ရှိကြောင်း အထောက်အထား ဓါတ်ပုံများစွာ ထုတ်ပြခဲ့သည်။

”အမေ ကိုယ်တိုင်လည်း လက်မခံဘူး။ ရအောင် ဖော်ထုတ်ပါ။ အမေတို့ ကိုယ်တိုင် ဘုရားတည်နေတာပါ” ဟု ဒေါ်မေခလာသိန်းက မျက်ရည်စက်လက်ဖြင့် ပြောသည်။

ပြဿနာ ဖြစ်ပေါ်လျက်ရှိသော အထည်စ ပိတ်စများမှာ ၂၀၁၁-၁၂ ခုနှစ်ထဲတွင် မော်လမြိုင်မြို့မှ တင်သွင်းခဲ့ပြီး ဂိုဒေါင်ထဲတွင် သိုလှောင်ထားခဲ့ရာမှ ဈေးကွက် အနေအထားအရ ယခုလတွင် ထုတ်၍ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း အမှုဖွင့်ခံထားရသူ မေခလာအထည်ဆိုင်မှ ကိုကျော်လှိုင်သိန်းက ပြောသည်။

”ဒီလို အချိန်မျိုးမှာ ကျနော် ဘယ်လိုလုပ်ပြီး ရောင်းရဲမှာလဲ။ တကယ် သိသိကြီးနဲ့ ရောင်းခဲ့ရင် အခုချိန်ထွက်ပြေးနေပြီ”ဟု ကိုကျော်လှိုင်သိန်းက ဆိုသည်။

အထည်အလိပ်ပေါ်ရှိ စေတီပုံများမှာ ထိုင်းနိုင်ငံ၏ Trade Mark တခုသာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၄င်းပုံစံစေတီ မရှိကြောင်း၊ မေခလာအထည်ဆိုင်မှ အထည်စများကို မသိရှိဘဲ ရောင်းချခဲ့ခြင်းသာ ဖြစ်ကြောင်း၊ မေခလာ မှာ ဗုဒ္ဓဘာသာဆိုင်ဖြစ်ကြောင်းကို အာမခံကြောင်း ရွှေဝါရောင် ကျောင်းတိုက်ဆရာတော် ဦးပဏ္ဍ၀ံသက ဧရာဝတီကို မိန့်သည်။

”ထိုင်းနိုင်ငံက အယုဒ္ဓယဘက်မှာ ပိတ်တွေမှာ ဒီလိုပုံတွေ ရိုက်နေကြ။ အခုကိစ္စက ဘာသာရေး အစွန်းရောက်သူတွေ ထွင်တဲ့ လမ်းကြောင်းပါ။ ရိုးသားမှု မရှိပါဘူး”ဟု ဦးပဏ္ဍ၀ံသက မိန့်သည်။

မေခလာ အထည်ဆိုင် ၃ ဆိုင်ရှိရာ ယင်းအထည်စများကို မေခလာ(သမီး)ဆိုင်၌သာ ရဲက ရှာဖွေတွေ့ရှိခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ရန်ကုန် ဗိုလ်ချုပ်ဈေးထဲက အထည်ဆိုင် တဆိုင် (ဓာတ်ပုံ – indochinatravelplan.com)

ထက်နိုင်ဇော် ( ဧရာဝတီ)
စေတီပုံ ရိုက်နှိပ်ထားသော ချည်ထည်များ လက်ဝယ်တွေ့ရှိသောကြောင့် ရန်ကုန် မြို့ ယုဇနပလာဇာရှိ အထည်ဆိုင် ပိုင်ရှင်ကို သာသနာကို ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မဖွင့်၍ အရေးယူထားရပြီး အထည် တင်သွင်းလာသည့် မော်လမြိုင်မြို့သို့လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့က ပြောဆိုသည်။

Gangnam Style နှင့် ကျန်းမာရေး

Photo: Gangnam Style နှင့် ကျန်းမာရေး

လတ်တလော ရေပန်းစားနေတဲ့ Gangnam စတိုင် ကကွက်တွေဟာ ကျန်းမာရေးအတွက်လည်း အကျိုးရှိကြောင်းအမေရိကန် လေ့ကျင့်ခန်းဆိုင်ရာ ကောင်စီကဆိုပါတယ်။

Gangnamစတိုင် ကတာကြောင့် နာရီဝက်ကြာတိုင်း ၁၅၀-၂၀၀ ကယ်လိုရီကို လောင်ကျွမ်းစေတယ်လို့ အဆိုပါလေ့လာမှုအရ သိရပါတယ်။

Gangnam စတိုင်ကကွက်ဟာ ပေါင်အဆီတွေကို လောင်ကျွမ်းစေတဲ့ အကျိုးအာနိသင်လည်း ရှိပါတယ်။ ဒါကြောင့် တချို့တိုင်းပြည်က အားကစားစင်တာတွေမှာ Gangnam စတိုင်ကကွက်တွေကို ထည့်သွင်းကစားလာကြပါတယ်။

Gangnam စတိုင်ကကွက်မှာ သီဆိုတဲ့သီချင်းကလည်း ကချင်စိတ်ဖြစ်လာအောင် လှုံ့ဆော်ပေးပါတယ်။ Gangnam စတိုင်ကကွက်တွေဟာ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းသူတွေအတွက် အတော်အဆင်ပြေတဲ့ ကကွက်တွေ ဖြစ်ပါတယ်။

လေထဲ မြင်းစီးသလိုကကွက်၊ ဆောင့်ကြောင့်ထိုင်တဲ့ ကကွက်၊ ဘေးတိုက်လှုပ်ရှားရတဲ့ ကကွက်တွေဟာ ပျော်ရွင်စရာကောင်းသလို ခန္ဓာကိုယ်အတွက်လည်း တကယ်အလုပ်ဖြစ်ပါတယ်။ ခုန်ပေါက်လှုပ်ရှားနေရတာကြောင့် ပေါင်အဆီတွေကို လျော့ကျစေပြီး ခြေတံတွေကို ကျစ်လျစ်သွယ်လျစေပါတယ်။

Pyae Phyo Wai


ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
လတ်တလော ရေပန်းစားနေတဲ့ Gangnam စတိုင် ကကွက်တွေဟာ ကျန်းမာရေးအတွက်လည်း အကျိုးရှိကြောင်းအမေရိကန် လေ့ကျင့်ခန်းဆိုင်ရာ ကောင်စီကဆိုပါတယ်။

စက်မှုဇုန်အသီးသီးမှ အလုပ်သမားများကို အသေးစားချေးငွေများ ထုတ်ချေးပေးရန် စီမံနေကြောင်း သမ၀ါယမ၀န်ကြီးဌာနမှ သတင်းရရှိသည်

"အသေးစားချေးငွေပေးတာ လတ်တလော အဆင်ပြေရေးကိုသာ ဦးတည်တာမဟုတ်ဘဲ နောင်လေး၊ ငါးနှစ်မှာ မိမိခြေထောက်ပေါ်မိမိ ရပ်တည်နိုင်အောင် ရည်ရွယ်ပါတယ်။ အဓိကကတော့ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုအတွက် ရည်ရွယ်ပြီး ချေးတာပါ" ဟု သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း က လှိုင်သာယာစက်မှုဇုန်၌ အလုပ်သမား၊ အလုပ်ရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ အသိပေး ကြေညာချက်


Photo: မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ အသိပေး ကြေညာချက်


၂ဝ၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့် စတင် ရောင်းချမည့် MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်း များသည် လက်ရှိမိုဘိုင်း တယ်လီဖုန်း ဈေးကွက်တွင် ရောင်းချလျက် ရှိသော CDMA - 800MHz ငွေဖြည့် ကတ်များဖြင့် အသုံးပြု၍ မရပါ။

