Monday, March 17, 2014

အရှေ့တောင်အာရှနိုင်ငံများတွင် မြန်မာနိုင်ငံသည် နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုနှင့်အတူမီဒီယာပြုပြင်ပြောင်းလဲမှုကိုပါတစ်ချိန်တည်းလုပ်နိုင်သည့် နိုင်ငံဖြစ်

Photo: အရှေ့တောင်အာရှနိုင်ငံများတွင် မြန်မာနိုင်ငံသည် နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုနှင့်အတူမီဒီယာပြုပြင်ပြောင်းလဲမှုကိုပါတစ်ချိန်တည်းလုပ်နိုင်သည့် နိုင်ငံဖြစ်
Monday, March 17, 2014

မတ် ၁ဝ ရက်မှ ၁၂ ရက်အထိ အမေရိကန်အခြေစိုက်East-West Center (EWC) ကစီစဉ်သော စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် စိန်ခေါ်မှုများ challenges of a Free Press ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ သတင်းမီဒီယာ ညီလာခံ (International Media Conference ) ကို ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMF-CCI)၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ထိုင်းနိုင်ငံမှ Mr. Kavi Chong Kittavorn (Chairman,South-east Asian Press Alliance(SEAPA), Bangkok ,Thailand)၏ ဆွေးနွေးတင်ပြချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

မြန်မာနိုင်ငံရဲ့ မီဒီယာပြုပြင် ပြောင်းလဲမှုအကြောင်းကို ပြောရ မယ်ဆိုရင် ဒီအပြောင်းအလဲဟာ တကယ့်ကို သိသာထင်ရှားလှပါတယ်။ ဘာလို့လဲဆိုတော့အရှေ့တောင်အာရှနိုင်ငံတွေအားလုံးထဲမှာ နိုင်ငံ ရေးပြုပြင်ပြောင်းလဲမှုနဲ့အတူ မီဒီယာ ပြုပြင်ပြောင်းလဲမှုကိုပါ တစ်ချိန်တည်း လုပ်နိုင်တဲ့ နိုင်ငံဖြစ်တဲ့အတွက် ကြောင့်ပါ။

မြန်မာအစိုးရအပေါ်အသိအမှတ် ပြုစရာအကောင်းဆုံး အကြောင်း အရာကတော့ ရက်ပေါင်း တစ်ထောင် လောက်အတွင်းမှာ နိုင်ငံရေးအနေ အထားနဲ့ နိုင်ငံတကာရဲ့ အမြင်တွေကိုပြောင်းလဲလိုက်နိုင်တာပါပဲ။
ဒါဟာ အရေးကြီးပါတယ်။ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှု တွေကို အချိန်တိုအတွင်း သိသိ သာသာ ပြုလုပ်နိုင်ခြင်းဟာ ပြည်တွင်း က ပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်း အဝိုင်းရဲ့ဆန္ဒကို ပြည့်ဝအောင် ဖြည့် ဆည်းပေးလိုက်တာပါပဲ။

ပြည်တွင်းပြုပြင်ပြောင်းလဲမှုဟာ အရေးပါပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံက မီဒီယာပြုပြင်ပြောင်း လဲမှုပြုလုပ်မှာဖြစ်လို့ပါ။

နံပါတ်တစ် အနေနဲ့ကတော့ ဒီနိုင်ငံရဲ့ အပြောင်းအလဲအတွက် အစိုးရနဲ့ ပြည်သူအကြား အပြန် အလှန် ထိတွေ့ပြောဆိုမှုတွေကို တိုးမြှင့်ဖို့လိုအပ်ပါတယ်။ ဒီလို ထိတွေ့မှုတွေဟာ အစိုးရနဲ့ ပြည်သူ ကြားမှာ ဆက်ဆံရေးကောင်းမွန် အောင် ကူညီနိုင်ဖို့အတွက် အလွန် အရေးပါတယ်လို့ ကျွန်တော် ထင်မြင် မိပါတယ်။

ဒုတိယအချက်ကလည်း အလွန် အရေးပါပါတယ်။ အဲဒါကတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ နှစ် ဖက်ညှိနှိုင်းဆွေးနွေးကြဖို့ပါ။ အခု အချိန်မှာ တိုးတက်နေတဲ့ ငြိမ်းချမ်း ရေးဖြစ်စဉ်အတွက် ဒါဟာအလွန် အရေးကြီးပါတယ်။ မနေ့က ဆွေးနွေး မှုဟာ ကောင်းပါတယ်။ဒီကောင်းမွန် တဲ့နိုင်ငံရေး အခြေအနေဟာ မီဒီယာ ပြုပြင်ပြောင်းလဲမှုကို အကူအညီပေး နိုင်ပါလိမ့်မယ်။

မီဒီယာ ပြုပြင်ပြောင်းလဲမှုကို ပြန်ကြည့်မယ်ဆိုရင် အကြောင်းရင်း နှစ်ခု ရှိပါတယ်။ Outside Media Resources (နိုင်ငံတကာမီဒီယာ ကဏ္ဍတွေနဲ့ မီဒီယာအဖွဲ့အစည်း တွေ)ကို မြန်မာနိုင်ငံဟာ မီဒီယာ ပြုပြင်မှုမှာ ကောင်းကောင်းအသုံး ပြုခဲ့ပြီးပါပြီ။

Outside Media Resources ဆိုတာဘာတွေလဲ။
ပထမအချက်ကို ဖော်ပြဖို့လိုပါ တယ်။ Outside Resourcesဆိုတာ နိုင်ငံတကာကဏ္ဍတွေနဲ့အဖွဲ့အစည်း တွေပါပဲ။ အကယ်၍ အခုအချိန်မှာ နိုင်ငံတကာ မီဒီယာကဏ္ဍတွေနဲ့ မီဒီယာအဖွဲ့အစည်းတွေ မြန်မာနိုင်ငံ ထဲမှာ ရှိမနေဘူးဆိုရင် ဒါဟာကျရှုံး မှုဖြစ်လာနိုင်ပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံ တွေထဲမှာ နိုင်ငံတကာအဖွဲ့အစည်း တွေကို မီဒီယာပြုပြင်မှုနဲ့ ထိရောက် စွာအသုံးချတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်း မီဒီယာကဏ္ဍကို ပြည်ပမီဒီယာ ကဏ္ဍထက်ဖွံ့ဖြိုးအောင်လုပ်ဖို့ လို အပ်ပါတယ်။ပြည်တွင်းမီဒီယာတွေကို ယခင်အချိန်နဲ့ ယှဉ်ကြည့်ရင် ခေတ်မီ လာပါပြီ။ မြန်မာနိုင်ငံ ပြည်တွင်း မီဒီယာလောကထဲကို အရင်ပြင်ပ မီဒီယာဖြစ်တဲ့ မဇ္ဈိမနဲDVBတို့ ပြန်လည်ဝင်ရောက်လာခဲ့ပါပြီ။ အခု အချိန်မှာ မဇ္ဈိမဟာပြည်တွင်းမှာပဲ ရင်းနှီးမြှုပ်နှံတဲ့ မီဒီယာကုမ္ပဏီ တစ်ခုဖြစ်လာပြီး မြန်မာနိုင်ငံမှာ အခြေစိုက်ရုံးဖွင့်ခဲ့ပြီးပြီ။

လာအိုနဲ့ဗီယက်နမ်လို နိုင်ငံ မျိုးတွေက မီဒီယာအခြေစိုက်ရုံး တွေဟာ ပါရီနဲ့ကယ်လီဖိုးနီးယားလို နိုင်ငံပြင်ပမှာ ဖြစ်တဲ့အတွက်ကြောင့် မီဒီယာလုပ်ငန်းတွေကို (ရုန်းကန် လှုပ်ရှား) အထူးအားစိုက်လုပ်ကိုင် နေရပါတယ်။ ဒီလို အခြေအနေမျိုး ဒီမှာမရှိပါဘူး။
မြန်မာ့မီဒီယာပြုပြင်မှုမှာ ဒီလို ပြည်ပနိုင်ငံမှာ မီဒီယာအခြေစိုက် ရုံးဖွင့်ပြီး လုပ်ကိုင်တာမျိုးတော့ ရှောင်သင့်ပါတယ်။ လာအိုနဲ့ ဗီယက် နမ်လို အထူးအားစိုက်လုပ်ကိုင် နေရခြင်းဟာ Outside Resources တွေကို ထိခိုက်စေပါတယ်။

ကျွန်တော်နောက်ဆုံးပြောချင် တဲ့အချက်ကတော့ မီဒီယာပြုပြင် ပြောင်းလဲမှုဟာ စီးပွားရေးအတွက် ကောင်းတယ်ဆိုတာပါပဲ။ ကျွန်တော် ပြောရင် ယုံပါ့မလားပဲ။ မနှစ်က ကျွန်တော်လာအိုမှာရှိနေတော့ မြန်မာ နိုင်ငံက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က ကိုယ်စားလှယ်တချို့ လာအိုကို အလည်အပတ်လာတာ တွေ့ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ဘယ် လိုမြှင့်တင်ခဲ့တာလဲလို့ ကျွန်တော် သူတို့ကို မေးကြည့်ပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကြောင့်လို့ မြန်မာ အဖွဲ့ခေါင်းဆောင်ထဲက တစ်ယောက် က ပြန်ဖြေပါတယ်။

ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ခဲ့တဲ့ အဖြေက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်နေပါတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဟာ ခရီး သွားလုပ်ငန်းကို မြှင့်တင်ဖို့ အကောင်း ဆုံးပါပဲ။ ဒေသတွင်း နိုင်ငံတွေအတွင်း မှာ မြန်မာနိုင်ငံဟာ မီဒီယာပြုပြင်မှု လုပ်ခဲ့တာကြောင့် ဒီလိုဖြစ်လာတာ ဖြစ်ပါတယ်။ ဒါဟာ အလွန်စိတ်ဝင် စားဖို့ကောင်းပါတယ်။ ဒါဟာ ဆက်စပ်မှုတစ်ခုပါပဲ။ နောက်ဆုံး အနေနဲ့ မီဒီယာလွတ်လပ်မှုအညွှန်း ကိန်းအကြောင်းပြောပြီး ကျွန်တော် အဆုံးသတ်ပါတော့မယ်။

ကျွန်တော် မီဒီယာလွတ်လပ်မှု အညွှန်းကိန်းကို ကမ္ဘာ့မီဒီယာလွတ် လပ်ခွင့်နေ့မှာ ထုတ်ဝေခဲ့ပါတယ်။ အခုလောလောဆယ် ကမ္ဘာပေါ်မှာ မီဒီယာလွတ်လပ်မှု အညွှန်းကိန်း စာအုပ် ၂၆ အုပ်ရှိပါတယ်။ အဲဒီ ၂၆ အုပ်လုံးမှာ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှက တစ်စိတ်တစ်ပိုင်းပဲရတယ်လို့ ဖော် ပြထားပါတယ်။ ကျွန်တော်တို့နိုင်ငံ တွေဟာ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ရင် ဖိနှိပ်မှုခံနေကြရပါ တယ်။ ခင်ဗျားတို့ မလွတ်လပ်ဘူးလို့ ကျွန်တော်တို့ မပြောချင်ပါဘူး။ ကျွန်တော်တို့မှာ လွတ်လပ်မှုတော့ ရှိပါတယ်။ ဘယ်လောက်လွတ်လပ် မှုရတယ်ဆိုတဲ့ အတိုင်းအတာကပဲ ပြောစရာကိစ္စဖြစ်နေတာပါ။

ခင်ဗျားတို့ သိကြတဲ့အတိုင်း လွန်ခဲ့တဲ့ ရက်တစ်ထောင်အတွင်းမှာ မြန်မာနိုင်ငံရဲ့ မီဒီယာပြောင်းလဲမှုဟာ တကယ့်ကို အံ့သြစရာကောင်းခဲ့ပါ တယ်။ ပြောရရင် မှတ်မှတ်ထင်ထင် ရှိတဲ့ အပြောင်းအလဲလို့ဆိုရမှာ ပေါ့။ မြန်မာ့မီဒီယာအပြောင်း အလဲဟာ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ကမ္ဘော ဒီးယားထက်ကျော်သွားပြီ။ ဒီနိုင်ငံ တွေရဲ့ မီဒီယာလွတ်လပ်မှု အညွှန်း ကိန်းက မြန်မာနိုင်ငံနောက်မှာ ကျန်ခဲ့ပြီ။ ကျွန်တော်ထောက်ပြ ခဲ့တဲ့မလေးရှား၊ စင်ကာပူ၊ ထိုင်း နဲ့ မြန်မာနိုင်ငံတို့ရဲ့ မီဒီယာ လွတ်လပ်မှုအညွှန်းကိန်းကို ဘယ် လိုရွေးချယ် သလဲလို့ မေးခွန်း ထုတ်ကြရင် ဖြေရမှာ နည်းနည်း ခက်ပါတယ်။ ပြဿနာကတော့ ဘယ်လောက်လွတ်လပ်လဲဆိုတာပါ ပဲ။ ကျေးဇူးတင်ပါတယ်။

Myanmaalinn
မတ် ၁ဝ ရက်မှ ၁၂ ရက်အထိ အမေရိကန်အခြေစိုက်East-West Center (EWC) ကစီစဉ်သော စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် စိန်ခေါ်မှုများ challenges of a Free Press ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ သတင်း မီဒီယာ ညီလာခံ (International Media Conference ) ကို ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMF-CCI)၌ ကျင်းပခဲ့သည်။

ရွေးကောက်ပွဲ ကတိမတည်ဟု ဆိုကာ ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို တာဝန်မှ ရုပ်သိမ်းရေး မဲဆန္ဒရှင်အချို့ ပြင်ဆင်

တနင်္သာရီတိုင်း ဒေသကြီး ရေဖြူမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးအား ရွေးကောက်ပွဲ ကတိမတည်ဟု ဆိုကာ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းပေးရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြရန် စတင် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ယင်းလှုပ်ရှားမှုကို ကမကထ ပြုသည့် ကံပေါက်ဒေသ ဖွံ့ဖြိုးရေး ကွန်ရက်က ပြောကြားသည်။

ဘားအံ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်မည်

Photo: ဘားအံ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်မည်
Monday, March 17, 2014

မကြာမီပြုလုပ်မည့် ဘားအံငြိမ်း ချမ်းရေးဆွေးနွေးပွဲတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကို ဖိတ်ကြားရန် နှစ်ဖက်ခေါင်း ဆောင်များအကြား သဘောတူညီမှု ရရှိ ထားပြီဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်း ချမ်းရေးဖော်ဆောင်ရေးကော်မတီမှ ဦးလှ မောင်ရွှေက ရန်ကုန်တိုင်းမ်သို့ ပြောသည်။

အဆိုပါဆွေးနွေးပွဲကို ဒေါ်အောင် ဆန်းစုကြည်အပြင် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်ထွန်းဦးနှင့် အခြား ဧည့်သည်တော်များကိုလည်း ဖိတ် ကြားသွားမည်ဟု သဘောတူထားသည်။

