Monday, May 19, 2014

တောင်းရမ်းစားသောက်ပြီးသမီးကိုမင်္ဂလာဆောင်ပေးချင် တဲ့အတွက်မျက်နှာခွဲစိတ်မှုကို ငြင်းဆန်


 
 
 
 
 
 
 
 
  
အိန္ဒိယမှာ မျက်နှာတစ်ခုလုံးအရည်ပျော်ကျနေသလို ဖြစ်နေတဲ့အတွက် ‘အရည်ပျော်လူသား’ လို့  နာမည်ကြီးသူ ဟာ သူ့ ရဲ့မျက်နှာပေါ်က အသားပိုတွေကို ခွဲစိတ်ဖယ်ရှားဖို့ ငြင်းဆန်လိုက်ပါတယ်။ အခုလို ပုံစံနဲ့ ဆက်လက် တောင်းရမ်းစားသောက်ပြီး သမီးကို မင်္ဂလာဆောင်ပေး ချင်တဲ့ အတွက် ခွဲစိတ်မှုကို ငြင်းဆန်လိုက်တာ ဖြစ်တယ် လို့ ဆိုပါတယ်။

ယူကရိန်းနိုင်ငံ ပရမ်းပတာဖြစ်မည့် အခြေအနေသို့ ဆိုက်ရောက်ပြီဟု ကုလသတိပေး

Photo: ယူကရိန်းနိုင်ငံ ပရမ်းပတာဖြစ်မည့် အခြေအနေသို့ ဆိုက်ရောက်ပြီဟု ကုလသတိပေး
Monday, May 19, 2014

ယူကရိန်းနိုင်ငံတွင် ခွဲထွက်ရေးကိစ္စနှင့် ပတ်သက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ရုရှား လိုလားသော လက်နက်ကိုင်များအကြား ဖြစ်ပေါ်နေသော စစ်မက် ပဋိပက္ခ အပါအဝင် အခြေအနေ အရပ်ရပ်သည် ပရမ်းပတာ ဖြစ်တော့မည့် အနေအထားသို့ ဦးတည်နေပြီ ဖြစ်သည်ဟု ကုလသမဂ္ဂက သတိပေး ပြောကြားလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။ 

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူး အီဗန်ဆီမိုနီဗစ်က ယူကရိန်းနိုင်ငံ၏ လတ်တလော အကျပ်အတည်းများနှင့် ပတ်သက်၍ အထက်ပါအတိုင်း စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။ 

ယူကရိန်း၏ လက်ရှိ အခြေအနေသည် ၁၉၉၀ ပြည့်နှစ်များဆီက ခရိုအေးရှား နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော စစ်မက် အကျပ်အတည်းမျိုးနှင့် တူညီမည့် အနေအထားတွင် ရှိကြောင်း ခရိုအေးရှား နိုင်ငံသားလည်း ဖြစ်သူ လက်ထောက် အထွေထွေအတွင်းရေးမှူး အီဗန်ဆီမိုနီဗစ်က ပြောကြားသည်။ 

ယူကရိန်းနိုင်ငံမှ နေ့စဉ်ရရှိသော သတင်းများအရ အစိုးရတပ်ဖွဲ့ဝင်များနှင့် ခွဲထွက်ရေး သူပုန်များသည် နေ့စဉ် ဆိုသကဲ့သို့ပင် ပဋိပက္ခ ဖြစ်လျက်ရှိကြောင်း သိရသည်။ 

အကျပ်အတည်းများ ပြေလည်စေရေးအတွက် ဥရောပသမဂ္ဂ (အီးယူ) က ဦးဆောင် ကမကထပြုကာ ကြားဝင် ဖျန်ဖြေပေးသည့် ဆွေးနွေးပွဲသို့ ယူကရိန်းခွဲထွက်ရေး အင်အားစုများ တက်ရောက်ခြင်း မရှိပေ။ 

မကြာသေးခင်က ယူကရိန်းမှ ခွဲထွက်ရေးအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပပြုလုပ်ခဲ့သော ဒိုနီဆက်ပြည်နယ်မှ ခွဲထွက်ရေး သူပုန်များက ၎င်းတို့ စိတ်တိုင်းကျ ဝန်ကြီးချုပ်သစ်တစ်ဦးကို ခန့်အပ်လိုက်ပြီ ဖြစ်သည်။ 

ဒိုနီဆက်ပြည်နယ် ဝန်ကြီးချုပ်သစ် အလက်ဇန္ဒားဘိုရိုဒိုင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိသည်ဟူသော ဥပဒေအကြောင်း ကိစ္စသည် ရုရှားနိုင်ငံသို့ ပူးပေါင်းခွင့် ရရှိအောင် လုပ်ဆောင်ပေးလိမ့်မည် ဖြစ်ကြောင်း ပြောကြားသည်။ 

ခွဲထွက်ရေးသမားများသည် အရှေ့တောင်ပိုင်းနှင့် တောင်ပိုင်းဒေသရှိ ယူကရိန်းအစိုးရ အဆောက်အအုံများကို သိမ်းပိုက်ရယူထားသည်။ 

ထိုသို့သော ဖြစ်ရပ်များနှင့် ပတ်သက်၍ BBC သတင်းဌာနက တွေ့ဆုံ မေးမြန်းရာတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူးက “ယူကရိန်းဟာ ဘယ်လိုမှ နောက်ကြောင်း ပြန်လှည့်လို့ မရတော့တဲ့ အနေအထားမျိုးဆီကို တစ်ဖြည်းဖြည်းချင်း သွားနေတဲ့အတွက် ကျွန်တော် အင်မတန် စိုးရိမ်မကင်း ဖြစ်မိပါတယ်” ဟု ပြောကြားသည်။ 

ကုလသမဂ္ဂ အဆိုအရ ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသတို့တွင် မတရားသဖြင့် ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း အစရှိသည့် ဖြစ်ရပ်များ မရေမတွက်နိုင်အောင် ဖြစ်ပေါ်လျက် ရှိသည်။

The Voice Weekly
ယူကရိန်းနိုင်ငံတွင် ခွဲထွက်ရေးကိစ္စနှင့် ပတ်သက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ရုရှား လိုလားသော လက်နက်ကိုင်များအကြား ဖြစ်ပေါ်နေသော စစ်မက် ပဋိပက္ခ အပါအဝင် အခြေအနေ အရပ်ရပ်သည် ပရမ်းပတာ ဖြစ်တော့မည့် အနေအထားသို့ ဦးတည်နေပြီ ဖြစ်သည်ဟု ကုလသမဂ္ဂက သတိပေး ပြောကြားလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူး အီဗန်ဆီမိုနီဗစ်က

ကေအိုင်အိုသည် ရှမ်းလူမျိုးများကို ကချင်နှင့်တန်းတူ အခွင့်အရေး မပေးဟု ရှမ်းအဖွဲ့အစည်းဆို

