Wednesday, February 26, 2014

နိုင်ငံတော်မှ ထိန်းသိမ်းခဲ့သည့် ဖားကန့်မှ တန် ၄ဝနီးပါးရှိ ကျောက်တုံး ကြီးတွင် သက်နုကျောက်စိမ်း ၅တန်ခန့်သာ ပါဝင်ဟုဆို

Photo: နိုင်ငံတော်မှ ထိန်းသိမ်းခဲ့သည့် ဖားကန့်မှ တန် ၄ဝနီးပါးရှိ ကျောက်တုံး ကြီးတွင် သက်နုကျောက်စိမ်း ၅တန်ခန့်သာ ပါဝင်ဟုဆို
Wednesday, February 26, 2014

နိုင်ငံတော်မှ ထိန်းသိမ်းထားပြီး ကျောက်စိမ်းတုံးကြီးဟု နာမည်ကြီးနေ သည့် ဖားကန့်ရှိတန်ချိန် ၄ဝ ခန့် ကျောက်တုံးကြီးထဲတွင် သက်တမ်းနု ကျောက်စိမ်း ၅ တန်ခန့် ပါဝင်နေ၍ ကျောက်မျက်ပညာရှင် များက အသေး စိတ်ထပ်မံလေ့လာနေသည်။

၎င်းကျောက်တုံးကြီးအား ယခုလ ၉ ရက်က ဖားကန့်ရှိ ပုဂ္ဂလိကပိုင် လုပ် ကွက်အတွင်းတွင် တစ်ပိုင် တစ်နိုင် ကျောက်စိမ်းတူးဖော်သူ တစ်ဦးမှတွေ့ ရှိခဲ့ခြင်းဖြစ်ပြီး နိုင် ငံတော်ပိုင် ပစ္စည်း အဖြစ် အစိုးရမှ ထိန်းသိမ်း ခဲ့ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှအရာရှိ တစ်ဦးက ပြည်တွင်း မီဒီယာတစ်ခုသို့ ပြောကြားခဲ့သည်။

အလေးချိန် တန် ၄ဝ နီးပါးရှိ ထိုကျောက်တုံးကို လုံးခင်းရှိ သတ္တုတွင်း ရုံးသို့ သယ်ဆောင်ပြီး ခွဲခြမ်းစစ်ဆေးစဉ် ကျောက်စိမ်းသက်နု ၅ တန်ခန့် ပါဝင် နေသည်ကို တွေ့ ရှိခဲ့ခြင်းဖြစ်သည်။

”ပလွမ်ပါတဲ့ ကျောက်စိမ်းသားလို့ ပြောလို့ရပါတယ်”ဟု သတ္တုတွင်း ဝန် ကြီးဌာနရှိ ကျောက်မျက်ဌာနမှ ဦး ဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဆွေ က ပြောသည်။

ယင်းကျောက်တုံးအား အပိုင်း ၃ ခြမ်းခွဲ၍ စမ်းသပ်စစ်ဆေးမှုကို သတ္တု တွင်းဝန်ကြီးဌာနက ပြုလုပ်ခဲ့ရာ ၂ ခြမ်း မှာ ကျောက်စိမ်းသားလုံးဝ မပါဝင် သော သာမန်ကျောက် တုံးများသာ ဖြစ် သည်ဟု သတ္တုတွင်းဝန်ကြီးဌာနထံ တင်ပြသော အစီရင်ခံစာအရ သိရသည်။

ဦးသိန်းဆွေက ”ဒီကျောက်တုံးကို သယ်ယူရာမှာ ကွဲကြေမှုတွေရှိခဲ့ တယ်။ နောက်ပြီး ပြုတ်ကျတာလည်း ပါတယ်။ ကျောက်စိမ်းအမှန်ဆိုရင် မာဆင့်က ၇ ရှိတယ်။ ခု ၅ ပဲရှိတယ်။ ကျောက်စိမ်း စစ်စစ်မဟုတ်ဘူး။ ဒီလိုစပြီးသုံးသပ်မှု ရှိထားပြီးသား”ဟု ထပ်လောင်းပြော သည်။

ပလွမ်သည် အရည်အသွေး ကောင်း ကျောက်စိမ်းကဲ့သို့ ဈေးကွက်ထဲ တွင်ဈေးကောင်းမရသော်လည်း ထိုက် သင့်သည့်တန်ဖိုးရှိသည်။

ယင်းပလွမ်ကျောက်စိမ်းသား (ခန့် မှန်းခြေ ၃ တန်မှ ၅ တန်)အတွင်း၌ ကြည်လင်ပြတ်သားသော ကျောက်စိမ်း သတ္တုကြော ပါမပါကို တိကျစွာ မပြော နိုင်သေးပါဟု ၄င်းက ဆက်ပြောသည်။

မန္တလေး၊ ကျောက်ပွဲဈေးမှ ကုန် သည်တစ်ဦးက ”အရည်သိပ်ပြီးတော့ မကောင်းဘူး။ ဒီမှာတော့ အကြိုက် နည်းတယ်။ ဝယ်သူအချို့တော့ရှိတယ်” ဟု ပလွမ်ကျောက်ဈေး ကွက်နှင့် ပတ် သက်၍ ပြောသည်။

ဖားကန့်တွင် ကျောက်စိမ်းတူး ဖော်မှုကို ၂ဝ၁၂ ခုနှစ်မိုးတွင်းကာလ မတိုင်မီကတည်းက ပိတ်ပင်ခဲ့ရာ လက် ရှိအချိန်အထိ မဖွင့်သေးသော် လည်း ရေမဆေးကျောက် ရှာဖွေလုပ်ကိုင်နေသူ များ ရှိနေကြသည်။

Popular Myanmar News Journal
နိုင်ငံတော်မှ ထိန်းသိမ်းထားပြီး ကျောက်စိမ်းတုံးကြီးဟု နာမည်ကြီးနေ သည့် ဖားကန့်ရှိ တန်ချိန် ၄ဝ ခန့် ကျောက်တုံးကြီးထဲတွင် သက်တမ်းနု ကျောက်စိမ်း ၅ တန်ခန့် ပါဝင်နေ၍ ကျောက်မျက်ပညာရှင်များက အသေး စိတ်ထပ်မံလေ့လာနေသည်။

နောက်ကွယ်မှ အဆီအနှစ်စုပ်သူများ

Photo: နောက်ကွယ်မှ အဆီအနှစ်စုပ်သူများ
Wednesday, February 26, 2014

မြန်မာနိုင်ငံတွင် ပထမဆုံးသော ဒေါ်လာသန်းကြွယ်သူဌေးဟု ကိုယ်တိုင်ထုတ်ဖော်ပြောခဲ့သော၊ နိုင်ငံတွင်း အချမ်းသာဆုံးဆယ်ဦးတွင် ပါဝင်သည်ဟု သတ်မှတ်ခံထားရသည့် သူဌေးကြီးဦးတေဇက နိုင်ငံတော် သမ္မတ အား ဖေဖော်ဝါရီ ၂၂ ရက်က စီးပွားရေးနှင့်ပတ်သက်သော အရေးကြီးကိစ္စတစ်ရပ် တင်ပြခဲ့သည်။

“တရုတ်ပြည်ကလည်း ၀င်လုပ်နေပါတယ်။ စိစစ်ပေးစေချင်ပါ တယ်”ဟု ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံအတွင်း နိုင်ငံတော်သမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ဦးတေဇက ကျောက်မျက်လုပ်ငန်းများတွင် မြန်မာနိုင်ငံသားအမည်ခံပြီး လုပ်ငန်းဆောင်ရွက်နေသော နိုင်ငံခြားသားများကို စီမံကြီးကြပ်ပေးရန် အကြံပြုခဲ့သည်။

အမည်ခံလုပ်ကိုင်နေသူများမှာ လုပ်ငန်းကြီးမားသော ကျောက်မျက် လုပ်ငန်းတစ်ခုတည်းတွင်မဟုတ်ပေ။ အကျိုးအမြတ်ရရှိသော ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ရေထွက်ကုန်လုပ်ငန်း၊ အိမ်ခြံမြေရောင်းဝယ်ရေး၊ စိုက်ပျိုးရေးလုပ်ငန်း စသည့်ကဏ္ဍမျိုးစုံတွင် ဥပဒေကို လက်တစ်လုံးခြားလုပ်ကာ ၀င်ရောက်လုပ်ကိုင်နေကြောင်း စုံစမ်းသိရှိရသည်။

အမည်ခံလုပ်ကိုင်နေသော နိုင်ငံခြားသားများတွင် တရုတ်နိုင်ငံသား များသာမက ထိုင်း၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျပန်နှင့် အနောက်နိုင်ငံသား များပါဝင်သည်။

ရာဂဏန်းမျှသာရှိသော ကမ္ဘာ့လှည့်ခရီးသွားများကုမ္ပဏီတွင် မြန်မာနိုင်ငံသားအမည်ခံပြီး ဖွင့်လှစ်ထားသော ကုမ္ပဏီ ၂၀ ကျော်ခန့်ရှိကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများကဆိုသည်။

“အထည်ချုပ်အသင်းဝင်တွေထဲမှာတောင် ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက် ကျန်သေးတယ်”ဟု အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးကပြောသည်။

ထို့ကဲ့သို့ မြန်မာနိုင်ငံသားများအမည်ခံ၍ လုပ်ကိုင်နေကြခြင်းမှာ ယခင်တပ်မတော်အစိုးရလက်ထက်ကတည်းကပင် ရှိနေခြင်းဖြစ်ပြီး ယခုနောက်ပိုင်း လုပ်ငန်းများ ပိုမိုကောင်းမွန်လာသဖြင့် လုပ်ကိုင်သူများ ပိုမိုများပြားလာခြင်းဖြစ်သည်။

“ဒီလိုဖြစ်တာက အရင်အစိုးရလက်ထက်က စက်ရုံငှား၊ မြေငှားရင်း နိုင်ငံခြားသားကို အစိုးရဆီကပဲခွင့်ပြုတယ်။ ပုဂ္ဂလိကဆီကငှားရင် တစ်နှစ်ပဲခွင့်ပြုတယ်”ဟု လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်ကရှင်းပြသည်။

ထို့အပြင် အစိုးရငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ခြောက်ကျပ်သာသတ်မှတ်ထားသဖြင့် နိုင်ငံခြားသားများမှာ မြန်မာနိုင်ငံသားများအား ကုမ္ပဏီများတွင် အမည်ခံခိုင်းခြင်းဖြစ်သည်။

သို့သော် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် နိုင်ငံခြားသားများအား သာသနာပိုင်မြေ ၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ကန့်သတ်ထားသည့်မြေ၊ အမှုအခင်းဖြစ်ပွားလျက်ရှိသော ရင်းနှီးမြှုပ်နှံသူ၏ စီးပွားရေးလုပ်ငန်းကြောင့် မြို့ပြလူနေထိုင်မှုတွင် ပတ်ဝန်းကျင်ကို ထိခိုက်စေသော အရပ်ဒေသများတွင်ရှိသော
မြေများမှလွဲ၍ ကျန်မြေယာများ ငှားရမ်းခွင့်ပေးခဲ့သည်။ ကျန်မြေများကို နှစ် ၃၀ နှင့် ထပ်တိုး ၁၅ နှစ်စီ နှစ်ကြိမ် စုစုပေါင်း နှစ် ၆၀ ငှားရမ်းခွင့်ပြုပေးခဲ့သည်။

အလားတူ ငွေလဲနှုန်းကိုလည်း တစ်ဒေါ်လာလျှင် ခြောက်ကျပ်အစား ၂၀၁၂ ခုနှစ်မှစတင်၍ ဈေးကွက်ပေါက်ဈေးနှင့် အနီးစပ်ဆုံးနှုန်းရှင်ဖြင့် နေ့စဉ်သတ်မှတ်ပေးခဲ့သည်။

ထို့ကဲ့သို့ နိုင်ငံခြားသားများ လုပ်ကိုင်နိုင်စေရန် လုပ်ထုံးလုပ်နည်းများ ပြောင်းလဲပေးလိုက်သော်လည်း နာမည်ခံလုပ်ကိုင်နေသူများမှာ လျော့မသွားပဲ ပိုမိုတိုးပွားလာလျက်ရှိသည်။

ထိုသို့များပြားနေခြင်းမှာ ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံခြားသားအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာတွင် တစ်ရာရာခိုင်နှုန်း ခွင့်မပြုခြင်းကြောင့် မြန်မာနိုင်ငံသားအမည်ခံခိုင်းမှုများ ဆက်လက်ရှိနေခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်အချို့ကဆိုသည်။

“အမည်ခံလုပ်ပေးတဲ့လူအများစုက အမျိုးသမီးတွေများတယ်။ Living Together (လက်မထပ်ဘဲအတူနေခြင်း) နေတယ်။ ရုံးအလုပ်လေး၊ ဘာလေး ကူလုပ်ပေးရတယ်။ လစာပေးထားတယ်။ အကျိုးအမြတ်တော့ ခွဲမပေးဘူး”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကဆိုသည်။ ထိုကဲ့သို့ အမည်ခံပြီးလုပ်ကိုင်ပေးသော မြန်မာနိုင်ငံသားများအနေဖြင့် ဥပဒေကြောင်းအရ အရေးယူမှုခံရနိုင်သည်။

ဦးသိန်းစိန်လက်ထက်တွင် ပြန်လည်ရေးဆွဲသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေတွင် နိုင်ငံခြားသားများအား ၈၀ ရာခိုင်နှုန်းသာ အများဆုံးခွင့်ပြုထားသည်။

“အခွန်ရှောင်မယ်။ စိတ်ကြိုက်အလုပ်လုပ်မယ်။ အစိုးရကန့်သတ်ချက်ကျော်ပြီး လုပ်ချင်တာပေါ့။ ဘာ Responsibility(တာဝန်ယူမှု)မှမယူချင်ပဲ အခြေအနေမကောင်းရင် ဆုတ်ပြန်လို့ လွယ်အောင်ပေါ့။ မြန်မာနိုင်ငံသားကို အမည်ခံခိုင်းတာ”ဟု Nature Dream ခရီးသွားကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်စပယ်အောင်က နိုင်ငံသားအမည်ခံ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ သူ၏အမြင်ကိုပြောသည်။

ကျောက်မျက်လုပ်ငန်းအပါအ၀င် ရင်းနှီးမြှုပ်နှံမှုကြီးသော လုပ်ငန်းများတွင် လုပ်ထုံးလုပ်နည်းအားနည်းမှုတို့ကြောင့် အခွန်ရှောင်ရန်နှင့် ငွေမည်းများကို ငွေဖြူလုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံသားများအား အမည်ခံလုပ်ခိုင်းရခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးကဆိုသည်။