''ချင်းမိုင်မှာလုပ်တဲ့ ညှိနှိုင်းပွဲတွေ မှာတော့ လာမယ့်ဘားအံပွဲကို ဒေါ်အောင် ဆန်းစုကြည်နဲ့ ဦးခွန်ထွန်းဦး အပါအ ဝင် ဖိတ်ဖို့လူတွေကို အဆိုပြုတာ တွေ့ ရတယ်။ ဝန်ကြီးဦးအောင်မင်းက ဒါတွေ ကို ချက်ချင်းပဲ သဘောတူပါတယ်လို့ ပြောပြီးဖြစ်တဲ့အတွက် နှစ်ဖက်စလုံးက တော့ ဖိတ်ကြားမှုအပေါ် မပြေလည်တာ မရှိဘူးထင်ပါတယ်''ဟု ဦးလှမောင်ရွှေ က ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက် ရောက်မည့်အခြေအနေနှင့် ပတ်သက် ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ''ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက အမြဲပြောင်းနေတာ။ ဒီပွဲကို တက်မယ် မတက်ဘူးဆိုတာက ပြောဖို့စောပါသေးတယ်။ ဖိတ်စာရောက် တဲ့အခါ ပြောပါမယ်''ဟု အဖွဲ့ချုပ်ပြောရေး ဆိုခွင့်ရှိသူ ဦးÓဏ်ဝင်းကပြောသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အစိုးရဘက်မှ ပါဝင်ဆွေးနွေးသူများတွင် အမျိုးသမီးများ ပါဝင်ခြင်း မရှိခြင်းနှင့် ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေး ဗဟို ဌာနမှ ဦးတင်အောင်မိုးက ''လက်ရှိငြိမ်း ချမ်းရေး ဆွေးနွေးပွဲတွေမှာ အမျိုးသမီး တွေ မပါဘူးဆိုတာက ဆွေးနွေးမယ့်အ ကြောင်းအရာတွေကို လက်ရှိ ထဲထဲဝင် ဝင် သိနေတာက အမျိုးသားတွေ ဖြစ်ပါ တယ်။ တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပေါ် လာတဲ့ မကောင်းတဲ့ဆိုးကျိုးတွေကိုတော့ အမျိုးသမီးတွေ ခံစားရတာပေါ့။ တကယ် တိုက်နေခိုက်နေတဲ့ အကြောင်းရင်းတွေ ကို စီမံဆောင်ရွက် ဆုံးဖြတ်ခဲ့တာသည် အမျိုးသားတွေပဲဖြစ်တယ်။ ရန်ဖြစ်ခဲ့ကြ တုန်းကလဲ အမျိုးသမီးတွေ ဝင်ပြီးတိုက် ကြခိုက်ကြတာ မရှိပါဘူး။ အဲဒါကြောင့် ဘယ်လိုငြိမ်းချမ်းအောင်နေကြမလဲ ဆို တဲ့အဆင့်မှာတော့ အမျိုးသားတွေပဲ များ နေတာဖြစ်တယ်လို့ နားလည်ပါတယ်။ ငြိမ်းချမ်းမှုတည်ဆောက်ပြီး ရှေ့ဆက် ဘယ်လိုနေထိုင်ကြမလဲဆိုတဲ့ အခါကျ တော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍအများကြီးပါလာမှာပါ''ဟု မှတ်ချက်ပေး သည်။

Yangon Media Group
မကြာမီပြုလုပ်မည့် ဘားအံငြိမ်း ချမ်းရေးဆွေးနွေးပွဲတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်း စုကြည်ကို ဖိတ်ကြားရန် နှစ်ဖက်ခေါင်း ဆောင်များအကြား သဘောတူညီမှု ရရှိ ထားပြီဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်း ချမ်းရေးဖော်ဆောင်ရေးကော်မတီမှ ဦးလှ မောင်ရွှေက ရန်ကုန်တိုင်းမ်သို့ ပြောသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး မေလအတွင်း အပြီးသတ် လုပ်ဆောင်မည်ဟု ဦးခွန်ဥက္ကာ ပြောကြား

Photo: နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး မေလအတွင်း အပြီးသတ် လုပ်ဆောင်မည်ဟု ဦးခွန်ဥက္ကာ ပြောကြား
Monday, March 17, 2014

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေး လိုလားကြောင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ယုံကြည်လာသောကြောင့် ၂၀၁၄ မေလ မကုန်မီ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်မည် ဖြစ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့မှ ဦးခွန်ဥက္ကာက ပြောကြားသည်။

ယခုနှစ် မတ်လ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် မြန်မာငြိမ်းချမ်းရေး စင်တာတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအဖွဲ့ NCCT နှင့် တပ်မတော် ခေါင်းဆောင် အချို့ ညှိနှိုင်းပြီး ဧပြီလ ပထမပတ် အတွင်း နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးအတွက် ကရင်ပြည်နယ် ဘားအံမြို့တွင် အကြိုဆွေးနွေးပွဲ ပြုလုပ်ရန် သဘောတူခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် စာချုပ်ကို နှစ်ဖက် သဘောတူညီချက်ဖြင့် အပြီးသတ် ရေးဆွဲမည် ဖြစ်ကြောင်း ဦးခွန်ဥက္ကာက ထပ်လောင်း ပြောကြားသည်။

“ဧပြီမှာ ဘားအံ ဆွေးနွေးပွဲမှာ စာချုပ်ကိစ္စ အပြီးသတ်မယ်။ မေမှာ ရန်ကုန် (သို့မဟုတ်) နေပြည်တော်မှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ NCCT အဓိကထား လုပ်နေတယ်” ဟု ဦးခွန်ဥက္ကာ ဆိုသည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီမှ ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သူ နိုင်ငံရေးသမားဟောင်း တစ်ဦးကမူ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်နှင့် ပတ်သက်ပြီး “နောက်ဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးမှုမှာတော့ တပ်မတော် ထိပ်တန်းခေါင်းဆောင် အချို့ ပါဝင်လာတာ မြင်တွေ့ရတဲ့ အတွက် အရင်ကထက်စာရင် ပိုနီးစပ်လာပြီ ဆိုတာတော့ မြင်တွေ့ရတယ်” ဟု သုံးသပ် ပြောဆိုသည်။

အစိုးရက၂၀၁၃ ခုနှစ် ဒီဇင်ဘာလ မတိုင်မီ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးနိုင်မည်ဟု ပြောဆိုခဲ့သော်လည်း ကချင်ပြည်နယ်တွင် KIO/KIA တပ်ဖွဲ့နှင့် အပစ်အခတ် ရပ်စဲနိုင်ခြင်း မရှိသောကြောင့် လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်း မရှိပေ။

ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်သော ညီလာခံ နှစ်ခု ကျင်းပကာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် စာချုပ် ရေးဆွဲခဲ့ပြီး ယင်းစာချုပ်၏ နောက်ဆုံး အဆင့်ကို လာမည့် ဧပြီလအတွင်း ပြုလုပ်မည့် ဘားအံ ဆွေးနွေးပွဲတွင် အပြီးသတ် ညှိနှိုင်းမည်ဟု NCCT ခေါင်းဆောင်များက ပြောဆိုထားသည်။

The Voice Weekly
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေး လိုလားကြောင်း တိုင်း ရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ယုံကြည်လာသောကြောင့် ၂၀၁၄ မေလ မကုန်မီ နိုင်ငံလုံးဆိုင် ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်မည် ဖြစ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင် ရာ ညှိနှိုင်းရေး အဖွဲ့မှ ဦးခွန်ဥက္ကာက ပြောကြားသည်။

ပျောက်ဆုံးလေယာဉ်အတွက် ပို့ဆောင်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အား မလေးရှားဝန်ကြီးချုပ်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထား

Photo: ပျောက်ဆုံးလေယာဉ်အတွက် ပို့ဆောင်ရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ချက် အား မလေးရှားဝန်ကြီးချုပ်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထား
Monday, March 17, 2014

မလေးရှား လေကြောင်းလိုင်း MH 370 ပျောက်ဆုံးခြင်းနှင့် စပ် လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာနမှ နောက်ဆုံးသတင်းထုတ်ပြန်ချက်အား မလေးရှားနိုင်ငံ ဝန်ကြီးချုပ်Najib Tun Razak ၏ လူမှုကွန်ရက် စာမျက်နှာတွင်ယနေ့မတ်၁၆ရက်က နောက်ဆုံးသတင်းထုတ်ပြန် ဖော်ပြထားကြောင်းဖြင့် မလေးရှား ရောက် သတင်းအရင်းအမြစ်မှ တစ်ဆင့် သိရသည်။

ပို့ဆောင်ရေးဝန်ကြီးဌာနမှရှာဖွေရေးနှင့်ကယ်ဆယ်ရေးဌာန၏ နောက်ဆုံးသတင်းထုတ်ပြန်ချက်များ အရ မလေးရှားနိုင်ငံက ဦးဆောင် သော ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ဌာနသည် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။ MH 370 နှင့်ပတ်သက်၍ မြောက်ဘက်မှ တောင်ဘက်စင်္ကြံနိုင်ငံများအထိတိုင် အောင်တရားဝင်ဆက်သွယ်အကူအညီ ဆောင်ရွက်လျက်ရှိသည်။အဆိုပါနိုင်ငံများမှာ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်၊ ကာဂျစ်စတန်၊ တာ့ခ်မင်နစ္စတန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ သြစတြေးလျ၊ ပြင်သစ် တို့ဖြစ်ပြီး ဤနိုင်ငံများမှ တရားဝင် အကူအညီကိုရယူလျက်ရှိသည်။လက်ရှိအခြေအနေတွင်မလေးရှား နိုင်ငံသည် အပေါင်းဖော်နိုင်ငံများနှင့် အကောင်းဆုံးနည်းလမ်းနှင့် စင်္ကြံ နှစ်ဖက်၌ မည်သို့ ဖြန့်ကြက်မည်တို့ကို ဆွေးနွေးတိုင်ပင်လျက်ရှိသည်။ မိတ် ဆွေနိုင်ငံများသို့ လေယာဉ်၊ ဂြိုဟ်တု နှင့်လှုပ်ရှားဆောင်ရွက်မှုများ၊ မြေပြင် ရှာဖွေရေးကိရိယာတန်ဆာပလာများ၊ ရေဒါအချက်အလက်များ၊ ရေတပ် နည်းပညာနှင့် လေကြောင်းဆိုင်ရာ နည်းပညာများဖြင့်ပူးပေါင်းပါဝင်ကြရန် တရားဝင်တောင်းခံထားသည်။မြောက် ဘက်နှင့် တောင်ဘက်စင်္ကြံနှစ်ဖက် စလုံးမှာအရေးပါလျက်ရှိသည်။

MH 370 ဝန်ထမ်းနှင့် ခရီးသည် များအား ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှု များအရ MH 370 သို့ တက်ရောက်စဉ် ခရီးသည်များ၊ ဝန်ထမ်းများမှာ ပုံမှန် အခြေအနေတွင် ရှိနေကြောင်း၊ လေယာဉ်မှာ မထွက်ခွာမီ အင်ဂျင် နီယာများနှင့်လည်း ထိတွေ့မှုရှိနိုင် ကြောင်းကို မလေးရှား တော်ဝင်ရဲတပ် ဖွဲ့က စုံစမ်းရရှိခဲ့သည်။ စနေနေ့တွင် လေယာဉ်မှူး၏ နေအိမ်ကို ဝင်ရောက် ရှာဖွေကာ မိသားစုဝင်များအား မေးမြန်းစုံစမ်းခဲ့ရာတွင် လေယာဉ်မှူး မှာလည်း ပုံမှန်အခြေအနေတွင် ရှိသည်ဟု သိရသည်။ ယမန်နေ့က တွဲဖက် လေယာဉ်မှူး၏ နေအိမ်သို့ လည်း ရဲတပ်ဖွဲ့က ဆက်လက် ဝင်ရောက်ရှာဖွေခဲ့ သည်။ ရဲတပ်ဖွဲ့က စုံစမ်းနေဆဲကာလအတွင်း အဆုံးစွန် အထိ မတွက်ဆကြရန် ပြည်သူများ သို့ ပန်ကြားတိုက်တွန်းလိုကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ်တွန် ရာဇတ်က ၄င်း၏လူမှုကွန်ရက် စာမျက်နှာတွင် သတင်းထုတ်ပြန် ထားသည်။

စိုးဝင်း(SP)
Myanmaalinn
မလေးရှား လေကြောင်းလိုင်း MH 370 ပျောက်ဆုံးခြင်းနှင့် စပ် လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာနမှ နောက်ဆုံးသတင်းထုတ်ပြန်ချက်အား မလေးရှားနိုင်ငံ ဝန်ကြီးချုပ်Najib Tun Razak ၏ လူမှုကွန်ရက် စာမျက်နှာတွင်ယနေ့မတ်၁၆ရက်က နောက်ဆုံးသတင်းထုတ်ပြန် ဖော်ပြထားကြောင်းဖြင့် မလေးရှား ရောက် သတင်းအရင်းအမြစ်မှ တစ်ဆင့် သိရသည်။

ဟိုင်းဝေးလမ်းပေါ်က ရေလမ်းပို့ဆောင်ရေး

Photo: ဟိုင်းဝေးလမ်းပေါ်က ရေလမ်းပို့ဆောင်ရေး
Monday, March 17, 2014

ဟိုင်းဝေးလမ်းပေါ်မှာ ရေလမ်းဖောက်လုပ်ထားမှုကို နယ်သာလှန်နိုင်ငံ မှ ပြုလုပ်ထားပါတယ်။

Ringvaart လို့အမည်ရတဲ့ တူးမြောင်းဖြစ်ပြီး နယ်သာလှန်နိုင်ငံ အနောက်မြောက်ပိုင်း North Holland မှာ တည်ရှိတာ ဖြစ်ပါတယ်။ ၁၉၃၈ ခုနှစ်က စတင်တည်ဆောက်တဲ့ ရေတူးမြောင်းဖြစ်ပြီး ၁၉၄၅ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပါတယ်။ ဟိုင်းဝေးလမ်းဖောက်လုပ်မှုကိုတော့ ၁၉၆၁ ခုနှစ်မှ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ရေတူးမြောင်း အောက်မှာ သုံးလမ်း ဖောက် လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

Ringvaart (Aqueduct Ringvaart Haarlemmermeer) အမည်ရ တူးမြောင်းဟာ အမှန်တော့ ၃၈ မိုင်ရှည်ပြီး မြို့ တစ်မြို့ ကနေ တစ်မြို့ ဆက်သွယ် ထားခြင်း ဖြစ်ပါတယ်။ ပျှမ်းမျှ အနက် ၈ ပေရှိပြီး လှေငယ်များ သွားလာနိုင်ပါတယ်။ ၇၀ စတုရန်းမိုင် ဧရိယာ ရှိတဲ့အတွက်လည်း ပို့ဆောင် ဆက်သွယ်ရေးအတွက် အသုံပြုနိုင်ခြင်း ဖြစ်ပါတယ်။ အပန်းဖြေလှေများ လည်း သွားလာခြင်းပြုလုပ်ပါတယ်။