ကချင်လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သော ကေအိုင်အေ အဖွဲ့အစည်းသည် ကချင်ပြည်နယ်ရှိ ရှမ်းလူမျိုးများကို ကချင်လူမျိုးများနှင့် တန်းတူ အခွင့်အရေး မပေးခဲ့ကြောင်း ရှမ်းမျိုးနွယ်စုများရေးရာ အဖွဲ့မှ ပြောကြားလိုက်သည်။

ကချင်ပြည်နယ်ရှိ ကချင်လူမျိုးနှင့် ရှမ်းလူမျိုးများသည် ဌာနေတိုင်းရင်းသားများ ဖြစ်ပြီး အတူတကွ ဖိနှိပ်ခံကြရသော တိုင်းရင်းသား လူမျိုးစုများ ဖြစ်သည့်အတွက် အတူတကွ လွတ်မြောက်ရန် ကြိုးစားနေသည်ဟု ဆိုသော်လည်း ဒေသခံ ရှမ်းလူမျိုးစုများအပေါ် မည်သည့် အခွင့်အရေးကိုမျှ တန်းတူမပေးခဲ့ကြောင်းနှင့် လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သော ကေအိုင်အေကလည်း ဒေသခံ

ကိုယ်ပိုင် ယာဉ်မောင်းလိုင်စင်မှ အငှားယာဉ်မောင်းလိုင်စင် ပြောင်းလျှင် ထပ်မံ စစ်ဆေးခံရမည်


Photo: ကိုယ်ပိုင် ယာဉ်မောင်းလိုင်စင်မှ အငှားယာဉ်မောင်းလိုင်စင် ပြောင်းလျှင် ထပ်မံ စစ်ဆေးခံရမည်

ရန်ကုန်၊ မေ ၁၈

ယာဉ်အန္တရာယ် ဖြစ်ပွားမှု လျှော့ချရာတွင် အထောက်အကူ ဖြစ်စေရန် ယာဉ်မောင်းလိုင်စင် ထုတ်ပေးမှုကို ပိုမိုစိစစ်ခြင်း အဖြစ် “ခ” လိုင်စင် (ကိုယ်ပိုင်ယာဉ်မောင်းလိုင်စင်) မှ “ဃ” လိုင်စင် (အငှားယာဉ်မောင်းလိုင်စင်) သို့ ပြောင်းလဲလျှင် လိုင်စင်စာမေးပွဲ ထပ်မံဖြေဆိုရမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

အဆိုပါလိုင်စင် စစ်ဆေးခြင်းကို မေလ ၁ ရက်နေ့မှ စတင်ခြင်းဖြစ်ပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ စစ်ဆေးမှုများအတိုင်း ဖြေဆိုရမည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

“စာမေးပွဲ ထပ်မဖြေဘဲ လိုင်စင် ထုတ်မပေးတော့ပါဘူး” ဟု အဆိုပါဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ယခင်က “ခ” လိုင်စင်မှ “ဃ” လိုင်စင် ပြောင်းလဲပါက စာမေးပွဲဖြေဆိုရန် မလိုကြောင်း ယာဉ်မောင်းများက ပြောဆိုသည်။
“ကျွန်တော်တို့တုန်းကတော့ မဖြေခဲ့ရပါဘူး။ လိုင်စင်လဲရုံပါပဲ။ “ခ” ကနေ “င” ပြောင်းရင်တော့ ဖြေရတယ်” ဟု “င” လိုင်စင် (လိုင်စင်အနီ) ကိုင်ဆောင်ထားသူ ယာဉ်မောင်း ဦးဝင်းမြင့်က ဆိုသည်။

လိုင်စင် ထပ်မံဖြေဆိုရာတွင် နိုင်ငံတကာ၌ စစ်ဆေးလျက်ရှိသည့် စိတ်အခြေအနေ ပုံမှန်ရှိမရှိ၊ အရက်သောက်သုံးမှုနှင့် အမြင်အာရုံ စစ်ဆေးမှုတို့ ပါဝင်ပြီး ယာဉ်အန္တရာယ်ဖြစ်ပွားမှု လျှော့ချရန်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ 
 ယာဉ်အန္တရာယ် ဖြစ်ပွားမှု လျှော့ချရာတွင် အထောက်အကူ ဖြစ်စေရန် ယာဉ်မောင်းလိုင်စင် ထုတ်ပေးမှုကို ပိုမိုစိစစ်ခြင်း အဖြစ် “ခ” လိုင်စင် (ကိုယ်ပိုင်ယာဉ်မောင်းလိုင်စင်) မှ “ဃ” လိုင်စင် (အငှားယာဉ်မောင်းလိုင်စင်) သို့ ပြောင်းလဲလျှင် လိုင်စင်စာမေးပွဲ ထပ်မံဖြေဆိုရမည် ဖြစ်ကြောင်း

ရန်ကုန် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးမည်


ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် အနောက်တောင် မုတ်သုံလေ ဖိအား ကောင်းနေခြင်းကြောင့် ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မေလ ၂၀ နေ့ အတွင်း လေပြင်းများ တိုက်ခတ်ပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်

ရာဇာမင်းယာဉ်မောင်း (ခ)လိုင်စင်ဖြစ်နေ၍ အလုံးစုံအာမခံလျော်ကြေး အာမခံကုမ္ပဏီက ငြင်းနိုင်

  ရန်ကုန်ပြေးဆွဲသည့် ရာဇာမင်းကားတိမ်းမှောက်ခြင်း၌ ယာဉ်မောင်းသည် အဆင့်မီ ယာဉ်မောင်းလိုင်စင် ကိုင်ဆောင် မထားသဖြင့် ကားအတွက် အလုံးစုံအာမခံလျော်ကြေးကို အာမခံကုမ္ပဏီဘက်မှ ငြင်းပိုင်ခွင့် ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးအေးမင်းသိန်း က ပြောသည်။

အဆိုပါတိမ်းမှောက်ခဲ့သည့် ရာဇာမင်းယာဉ်သည် ဧရာမြန်မာအာမခံကုမ္ပဏီ၌ ၂၀၁၄ ဧပြီ ၂၂ ရက်က သိန်း ၉၀၀ ဖြင့် အလုံးစုံအာမခံထားရှိထားသည့် ယာဉ်တစ်စီးဖြစ်သည်။
“သတ်မှတ်လိုင်စင်နဲ့ မမောင်းရင် ယာဉ်အလုံးစုံအာမခံလျော်ကြေးကို ဥပဒေအရ ငြင်းပိုင်ခွင့်ရှိပါတယ်။

သောင်းကျန်းသူများ မကြာခဏ ဝင်ရောက် တိုက်ခိုက်နေသည့် မောင်တောနယ်စပ်တွင် တိုက်ခိုက်မှုစွမ်းရည်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထားရန်လို