“ဖက်စပ်လုပ်တာလည်း သူတို့လှည့်ချင်တိုင်းလှည့်လို့ရတဲ့ မြန်မာလူမျိုးကို အမည်ခံသက်သက်နဲ့ လုပ်တာများတယ်။ ဒါအန္တရာယ်ရှိတယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအေးကျော်ကထောက်ပြသည်။

ထို့အပြင် နိုင်ငံသားများအမည်ခံ ဖွင့်လှစ်ထားသည့်ကုမ္ပဏီအချို့သည် တိုင်းပြည်ပုံရိပ်ကျဆင်းစေသည့်လုပ်ငန်းများကိုပင် လုပ်ကိုင်မှုများရှိလာကြောင်း သတင်းရရှိသည်။ ခရီးသွားလုပ်ငန်းတွင် အမည်ခံလုပ်ကိုင်ထားသော ခရီးသွားကုမ္ပဏီအချို့မှာ Night Tour များ လုပ်ဆောင်နေကြကြောင်း ခရီးသွားလုပ်ငန်းရှင်အချို့က ထောက်ပြပြောဆိုသည်။

အလားတူ အိမ်ခြံမြေလုပ်ငန်းတွင်လည်း မြန်မာနိုင်ငံသားအမည်ခံ နိုင်ငံခြားသားလုပ်ကိုင်မှုများစွာရှိသည်။ ဥပမာ ဂျပန်နိုင်ငံသားတစ်ဦးက မြန်မာတိုင်းရင်းသူနှင့်ပေါင်းဖက်ကာ ထိုအမျိုးသမီးအမည်ဖြင့် မြေများလိုက်လံဝယ်ယူရင်းနှီးမြှုပ်နှံသည်။ ထိုသို့ ၀ယ်ယူထားပြီး နောက်ဆက်တွဲပြဿနာများဖြစ်ပွား၍ စ,သုံးလုံးကစစ်ဆေးစဉ် အမျိုးသမီးငယ်က တိုက်ပေါ်မှခုန်ချ၍ မိမိကိုယ်မိမိသတ်သေသည့် ဖြစ်ရပ်မျိုးဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် ယခုလောလောဆယ်မှာပင် သီလ၀ါဆိပ်ကမ်းအနီး မြေကွက်ဝယ်ယူရာတွင် အမည်ခံခိုင်းထားသော မြန်မာနိုင်ငံသားထွက်ပြေးသဖြင့် ပိုင်ရှင်ဂျပန်နိုင်ငံသားက ဖေဖော်ဝါရီ ၂၃ ရက်တွင် သက်ဆိုင်ရာသို့ တိုင်ကြားအမှုဖွင့်ထားသည်။

ထိုသို့ နိုင်ငံသားအမည်ခံ ရင်းနှီးမြှုပ်နှံသူများကို “လိမ်လည်မှု၊ စာချုပ်စာတမ်းဖောက်ဖျက်မှု၊ ဌာနဆိုင်ရာကို မမှန်မကန်လုပ်မှု၊ ငွေကြေးခ၀ါချမှု၊ အဂတိလိုက်စားမှုတို့နဲ့ အရေးယူလို့ရတယ်”ဟု မည်သို့အရေးယူနိုင်ကြောင်း Internatioal Law Firm မှ ရှေ့နေဦးသန်းမောင်က အောက်ပါအတိုင်းပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အပါအ၀င် ကုမ္ပဏီများမှတ်ပုံတင်ထုတ်ပေးသည့်ဌာနတို့က အရေးယူဆောင်ရွက်နိုင်ပြီး အရေးယူမှုများလည်းရှိသည်။ သို့သော် ထိုအခြေအနေကို အမည်ခံပြီးလုပ်ကိုင်ပေးနေသူအများစုက မသိရှိကြပေ။

ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့တက်လာပြီးနောက် နာမည်ခံလုပ်ငန်းများအား ပိုင်ရှင်မှန်အမည်ပြောင်းရန် တရားဝင်ဖိတ်ခေါ်ခဲ့သဖြင့် လုပ်ငန်းအချို့မှာ အမည်ပြောင်းလဲလုပ်ကိုင်မှုများရှိခဲ့သည်။

သို့သော် လုပ်ထုံးလုပ်နည်းများ အားနည်းနေမှုနှင့် ၀န်ကြီးအချို့၏ လာဘ်ပေးလာဘ်ယူမှုများရှိနေသဖြင့် အမည်ခံလုပ်ငန်းများမှာ လျော့မသွားပဲ ဆက်လက်တိုးပွားနေခြင်းဖြစ်သည်။

“နိုင်ငံခြားသားပဲဖြစ်ဖြစ်၊ ပြည်တွင်းလုပ်ငန်းရှင်ပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံမှုမှာ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဖို့လို့တယ်”ဟု နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက်ကအကြံပြုသည်။

ထို့အပြင် သက်ဆိုင်ရာအသင်းအဖွဲ့များအနေဖြင့်လည်း အမည်ခံလုပ်ကိုင်နေသူများကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ သတင်းပေးတိုင်ကြားမှုများ လုပ်ရန်လိုကြောင်း ပြည်တွင်းလုပ်ငန်းရှင်အချို့ကဆိုသည်။

အမည်ခံရင်းနှီးမြှုနှံမှုများပြုလုပ်ခြင်းကြောင့် နိုင်ငံတော်အတွက် ရရှိမည့်အခွန်ငွေများဆုံးရှုံးခြင်း၊ အဆိုပါလုပ်ငန်း၌ လုပ်ကိုင်နေသော အလုပ်သမား၊ ၀န်ထမ်းများ အခွင့်အရေးရပိုင်မှု ဆုံးရှုံးခြင်း၊ လုပ်ငန်းတူ နိုင်ငံသားလုပ်ငန်းရှင်များအတွက်လည်း တရားမ၀င်နောက်ကွယ်မှ ရင်းနှီးမြှုပ်နှံသူများကြောင့် ငွေကြေးအင်အားမယှဉ်နိုင်ဘဲ အခွင့်အလမ်းများဆုံးရှုံးခြင်း၊ ထို့အပြင် တိုင်းပြည်၏ တရားဝင်စီးပွားရေးဖွံ့ဖြိုးမှုကိုပါ အတားအဆီးများဖြစ်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအရ နိုင်ငံခြားသားများရင်းနှီးမြှုပ်နှံမှုပြုလုပ်ပါက အခွန်အခများ စနစ်တကျပေးဆောင်နေသည့်အပြင် လူမှုဘ၀တာဝန်ယူမှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ မဖြစ်စေရေး စသည့်သတ်မှတ်ချက်များ ပါဝင်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးနှင်းဦးကပြောသည်။

နိုင်ငံခြားသားများက မြန်မာနိုင်ငံသားများအား အမည်ခံလုပ်ကိုင်စေမှုကြောင့် မြန်မာနိုင်ငံတွင် နစ်နာမှုများ များစွာရှိသည်။ ထိုအခြေအနေနှင့်ပတ်သက်၍ ဦးတေဇက ယခုလို မှတ်ချက်ပြုပြောကြားခဲ့သည်။

ကျောက်စိမ်းအဓိကထွက်သော ဖားကန့်နှင့် မြစ်ကြီးနားမှာ အခုချိန်ထိ မတိုးတက်သော်လည်း တရုတ်နိုင်ငံ ကွမ်ဂျိုးခရိုင်အတွင်းရှိ မြို့သုံးမြို့မှာ ဖွံ့ဖြိုးတိုးတက်သွားပြီဟူ၍ဖြစ်သည်။

ရေးသားသူ- အောင်သူရ၊ ပြည်သိမ်း
7Day News Journal

ဓာတ်ပုံ- ကျော်ဇင်သန်း
မြန်မာနိုင်ငံတွင် ပထမဆုံးသော ဒေါ်လာသန်းကြွယ်သူဌေးဟု ကိုယ်တိုင်ထုတ်ဖော်ပြောခဲ့သော၊ နိုင်ငံတွင်း အချမ်းသာဆုံးဆယ်ဦးတွင် ပါဝင်သည်ဟု သတ်မှတ်ခံထားရသည့် သူဌေးကြီးဦးတေဇက နိုင်ငံတော် သမ္မတ အား ဖေဖော်ဝါရီ ၂၂ ရက်က စီးပွားရေးနှင့်ပတ်သက်သော အရေးကြီးကိစ္စတစ်ရပ် တင်ပြခဲ့သည်။

မန္တလေးစက်မှုဇုန် ဓာတ်အားလိုင်း တည်ဆောက်မှု ကန့်ကွက်မှုများကြောင့် ရပ်နားထားရဟုဆို

မန္တလေး စက်မှုဇုန်အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား ပြည့်မီစွာ ရရှိရေးအတွက် ငါးမိုင်ခန့် ရှည် လျားသော ဓာတ်အားလိုင်း တည်ဆောက်လျက်ရှိရာ ပြည်ကြီးတံခွန်မြို့နယ် ရွာသစ်ကလေးကျေး ရွာ ဒေသ ခံ တောင်သူများ၏ ကန့်ကွက်မှုများ ရှိနေသောကြောင့် တည်ဆောက်မှု ရပ်နားထားရကြောင်း အဆိုပါ စက်မှုဇုန် မီးလင်းရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်မိုး က ပြောကြားသည်။

JP Morgan မှ ယခုနှစ်အတွင်း အလုပ်အကိုင် ရှစ်ထောင်ကျော် ဖြတ်တောက်သွားမည်ဟုဆို

ပေါင်နှံမှု စီးပွားရေး ကျုံ့ဝင်လာမှုနှင့် လုပ်ငန်းခွဲများတွင် ကုန်ကျစရိတ်ကို ထိန်းချုပ်နိုင်ရန်အတွက် ဘဏ်လုပ်ငန်းကြီး တစ်ခုဖြစ်သည့် Jp Morgan Chase ကုမ္ပဏီမှ ယခုနှစ်အတွင်း အလုပ်အကိုင်နေရာ ရှစ်ထောင်ကျော်ကို ဖြတ်တောက်သွားရန် ပြင်ဆင်လျှက် ရှိသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စနစ်တကျ အကောင် အထည် ဖော်ဆောင် ရွက် လျက်ရှိ

ရခိုင်ပြည်နယ် ကျောက်ဖြူဒေသသည် ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်း၏ မဟာဗျူဟာကျသည့် အချက် အချာနေရာဒေသတွင် တည်ရှိသော အကောင်းဆုံးရေနက် ဆိပ်ကမ်းဒေသတစ်ခုကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုစီးပွားရေးဇုန်အားရေရှည် စီမံကိန်းများ ချမှတ်ကာ ရေနက် ဆိပ်ကမ်းနှင့် ကျောက်ဖြူအထူးစီး ပွားရေးဇုန်တို့ကို စနစ်တကျအကောင်အထည်ဖော်လျက်ရှိပြီး ဖြစ် ထွန်းပေါ်ပေါက် လာပါကကျောက်ဖြူဒေသသာမက ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကိုပါ အထောက် အကူဖြစ်စေမည်ဖြစ်သည်။

ခြေထောက် ၅ ချောင်းပါတဲ့ ထူးဆန်းအံ့ဖွယ် နွား

Photo: ခြေထောက် ၅ ချောင်းပါတဲ့ ထူးဆန်းအံ့ဖွယ် နွား
Wednesday, February 26, 2014 

အိန်္ဒိယ နိုင်ငံ မှာရှိတဲ့ နွားတစ်ကောင် ဟာ ခြေထောက် ငါးချောင်း ပါဝင် ခဲ့ပါ တယ်။ ဒီ နွား ဟာ အ သက် လေးနှစ် အရွယ် ရှိနေ ပြီ ဖြစ် ပါတယ်။ ဒီနွား ရဲ့ပိုင်ရှင် ဖြစ်သူ အသက် (၃၅) နှစ် အရွယ် ရှိ လာ့စ် မန်း ဟာ ထူးခြား တဲ့နွား ကို အိန်္ဒိယ နိုင်ငံ တစ်ဝန်း လှည့် လည် ပြသမှု ပြု လုပ်ခဲ့ တယ် လို့ သိ ရ ပါတယ်။ ဟိန်္ဒို ဘာ သာ ကို ကိုးကွယ်တဲ့ အိနိ္ဒယနိုင်ငံမှာ နွားတွေကို အ မြတ်တနိုး ထား လေ့ ရှိပါတယ်။ သာမန်နွား တွေဟာ ခြေ ထောက် လေးချောင်းသာ ပါရှိခဲ့ ပေမယ့် လာ့စ်မန်းပိုင်ဆိုင်ထားတဲ့နွားကတော့ ခြေထောက် ငါးချောင်းအထိ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်မို့ အိန်္ဒိယနိုင်ငံသားအများစုဟာ ခြေထောက် ငါးချောင်း ပါတဲ့နွားကို နတ်ဘုရား ဖန် ဆင်း ပေးလိုက်တဲ့နွားအဖြစ် ယုံကြည်ယူဆ ပြီး ကိုးကွယ်မှုတွေပြုလုပ်နေခြင်းဖြစ်ပါတယ်။ ဒီနွားရဲ့ ခြေထောက် တစ် ချောင်း အပိုဟာ ကျောပေါ်မှာ ရှိနေခြင်းဖြစ်ပါတယ်။ ဒီနွားရဲ့ ပိုင်ရှင် ဖြစ်သူ လာ့စ်မန်းက ကျွန်မရဲ့နွားကို နတ်ဘုရားတွေက ဖန်ဆင်း ပေးလိုက် ခြင်းဖြစ် ပါ တယ်။ ခြေထောက် တစ် ချောင်း အပိုပါ ခြင်း ဟာ အရမ်း ကို ထူးခြားမှု ရှိပါတယ်။ ကံကောင်းမှုတွေ ယူဆောင် လာ ပေးမယ့် လက်္ခဏာတစ်ခုဖြစ်ပါတယ်””လို့ ပြောကြားသွားခဲ့ပါတယ်။ လာ့စ်မန်းဟာ အိန်္ဒိယနိုင်ငံရဲ့ ပြည် နယ် ကြီးခြောက်ခုကို ဖြတ် သန်းပြီး အဓိကမြို့ကြီး(၁၅) မြို့မှာ ထူးခြား တဲ့နွားကို ပြသ မှုပြုလုပ်ခဲ့ပါတယ်။ မြို့ ကြီး တွေကိုရောက်တဲ့အခါတိုင်း လူပေါင်း များစွာ ဟာ ဒီနွားကို အံ့အား သင့်စွာ ၀ိုင်းဝန်း ကြည့်ရှု လေ့ရှိကြ ပါ တယ်။ ဒီနောက် အိန်္ဒိယ လူမျိုး တွေဟာ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြတယ် လို့ဆို ပါတယ်။ လာ့စ်မန်းက ကျွန်မ အ နေနဲ့ မြို့ပေါင်းများစွာကို ဖြတ်သန်းလာခဲ့ပြီး ဖြစ် ပါတယ်။ နေရာတိုင်းမှာ ထူးခြားတဲ့နွားကို အရို အသေ ပေး မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကျွန်မ အနေနဲ့ လူသားတွေအားလုံး အကျိုးရှိစေဖို့ ထူးခြားတဲ့ နွားကို မြင်တွေ့ ခွင့်ရ ရေး ပြုလုပ်ပေး နေရတာဖြစ်ပါတယ်””လို့ ပြောကြားသွားခဲ့ပါ တယ်။ ခြေထောက် ငါးချောင်း ပါတဲ့ နွားဟာ လက် ရှိ အချိန်မှာ အိန်္ဒိယနိုင်ငံရဲ့ မြို့တော် နယူး ဒေလီကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ By The Messenger
ခြေထောက် ၅ ချောင်းပါတဲ့ ထူးဆန်းအံ့ဖွယ် နွား