Ringvaart ဟာ ၁၉၄၀ ဝန်းကျင်ကတည်းက တည်ရှိခဲ့တာ ဖြစ်တဲ့အတွက် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် နေရာဒေသများထဲမှာလည်း တစ်ခုအပါ အဝင် ဖြစ်တယ်လို့ သိရပါတယ်။

Ref:wikipedia
အောင်ခမ်း (ရိုးရာလေး)
ဟိုင်းဝေးလမ်းပေါ်မှာ ရေလမ်းဖောက်လုပ်ထားမှုကို နယ်သာလှန်နိုင်ငံ မှ ပြုလုပ်ထားပါတယ်။

ရတနာပုံ ပရိသတ်များကို လူမှုကွန်ရက်တွင် ဆဲဆိုခဲ့သည့် မကွေးဂိုးသမားကို အရေးယူမည် မဟုတ်ဟုဆို

Photo: ရတနာပုံ ပရိသတ်များကို လူမှုကွန်ရက်တွင် ဆဲဆိုခဲ့သည့် မကွေးဂိုးသမားကို အရေးယူမည် မဟုတ်ဟုဆို
Monday, March 17, 2014

လူမှုကွန်ရက် ဝက်ဆိုက် တစ်ခုဖြစ်သည့် ဖေ့ဘုတ် (Facebook) စာမျက်နှာမှ တစ်ဆင့် ရတနာပုံ ပရိသတ်များကို ကြမ်းတမ်းစွာ ဆဲဆိုခဲ့သည့် မကွေးအသင်း ဂိုးသမား ကျော်ဇင်ဖြိုးကို အရေးယူမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုးမိုးကျော်က ပြောကြားသည်။

ရတနာပုံအသင်းနှင့် မကွေးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့သည့်ပွဲကို တာဝန်ယူခဲ့သည့် ကြီးကြပ်သူများနှင့် ပြိုင်ပွဲကျင်းပရေး တာဝန်ခံတို့က MFF သို့ တိုင်ကြားခဲ့ခြင်း မရှိကြောင်းနှင့် ပြိုင်ပွဲပြင်ပတွင် ဖြစ်ပေါ်ခဲ့သည့် ပြဿနာ ဖြစ်ခြင်းတို့ကြောင့် အရေးမယူခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

မြန်မာ့လက်ရွေးစင် ကစားသမားလည်း ဖြစ်သည့် ကျော်ဇင်ဖြိုးအနေနှင့် ပရိသတ်ကို ဆဲဆိုခြင်းမျိုး မလုပ်သင့်ကြောင်း၊ ပြိုင်ပွဲဝင် အသင်းများက တရားဝင် တိုင်ကြားမှသာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီအနေနှင့် ပြစ်ဒဏ်ပေးသင့်၊ မပေးသင့် ဆုံးဖြတ်နိုင်မည် ဖြစ်ကြောင်း၊ ယခုဖြစ်ရပ်မှာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ဝါရင့် အားကစား ကလောင်ရှင်လည်းဖြစ်၊ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောကြားသည်။

ရတနာပုံအသင်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ပရိသတ်များကို ဆဲဆိုခဲ့သည့် ယင်းဖြစ်ရပ်ကို သိရှိခဲ့ခြင်း မရှိသေးသော်လည်း အသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်၌ မည်သို့ အရေးယူမည် ဆိုသည်ကို ပြောကြားနိုင်ခြင်း မရှိသေးကြောင်း မကွေးအသင်း၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီညီကျော်က ပြောဆိုသည်။

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၆ အဖြစ် မတ်လ ၈ ရက်နေ့က မကွေးအသင်းနှင့် ရတနာပုံတို့ ဗထူးကွင်း၌ ယှဉ်ပြိုင်ခဲ့ရာ ရတနာပုံအသင်း ပရိသတ်များက ကွင်းအတွင်းသို့ ခဲများ၊ ရေသန့်ဘူးနှင့် ကွမ်းတံတွေး ထုတ်များဖြင့် ပစ်ပေါက်ခဲ့ခြင်းနှင့် ပတ်သက်၍ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ရတနာပုံ အသင်းကို ဒဏ်ငွေ ကျပ် ၁၅ သိန်းချမှတ်ခဲ့ကြောင်း အသင်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့ရာတွင် ကျော်ဇင်ဖြိုးက ဆဲဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ကြမ်းတမ်းစွာ ဆဲဆိုမိခြင်းမှာ ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရတနာပုံအသင်း ပရိသတ်အချို့က ဦးစွာ ဆဲဆိုခဲ့ခြင်းကြောင့် သတိလွတ်ပြီး ပြန်လည် ဆဲဆိုမိခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ဆဲဆိုခြင်းမှာလည်း ရတနာပုံ ပရိသတ်အားလုံးကို ရည်ရွယ်ခြင်း မဟုတ်ဘဲ အချို့ကိုသာ ပြောဆိုမိခြင်း ဖြစ်ကြောင်း၊ နောင်တွင် ယင်းသို့ပြုမူမိခြင်း မရှိအောင် ဆင်ခြင်မည် ဖြစ်ကြောင်း မကွေးအသင်း ဂိုးသမား ကျော်ဇင်ဖြိုးက ပြောဆိုသည်။

The Voice Weekly
လူမှုကွန်ရက် ဝက်ဆိုက် တစ်ခုဖြစ်သည့် ဖေ့ဘုတ် (Facebook) စာမျက်နှာမှ တစ်ဆင့် ရတနာပုံ ပရိသတ် များကို ကြမ်းတမ်းစွာ ဆဲဆိုခဲ့သည့် မကွေးအသင်း ဂိုးသမား ကျော်ဇင်ဖြိုးကို အရေးယူမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုးမိုးကျော်က ပြောကြားသည်။

မန္တလေးတွင် နွေရာသီ၌ လျှပ်စစ်မီး ပြတ်တောက်မှု မရှိစေရန် မီးစက်ကြီး ၂၄ လုံးဖြင့် ဓာတ်အား အစားထိုး ပေးသွားမည်

Photo: မန္တလေးတွင် နွေရာသီ၌ လျှပ်စစ်မီး ပြတ်တောက်မှု မရှိစေရန် မီးစက်ကြီး ၂၄ လုံးဖြင့် ဓာတ်အား အစားထိုး ပေးသွားမည်
Monday, March 17, 2014

မန္တလေးတိုင်း ဒေသကြီးတွင် နွေရာသီ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက် မှုများ ရှိလာပါက အမေရိကန် ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံထုတ် မီးစက်ကြီး ၂၄ လုံးဖြင့် အစားထိုး ဓာတ်အား ဖြန့်ချိပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဌာနထံမှ စုံစမ်း သိရှိရသည်။

“နွေရာသီကို ရောက်ရင် ရေအားလျှပ်စစ် စီမံကိန်းတွေက ဓာတ်အား ထုတ်လုပ်မှု အားနည်းလာတယ်။ မန္တလေး အနေနဲ့က ရေအားလျှပ်စစ်က ထွက်လာတဲ့ ဓာတ်အား အားလုံးကို မဟာ ဓာတ်အားလိုင်းပေါ် တင်ပေးလိုက်တယ်။ ကျန်တဲ့ဓာတ်အား တစ်ဝက်ထဲကမှ မန္တလေးအတွက် လိုအပ်တဲ့ ဓာတ်အားကို သုံးစွဲတာ ဆိုတော့ နွေရာသီ ရောက်ရင် ဓာတ်အားကတော့ နည်းနည်း လျော့မယ့်အတွက် တိုင်းဒေသကြီးထဲမှာ အင်ဂျင် ၂၄ လုံးနဲ့ လိုအပ်တဲ့ နေရာတွေကို ဓာတ်အား ဖြည့်စွက်ပြီး ပေးသွားမယ်” ဟု မန္တလေးတိုင်း ဒေသကြီး လျှပ်စစ် အင်ဂျင်နီယာရုံး အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

လက်ရှိ နွေရာသီတွင် လိုအပ်သော ဓာတ်အားများ ဖြည့်စွက် အသုံးပြုနိုင်ရေး အတွက် အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံများက ထုတ်လုပ်သော 1000KVA Weldom Ganaretor များ၊ 1250 KVA Mitsubishi Ganarator များ၊ 1825 KVA Caferpillar Ganarator များ စုစုပေါင်း ၂၄ လုံးကို ချမ်းအေးသာစံမြို့နယ် ဟေမာဇလ ခွဲရုံတွင် 1000KVA Weldom Ganaretor နှစ်လုံး၊ အောင်မြေသာစံမြို့နယ် တိုက်တော် ခွဲရုံတွင် 1250 KVA Mitsubishi Ganarator တစ်လုံး၊ ချမ်းမြသာစည် မြို့နယ်အတွက် ထွန်တုံး ခွဲရုံတွင် 1250 KVA Mitsubishi Ganarator တစ်လုံး၊ အောင်မြေသာစံ မြို့နယ်အတွက် မရမ်းခြံဓာတ်အား ခွဲရုံတွင် 1825 KVA Caferpillar Ganarator တစ်လုံး တပ်ဆင်ထားပြီး လိုအပ်သည့် အခါ ဓာတ်အား အစားထိုး ဖြည့်စွက် ပေးသွားမည် ဖြစ်သဖြင့် ယခင်နှစ်များကဲ့သို့ ဓာတ်အား ပြတ်တောက်ခြင်း နည်းပါးသွားမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံ ရှင်းပြသည်။

“မီးမပျက်ဘူးဆိုရင် ကောင်းပါတယ်။ အိမ်မှာက အဖေနဲ့ အမေက အသက် ၇၀ ကျော်တွေ ရာသီဥတုဒဏ်ကို မခံနိုင်တော့ လေအေးစက် ဖွင့်ပေးထားရတယ်။ မီးစက် ဝယ်တော့လည်း လေအေးပေးစက်ကို မနိုင်ဘူး။ လေအေးပေးစက် နိုင်တဲ့ မီးစက်ကျတော့လည်း လူကြီးတွေကို ထားခဲ့ပြီး အလုပ်သွားရတော့ စိတ်မချရလို့ မီးပျက်တိုင်း အလုပ်ကနေ အိမ်ပြန်ပြန်လာရတယ်။ ဒါကြောင့် မီးသာ မပျက်ရင် အကောင်းဆုံးပေါ့” ဟု ချမ်းအေးသာစံ မြို့နယ်တွင် နေထိုင်သူ အသက် ၄၀ ကျော်အရွယ် အင်ဂျင်နီယာ တစ်ဦးဖြစ်သူ ဒေါ်အေးအေးသန်းက The Voice သို့ ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် လျှပ်ဓာတ်အား မဂ္ဂါဝပ် ၂၀၀ ဝန်းကျင် အသုံးပြုနေပြီး မန္တလေးစက်မှုဇုန် တစ်ခုတည်းကပင် မဂ္ဂါဝပ် ၅၀ ကျော် သုံးစွဲနေကြောင်း မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဌာန၏ စာရင်းဇယားများအရ သိရှိရသည်။

The Voice Weekly
မန္တလေးတိုင်း ဒေသကြီးတွင် နွေရာသီ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက် မှုများ ရှိလာပါက အမေရိကန် ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံထုတ် မီးစက်ကြီး ၂၄ လုံးဖြင့် အစားထိုး ဓာတ်အား ဖြန့်ချိပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဌာနထံမှ စုံစမ်း သိရှိရသည်။

အိပ်ချိန် နောက်ကျခြင်း၏ ဆိုးရွားသော အကျိုး သက်ရောက်မှုများ

Photo: အိပ်ချိန် နောက်ကျခြင်း၏ ဆိုးရွားသော အကျိုး သက်ရောက်မှုများ
Monday, March 17, 2014

အိပ်ရာဝင် နောက်ကျခြင်းဟာ ဆိုးရွားတဲ့ အကျိုး သက်ရောက်မှု တွေကို ဖြစ်စေတတ် ပါတယ်။ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေရုံမျှ မကဘဲ သင့်ရဲ့နေစဉ် လုပ်ငန်း ဆောင်တာတွေကိုလည်း ထိခိုက်စေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့်တက် စေပါတယ်။ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာကိုပါ ကြီးမားစွာ ထိခိုက်စေ ပါတယ်။ဒီလိုဆိုးကျိုး သက်ရောက်မှုတွေကို ဖော်ပြလိုက်ပါတယ်။

စိတ်ဖိစီးမှု
စိတ်ဖိစီးမှု လက္ခဏာတွေဟာ နေ့စဉ်အိပ်စက်တဲ့ အချိန်ပမာဏပေါ်မှာ ကြီးမားစွာ လွှမ်းမိုးမှု ရှိပါတယ်။ အိပ်စက်ချိန် သင့်တင့်လျောက်ပတ်မှု မရှိခြင်းဟာ စိတ်ကျခြင်း၊ စိတ်ဂယောင်ချောက်ချား ဖြစ်ခြင်းနဲ့ သတိမေ့တတ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျား ဖြစ်မှုတွေကိုဖြစ်ပေါ်စေ တတ်ပါတယ်။ နောက်ကျမှ အိပ်တတ်သူတွေဟာ အိပ်ဆေးတွေကိုမှီဝဲနေရပြီး ဒီဆေးဝါးတွေဟာ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုကို ထပ်မံမြင့်တက်စေပါတယ်။

ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်း
အိပ်ချိန် နောက်ကျခြင်းဟာ တချို့သော ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပွားလွယ်စေပါတယ်။ ဆေးဘက်ဆိုင်ရာ လေ့လာမှု တစ်ခုအရ ကော်တီဆိုး လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဟာ နောက်ကျစွာ အိပ်စက်တတ်သူတွေမှာ ပိုမို ထုတ်လွှတ်တတ်ကြောင်း သိရပါတယ်။ ဒီဟော်မုန်းဟာ သွေးဖိအားကို မြင့်တက်စေပြီး ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပြန့်ပွားမှုကို လျော့ကျစေပါတယ်။ ကင်ဆာ၊ ဆီးချိုနဲ့ သွေးတိုးရောဂါတွေ ကိုလည်း ပိုမိုဖြစ်ပွား စေပါတယ်။

မျက်ကွင်းညိုခြင်း
မျက်ကွင်းညိုခြင်းဟာလည်း စိတ်မချမ်းမြေ့ဖွယ်ရာ တစ်ခုပါပဲ။ ဒါဟာ အိပ်ချိန်လုံလောက်မှု မရှိခြင်းနဲ့ အိပ်စက်ချိန် ပုံမှန်မရှိခြင်း တို့ကြောင့်ပါပဲ။ ညဥ့်နက်တဲ့ တိုင်အောင် အလုပ်လုပ်ခြင်းနဲ့ နံနက်ပိုင်းမှာ အိပ်ရာထ နောက်ကျခြင်းတို့ကြောင့် ဒီလိုမျက်ကွင်း ညိုခြင်းတွေ ဖြစ်ပေါ်တတ်တာပါ။ ဝက်ခြံနဲ့တခြားသော အရေပြားဆိုင်ရာ ပြဿနာတွေဟာ အိပ်စက်ချိန်နဲ့ သက်ဆိုင်တဲ့ အားနည်းမှုတွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

