ကင်ဆာအမျိုးပေါင်း ၂ဝဝ ကျော်ရှိသည့်အနက် အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ သားအိမ်ခေါင်း ကင်ဆာတို့ဟာ ဖြစ်ပွားမှုအများဆုံး ဖြစ်တယ်။
Sunday, October 6, 2013
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ရှမ်းနီလူဦးရေ စာရင်းများ စတင်ကောက်ခံ
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တိုင်းလိုင်(ရှမ်းနီ)လူဦးရေစာရင်းအား စတင် ကောက်ခံ လျှက်ရှိကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးစိုင်းဌေးအောင်က ပြောကြား သည်။
ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး၏ လျှို့ဝှက်စာ ပေးပို့မှု တောင်တက် ကား အသင်း ငြင်းဆို
ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အဖွဲ့ရန်ပုံငွေအတွက် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကင်ပွန်းစခန်း (တောင်ခြေ)မှ ကျိုက်ထီးရိုးတောင်ပေါ်သို့ ဘုရားဖူးကားငါးစီး ပြေးဆွဲခွင့်ပြုရန် တောင်းဆိုထားမှုကို
ဘုံချောင်းကျေးရွာတွင် ပညာဗိမာန်စာကြည့်တိုက်ဖွင့်
ကချင်ြပည်နယ်၊
မိုးညှင်းမြို့နယ် အင်းကုန်းအုပ်စု၊ ဘုံချောင်းကျေးရွာတွင်
ပညာဗိမာန်စာကြည့််တိုက် ဖွင့်ပွဲ အခမ်းအနားကို ဌာနဆိုင်ရာတာဝန်ရှိ
ပုဂ္ဂိုလ်များနှင့် အောက်တိုဘာလ ၅ရက်နေ့က မြို့နယ်အထွေထွေ
ယူနီဖောင်းဝတ်ထားသူများက အကြမ်းဖက်စစ်ဆေးမေးမြန်း မှုကြောင့် ဆေးရုံတက်ရောက်ကုသနေရ
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ညအချိန်၌ ပြည်သူ့စစ် ယူနီဖောင်း ၀တ်ဆင်ထားသူများနှင့် ရဲ အရာရှိယူနီဖောင်းဝတ်ဆင်ထားသူများက ဒေသခံတစ်ဦးအား စက်တင်ဘာလ(၂၇)ရက်နေ့ညက ရဲစခန်း မဟုတ်သော အဝေးတစ်နေရာသို့ ခေါ်ဆောင်သွား၍ ညုင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပြင်း ထန်သော ဒဏ်ရာများရရှိကာ လားရှိုးပြည့်သူ့ ဆေးရုံသို့ တက်ရောက်ကုသနေ ရကြောင်း ကာယကံရှင် ထံမှ သိရသည်။
လျော်ကြေးကိစ္စ မပြီးမချင်း လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်း ထားရန် ဒေသခံများ တောင်းဆို
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ပေးလျော်ရမည့် မြေယာ လျော်ကြေးကိစ္စများ မပြီးမချင်း စီမံ ကိန်းကို ရပ်ဆိုင်းထားရန် လက်ပံတောင်းတောင်အရေး တက်ကြွစွာလှုပ်ရှားခဲ့သူများက တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို တောင်းဆိုခဲ့သည်။
အမေရိကန် အထူးတပ်ဖွဲ့တွေ ဆိုမာလီနဲ့ လစ်ဗျားမှာ ဝင်ရောက် စီးနင်းမှု နှစ်ခု ပြုလုပ်

အမေရိကန် အထူး တပ်ဖွဲ့တွေဟာ အာဖရိကက အစ္စလာမ်ဝါဒီစစ်သွေးကြွ ခေါင်းဆောင်တွေကို တိုက်ခိုက် စီးနင်းမှုနှစ်ခုကို သီးခြားစီ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ပိုပြီးသိသိသာသာ ထင်ရှား လာပါပြီ။
သံတွဲပဋိပက္ခနောက်ဆက်တွဲ လူ ၃၀ ထက်မနည်း အဖမ်းခံထားရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ မနေ့ကညပိုင်းအထိ သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်ရတဲ့ အခြေအနေတွေ ဆက်ရှိ နေသေးပါတယ်။ ဒါ့အပြင် ပေါက်တောနဲ့ လင်းသီရွာတွေဘက်မှာ အဖမ်းအဆီးတွေရှိခဲ့ပြီးတော့ အခုချိန်ထိဆိုရင် ဖမ်းဆီးခံထားရ သူ အယောက် ၃၀ လောက်ထိ ရှိသွားပြီလို့လည်း ခန့်မှန်း ပြောဆိုကြ ပါတယ်။
ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းမှ မြန်မာလုပ်သားများ အသိ အမှတ်ပြု လက်မှတ်နှင့် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် ဥပဒေ မရှိ သဖြင့် လုပ် ခ လစာများ နစ်နာလျက်ရှိ
![]() |
| ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် လုပ်ကိုင်နေသော မြန်မာနိုင်ငံ သား အလုပ်သမားများအား တွေ့ရစဉ် |
တနသာင်္ရီတိုင်း ဒေသကြီးရှိ ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်း မှ မြန်မာလုပ်သားများမှာ လုပ်ငန်းခွင် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များနှင့် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် ဥပဒေ မရှိသဖြင့် လုပ်ငန်းခွင်အတွင်း လစာနည်းပါးခြင်းများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး (၂) ထပ် ဇိမ်ခံ သင်္ဘောနှစ်စင်း တည်ဆောက် နေမှုနှင့် ဒေါပုံမြို့နယ် သမဝါယမ အသင်းစု လုပ်ငန်းဆောင် ရွက်နေမှု ကြည့်ရှုစစ်ဆေး

သမဝါယမဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းသည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့
နံနက် ၉ နာရီက ရွှေနှင်းဆီ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသို့
ရောက်ရှိခဲ့ရာ အသင်း
စက်တင်ဘာလအတွင်း ယာဉ်တိုက်မှု တစ်ထောင်ကျော်တွင် သေဆုံးသူ ၂၅၀ ကျော်ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၁၆၀၀ နီးပါးရှိ
![]() |
စက်တင်ဘာလ အတွင်းက ရန်ကုန်မြို့ ကမ်းနားလမ်းတွင် လူတစ်ဦးအား ယာဉ်ဖြင့်အတိုက်ခံရမှုကို တွေ့ရစဉ်
|
စက်တင်ဘာလအတွင်း ယာဉ်တိုက်မှု တစ်ထောင်ကျော်တွင် သေဆုံးသူ ၂၅၀ ကျော်ခဲ့ပြီး ဒဏ်ရာရရှိသူ မှာ ၁၆၀၀ နီးပါး ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ကမန်တိုင်းရင်းသား နေအိမ်အတွင်း ဓာတ်ဆီ၊ သံမှို၊ ဖန်ပုလင်း ကွဲများ တွေ့ ရှိ ရသဖြင့် ဖမ်းဆီးစစ်ဆေးနေ
သံတွဲမြို့နယ်၊
ရွှေလှေ (လင်းသည်)ကျေးရွာတွင် ကမန်တိုင်းရင်း သား နေထိုင်သည့် နေအိမ်အတွင်း
ဓာတ်ဆီ၊ သံမှို၊ ဖန်ပုလင်းကွဲ များ ရောနှောထည့်ထားသည့် ပုလင်းများကို
စစ်ဆေးတွေ့ရှိ ရသဖြင့် ပေါက်ကွဲစေတတ်သော အရာဝတ္တုပစ္စည်းများ ဥပဒေပုဒ်မ
(၅)ဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှ အောက်တိုဘာ ၅
ရက်က သတင်းရရှိသည်။
မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေကို အသစ်ပြန်လည်ရေးဆွဲမည်
![]() |
ဘဏ်များနှင့်
ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌဦးအောင်သောင်းက
သတင်းထောက် များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားနေစဉ် (ဓာတ်ပုံ-နီလာ)
|
မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ (၁၆/၁၉၉၀) အား အသစ်ပြန် လည် ရေးဆွဲ သွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၅ရက်နေ့တွင် မြန်မာနိုင်ငံ ဘဏ်များအသင်း ၌ ပြုလုပ်သော မြန် မာနိုင် ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ တွ င် သတင်းထုတ်ပြန်လိုက်သည်။
တိုက်ခန်း လှေကားအတွင်း ဓားဖြင့်ထောက်ကာ ရွှေဆွဲကြိုး လုယူမှု ဖြစ်ပွား
တိုက်ခန်း လှေကားအတွင်း ဓားဖြင့် ထောက်ပြီး ဆွဲကြိုးလုယူမှု ရန်ကုန် တိုင်း ဒေသကြီး လှိုင်မြို့နယ် ၁၁ ရပ်ကွက်၊ အင်းစိန်လမ်း တွင် ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။
Saturday, October 5, 2013
မြစ်ကြီးနား ဒေသခံအများအပြား ကြိုဆိုစောင့်ဆိုင်းခဲ့ကြသော်လည်း သမ္မတ၏ မြစ်ကြီးနားခရီးစဉ် ရာသီဥတုကြောင့် ဖျက်သိမ်း
| နိုင်ငံတော် သမ္မတ၏ မြစ်ကြီးနား ခရီးစဉ်အား ကြိုဆိုစောင့်ဆိုင်း နေကြသူများအား အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်) |
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အောက်တိုဘာ ၅ ရက်တွင် သွားရောက်ရန် စီစဉ်ထားသော ပထမဆုံး အကြိမ် ကချင်ပြည်နယ်ခရီးစဉ်အား ရာသီဥတုအခြေအနေ ဆိုးရွားမှုကြောင့် ဖျက်သိမ်းခဲ့ကြောင်း ကချင်ပြည် နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အခြေခံဥပဒေ ပြင်ဆင်ဖို့သာ ဆန္ဒရှိကြောင်း ဝတပ်ဖွဲ့ ထုတ်ဖော်ပြောဆို

မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အင်အားစုဖြစ်တဲ့ UWSA ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲ တာထက် ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ဖို့သာ သဘောထားဆန္ဒရှိကြောင်း RFAကို ဒီကနေ့ ထုတ်ဖော်ပြော ဆိုပါတယ်။
မိကျောင်းကန် မြေသိမ်းပြဿ ပြေလည်မှုရရှိ

မိကျောင်းကန်မြေသိမ်းပြဿကို လွှတ်တော်မှာ အထူးကိစ္စရပ်တခု အနေနဲ့ ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိကြောင့် မဟာဗန္ဓုလပန်းခြံနားက သပိတ်စခန်းကို ဒီနေ့ မွန်းလွဲပိုင်းက ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
ရတနာပုံ နည်းပညာ တက္ကသိုလ်သို့ ကန်ဒေါ်လာ လေးသောင်းကျော်ရှိ အီလက်ထရွန်နစ် သင်ထောက်ကူ ပစ္စည်းများ ဂျာမနီ ကုမ္ပဏီလှူ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ်ရှိ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) တွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ လေးသောင်းကျော် တန်ဖိုးရှိ စက်မှု အီလက်ထရွန်နစ် သင်ကြားရေး အထောက်အကူပြု ပစ္စည်းများကို ဂျာမနီနိုင်ငံ အခြေစိုက် Festo Didactic ကုမ္ပဏီနှင့် ၎င်း၏ မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သော Sea Lion ကုမ္ပဏီတို့ ပူးပေါင်း၍ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC) ၌ ပေးအပ်လှူဒါန်းခဲ့သည်။
သံတွဲမှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက် သတ်ဖြတ်၊ တိုက်ခိုက် မီးရှို့ မှုတွေကြောင့် မလေးရှားမှာ လည်း ရိုက်ခတ်လာပြန်ပြီ
![]() |