အိန်္ဒိယ နိုင်ငံ မှာရှိတဲ့ နွားတစ်ကောင် ဟာ ခြေထောက် ငါးချောင်း ပါဝင် ခဲ့ပါ တယ်။ ဒီ နွား ဟာ အ သက် လေးနှစ် အရွယ် ရှိနေ ပြီ ဖြစ် ပါတယ်။ ဒီနွား ရဲ့ပိုင်ရှင် ဖြစ်သူ အသက် (၃၅) နှစ် အရွယ် ရှိ လာ့စ် မန်း ဟာ ထူးခြား တဲ့နွား ကို အိန်္ဒိယ နိုင်ငံ တစ်ဝန်း လှည့် လည် ပြသမှု ပြု လုပ်ခဲ့ တယ် လို့ သိ ရ ပါတယ်။ ဟိန်္ဒို ဘာ သာ ကို ကိုးကွယ်တဲ့ အိနိ္ဒယနိုင်ငံမှာ နွားတွေကို အ မြတ်တနိုး ထား လေ့ ရှိပါတယ်။ သာမန်နွား တွေဟာ ခြေ ထောက် လေးချောင်းသာ ပါရှိခဲ့ ပေမယ့် လာ့စ်မန်းပိုင်ဆိုင်ထားတဲ့နွားကတော့ ခြေထောက် ငါးချောင်းအထိ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်မို့ အိန်္ဒိယနိုင်ငံသားအများစုဟာ ခြေထောက် ငါးချောင်း ပါတဲ့နွားကို နတ်ဘုရား ဖန် ဆင်း ပေးလိုက်တဲ့နွားအဖြစ် ယုံကြည်ယူဆ ပြီး ကိုးကွယ်မှုတွေပြုလုပ်နေခြင်းဖြစ်ပါတယ်။ ဒီနွားရဲ့ ခြေထောက် တစ် ချောင်း အပိုဟာ ကျောပေါ်မှာ ရှိနေခြင်းဖြစ်ပါတယ်။

ဒီနွားရဲ့ ပိုင်ရှင် ဖြစ်သူ လာ့စ်မန်းက ကျွန်မရဲ့နွားကို နတ်ဘုရားတွေက ဖန်ဆင်း ပေးလိုက် ခြင်းဖြစ် ပါ တယ်။ ခြေထောက် တစ် ချောင်း အပိုပါ ခြင်း ဟာ အရမ်း ကို ထူးခြားမှု ရှိပါတယ်။ ကံကောင်းမှုတွေ ယူဆောင် လာ ပေးမယ့် လက်္ခဏာတစ်ခုဖြစ်ပါတယ်””လို့ ပြောကြားသွားခဲ့ပါတယ်။ လာ့စ်မန်းဟာ အိန်္ဒိယနိုင်ငံရဲ့ ပြည် နယ် ကြီးခြောက်ခုကို ဖြတ် သန်းပြီး အဓိကမြို့ကြီး(၁၅) မြို့မှာ ထူးခြား တဲ့နွားကို ပြသ မှုပြုလုပ်ခဲ့ပါတယ်။ မြို့ ကြီး တွေကိုရောက်တဲ့အခါတိုင်း လူပေါင်း များစွာ ဟာ ဒီနွားကို အံ့အား သင့်စွာ ၀ိုင်းဝန်း ကြည့်ရှု လေ့ရှိကြ ပါ တယ်။ ဒီနောက် အိန်္ဒိယ လူမျိုး တွေဟာ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြတယ် လို့ဆို ပါတယ်။ လာ့စ်မန်းက ကျွန်မ အ နေနဲ့ မြို့ပေါင်းများစွာကို ဖြတ်သန်းလာခဲ့ပြီး ဖြစ် ပါတယ်။ နေရာတိုင်းမှာ ထူးခြားတဲ့နွားကို အရို အသေ ပေး မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကျွန်မ အနေနဲ့ လူသားတွေအားလုံး အကျိုးရှိစေဖို့ ထူးခြားတဲ့ နွားကို မြင်တွေ့ ခွင့်ရ ရေး ပြုလုပ်ပေး နေရတာဖြစ်ပါတယ်””လို့ ပြောကြားသွားခဲ့ပါ တယ်။ ခြေထောက် ငါးချောင်း ပါတဲ့ နွားဟာ လက် ရှိ အချိန်မှာ အိန်္ဒိယနိုင်ငံရဲ့ မြို့တော် နယူး ဒေလီကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

The Messenger
အိန်္ဒိယ နိုင်ငံ မှာရှိတဲ့ နွားတစ်ကောင် ဟာ ခြေထောက် ငါးချောင်း ပါဝင် ခဲ့ပါ တယ်။ ဒီ နွား ဟာ အ သက် လေးနှစ် အရွယ် ရှိနေ ပြီ ဖြစ် ပါတယ်။ ဒီနွား ရဲ့ပိုင်ရှင် ဖြစ်သူ အသက် (၃၅) နှစ် အရွယ် ရှိ လာ့စ် မန်း ဟာ ထူးခြား တဲ့နွား ကို အိန်္ဒိယ နိုင်ငံ တစ်ဝန်း လှည့် လည် ပြသမှု ပြု လုပ်ခဲ့ တယ် လို့ သိ ရ ပါတယ်။ ဟိန်္ဒို ဘာ သာ ကို ကိုးကွယ်တဲ့ အိနိ္ဒယနိုင်ငံမှာ နွားတွေကို အ မြတ်တနိုး ထား လေ့ ရှိပါတယ်။ သာမန်နွား တွေဟာ ခြေ ထောက် လေးချောင်းသာ ပါရှိခဲ့ ပေမယ့် လာ့စ်မန်းပိုင်ဆိုင်ထားတဲ့နွားကတော့ ခြေထောက် ငါးချောင်းအထိ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်မို့ အိန်္ဒိယနိုင်ငံသားအများစုဟာ ခြေထောက် ငါးချောင်း ပါတဲ့နွားကို နတ်ဘုရား ဖန် ဆင်း ပေးလိုက်တဲ့နွားအဖြစ် ယုံကြည်ယူဆ ပြီး ကိုးကွယ် မှုတွေပြုလုပ်နေခြင်းဖြစ်ပါတယ်။

ငွေကြေးချမ်းသာသူများ ပိုချမ်းသာပြီး ဆင်းရဲသူများ ပိုဆင်းရဲလာကြောင်း လွှတ်တော်ကော်မတီ အစီရင်ခံစာ၌ ဖော်ပြ

Photo: ငွေကြေးချမ်းသာသူများ ပိုချမ်းသာပြီး ဆင်းရဲသူများ ပိုဆင်းရဲလာကြောင်း လွှတ်တော်ကော်မတီ အစီရင်ခံစာ၌ ဖော်ပြ
Wednesday, February 26, 2014

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ပထမခြောက်လအတွင်း အစိုးရ၏ တစ်နှစ်လုံး စီမံချက်များအပေါ် ၃၂ ရာခိုင်နှုန်းကျော်သာ အကောင်အထည် ဖော်နိုင်ခဲ့ပြီး လက်ရှိပကတိ အခြေအနေမှာ ငွေကြေးချမ်းသာသူများ ပို၍ချမ်းသာလာပြီး ဆင်းရဲသူများ ပို၍ဆင်းရဲလာကြောင်း ပြည်ထောင်စုလွှတ်တော်၊ စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ပေးပို့လာသော ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၊ ပထမခြောက်လပတ် အမျိုးသားစီမံကိန်းဆောင်ရွက်မှု အစီရင်ခံစာအပေါ် ပြည်ထောင်စုလွှတ်တော်၊ စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီမှ လေ့လာသုံးသပ်ကာ အစီရင်ခံစာ တင်သွင်းခဲ့ခြင်းဖြစ်သည်။

အစီရင်ခံစာတွင် “စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် လုပ်ငန်းရှင်ကြီးများ၊ အသေးစား၊ အလတ်စား လုပ်ငန်းရှင်များ၊ လုပ်ငန်းငယ်များနှင့် အခြားကာယညာဏ အလုပ်သမားများ၊ လယ်သမားများ၊ ပြည်သူများအတွက် အဆင်ပြေ ချောမွေ့စေရန် တတ်နိုင်သောအားဖြင့် ဖြေလျှော့မှုများ ဆောင်ရွက်ပေးခဲ့သော်လည်း လက်ရှိပကတိ အခြေအနေမှာ ငွေကြေးချမ်းသာသူများ ပို၍ချမ်းသာခြင်း၊ ဆင်းရဲသူများ ပို၍ဆင်းရဲခြင်း၊ ကွာဟမှု အမှန်တကယ် ဖြစ်ပေါ်လာမှုကို လက်တွေ့ကျကျ အမှန်အတိုင်း ပကတိရှိမှု မရှိမှု၊ ပွင့်လင်းမြင်သာအောင် ရပ်ကွက်၊ ကျေးရွာအဆင့်မှသည် နိုင်ငံတော်အဆင့်အထိ အဆင့်ဆင့် ပွင့်လင်းမြင်သာသော လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရန် မဖြစ်မနေ အကောင်အထည်ဖော် လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်သည်။ လုပ်ငန်းကို စောသေးသည် နောင်မှလုပ်မည်ဆိုသည့် သဘောဖြင့် မရတော့ပါ။ အချို့သာဓကအားဖြင့် အိုးမဲ့အိမ်မဲ့ပြည်သူများ များပြားလာခြင်း၊ လယ်သမားများ လယ်ယာလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုစရိတ်နှင့် ၀င်ငွေရရှိမှုတို့ မမျှတခြင်းကြောင့် အရှုံးပေါ်၍ အချို့လယ်သမားများ အကြွေးသံသရာလည်ပြီး လယ်မဲ့ယာမဲ့ဘ၀ ရောက်ရှိနေခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်လာမှုများ အားနည်းခြင်း၊ တရားမ၀င် ကုန်သွယ်မှုများ ရှိနေသေးခြင်းတို့သည် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ယန္တရားအတွင်း ဖြစ်ပေါ်လာသော အကျိုးဆက်များဖြစ်ကြောင်း သုံးသပ်ပါသည်” ဟု ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတော်အနေဖြင့် ဗဟိုဦးစီးစနစ်ကို ဖြေလျှော့၍ ပြည်သူဗဟိုပြုစနစ်ဖြင့် အကောင်အထည်ဖော် ပြုပြင်ပြောင်းလဲသည်မှာ ကောင်းပါသည်။ အောက်ခြေမှစ၍ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့များဖွဲ့၍ အဆင့်ဆင့်ဆောင်ရွက်မှုများ လုပ်ဆောင်ရာတွင်မူ သဘောအရ အလွန်ကောင်းသည်။ သို့သော်ဝန်ကြီးဌာန အဆင့်ဆင့်၊ ဌာနဆိုင်ရာ အဆင့်ဆင့်၏ ကြိုးနီစနစ်၊ လုပ်ငန်းလုပ်ဆောင်မှု မပျောက်ပျက်မှု အခြေအနေနှင့် အောက်ခြေကစသည့် အခြေအနေကွာဟပြီး ပုံသဏ္ဌာန်မကျ ဖြစ်နေသည်ကို ဂရုစိုက်ရန် လိုအပ်မည်ဖြစ်ပါသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

Eleven Media Group

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်း တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်း တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ပထမခြောက်လအတွင်း အစိုးရ၏ တစ်နှစ်လုံး စီမံချက်များအပေါ် ၃၂ ရာခိုင်နှုန်းကျော်သာ အကောင်အထည် ဖော်နိုင်ခဲ့ပြီး လက်ရှိပကတိ အခြေအနေမှာ ငွေကြေးချမ်းသာသူများ ပို၍ချမ်းသာလာပြီး ဆင်းရဲသူများ ပို၍ဆင်းရဲလာကြောင်း ပြည်ထောင်စုလွှတ်တော်၊ စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အိန္ဒိယမှတင်သွင်းသော မွေးမြူရေးအစာ မုန်ညင်းဖတ်များ၌ အလေးချိန်စီးရန် ထည့်ထားသည့် ဘိလပ်မြေကဲ့သို့ သဲများတွေ့ရှိ

ဒေါက်တာသက်မှူးက မုန်ညင်းဖတ်အတွင်း တွေ့ရှိရသည့် သဲများကို ပြသနေစဉ်
အိန္ဒိယနိုင်ငံမှ တင်သွင်းသော မွေးမြူရေးတိရစ္ဆာန်အစာ မုန်ညင်းဖတ်များအတွင်း အလေးချိန်စီးရန်ထည့်ထား သည့် ဘိလပ်မြေကဲ့သို့ သဲများတွေ့ရှိကြောင်း မြန်မာနိုင်ငံ ငါး၊ ပုစွန်အစာ ထုတ်လုပ်ရောင်းဝယ်သူများ အသင်းဥက္ကဋ္ဌ ဒေါက်တာသက်မှူးက ဇန်န၀ါရီ ၂၅ ရက်က ပြောကြားသည်။