အဝလွန်ခြင်း
ပုံမှန်အားဖြင့် အိပ်ရာဝင် နောက်ကျတဲ့ အလေ့အကျင့် ရှိသူတွေဟာ နံနက်စောစောတွင် စားသောက်လေ့ မရှိပါဘူး။ ဒါကြောင့် ဒီလိုလူတွေဟာ အလုပ်ချိန်မှာ အမြန်စာ Fast Food တွေကို အများအပြား စားမိလေ့ရှိပါတယ်။ သရေစာတွေကိုလည်း အများအပြား စားလေ့ရှိပါတယ်။ဒါဟာ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကို အားနည်းစေပါတယ်။ ညဥ့်နက်တဲ့အထိ နေလေ့ ရှိသူတွေဟာလည်း ဆိုဒါ၊ အချိုရည်နဲ့ အခြားအဆီ ပါဝင်တဲ့ အစားအစာတွေကို စားသောက်လေ့ ရှိပါတယ်။ ဒါကြောင့် အဝလွန်တာဖြစ်ပါတယ်။

ခေါင်းကိုက်ခြင်းနဲ့ နောက်ကျော နာကျင်ခြင်း

အိပ်ချိန်နောက်ကျခြင်းဟာ ဦးနှောက်ကို ဆိုးရွားစွာ သက်ရောက်မှု ရှိပါတယ်။ ဦးနှောက်ရဲ့လုပ်ဆောင်မှုဟာ ခက်ခဲလာပြီး မကြာခဏ ခေါင်းကိုက်ခြင်းတွေ ကြုံရလေ့ရှိပါတယ်။ ဒါ့အပြင် နောက်ကျော ကိုက်ခဲခြင်းတွေကိုလည်း ကြုံတွေ့ရလေ့ ရှိပါတယ်။ နောက်ပြီး အဆက်မပြတ် ချောင်းဆိုးခြင်းနဲ့ အဖျားဝင်ခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။ ။

http://www.myawady.net.mm/health/knowledge/item/33167-2013-12-23-14-48-30

မြ၀တီ
အိပ်ရာဝင် နောက်ကျခြင်းဟာ ဆိုးရွားတဲ့ အကျိုး သက်ရောက်မှု တွေကို ဖြစ်စေတတ် ပါတယ်။ကျန်းမာရေး ဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေရုံမျှ မကဘဲ သင့်ရဲ့နေစဉ် လုပ်ငန်း ဆောင်တာတွေကိုလည်း ထိခိုက်စေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့်တက် စေပါတယ်။ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာကိုပါ ကြီးမား စွာ ထိခိုက်စေ ပါတယ်။ဒီလိုဆိုးကျိုး သက်ရောက်မှုတွေကို ဖော်ပြလိုက်ပါတယ်။

လေသန့်ဆေးဗူး ( Air Fresher ) မသုံးသင့်

Photo: လေသန့်ဆေးဗူး ( Air Fresher ) မသုံးသင့်
Monday, March 17, 2014

Phthalates လို့ခေါ်တဲ့ ဓာတု အဆိပ်တစ်မျိုးက လေသန့်ဆေးဗူး ( Air Fresher) တော်တော်များများမှာ ပါဝင်ပါတယ်။ ယင်း ဓာတ်ဟာ ကျန်းမာရေး အတွက် ဆိုးကျိုးရလဒ်များကို ဖြစ်ပေါ်စေတယ်လို့ လေ့လာ တွေ့ရှိပြီးနောက် နိုင်ငံကြီးများမှာ တားမြစ်ပိတ်ပင်လာကြောင်း သိရပါတယ်။

Air Fresher ဗူးထုတ်လုပ်ရာမှာ ယင်း Phthalates လို့ခေါ်တဲ့ ဓာတ်တစ်မျိုးကို မပါဝင်စေဖို့ ဖြစ်ပါတယ်။ သို့ပေမယ့် အများစုဟာ ပါဝင်နေဆဲ ဖြစ်ပါတယ်။

ဆိုးကျိုးများ
မွေးကင်းစကလေးနဲ့ ကလေးငယ်များ ရှိတဲ့ အိမ်များမှာ လုံးဝ အသုံးမပြု သင့်ပါဘူးလို့ ဆိုထားပါတယ်။ ပြီးတော့ ယင်းဆေးဟာ အမျိုးသမီး ဖြစ်ဖြစ်၊ အမျိုးသား ဖြစ်ဖြစ် ရှူရှိုက်မိရင် မျိုးပွားနိုင်မယ့် ဟိုမုန်းတွေကို သေစေပါတယ်။ ပြီးတော့ ယင်းအနံ့ကို နေ့စဉ် ရှူရှိုက်နေရမှုဟာ အမှိုက်ပုံဟောင်း တစ်နေရာက အနံ့ကို ရှူရှိုက်လို့ရတဲ့ ရောဂါပမာဏနဲ့ မတိမ်းမယိမ်းပဲလို့ ဆိုပါတယ်

ဒါကြောင့် အမေရိကန်မှာ ၂၀၀၉ ခုနှစ်ကစလို့ လေသန့်ဆေဗူးတိုင်းမှာ Phthalate ဓာတ်များ ဖယ်ထုတ်စေပြီး အခြားသော ဖွံ့ဖြိုးဆဲ နိုင်ငံများမှာတော့ ဓာတုအဆိပ်ကြွယ်ဝတဲ့ Air Fresher ဗူးများ အသုံးပြုနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

Ref: medic-facts
အောင်ခမ်း (ရိုးရာလေး)
Phthalates လို့ခေါ်တဲ့ ဓာတု အဆိပ်တစ်မျိုးက လေသန့်ဆေးဗူး ( Air Fresher) တော်တော်များများမှာ ပါဝင်ပါတယ်။ ယင်း ဓာတ်ဟာ ကျန်းမာရေး အတွက် ဆိုးကျိုးရလဒ်များကို ဖြစ်ပေါ်စေတယ်လို့ လေ့လာ တွေ့ရှိပြီးနောက် နိုင်ငံကြီးများမှာ တားမြစ်ပိတ်ပင်လာကြောင်း သိရပါတယ်။

အဆိပ်သောက်သူကို ဘယ်လိုကယ်ဆယ်မလဲ

Photo: အဆိပ်သောက်သူကို ဘယ်လိုကယ်ဆယ်မလဲ
Monday, March 17, 2014

အဆိပ်သောက်မိပြီ ဆိုရင် အဆိပ်ကို မျိုချမိတာကြောင့် လမ်းကြောင်းတစ် လျှောက်ရှိ ပါးစပ်၊ ခံတွင်းနဲ့ အစာခြေ လမ်းကြောင်းတစ်လျှောက် ယိုယွင်းပျက်စီးပြီး အသက်ကိုပါ ရန်ရှာတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ အဆိပ်ဆိုတဲ့ နေရာမှာ ယနေ့ ကျေးလက်တွေမှာ အလွယ်တကူ ရနိုင်နေတဲ့ ပိုးသတ်ဆေးများ အပြင် မြို့ရှိ မီးဖိုချောင်သုံး အရောင်ချွတ်ဆေး၊ ကြွေကြေး ချွတ်ဆေး၊ ဆေးဆပ်ပြာရည်စတဲ့ ဓာတုပစ္စည်း အပြင်းစား အရည်တွေ ပါဝင်ပါတယ်။

အဆိပ်သင့်၊ အဆိပ်မိပါက အများအားဖြင့် ပျို့အန်ပြီး ရင်ခေါင်း၊ ဝမ်းခေါင်း ထဲက ပူလောင်ခြင်းကို ခံစားရ တတ်ပါတယ်။ အဲဒီနောက်မှာ သတိလစ်သွားပြီး အသက်ပါ သေဆုံး တတ်ပါတယ်။

အဆိပ်သင့်တဲ့ သူကိုတွေ့ရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို ကြိုတင်ဆက် သွယ်ပါ။ (သက်ဆိုင်ရာ မြို့နယ်ဆေးရုံ ဖုန်းနံပါတ်ကို ကြိုတင်သိထား၊ စုထားသင့် ပါတယ်) ဆေးရုံကို အကြောင်းကြားပြီး လူနာတင် ယာဉ်ခေါ်ပါ။
လူနာတင်ယာဉ် ခေါ်နေတဲ့စပ်ကြားမှာ လုပ်ဆောင်သင့် တာကတော့ ဘယ်လို အဆိပ်သောက် လိုက်တယ်။ ဘယ်လောက်များများ သောက်လိုက်တယ် ဆိုတာကို သိဖို့ပါပဲ။ အနီးအနားမှာရှိတဲ့ ပုလင်းလွတ်၊ ဘူးခွံ အပါ အဝင် အဆိပ်သောက်သူ အသုံးပြုထားတဲ့ ပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများကို ရှာဖွေ သိမ်းဆည်း ပြီး ဆေးရုံရောက်ရင် ဆရာဝန်က ပြန်ပြရပါမယ်။

အဆိပ်ရည် စွန်းပေနေတဲ့ အဝတ်အထည်များကို ချွတ်ပစ်ပါ။ ပါးစပ်နဲ့ နှုတ်ခမ်း တစ်ဝိုက်မှာ စွန်းပေနေတဲ့ အဆိပ်အစအန အကြွင်းအကျန်များကို သုတ်ပစ်ပါ။ လဲလှယ်တဲ့ အခါမှာ အဆိပ်မထိ သေးတဲ့နေရာ သို့မဟုတ် အရေပြားပေါ်မှာ အဆိပ်တွေ မစွန်းပေဖို့ ဂရုစိုက်ပါ။ အန်အောင် ပြုလုပ်ခြင်းကြောင့် လည်ချောင်း တစ်လျှောက်က ပြန်တက်လာတဲ့ အစာများက တစ်ဆင့် လည်ချောင်းကို ထပ်မံ လောင်စေ စားစေတဲ့ အတွက် အန်အောင် မလုပ်သင့်ပါ။

လောင်စေ စားစေတတ်သည့် ဓာတုပစ္စည်းတွေ နှုတ်ခမ်းကို လောင်ပါက ပါးစပ်၊ အာခံတွင်းနဲ့ လည်ချောင်း အတွင်း အလောင်၊ အပူလျော့ပါးစေရန် နို့အေး သို့မဟုတ် ရေအေးအေး အနည်းငယ် တိုက်သင့်ပါတယ်။ ကာယကံရှင်ကိုလည်း နှစ်သိမ့် ဖျောင်းဖျပေးပါ။ အရက်(မက်သနော) ဆိပ်သင့်သူဆိုရင်တော့ အအေး မမိ စေရန် စောင်ခြုံပေးပါ။
အဆိပ်သောက်သူ သတိလစ်သွားပါက တစောင်းထားပါ။ လက်ကောက်ဝတ် သွေးခုန်နှုန်း အသက်ရှူ ပုံကို စောင့်ကြည့်ပေးပါ။ အသက်ရှူ လမ်းကြောင်း လွယ်ကူစေရန် ဆောင်ရွက်ပေးပါ။ လိုအပ်လျှင် ရှေးဦး သူနာပြုစုနည်းနဲ့ ကယ်ရမှာပါ။ အထက်ပါ အချက်တွေကို သေချာစွာ မှတ်သားထားမှသာ အဆိပ်သောက် သူကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။

ြုမ၀တီ
အဆိပ်သောက်မိပြီ ဆိုရင် အဆိပ်ကို မျိုချမိတာကြောင့် လမ်းကြောင်းတစ် လျှောက်ရှိ ပါးစပ်၊ ခံတွင်းနဲ့ အစာခြေ လမ်းကြောင်းတစ်လျှောက် ယိုယွင်းပျက်စီးပြီး အသက်ကိုပါ ရန်ရှာတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ အဆိပ်ဆိုတဲ့ နေရာမှာ ယနေ့ ကျေးလက်တွေမှာ အလွယ်တကူ ရနိုင်နေတဲ့ ပိုးသတ်ဆေးများ အပြင် မြို့ရှိ မီးဖိုချောင်သုံး အရောင်ချွတ်ဆေး၊ ကြွေကြေး ချွတ်ဆေး၊ ဆေးဆပ်ပြာရည်စတဲ့ ဓာတုပစ္စည်း အပြင်းစား အရည်တွေ ပါဝင်ပါတယ်။

ဒဂုံတက္ကသိုလ် ကျောင်းသား လေးရာကျော် စာမေးပွဲကာလ ကြို၊ ပို့ယာဉ် ခက်ခဲဟုဆို

Photo: ဒဂုံတက္ကသိုလ် ကျောင်းသား လေးရာကျော် စာမေးပွဲကာလ ကြို၊ ပို့ယာဉ် ခက်ခဲဟုဆို
Monday, March 17, 2014

လှည်းကူးနှင့် မင်္ဂလာဒုံ မြို့နယ်များရှိ ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ လေးရာနီးပါး အတွက် မတ်လ ၁၉ ရက်နေ့တွင် စတင်မည့် ပထမနှစ်ဝက် စာမေးပွဲ ကာလအတွင်း ကြို၊ ပို့ယာဉ် မရှိမှုကြောင့် စာမေးပွဲ သွားရောက်ဖြေဆိုရန် အခက်အခဲ တွေ့နေကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းသုခက The Voice သို့ ပြောကြားသည်။

ခရီးဝေးသောကြောင့် မနက်ပိုင်း စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုချိန်အမီ မရောက်နိုင်သောကြောင့် တက္ကသိုလ် အုပ်ချုပ်သူများထံ ကြို၊ ပို့ယာဉ် စီစဉ်ပေးရန် တောင်းဆိုခဲ့သော်လည်း အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ယင်းကြောင့် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များနှင့် တက္ကသိုလ်ရှိ စားသောက်ဆိုင်ခန်း အချို့နှင့် ကျောင်းသား၊ ဆရာများထံက ကောက်ခံ ရရှိသော အလှူငွေတို့နှင့် ကြို၊ ပို့ယာဉ် ငှားရန် စီစဉ်နေကြောင်း၊ သို့သော် ကျောင်းသားဦးရေနှင့် ငှားရမ်းနိုင်သော ယာဉ်အစီးရေ လုံလောက်မှု မရှိကြောင်း အဆိုပါ ကျောင်းသားသမဂ္ဂထံမှ စုံစမ်း သိရှိရသည်။

“စာမေးပွဲ မီဖို့ဆို မနက် ခြောက်နာရီ ကတည်းက အိမ်က ထွက်ရတယ်။ ကားသုံးဆင့် စီးရတယ်” ဟု ကိုမင်းသုခက ပြောကြားသည်။