MECTel တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်းများ အတွက် MECTel အမှတ် တံဆိပ်ပါ ငွေဖြည့် ကတ်များဖြင့်သာ တယ်လီဖုန်း ပြောဆိုခ ငွေဖြည့်တင်း၍ ဆက်သွယ် အသုံးပြု နိုင်မည် ဖြစ်ပါသည်။

ဖော်ပြပါ MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်း ကြိုတင် ငွေဖြည့်ကတ် များကို အောက်ပါ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အလိုက် ကိုယ်စားလှယ် အရောင်းဆိုင် များနှင့် ၄င်းတို့၏ အရောင်း ဆိုင်ခွဲများတွင် ရောင်းချပေး သွားမည် ဖြစ်ပါကြောင်း ကြိုတင် အသိပေး ကြေညာ အပ်ပါသည်

See more>> http://www.myawady.com.mm/allnews/local/item/11635-2013-04-20-10-28-35

မြ၀တီ
၂ဝ၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့် စတင် ရောင်းချမည့် MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်း များသည် လက်ရှိမိုဘိုင်း တယ်လီဖုန်း ဈေးကွက်တွင် ရောင်းချလျက် ရှိသော CDMA - 800MHz ငွေဖြည့် ကတ်များဖြင့် အသုံးပြု၍ မရပါ။

"အင်အား ၆.၆ ငလျင် ဇီချွမ်တွင်လှုတ်"


Photo: "အင်အား ၆.၆ ငလျင် ဇီချွမ်တွင်လှုတ်"

ဇီချွမ်၊ ဧပြီ ၂၀

တရုတ်နိုင်ငံ ဇီချွမ်ပြည်နယ်တွင် အင်အား ၆.၆ ခန့်ရှိသော မြေငလျင်တစ်ခုလှုတ်ခတ်သွားခဲ့သည်။

ဧပြီ ၂၀ ရက်၊ တရုတ်စံတော်ချိန်  နံနက် ၈ နာရီ ၂ မိနစ်ခန့်တွင် ဇီချွမ်ပြည်နယ်၊ Linqiong မြို့ မှ အနောက်ဖက် ၃၁ မိုင်ခန့်၊ မြေအောက် ၇.၄ မိုင်ခန့်နေရာကို ဗဟိုပြု၍ လှုတ်ခတ်သွားခဲ့ခြင်းဖြစ်ပြီး လောလောဆယ်သိရှိရသလောက်မူ ရာနှင့်ချီ၍ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်းသိရသော်လည်း စာရင်းအတိအကျမထွက်သေးချေ။

၂၀၀၈ ခုနှစ် မေလအတွင်းကလည်း ဇီချွမ်ပြည်နယ်တွင် အင်အား ၈.၀ ခန့်ရှိသည့် မြေငလျင်လှုတ်မှုကြောင့် လူပေါင်း ကိုးသောင်းနီးပါး အသက်ဆုံးရှုံးခဲ့ကြသေးသည်။

BBC
တရုတ်နိုင်ငံ ဇီချွမ်ပြည်နယ်တွင် အင်အား ၆.၆ ခန့်ရှိသော မြေငလျင်တစ်ခုလှုတ်ခတ်သွားခဲ့သည်။

တစ်ကိုယ်တော် စစ်ဘီးစီး အဘိုးအို ဦးပြူး

Photo: တစ်ကိုယ်တော် စစ်ဘီးစီး အဘိုးအို ဦးပြူး
စစ်တွေ ၊ ၂၀-၄-၂၀၁၃

http://pyichit-thar.blogspot.com/2013/04/blog-post_19.html

၂၀၁၃ ခုနှစ် ၊ ဒီဇင်ဘာလ တွင် မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပ ပြုလုပ်မည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပွဲတော်ကြီးကို ဂုဏ်ပြု ကြိုဆိုသော အားဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီမှ စ၍ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မှ ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၀ ခုရှိ မြို့နယ် အသီးသီး ကို ဖြတ်ကျော်၍ စက်ဘီးစီး ခရီးစဉ် မိုင်ပေါင်း ၃၈၀၀ ခန့်အား အချိန်ကာလ အားဖြင့် ၃ လ နှင့် ၃ ရက်ကြာ မြင့်စွာ စက်ဘီးဖြင့် စီးနင်း သွားရောက် ခဲ့သည့် စစ်တွေမြို့ ၊ မောလိပ် ရပ်ကွက်နေ အသက် ၈၆ နှစ် အရွယ်ရှိ တစ်ကိုယ်တော် စက်ဘီးစီး အဘိုးအို ဦးပြူး သည် ၄င်း၏ ခရီးစဉ်များ အဆုံးသတ် မည့် ဧရာဝတီတိုင်း ဒေသကြီး ၊ ကြံ့ခင်းမြို့သို့ ယခုနှစ် မတ်လ ၁၉ ရက် နံနက်ပိုင်း တွင် ရောက်ရှိ အဆုံသတ် ခဲ့ကြောင်း သိရသည်။

တစ်ကိုယ်တော် စက်ဘီးစီး အဘိုးအို ဦးပြူး သည် မတ်လ ၂၂ ရက်နေ့ ညနေပိုင်း တွင် ပြည်မြို့မှ ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့ သို့ မော်တော်ယာဉ် ဖြင့် လည်းကောင်း ၊ တောင်ကုတ် မြို့တွင် ၆ ရက်ကြာ နေထိုင်ပြီး ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ဖြူမြို့ မှ စစ်တွေမြို့ ယင်း၏ နေအိမ်သို့ သို့ မလိခ အမြန်ရေယာဉ် ဖြင့်ရောက်ရှိရာ ကျန်းမာ ပျော်ရွှင်စွာ နေထိုင်လျက် ရှိကြောင်း နှင့် ဧပြီလ ၁၇ ရက်နေ့ နံနက် ၉ နာရီက စစ်တွေ မြို့လုံးကျွတ် ၂၉ ကြိမ်မြောက် သက်ကြီး ပူဇော်ပွဲ သို့ တက်ရောက်ပြီး အပူဇော် ခံယူခဲ့ကြောင်း သိရှိရသည်။
၂၀၁၃ ခုနှစ် ၊ ဒီဇင်ဘာလ တွင် မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပ ပြုလုပ်မည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပွဲတော်ကြီးကို ဂုဏ်ပြု ကြိုဆိုသော အားဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီမှ စ၍ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မှ ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၀ ခုရှိ မြို့နယ် အသီးသီး ကို ဖြတ်ကျော်၍ စက်ဘီးစီး ခရီးစဉ် မိုင်ပေါင်း ၃၈၀၀ ခန့်အား အချိန်ကာလ အားဖြင့် ၃ လ နှင့် ၃ ရက်ကြာ မြင့်စွာ စက်ဘီးဖြင့် စီးနင်း သွားရောက် ခဲ့သည့် စစ်တွေမြို့ ၊ မောလိပ် ရပ်ကွက်နေ အသက် ၈၆ နှစ် အရွယ်ရှိ တစ်ကိုယ်တော် စက်ဘီးစီး အဘိုးအို ဦးပြူး သည် ၄င်း၏ ခရီးစဉ်များ အဆုံးသတ် မည့် ဧရာဝတီတိုင်း ဒေသကြီး ၊ ကြံ့ခင်းမြို့သို့ ယခုနှစ် မတ်လ ၁၉ ရက် နံနက်ပိုင်း တွင် ရောက်ရှိ အဆုံသတ် ခဲ့ကြောင်း သိရသည်။