သီလဝါအထူးစီးပွားရေးဇုန်အတွက် အစုရှယ်ယာများ မတ်လ ၃ရက်စရောင်းမည်

Photo: သီလဝါအထူးစီးပွားရေးဇုန်အတွက် အစုရှယ်ယာများ မတ်လ ၃ရက်စရောင်းမည်
Wednesday, February 26, 2014

ရန်ကုန်၊ မဇ္ဈိမ။ ။သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် မြန်မာသီလဝါ အများပိုင်ကုမ္ပဏီ၏ အစုရှယ်ယာများကို မတ်လ ၃ရက်တွင် စတင်ရောင်းချပေးမည်ဟု မြန်မာသီလဝါ အများပိုင် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့က ဖေဖော်ဝါရီလ ၂၆ရက်တွင် ထုတ်ပြန်လိုက်သည်။

မြန်မာသီလဝါအများပိုင်ကုမ္ပဏီ၏ အစုရှယ်ယာအရေအတွက် ၂ ဒသမ ၁၄၅ သန်းကို အစုရှယ်ယာတစ်စုလျှင် ကျပ်တစ် သောင်းနှုန်းဖြင့် မတ်လ ၃ ရက်မှ စတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ရောင်း ချပေးမည်ဟု ဦးဆက်အောင်က ဖေဖော်ဝါရီလထဲတွင် ပြောခဲ့သည်။

ရှယ်ယာများကို ရောင်းချရာတွင် ရှယ်ယာအနည်းငယ်ဝယ်သူကို ဦးစားပေး ရောင်းချပေးမည်ဖြစ်ကာ ကျန်ရှိသည့်ရှယ်ယာများမှ ရှယ်ယာများများ ဝယ်ယူလိုသူများထံ နိုင်ငံတကာထုံးစံအတိုင်း Pro-rata စနစ်ဖြင့် အချိုးကျရောင်းချပေးသွားမည်ဖြစ်သည်။

ရှယ်ယာဝယ်လိုသူများအနေဖြင့် ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ သမဝါယမဘဏ်၊ ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်တို့၏ တစ်နိုင်ငံလုံးရှိ ဘဏ်ခွဲများတွင် ဝယ်လိုသည့် ရှယ်ယာအရေအတွက်ကို အဆိုပြုလွှာ တင်၍ ဝယ်ယူနိုင်ရန် စီစဉ်ထားပြီး ဒေသခံများ ဝယ်ယူလိုပါက ဝယ်ယူနိုင်ရန် သီလဝါအထူးစီးပွားရေးဇုန် ရုံးခန်းနေရာတွင် စားပွဲတစ်လုံးချကာ ရောင်းချပေးမည်ဟုလည်း ဦးဆက်အောင်က နိုင်ငံပိုင်သတင်းစာနှင့် အင်တာဗျူးတစ်ခုတွင် ပြောထားသည်။

ရှယ်ယာများကို အများပြည်သူက အပြည့်မဝယ်ယူနိုင်ပါက Myanmar Thilawa SEZ Holdings အများပိုင် ကုမ္ပဏီ၏ ကနဦးရှယ်ယာရှင် ကုမ္ပဏီကိုးခုက အချိုးကျဝယ်ယူရန် သဘောတူထားပြီး ငွေကြေးထပ်မံလို အပ်သည့်အချိန်တွင်လည်း ရှယ်ယာများထပ်မံရောင်းချမည်ဖြစ်သည်။

သီလဝါအထူးစီးပွားရေးဇုန်အား မြန်မာ-ဂျပန် ပုဂ္ဂလိကနှင့် အစိုးရမှ ပူးပေါင်းဖွဲ့စည်းသည့် Myanmar Japan Thilawa Development Limited က တည်ဆောက်မည်ဖြစ်ကာ မြန်မာမှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်မှ ၄၉ ရာခိုင်နှုန်းရှယ်ယာများ ပါဝင်သည်။ မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်းတွင် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ၁ဝ ရာခိုင်နှုန်းနှင့် အများပိုင်ကုမ္ပဏီကိုးခု ပါဝင်စုဖွဲ့ထားသည့် Myanmar Thilawa SEZ Holdings အများပိုင်ကုမ္ပဏီက ၄၁ ရာခိုင်နှုန်းတို့ပါဝင်ပြီး၊ ရောင်းချသောရှယ်ယာများမှာ ၄၁ ရာခိုင်နှုန်းပါဝင်သည့် အများပိုင်ကုမ္ပဏီ၏ ရှယ်ယာများဖြစ်သည်။

သီလဝါအထူးစီးပွားရေးဇုန်ကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး ၂ဝ၁၅ နှစ်လယ်ပိုင်းမှစတင်ကာ စီးပွားဖြစ်လည်ပတ်နိုင်မည်ဟု ဇုန်တာဝန်ရှိသူများက မှန်းဆထားသည်။ သီလဝါ စီးပွားရေးဇုန်သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး တည်ဆောက်သည့် နိုင်ငံတကာ အဆင့်မီ အထူးစီးပွားရေးဇုန် တစ်ခုဖြစ်ပြီး မြေဧက ၅၇၈၇ ဒသမ ၁၇၈တွင် ပထမအဆင့်ကို စတင်ဆောင်ရွက်မည်ဖြစ်သည်။

Mizzima - News in Burmese
သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် မြန်မာသီလဝါ အများပိုင်ကုမ္ပဏီ၏ အစုရှယ်ယာများကို မတ်လ ၃ရက်တွင် စတင်ရောင်းချပေးမည်ဟု မြန်မာသီလဝါ အများပိုင် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့က ဖေဖော်ဝါရီလ ၂၆ရက်တွင် ထုတ်ပြန်လိုက်သည်။

ဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်ပါက အရေးယူနိုင်သည့်ပုဒ်မ ၂၉၅ (က) ဖြင့် ရဟန်းအချို့အား နေ့စဉ်အရေးယူနေရကြောင်း သာသနာရေးဝန်ကြီးဌာနမှ သိရ

ဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်ပါက အရေးယူနိုင်သည့် ပြစ်မှုဆိုင်ရာပုဒ်မ ၂၉၅(က) ဖြင့် ရဟန်း အချို့အား နေ့စဉ် အရေးယူမှုပြုလုပ်နေရကြောင်း သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့ ဆိပ်ကြီးကမ်းနားမှာ နှစ်စဉ်ကမ်းပြိုမှုများ ဖြစ်ပွားနေသဖြင့် ပေ ၂၃၀ အရှည်ရှိ ကမ်းထိန်းနံရံ အစားထိုးတည်ဆောက်

Photo: ဆိပ်ကြီးခနောင်တိုမြို့ ဆိပ်ကြီးကမ်းနားမှာ နှစ်စဉ်ကမ်းပြိုမှုများ ဖြစ်ပွားနေသဖြင့် ပေ ၂၃၀ အရှည်ရှိ ကမ်းထိန်းနံရံ အစားထိုးတည်ဆောက်
Wednesday, February 26, 2014

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့ ဆိပ်ကြီးကမ်းနားမှာ နှစ်စဉ်ကမ်းပြိုမှုများ ဖြစ်ပွားနေသဖြင့် ပေ ၂၃၀ အရှည်ရှိ ကမ်းထိန်းနံရံ အစားထိုးတည်ဆောက်နေကြောင်း ယင်းဆိပ်ကမ်းရှိ စက်တပ်ရေယာဉ် လိုင်းတစ်ခုဖြစ်သော ရွှေရန်ကုန်ရေယာဉ်လိုင်းမှ သိရသည်။
    
ကမ်းထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကန်ထရိုက်စနစ်ဖြင့် တည်ဆောက်စေခြင်းဖြစ်ကြောင်း သိရသည်။
    
"ဆိပ်ကြီးကမ်းနားကမ်းပြိုတာ နှစ်နှစ်ဆက်ရှိပါပြီ။ ထပ်မပြိုအောင်လို့ တည်ဆောက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကန်ထရိုက်စနစ်နဲ့ ပြိုကျသွားတဲ့ပမာဏကို အစားထိုးဆောက်တာဖြစ်တယ်လို့ သိရပါတယ်" ဟု ဆိပ်ကြီးဆိပ်ကမ်း ရွှေရန်ကုန်ရေယာဉ်လိုင်းဥက္ကဋ္ဌ ဦးသိန်းအေးက ပြောကြားသည်။
    
အဆိုပါ ကမ်းထိန်းနံရံကို ကျယ်သောရေလမ်းကြောင်းနှင့် ကျဉ်းသောရေလမ်းကြောင်းတို့ဆုံရာ ၀ဲကတော့ဖြစ်ရာမှ ကမ်းနားသို့ ရေတိုက်စားမှုဖြစ်ကာ ကမ်းပြိုကျခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောကြားသည်။
    
ပေ ၁၆၀ ရှည် ကမ်းထိန်းနံရံတစ်ခုနှင့် ပေ ၇၀ ရှည် ကမ်းထိန်းနံရံတစ်ခု စုစုပေါင်း ပေ ၂၃၀ ရှည်သော ၎င်းကမ်းထိန်းနံရံသည် ရေအောက်အနက် ပေ ၈၀ ၊ ရေပေါ် ပေ ၃၀ ခန့်အထိ တည်ဆောက်မည်ဟု သိရကြောင်း ရွှေရန်ကုန်ရေယာဉ်လိုင်း ဥက္ကဋ္ဌ ဦးသိန်းအေးက ပြောကြားသည်။
    
"ဆိပ်ကမ်းကမ်းထိန်းတွေပြိုကျရင် ကျွန်တော်တို့ စက်တပ်ရေယာဉ်အတွက်ရော ခရီးသည်တွေအတွက် အတက်အဆင်းရော ဒုက္ခရောက်ပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်ကဆို ပေ ၁၅၀ လောက်ပါသွားတယ်" ဟု သမ္ဗန်မောင်း လုပ်သားတစ်ဦးက ပြောကြားသည်။
    
ရန်ကုန်မြို့ တစ်ဖက်ကမ်း၊ ဆိပ်ကြီးခနောင်တိုမြို့သည် သုံးမိုင်ခန့်ရှည်လျားသော ကျွန်းတစ်ကျွန်းဖြစ်ပြီး မြို့နယ်နေသူတို့သည် သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးအတွက် ရေကြောင်းခရီးကိုသာ အသုံးပြုရကြောင်း သိရသည်။  

Eleven Media Group

ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးဆိပ်ကမ်း ကမ်းထိန်းနံရံ တည်ဆော က်ခြင်း လုပ်ငန်းကို ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ်
(ဓာတ်ပုံ-ကြည်နိုင်)
ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးဆိပ်ကမ်း ကမ်းထိန်းနံရံ တည်ဆော က်ခြင်း လုပ်ငန်းကို ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ်
(ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့ ဆိပ်ကြီးကမ်းနားမှာ နှစ်စဉ်ကမ်းပြိုမှုများ ဖြစ်ပွားနေသဖြင့် ပေ ၂၃၀ အရှည်ရှိ ကမ်းထိန်းနံရံ အစားထိုးတည်ဆောက်နေကြောင်း ယင်းဆိပ်ကမ်းရှိ စက်တပ်ရေယာဉ် လိုင်းတစ်ခုဖြစ်သော ရွှေရန်ကုန်ရေယာဉ်လိုင်းမှ သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့ ဆိပ်ကြီးကမ်းနားမှာ နှစ်စဉ်ကမ်းပြိုမှုများ ဖြစ်ပွားနေသဖြင့် ပေ ၂၃၀ အရှည်ရှိ ကမ်းထိန်းနံရံ အစားထိုးတည်ဆောက်

Photo: ဆိပ်ကြီးခနောင်တိုမြို့ ဆိပ်ကြီးကမ်းနားမှာ နှစ်စဉ်ကမ်းပြိုမှုများ ဖြစ်ပွားနေသဖြင့် ပေ ၂၃၀ အရှည်ရှိ ကမ်းထိန်းနံရံ အစားထိုးတည်ဆောက်
Wednesday, February 26, 2014

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့ ဆိပ်ကြီးကမ်းနားမှာ နှစ်စဉ်ကမ်းပြိုမှုများ ဖြစ်ပွားနေသဖြင့် ပေ ၂၃၀ အရှည်ရှိ ကမ်းထိန်းနံရံ အစားထိုးတည်ဆောက်နေကြောင်း ယင်းဆိပ်ကမ်းရှိ စက်တပ်ရေယာဉ် လိုင်းတစ်ခုဖြစ်သော ရွှေရန်ကုန်ရေယာဉ်လိုင်းမှ သိရသည်။
    
ကမ်းထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကန်ထရိုက်စနစ်ဖြင့် တည်ဆောက်စေခြင်းဖြစ်ကြောင်း သိရသည်။
    
"ဆိပ်ကြီးကမ်းနားကမ်းပြိုတာ နှစ်နှစ်ဆက်ရှိပါပြီ။ ထပ်မပြိုအောင်လို့ တည်ဆောက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကန်ထရိုက်စနစ်နဲ့ ပြိုကျသွားတဲ့ပမာဏကို အစားထိုးဆောက်တာဖြစ်တယ်လို့ သိရပါတယ်" ဟု ဆိပ်ကြီးဆိပ်ကမ်း ရွှေရန်ကုန်ရေယာဉ်လိုင်းဥက္ကဋ္ဌ ဦးသိန်းအေးက ပြောကြားသည်။
    
အဆိုပါ ကမ်းထိန်းနံရံကို ကျယ်သောရေလမ်းကြောင်းနှင့် ကျဉ်းသောရေလမ်းကြောင်းတို့ဆုံရာ ၀ဲကတော့ဖြစ်ရာမှ ကမ်းနားသို့ ရေတိုက်စားမှုဖြစ်ကာ ကမ်းပြိုကျခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောကြားသည်။
    
ပေ ၁၆၀ ရှည် ကမ်းထိန်းနံရံတစ်ခုနှင့် ပေ ၇၀ ရှည် ကမ်းထိန်းနံရံတစ်ခု စုစုပေါင်း ပေ ၂၃၀ ရှည်သော ၎င်းကမ်းထိန်းနံရံသည် ရေအောက်အနက် ပေ ၈၀ ၊ ရေပေါ် ပေ ၃၀ ခန့်အထိ တည်ဆောက်မည်ဟု သိရကြောင်း ရွှေရန်ကုန်ရေယာဉ်လိုင်း ဥက္ကဋ္ဌ ဦးသိန်းအေးက ပြောကြားသည်။
    