စာမေးပွဲ ဖြေဆိုစဉ် ကာလတွင် ယာဉ်ကြော မပိတ်ဆို့ရန်နှင့် ကျောင်းသား၊ ဆရာများ ချောင်ချိစွာ စီးနင်းနိုင်ရန် ခရီးသည်တင် ယာဉ်များ ပိုမို ပြေးဆွဲပေးရန် ရန်ကုန်တိုင်း ဒေသကြီး၏ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ခင်ကို အကူအညီ တောင်းခဲ့ကြောင်း ဒဂုံတက္ကသိုလ် ဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာအာကာမိုးသူက ပြောကြားသည်။

“တကယ်တော့ ကျောင်းက တာဝန်ရှိတဲ့လူတွေ လုပ်ပေးရမယ့် ကိစ္စ။ ကျောင်းသားတွေက ဦးဆောင် လုပ်နေရတယ်။ ဆရာတွေကလည်း တောင်းဆို ပေးခဲ့ပေမယ့် ဆရာတွေ အတွက်တောင် ဘာမှ မလုပ်ပေးနိုင်ဘူး” ဟု ၎င်းကဆိုသည်။

ဒဂုံတက္ကသိုလ်တွင် ပထမနှစ်ဝက် စာမေးပွဲကို မတ်လ ၁၉ ရက်မှ ၂၆ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသား၊ ကျောင်းသူများသည် နံနက်ပိုင်း ဖြေဆိုရမည် ဖြစ်ကြောင်း အဆိုပါ ကျောင်းသား၊ ကျောင်းသူများထံမှ သိရသည်။

တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်စဉ် ကာလတွင် ကြို၊ ပို့ယာဉ်များ ရှိသော်လည်း စာမေးပွဲ ဖြေမည့် မတ်လတွင် လဝက်သာ ယာဉ်ပြေးဆွဲရမည် ဖြစ်သည့်အတွက် ကြို၊ ပို့ယာဉ်များ မရှိတော့ခြင်း ဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ဆရာများထံမှ သိရှိရသည်။

The Voice Weekly
လှည်းကူးနှင့် မင်္ဂလာဒုံ မြို့နယ်များရှိ ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ လေးရာနီးပါး အတွက် မတ်လ ၁၉ ရက်နေ့တွင် စတင်မည့် ပထမနှစ်ဝက် စာမေးပွဲ ကာလအတွင်း ကြို၊ ပို့ယာဉ် မရှိမှုကြောင့် စာမေးပွဲ သွားရောက်ဖြေဆိုရန် အခက်အခဲ တွေ့နေကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းသုခက The Voice သို့ ပြောကြားသည်။

ခရိုင်းမီးယားဒေသအရေး လူထုဆန္ဒခံယူပွဲ ကျင်းပ

Photo: ခရိုင်းမီးယားဒေသအရေး လူထုဆန္ဒခံယူပွဲ ကျင်းပ
Monday, March 17, 2014

ခရိုင်းမီးယားဒေသအား ရုရှားနိုင်ငံနှင့် ပြန်လည် ပူးပေါင်းရေး သို့မဟုတ် ယူကရိန်းနိုင်ငံနှင့် ပူးတွဲနေထိုင် ရေးအတွက် ဆန္ဒခံယူပွဲကို ယနေ့ကျင်းပခဲ့ရာ ခရိုင်းမီးယား ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် နေထိုင်လိုသူများက ပိုမိုများပြားခဲ့ကြောင်း ယနေ့ဘီဘီစီသတင်းတွင် ဖော်ပြသည်။
ယင်းဆန္ဒခံယူပွဲသည် တရားမဝင်ကြောင်း ယူကရိန်း အစိုးရနှင့် အနောက်အုပ်စုနိုင်ငံများက ပြောကြားသော်လည်း ရုရှားနိုင်ငံကမူ ယင်းဆန္ဒခံယူမှုအား ထောက်ခံခဲ့သည်။

ရုရှားလိုလားသူ ယူကရိန်းသမ္မတ ဗစ်တာယာနူကိုဗစ်ခ်ျအား ရာထူးမှဖယ်ရှားပြီးနောက် ခရိုင်းမီးယားဒေသတွင်းရှိ ရုရှားလူမျိုးနွယ်စုများ နေထိုင်ရာဒေသများအား ရုရှားစစ်ဘက်ကတပ်ဖွဲ့များစေလွှတ်ကာ ထိန်းချုပ်ထားမှုများ ပြုလုပ်ခဲ့သည်။ မဲဆန္ဒပေးသူများအနေဖြင့် ယူကရိန်းနှင့် ပူးပေါင်းနေထိုင်ရန် မျှော်လင့်ခဲ့သော်လည်း ခရိုင်းမီးယားဒေသတွင်းနေတာတော့ လူမျိုးနွယ်စုများက ယင်းဆန္ဒ ခံယူပွဲတွင် မဲပေးခြင်းမပြုဘဲ သပိတ်မှောက်ခဲ့ကြသည်။

ယင်းဆန္ဒခံယူပွဲ ကျင်းပရာတွင် မဲရုံများဖွင့်ပြီး ခြောက်နာရီအတွင်း လာရောက်မဲပေးသူအရေအတွက်မှာ မဲဆန္ဒပေးခွင့်ရှိသူအားလုံး၏ ၄၄ ဒသမ ၂၇ ရာခိုင်နှုန်း ရှိကြောင်း ဆန္ဒခံယူပွဲကျင်းပရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခရိုင်းမီးယားဒေသတစ်ဝန်းတွင် ဆန္ဒခံယူပွဲအတွက် မဲဆန္ဒပေးခြင်းကို ယနေ့နံနက် ဒေသစံတော်ချိန် ၈ နာရီ တွင် ကျင်းပခဲ့ပြီး မဲရုံများကို ည ၈ နာရီတွင် ပိတ်သိမ်း မည်ဖြစ်သည်။

ဘီဘီစီ
ခရိုင်းမီးယားဒေသအား ရုရှားနိုင်ငံနှင့် ပြန်လည် ပူးပေါင်းရေး သို့မဟုတ် ယူကရိန်းနိုင်ငံနှင့် ပူးတွဲနေထိုင် ရေးအတွက် ဆန္ဒခံယူပွဲကို ယနေ့ကျင်းပခဲ့ရာ ခရိုင်းမီးယား ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် နေထိုင်လိုသူများက ပိုမိုများပြားခဲ့ကြောင်း ယနေ့ဘီဘီစီသတင်းတွင် ဖော်ပြသည်။

နိုင်ဂျီးရီးယားတွင် အစိုးရတပ်နှင့်သူပုန် တိုက်ပွဲဖြစ် ၂ဝဝ ကျော်သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံတွင် အစိုးရတပ်များနှင့် သူပုန် များသည် သောကြာနေ့တွင် တိုက်ပွဲများဖြစ်ပွားရာ အနည်း ဆုံး ၂၁၂ ဦးသေဆုံးကြောင်း မီဒီယာများ ကဖော်ပြသည်။

မောင်တော စက်လှေပေါ်တွင် အမေရိကန်လုပ် ခြောက်လုံးပြူး သေနတ်နှင့် ကျည်ဆန်များတွေ့

မောင်တောမြို့နယ်တောင်ပိုင်း၊ အလယ်သံကျော်ကျေးရွာအုပ်စု၊ နှခေါင်းတိုကျေးရွာရှိ နတ်မြစ်ကမ်းတွင် ရပ်ထားသော စက်လှေ တစ်စီးအား ရဲတပ်ရင်းမှ မသင်္ကာသဖြင့် သွားရောက်စစ်ဆေးရာ လက်နက်နှင့် ဓားများတွေ့ရှိခဲ့ရပါတယ်။ စက်လှေတွင် စက်လှေစောင့် တစ်ဦးသာ ကျန်ခဲ့ပြီး ကျန်ဘင်္ဂလီ ၅ဦးမှာ ထွက်ပြေးလွှတ်မြောက်သွားခဲ့ပါသည်။ သိမ်းဆီးတွေ့ရှိရသော လက်နက်မှာ အမေရိကန်လုပ် ခြောက်လုံးပြူး တစ်လက်၊ ၄င်းကျည်ဆံ ၁၁ တောင့်နှင့် ဓားရှည် ၇ လက်၊ လောက်လေးဂွများ ဖြစ်ပါသည်။

မောင်တောမြို့ နယ်၊ အလယ်သံကျော်ကျေးရွာရှိ စက်လှေ တစ်စင်းပေါ်တွင် အမေရိ ကန်နိုင်ငံ လုပ် ခြောက် လုံးပြူးသေ နတ် နှင့် ကျည်ဆန်များကို မောင်တော မြို့နယ်ရဲတပ်ရင်းက ရှာဖွေတွေ့ ရှိခဲ့ ကြောင်း သိရသည်။

စကားပြောကောင်းခြင်းဟာ အတတ်ပညာတစ်မျိုးပါ

မိမိဟာ စကားတစ်ခွန်းကို အောင်မြင်စွာ ပြောချင်ရင်၊ အရေးပါ အရာရောက်ချင်ရင် မိမိရောက်နေတဲ့ ဒေသ ရဲ့ ယဉ်ကျေးမှုကို အရင်ဆုံး လေ့လာသင်ယူရမယ်၊ မိမိရောက်နေတဲ့ အသိုင်းဝိုင်းဟာ ဘယ်လို အသိုင်းဝိုင်းမျိုးလည်းဆိုတာ လေ့လာထားဖို့ လိုအပ်တယ်။ ဒါမှသာ ထိထိရောက် ပြောနိုင်ဆိုနိုင်မှာ ဖြစ်ပါ တယ်။ စကားပြောကောင်းခြင်းဟာလည်း အတတ်ပညာတစ်မျိုးဖြစ်ပါတယ်။

ရှမ်းပါတီ ပူးပေါင်းရေး တွေ့ဆုံမည့်ရက် ညှိနှိုင်းမရ

ရှမ်းနှစ်ပါတီ ပူးပေါင်းရေးအတွက် နှစ်ဖက် ဆွေးနွေး ညှိနှိုင်းရေး အဖွဲ့များ ပထမဆုံးအကြိမ် တွေ့ဆုံမည့် ရက်ကို ညှိနှိုင်း မရသေးကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

ပျောက်ဆုံးနေသော မလေးရှား လေယာဉ်ကို မောင်းနှင် သွားသည့် လေယာဉ်မှူးမှာ နိုင်ငံရေး ခံယူချက် ပြင်းထန်သူ ဖြစ်ကြောင်း စုံစမ်းတွေ့ရှိ

Photo: ပျောက်ဆုံးနေသော မလေးရှား လေယာဉ်ကို မောင်းနှင် သွားသည့် လေယာဉ်မှူးမှာ နိုင်ငံရေး ခံယူချက် ပြင်းထန်သူ ဖြစ်ကြောင်း စုံစမ်းတွေ့ရှိ
Monday, March 17, 2014

လွန်ခဲ့သော ၉ ရက်ခန့်က ပျောက်ဆုံးသွားခဲ့သည့် မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ ကို တာဝန်ယူပြီး မောင်းနှင် သွားခဲ့သည့် လေယာဉ်မှူးမှာ နိုင်ငံရေးခံယူချက် ပြင်းထန်သူ တစ်ဦးဖြစ်ပြီး မလေးရှား အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင် အန်ဝါအီဘရာဟင်မ်ကို ထောက်ခံသူတစ်ဦး ဖြစ်သည်ဟု Daily Mail တွင် ဖော်ပြထားသည်။

လူ ၂၃၉ ဦးကို တင်ဆောင်သွားသော မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်သည် တစ်စုံတစ်ဦး၏ ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်းပြောင်း မောင်းနှင်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုပြီးသည့် နောက်တွင် မလေးရှား အာဏာပိုင်များက အသက် ၅၃ နှစ်အရွယ် လေယာဉ်မှူး ဇာဟာရီ အာမတ်ရှားနှင့် အသက် ၂၇ နှစ်အရွယ် တွဲဖက်လေယာဉ်မှူး ဖာရစ်အာ့ဘ်ဟာမစ်တို့၏ နောက်ကြောင်း ရာဇဝင်ကို စုံစမ်းစစ်ဆေးခဲ့ကာ ၎င်းတို့၏ နေအိမ်များကိုလည်း စစ်ဆေး ရှာဖွေခဲ့သည်။

ထိုကဲ့သို့ အာဏာပိုင်များက လေယာဉ်မှူး နှစ်ဦး၏ နောက်ကြောင်းကို စုံစမ်း စစ်ဆေးနေသည့် အချိန်မှာပင် လေယာဉ်မှူး ဇာဟာရီအာမတ်ရှားသည် မလေးရှားနိုင်ငံ၏ အဓိက အတိုက်အခံ နိုင်ငံရေးသမား အန်ဝါအီဘရာဟင်မ်ကို ထောက်ခံသူ တစ်ဦးဖြစ်ပြီး လေယာဉ် ခရီးစဉ် MH-370 ကို တာဝန်ယူ မမောင်းနှင်မီ နာရီပိုင်းအလိုက အန်ဝါအီဘရာဟင်မ် ထောင်ဒဏ် ငါးနှစ် ချမှတ်ခံလိုက်ရသည့် တရားခွင်ကို သွားရောက် နားထောင်ခဲ့သည်ဟု Daily Mail သတင်းစာက ရေးသား ဖော်ပြလိုက်ခြင်း ဖြစ်သည်။

လေယာဉ်မှူးရှားသည် နိုင်ငံရေး ခံယူချက် ပြင်းထန်သူတစ်ဦး ဖြစ်ကြောင်းကို ရဲအရာရှိ အချို့ကလည်း အတည်ပြုခဲ့ပြီး ၎င်းတို့အနေနှင့် တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် ဇာဟာရီအာမတ်ရှားက မကျေမနပ် ဖြစ်သွားမည်ကို စိုးရိမ်မိကြောင်း ပြောကြား ခဲ့သည်ဟုလည်း Daily Mail သတင်းစာက ရေးသားဖော်ပြခဲ့သည်။

မလေးရှား အာဏာပိုင်များကမူ လေယာဉ်မှူးရှား၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာတွင် ကိုယ်တိုင်လုပ် လေယာဉ်ပုံစံတူ မောင်းနှင်စက် တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း၊ သို့သော် ထိုအချက်ပေါ် မူတည်၍ အလျင်အမြန် ကောက်ချက် မချစေလိုကြောင်း ပြောကြားခဲ့သည်။