Photo: သောင်းကျန်းသူများ မကြာခဏ ဝင်ရောက် တိုက်ခိုက်နေသည့် မောင်တောနယ်စပ်တွင် တိုက်ခိုက်မှုစွမ်းရည်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထားရန်လို
Monday, May 19, 2014

မောင်တော၊ မေ ၁၈-သောင်းကျန်း သူ လက်နက်ကိုင်များ မကြာခဏ တိုက်ခိုက်မှုပြုလုပ်နေသည့် မောင် တောနယ်စပ်ဒေသတွင် တာဝန်ထမ်း ဆောင်မည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ မှာ တိုက်ခိုက် မှု စွမ်းရည် ကျွမ်းကျင် မှု ရှိသူများဖြစ်ရန် လိုအပ်ကြောင်း နှင့် အမြဲတမ်းအသင့် ဖြစ်နေသည့် အနေအထားဖြင့်သာ တာဝန်ထမ်း ဆောင်ရန်လိုအပ်နေကြောင်း စစ်ရေး ကျွမ်းကျင်သူများနှင့် ဒေသခံ များက ပြောကြားသည်။

လက်ရှိ မောင်တောနယ်စပ် တစ်လျှောက် ကင်းစခန်းများတွင် တာဝန်ထမ်းဆောင်နေသည့် လုံခြုံ ရေးတပ်ဖွဲ့များမှာ သင်တန်း ခြောက်လ တက်ရောက်ကာ လာရောက်တာဝန် ထမ်း ဆောင် နေသူ များ ဖြစ်ခြင်း၊ အ သက်အရွယ်အားဖြင့် ငယ်ရွယ်သူများ ဖြစ်ခြင်း၊ ကိုင်ဆောင်ထားသော လက်နက်များမှာ ခေတ်မီလက်နက် များ မဟုတ်ခြင်းနှင့် တိုက်ခိုက် မှု ဖြစ်ပွားသည့် အချိန်တွင် အသင့် အနေ အထားမရှိခြင်းတို့ကြောင့် သောင်း ကျန်းသူ လက်နက်ကိုင်များ၏ တိုက် ခိုက်မှုကို အလွယ်တကူ ခံနေရခြင်း ဖြစ်ကြောင်း ဆိုသည်။

သောင်းကျန်းသူများ ကိုင် ဆောင်ထားသည့် လက်နက်များမှာ AK- 47 လက်နက် အများ စုဖြစ် သည့် အတွက် လက်နက်အားဖြင့်လည်း မယှဉ်နိုင်သည့် အနေအထားတွင် ရှိနေကြောင်း၊ မေ ၁၇ ရက်က မိုင် တိုင်အမှတ် ၅၂တွင် သောင်းကျန်း သူလက်နက်ကိုင်များ၏ တိုက်ခိုက် မှုကြောင့် ကျဆုံးသွားသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ သင်တန်းတက် ရောက်ခဲ့ရသည့် ကာလမှာ နှစ်လ ကျော်ခန့်သာ ရှိသေးကြောင်း၊ လေ့ ကျင့်ချိန်ကာလ နည်းပါးသည့်အတွက် တိုက်ခိုက်မှုစွမ်းရည်မှာလည်း ညံ့ဖျင်း ရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ နယ် စပ်တစ်လျှောက် လုံခြုံရေး ဆောင် ရွက်နေကြရာတွင် တပ်စု၊ တပ်စိတ် များအတွင်း လူအင်အားကို အဖြစ် သဘောထားမျိုးထက် အမှန်တကယ် အတွေ့အကြုံရှိသည့် ဝါရင့်တပ်ဖွဲ့ ဝင်များသာ ထားရှိကွပ်ကဲသင့်ကြောင်း အတွေ့အ ကြုံရှိသည့် ရဲအရာရှိတစ် ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဒါးပိုင်တွင် သန်းခေါင်စာရင်း ကောက်ယူရန်အတွက် လုံခြုံရေးရယူရန်ရောက်ရှိလာသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
Photo - EPA

NT [--Democracy today Daily Newspaper--]
Yangon Media Group 
 မောင်တော၊ မေ ၁၈-သောင်းကျန်း သူ လက်နက်ကိုင်များ မကြာခဏ တိုက်ခိုက်မှုပြု လုပ်နေသည့် မောင် တောနယ်စပ်ဒေသတွင် တာဝန်ထမ်း ဆောင်မည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ မှာ တိုက်ခိုက် မှု စွမ်းရည် ကျွမ်းကျင် မှု ရှိသူများဖြစ်ရန် လိုအပ်ကြောင်း နှင့် အမြဲတမ်းအသင့် ဖြစ်နေသည့် အနေအထားဖြင့်သာ တာဝန်ထမ်း ဆောင်ရန်လိုအပ်နေကြောင်း စစ်ရေး ကျွမ်းကျင်သူများနှင့် ဒေသခံ များက ပြောကြားသည်။

လက်ရှိ မောင်တောနယ်စပ် တစ်လျှောက် ကင်းစခန်းများတွင် တာဝန်ထမ်းဆောင်နေသည့်

လူအသေအပျောက်နည်းအောင် ဒါတွေ အရင်လုပ်ပေးပါ

ခုရက်ပိုင်း သတင်းမီဒီယာတွေမှာ ဖော်ပြမှုအများဆုံး သတင်းတစ်ခုကတော့ ရန်ကုန်-နေပြည်တော်-မန္တလေး အဝေးပြေးလမ်း ပြဿနာပါ။ ပြီးခဲ့တဲ့ မေလ ၁၂ ရက် အမြန်လမ်း မိုင်တိုင် ၁၉၇/၆ မှာ ရာဇာမင်း ခရီးသည်တင်ဘတ်စ်ကား တံတားအောက် ထိုးကျတိမ်းမှောက်ခဲ့ပြီး နေရာမှာတင် ခရီးသည် ၁၄ ယောက် ပွဲချင်းပြီးသေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် ဒီအကြောင်း အရာပြောဆိုမှု ပိုများလာတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က စုံစမ်းရေးကော်မရှင်ဖွဲ့တာတွေ၊ သတင်းစာရှင်းလင်းပွဲတွေလုပ်သလို မီဒီယာအသီးသီးမှာလည်း ဒီအကြောင်း ဝေဖန်၊ ပြောဆို၊ ရေးသားမှုအများအပြားရှိခဲ့ပါတယ်။ ဒီအဝေးပြေး လမ်းမကြီးနဲ့ ပတ်သက်ပြီး သေဆုံးမှုတွေ ဘယ်လောက်ရှိခဲ့ပြီလဲ၊ ဘာတွေကြောင့် ဖြစ်ရတာလဲ၊ အသေအပျောက် လျော့နည်းအောင် လတ်တလော ဘာတွေ လုပ်ပေးရင် ရနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။ 