ရခိုင်ရှိ မဟာမုနိ ဘုရားကြီး ရွှေထီးတော်မြတ် လေပြင်း တိုက်ခိုက်၍ တိမ်းစောင်းသွား

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့ ရှိ မဟာမုနိ ဘုရားကြီး သိမ်တော်သည် ဧပြီလ ၁၆ ရက် ညနေပိုင်း က လေပြင်း တိုက်ခတ်မှု ကြောင့် ရွှေထီးတော်မြတ် တိမ်းစောင်းသွားကြောင်းသိရသည်။ အဆိုပါ မဟာမုနိ ဘုရားကြီး ထီးတော် သည် ဧပြီလ ၁၆ ရက် ညနေ လေပြင်း တိုက်ခတ် မှုကြောင့် အနောက် တောင်ထောင့်

သံတောင်မြို့ ပသိချောင်း အပန်းဖြေစခန်းသို့ လာရောက်သူ များပြား

Photo: သံတောင်မြို့ ပသိချောင်း အပန်းဖြေစခန်းသို့ လာရောက်သူ များပြား
သံတောင် ၊ ၂၀-၄-၂၀၁၃

http://pyichit-thar.blogspot.com/2013/04/blog-post_19.html

တောင်ငူမြို့ မှ ၁၃ မိုင်သာ ကွာဝေးသော သံတောင်မြို့ အနီး ပသိချောင်း အပန်းဖြေ စခန်းသို့ ယခုနှစ် သင်္ကြန် ကာလ နှင့် နှစ်ဆန်း တစ်ရက် ၊ နှစ်ရက်နေ့ များတွင် ဒေသတွင်း အပန်းဖြေ သူများ အပြင် ရန်ကုန်မြို့မှ အပန်းဖြေ သူများပါ ကိုယ်ပိုင် ယာဉ်များ ၊ ခရီးသည်တင် မှန်လုံ စင်းလုံးငှား ယာဉ်များဖြင့် လာရောက် လည်ပတ် အပန်းဖြေ ကြကြောင်း သိရသည်။ ပသိချောင်း တွင် ရွှေသံတောင် အပန်းဖြေ စခန်း ဖွင့်လှစ် ထားရှိပြီး ယမန်နှစ်မှ စ၍ ဇေကမ္ဘာ ကုမ္ပဏီ မှလည် အပန်းဖြေ စခန်း ထပ်မံ ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။ ပသိချောင်း တစ်လျှောက် အပြင် အဆိုပါ စခန်းများ အောက်ဘက်ရှိ သံတောင်မြို့ အနီး ချောင်းရိုး တစ်လျှောက် အတွင်း အထိပါ အပန်းဖြေ အနားယူများ ဖြင့် ပြည့်သိပ် စည်ကား ခဲ့ကြောင်း သိရသည်။ ၀င်ကြေး အနေဖြင့် ရွှေသံတောင် အပန်းဖြေ စခန်း ၀င်ကြေး ကျပ် ၂၀၀ နှင့် ထိုမှတစ်ဆင့် ချောင်း အထက်ပိုင်းရှိ ဇေကမ္ဘာ ကုမ္ပဏီ အပန်းဖြေ စခန်းသို့ ၀င်ကြေး တစ်ရာကျပ် ပေးဆောင်၍ လည်ပတ် အပန်းဖြေ နိုင်ကြောင်း သိရှိရသည်။
တောင်ငူမြို့ မှ ၁၃ မိုင်သာ ကွာဝေးသော သံတောင်မြို့ အနီး ပသိချောင်း အပန်းဖြေ စခန်းသို့ ယခုနှစ် သင်္ကြန် ကာလ နှင့် နှစ်ဆန်း တစ်ရက် ၊ နှစ်ရက်နေ့ များတွင် ဒေသတွင်း အပန်းဖြေ သူများ အပြင် ရန်ကုန်မြို့မှ အပန်းဖြေ သူများပါ ကိုယ်ပိုင် ယာဉ်များ ၊ ခရီးသည်တင် မှန်လုံ စင်းလုံးငှား ယာဉ်များဖြင့် လာရောက် လည်ပတ် အပန်းဖြေ ကြကြောင်း သိရသည်။ 

တရုတ်၌ H7N9 ရောဂါပိုး ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၇ ဦး ၊ ကူးစက်ခံရသူ ၈၇ ဦးရှိ

Photo: တရုတ်၌ H7N9 ရောဂါပိုး ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၇ ဦး ၊ ကူးစက်ခံရသူ ၈၇ ဦးရှိ
ပေကျင်း ၊ ၂၀-၄-၂၀၁၃

http://myawady-myawady.blogspot.com/2013/04/h7n9_20.html

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ၊ ကျဲကျန်းပြည်နယ် ၊ ကျန်းစုပြည်နယ် နှင့် ဟေနန် ပြည်နယ် များတွင် H7N9 ကြက်ငှက် တုပ်ကွေး ရောဂါပိုး ကူးစက်ခံရသူ ၅ ဦး ထပ်မံ တိုးမြင့် လာခဲ့ကြောင့် အစိုးရက ဧပြီလ ၁၈ ရက် ညနေပိုင်းတွင် အတည်ပြု ပြောကြား ခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံ တွင် ယခုအခါ H7N9 ကြက်ငှက် တုပ်ကွေး ရောဂါပိုး ကူးစက်ခံရမှု ကြောင့် သေဆုံးသူ ဦးရေမှာ ၁၇ ဦးအထိ မြင့်တက် လာပြီး ရောဂါ ဝေဒနာ ခံစား နေရယူ ၈၇ ဦး ရှိကြောင်း အမျိုးသား ကျန်းမာရေး နှင့် မိသားစု စီမံကိန်း ကော်မရှင် က ထုတ်ဝေသည့် နေ့စဉ်ထုတ် သတင်းစာ တစ်စောင်တွင် ပြောကြား ခဲ့သည်။

အဆိုပါ H7N9 ရောဂါပိုး ကူးစက်ခံ ရသူများ အနက် ၆ ဦးသည် ဆေးဝါး ကုသမှု ခံယူပြီးနောက် ဆေးရုံမှ ဆင်းခွင့် ရပြီဖြစ်ပြီး ၆၄ ဦးသည် သတ်မှတ် ထားသော ဆေးရုံများတွင် ဆက်လက် ဆေးဝါး ကုသမှု ခံယူလျက် ရှိကြောင်း ယင်းကော်မရှင် ၏ ထုတ်ဖော် ပြောကြားချက် အရ သိရသည်။ လူသားများတွင် H7N9 ကြက်ငှက် တုပ်ကွေး ရောဂါပိုး တွေ့ရှိမှုမှာ ပြီးခဲ့သည့် လကုန်ပိုင်း က စတင်ခဲ့ခြင်း ဖြစ်ကြောင်း တရုတ်အစိုးရက တရားဝင် ပြောကြားကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ၊ ကျဲကျန်းပြည်နယ် ၊ ကျန်းစုပြည်နယ် နှင့် ဟေနန် ပြည်နယ် များတွင် H7N9 ကြက်ငှက် တုပ်ကွေး ရောဂါပိုး ကူးစက်ခံရသူ ၅ ဦး ထပ်မံ တိုးမြင့် လာခဲ့ကြောင့် အစိုးရက ဧပြီလ ၁၈ ရက် ညနေပိုင်းတွင် အတည်ပြု ပြောကြား ခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံ တွင် ယခုအခါ H7N9

ဒီနေ့သည် သမ္မတကြီး မွေးနေ့

သူဟာ နှလုံးခုန်စက်နဲ့ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံရဲ့ သံမဏိလူသား..