နေအိမ်တွင် လေယာဉ်ပုံစံတူ မောင်းနှင်စက် ထားရှိခြင်းမှာ လေကြောင်းဆိုင်ရာ လုပ်ငန်းကို အထူးတလည် စိတ်ပါဝင်စားသူများ လုပ်လေ့လုပ်ထ ရှိသည့် လုပ်ရပ်တစ်ခု ဖြစ်သဖြင့် လေယာဉ်မှူး ရှား၏အိမ်တွင် ထိုကဲ့သို့သော စက်မျိုး တစ်လုံးတွေ့ရှိခြင်းမှာ အလွန်တရာ ထူးခြားသည့် ကိစ္စမျိုး မဟုတ်ဟုလည်း မလေးရှား အာဏာပိုင်များက ပြောကြားခဲ့သည်။
“တာဝန်ရှိသူများက လေယာဉ်မှူး နှစ်ဦး၏ မိသားစုဝင်များနှင့် တွေ့ဆုံမေးမြန်းခဲ့ပြီး ကျွမ်းကျင်သူများက လေယာဉ်မှူးရှား၏ ကိုယ်တိုင်လုပ် လေယာဉ်ပုံစံတူ မောင်းနှင်စက်ကို စစ်ဆေးလျက်ရှိသည်” ဟု ပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက် တစ်စောင်တွင် ဖော်ပြထားသည်။

လေယာဉ်မှူးရှားသည် ၁၉၈၁ ခုနှစ် ကတည်းက မလေးရှား လေကြောင်းလိုင်းတွင် စတင်တာဝန် ထမ်းဆောင်လာခဲ့ခြင်း ဖြစ်ပြီး ပျံသန်းရေး အတွေ့အကြုံ ၁၈၃၆၅ နာရီ ရှိသည့် အတွေ့အကြုံရင့် လေယာဉ်မှူး တစ်ဦးလည်း ဖြစ်သည်။

တွဲဖက်လေယာဉ်မှူး ဟာမစ်မှာမူ ၂၀၀၇ ခုနှစ်မှ စတင်ကာ မလေးရှား လေကြောင်းလိုင်းတွင် တာဝန် ထမ်းဆောင်ခဲ့ခြင်း ဖြစ်ပြီး ပျံသန်းရေး အတွေ့အကြုံ ၂၇၆၃ နာရီရှိသူ ဖြစ်သည်။

လေယာဉ်မှူးရှား၏ မိတ်ဆွေတစ်ဦးကမူ လေယာဉ်ခရီးစဉ် MH-370 ပျောက်ဆုံးမှု၏ တရားခံမှာ သူ၏မိတ်ဆွေ ဇာဟာရီ အာမတ်ရှား လုံးဝမဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်ဟု BBC သတင်းဌာနတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ဘိုးရင်း ၇၇၇ လေယာဉ်ကို ဝိုင်းဝန်း ရှာဖွေနေသည့် နိုင်ငံပေါင်း ၂၅ နိုင်ငံအထိ ရှိနေပြီ ဖြစ်သည်။

The Voice Weekly
လွန်ခဲ့သော ၉ ရက်ခန့်က ပျောက်ဆုံးသွားခဲ့သည့် မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ ကို တာဝန်ယူပြီး မောင်းနှင် သွားခဲ့သည့် လေယာဉ်မှူးမှာ နိုင်ငံရေးခံယူချက် ပြင်းထန်သူ တစ်ဦးဖြစ်ပြီး မလေးရှား အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင် အန်ဝါအီဘရာဟင်မ်ကို ထောက်ခံသူတစ်ဦး ဖြစ်သည်ဟု Daily Mail တွင် ဖော်ပြထားသည်။

မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်ခဲ့သူ ကြိုးပြတ်ကျ၍ သေကံမရောက်

စစ်ကိုင်းတိုင်း ဒေသကြီး ၊ မော်လိုက်မြို့ ၊ သရက်ကုန်း မြို့မ (၁)ရပ်ကွက် တွင် မတ်လ ၁၃ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်က အမျိုးသား တစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချ ၍ အဆုံးစီရင် ခဲ့ရာ ကြိုးပြုတ်ကျ သဖြင့် သေကံ မရောက် ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်များ စမ်းသပ်ပစ်ခတ်

Photo: မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်များ စမ်းသပ်ပစ်ခတ်
Monday, March 17, 2014

မြောက်ကိုရီးယားသည် တာတိုပစ်ဒုံးကျည် ၁ဝ စင်းကို ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူနှစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားသည်။

အဆိုပါဒုံးကျည်များကို ကိုရီးယားကျွန်းဆွယ်အရှေ့ဘက်ကမ်းခြေမှ ဂျပန်ပင်လယ်ပြင်သို့ ပစ်ခတ်ခဲ့ခြင်းဖြစ် သည်ဟု အမည်မဖော်လိုသူ တာဝန်ရှိသူများက ပြောကြားသည်။

ဒုံးကျည်များသည် ကီလိုမီတာ ၇ဝ ခန့်ကွာဝေးသော ပင်လယ်ပြင်အတွင်းသို့ ကျရောက်ခဲ့သည်ဟု ၎င်းတို့ခန့်မှန်းကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ ဒုံးကျည်များပစ်ခတ်ခြင်းအတွက် တောင်ကိုရီးယားနှင့် အနောက်အုပ်စုများက မြောက်ကိုရီးယားကို ဝေဖန်ကြသော်လည်း ပြုံယမ်းကမူ ယင်းသို့ပစ်ခတ်ခဲ့ခြင်းကို ကာကွယ်ပြောကြားခဲ့သည်။

၎င်းတို့နိုင်ငံနှင့် ပြည်သူများကို ဘေးအန္တရာယ်များမှ ကာကွယ်ရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေး တည်တံ့စေရန် ဤသို့စမ်းသပ်ပစ်ခတ်ခြင်းသည် သင့်လျော်မှန်ကန်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း အစိုးရက ပြောကြားသည်ဟု နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။

စီအန်အန်
The Mirror Daily
မြောက်ကိုရီးယားသည် တာတိုပစ်ဒုံးကျည် ၁ဝ စင်းကို ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူနှစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားသည်။

တံတားနီ အထိမ်းအမှတ် သမဂ္ဂအလံများ ကျောင်းသားသမဂ္ဂ ၁၆ ဖွဲ့သို့ လွှဲပြောင်းပေးအပ်

Photo: တံတားနီ အထိမ်းအမှတ် သမဂ္ဂအလံများ ကျောင်းသားသမဂ္ဂ ၁၆ ဖွဲ့သို့ လွှဲပြောင်းပေးအပ်
Monday, March 17, 2014

တက္ကသိုလ် ကျောင်းသားများစွာ သေဆုံးခဲ့သော တံတားနီ အရေးအခင်း ၂၆ နှစ်ပြည့် အခမ်းအနားတွင် ကျောင်းသားသမဂ္ဂ အလံများကို တက္ကသိုလ်အသီးသီးမှ တက်ရောက်လာသော ကျောင်းသားသမဂ္ဂ အဖွဲ့အစည်း ၁၆ ဖွဲ့သို့ ၈၈ မျိုးဆက် ကျောင်းသားများက လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း အဆိုပါ အခမ်းအနား ကျင်းပရေး ကော်မတီဝင် ဦးစိုင်းထင်ကျော်က ပြောကြားသည်။

မတ်လ ၁၆ ရက်နေ့ လှိုင်မြို့နယ် အတွင်းရှိ အင်းလျား ကန်ဘောင်တွင် ပြုလုပ်သော တံတားနီ အထိမ်းအမှတ် အခမ်းအနားတွင် ယင်းကဲ့သို့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒီသမိုင်းတွင်ခဲ့တဲ့ နေ့မှာ ကျောင်းသားတွေ၊ ပြည်သူပြည်သားတွေရဲ့ အသက် ထောင်ပေါင်းများစွာ ပေးဆပ်ခဲ့ပြီး နိုင်ငံရေး ဖြစ်စဉ်တွေကို ပြောင်းလဲ ပေးခဲ့တာကို အမှတ်တရ အနေနဲ့ ပေးတာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ကျောင်းသားသမဂ္ဂ အလံများကို ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ကွန်ပျုတာတက္ကသိုလ်၊ လှိုင်သာယာ နည်းပညာတက္ကသိုလ်၊ မှော်ဘီ နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၊ နိုင်ငံခြားဘာသာ တက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှု ကောလိပ်၊ ဗဟန်း ကွန်ပျူတာကောလိပ်၊ သူနာပြုတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်မှ ကျောင်းသားသမဂ္ဂများနှင့် တောင်ဒဂုံ ပွင့်လင်းလူ့အဖွဲ့အစည်း၊ Public Welfare Network၊ Generation Wave ကျောင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက တက်ရောက် လက်ခံခဲ့သည်။

ထို့အပြင် အမှောင်ခေတ် သမိုင်းဆိုးများ ထပ်မံ မပေါ်ပေါက်စေရန်နှင့် ခွင့်တူညီမျှ လွတ်လပ်သော ဖက်ဒရယ် ပြည်ထောင်စု ဖြစ်စေရေးအတွက် အမျိုးသား ရင်ကြားစေ့ရေးနှင့် တစ်မျိုးသားလုံး ပါဝင်သော ပြန်လည် တည်ဆောက်ရေးသည် မရှိမဖြစ် လိုအပ်ကြောင်း ယင်းအခမ်းအနားတွင် ထုတ်ပြန်လိုက်သည့် တံတားနီ ကြေညာစာတမ်းတွင် ဖော်ပြထားသည်။

အဆိုပါ အခမ်းအနားသို့ 141 Plus၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီ စောင့်ရှောက်ရေး အသင်း AAPP နှင့် တက္ကသိုလ်ကျောင်းသား သမဂ္ဂများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း အခမ်းအနား ကျင်းပရေး ကော်မတီထံမှ သိရသည်။

The Voice Weekly
တက္ကသိုလ် ကျောင်းသားများစွာ သေဆုံးခဲ့သော တံတားနီ အရေးအခင်း ၂၆ နှစ်ပြည့် အခမ်းအနားတွင် ကျောင်းသားသမဂ္ဂ အလံများကို တက္ကသိုလ်အသီးသီးမှ တက်ရောက်လာသော ကျောင်းသားသမဂ္ဂ အဖွဲ့အစည်း ၁၆ ဖွဲ့သို့ ၈၈ မျိုးဆက် ကျောင်းသားများက လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း အဆိုပါ အခမ်းအနား ကျင်းပရေး ကော်မတီဝင် ဦးစိုင်းထင်ကျော်က ပြောကြားသည်။

လီဗာပူးလ်က ယူနိုက်တက်ထက် ပိုကောင်းခဲ့ကြောင်း မိုယက်စ်ဝန်ခံ

လီဗာပူးလ် အသင်းသည် မိမိတို့ထက် ပို၍ ကောင်းမွန်ခဲ့ကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်က ဝန်ခံ ပြောကြားလိုက်သည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်ခွင့်မပြုရန် ရခိုင်တွင် လူသိန်းချီ သပိတ်မှောက်

Photo: သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်ခွင့်မပြုရန် ရခိုင်တွင် လူသိန်းချီ သပိတ်မှောက်

ရန်ကုန်၊ မတ် ၁၆

သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ထည့်သွင်း ကောက်ယူခြင်း မပြုလုပ်ရန် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၃ မြို့နယ်၌ မတ်လ ၁၆ ရက်နေ့တွင် ဒေသခံ တစ်သိန်းကျော် ဆန္ဒပြ တောင်းဆိုကြကြောင်း စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်လုံး ဆိုင်ရာ ကျူးကျော် ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီ၏ သတင်းပြန်ကြားရေး တာဝန်ခံ ဦးသန်းထွန်းက ပြောကြားသည်။

စစ်တွေမြို့၌ ဆန္ဒပြရာတွင် မြို့ခံ လူဦးရေ ငါးသောင်းဝန်းကျင် ပါဝင်ခဲ့ပြီး လေးနာရီခန့် အကြာ လမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်း၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ကျောက်တော်၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ၊ ဂွမြို့နယ်တို့တွင် ဆန္ဒပြခဲ့ကြကြောင်း ၎င်းကဆိုသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့်ပြုလျှင် ရခိုင် တစ်မျိုးသားလုံး သန်းခေါင်စာရင်း  အကောက်မခံဘဲ သပိတ်မှောက်မည်၊ ရိုဟင်ဂျာဟု ထည့်ခိုင်းသော နိုင်ငံတကာ စွက်ဖက်မှု လုံးဝ (လုံးဝ) လက်မခံ၊ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို  အမြန်ဆုံး အကောင်အထည်ဖော်ရန် အချက်များ အပါအဝင် အချက် ခုနစ်ချက်ကို ဆန္ဒပြရာတွင် တောင်းဆိုခဲ့ကြသည်။

ရိုဟင်ဂျာ ထည့်သွင်းခွင့် ပြု မပြု မတ်လ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီ နောက်ဆုံးထား၍ သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်သွင်းခွင့် ပြုခွင့်ကို ရုပ်သိမ်းကြောင်း အကြောင်းပြန်ကြားခြင်း မရှိပါက ရခိုင် တိုင်းရင်းသားများ သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည် ဖြစ်ကြောင်း ဦးသန်းထွန်းက ဆိုသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်း ကောက်ယူခဲ့ပါက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ရှိသည်ဟု အထောက်အထား ပြစရာ ရရှိသွားမည် ဖြစ်ပြီး ရှုပ်ထွေးမှုများ ဖြစ်လာနိုင်သည့် အပြင် ပြည်တွင်း အချုပ်အခြာ အာဏာကိုပါ ထိပါးလာနိုင်သဖြင့် ဆန္ဒပြခြင်း ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားများက ပြောဆိုကြသည်။

မြောက်ဦးမြို့တွင် မြို့ခံများအပြင် ကျေးရွာများကပါ ဒေသခံများ ဝင်ရောက် ဆန္ဒပြသဖြင့် လူဦးရေ ငါးထောင်ကျော်သွားကြောင်း မြို့ခံ တစ်ဦးဖြစ်သူ ဦးထွန်းထွန်းက ပြောကြားသည်။ အခြား မြို့နယ်များတွင်လည်း ဆန္ဒပြ လူဦးရေ အနည်းဆုံး တစ်ထောင် အထက်တွင်သာ ရှိကြောင်း ဒေသခံများကို မေးမြန်းချက်အရ သိရှိရသည်။

အဆိုပါ ဆန္ဒပြ ကန့်ကွက်သည့် ကိစ္စနှင့် ပတ်သက်၍ ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုးကမူ “လောလောဆယ် ဘာမှ မှတ်ချက်ပေးလို့ မရသေးဘူး။ ဘာမှ ဖြေလို့ မရသေးဘူး။ အရမ်း အလုပ်ရှုပ်နေတယ်” ဟု ပြန်လည် ဖြေကြားသည်။

သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်၍ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် စစ်တွေမြို့ မြို့မိမြို့ဖများ မတ်လ ၁၄ ရက်နေ့က စစ်တွေမြို့၌ တွေ့ဆုံခဲ့ရာတွင် ဦးခင်ရီက ရိုဟင်ဂျာ ထည့်ခွင့် ပြု မပြု တိကျသည့် အဖြေ မပေးခဲ့ကြောင်း မြို့မိမြို့ဖများ ထံမှ သိရှိရသည်။