"ဆိပ်ကမ်းကမ်းထိန်းတွေပြိုကျရင် ကျွန်တော်တို့ စက်တပ်ရေယာဉ်အတွက်ရော ခရီးသည်တွေအတွက် အတက်အဆင်းရော ဒုက္ခရောက်ပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်ကဆို ပေ ၁၅၀ လောက်ပါသွားတယ်" ဟု သမ္ဗန်မောင်း လုပ်သားတစ်ဦးက ပြောကြားသည်။
    
ရန်ကုန်မြို့ တစ်ဖက်ကမ်း၊ ဆိပ်ကြီးခနောင်တိုမြို့သည် သုံးမိုင်ခန့်ရှည်လျားသော ကျွန်းတစ်ကျွန်းဖြစ်ပြီး မြို့နယ်နေသူတို့သည် သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးအတွက် ရေကြောင်းခရီးကိုသာ အသုံးပြုရကြောင်း သိရသည်။  

Eleven Media Group

ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးဆိပ်ကမ်း ကမ်းထိန်းနံရံ တည်ဆော က်ခြင်း လုပ်ငန်းကို ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ်
(ဓာတ်ပုံ-ကြည်နိုင်)
ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးဆိပ်ကမ်း ကမ်းထိန်းနံရံ တည်ဆော က်ခြင်း လုပ်ငန်းကို ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ်
(ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့ ဆိပ်ကြီးကမ်းနားမှာ နှစ်စဉ်ကမ်းပြိုမှုများ ဖြစ်ပွားနေသဖြင့် ပေ ၂၃၀ အရှည်ရှိ ကမ်းထိန်းနံရံ အစားထိုးတည်ဆောက်နေကြောင်း ယင်းဆိပ်ကမ်းရှိ စက်တပ်ရေယာဉ် လိုင်းတစ်ခုဖြစ်သော ရွှေရန်ကုန်ရေယာဉ်လိုင်းမှ သိရသည်။

နိုင်ငံတော်သမ္မတပေးပို့သော အဖွဲ့ဝင် ၁၅ ဦး အမည်စာရင်းအား ပြည်ထောင်စုလွှတ်တော် အတည်ပြုပြီးနောက် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် တရားဝင်ဖွဲ့စည်း

ဖေဖော်ဝါရီ ၂၅ ရက်ကပြုလုပ်သည့်  ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည့် လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေးကော်မရှင်ဖွဲ့စည်းရန် အဆိုအား ယင်းနေ့၌ပင် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာချက် ၆/၂၀၁၄ ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် ဖော်ပြခဲ့သည်။

ဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်ပါက အရေးယူနိုင်သည့်ပုဒ်မ ၂၉၅ (က) ဖြင့် ရဟန်းအချို့အား နေ့စဉ်အရေးယူနေရကြောင်း သာသနာရေးဝန်ကြီးဌာနမှ သိရ

ဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်ပါက အရေးယူနိုင်သည့် ပြစ်မှုဆိုင်ရာပုဒ်မ ၂၉၅(က) ဖြင့် ရဟန်းအချို့အား နေ့စဉ် အရေးယူမှုပြုလုပ်နေ ရကြောင်း သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

Tuesday, February 25, 2014

နိုင်/စစ် ကော်မတီအစည်းအဝေးခေါ်ယူရန် သမ္မတရုံးမှ ယခုလအတွင်း အကြောင်းပြန်ကြားခြင်း မရှိပါက ကော်မတီဝင်များက သဘောထားကြေညာချက် ထုတ်ပြန်မည်

လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီဝင်များက သမ္မတရုံးမှ ကော်မတီ အစည်းအဝေး ခေါ်ယူပေးရန် ယခုလအတွင်း အကြောင်းပြန်ကြားခြင်းမရှိပါက အစည်းအဝေးမခေါ်ယူခြင်းနှင့် ပတ်သက်ပြီး ကော်မတီဝင်များက သဘောထားကြေညာချက် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

သမ္မတရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ သမ္မတရုံးဝန်ကြီးဌာန (၄) ဒုတိယ ဝန်ကြီးဦးအောင်သိန်းက အတွင်းရေးမှူး အဖြစ်လည်းကောင်း

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခဲ့သည့် အမျိုးသားညီလာခံ ကိုယ်စားလှယ်ကြီးများအား ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ရန် အစီအစဉ်ရှိ မရှိ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် မေးမြန်း

Photo: ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခဲ့သည့် အမျိုးသားညီလာခံ ကိုယ်စားလှယ်ကြီးများအား ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ရန် အစီအစဉ်ရှိ မရှိ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် မေးမြန်း
Tuesday, February 25, 2014

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခဲ့သည့် အမျိုးသားညီလာခံ ကိုယ်စားလှယ်ကြီးများအား ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ရန် အစီအစဉ်ရှိ၊ မရှိကို ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညိုက ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

အဆိုပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးကို ပေါ်ပေါက်လာရေးအတွက် ကိုယ်ပိုင်အချိန်၊ အကျိုးစီးပွား လုပ်ငန်းများကို စွန့်ပစ်ကာနှစ်ပေါင်းများစွာ တစ်ဆက်တစ်စပ်တည်း ပါဝင်ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားနှင့် အရပ်သား ကိုယ်စားလှယ်များတွင်

ဦးခင်မောင်ညိုက မေးမြန်းရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ၂ဝ၅ (က) အရ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း ပြုနိုင်ကြောင်း၊ ယခုကဲ့သို့ ဒီမိုကရေစီစနစ် ထွန်းကား၍ အနာဂတ်နိုင်ငံတော်ကြီး ရေရှည်အကျိုး ကောင်းမွန်စေရန်အတွက် ခိုင်မာသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်စေရန် ၁၉၉၃ ခုနှစ်မှစ၍ အတွေ့အကြုံကြွယ်ဝသည့် ပုဂ္ဂိုလ်များ၊ ပါတီခေါင်းဆောင်များ အပါအဝင် တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်ပြီး အမျိုးသားညီလာခံကြီးကို အခက်အခဲများကြားမှ ကြိုးစားကျင်းပခဲ့ရာ ၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာ ၃ ရက်တွင် အောင်မြင်စွာပြီးခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ အဆိုပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးကို ပေါ်ပေါက်လာရေးအတွက် ကိုယ်ပိုင်အချိန်၊ အကျိုးစီးပွား လုပ်ငန်းများကို စွန့်ပစ်ကာနှစ်ပေါင်းများစွာ တစ်ဆက်တစ်စပ်တည်း ပါဝင်ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားနှင့် အရပ်သား ကိုယ်စားလှယ်များတွင် ယခုအခါ အသက်အရွယ်ကြီးရင့် အိုမင်းခြင်း၊ စီးပွားရေးချို့တဲ့ခြင်းနှင့် လူမှုဘဝရပ်တည်ရန် ခက်ခဲသည့် ကိုယ်စားလှယ်အချို့ ရှိနေသည်များကို တွေ့ရှိရပါကြောင်း၊ ၎င်းတို့မကွယ်လွန်မီ ပြည်ထောင်စုအစိုးရမှ ယင်းတို့အပေါ် အသိအမှတ်ပြုသည့် ဆောင်ရွက်ပေးမှုမျိုး လုပ်ပေးလိမ့်မည်ဟူသော မျှော်လင့်ချက်တို့ဖြင့် အသက်ဆက်လက်ရှင်သန် ရပ်တည်နေလျက်ရှိသည်ကိုလည်း တွေ့ရှိနေရပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု အစိုးရအနေဖြင့် အမျိုးသားညီလာခံ ကိုယ်စားလှယ်ကြီးများအားလုံး သို့မဟုတ် ၁၉၉၃ ခုနှစ်မှ ၂ဝဝ၇ ခုနှစ်အထိ တစ်ဆက်တစ်စပ်တည်း နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ပါဝင်ဆောင်ရွက်ခဲ့သော အမျိုးသားညီလာခံ ကိုယ်စားလှယ်တော်ကြီးများအား ဂုဏ်ထူးဆောင်ဘွဲ့ (သို့မဟုတ်) ချီးမြှင့်ခံစားခွင့် စသည့်အသိအမှတ်ပြု တစ်ခုခု ပြုလုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် မရှိပါက မည်သည့် အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါမေးခွန်းနှင့် ပတ်သက်၍ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က လောလောဆယ်တွင် အစီအစဉ် မရှိသေးကြောင်း ဖြေကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရန် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်က အဆိုတင်သွင်းခဲ့သဖြင့် ကော်မတီဖွဲ့စည်းကာ လွှတ်တော်မှ လေ့လာမှုများ ပြုလုပ်ခဲ့သည်။ လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် အကောင်အထည်ဖော်ရေး ကော်မတီကို လွှတ်တော်မှ ထပ်မံဖွဲ့စည်းခဲ့ပြီး ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ အပြီးသတ်ပြင်ဆင်ပြီး ဖြစ်ရမည်ဟု ပြည်ထောင်စု လွှတ်တော်နာယကက ပြောကြားထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်ဆင်ရန် အလွန်ခက်ခဲနေကြောင်း နိုင်ငံတကာမှ ဝေဖန်လျက်ရှိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ပြည်သူများထံမှ အကြံပြုစာများစွာ ရောက်ရှိနေသည်။
-
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆန္ဒပြမှု ပိုမိုများပြားလာပြီး ဖေဖော်ဝါရီ ၂၃ ရက်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆန္ဒပြပွဲအား ရန်ကုန်မြို့ တာမွေမြို့နယ်၌ ပြုလုပ်ခဲ့သည်ကို တွေ့ရစဉ်

Eleven Media Group
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခဲ့သည့် အမျိုးသားညီလာခံ ကိုယ်စားလှယ်ကြီးများအား ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ရန် အစီအစဉ်ရှိ၊ မရှိကို ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညိုက ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

အဆိုပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးကို ပေါ်ပေါက်လာရေးအတွက် ကိုယ်ပိုင်အချိန်၊ အကျိုးစီးပွား

လှိုင်သာယာ ဖိနပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ဆက်လက်ဆန္ဒပြ

Photo: လှိုင်သာယာ ဖိနပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ဆက်လက်ဆန္ဒပြ
Tuesday, February 25, 2014

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၃ မှာရှိတဲ့ Master Sport ဖိနပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ကျော် တောင်းဆိုနေတဲ့ အချက်တွေထဲက နေ့စားခတိုးပေးဖို့အချက်ကို စက်ရုံက သဘောတူခဲ့ပေမဲ့ လုပ်ငန်းခွင်ကြီးကြပ်ရေးမှူးတစ်ဦးကို အလုပ်ထုတ်ပေးဖို့ တောင်းဆိုထားတာကို မလိုက်လျောတာကြောင့် အလုပ်သမားတွေ ဒီနေ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။

အလုပ်ခွင်ကြီးကြပ်ရေးမှူးအနေနဲ့ ဆန္ဒပြအလုပ်သမားတွေကို တောင်းပန်မယ်ဆိုရင် ကျေနပ်နိုင်ကြောင်း ဆန္ဒပြရာမှာပါဝင်တဲ့ စက်ရုံအလုပ်သမတစ်ဦးက ပြောပါတယ်။

"ကျမတို့ဘက်က ဒီကလေးတွေကို သူတောင်းပန်ပေါ့နော်၊ သူကအဲလိုတောင်းပန်ဖို့ သူ့မှာအစီအစဉ်မရှိဘူးတဲ့၊ သူမပြုတ်မချင်း ကျမတို့က အပြင်မှာပဲနေမယ်လို့ ဆုံးဖြတ်ထားပါတယ်၊ အခုသူတို့ကပေါ့နော် ဒီလူတွေကို ဘာမှလုပ်မပေးပဲနဲ့ အသစ်လူတွေကို ခေါ်နေတဲ့ဆိုင်းဘုတ်တွေ ကပ်နေတယ်"

Master Sport ဖိနပ်စက်ရုံ အလုပ်သမား ၇၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကတည်းက နေ့စားခတိုးပေးဖို့၊ လုပ်ငန်းခွင် ကြီးကြပ်ရေးမှူးကို ထုတ်ပေးဖို့ အပါအဝင် အချက် ၁၀ ချက်ကိုတောင်းဆို ဆန္ဒပြခဲ့ကြတာပါ။ အလုပ်သမားတွေက နေ့စားခ တစ်နာရီ ၁၅၀ ကျပ်ကနေ ၂၅၀ တိုးပေးဖို့ တောင်းဆိုရာမှာ အလုပ်ရှင်ဘက်က တစ်နာရီ ၁၇၀ ကျပ်တိုးပေးဖို့ သဘောတူခဲ့ပါတယ်။

လုပ်ငန်းခွင် ကြီးကြပ်ရေးမှူးဟာ အလုပ်သမားတွေအပေါ် ခွဲခြားဆက်ဆံတာတွေရှိတဲ့အတွက် နှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာလို့ သိရပါတယ်။

RFA Burmese
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၃ မှာရှိတဲ့ Master Sport ဖိနပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ကျော် တောင်းဆိုနေတဲ့ အချက်တွေထဲက နေ့စားခတိုးပေးဖို့အချက်ကို စက်ရုံက သဘောတူခဲ့ပေမဲ့ လုပ်ငန်းခွင်ကြီးကြပ်ရေးမှူးတစ်ဦးကို အလုပ်ထုတ်ပေးဖို့ တောင်းဆိုထားတာကို မလိုက်လျောတာကြောင့် အလုပ်သမားတွေ ဒီနေ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။

အလုပ်ခွင်ကြီးကြပ်ရေးမှူးအနေနဲ့ ဆန္ဒပြအလုပ်သမားတွေကို တောင်းပန်မယ်ဆိုရင် ကျေနပ်နိုင်ကြောင်း

မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့မီးလောင်မှုသတင်း သို့မဟုတ် မြို့လည်ခေါင်မှထ၍ပေါက်ကွဲသောမိုင်းဗုံးကြီး

Photo: မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့မီးလောင်မှုသတင်း သို့မဟုတ်
မြို့လည်ခေါင်မှထ၍ပေါက်ကွဲသောမိုင်းဗုံးကြီး
Tuesday, February 25, 2014

မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့
မြို့လယ်ခေါင်ရပ်ကွက်ဖြစ်သောရွှေကြာအင်း၂ ရပ်
ကွက် ၁ လမ်း တွင် ယနေ့ ၂၄:၊၂၊၂၀၁၄ နေ့ညနေ
၃း၃၀နာရီအချိန်ကဝါဝါဝင်းပုဂ္ဂလိကစက်သုံးဆီအရောင်း
ဆိုင်(ပန့်ဆိုင်)မှစက်သုံးဆီထဲ့နေစဉ်မီးလောင်မှုဖြစ်ပွား
ခဲ့သည်။