Texas ပေါက်ကွဲမှု အလောင်းတွေ ထပ်တွေ့


Photo: Texas ပေါက်ကွဲမှု အလောင်းတွေ ထပ်တွေ့

Saturday,April20,2013



အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့ကဖြစ်ခဲ့တဲ့ ဓာတ်မြေသြဇာ စက်ရုံပေါက်ကွဲမှုဟာ တကယ့်ကို အိပ်မက်ဆိုးကြီး မက်သလိုပဲလို့ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Rick Perry က ပြောလိုက်ပါတယ်။



ကယ်ဆယ်ရေးလုပ်သားတွေက ပေါက်ကွဲမှုကြောင့်ဖြစ်ခဲ့တဲ့ အပျက်အစီးတွေ ကြားမှာ အသက်ရှင် ကျန်ရစ်မယ့်သူတွေကို ဆက်လက် ရှာဖွေနေပါတယ်။ ဒီပေါက်ကွဲမှုကြောင့် West ဆိုတဲ့မြို့ အိမ်တွေ နဲ့ စီးပွားရေးလုပ်ငန်းတွေ အတော် များများ ပြိုကျ ပျက်စီးသွားခဲ့ပါတယ်။



အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့သူ ဘယ်လောက်ရှိမယ်ဆိုတာကတော့ အတိအကျမသိရသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ ၁၅ ယောက်လောက် အထိ သေဆုံးနိုင်ပြီး ဒဏ်ရာရသူဟာ ၁၆၀ ကျော် သွားပြီဖြစ်သလို အတော်များများလည်း ပျောက်ဆုံးနေတုန်းပဲ ဖြစ်ပါတယ်။



ကယ်ဆယ်ရေးလုပ်သားတွေဟာ တအိမ်ပြီးတအိမ် လိုက်လံရှာဖွေပြီးတော့ ကယ်ဆယ်တာတွေလုပ်နေတယ်လို့ ရဲအာဏာပိုင်တွေက ပြောပါတယ်။ ၅ ဘလောက် ပတ်ဝန်းကျင်အတွင်းမှာရှိတဲ့ အိမ်ခြေ ၈၀ လောက်ဟာ အတော်လေး ကို ထိခိုက်သွားတာ ဒါမှမဟုတ် လုံးဝ ပျက်စီးသွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် ထိခိုက် သေဆုံးခဲ့ရသူတွေနဲ့ဆိုင်တဲ့ သတင်းတွေ အတော်များများဟာ အတိအကျပြောဖို့ စောလွန်းနေသေးတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ပယ်ရီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။



West မြို့ကို အမေရိကန်ဗဟိုအစိုးရရဲ့ အရေးပေါ်ပြဿနာဖြေရှင်းရေး အကူ အညီပေးသွားမှာဖြစ်တယ်လို့ သမ္မတအိုဘားမားက အလျှင်အမြန်ပြောကြား ခဲ့တယ်လို့ မစ္စတာ ပယ်ရီက ပြောပါတယ်။



 အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့ကဖြစ်ခဲ့တဲ့ ဓာတ်မြေသြဇာ စက်ရုံပေါက်ကွဲမှုဟာ တကယ့်ကို အိပ်မက်ဆိုးကြီး မက်သလိုပဲလို့ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Rick Perry က ပြောလိုက်ပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေက ပေါက်ကွဲမှုကြောင့်ဖြစ်ခဲ့တဲ့ အပျက်အစီးတွေ ကြားမှာ အသက်ရှင် ကျန်ရစ်မယ့်သူတွေကို ဆက်လက် ရှာဖွေနေပါတယ်။ ဒီပေါက်ကွဲမှုကြောင့် West ဆိုတဲ့မြို့ အိမ်တွေ နဲ့ စီးပွားရေးလုပ်ငန်းတွေ အတော် များများ ပြိုကျ ပျက်စီးသွားခဲ့ပါတယ်။ အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့သူ ဘယ်လောက်ရှိမယ်ဆိုတာကတော့ အတိအကျမသိရသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ ၁၅ ယောက်လောက် အထိ သေဆုံးနိုင်ပြီး ဒဏ်ရာရသူဟာ ၁၆၀ ကျော် သွားပြီဖြစ်သလို အတော်များများလည်း ပျောက်ဆုံးနေတုန်းပဲ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေဟာ တအိမ်ပြီးတအိမ် လိုက်လံရှာဖွေပြီးတော့ ကယ်ဆယ်တာတွေလုပ်နေတယ်လို့ ရဲအာဏာပိုင်တွေက ပြောပါတယ်။ ၅ ဘလောက် ပတ်ဝန်းကျင်အတွင်းမှာရှိတဲ့ အိမ်ခြေ ၈၀ လောက်ဟာ အတော်လေး ကို ထိခိုက်သွားတာ ဒါမှမဟုတ် လုံးဝ ပျက်စီးသွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် ထိခိုက် သေဆုံးခဲ့ရသူတွေနဲ့ဆိုင်တဲ့ သတင်းတွေ အတော်များများဟာ အတိအကျပြောဖို့ စောလွန်းနေသေးတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ပယ်ရီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ West မြို့ကို အမေရိကန်ဗဟိုအစိုးရရဲ့ အရေးပေါ်ပြဿနာဖြေရှင်းရေး အကူ အညီပေးသွားမှာဖြစ်တယ်လို့ သမ္မတအိုဘားမားက အလျှင်အမြန်ပြောကြား ခဲ့တယ်လို့ မစ္စတာ ပယ်ရီက ပြောပါတယ်။ VOA

VOA

Photo: Texas ပေါက်ကွဲမှု အလောင်းတွေ ထပ်တွေ့ Saturday,April20,2013
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့ကဖြစ်ခဲ့တဲ့ ဓာတ်မြေသြဇာ စက်ရုံပေါက်ကွဲ မှုဟာ တကယ့်ကို အိပ်မက် ဆိုးကြီး မက်သလိုပဲလို့ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Rick Perry က ပြောလိုက...်ပါတယ်။

Boston ဗုံးခွဲသူကို ဖမ်းမိပြီ

ဘော့စ်တွန်မာရသွန်ပြေးပွဲမှာ Peessure cooker ကိုအသုံးပြုပြီး ဗုံးခွဲတိုက်ခိုက်ခဲ့သူ အသက် (၁၉) နှစ်အရွယ် Dzhokhar Tsarnaevဘော့စ်တွန်မာရသွန်ပြေးပွဲမှာ Peessure cooker ကိုအသုံးပြုပြီး ဗုံးခွဲတိုက်ခိုက်ခဲ့သူ အသက် (၁၉) နှစ်အ ရွယ် Dzhokhar Tsarnaev
Boston ဗုံးခွဲသူအဖြစ် သံသယရှိသူ ဒုတိယတယောက်ကို လုံခြုံရေး အာဏာပိုင်တွေက တနေ့လုံး ပိုက်စိပ်တိုက် လိုက်လံရှာဖွေ ခဲ့ပြီးနောက် သောကြာနေ့ ညပိုင်းမှာ အရှင်ဖမ်းမိသွားပါပြီ။

ရန်ကုန် ဆီဒိုးနားဟိုတယ်ဝင်းအတွင်း အမေရိကန်ဒေါ်လာ သန်း ၈၀ ထပ်မံမြှုပ်နှံကာ ဟိုတယ်သစ် ထပ်မံတည်ဆောက်မည်

w1-11-4-7
ရန်ကုန်မြို့ရှိ ဆီဒိုနားဟိုတယ်ဝင်းအတွင်း အမေရိကန်ဒေါ်လာ သန်း ၈၀ ထပ်မံမြှုပ်နှံ လုပ်ကိုင် မည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံ ကုန်သွယ်မှု အထူးခံစားခွင့်နိုင်ငံ ပြန်လည်ရရှိနိုင်

Photo: မြန်မာနိုင်ငံ ကုန်သွယ်မှု အထူးခံစားခွင့်နိုင်ငံ ပြန်လည်ရရှိနိုင်

မြန်မာနိုင်ငံကို ကုန်သွယ်မှု အထူးခံစားခွင့်နိုင်ငံအဖြစ် ပြန်လည်သတ်မှတ်ဖို့ အမေရိကန်အစိုးရ ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်ရုံး USTR က ကြားနာပွဲပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ 