| ကွာလာလမ်ပူတွင် မနေ့က သောကြာနေ့ ၀တ်ပြုအပြီး ဆန္ဒပြ ကြွေးကြော် သံတိုင်ပေးနေတဲ့ မလေးရှားရောက် မြန်မာ မွတ်စလင် တဦး၊ ဓာတ်ပုံ- အေပီ |
မနေ့က သောကြာနေ့ မွတ်စလင် ဘာသာရေး ၀တ်ပြုပွဲအပြီးမှာ ကွာလာလမ်ပူမြို့မှာ မြန်မာနိုင်ငံက မွတ် စလင်တွေ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခံနေရတာတွေ ရပ်တန့်ရေး၊ ကန့်ကွက်ဆန္ဒပြကြတာလို့ ယနေ့ ထုတ် ဆော်ဒီဂေဇက် သတင်း တပုဒ်က ဆိုပါတယ်။
ယာဉ်စည်းကမ်းဖောက်ဖျက်မှုအား စီမံချက်ဖြင့် ဖမ်းဆီး စနစ်ဖျက်သိမ်း

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း ယာဉ်စည်းကမ်းဖောက်ဖျက်မှုကြောင့် စီမံ ချက်ဖြင့် ဖမ်းဆီးနေသည့်စနစ်ကို ယခုအောက်တိုဘာ ၁ရက်မှစ တင်ကာ ဖျက်သိမ်းလိုက်ပြီဖြစ် ကြောင်း
အကျဉ်း ထောင်နှင့် အချုပ်ခန်း များ ကို တရား ဥပဒေ စိုးမိုးရေး ကော်မတီ စစ်ဆေး မည်
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ထားသော ပြည်သူ့ လွှတ်တော် တရား ဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ သည် မြန်မာ နိုင်ငံ အတွင်း ရှိ အကျဉ်းထောင် များ၊
မိခင်နှင့်ကလေး ကျန်းမာရေး ထောက်ပံ့ရန် ကမ်းလှမ်းမှု နှစ်ဆနီးပါးတိုး

အပြုသဘောဆောင်သော အစိုးရသစ်လက်ထက် ဘက်စုံပြုပြင် ပြောင်းလဲမှုများကြောင့် နိုင်ငံတကာ အလှူရှင်များ နှစ်စဉ် များပြားလာရာ မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှုများအတွက် လာရောက် ကူညီလိုသော နိုင်ငံတကာအဖွဲ့အစည်းများ နှစ်ဆနီးပါးတိုးလာကြောင်း ကျန်းမာရေးဦးစီးဌာန မိခင်နှင့် ကလေး ကျန်းမာရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီမြင့်က The Voice သို့ ပြောကြား သည်။
နိုင်ငံတကာသို့ ဆေးအတု တင်ပို့နေသော တရုတ်အမျိုးသားများပါ ဂိုဏ်း

ဘင်္ဂလာဒေခ်ျ့နိုင်ငံကနေ ဆေ၀ါးအမျိုးမျိုးကို အတုလုပ်ပြီး နိုင်ငံတကာကို ပို့နေတဲ့ ဆေးအတု ထုတ်လုပ် တဲ့ ဂိုဏ်းတစ်ခုကို ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ မနေ့က ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့ ပါတယ်။
သံတွဲပဋိပက္ခ တွင် ဖမ်းဆီးခံရသူ ရခိုင်အမျိုးသား ၃၆ ဦး ရှိသွားပြီ
ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် စက်တင်္ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော့ ပဋိပက္ခနှင့် ဆက် စပ်ပြီး ဖမ်းဆီးခံရသူ ရခိုင်အမျိုးသား အရေအတွက်မှာ စုစုပေါင်း ၃၆ ဦးရှိပြီသွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
ဒေါ်လာ ၁၁ ဘီလီယံ ပြည်ပတွင် အပ်ထားမှု အစိုးရမသိဟု ထပ်မံရှင်းလင်း
ပြည်တွင်း သတင်းမီဒီယာအချို့က ဝိုင်းဝန်းဖော်ပြကြသည့် ငွေစာရင်း ငါးခုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီ လီယံကို ပြည်ပဘဏ်များတွင် အပ်နှံထားသည်ဆိုသော သတင်းနှင့်ပတ်သက်ပြီး အမှန်တကယ် အပ် ထားခြင်းရှိမရှိကို အစိုးရအနေနှင့်မသိရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် က ထပ်မံပြောကြားသည်။