အစိုးရဘက်က ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းတွေအရ လမ်းစဖွင့်တဲ့ ၂၀၀၉ မတ်လကနေ ၂၀၁၄ ခုနှစ်၊ ဧပြီ ၂၂ ရက်အထိ ယာဉ်မတော်တဆမှု ၇၃၀ ကျော်၊ သေဆုံးသူ ၃၆၇ ယောက်နဲ့ ဒဏ်ရာရသူ ၁,၀၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ အခု နှစ်ဆန်းကနေ ဧပြီလလယ်အထိ ရက်ပေါင်း ၁၀၀ ကျော်အတွင်း

အခြေခံဥပဒေ ပြင်ဆင်ရေး စတင်ဆွေးနွေးမည်ဟု လွှတ်တော် ကိုယ်စားလှယ်များ ပြောကြား

ပြည်သူလူထုအကြား လှုပ်ရှားမှု အမျိုးမျိုးဖြင့် တောင်းဆိုနေသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လာမည့် မေလ နောက်ဆုံး ပတ်တွင် ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများတွင် စတင်ဆွေးနွေးဖွယ် ရှိကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေးများကို မေလ ၂၈ ရက်နေ့တွင်

အခြေခံဥပဒေနှင့် တပ်မတော် အပြန်အလှန်ကာကွယ်နေမှု အလားအလာမကောင်းဟု NCCT အဖွဲ့ ခေါင်းဆောင်ပြော

တပ်မတော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် အချင်းချင်း အပြန်အလှန်ကာကွယ်နေခြင်းဖြစ်ပြီး ယင်းကဲ့သို့ ကာကွယ်နေခြင်းသည် အလားအလာမကောင်းဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောသည်။
လက်ရှိ အနေအထားအရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်ကို အာဏာပေးထားပြီး တပ်မတော်ကလည်း ဖွဲ့စည်းပုံကို ကာကွယ်နေသည်ဟု ဦးနိုင်ဟံသာက မေ ၁၃ ရက်က မြစ်ကြီးနားမြို့တွင် ပြုလုပ်သည့် အစိုးရနှင့် ကေအိုင်အိုအဖွဲ့တို့၏ ဆွေးနွေးပွဲတွင် သတင်းမီဒီယာများကို ပြောဆိုလိုက်သည်။

လယ်သမားရေး လှုပ်ရှားသူတို့ကို ဖမ်းဆီးရာတွင် အကြမ်းဖက်မှုမရှိဟု ရဲတပ်ဖွဲ့ဆို

Photo: လယ်သမားရေး လှုပ်ရှားသူတို့ကို ဖမ်းဆီးရာတွင် အကြမ်းဖက်မှုမရှိဟု ရဲတပ်ဖွဲ့ဆို
Monday, May 19, 2014

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် သဲကုန်းမြို့နယ်တွင် လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ပွဲများ၊ သပိတ်စခန်း၊ ကျိန်စာတိုက်ပွဲများ၊ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည့် လယ်သမားများနှင့် လယ်သမားရေး လှုပ်ရှားသူတို့ကို ဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့က အကြမ်းဖက်မှု မရှိကြောင်း မေလ ၁၈ ရက်နေ့က သဲကုန်းမြို့ မကျီးဇင်ကျေးရွာတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သဲကုန်းမြို့မ ရဲစခန်းမှုးက ပြောကြားသည်။

ရဲတပ်ဖွဲ့မှ အကြမ်းဖက်ကာ ဓား၊ တုတ် အသုံးပြုသည်ဟု ဒေသခံများ စွပ်စွဲပြောဆိုချက်မှာ မှန်ကန်မှု မရှိဘဲ မြို့နယ်တရားသူကြီး ဖမ်းဝရမ်းအရ မေလ ၁၄ ရက်နေ့က ဖမ်းဆီးချိန်တွင် ရွာသားများက ရဲတပ်ဖွဲ့ဝင်များကို တံပိုးဖြင့် ရိုက်ခြင်း၊ အုတ်ခဲများကို လွယ်အိတ်ထဲ ထည့်ကာ ဝှေ့ယမ်းခြင်းများ ရှိပြီး ဒဏ်ရာရခဲ့သူများ (တရားစွဲခံရသူ) ကို ရွာသားများက ရဲတပ်ဖွဲ့လက်မှ အတင်းဝိုင်းဆွဲကြသည့် အရှိန်ဖြင့် မြေပေါ်သို့ ကျရာမှ ခေါင်းကွဲဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း စခန်းမှူးသို့ ဆက်သွယ်မေးမြန်းချိန်တွင် ယခုလို ပြောဆိုသည်။

“ကောင်းထက်ကျော် လဲကျသွားတော့ ဒေါ်ခင်မာအေးက ရင်ဝယ် ပိုက်ပွေ့တယ်။ သွေးတွေ သူ့လက်မောင်းမှာ ပေကုန်တာ။ ဘာဒဏ်ရာမှ မရှိဘူး၊ ရဲတပ်ဖွဲ့မှာလည်း ဓားကိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ ဥပဒေမဲ့ လုပ်တာ မဟုတ်ဘူး။ တရားဥပဒေကြောင်းအရပဲ လုပ်တာ” ဟု ရဲစခန်းမှူး ဒုရဲအုပ် ဦးဇော်အောင်က ထပ်မံရှင်းပြသည်။

အဆိုပါနေ့က ရဲတပ်ဖွဲ့မှာ လယ်သမားများကို ဖမ်းဆီးချိန်တွင် တုတ်၊ ဓား အသုံးပြုကာ ဖမ်းဆီးခြင်းကြောင့် ခေါင်းပေါက်ဒဏ်ရာနှင့် လက်မောင်းပြတ်ရှ ဒဏ်ရာရရှိမှု ရှိသည်ဟု တရားစွဲခံရသူများက ပြောဆိုမှု ရှိခဲ့သည်။

ဖမ်းဆီးချိန်တွင် ဒဏ်ရာရခဲ့သူ ဗကသကျောင်းသား လယ်သမားရေး လှုပ်ရှားသူ ဦးကောင်းထက်ကျော်နှင့် ပတ်သက်ပြီး ဗ.က.သ များအဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီက ပြစ်တင်ကန့်ကွက် ရှုတ်ချသည့် သဘောထား ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ကြောင့် ဗကသ အဖွဲ့ဝင် ဦးမင်းမင်းဇော်က The Voice သို့ ပြောဆိုသည်။