အမေရိကန်ဈေးကွက်မှာ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အကောက်ခွန်မဲ့ တင်ပို့ရောင်းချနိုင်အောင် လက်ခံသွားဖို့ ပြင်ဆင်နေတာဖြစ်ပြီး လာမယ့်ဇွန်လ ၄ ရက်နေ့မှာ ကြားနာပွဲတစ်ခုကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီကြားနာပွဲမှာ မြန်မာနိုင်ငံအပြင် လာအိုနိုင်ငံလည်း ပါဝင်ပါမယ်။ 

အဲဒီလို ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးခံစားခွင့် မြန်မာနိုင်ငံ ပြန်ရဖို့အတွက်လည်း မြန်မာအစိုးရဖက်က တောင်းဆိုထားတယ်လို့ဆိုပါတယ်။ 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ် မတိုင်ခင်က မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန်ဈေးကွက်မှာ အကောက်ခွန်မဲ့ တင်ပို့ရောင်းချခွင့်ရရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဖြစ်တဲ့ အဓမ္မလုပ်အားပေးခိုင်းစေတာနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖေါက်မှုတွေ ရှိခဲ့တာကြောင့် ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ အဲဒီအထူးအခွင့်အရေးတွေကို အမေရိကန်အစိုးရက ရပ်ဆိုင်းခဲ့တာပါ။ 

GSP ကုန်သွယ်မှု အထူးခံစားခွင့်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စီးပွားရေးတိုးတက်လာအောင် အဲဒီတိုင်းပြည်တွေက ကုန်ပစ္စည်းမျိုးစုံကို အမေရိကန်ဈေးကွက်မှာ အကောက်ခွန်မယူပဲ ရောင်းချခွင့်ပေးတာဖြစ်ပါတယ်။ အမေရိကန်အစိုးရက သတ်မှတ်ထားတဲ့ ဒီအစီအစဉ်မှာ ဆင်းရဲတဲ့နိုင်ငံ ၄၂ နိုင်ငံက ကုန်ပစ္စည်းအမျိုးပေါင်း ၅၀၀၀ လောက် အမေရိကန်ဈေးကွက်မှာ ရောင်းချခွင့်ပြုထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က အမေရိကန်ဒေါ်လာ ၁၈.၅ ဘီလီယမ် တန်ဖိုးရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကို ကုန်သွယ်မှု အထူးခံစားခွင့်နိုင်ငံအဖြစ် ပြန်လည်သတ်မှတ်ဖို့ အမေရိကန်အစိုးရ ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်ရုံး USTR က ကြားနာပွဲပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

Friday, April 19, 2013

ဒေါ်အောင်ဆန်းစုကြည် ဂျပန်ခရီးစဉ်မှ ပြန်လည်ရောက်ရှိ

 ဧပြီ ၁၂ ရက်မှ စ၍ ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် သွားရောက်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၁၉ ရက် ည ၇ နာရီခန့်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ ခရီးစဉ်မှ ပြန်လည်ရောက်ရှိ

ဧပြီ ၁၂ ရက်မှ စ၍ ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် သွားရောက်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၁၉ ရက် ည ၇ နာရီခန့်တွင် မြန်မာနိုင်ငံ သို့ ပြန် လည် ရောက်ရှိလာခဲ့သည်။

ဘုရားဆင်းတုတော်များတူးဖော်ရရှိ


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ နဂါးရုံဘုန်းတော် ကြီးကျောင်း ကျောင်း ထိုင်ဆရာတော် ဘဒ္ဒန္တဥူးပဏ္ဍ၀ သီတင်းသုံး ရာကျောင်းဆောင်ရှေ့ ကျောင်းဝင်း အတွင်းရှိပန်းခြံထဲတွင် ဘုရားဆင်းတုတော်များရှိနေကြောင်း အိမ်မက်အရ တူးဖော်ခဲ့ရာ ၂၅-၃-၂၀၁၃ ရက်နေ့ ၁၀၃၀

19.4.2013 မှ 25.4.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း

 တနင်္ဂနွေ
စိတ်သစ်လူသစ် ဤနှစ်သစ်မှာ အောင်မြင်မှု့ အသစ်တွေ က သင့်ကို ကြိုဆိုနေပါတယ်။ ဤနှစ်မဟာဘုတ် အရ သင့်ကံဇာတာအရလည်း ကံကောင်းပြီ။ ရာထူးတက်ခြင်း ၊ စီးပွားတက်ခြင်း ၊ အလုပ်အကိုင် အဆင်ပြေခြင်း၊ အချစ်ရေး အိမ်ထောင်ရေး ကံကောင်းခြင်းတို့ ဖြစ်မည်။ ခရီး ယာယီ တွေရောက်မည်။ စိတ်ချမ်းသာမှု့ တွေဖြစ်မည်။ ချက်ချင်းအဆင်မပြေ၍ အားမလျော့နှင့် ပြေလာမည်။ ကြီးသူ တစ်ယောက် ချူချာမည်။ စက်အပျက် အ၀င်မတော်ပါ။ 
အကျိုးပေးဂဏန်း - ၁ ၊ ၅ ၊ ၇။
အထူးဟော - အောင်မြင်တိုးတက်မည်။
ယတြာ - အိမ်ဘုရားကို အုန်းပန်းကပ်ပါ။
 

ရန်ကုန်တွင် ခရမ်းချဉ်သီး ဈေးနှုန်း လေးဆခန့်မြင့်တက်

ရန်ကုန်ဈေးကွက်တွင်း ခရမ်းချဉ်သီး ၀င်ရောက်မှုကျဆင်းလာခြင်းအတူ တစ်သေတ္တာ လျှင် ဈေးနှုန်း လေး ဆ ခန့်မြင့်တက်လာလျက်ရှိကြောင်း ပွဲရုံပိုင်ရှင်များထံက သိရှိရသည်။

၂၀၁၃ ဆီးဂိမ်းဖွင့်ပွဲတွင် အာဆီယံ အနုပညာရှင် ၃၀၀ ပါဝင်ဖျော်ဖြေမည်

၂၀၁၃ ဆီးဂိမ်းဖွင့်ပွဲတွင် အာဆီယံ အနုပညာရှင် ၃၀၀ ပါဝင်ဖျော်ဖြေမည်
Friday, April 19, 2013 

၂၇ ကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင် အာဆီယံ ၁၀ နိုင်ငံမှ သက်ဆိုင်ရာ နိုင်ငံအလိုက် ယဉ်ကျေးမှု အနုပညာရှင် စုစုပေါင်း ၃၀၀ တို့က မြန်မာ ယဉ်ကျေးမှု ပညာရှင်များနှင့် တွဲဖက်ကာ ဖျော်ဖြေ တင်ဆက်သွားရန် စီစဉ်ထားကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရန်နိုင်ဦးက ပြောသည်။

“နိုင်ငံတကာကနေ အားကစားပြိုင်ပွဲတွေမှာ အနုပညာ ပေါင်းစပ်ဖျော်ဖြေတာက နည်းပါးတယ်။ ရွှေနိုင်ငံက ကြိုနေမယ် ဆိုတဲ့ သီချင်းကို သက်ဆိုင်ရာ နိုင်ငံအလိုက် ရိုးရာအကတွေနဲ့ ဖျော်ဖြေကြမှာပါ။ မြန်မာကောအပါအဝင် ၁၁ နိုင်ငံက အနုပညာ ရှင်တွေ ကပြကြမှာပါ” ဟု ၎င်းက ဧပြီ ၁၂ ရက်နေ့တွင် ကျင်းပခဲ့သော ဆီးဂိမ်းအကြို သတင်းစာ ရှင်းလင်းပွဲ၌ ရှင်းပြသည်။