သန်းခေါင်စာရင်းတွင် နိုင်ငံတကာ စံချိန်စံညွှန်းများ၊ လူ့အခွင့်အရေးများ အပေါ် အခြေခံကာ လူဦးရေနှင့် စုဖွဲ့မှုများကို ကောက်ယူမည် ဖြစ်သော်လည်း နိုင်ငံတော်၏ လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားကို ထိခိုက်ခံမည် မဟုတ်ကြောင်း၊ ရိုဟင်ဂျာဟု သန်းခေါင်စာရင်းတွင် ထည့်သွင်းရုံဖြင့် နိုင်ငံသားဖြစ်ခွင့် ရမည် မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောဆိုထားသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကို လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူမည် ဖြစ်သည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ထည့်သွင်း ကောက်ယူခြင်း မပြုလုပ်ရန် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၃ မြို့နယ်၌ မတ်လ ၁၆ ရက်နေ့တွင် ဒေသခံ တစ်သိန်းကျော် ဆန္ဒပြ တောင်း ဆိုကြကြောင်း စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်လုံး ဆိုင်ရာ ကျူးကျော် ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီ၏ သတင်းပြန်ကြားရေး တာဝန်ခံ ဦးသန်းထွန်းက ပြောကြားသည်။

ပျောက်ဆုံးလျက်ရှိသည့် မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်အား မြန်မာ့တပ်မတော်(ရေ) စစ်ရေယာဉ် သုံးစင်းဖြင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိ

Photo: ပျောက်ဆုံးလျက်ရှိသည့် မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်အား မြန်မာ့တပ်မတော်(ရေ) စစ်ရေယာဉ် သုံးစင်းဖြင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိ
Monday, March 17, 2014

မတ် ၈ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှ တရုတ်နိုင်ငံ ပေကျင်းလေဆိပ်သို့ ပျံသန်းထွက်ခွာစဉ် လမ်းခရီး၌ ပျောက်ဆုံးသွားခဲ့သောမလေးရှားလေကြောင်းလိုင်းမှ ခရီးသည် တင်လေယာဉ်ကို မြန်မာ့တပ်မတော် (ရေ)မှ စစ်ရေယာဉ်သုံးစင်းဖြင့် ကပ္ပလီ ပင်လယ်ပြင် မြန်မာ့ သီးသန့်စီးပွားရေး ဇုန်အတွင်း အောက်ပါဧရိယာ A နှင့် B များတွင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မတ် ၁၅ ရက်မှစတင်၍ ဆောင်ရွက် လျက်ရှိသည်-

(က) အရှေ့ဘက်။ မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၃၂ မိနစ်၊ အရှေ့လောင်ဂျီ တွဒ် ၉၆ ဒီဂရီ ၄၂ မိနစ်နှင့် မြောက်လတ္တီတွဒ် ၀၉ဒီဂရီ ၄၃ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၀၆ မိနစ်တို့အားဆက်ဆွဲထားသည့် မျဉ်းတစ်လျှောက်။

(ခ) အနောက်ဘက်။ မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၃၂ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၁ မိနစ်မှ မြောက်လတ္တီတွဒ် ၀၉ဒီဂရီ ၃၉ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၁ မိနစ်အထိမြန်မာ-အိန္ဒိယပင်လယ်ပြင် နယ်နိမိတ်မျဉ်းတစ်လျှောက်။

(ဂ) တောင်ဘက်။ မြောက်လတ္တီတွဒ် ၀၉ ဒီဂရီ ၃၉ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၁ မိနစ်နှင့် မြောက်လတ္တီတွဒ် ၀၉ဒီဂရီ ၄၃ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၀၆ မိနစ်တို့အား ဆက်ဆွဲ ထားသည့် မြန်မာ-ထိုင်းပင်လယ်ပြင် နယ်နိမိတ်မျဉ်းတစ်လျှောက်။

(ဃ) မြောက်ဘက်။ မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၃၂ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၁ မိနစ်နှင့် မြောက်လတ္တီတွဒ် ၁၃ဒီဂရီ ၃၂ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၂ မိနစ်တို့အားဆက်ဆွဲထားသည့် မျဉ်းတစ်လျှောက်။

တပ်မတော်သည် ဒေသတွင်းနိုင်ငံများ အာဆီယံနိုင်ငံ တပ်မတော် များနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက် လျက်ရှိသကဲ့သို့ အဆိုပါနိုင်ငံများတွင် သဘာဝဘေးအန္တရာယ်များ၊ အခြားအခက် အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရသည့် အချိန်များတွင်လည်း မိတ်ဆွေပီသစွာဖြင့် အကူအညီများ ဆောင်ရွက် ပေးလျက်ရှိသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မလေး ရှားနိုင်ငံ၏ လေယာဉ်ပျောက်ဆုံး မှုတွင်လည်း လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးနိုင်ရေး (Humanitarian Assistance )အတွက် မြန်မာ့ တပ်မတော် (ရေ) အနေဖြင့် တတ်နိုင်သည့် ဘက်မှ ယခုကဲ့သို့ မလေးရှားနိုင်ငံရေတပ်၊ အိန္ဒိယနိုင်ငံရေတပ်တို့နှင့် ဆက်သွယ် ညှိနှိုင်းကာ အစွမ်းကုန်ကြိုးစား၍ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေး လျက်ရှိ ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
မတ် ၈ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှ တရုတ်နိုင်ငံ ပေကျင်းလေဆိပ်သို့ ပျံသန်းထွက်ခွာ စဉ် လမ်းခရီး၌ ပျောက်ဆုံးသွားခဲ့သောမလေးရှားလေကြောင်းလိုင်းမှ ခရီးသည် တင်လေယာဉ်ကို မြန်မာ့တပ်မတော် (ရေ)မှ စစ်ရေယာဉ်သုံးစင်းဖြင့် ကပ္ပလီ ပင်လယ်ပြင် မြန်မာ့ သီးသန့်စီးပွားရေး ဇုန်အတွင်း အောက်ပါဧရိယာ A နှင့် B များတွင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မတ် ၁၅ ရက်မှစတင်၍ ဆောင်ရွက် လျက်ရှိသည်-

အာဖဂန်နစ္စတန်၌ အမေရိကန်တပ်ဖွဲ့များ မလိုအပ်ဟု ကာဇိုင်းပြောကြား

Photo: အာဖဂန်နစ္စတန်၌ အမေရိကန်တပ်ဖွဲ့များ မလိုအပ်ဟု ကာဇိုင်းပြောကြား
Monday, March 17, 2014

အာဖဂန်နစ္စတန်နိုင်ငံ၏ အနားယူတော့မည့် သမ္မတက အာဖဂန်တပ်မတော်သည် အမေရိကန်ပြည်ထောင်စု၏ အကူအညီမပါရှိဘဲ လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားပြီး အမေရိကန်တပ်ဖွဲ့များ နိုင်ငံအတွင်း ဆက်လက်တပ်စွဲထားရန် ခွင့်ပြုမည့်စာချုပ်ကို ဆန့်ကျင်သည့် ၎င်း၏သဘောထားကိုလည်း စနေနေ့တွင် ထပ်မံအတည်ပြုခဲ့သည်။

အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းသည် စနေနေ့၌ကျင်းပသော လွှတ်တော်၌ နောက်ဆုံးအနေဖြင့် ပြောကြားသောမိန့်ခွန်းတွင် အမေရိကန်ပြည်ထောင်စုအပေါ် ၎င်း၏မလိုလားမှုကို ထုတ်ဖော်ပြခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံ၌ အမေရိကန်တပ်ဖွဲ့များ မလိုအပ်တော့ကြောင်း၊ ၎င်း၏တပ်ဖွဲ့များက တစ်နိုင်ငံလုံးကို တာဝန်ယူရန် အဆင်သင့် ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကို ၎င်းအနေဖြင့် လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်းလည်း ထပ်မံအတည်ပြု ပြောကြားခဲ့သည်။

အာဖဂန်တပ်ဖွဲ့များကို လေ့ကျင့်သင်ကြားပေးရေးနှင့် အယ်လ်ခိုင်ဒါများကို ရှာဖွေချေမှုန်းရေးအတွက် အမေရိကန်တပ်ဖွဲ့များအား အာဖဂန်နစ္စတန်တွင် ဆက်လက်ထားရှိရန် အဆိုပါလုံခြုံရေး သဘောတူစာချုပ်က ခွင့်ပြုမည်ဖြစ်သည်ဟု အေပီသတင်းဌာနက ဖော်ပြသည်။

နှစ်နိုင်ငံ လုံခြုံရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန်အတွက် သမ္မတဟာမစ်ကာဇိုင်းကို အမေရိကန်ပြည်ထောင်စု၊ အခြားနိုင်ငံများနှင့် ထင်ရှားသောပုဂ္ဂိုလ်များပါဝင်သည့် အာဖဂန်ကောင်စီတို့က ဖိအားပေးလျက်ရှိသည်။
ကာဇိုင်းသည် ၂ဝဝ၁ ခုနှစ် ဒီဇင်ဘာလတွင် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရပြီး ၂ဝဝ၉ ခုနှစ် သမ္မတရွေးချယ်ပွဲတွင်လည်း အနိုင်ရရှိခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် လုံခြုံရေးသဘော တူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးရန် ၎င်း၏ငြင်းဆန်မှုသည် အချည်းနှီးဖြစ်ဖွယ်ရှိသည်။ ဧပြီ ၅ ရက်နေ့ သမ္မတ ရွေးချယ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း ၁ဝ ဦးက ၎င်းတို့အနေဖြင့် ယင်းစာချုပ်ကို လက်မှတ်ရေးထိုးကြမည်ဟု ပြောကြားထားနှင့်ပြီးဖြစ်သည်။

တိုင်းမ်စ်။
Myanmaalinn

အာဖဂန်နစ္စတန်နိုင်ငံ၏ အနားယူတော့မည့် သမ္မတက အာဖဂန်တပ်မတော်သည် အမေရိကန်ပြည်ထောင်စု ၏ အကူအညီမပါရှိဘဲ လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ထုတ်ေ ဖ်ာပြော ကြားပြီး အမေရိကန်တပ်ဖွဲ့များ နိုင်ငံအတွင်း ဆက်လက်တပ်စွဲထားရန် ခွင့်ပြုမည့်စာချုပ်ကို ဆန့်ကျင် သည့် ၎င်း၏သဘောထားကိုလည်း စနေနေ့တွင် ထပ်မံအတည်ပြုခဲ့သည်။

ထူးခြားသည့် ဆိုလာစွမ်းအင်နည်းပညာ

Photo: ထူးခြားသည့် ဆိုလာစွမ်းအင်နည်းပညာ
Monday, March 17, 2014

အင်္ဂလန်နိုင်ငံ အခြေစိုက် Rawlemons အမည်ရလုပ်ငန်းစုမှ နည်းပညာသစ်ဖြင့် ဖန်တီးမှု ဆန်းသစ်လိုက်သည့် နေရောင်ခြည် စွမ်းအင်နည်းပညာတစ်မျိုးကို နည်းပညာသတင်း စာမျက်နှာများတွင် မိတ်ဆက်ပြသလိုက်သည်။ အဆိုပါလုပ်ငန်းမှ ယခင် ဆိုလာ စွမ်းအင်နည်းပညာများနှင့် မတူဘဲ ထွင်းဖောက်မြင်နိုင်ပြီး ပိုမိုစွမ်းအင် ထုတ်လုပ်နိုင်သော ဆိုလာစွမ်းအင် နည်းပညာတစ်မျိုးကို ဖန်တီး ပြုလုပ်ခဲ့သည်။ ၎င်းနည်းပညာကို Andre Broessel ဆိုသူ ဂျာမန် ဗိသုကာပညာရှင်တစ်ဦးက ဖန်တီး ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဂျီသြ မေတြီပညာရပ်ကို အခြေခံ၍ တည်ဆောက်ဖန်တီးခဲ့ခြင်းဖြစ်ကာ ရိုးရှင်းသောစိတ်ကူးဒီဇိုင်းရှိပြီး ယခင်ဆိုလာစနစ်များနှင့်မတူဘဲ စွမ်းအင် ရရှိမှုပိုမိုမြင့်မားသည်ဟု အဆိုပါ ဗိသုကာပညာရှင်၏ Rawlemons ၏ ပြန်ကြားရေးစာမျက်နှာတွင် ပြောကြားထားကြောင်း သိရသည်။ ၎င်း၏ဆိုလာနည်းပညာတွင် နေမှ အလင်းကို စုပ်ယူနိုင်ရန်အတွက် မှန်ဘီလူးကဲ့သို့သော ဖန်လုံးမျိုးကို တပ်ဆင်ထားပြီး အဆိုပါ မှန်ဘီလူး ၏အောက်ခြေဘက်တွင် စွမ်းအင် ပြောင်းလဲပေးသည့် PV Panal တစ်ခုပါဝင်ကာ ဘက်ထရီသို့ စွမ်းအင်ပြောင်းလဲ ပို့ဆောင်ပေး မည် ဖြစ်သည်ဟု သိရသည်။ အဆိုပါ နည်းပညာကို စမတ်ဖုန်းအားသွင်း ခြင်းမှစ၍ အိမ်သုံးလျှပ်စစ်စွမ်းအင် အထိ အသုံးပြုနိုင်စေရန် ပုံစံအမျိုးမျိုး ဖန်တီးထားပြီး ဈေးနှုန်းကွာခြားမှု ရှိသည်ဟု သိရသည်။ အဆိုပါ ဖန်လုံး မှာ နေ့အခါတွင် အလင်းရောင် စုပ်ယူထားပြီး ညအခါတွင်လကဲ့သို့ အလင်းရောင်ပြန်လည်ထုတ်လွှင့် နိုင်စွမ်းလည်းရှိကြောင်း သိရသည်။ ရိုးရှင်းလွယ်ကူစွာတပ်ဆင်အသုံးပြု နိုင်ပြီး စွမ်းအင်ရရှိမှုယခင်ကထက်ပိုမိုမြန်ဆန်ကာ ဒီဇိုင်းလှပသော အဆိုပါ မှန်ဘီလူးတပ်ဆိုလာစွမ်းအင် သုံးပစ္စည်းများကို ဥရောပနိုင်ငံ အချို့က မှာယူမှုများလည်းရှိနေပြီ ဟု သိရသည်။

TIKILA

Myanmaalinn
အင်္ဂလန်နိုင်ငံ အခြေစိုက် Rawlemons အမည်ရလုပ်ငန်းစုမှ နည်းပညာသစ်ဖြင့် ဖန်တီးမှု ဆန်းသစ်လိုက် သည့် နေရောင်ခြည် စွမ်းအင်နည်းပညာတစ်မျိုးကို နည်းပညာသတင်း စာမျက်နှာများတွင် မိတ်ဆက်ပြသ လိုက်သည်။