“ဝရမ်းမပြဘဲ တုတ်နဲ့ရိုက် ဓားနဲ့ ထိုးတဲ့ သဲကုန်းရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတာပါ။ ဒီလို အကြမ်းဖက် နှိမ်နင်းတာက ကျောင်းသားထု တစ်ရပ်လုံးကို စော်ကားတာပါ။ ဒီလုပ်ရပ်အတွက် အမှုမှန် အမြန်ဆုံး ဖော်ထုတ်ပေးဖို့၊ စွဲဆိုထားတဲ့ ပုဒ်မတွေကို ရုပ်သိမ်းပေးဖို့၊ ဖမ်းထားတဲ့ လယ်သမားတွေ လွှတ်ပေးဖို့၊ လယ်ယာမြေ ပြန်လည်ရရှိဖို့ကို တောင်းဆိုထားပါတယ်” ဟု ၎င်းကဆိုသည်။

၎င်းကြေညာချက် စာစောင်ကို သဲကုန်းမြို့ လူစည်ကားရာ နေရာများတွင် လှည့်လည် ဝေငှနေပြီး သက်ဆိုင်ရာ အစိုးရရုံးများကို ပေးဖို့ရန် စီစဉ်ထားကြောင်း ဗကသ အဖွဲ့ဝင်များထံမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် သဲကုန်းမြို့နယ်တွင် လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ပွဲများ၊ သပိတ်စခန်း၊ ကျိန်စာတိုက်ပွဲများ၊ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည့် အောင်ကုန်းကျေးရွာမှ ဒေသခံလယ်သမားများ ဖြစ်သည့် ဦးမောင်ဝင်း၊ ဒေါ်ညို၊ ဒေါ်ခင်မာအေးနှင့် လယ်သမားရေး လှုပ်ရှားနေသည့် ဦးကောင်းထက်ကျော်တို့ကို ပုဒ်မ (၅၀၅) (ခ) ဖြင့် ထပ်မံ တရားစွဲလိုက်ပြီ ဖြစ်ကြောင်း သဲကုန်းမြို့မ ရဲစခန်းမှူးက The Voice သို့ အတည်ပြု ပြောကြားသည်။

“နှစ်ယောက်က ဖမ်းမိတယ်။ နှစ်ယောက်ကတော့ ရွာထဲမှာ ရှိနေတယ်။ ရွာထဲကို ဝင်ဖမ်းပြန်ရင် ရွာထဲက လူတွေနဲ့ ရဲတပ်ဖွဲ့ကြားမှာ ပြဿနာ ထပ်ဖြစ်မှာစိုးလို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တစ်ဆင့် စည်းရုံးပြီးတော့ မေလ ၂၁ ရက် တရားရုံးချိန်းကို လာဖို့တော့ ပြောထားတယ်။ ကျွန်တော်တို့ ဘက်ကတော့ ဥပဒေအတိုင်း ဆောင်ရွက်နေရတာပါ” ဟု ၎င်းက ထပ်မံဆိုသည်။

သဲကုန်းမြို့နယ်တွင် လယ်ယာမြေ ပြန်လည်ရရှိရန် အတွက် ဒေသခံလယ်သမားများ ဆန္ဒထုတ်ဖော်ပွဲ၊ သပိတ်စခန်း၊ ကျိန်စာတိုက်ပွဲ၊ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ပြီး လယ်သမားခုနစ်ဦးနှင့် လယ်သမားရေး ဆောင်ရွက်သူ နှစ်ဦးတို့မှာလည်း ပုဒ်မ (၁၈)၊ ပုဒ်မ (၅၀၅) (ခ) တို့ဖြင့် တရားရင်ဆိုင်ကာ သုံးဦးမှာ ပေါင်းတည်အကျဉ်းထောင်တွင် ချုပ်နှောင်ခံထားနေရကြောင်း အောင်ကုန်းကျေးရွာမှ သိရှိရသည်။

The Voice Weekly 
 ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် သဲကုန်းမြို့နယ်တွင် လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ပွဲများ၊ သပိတ်စခန်း၊ ကျိန်စာတိုက်ပွဲများ၊ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည့် လယ်သမားများနှင့် လယ်သမားရေး လှုပ်ရှားသူတို့ကို ဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့က အကြမ်းဖက်မှု မရှိကြောင်း မေလ ၁၈ ရက်နေ့က သဲကုန်းမြို့ မကျီးဇင်ကျေးရွာတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သဲကုန်းမြို့မ ရဲစခန်းမှုးက ပြောကြားသည်။

ရဲတပ်ဖွဲ့မှ အကြမ်းဖက်ကာ ဓား၊ တုတ် အသုံးပြုသည်ဟု ဒေသခံများ စွပ်စွဲပြောဆိုချက်မှာ မှန်ကန်မှု မရှိဘဲ မြို့နယ်တရားသူကြီး ဖမ်းဝရမ်းအရ မေလ ၁၄ ရက်နေ့က ဖမ်းဆီးချိန်တွင် ရွာသားများက ရဲတပ်ဖွဲ့ဝင်များကို တံပိုးဖြင့် ရိုက်ခြင်း၊ အုတ်ခဲများကို လွယ်အိတ်ထဲ ထည့်ကာ ဝှေ့ယမ်းခြင်းများ ရှိပြီး ဒဏ်ရာရခဲ့သူများ

ခံရပြီး ပြန်လည် လွတ်မြောက် လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ

 
KIA (ကချင်) လက်နက်ကိုင် အဖွဲ့သည် ကချင်ပြည်နယ် အတွင်း မေလ ၃ ရက်မှ ၇ ရက်အထိ မြစ်ကြီးနား မြို့နယ် ၊ မြစ်ဆုံဒေသမှ ဒေသခံ ပြည်သူများ ၊ နိုင်ငံ့ ၀န်ထမ်းများ ၊ ကျောင်းနေအရွယ် ကလေးများ နှင့် အမျိုးသမီး များ စုစုပေါင်း ၅၈ ဦးကို အဓမ္မ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီး ဖမ်းဆီး ခေါ်ဆောင် သွားသူများအား အမြန်ဆုံး ပြန်လည် စေလွှတ် ပေးနိုင်ရေး အတွက် ဒေသခံ ပြည်သူများမှ နိုင်ငံတော် အစိုးရ နှင့် ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်ရုံး အပါအ၀င် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ သို့ အကူအညီ တောင်းခံစာများ ပေးပို့ခြင်း ၊ တပ်မတော် စစ်ကြောင်းများ မှလည်း ဖိဖိစီးစီးဖြင့် အပင်ပန်းခံ ကြိုးစား ရှာဖွေ ဆောင်ရွက်ခြင်း များ ဆောင်ရွက် ခဲ့သည့်အတွက် KIA (ကချင်) လက်နက်ကိုင် တို့လက်မှ ပြန်လည် လွတ်မြောက် လာသူများ အနက် မေလ ၁၂ ရက်တွင် ၁၈ ဦး ၊ မေလ ၁၆ ရက်တွင်

မုတ်သုံရာသီ ရောက်ရှိလာသောကြောင့် မေလကုန် အထိ မိုးကြိုးပစ်မှုများ ဆက်တိုက် ဖြစ်ပေါ်လာနိုင်