ထိုင်း၊ ဘရူနိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယမ်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ အရှေ့တီမော၊ စင်ကာပူနှင့် ဖိလစ်ပိုင်တို့မှ ယဉ်ကျေးမှု အနုပညာရှင်များက ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် လာရောက် ဖျော်ဖြေကြမည် ဖြစ်ပြီး တနိုင်ငံလျှင် အနုပညာရှင် ၃၀ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“အနုပညာရှင်တွေက ယဉ်ကျေးမှုဝန်ကြီး ဌာနကရယ်၊ ယဉ်ကျေးမှုတက္ကသိုလ် ကျောင်းတွေက ကလေးတွေရယ် ပါမယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံ တ၀န်းလုံးမှာရှိတဲ့ အနုပညာရှင်တွေကလည်း သူတို့တတ်နိုင်တဲ့ ဘက်က ကူညီကြမှာပါ။ ဒီဆီးဂိမ်းမှာ ကဏ္ဍစုံ အနုပညာရှင်ပေါင်း သောင်းနဲ့ချီ ပါဝင်သွားမှာပါ။ အာဆီယံ နိုင်ငံတွေနဲ့ တွဲဖက်ကဖို့ အတွက်ကတော့ မြန်မာဘက်က အနုပညာရှင် ၁၆၀၀ လောက် ပါဝင်ပါမယ်” ဟု ဦးရန်နိုင်ဦးက ဧရာဝတီသို့ ပြောသည်။

အနုပညာ ဆိုင်ရာနှင့်ပတ်သတ်၍ ရုပ်ရှင်နှင့် သဘင်အစည်းအရုံးမှ အကြံဉာဏ်များ တောင်းခံထားကြောင်း၊ ပါဝင်မည့် နိုင်ငံတကာ အနုပညာရှင်များနှင့် အချိန် ၁ လကျော်ကြာ လေ့လာဆည်းပူး ဖလှယ်သွားရန် စီစဉ်ထားကြောင်း၊ နိုင်ငံတကာမှ ကကွက်များ၊ ကပြမည့် တေးသွားများကို ဧပြီလကုန်မှ စ၍ သက်ဆိုင်ရာ နိုင်ငံများမှ မြန်မာနိုင်ငံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ ကိုယ်စားပြု ယဉ်ကျေးမှု အကအလှ အနုပညာရှင် မစ္စစ် ဘွန်တရာဂျွန်တရာက “ကျမတို့ နိုင်ငံ ရိုးရာ အကတွေကို မြန်မာနိုင်ငံက ရိုးရာအကနဲ့ ပေါင်းစပ်သွားမှာပါ။ ဟာမိုနီဖြစ်အောင် ကပြသွားမှာပါ။ ကျမတို့ ရိုးရာအကကို မြန်မာပရိသတ်တွေ သိပ်ရင်းနှီးမှာ မဟုတ်ပေမယ့် ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ မြန်မာ့ရိုးရာ အကဟာ အနုစိတ်ပြီး တကယ့်ကို သိမ်မွေ့လှပတဲ့ အကတွေပါ။ ပူးတွဲကရင်း လေ့လာဖြစ်ခဲ့ရလို့ ကျေနပ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ၂၀၁၃ ဒီဇင်ဘာ ၁၁ မှ ၂၂ ရက်နေ့အထိ လက်ခံကျင်းပ သွားမည် ဖြစ်ကာ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ ၁၀ နိုင်ငံ၊ ပေါင်း ၁၁ နိုင်ငံမှ ၀င်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံ အနေဖြင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကို ၁၉၆၁ ခုနှစ်တွင် တကြိမ်၊ ၁၉၆၉ တွင် တကြိမ် အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခုအခါ ၄၄ နှစ်အကြာတွင် တတိယ အကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။

ဧရာဝတီ


၂၇ ကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင် အာဆီယံ ၁၀ နိုင်ငံမှ သက်ဆိုင်ရာ နိုင်ငံအလိုက် ယဉ်ကျေးမှု အနုပညာရှင် စုစုပေါင်း ၃၀၀ တို့က မြန်မာ ယဉ်ကျေးမှု ပညာရှင် များနှင့် တွဲဖက်ကာ ဖျော်ဖြေ တင်ဆက်သွားရန် စီစဉ်ထားကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရန်နိုင်ဦးက ပြောသည်။

တက္ကသိုလ်ဝင်တန်း စာစစ်သူများအတွက် စားရိပ်သာ စီစဉ်ပေးသင့်

တက္ကသိုလ်ဝင်တန်း စာစစ်သူများအတွက် စားရိပ်သာ စီစဉ်ပေးသင့်
Friday, April 19, 2013
ရန်ကုန်တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်များရှိ တက္ကသိုလ်ဝင်တန်း အဖြေလွှာစာစစ်ဆရာ၊ ဆရာမများ အတွက် နေ့လယ်စာစားသောက်ရန် နေရာနှင့် အခမဲ့စားသောက်ရန် စားရိပ်သာများကို သက်ဆိုင်ရာ ကစီစဉ်ပေးသင့်ကြောင်း ယင်းဒုက္ခခံစားနေရသူ ဆရာ ဆရာမအချို့က လူထုပုံရိပ်သို့ ပြောကြားသည်။

ယင်းကဲ့သို့ စာစစ်နေစဉ်ကာလအတွင်း စာစစ်လွှာများ လုံခြုံရေးအတွက် ရန်ကုန်တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်အတွင်းရှိ စားသောက်ဆိုင် (ကန်တင်း) များကို မေလကုန်အထိ ပိတ်ထားရကြောင်းနှင့် ရန်ကုန်တက္ကသိုလ်ရှိ တောင်ငူဆောင်၊ ရာမညဆောင်များကို သွပ်ပြားများဖြင့် ပတ်လည်ကာရံထားပြီး နေ့လယ်စာစားချိန်တွင် ဆရာ၊ ဆရာမများအတွက် စားသောက်နိုင်ရန် စာစစ်ဌာနထိပ်ရှိ ဒဂုံလမ်းပေါ်၌ လမ်းဘေးဈေးသည်အချို့က ထမင်းဟင်းလျာများ လာရောက်ရောင်းချကြောင်း ရန်ကုန်တက္ကသိုလ်ရှိ ဝန်ထမ်းအချို့ထံမှ သိရသည်။

"ကျွန်တော်တို့ ဒဂုံတက္ကသိုလ်မှာ ပဲခူးတိုင်းကလာတဲ့ ဆရာ၊ ဆရာမတွေရှိတယ်။ ကြို့ပင်ကောက်တို့၊ ပြည်တို့ကလာတဲ့ ဆရာ၊ ဆရာမတွေဆို တော်တော်ဒုက္ခရောက်ကြတယ်။ ဟိုတုန်းကလို မသမာမှုတွေ ရှိမှာစိုးလို့ ကျောင်းကိုလုံခြုံရေးအရ မနက် ၈ နာရီကနေ ၄ နာရီခွဲအထိ ပိတ်ထားတယ်။ မြို့ထဲဘက် ပြန်ရတဲ့၊ ဆရာ၊ ဆရာမတွေအတွက် ကားတွေကခပ်ကျဲကျဲဖြစ်သွားတော့ နောက်ကျတာတွေဖြစ် တယ်။ ဆရာ၊ ဆရာမတွေ ထမင်းချက်ရတာလည်း အရမ်းပဲခက်ခဲကြတယ်" ဟု ဒဂုံတက္ကသိုလ် ရူပဗေဒဌာနမှ ဆရာဦးဇော်မျိုးလှိုင်က လူထုပုံရိပ်သို့ပြောသည်။