မီးလောင်လျှင်လောင်ခြင်းမြို့နယ်မီးသတ်နှင
ရပ်ကွက်၁၀ရပ်ကွက်မှမီးသတ်ကား၁၀စီးခန့်နှင့်မီးသတ်
တပ်ဖွဲ့ဝင်များ၊ပြည်သူလူထုများ၏စွမ်းစွမ်းတမံငြိမ်းသတ်
နိုင်မှုကြောင့်ညနေ ၄း၀၀ နာရီအချိန်ခန့်တွင်မီးညွန့်
ကျိုးသွားပြီးညနေ၆း၃၀နာရီခန့်တွင်လုံးဝငြိမ်းသတ်နိုင်
ခဲ့သည်။

မီးလောင်မှုနှင့်ပါတ်သက်ပြီးမြို့လည်ခေါင်တည့်
တည့်လူနေရပ်ကွက်အတွင်းစက်သုံးဆီပန့်ဆိုင်ထောင်
ပြီးရောင်းချလျှက်ရှိသောဝိသမလောဘသားစီးပွားရေး
သမားနှင့်ခွင့်ပြုထားသောမြို့နယ်အာဏာပိုင်များကြောင့်
တမြို့လုံးမီးလောင်ခံရမည့်ဘေးမှကယ်တင်နိုင်ရေးအတွက်
မိမိအသက်ကိုပဓာနမထားပဲဆီလှောင်ကန်၊ဆီပေပါ
များအကြားသက်စွန့်ဆံဖြာ့း်ငြိမ်းသတ်ပေးခဲ့သောမီးသတ်
ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်လူငယ်များကိုအထူးကျေး
ဇူးတင်ချီးကျူးနေကြကြောင်းသတင်းရရှိသည်။
မီးလောင်ကျွမ်းမှုကြောင်မီးငြိမ်းသတ်သူအချို့
ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သော်လည်းလူသေဆုံးမှုမရှိ
ခဲ့ပါ။

တောင်တွင်းကြီးမြို့သည်၁၉၈၁ ခုနှစ်ကလည်း
အုန်းတော ၁ ရပ်ကွက်မှစတင်လောင်ကျွမ်းခဲ့သော
မီးကြောင့်တမြို့လုံးနီးပါးမီးလောင်ကျွမ်းခံခဲ့ရဘူးကြောင်း
သိရှိရသည်။

မြို့သူမြို့သားများအနေနှင့်နောက်ထပ်မိုင်းဗုံး
ကြီးတခုဖြစ်သောနယူးဒေး စက်သုံးဆီအရောင်းဆိုင်
ကိုမြို့ပြင်သို့ရွေ့ပေးရန်ဆန္နရှိနေကြောင်းသိရှိရသည်။

Monywa Times
မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့ မြို့လယ်ခေါင်ရပ်ကွက်ဖြစ်သောရွှေကြာအင်း၂ ရပ် ကွက် ၁ လမ်း တွင် ယနေ့ ၂၄:၊၂၊၂၀၁၄ နေ့ညနေ၃း၃၀နာရီအချိန်ကဝါဝါဝင်းပုဂ္ဂလိကစက်သုံးဆီအရောင်း ဆိုင်(ပန့်ဆိုင်)မှစက်သုံးဆီထဲ့နေစဉ်မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်လျှင်လောင်ခြင်းမြို့နယ်မီးသတ်နှငရပ်ကွက်၁၀ရပ်ကွက်မှမီးသတ်ကား၁၀စီးခန့်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ပြည်သူလူထုများ၏စွမ်းစွမ်းတမံငြိမ်းသတ်
နိုင်မှုကြောင့်ညနေ ၄း၀၀ နာရီအချိန်ခန့်တွင်မီးညွန့်ကျိုးသွားပြီးညနေ၆း၃၀နာရီခန့်တွင်လုံးဝငြိမ်းသတ်နိုင် ခဲ့သည်။

တိုင်းရင်းသား လူမျိုးများစာရင်းကို သန်းခေါင်စာရင်းပြီးမှ ပြင်မည်

Photo: တိုင်းရင်းသား လူမျိုးများစာရင်းကို သန်းခေါင်စာရင်းပြီးမှ ပြင်မည်
Tuesday, February 25, 2014

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံပြီးမှ လက်ရှိအတည်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေ ဆောင်ရွက်သွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က အမျိုးသားလွှတ်တော်မှာ ဒီနေ့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

သန်းခေါင်စာရင်းကောက်ယူပြီးရင် နှစ်အတော်ကြာ အတည်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းကို ပြန်လည်ပြုပြင်ဖို့ ရှိ မရှိ ဒီနေ့ အမျိုးသားလွှတ်တော်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက မေးမြန်းခဲ့လို့ ဒုတိယ၀န်ကြီးက ဖြေကြားခဲ့တာပါ။

လက်ရှိ သန်းခေါင်စာရင်းမှာပါတဲ့ တိုင်းရင်းသားလူမျိုးများ စာရင်းဟာ နှစ်အတော်ကြာ မစိစစ်နိုင်တာကြောင့် မှန်ကန်တယ်လို့ တရားသေမပြောနိုင်ကြောင်းနဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူပြီးရင် ပြင်ဆင်သွားနိုင်မယ်တဲ့အတွက် ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

"လက်ရှိပြုစုထားတဲ့ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးဟာ နှစ်ပေါင်းများစွာ ပြန်လည်စိစစ်ခြင်းမရှိခြင်း၊ တရားဝင်ပြင်ဆင်၊ ပယ်ဖျက် ထပ်မံအတည်ပြုခြင်း မရှိတဲ့အတွက်ကြောင့် ဒီစာရင်းကို မှန်ကန်သည်ဟု တရားသေ စွဲကိုင်အတည်ပြု ဆောင်ရွက်နေခြင်းလည်း မဟုတ်ကြောင်း၊ မကြာခင်ဆောင်ရွက်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံခြင်းလုပ်ငန်းစဉ်ဟာ မည်သည့်လူမျိုးစုဟာ မြေပြင်မှာ အမှန်တကယ်ရှိနေသည်၊ မည်သည့်လူမျိုးစုများဟာ ပျောက်ကွယ်သွားသည်၊ မည်သည့်လူမျိုးစုအသစ်များ ထပ်မံတွေ့ရှိသည် စသည်တို့အား သိရှိနိုင်မည်ဖြစ်ပါတယ်၊ ပြန်လည်ပြင်ဆင်၊ အတည်ပြုရန် တွေ့ရှိပါကလည်း စာရင်းကောက်ပြီးအချိန်မှာတော့ ဒုတိယအဆင့် ပါဝင်ပတ်သက်သော အဖွဲ့အစည်းများ စုံလင်စွာပေါင်းစပ်ပြီးတော့မှ ပြန်လည်သုံးသပ်ပြီးတော့မှ ပြင်ဆင်သွားနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်"

သန်းခေါင်စာရင်းမှာပါတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဟာ လွန်ခဲ့တဲ့ ၁၉၈၃ ခုနှစ် မတိုင်ခင်ကတည်းက ကောက်ယူထားတဲ့ စာရင်းဖြစ်ပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ လူမျိုးစု ၈ ခုအပေါ် မူတည်ပြီး ကချင်မျိုးနွယ်စု ၁၂ စု၊ ကယား မျိုးနွယ်စု ၉ စု၊ ကရင်မျိုးနွယ်စု ၁၁ စု၊ ချင်းမျိုးနွယ်စု ၅၃ စု၊ ဗမာမျိုးနွယ်စု ၉ စု၊ မွန်မျိုးနွယ်စု ၁ စု၊ ရခိုင်မျိုးနွယ်စု ၇ စု၊ ရှမ်းမျိုးနွယ်စု ၃၃ စုဆိုပြီး အတည်ပြုထားတာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်းစာရင်းကို လာမယ့် မတ်လ ၂၉ ရက်နေ့ ညကနေ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ယူသွားမှာ ဖြစ်ပါတယ်။

RFA Burmese
၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံပြီးမှ လက်ရှိအတည်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေ ဆောင်ရွက်သွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က အမျိုးသားလွှတ်တော်မှာ ဒီနေ့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

သန်းခေါင်စာရင်းကောက်ယူပြီးရင် နှစ်အတော်ကြာ အတည်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းကို ပြန်လည်ပြုပြင်ဖို့ ရှိ မရှိ ဒီနေ့ အမျိုးသားလွှတ်တော်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက မေးမြန်းခဲ့လို့ ဒုတိယ၀န်ကြီးက ဖြေကြားခဲ့တာပါ။

Monday, February 24, 2014

သီလ၀ါဇုန်တွင် မေလကစပြီး ရင်းနှီးမြှုပ်နှံနိုင်တော့မည်ဟု

Photo: သီလ၀ါဇုန်တွင် မေလကစပြီး ရင်းနှီးမြှုပ်နှံနိုင်တော့မည်ဟု
Monday, February 24, 2014

လာမယ့်မေလက စပြီး ဂျပန်နဲ့ မြန်မာပူးပေါင်း အကောင်အထည် ဖော်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်မှာ စတင်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြတော့မယ်လို့ ဇုန်စီမံခန့်ခွဲမှုကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြောင်း အစိုးရသတင်းစဉ်မှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ သီလ၀ါဇုန်ကို သမ္မတ ဦးသိန်းစိန် လာရောက် လည်ပတ်ချိန် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမယ့်ကုမ္ပဏီတွေကို သင့်တင့်တဲ့နှုန်းနဲ့ မြေငှားရမ်း ခွင့်ပြုမှာ ဖြစ်သလို သတ်မှတ်တဲ့အချိန်အတွင်း အကောင်အထည် မဖော်ခဲ့ရင် နိုင်ငံတကာနည်းတူ ပြန်ပြီး သိမ်းယူမယ့် စည်းကမ်းချက်တွေကိုပါ ထည့်သွင်းသွားမယ်လို့ သူက ရှင်းပြပါတယ်။

လက်ရှိ အကောင်အထည်ဖော်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်ဟာ မြန်မာနိုင်ငံထဲက အခြားသော စက်မှုဇုန်နဲ့ စီးပွားရေး ဇုန်တွေရဲ့ စံပြဖြစ်အောင် တည်ဆောက်သွားမယ်လို့လည်း ဦးဆက်အောင်က ပြောပါတယ်။

DVB TV News
လာမယ့်မေလက စပြီး ဂျပန်နဲ့ မြန်မာပူးပေါင်း အကောင်အထည် ဖော်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်မှာ စတင်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြတော့မယ်လို့ ဇုန်စီမံခန့်ခွဲမှုကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြောင်း အစိုးရသတင်းစဉ်မှာ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ချောင်းဦးတွင် ခွင့်ပြုချက် မရဘဲ ဆန္ဒ ထုတ်ဖော်

Photo: ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ချောင်းဦးတွင် ခွင့်ပြုချက် မရဘဲ ဆန္ဒ ထုတ်ဖော်
Monday, February 24, 2014

စစ်ကိုင်းတိုင်း ဒေသကြီး ချောင်းဦးမြို့တွင် ယင်းမြို့ ဒေသခံ နှစ်ဦးသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ မှ ၁၂ နာရီအထိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ခွင့်ပြုချက် မရဘဲ ပထမဆုံးအကြိမ် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒ ပြရာတွင် ပါဝင်သူများက ပြောကြားသည်။

ယင်းကဲ့သို့ ဆန္ဒ ထုတ်ဖော်နိုင်ရန် အတွက် ၂၀၁၃ ခုနှစ်အတွင်းက မြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ လေးကြိမ် တင်ပြခဲ့သော်လည်း ခွင့်ပြုမှု မရှိခဲ့ခြင်းကြောင့် ယခုအကြိမ်တွင် အကြောင်းကြားစာ ပေးပို့ကာ ဆန္ဒ ထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းဆန္ဒပြရာတွင် ပါဝင်သူ စာရေးဆရာ မောင်မြေမွန် (ချောင်းဦး) က ရှင်းလင်း ပြောကြားသည်။

“ကျွန်တော်တို့ ခွင့်ပြုမထားပါဘူး။ လေးကြိမ် တင်ထားတယ် ဆိုတာလည်း မဟုတ်ပါဘူး။ လျှောက်ထားတဲ့စာ ဒီကနေ့မှ ကျွန်တော့် လက်ထဲ ရောက်တာ။ ကျွန်တော်တို့ ရဲတပ်ဖွဲ့ အနေနဲ့ ရဲလုပ်ထုံး လုပ်နည်းနဲ့ အညီ ဆက်လက် ဆောင်ရွက်သွားမှာပါ” ဟု ချောင်းဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ထွန်းကြည်က ယင်းဆန္ဒ ထုတ်ဖော်မှုနှင့် ပတ်သက်၍ ဆိုသည်။

ယင်းချောင်းဦးမြို့ ဒေသခံ ဦးသက်နွယ်ဦးနှင့် ဦးကျော်ဆွေ (မောင်မြေမွန်- ချောင်းဦး) တို့က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး၊ ပုဒ်မ ၅၉ (စ) (ဃ) ပယ်ဖျက်ရေး၊ မြန်မာ တစ်နိုင်ငံလုံးနှင့် ချောင်းဦးမြို့တို့မှ အဓမ္မ သိမ်းဆည်းထားသော မြေများကို မူလ ပိုင်ရှင်ထံ ပြန်ပေးရေး၊ ဒီပဲယင်း အကြမ်းဖက်မှုမှ ခုနစ်နှစ်တိုင် ချိပ်ပိတ် ခံရသော အိမ်များကို လျော်ကြေးပေးရေး စသည့် အချက်များ ပါဝင်ကြောင်း ယင်းဆန္ဒ ပြသူများထံမှသိရှိရသည်။

ယင်းဆန္ဒပြမှုကို ချောင်းဦးမြို့ အားကစားကွင်းမှ ချောင်းဦးမြို့နယ် စည်ပင်သာယာရေး ရုံးအထိ လမ်းလျှောက် ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။

The Voice Weekly
စစ်ကိုင်းတိုင်း ဒေသကြီး ချောင်းဦးမြို့တွင် ယင်းမြို့ ဒေသခံ နှစ်ဦးသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ မှ ၁၂ နာရီအထိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ခွင့်ပြုချက် မရဘဲ ပထမဆုံးအကြိမ် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒ ပြရာတွင် ပါဝင် သူများ က ပြောကြားသည်။