မုတ်သုံ ရာသီဥတု ကာလသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့်မေလကုန် အထိ မိုးကြိုးပစ်မှုများ ဆက်တိုက် ဖြစ်ပေါ်လာနိုင်သည်ဟု မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။
မုတ်သုံ ဝင်ရောက်မှု အနေဖြင့် မြန်မာနိုင်ငံ တောင်ပိုင်းတွင် မုတ်သုံ စတင် ဝင်ရောက်နေပြီး မိုးကြိုး ပစ်ခတ်မှု အထူး သတိထားရမည့် ကာလဖြစ်ကြောင်း ဆက်လက်၍ လာမည့် ငါးရက်အတွင်း တနင်္သာရီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ် အတွင်း မုတ်သုံ ဝင်ရောက်နိုင်ပြီး မိုးကြိုးပစ်ခတ်မှုများ ရှိလာနိုင်ကြောင်း ၎င်းက ပြောသည်။

စတနာအမှားနှင့် နေရာအမှား

ယခင်အုပ်ချုပ်ခဲ့သည့် အစိုးရနှစ်ဆက် လက်ထက်က အရေးပါသည့်နေရာတွင် ပါဝင်လုပ်ဆောင်ခဲ့သူ အချို့က ၎င်းတို့အတိတ်က ဆောင်ရွက်ခဲ့သည့် လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ကာကွယ်ပြောဆိုကြရာတွင် ၎င်းတို့၏ လုပ်ဆောင်မှုများတွင် အမှားများပါဝင်ကောင်းပါဝင်လိမ့်မည်။
သို့သော် ထိုအမှားများသည် တိုင်းပြည်အပေါ် စေတနာဖြင့် လုပ်ဆောင်ခဲ့ခြင်းကြောင့် ခွင့်လွှတ်သင့်ကြောင်း ပြောဆိုလေ့ရှိသည်ကို မကြာခဏကြားရပေသည်။ ယင်းကဲ့သို့ပြောဆိုချက်သည် အမှန်တကယ် ကျိုးကြောင်းဆီလျော်ပါသလား။
အမှန်တကယ် တိုင်းပြည်အတွက် စေတနာဖြင့် လုပ်ဆောင်ခဲ့ကြသည်ဆိုပါလျှင် တာဝန်ယူလုပ်ဆောင်ပြီး ကာလတစ်ခု၌ ပြန်လည်သုံးသပ်ပြီးနောက် လျှောက်ခဲ့သည့် လမ်းမည်သည့်နေရာက မှန်ခဲ့ပြီး မည်သည့် နေရာက လွဲဖယ်ခဲ့သည်ဆိုသည်ကို မြင်နိုင်ကြမည်မှာ မလွဲဧကန်ဖြစ်ပါသည်။

မြောက်ကိုရီးယား၌ ၂၃ ထပ်တိုက် ပြိုကျခဲ့သော်လည်း သတင်း ထိမ်ချန်မိ၍ ပြည်သူကို တောင်းပန်

ပြီးခဲ့သည့်သီတင်းပတ်က တိုက်ခန်းအဆောက်အအုံတစ်ခု ပြိုကျမှုနှင့်ပတ်သက်၍ လူများစွာသေဆုံးခဲ့ ရသည့် အတွက် မြောက်ကို ရီးယားက တောင်းပန်မှုပြုခဲ့သည်ဟု သိရသည်။
၎င်းအဆောက်အအုံ ပြိုကျမှုသည် အင်္ဂါနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တနင်္ဂနွေနေ့နံနက်မှပင် သတင်း

မြောက်ကိုရီးယား ပြုံယမ်းက တိုက်ပြိုကျမှု ကင်ဂျုံအမ် အိပ်မပျော်နိုင်ဖြစ်ခဲ့

Photo: မြောက်ကိုရီးယား ပြုံယမ်းက တိုက်ပြိုကျမှု ကင်ဂျုံအမ် အိပ်မပျော်နိုင်ဖြစ်ခဲ့
Monday, May 19, 2014

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့က ၂၃ ထပ် တိုက်တလုံး ပြိုကျတာကို မြောက်ကိုရီးယားအစိုးရက လူထုကို တောင်းပန် တယ်လို့ ထုတ်ပြန်ပြီး ခေါင်းဆောင် ကင်ဂျုံအမ်းကလည်း အလိုလူ့အသက်များစွာ ဆုံးရှုံး ရတဲ့အတွက် အတော် စိတ်ထိ ခိုက်ရတယ်လို့ ကြေညာပါတယ်။ ဒါဟာ မြောက်ကိုရီးယားမှာ လုပ်လေ့လုပ်ထားမရှိဘဲ ပထမဆုံး ထူးထူးခြားခြား ထုတ်ပြန်လိုက်တဲ့ တောင်း ပန်ကြောင်း ကြေညာတာပါ။ 

လူပေါင်း ရာနဲ့ချီသေဆုံးနိုင်တဲ့ တိုက်ပြိုကျမှုကို ကိုရီးယား ဗဟို သတင်းဌာနက ဖော်ပြတာ မှာ ခေါင်းဆောင် ကင်ဂျုံအမ်း ဟာ အခုလို ဆိုးရွားတဲ့ တိုက်ပြိုကျမှုကြောင့် အိပ်လို့တောင် မပျော်ဘူးလို့ ကြေညာပါသတဲ့။ 

ဒါပေမယ့် အဲဒီ တိုက်ပြိုကျမှုဟာ ဘယ်နေရာမှာဆိုတာ မြောက်ကိုရီးယားသတင်းဌာနက ထုတ်ပြန် မကြေညာသလို ဘယ် နှစ် ယောက်သေဆုံးတယ်ဆိုတာလည်း မကြေညာခဲ့ပါဘူး။ 

၂၃ ထပ်ရှိတဲ့ လူနေတိုက်ခန်းမှာ တိုက်ခန်းတခုမှာ မိသားစုဝင် လူ အနည်းဆုံး ၄ ယောက်နေထိုင်ကြပြီး အခန်း အနည်းဆုံး ၉၀ လောက်ရှိတဲ့ တိုက်ဖြစ်တယ်လို့လည်း တာဝန်ရှိသူတချို့က ပြောတယ်လို့ ဆိုပါ တယ်။ 

အိမ့်သံစဉ်
မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့က ၂၃ ထပ် တိုက်တလုံး ပြိုကျတာကို မြောက်ကိုရီးယားအစိုးရက လူထုကို တောင်းပန် တယ်လို့ ထုတ်ပြန်ပြီး ခေါင်းဆောင် ကင်ဂျုံအမ်းကလည်း အလိုလူ့အသက်များစွာ ဆုံးရှုံး ရတဲ့အတွက် အတော် စိတ်ထိ ခိုက်ရတယ်လို့ ကြေညာပါတယ်။ ဒါဟာ မြောက်ကိုရီးယားမှာ လုပ်လေ့လုပ်ထားမရှိဘဲ ပထမဆုံး ထူးထူးခြားခြား ထုတ်ပြန်လိုက်တဲ့ တောင်း ပန်ကြောင်း ကြေညာတာပါ။