ထို့အပြင် ဆရာ၊ ဆရာမများအတွက် ပိုမိုအဆင်ပြေလွယ်ကူပြီး တိုကင်ဖြင့်စားသုံးနိုင်သော အခမဲ့စား ရိပ်သာများ၊ စီစဉ်ပေးသင့်ကြောင်း ၎င်းကဆိုသည်။

"ဆရာ၊ ဆရာမတွေ စိတ်ပင်ပန်းနေရင် စာစစ်တဲ့အခါမှာလည်း စိတ်ပညာအရ အနည်းနဲ့အများ ထိခိုက်မှုရှိနိုင်တယ်။ စာစစ်တဲ့ error မတက်အောင် စာစစ်သူတွေကို စိတ်ကျေနပ်အောင် ထားပေး သင့်တယ်" ဟုအငြိမ်းစား စိတ်ပညာပါမောက္ခတစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

စာစစ်ဆရာ၊ ဆရာမများသည် စာစစ်ကြေးရရှိသော်လည်း ဘာသာရပ်အလိုက်မူတည်၍ ခရီးစရိတ်၊ စားစရိတ်ရရှိမှုမတူညီကြောင်းနှင့် ယခုနှစ် စာစစ်ကြေးသည် ယခင်နှစ်များထက်ပိုရကြောင်း ရန်ကုန် တက္ကသိုလ်မှ ပါမောက္ခတစ်ဦးကဆိုသည်။

စာစစ်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများမှ အဖြေလွှာများကို ရန်ကုန်တိုင်းအတွင်း စစ်ဆေးပြီး ပဲခူးတိုင်းဒေသကြီးရှိကျောင်းများမှ အဖြေလွှာများကို ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်အတွင်း စစ်ဆေးလျက်ရှိကြောင်းသိရသည်။ ဘာသာရပ်ဌာနတစ်ခုလျှင် တက္ကသိုလ်ဆရာများနှင့် အထက်တန်း ပြစုစုပေါင်း နှစ်ရာကျော်ရှိကြောင်း ဒဂုံတက္ကသိုလ်မှ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ "မင်းတို့ကြားရင် ကြားတဲ့အတိုင်းရေး၊ မင်းတို့ ကိုဘယ်သူပြောတာလဲ၊ ပြောတဲ့လူရှိရင် ရေးလိုက်" ဟု ၎င်းကပြန်လည်ဖြေကြားသည်။

လူထုပုံရိပ်
ရန်ကုန်တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်များရှိ တက္ကသိုလ်ဝင်တန်း အဖြေလွှာစာစစ်ဆရာ၊ ဆရာမများ အတွက် နေ့လယ်စာစားသောက်ရန် နေရာနှင့် အခမဲ့စားသောက်ရန် စားရိပ်သာများကို သက်ဆိုင်ရာ ကစီစဉ်ပေးသင့်ကြောင်း ယင်းဒုက္ခခံစားနေရသူ ဆရာ ဆရာမအချို့က လူထုပုံရိပ်သို့ ပြောကြားသည်။

ဧပြီ ၂၀ ရက် စနေနေ့ အတွက် မိုးလေဝသ ခန့်မှန်းချက်

ဧပြီ ၂၀ ရက် စနေနေ့ အတွက် မိုးလေဝသ ခန့်မှန်းချက်

ရန်ကုန် နေသာမည် အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်

မန္တလေး မိုးထစ်ချူံးရွာမည် အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်

ပျဉ်းမနား နေသာမည် အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်

မော်လမြိုင် နေသာမည် အမြင့်ဆုံးအပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်

တောင်ကြီး နေသာမည် အမြင့်ဆုံးအပူချိန် ၃၁ ဒီဂရီ စင်တီဂရိတ်

စစ်တွေ မိုးဖွဲရွာမည် အမြင့်ဆုံးအပူချိန် ၃၂ ဒီဂရီ စင်တီဂရိတ်

ပုသိမ် နေသာမည် အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီ စင်တီဂရိတ်

BBC News

ရန်ကုန် နေသာမည် အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်

ဘော်စတွန် မာရသွန်တွင် ဗုံးဖောက်ခွဲခဲ့သူဟု သံသယရှိသူ တစ်ဦးကို ဖမ်းဆီးရမိ

ဘော်စတွန် မာရသွန်တွင် ဗုံးဖောက်ခွဲခဲ့သူဟု သံသယရှိသူ တစ်ဦးကို ဖမ်းဆီးရမိ
Friday, April 19, 2013

တနင်္လာ နေ့ က လူ ၃ ဦး သေဆုံး ပြီး တစ်ရာ့ငါးဆယ် ကျော် ဒဏ်ရာရရှိ
ခဲ့သည့် ဘော်စတွန် မာရသွန် ဗုံး ပေါက်ကွဲမှုတွင် သံသယရှိသူများအနက် တစ်ဦးကို ရဲတပ်ဖွဲ့ က ဖမ်းဆီးရမိသည်။

သောကြာ နေ့ နံနက်အစောပိုင်းတွင် ဘော်စတွန် မြို့  စွန်ဝါးတား တောင်းဉ်
ပစ်ခတ် ပေါက်ကွဲမှုများ ပြီး နောက် ဖမ်းဆီးရမိခြင်း ဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့ များက မဆာချုးဆက်နည်းပညာတက္ကသိုလ်တွင်ရဲအရာရှိ
အား ပစ်ခတ်သတ်ဖြတ်မှုအတွက် ခြေရာခံလိုက်ရင်း သံသယရှိသူ နေထိုင် ရာအား ၀ိုင်းဝန်းပိတ်ဆို့ ထားချိန်တွင် ပေါက်ကွဲ စေတတ်သည့် ပစ္စည်းများ
ဖြင့် ပြန်လည်ခုခံခဲ့ ခြင်း ဖြစ်သည်။

သံသယရှိသူ နှစ်ဦးအနက် တစ်ဦးမှာ သေဆုံးသွားသည်ဟု သိရသည်။

FNG

တနင်္လာ နေ့ က လူ ၃ ဦး သေဆုံး ပြီး တစ်ရာ့ငါးဆယ် ကျော် ဒဏ်ရာရရှိခဲ့သည့် ဘော်စတွန် မာရသွန် ဗုံး ပေါက်ကွဲမှုတွင် သံသယရှိသူများအနက် တစ်ဦးကို ရဲတပ်ဖွဲ့ က ဖမ်းဆီးရမိသည်။

အကျဈေးဖြင့် ရွှေဝယ်စုသူ များပြား၍ ရွှေဈေးမငြိမ်ဖြစ်နေ မိနစ်ပိုင်းအတွင်း၌ပင် ဈေးအတက်အကျ ဖြစ်လျက်ရှိပြီး ပျမ်းမျှဈေးဖြင့် ရောင်းဝယ်နေရ

အကျဈေးဖြင့် ရွှေဝယ်စုသူများ၍ ဧပြီလ ၁၉ ရက်နေ့ မြန်မာ့ရွှေဈေးမှာ တည်ငြိမ်မှုမရှိပဲ အတက် အကျ မြန်ဆန်လျက်ရှိကြောင်း၊ မိနစ်ပိုင်း အတွင်း၌ပင် ဈေးအပြောင်းအလဲ မြန်ဆန်နေသည်ဟု သိရသည်။

ဂျပန်တွင် ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်း ရပြီ

ဂျပန်တွင် ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်း ရပြီ
Friday, April 19, 2013

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အပြင် အခြား ပြည်နယ် ၆ ခုမှ Google ဖိုက်ဘာ အင်တာနက်လိုင်းထက် ၂ ဆမြန်တဲ့ အင်တာနက် ဆက်သွယ်ရေး စနစ်ကို ဂျပန်မှာ တပ်ဆင်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