ဘွဲ့လက်မှတ် အတုဖြင့် အလုပ် လုပ်ခွင့် လျှောက်ထားသူ မြန်မာ ၁၆ ဦးကို စင်ကာပူ အစိုးရ အရေးယူ

ဘွဲ့လက်မှတ် အတုဖြင့် အလုပ် လုပ်ခွင့် (Work Permit) လျှောက်ထားသူ မြန်မာ နိုင်ငံသား ၁၆ ဦးကို အရေးယူထားကြောင်း စင်ကာပူနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန (MOM) က ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ငွေကြေးတစုံတရာကောက်ခံမည် မဟုတ်ဟု ပုသိမ်မြို့နယ် ပညာရေးမှူးဆို

Photo: တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ငွေကြေးတစုံတရာကောက်ခံမည် မဟုတ်ဟု ပုသိမ်မြို့နယ် ပညာရေးမှူးဆို
Monday, February 24, 2014

ဧရာဝတီတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှ ကျောင်းသားများ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် ၀င်ခွင့်ကဒ်ပြား များစတင် ထုတ်ပေးနေပြီဖြစ်သော်လည်း ငွေကြေးကောက်ခံမှုတစုံတရာ ပြုလုပ်သွားမည်မဟုတ်ဟု ပုသိမ်မြို့နယ် ပညာ ရေးမှူးက ဆိုထားသည်။

ပုသိမ်၌ ကျောင်းဖြေကျောင်းသားကျောင်းသူ(၃၃၀၀)ကျော်နှင့် အပြင်ဖြေ(၁၇၀၀)ကျော်မှ စာစစ်ဌာန(၁၆)ခု၌ ၀င်ရောက် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

“ ဒီနေ့ကစပြီးစာမေးပွဲဝင်ခွင့်ကဒ်ပြားတွေ ထုတ်ပေးသွားမှာဖြစ်ပြီး ငွေကြေးတစ်စုံတစ်ရာကောက်ခံမှာ မဟုတ်ပါဘူး”ဟု ပုသိမ်မြို့နယ်ပညာရေးမှူး ဦးကျင်သောင်းက ပြောသည်။

ယမန်နှစ်များကစာစစ်ဌာန(၁၄)ခုဖြင့်သာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျင်းပခဲ့သောပုသိမ်မြို့နယ်တွင် ယခုနှစ်၍ ပထမဆုံးအကြိမ်အဖြစ် စာစစ်ဌာနနှစ်ခုတိုးမြင့်လိုက်ခြင်းဖြစ်ကြောင်း၎င်းက ဆက်ပြောသည်။

ယခုနှစ်တွင်ပုသိမ်မြို့နယ်၌ထပ်မံတိုးမြင့်ထားသောစာစစ်ဌာနအချို့မှ ခုံကြေးကောက်ခံနေမှူ့ကြောင့် ငွေကြေးချို့တဲ့ စွာဝင်ရောက်ဖြေဆိုရန် ပြင်ဆင်နေသောကျောင်းသားများမှာအလုပ်ရှင်များထံမှ စာမေးပွဲပြီးချိန်၌ အလုပ်လုပ်ပေးရန် ငွေကြေးများ ကြိုတင်ချေးဌားဖြေဆိုရသည်အထိ ဖြစ်ပေါ်နေကြောင်း ကျောင်းသားအချို့ထံမှ သိရှိရသည်။

“ကျွန်တော်ဝင်ဖြေမယ့်ကျောင်းကဆို ခုံကြေးလေးထောင်နဲ့တခြားကြေး သုံးထောင်အားလုံးပေါင်းခုနှစ်ထောင် ကောက်ခံလို့ ရွာထဲက လယ်ပိုင်ရှင်တစ်ယောက်ဆီမှာ စာမေးပွဲပြီးရင်ကောက်ရိတ်ပေးဖို့ ငွေကြိုယူပြီး စာမေးပွဲဖြေဖို့လုပ်ရတယ်”ဟု တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၀င်ရောက်ဖြေဆိုမည့်ကြက်ပေါင်တိုက်နယ်မှ ကျောင်းသား တစ်ဦးကပြောသည်။

ငွေကြေးမပြည့်စုံသောကျောင်းသားအများစုရှိသော ပုသိမ်မြို့နယ်တွင်းကျေးရွာအချို့မှတွဲဖက်အထက်တန်း ကျောင်းသား များသည် ပုသိမ်မြို့ရှိကျောင်းများတွင် လာရောက်ဖြေဆိုရာ၌ ယခုကဲ့သို့ငွေကြေးကောက်ခံမှုများကြောင့် ကျောင်းသားမိဘ များကလည်း အခက်အခဲဖြစ်ပေါ်ခဲ့ရကြောင်း အနန်းကုန်းကျေးရွာအုပ်စုမှတက္ကသိုလ်ဝင်တန်း ၀င်ရောက်ဖြေဆိုမည့် ကျောင်းသားမိဘအချို့က ဆိုသည်။

စာစစ်ဌာန(၁၆)ခုတွင် ကျောင်းသားကျောင်းသူပေါင်း(၅)ထောင်ကျော် တက္ကသိုလ် ၀င်တန်းဝင်ရောက်ဖြေဆိုမည်

ဖြစ်သည့် ပုသိမ်မြို့နယ်၌ စာစစ်ဌာနများကို သတ်မှတ်ခုံအရေအတွက်၊ သွားလာရန်ခရီးလမ်းသာယာမှုနှင့်  အခြား သတ်မှတ်ထားသော အချက်များပြည့်စုံမှသာ စာစစ်ဌာနအဖြစ်ချထားပေးခြင်းဖြစ်ကြောင်း အထက်တန်းကျောင်းအုပ် ဆရာဆရာမများထံမှ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ(၁၂)ရက်နေ့မှမတ်လ(၂၂)ရက်နေ့အထိ မြန်မာနိုင်ငံတ၀န်းရှိ စာစစ်ဌာန ကျောင်းများ၌ ကျင်းပပြုလုပ်တော့မည်ဖြစ်သည်။

Myit Ma Kha Media Group
ဧရာဝတီတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှ ကျောင်းသားများ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် ၀င်ခွင့်ကဒ်ပြား များစတင် ထုတ်ပေးနေပြီဖြစ်သော်လည်း ငွေကြေးကောက်ခံမှုတစုံတရာ ပြုလုပ်သွားမည် မဟုတ် ဟု ပုသိမ်မြို့နယ် ပညာ ရေးမှူးက ဆိုထားသည်။

သပိတ်ကျင်းတွင် ကျောင်းရက်ရှည် ပိတ်မှုဖြင့် ကျောင်းအုပ် ဆရာမကြီး အပါအဝင် ငါးဦးကို ထပ်မံ စစ်ဆေးမည်

မန္တလေးတိုင်း ဒေသကြီး သပိတ်ကျင်း မြို့နယ် အုန်းဇုံး ကျေးရွာအုပ်စု ဇရပ်ကွင်း ကျေးရွာရှိ အထက်တန်း ကျောင်းတွင် တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများကို ကျောင်းတွင် စာသင်ကြားမှု မရှိဘဲ ကျောင်းရက်ရှည် ပိတ်ထားမှုနှင့် ပတ်သက်၍ ယင်းကျောင်းအုပ် ဆရာမကြီး အပါအဝင် ဆရာ၊ ဆရာမ ငါးဦးကို အရေးယူပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဒေသခံများက တိုင်ကြား ထားသဖြင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် မြို့နယ် ပညာရေးမှူးက ဒုတိယအကြိမ် ထပ်မံ စစ်ဆေးသွားမည် ဖြစ်ကြောင်း ယင်းတိုင်ကြား ထားသူများထံမှ သိရသည်။

Y Talk ၂ နှစ်ပြည့်အတွက် မိဘမဲ့ကလေးကို ပရဟိတ ပျော်ပွဲရွှင်ပွဲ လုပ်ပေးတဲ့ စမိုင်းလ်

Photo: Y Talk ၂ နှစ်ပြည့်အတွက် မိဘမဲ့ကလေးကို ပရဟိတ ပျော်ပွဲရွှင်ပွဲ လုပ်ပေးတဲ့ စမိုင်းလ်
Monday, February 24, 2014

အဆိုတော် သရုပ်ဆောင်စမိုင်းလ်က သူနဲ့သူ့ခင်ပွန်း တည်ထောင်လုပ်ကိုင်နေတဲ့ Y Talk International Calling Card ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိဘမဲ့ကျောင်း ၅ ကျောင်းက ကျောင်းသား၊ ကျောင်းသူ ကလေးငယ်ပေါင်း ၃၀၀၀ ကျော်ကို  ဖေဖော်ဝါရီ ၂၀ ရက်နေ့က အမျိုးသားကဇာတ်ရုံမှာ Charity Fun Fair ပွဲကြီးတခု ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

အဲဒီပွဲမှာ ကလေးငယ်များအတွက် ပျော်ရွှင်ဖွယ် ဂိမ်းအစီအစဉ်များ၊ အစားအသောက် ကျွေးမွေးတဲ့ အစီအစဉ်များနဲ့အတူ မိဘမဲ့ကျောင်းတွေကိုလည်း အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ပါတယ်။ သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံရဲ့ Charity Fun Fair ပွဲမှာ Aroma Makeup ၊ Wedding Dress and Photo Studio က ကိုအောင်မြတ်သူနဲ့ ကိုစိန်လင်းတို့ကလည်း ပါဝင် ကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။

အဆိုပါ ပရဟိတပွဲ လုပ်ဖြစ်တဲ့အကြောင်းကို သရုပ်ဆောင် စမိုင်းလ်က “ဒီလိုလုပ်တာက အလှူတခုလည်း လုပ်ဖြစ် သွားအောင်၊ နောက်ပြီး မိဘမဲ့ ကလေးလေးတွေကိုလည်း ပျော်စေချင်လို့၊ ပြီးတော့ ကိုယ်တွေလုပ်တဲ့ စီးပွားရေးလုပ်ငန်းရဲ့ နှစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲလေးလည်း ဖြစ်အောင် အစ်မအမျိုးသားနဲ့ တိုင်ပင်ပြီး လုပ်ခဲ့တာပါ။ နောက်ပြီး အစ်မတို့နဲ့ အတူ ပါဝင်လှူဒါန်းပြီး ကုသိုလ်ယူနိုင်အောင် လှူချင်တဲ့ မိတ်ဆွေတွေကို ကလေးတယောက်ကို ၄၀၀၀ ကျပ်နှုန်းနဲ့ တတ်နိုင် သလောက် လှူနိုင်တဲ့ အစီအစဉ်လေးလည်း ထည့်ခဲ့တာပါ။ အစ်မတို့ လှူတဲ့နေရာတွေကတော့ အောင် ပရဟိတကျောင်း၊ မှန်ကင်းကျောင်း၊ သန်လျင်က တိုင်းရင်းသားလူငယ် ဖွံ့ဖြိုးရေး ပရဟိတကျောင်းနဲ့ ၀ိသာခါကျောင်းတွေကို လှူဒါန်းခဲ့တာပါ။ ကလေးတွေ ပျော်ရွှင်နေတာကို ကြည့်ပြီး အစ်မ တကယ်ကို စိတ်ကျေနပ်ဝမ်းသာမိတာ မဟြေပြတတ်အောင်ပါပဲ။ ဘာပဲဟြေဟြေ အလုပ်တွေလုပ်ပြီး မအားမလပ်တဲ့ကြားက ဒီလိုအလှူမျိုး လုပ်ရတော့ စိတ်လှုပ်ရှားသလို၊ အရမ်းကို အတိုင်းမသိ ကျေနပ်ပီတိ ၀မ်းသာမှု ဖြစ်ရပါတယ်။ အစ်မတို့ရဲ့ အလှူကို ၀ိုင်းဝန်းကူညီပေးတဲ့ မိတ်ဆွေတွေကိုလည်း အရမ်းကျေးဇူး တင်ပါတယ်လို့ ဟြေချင်ပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

သူဟာ သူ့ခင်ပွန်းနဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ Y Talk International Calling Card လုပ်ငန်းအပြင်၊ သူကိုယ်တိုင် ဦးစီး လုပ်ကိုင်နေတဲ့ Make Up Store Cosmetic & Perfume ဆိုင်ကိုလည်းဖွင့်လှစ်ထားပြီး မကြာသေးခင်ကပဲ ‘New Me’ အမည်ရ တေးစီးရီး တခွေလည်း ထွက်ရှိထားပါသေးတယ်။

ဧရာဝတီ

ပရဟိတ ပျော်ပွဲရွှင်ပွဲတွင် တွေ့ရသော စမိုင်းလ်နှင့် ပွဲလာ ပရိသတ်များ (ဓာတ်ပုံ – မြတ်သူအောင် / ဧရာဝတီ)
ပရဟိတ ပျော်ပွဲရွှင်ပွဲတွင် တွေ့ရသော စမိုင်းလ်နှင့် ပွဲလာ ပရိသတ်များ (ဓာတ်ပုံ – မြတ်သူအောင် / ဧရာဝတီ)
အဆိုတော် သရုပ်ဆောင်စမိုင်းလ်က သူနဲ့သူ့ခင်ပွန်း တည်ထောင်လုပ်ကိုင်နေတဲ့ Y Talk International Calling Card ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိဘမဲ့ကျောင်း ၅ ကျောင်းက ကျောင်းသား၊ ကျောင်းသူ ကလေးငယ်ပေါင်း ၃၀၀၀ ကျော်ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က အမျိုးသားကဇာတ်ရုံမှာ Charity Fun Fair ပွဲကြီးတခု ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

၇၅ ရာခိုင်နှုန်းကိစ္စဟာ တိုင်းပြည်ကို လည်ပင်းညှစ်ထားတာ

Photo: ၇၅ ရာခိုင်နှုန်းကိစ္စဟာ တိုင်းပြည်ကို လည်ပင်းညှစ်ထားတာ
Monday, February 24, 2014