မြစ်ကြီးနားမြို့၌ ပြုလုပ်မည့် အစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းေ ရး ဆွေးနွေး ပွဲသို့ ကုလနှင့် တရုတ် ကိုယ်စားလှယ်များ တက်ရောက်မည်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ပြုလုပ်မည့် အစိုးရငြိမ်း ချမ်းရေး ဖော်ေ ဆာ င်ရေး အဖွဲ့ နှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို)တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ကုလသမဂ္ဂမှ ကိုယ်စားလှယ်နှစ် ဦးနှင့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်နှစ်ဦး တက်ရောက်မည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ဦးဆန်းအောင်က ပြောကြားသည်။
မြစ်ဆုံစီမံကိန်းမှ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာ နိုင်မှုများနှင့် ပတ်သက်၍ လွတ်လပ်သည့် ပညာရှင်အဖွဲ့၏ သုံးသပ်ချက်အား အစိုးရထံ တင်ပြမည်

ဧရာဝတီမြစ် အထက်ပိုင်းတွင် ပြုလုပ်လျက်ရှိသည့် မြစ်ဆုံဆည် စီမံကိန်းနှင့် အခြားသော ရေအားလျှပ်စစ် စီမံကိန်းများမှ ရရှိနိုင်သည့် ဘေးထွက်ဆိုးကျိုးများနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးနိုင်မှုများနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ လွတ်လပ်သည့် ပညာရှင်များ စုစည်းကာသုံးသပ်သော အစီရင်ခံစာအား အစိုးရထံ တင်ပြသွားမည်ဟု စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောကြား သည်။
ခွေးရူးပြန် ရောဂါရှိသည့်မြင်း အကိုက်ခံရမှုကြောင့် လူလေးဦး ဆေးရုံ တက်ရ
![]() |
| သေဆုံးသွားသည့် ခွေးရူးပြန် ရောဂါရှိသည့် မြင်းအား တွေ့ရစဉ် (ဓာတ်ပုံ-ဒေါက်တာကျော်နိုင်ဦး) |
ခွေးရူးပြန် ရောဂါရှိသည့် မြင်းကိုက်ခံရမှုကြောင့် ဆေးရုံတက်ရောက်ရသည့် လူနာလေးဦး ရှိနေကြောင်း အောက် တိုဘာ ၄ ရက် ည ၁၁ နာရီခွဲတွင် ရရှိသည့် သတင်းများအရ သိရသည်။
ရေကြီးရေလျှံမှုအပြီး ကလေးမြို့နယ် အတွင်းရှိ ဒေသအချို့တွင် သွားလာရေး ခက်ခဲနေဆဲဖြစ်
နတ်တံခါးချောင်း တံတားကျိုးကျမှုကြောင့် ဒေသခံများ ခက်ခဲစွာ ဖြတ်ကူးနေရသည်ကို တွေ့ရစဉ်
|
ရေကြီးရေလျှံမှုကြောင့် ပိတ်နေခဲ့သည့် ကလေးမြို့နှင့် ဆက်သွယ်ထားသော လမ်းမကြီးများ ပြန်လည် သွားလာ နိုင်ပြီဖြစ်သော်လည်း ဒေသတွင်းလမ်းအချို့မှာ သွားလာမှုခက်ခဲနေဆဲ ဖြစ်သည်ဟု သိရသည်။
တန်းတူဆက်ဆံမှု မရှိသောကြောင့် အမျိုးသမီးများ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်များတွင် ပါဝင်ခွင့် နည်းပါးနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
![]() |
| နိုင်ငံရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှု ခေါင်းစဉ်ဖြင့် ပြုလုပ်သော ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်း ပြောကြားနေစဉ် |
အမျိုးသား-အမျိုးသမီး
တန်းတူရည်တူ မရှိခြင်း၊ ဒုတိယ လူတန်းစားအဖြစ် သတ်မှတ်ထားခြင်းကြောင့်
ဥပဒေပြုရေး အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး တို့တွင် အမျိုးသမီးများ
အနေဖြင့် ပါဝင်ခွင့် နည်းပါးနေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
Subscribe to:
Posts (Atom)