Service Provider တော့ Sony ရဲ့  ကုမ္မဏီခွဲဖြစ်တဲ့ So-net က ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်းပါပဲ။ 2Gbps downloads, 1Gbps uploads ဆိုတော့ Google က လက်ရှိ အမေရိကန်မှာ ပေးတဲ့ Gigabyte ထက်၂ဆ တောင် သာပါတယ်။

ဈေးကလည်း သက်သာပါတယ်။ တစ်လလုံး သုံးမှ ၅၁ ဒေါ်လာပဲ ကုန်ကျတဲ့အတွက် မြန်မာငွေနဲ့ တွက်ရင် ၄သောင်းခွဲ ဝန်းကျင် လောက်ပါပဲ။ ကနဦးတပ်ဆင်ခ ကတော့ ၅၃၇ ဒေါ်လာ ဖြစ်ပြီး ၂ နှစ်စာချုပ်နဲ့ install ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ ဒီတော့ တွက်ကြည့် လိုက်ရင် ထူးထူးခြားခြား ဈေးကြီးသွားခြင်း မရှိပါဘူး။

ဂျပန်နိုင်ငံမှ အင်တာနက်လိုင်းအခြေပြု စီးပွားရေး လုပ်ငန်းများ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်နဲ့ ပြုလုပ်ပေးခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတော့ တစ်ယောက်တည်း 2GBs သုံးရုံတင်မက နောက်ထပ်ပါ လိုင်းထပ်ခွဲ သုံးတာတောင် HD movie ကို စက္ကန့်ပိုင်းအတွင်း ဒေါင်းနိုင်တဲ့ ကော်နက်ရှင် ဖြစ်ပါတယ်။

ဒါကြောင့် So-net ဟာ Google ကိုကျော်လွန်လို့ ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်း ထောက်ပံ့တဲ့ service provider အဖြစ် စံချိန် တင်စေခဲ့ကြောင်း သိရပါတယ်။
-
Ref: The Verge
Aung Kham (TSJ team)
TechSpace Journal

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အပြင် အခြား ပြည်နယ် ၆ ခုမှ Google ဖိုက်ဘာ အင်တာနက်လိုင်းထက် ၂ ဆမြန်တဲ့ အင်တာနက် ဆက်သွယ်ရေး စနစ်ကို ဂျပန်မှာ တပ်ဆင်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိ နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ တိုကျိုနာရီတာ လေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ

ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိ
နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ တိုကျိုနာရီတာ လေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ
Friday, April 19, 2013

ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေ
တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ယနေ့မနက် ၁၁း၀၅မိနစ်က တိုကျိုနာရီတာ လေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ
သွားပါတယ်..။

တိုကျိုလေဆိပ်မှာတော့ သတင်းထောက်များမှ ဆာရိုနာရာဟု နှုတ်ခွန်း
ဆက်သ နှုတ်ဆက်ခဲ့ကြသည်..။

ယနေ့ညပိုင်းမှာတော့ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။
ထူးခြားတိုက်ဆိုင်စွာပဲ ရန်ကုန်မြို့မှာ မနေ့က မိုးရွာသွန်းမှုကြောင့် ပိတောက်
ပန်းများ လှိုင်လှိုင်ပွင့်လျှက်ရှိပြီး ရန်ကုန်မြို့မှ ကြိုဆိုထောက်ခံသူများမှ ပိတောက်ပန်းများဖြင့် ကြိုဆိုကြမည် ဖြစ်ကြောင်းသိရှိရသည်။

Wai Yan De Mo

ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ ယနေ့မနက် ၁၁း၀၅မိနစ်က တိုကျို နာရီ တာ လေ ဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ သွားပါတယ်..။

ပိန်စေရန်အတွက် မိုက်ခရိုချစ်ပြား (microchip)များ ထည့်သွင်းနိုင်

ပိန်စေရန်အတွက် မိုက်ခရိုချစ်ပြား (microchip)များ ထည့်သွင်းနိုင်
Friday, April 19, 2013

အင်္ဂလန်နိုင်ငံမှ သိပ္ပံပညာရှင်များသည် အစားအစာ အလွန်အကျူး စားသုံးခြင်းက လျော့ပါးစေမည့် မိုက်ခရိုချစ်ပြားတစ်မျိုးကို တီထွင်နိုင်ခဲ့
ကြောင်းသိရှိရသည်။

အီလက်ထရောနစ် implant တစ်မျိုးဖြစ်ပြီး သတ္တ၀ါငယ်များတွင် စမ်းသပ်
မှုအောင်မြင်ပြီးဖြစ်သည်။ ကိုယ်အလေးချိန်ကျဆင်းစေရန် ခွဲစိတ်မှုပြု
ရခြင်းကို ရှောင်ရှားနိုင်သည့် ကုသမှုတစ်မျိုးရှိလာပြီဖြစ်ကြောင်း၊ လူသား
များတွင် အသုံးပြုနိုင်ရန်သုံးနှစ်ခန့်လေ့လာဖန်တီးရဦးမည်ဖြစ်ကြောင်း
လေ့လာမှုခေါင်းဆောင် တော်ဝင်လန်ဒန်တော်ဝင်ကောလိပ်မှ ဇီဝဆေးပညာပါမောက္ခ Dr. Chris Houmazou က ပြောကြားခဲ့သည်။

အဆိုပါမိုက်ခရိုချစ်ပြားကို intelligent implantable modulator ဟုအမည်ပေးထားပြီး ယင်းတွင်ပါဝင်သော အီလက်ထရုပ်ငယ်များကို ၀မ်းဗိုက်ခေါင်းတွင်းရှိနေသော vagus အာရုံကြောတွင် ချိတ်ဆက်ထား
ရကြောင်း၊ အဆိုပါချိတ်ဆက်ထားမှုက အာရုံကြောမှတစ်ဆင့်လူ၏ အစာစားလိုစိတ်ကို လျှော့ချပေးနိုင်ကြောင်း၊ အီလက်ထရုပ်များမှတစ် ဆင့် ဦးနှောက်သို့ပို့ဆောင်ပေးနိုင် သည့်အတွက် အစားအစာကိုထပ်ခါ ထပ်ခါ စားသုံးလိုခြင်းများကိုလည်း လျှော့ချပေးကြောင်း ဖော်ပြထားသည်။

Dr. Chris Houmazou က ယခုကဲ့သို့မိုက်ခရိုချစ်ငယ်က ပိန်စေသည်ကို
အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သော်လည်း လူသားများတွင် အန္တရာယ်
ဖြစ်နိုင်ချေရှိမရှိကိုမိမိတို့ဆက်လက်လေ့လာနေကြောင်း၊ အစာစားချင်
စိတ်ကို လျှော့ချပေးခြင်းသည် သာမန်လူများတွင် အန္တရာယ်ရှိသော်လည်း အ၀လွန်သူများတွင် ဦးနှောက်မှ အစားအလွန်အကျွံစားရန် လှုံ့ဆော်မှုများကို တားဆီးခြင်းသည်အကျိုးရှိ ကြောင်း ယခုသုတေသနတွင် ပြော ကြားထား
သည်။

သော်ဇင်
Health Updates Journal အင်္ဂလန်နိုင်ငံမှ သိပ္ပံပညာရှင်များသည် အစားအစာ အလွန်အကျူး စားသုံးခြင်းက လျော့ပါးစေမည့် မိုက်ခရိုချစ်ပြားတစ်မျိုးကို တီထွင်နိုင်ခဲ့
ကြောင်းသိရှိရသည်။
အီလက်ထရောနစ် implant တစ်မျိုးဖြစ်ပြီး သတ္တ၀ါငယ်များတွင်