ဖေဖော်ဝါရီလ ၂၃ ရက်က ဗိုလ်စိန်မှန်အားကစားကွင်းတွင် ပုဒ်မ ၄၃၆ ကို ပြည်သူ့ဆန်္ဒနှင့် အညီ ပြင်ဆင်ရေး ဆွေးနွေးဟော ပြောပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲကျင်းပ ခြင်းနှင့် ပတ်သက်၍ ကိုနေမျိုးဇင် က ““၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ နိုင်ငံရေး ပါတီတွေမှာပဲ  တာဝန်ရှိတာ မဟုတ်ဘဲ၊ ပြည်သူလူထုတစ်ရပ် လုံးနဲ့ လူမှုအဖွဲ့ အစည်းတွေမှာ ရော တာဝန်ရှိတယ်။ သန်း ၆၀ ကျော် ပြည်သူလူထုရဲ့ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပဖို့ အရေး ကို ၇၅ ရာခိုင်နှုန်းနှင့် အထက် ဆိုတဲ့ တပ်မတော်သားကိုယ်စား လှယ်တစ်ယောက် မပါရင် မရ ဘူးဆိုတဲ့ကိစ္စဟာ ကျွန်တော်တို့ တိုင်းပြည်ကို လည်ပင်းညှစ်ထား တာဖြစ်တယ်။ ကျွန်တော်တို့ကို ကြွေးကြော် ခိုင်းထားတဲ့ဟာတွေ မှာ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေး ...ဒို့အရေး။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးလို့ ပြောရင် ဘာကြောင့်မို့ တိုင်းရင်း သားတွေရဲ့ အခွင့်အရေးကိုမပေး ထားတဲ့ ဥပဒေကို ဘာကြောင့် မပြင်သေးတာလဲ။ ဥပဒေကို နား မလည်တာလား။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲချင်ရင် လူတစ်ခုက ထိန်းချုပ်ထား တဲ့ ဥပဒေကို ပြင်ပေးပါ””ဟု ပြော ကြားသည်။

လယ်သမားအရေး လှုပ်ရှား သူ တစ်သီးပုဂ်္ဂလကိုယ်စားလှယ် ဦးဝင်းချိုက ““ရွေးချယ်ခွင့်မရှိဘဲ စားရတော့မယ့် စားသောက်ဖွယ် “ဟင်း”တစ်ခွက်ကို ခင်ဗျား လျှာနဲ့ ကိုက်/မကိုက်။ ခင်ဗျားကြိုက်/ မကြိုက်ကို ပြောဖို့အတွက်ဆိုရင် ခင်ဗျား “ဟင်းချက်တတ်”ဖို့ မလို ပါဘူး။ အဲဒီဟင်းထဲမှာ ဘာတွေ ပါတယ်လည်း သိဖို့မလိုပါဘူး။ ဟင်းကို ဘယ်လောက်အချိန် ယူ ပြီး ချက်ထားလဲဆိုတာကိုလည်း သိဖို့မလိုပါဘူး။ အဲဒီဟင်းတစ် ခွက်ရဲ့ ချို၊ ချဉ်၊ ငံ၊ စပ်၊ ဖန်၊ ခါး အရသာ ၆ ပါးကို သိနိုင်တဲ့ လျှာ တစ်ချောင်းနဲ့  ခံစားတတ်တဲ့ နှလုံးသားတစ်ခုပဲ လိုအပ်တယ်။ အဲဒီအကြောင်းတရားဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြင်တဲ့ သာမန်ပြည်သူတစ်ယောက်ရဲ့ အမြင်ပါပဲ။

ပြည်သူတွေဟာ ဥပဒေကို ရေးဆွဲသူတွေ မဟုတ်ပေမဲ့လည်း ဒီဥပဒေရဲ့ အကျိုးသက်ရောက် မှုကို ပြည်သူတွေက တိုက်ရိုက် ခံစားနေရပါတယ်။ ပြည်သူတွေ ရဲ့ အသံကို နားထောင်ပေးပါ။ ပုဒ်မ ၄၃၆ ကို မပြင်ရင် နောက် ထပ်နည်းလမ်းဟာ လမ်းပေါ် ထွက်ပြီး ဆန်္ဒပြဖို့ပဲ လိုပါတယ်။ အဲဒီလို မလုပ်ချင်ပါဘူး။ လွှတ် တော်ကနေ အေးအေးချမ်းချမ်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အကြောင်းအရာတွေထဲက ပြင် ဆင်သင့်တဲ့ အကြောင်းအရာ တွေကို ပြင်ဆင်လိမ့်မယ်လို့ မျှော် လင့်ပါတယ်””ဟု ပြောကြားခဲ့ သည်။

ABSDF ၏ ပထမဆုံး ဥက္ကဋ္ဌဖြစ်ခဲ့သူ ဦးထွန်းအောင် ကျော်က ““ပုဒ်မ ၄၃၆ ပြင်လိုက်ရင် ပြည်သူတွေလိုလားတဲ့ အခြား ပြင်ဆင်ချက်တွေကို ပြင်ဆင်ဖို့ လွယ်ကူလိမ့်မယ်။ တိုင်းပြည် အတွက် အခြေခံဥပဒေ ပြင်ဆင် ရေးဟာအင်မတန် အရေးကြီး ပါတယ်။ ဒီမိုကရေစီစနစ်ကို ပေးနိုင်တဲ့ ပြည်သူတွေလိုလားတဲ့ အခြေခံဥပဒေပေါ်လာဖို့ လိုအပ် တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဟာ သမိုင်းက တောင်းဆိုလာတဲ့ တိုင်းပြည်ရဲ့ လိုအပ်ချက်တစ်ခုဖြစ်တယ်။ အခြေခံ ဥပဒေပြင်ဆင်ရးကိစ္စမှာ နှောင့်နှေးနေမယ်ဆိုရင် တိုင်း ပြည်ရဲ့ မတည်ငြိမ်မှုကို ဖန်တီးတဲ့ တရားခံတွေ ဖြစ်သွားလိမ့်မယ်။ ၂၀၁၄ မှာ အခြေခံဥပဒေပြင်ဆင် ရေးဖြစ်မလာဘူးဆိုရင်၊ ၂၀၁၅ မှာ ပြည်သူတွေလိုလားတဲ့တရားမျှတ တဲ့ ရွေးကောက်ပွဲဖြစ်လာမှာ မဟုတ်ဘူး””ဟု ပြောကြားသည်။

အဆိုပါပွဲသို့ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ရွှေည၀ါဆရာတော် မှ သ၀ဏ်လွှာတစ်စောင် ပေးပို့ခဲ့ သည်။            

 အာကာဗိုလ်
 The Hot News Weekly
ဖေဖော်ဝါရီလ ၂၃ ရက်က ဗိုလ်စိန်မှန်အားကစားကွင်းတွင် ပုဒ်မ ၄၃၆ ကို ပြည်သူ့ဆန်္ဒနှင့် အညီ ပြင်ဆင်ရေး ဆွေးနွေးဟော ပြောပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံတ၀န်း အမျိုးသမီး အခွင့်အရေး အပြည့်အ၀ ရရှိရန် ဆောင်ရွက်မည်

Photo: နိုင်ငံတ၀န်း အမျိုးသမီး အခွင့်အရေး အပြည့်အ၀ ရရှိရန် ဆောင်ရွက်မည်
Monday, February 24, 2014

လာမည့် မတ်လ ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အထိမ်းအမှတ်အဖြစ် အနယ်နယ် အရပ်ရပ် တွင် အမျိုးသမီး အခွင့်အရေး အပြည့်အဝရရှိရန် ဆောင်ရွက်သွားမည်ဟု အမျိုးသမီး အဖွဲ့အစည်းများက ပြောသည်။

“အရင်နှစ်တွေက နေပြည်တော်မှာပဲ ကျင်းပကြတယ်၊ ဒီနှစ်တော့ အနယ်နယ် အရပ်ရပ်ကို ကျင်းပခွင့်ပြုတော့ နယ်က အမျိုးသမီးတွေကို ဒီလို အမျိုးသမီးနေ့တွေ ရှိတယ် ဆိုတာ အမျိုးသမီးတွေကို သိသွား ပြောပြသွားမယ်၊ အမျိုးသမီးတွေရဲ့အခက် အခဲတွေ အခွင့်အရေးတွေကို ပြန်လည် သုံးသပ် သွားမယ်”ဟု Women’s Organization Network of Myanmar မှ ဒေါ်မာမာချိုက ဧရာဝတီသို့ ပြောသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ပေါ်ပေါက်လာသည့် အကြောင်းကို အမျိုးသမီးများ သိရှိစေရန်နှင့် အမျိုးသမီး အခွင့် အရေး အပြည့်အဝ ရရှိလာစေရန်၊ အမျိုးသမီး အကြမ်းဖက်မှုကို ကာကွယ်နိုင်မည့် ဥပဒေ ပေါ်ထွက်လာရန်နှင့် ယင်းဥပဒေနဲ့ အညီ အရေးယူမှု ရှိရန် စသည် တို့ကို ထည့်သွင်း ဆွေးနွေးသွားမည်ဟု ၎င်းက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ မိတ္ထီလာမြို့ အပါအ၀င် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင် INGO၊ NGO တို့နှင့် ပူးပေါင်း ပြုလုပ် သွားမည် ဖြစ်ကြောင်း ဒေါ်မာမာချိုက ဆက်ပြောသည်။

လတ်တလော၌ အမျိုးသမီးများပေါ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေသဖြင့် အမျိုးသမီးများ အတွက် အကြမ်းဖက်မှုကို ထိရောက်သော ဥပဒေများဖြင့် အရေးယူ ပေးရန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ဒေသအတွင်းရှိ အမျိုးသမီးများ ပူးပေါင်းပါဝင် လာစေရန်နှင့် နိုင်ငံတော် ဖွံ့ဖြိုးရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍများကို တန်ဖိုးထားတတ်စေရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဖန်မီးအိမ် အဖွဲ့မှ ဒေါ်ခင်လေးငယ်က ဧရာဝတီသို့ ပြောသည်။

“နိုင်ငံတကာမှာလဲ အမျိုးသမီးနေ့ ဆိုပြီးတော့ လုပ်နေတယ်လေ၊ မြန်မာပြည်က မသိကြသေးဘူး၊ အမျိုးသမီးတွေရဲ့ အခွင့် အရေးကို ဘယ်လို တောင်းဆိုရမယ်၊ ဘာတွေ ကာကွယ်နိုင်မှာလဲ ဆိုတာ လုပ်သွားကြမယ်”ဟု ရှမ်းပြည်နယ် အမျိုးသမီး ကာကွယ် စောင့်ရှေက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည့် New Generation မှ ဒေါ်သန္တာဦးက ဧရာဝတီသို့ ပြော သည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သည် ၁၉၀၈ ခုနစ် အမေရိကန် ပြည်ထောင်စုရှိ အထည်ချုပ် စက်ရုံမှ အမျိုးသမီးများသည် အလုပ်ချိန်၊ လစာ တိုးပေးရန်နှင့် မဲပေးပိုင်ခွင့် ရရန်အတွက် ဆန္ဒပြရာမှ ဖြစ်ပေါ်လာသည့် နေ့တနေ့ ဖြစ်ကြောင်း သိရ သည်။

၁၉၁၀ ပြည့်နစ်တွင် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းခွင်မှ အမျိုးသမီးညီလာခံ ကျင်းပခဲ့ကာ ဂျာမနီနိုင်ငံ Social Democratic Party မှ Mrs. Clara Zetkin ဦးဆောင်မှုဖြင့် မတ်လ ၈ ရက်ကှို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဟု သတ်မှတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ရောက်တိုင်း အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့ နေရသည့် အခက်အခဲ များနှင့် အမျိုးသမီး အခွင့်အရေး အပြည့်အဝ ရရှိရန်တို့ကို ပြန်လည် သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ် ရေးဆွဲကြကြောင်း သိရ သည်။

၂၀၀၀ ပြည့်နစ်မှ စတင်၍ နိုင်ငံပေါင်း ၂၈ နိုင်ငံသည် မတ် ၈ ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို အစိုးရ ရုံးပိတ် ရက် အဖြစ် သတ်မှတ်ကြသည်။

ဧရာဝတီ

ရန်ကုန်မြို့တွင် ကျင်းပသည့် မွန်ပြည်နယ်နေ့ အခမ်းအနားတခုသို့ တက်ရောက် လာသော မွန်အမျိုးသမီးများ
(ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ရန်ကုန်မြို့တွင် ကျင်းပသည့် မွန်ပြည်နယ်နေ့ အခမ်းအနားတခုသို့ တက်ရောက် လာသော မွန်အမျိုးသမီးများ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
လာမည့် မတ်လ ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အထိမ်းအမှတ်အဖြစ် အနယ်နယ် အရပ်ရပ် တွင် အမျိုးသမီး အခွင့်အရေး အပြည့်အဝရရှိရန် ဆောင်ရွက်သွားမည်ဟု အမျိုးသမီး အဖွဲ့ အစည်းများက ပြောသည်။

အမေရိကန် General Motor နှင့် မြန်မာ ကုမ္ပဏီ ပူးပေါင်း၍ ကျောင်းများကို ဘောလုံးများ လှူဒါန်းမည်

အမေရိကန် ပြည်ထောင်စုမှ နာမည်ကျော် မော်တော်ယာဉ် ကုမ္ပဏီ General Motor နှင့် မြန်မာနိုင်ငံမှ Pacific AA Motor တို့ ပူးပေါင်း၍ အမှတ် (၃) အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ အခြေခံပညာ ကျောင်းများကို ဘောလုံးများ လှူဒါန်းမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရသည်။

၂၀၁၅ နောက်ပိုင်းမှသာ ပိုမိုဖွံ့ဖြိုးလာနိုင်မည့် ရန်ကုန် ကွန်ဒိုဈေးကွက်


ရန်ကုန်မြို့ရှိ ကွန်ဒိုဈေးကွက်တွင် လိုအပ်ချက်အရထွက်ပေါ်လာသည့် ကွန်ဒိုအရေအတွက်သာများပြားနေ ပြီး ပံ့ပိုးမှု အင်္ဂါရပ်ပြည့်စုံသည့် ကွန်ဒိုစစ်စစ်များမှာမူ ကွန်ဒိုဥပဒေအတည်ပြုပြီးသည့် ၂၀၁၅ နောက်ပိုင်း မှသာ ပေါ်ထွက်လာနိုင်ဖွယ်ရှိသည်ဟု ကွန်ဒိုတည်ဆောက်သူများနှင့် အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

နယ်လိုင်စင် ကိုင်ဆောင်ထားသည့် ကား၂၀ ရာခိုင်နှုန်း ရန်ကုန်တွင် ရှိနေ

ရန်ကုန်တိုင်းအတွင်း တရားမ၀င် မောင်းနှင်နေသော ကားများကို စစ်ဆေးရာ နယ်လိုင်စင်ဖြင့် မောင်းနှင် နေသော ကားမှာ ၂၀ ရာခိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး မှ ဒုတိယရဲမှူးကြီး ဦးလင်းထွဋ်က ပြောသည်။