လက်ပံတောင်း ဆည်တဲရွာမှ ဥပဒေမဲ့ အကြမ်းဖက်သမားများအား ပြတ်ပြတ် သားသား အရေးယူရန် လိုအပ်

Photo: လက်ပံတောင်း ဆည်တဲရွာမှ ဥပဒေမဲ့ အကြမ်းဖက်သမားများအား ပြတ်ပြတ် သားသား အရေးယူရန် လိုအပ်
Monday, May 19, 2014

ယမန်နေ့ နံနက်(၁ဝ)နာရီတွင် မုံရွာကြေးနီသတ္တုစီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသော တရုတ်နိုင်ငံသား(၂)ဦးအဖမ်းခံရပြီး အချက်(၃)ချက် တောင်းဆိုခဲ့ရာမှ အကြမ်းဖက်မှုအား ထိထိရောက်ရောက် ဖြေရှင်းနိုင်ရန် လိုအပ်လျက် ရှိကြောင်း သိရှိရသည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်အရ ဖမ်းဆီးထားသူများက နံနက်ပိုင်းက ဖမ်းဆီးသွားခဲ့သော ဆန္ဒပြဆန့်ကျင်မှုများကို ဦးစီးဆောင်ရွက်နေသူ အောင်စိုးအား အမြန်ဆုံးပြန်လွှတ်ပေးရန်၊ စီမံကိန်းနယ်မြေအတွင်း ဆောင်ရွက်နေမှုများ အားလုံး ရပ်ဆိုင်းပေးရန်၊ အစိုးရထံမှ မြေယာလျော်ကြေး ရယူရန် ငြင်းဆန်နေသူများ၏ လယ်မြေများ အားလုံးကို ပြန်လည်ပေးအပ်ရန် အချက်(၃)ချက်ကို တောင်းဆိုခဲ့ကြောင်း၊ ဤသို့ ဖမ်းဆီးထားခြင်းကို ရဲတပ်ဖွဲ့အား တိုင်ကြားပြီး ရဲတပ်ဖွဲ့က ၀င်ရောက်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ပါက ဖမ်းဆီးထားသူများကို သတ်ပစ်မည် ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသည့်အထဲတွင် တရုတ်နိုင်ငံသား ၂ ယောက် အပြင် မြန်မာနိုင်ငံသား ၀န်ထမ်း ကိုခင်အောင်မိုးဆိုသူလည်း ပါဝင်ကြောင်း၊ ယခုအခါ ကိုခင်အောင်မိုးကတော့ ပြန်လွတ်လာပြီဟု သိရှိရကြောင်း၊ သူတို့ ၀န်ထမ်းနှစ်ဦးကို ဖမ်းဆီးထားသူတွေဟာ သူတို့ရဲ့စီမံကိန်းကို ဆန့်ကျင်တဲ့ လူနည်းစု အစွန်းရောက် တက်ကြွလှုပ်ရှားသူတွေသာဖြစ်ပြီး ဒီလူတွေ ပြန်လွတ်လာဖို့ ကမ်းလှမ်းဆောင်ရွက်နေ ကြတဲ့ ကျေးရွာ လူကြီးတွေနဲ့ ကျန်ကျေးရွာသားတွေ ကိုလည်း ကျေးဇူး တင်ကြောင်း ၀မ်ပေါင်ကြေညာချက်မှာ ဖော်ပြပါရှိကြောင်း သိရှိရသည်။ 

“အောင်စိုး ဆိုတာက အစိုးရက ဖမ်းဝရမ်း ထုတ်ထားတဲ့ တရားခံပြေး တစ်ယောက်ဖြစ်ပါတယ်။ သူ့ကို ဖမ်းတာဟာ ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒါကို မကျေနပ်လို့ စီမံကိန်းဧရိယာထဲမှာ မြေတိုင်းသွားတဲ့ တရုတ်နိုင်ငံသား နှစ်ယောက်နဲ့ မြန်မာနိုင်ငံသား တစ်ယောက်တို့ကို ဒီလိုမျိုး ဓါးစာခံ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာဟာ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်း မရှိပါဘူး။ မြန်မာနိုင်ငံအလယ်ပိုင်းမှာ ဒီလိုမျိုး သူပုန်ရွာကြီး ထောင်ပြီး ဥပဒေနဲ့ လုပ်ချင်တိုင်းလုပ်နေတာမျိုး ကိုတော့ ပြင်းပြင်းထန်ထန် အရေးယူဖို့ လိုပါတယ်။ ဒီကိစ္စဟာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ကိုလည်း ခြိမ်းခြောက်ရာ ရောက်ပါတယ်။ ဒီအတိုင်း ဥပဒေမဲ့ အကြမ်းဖက်တာကို အစိုးရအနေနဲ့ ထိထိရောက်ရောက် အရေးယူပေးဖို့ လိုပါတယ်။ ဒါက ဆန္ဒထုတ်ဖော်တာနဲ့ မဆိုင်ဘူး။ လက်ပံတောင်းပြဿနာနဲ့ မဆိုင်ပါဘူး။ ဒါက အကြမ်းဖက်လုပ်ရပ်ပါ” ဟု အထက်မြန်မာပြည် မျိုးချစ်လူငယ်များအဖွဲ့က ထုတ်ဖော်ပြောကြားသည်။ 

“အာဏာပိုင်တွေက မနေ့က ည ၁၂ နာရီ နောက်ဆုံးထားပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်။ ဆည်တဲရွာလူကြီးတွေက အကြမ်းဖက်သမားတွေနဲ့ အာဏာပို်င်တွေအကြား ကြားဝင်ညှိနှိုင်းပေးတယ်။ ဒါပေမယ့် အကြမ်းဖက်သမားတွေက လက်မခံဘူး။ ည ၁၁ နာရီမှာ ဖမ်းထားတဲ့ တရုတ်နိုင်ငံသားတွေကို ရိုက်တာနှက်တာတွေ လုပ်တယ်။ ကျွန်တော်တို့လည်း စီမံကိန်းကို ဆန့်ကျင်တဲ့ထဲမှာ ပါပါတယ်။ ဒါပေမယ့် အခုဟာက အကြမ်းဖက်တာဗျ။ ဒီလိုမျိုး လုပ်ချင်တိုင်း ထင်ရာစိုင်းနေတာကိုတော့ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးဖို့ လိုတယ် ထင်တယ်ဗျ။ အကြမ်းဖက်တာကို ကျွန်တော်တို့ လက်မခံပါဘူး”ဟု မုံရွာမြို့ခံ တစ်ဦးက ပြောဆိုသည်။ 