အိမ်ထောင်ရေး ဖောက်ပြန် သော ခင်ပွန်းက ရိုက်နှက် သော ဇနီးကို ဓားဖြင့် ထိုးသတ်

ခင်ပွန်း ဖြစ်သူ အိမ်ထောင်ရေး ဖောက် ပြန်သော ကြောင့် ဆဲဆို ရိုက်နှက် သည့် ဇနီး ကို ခင်ပွန်းဖြစ် သူ က ဓားဖြင့် ထိုးသတ်မှု တစ်ခု မတ်လ (၁၄) ရက်နေ့ ည က ဖြစ်ပွား ခဲ့ကြောင်း တောင်ဒဂုံ မြို့မ ရဲစခန်းမှ တာဝန်ရှိ သူတစ်ဦး က The Messenger သတင်းစာ သို့ ပြောသည်။

အစိုးရနှင့် တပ်မတော် တစ်သားတည်းရှိဟု နိုင်ငံတော်သမ္မတ ပြောကြား

Photo: အစိုးရနှင့် တပ်မတော် တစ်သားတည်းရှိဟု နိုင်ငံတော်သမ္မတ ပြောကြား 
Monday, March 17, 2014

နှစ်ပေါင်း ခြောက်ဆယ်ကျော် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ်ရေး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အစိုးရနှင့် တပ်မတော်မှာ တစ်သားတည်း ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပထမဆုံး ကချင်ပြည်နယ် ခရီးစဉ်အဖြစ် မတ်လ ၁၆ ရက်နေ့က မြစ်ကြီးနားမြို့သို့ ရောက်ရှိစဉ် ဒေသခံ ပြည်သူ များနှင့် တွေ့ဆုံရာ၌ အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

“အစိုးရနဲ့ ကေအိုင်အို/ ကေအိုင်အေတို့ အကြား နှစ်ဖက် ယုံကြည်မှု တည်ဆောက်ရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ နှစ်ဖက် ယုံကြည်မှု ရှိမှလည်း အပစ်အခတ် ရပ်စဲရေး၊ လိုက်နာရမယ့် စည်းကမ်းများ သတ်မှတ်ရေး စတဲ့ ငြိမ်းချမ်းရေးရဲ့ ပုံမှန် လုပ်ငန်းတွေဟာ အာရုံ စူးစိုက်ပြီး ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ တပ်မတော်ကလည်း အစိုးရနဲ့ တစ်သားတည်း ရှိနေပြီးတော့ ဟန်ချက်ညီညီ ဆောင်ရွက်ပေးလျက် ရှိပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပြီးသည်နှင့် တစ်ပြိုင်နက် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ရန် ပြင်ဆင်လျက် ရှိပြီး မကြာမီ ကျင်းပမည့် ဘားအံ ဆွေးနွေးပွဲတွင် အပစ်ရပ် စာချုပ်အတွက် အသေးစိတ် အချက်အလက်များနှင့် လက်မှတ်ထိုးမည့် အချိန်ကို သတ်မှတ်နိုင်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ထပ်လောင်း ပြောဆိုသည်။

မတ်လ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ၌ တပ်မတော် ထိပ်သီးခေါင်းဆောင် အချို့နှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ တွေ့ဆုံခဲ့ပြီး တပ်မတော်က ငြိမ်းချမ်းရေးကို မဖြစ်မနေ ဖော်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားကြောင်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ကလည်း တပ်မတော်၏ ငြိမ်းချမ်းရေး လိုလားချက်အပေါ် ယုံကြည် လက်ခံကြောင်း အသီးသီး ပြောဆိုထားသည်။

နိုင်ငံတော်သမ္မတ၏ ကချင်ပြည်နယ် ခရီးစဉ်သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စုဝန်ကြီး အချို့ လိုက်ပါခဲ့ပြီး မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက် ဆရာတော်နှင့် ခရစ်ယာန် အသင်းတော် ၁၅ ခုမှ ဘာသာရေး ခေါင်းဆောင် ၃၇ ဦးနှင့် တွေ့ဆုံခဲ့သည်။

“ကျွန်တော်တို့ ဘာသာရေး ခေါင်းဆောင်တွေ သမ္မတနဲ့ ၃၅ မိနစ် လောက် တွေ့ဆုံခဲ့တယ်။ သမ္မတလည်း ငါသမ္မတပဲ ဆိုတဲ့ အမူအရာမျိုး မတွေ့ရဘူး။ တွေ့ဆုံမှုကို အားရ ကျေနပ်မှုရှိတယ်။ ပိုပြီး ထူးခြားတာက ကာကွယ်ရေး ဦးစီးချုပ်က ယူနီဖောင်းနဲ့ မလာဘဲ ရိုးရိုး အရပ်ဝတ်နဲ့ လာတယ်။ ကျွန်တော်တို့တောင် တော်တော် အံ့သြသွားတယ်။ ထင်မထားဘူး။ ပိုပြီး ရင်းနှီးမှု ရတာပေါ့။ ပိုပြီး နွေးထွေးတယ်လို့ ခံစားရတယ်” ဟု ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) အတွင်းရေးမှူး ဒေါက်တာဆမ်ဆွမ်က မှတ်ချက်ပြု ပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ မတ် ၁၆ ရက်နေ့ ကချင်ပြည်နယ် ခရီးစဉ်တွင် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံနှင့် မြစ်ကြီးနား တက္ကသိုလ်တို့ သို့လည်း သွားရောက်ခဲ့ပြီး မတ်လ ၁၇ ရက်နေ့တွင် ပူတာအိုမြို့သို့ ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ကချင်ပြည်နယ် ခရီးစဉ်မှာ ၎င်း၏ သမ္မတ သက်တမ်းအတွင်း ပထမဆုံး ဖြစ်ပြီး ၂၀၁၃ အောက်တိုဘာလ ၅ ရက်နေ့က လာရောက်ရန် စီစဉ်ထားရာ ရာသီဥတု အခြေအနေ ဆိုးဝါး၍ လေယာဉ် ဆင်းသက်၍ မရသောကြောင့် ခရီးစဉ် ဖျက်သိမ်းခဲ့ရသည်။

The Voice Weekly
နှစ်ပေါင်း ခြောက်ဆယ်ကျော် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ်ရေး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အစိုးရနှင့် တပ်မတော်မှာ တစ်သားတည်း ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

ကျန်းမာရေး၊ အိမ်ရာစီမံကိန်း အပါအဝင် ခံစားခွင့် ခြောက်မျိုးပါ လူမှုဖူလုံရေး စနစ်သစ် ဧပြီတွင် စမည်

ကျန်းမာရေး၊ အိမ်ရာစီမံကိန်း အပါအဝင် အာမခံစနစ် ခြောက်မျိုး ပါဝင်သော လူမှုဖူလုံရေး အာမခံ စနစ်သစ် ကို ဧပြီလ ၁ ရက်နေ့တွင် စတင် ကျင့်သုံးမည် ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ ရုံးချုပ် ညွှန်ကြားရေးမှူးချုပ် ဦးယုလွင်အောင် က ပြောကြားသည်။

သာကေတ ဓါးထိုးမှု (၄)ဦးကို မိဘများက ရဲစခန်းသို့ အပ်နှံ

Photo: သာကေတ ဓါးထိုးမှု (၄)ဦးကို မိဘများက ရဲစခန်းသို့ အပ်နှံ
Monday, March 17, 2014

၁၂.၃.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်ခန့်တွင် ကိုကျော်ထင်ဦးနှင့် သူငယ်ချင်း(၅)ဦးတို့သည် သာကေတမြို့နယ် ရန်ပြေထိပ်အနီးရှိ အရက်ဆိုင်တွင် အတူ အရက်သောက်ခဲ့ကြပြီး ပြန်လာခဲ့ကြစဉ် အချင်းချင်း ဖုန်းဆက်ပြီး ဆဲဆိုပြောသည်ကို အနီးရှိလမ်းဘေးတွင်ထိုင်နေကြသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ၎င်းတို့ကိုဆဲသည်ဟု ထင်ကာ နှစ်ဖက်စကားများခဲ့ကြကြောင်း၊ ထိုစဉ် အနီးရှိအမျိုးသား(၂)ဦး ရောက်ရှိလာပြီး ၎င်းတို့ကို ၀ိုင်းဝန်းထိုးကြိတ်ကာ ဓါးဖြင့်ထိုးခဲ့ကြသဖြင့် သူငယ်ချင်း ဖြစ်သူ ဝေယံစိုးမှာ ရင်ဘတ်၌ ထိုးသွင်းဒဏ်ရာရရှိကာ  သေဆုံးခဲ့ရသည့်အပြင် ချစ်စမ်းမောင်နှင့် ၀င်းထက်အောင်တို့တွင်လည်း ဓါးဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ထိုသို့ပြစ်မှုကျူးလွန်သူများကို စုံစမ်း အရေးယူပေးပါရန် ကိုကျော်ထင်ဦးမှ တိုင်တန်းခဲ့သဖြင့် သာကေတမြို့မရဲစခန်း(ပ)၁၁၃/၂၀၁၄၊ ပုဒ်မ ၃၀၂/ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ကာ ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး အတွက် စုံစမ်းဆောင်ရွက် လျက်ရှိသည့်အပြင် ၁၄.၃.၂၀၁၄ ရက်နေ့တွင် YangonPolice လူမှုကွန်ယက် facebook စာမျက်နှာမှ ပြစ်မှုကျူးလွန်သူများနှင့် ပတ်သက်ပြီး ပြည်သူများမှတွေ့ရှိပါက ရဲတပ်ဖွဲ့သို့အမြန်ဆုံး သတင်းပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံ ခဲ့ပါသည်။

ယင်းသို့မေတ္တာရပ်ခံခဲ့မှုအပေါ် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူများထဲမှ သာကေတမြို့နယ်၊ ၃/ရန်ပြေရပ်ကွက်နေသူများဖြစ်ကြသည့် ရဲနိုင်၊ (၂၉)နှစ်၊ (ဘ)ဦးသန်းနိုင်၊ လင်းထက်အောင်၊ (၂၀)နှစ်၊(ဘ) ဦးမောင်မောင်လွင်၊ ကိုထက်(ခ)သန့်ဇော်ထက်၊ (၁၉)နှစ်၊ (ဘ)ဦးသန်းနိုင်၊ သဲမောင်မောင်(ခ)မမ(ခ)ဟိန်းလတ်အောင်၊ (၂၁)နှစ်၊ (ဘ)ဦးအောင်မြင့်တို့(၄)ဦးကို ၁၆.၃.၂၀၁၄ရက်နေ့ ၁၅၁၀အချိန်တွင် ၎င်းတို့၏မိဘအုပ်ထိန်းသူများက သာကေတမြို့မရဲစခန်းသို့ တာဝန်သိစွာ ဆက်သွယ်လာရောက် အပ်နှံပေးခဲ့ကြသဖြင့် ဥပဒေနှင့် အညီ စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိပြီး ကျန်ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ယခုကဲ့သို့ပြစ်မှု ကျူးလွန်သူများ၏ သတင်းများ အပေါ်ြ ပည်သူများနှင့် ပူးပေါင်း ဆောင်ရွက်ဖော်ထုတ်နိုင်ခဲ့မှုသည် ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ် အကောင်အထည် ဖော်ဆောင်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက်နေမှုကို မိဘပြည်သူများအနေဖြင့် ယုံကြည်ကိုးစားမှု ရှိလာခြင်းဖြစ်သောကြောင့် ဥပဒေကိုလေးစားလိုက်နာရမည်ဆိုသည့် အသိတရားနှင့်ယှဉ်၍ ယခုကဲ့သို့ ပြစ်မှုကျူးလွန်သူများ၏ မိဘအုပ်ထိန်း သူများကိုယ်တိုင် သာကေတမြို့မရဲစခန်းသို့ မိမိတို့၏သားများကို လာရောက်အပ်နှံပေးခဲ့ခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့တို့မှလည်း အထူးကျေးဇူးတင်ရှိ ပါကြောင်းနှင့် မှတ်တမ်းတင်ထားရှိပါကြောင်းဖော်ပြအပ်ပါသည်။

နောင်တွင်လည်း မိဘပြည်သူများမှ ရဲတပ်ဖွဲ့အပေါ်ယုံကြည်မှုဖြင့် လက်တွဲကာ ဥပဒေဘောင်အတွင်းမှ ၀ိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက် ပေးကြစေလိုပါကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် တိုက်တွန်းအပ်ပါသည်။

Yangon Police

သာကေတမြို့နယ်တွင် ခိုက်ရန်ဖြစ်ပွားကာ ဓါးဖြင့်ထိုးခဲ့၍ (၁)ဦးသေ၊ (၂)ဦးဒဏ်ရာ ရခဲ့သည့်အမှုမှ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင် နေသူများအနက် (၄)ဦးကို မိဘအုပ်ထိန်းသူများက ရဲစခန်းသို့ လာရောက်အပ်နှံ
သာကေတမြို့နယ်တွင် ခိုက်ရန်ဖြစ်ပွားကာ ဓါးဖြင့်ထိုးခဲ့၍ (၁)ဦးသေ၊ (၂)ဦးဒဏ်ရာ ရခဲ့သည့်အမှုမှ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင် နေသူများအနက် (၄)ဦးကို မိဘအုပ်ထိန်းသူများက ရဲစခန်းသို့ လာရောက်အပ်နှံ

၁၂.၃.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်ခန့်တွင် ကိုကျော်ထင်ဦးနှင့် သူငယ်ချင်း(၅)ဦးတို့သည် သာကေတမြို့နယ် ရန်ပြေထိပ်အနီးရှိ အရက်ဆိုင်တွင် အတူ အရက်သောက်ခဲ့ကြပြီး ပြန်လာခဲ့ကြစဉ် အချင်းချင်း ဖုန်းဆက်ပြီး ဆဲဆိုပြောသည်ကို အနီးရှိလမ်းဘေးတွင်ထိုင်နေကြသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ၎င်းတို့ကို ဆဲသည်ဟု ထင်ကာ နှစ်ဖက်စကားများခဲ့ကြကြောင်း၊ ထိုစဉ် အနီးရှိအမျိုးသား(၂)ဦး ရောက်ရှိ လာပြီး ၎င်းတို့ကို ၀ိုင်းဝန်းထိုးကြိတ်ကာ ဓါးဖြင့်ထိုးခဲ့ကြသဖြင့် သူငယ်ချင်း ဖြစ်သူ ဝေယံစိုးမှာ ရင်ဘတ်၌ ထိုးသွင်းဒဏ်ရာရရှိကာ  သေဆုံးခဲ့ရသည့်အပြင် ချစ်စမ်းမောင်နှင့် ၀င်းထက်အောင်တို့တွင်လည်း ဓါးဒဏ်ရာ များ ရရှိခဲ့ကြောင်းနှင့် ထိုသို့ပြစ်မှုကျူးလွန်သူများကို စုံစမ်းအရေးယူပေးပါရန် ကိုကျော်ထင်ဦးမှ တိုင်တန်းခဲ့ သဖြင့် သာကေတမြို့မရဲစခန်း(ပ)၁၁၃/၂၀၁၄၊ ပုဒ်မ ၃၀၂/ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ကာ ဖော်ထုတ် ဖမ်း ဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။