“အကြမ်းဖက်သမားတွေ မြန်မာနိုင်ငံအလယ်ပိုင်းလို နေရာမျိုးမှာ သူပုန်စခန်းတွေ ဆောက်ပြီး လှုပ်ရှားနေတာပဲ။ ဒီလို အကြမ်းဖက်သမားတွေ ခိုအောင်းနေတဲ့ နေရာတွေကို ဖြိုခွင်းပြီး အကြမ်းဖက်သမားတွေကို အမြန်ဆုံး ဖမ်းဆီးအရေးယူပေးဖို့ အစိုးရနဲ့ ရဲတပ်ဖွဲ့၊ တပ်မတော်တို့ကို တောင်းဆိုချင်ပါတယ်။ အကြမ်းဖက်သမားကို အကြမ်းသမားလို့ ရှင်းရှင်းလင်းလင်း မြင်ဖို့၊ အကြမ်းဖက်လုပ်ရပ်ကို အကြမ်းဖက်လုပ်ရပ် လို့ ရှင်းရှင်းလင်းလင်း မြင်ဖို့ လိုပါတယ်။ တရုတ်နိုင်ငံသားပဲ ဖြစ်ဖြစ်၊ အမေရိကန်နိုင်ငံသားပဲ ဖြစ်ဖြစ် ဒီနိုင်ငံထဲမှာ ဒီလိုမျိုး အလုပ်ခံရတာ ကျွန်တော်တို့ လုံးဝလက်မခံပါဘူး။ မနေ့က တစ်ညလုံး ညှိနှိုင်းပြီးပြီ။ အခုအချိန်ထိလည်း အကြမ်းဖက်သမားတွေက ပြန်လွှတ်မပေးဘူး။ အကြမ်းဖက်သမားတွေနဲ့ ညှိနှိုင်းစရာ မလိုဘူး ထင်တယ်။ ဒီအကြမ်းဖက်မှုနောက်ကွယ်မှာ ပါဝင်ပတ်သက်နေတဲ့ ဟန်ဝင်းအောင် ဦးဆောင်တဲ့အဖွဲ့၊ မိုးသီးဇွန်ဦးဆောင်တဲ့ အဖွဲ့၊ ဒါတွေအားလုံးကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ တောင်းဆိုပါတယ်။ ဒီလုပ်ရပ်ကို ထောက်ခံသူအားလုံးဟာ အကြမ်းဖက်သမားတွေကို အားပေးအားမြှောက် လုပ်သူတွေပါပဲ။ ကျွန်တော်တို့အနေနဲ့ အကြမ်းသမားနဲ့ တက်ကြွလှုပ်ရှားသူ ခွဲခြားပြီး မြင်ဖို့ လိုတယ်” ဟု မြန်မာနိုင်ငံ လူငယ်များအစည်းအရုံး ဦးဆောင်သူ ကိုရဲရင့်အောင် က ပြောသည်။ 

“အကြမ်းဖက် လုပ်ရပ်တွေကို ရှုတ်ချပါတယ်။ အစိုးရအနေနဲ့ ပြတ်ပြတ်သားသား ကိုင်တွယ် ဖြေရှင်းပေးဖို့ လိုပါပြီ။ ဒီလို အကြမ်းသမားတွေကို အမြစ်ပြတ်သွားအောင် နှိမ်နင်းပေးဖို့ လိုပါတယ်။ ဒါဟာ နစ်နာမှုတွေကို ရိုးရိုးသားသား ဆန္ဒထုတ်ဖော် တောင်းဆိုနေတဲ့ ပြည်သူတွေရဲ့ လုပ်ဆောင်ချက်ကို ဖျက်ဆီးလိုက်တာပါပဲ။ ဆည်တဲရွာထဲက အကြမ်းဖက်သမားတွေကို ကျေးရွာနေ ပြည်သူတွေက မကူညီဖို့ လိုပါတယ်။ အစိုးရအနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါက ရိုးသားတဲ့ ပြည်သူတွေ မဟုတ်တော့ပါဘူး။ သူတို့က အကြမ်းဖက်သမားတွေ ဖြစ်နေပါပြီ။ အကြမ်းဖက်လုပ်ရပ်တွေအတွက် အကြမ်းဖက်သမားတွေအတွက် နေစရာ မရှိဘူး ဆိုတာမျိုး ဖြစ်အောင် စံနမူနာပြ လုပ်ဆောင်ပေးဖို့ တောင်းဆိုပါတယ်” ဟု လက်ပံတောင်းတောင် စိမ်းလန်းစိုပြေရေးအဖွဲ့က ထုတ်ဖော်ပြောကြားသည်။

အသေးစိတ်သိရှိလိုပါက ဦးမြင့်သိန်း@Mr.Dong Yun Fei ဝမ်ပေါင်အုပ်ချုပ်မှုမန်နေဂျာ-095186204 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရသည်။

P-84665398340-753221

ပြည်သူ့အာဏာ 
 ယမန်နေ့ နံနက်(၁ဝ)နာရီတွင် မုံရွာကြေးနီသတ္တုစီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသော တရုတ်နိုင်ငံသား(၂)ဦးအဖမ်းခံရပြီး အချက်(၃)ချက် တောင်းဆိုခဲ့ရာမှ အကြမ်းဖက်မှုအား ထိထိရောက်ရောက် ဖြေရှင်းနိုင်ရန် လိုအပ်လျက် ရှိကြောင်း သိရှိရသည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်အရ ဖမ်းဆီးထားသူများက နံနက်ပိုင်းက ဖမ်းဆီးသွားခဲ့သော ဆန္ဒပြဆန့်ကျင်မှုများကို ဦးစီးဆောင်ရွက်နေသူ အောင်စိုးအား အမြန်ဆုံးပြန် လွှတ်ပေးရန်၊ စီမံကိန်းနယ်မြေအတွင်း ဆောင်ရွက်နေမှုများ အားလုံး ရပ်ဆိုင်းပေးရန်၊ အစိုးရထံမှ မြေယာလျော်ကြေး ရယူရန် ငြင်းဆန်နေသူများ၏ လယ်မြေများ

ရဲတပ်ဖွဲ့ဝင်လေးဦး ကျဆုံးသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရမှုတွင် ပျောက်ဆုံး ရဲနှစ်ဦး ပြန်တွေ့

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံ နယ်စပ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ရိုဟင်ဂျာ အမည်ခံ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်သည့် RSO ၏ ချုံခိုတိုက်ခိုက် ခံရမှုကြောင့် ရဲတပ်သားလေးဦး ကျဆုံးခဲ့ပြီး နှစ်ဦး ပျောက်ဆုံးခဲ့ရာ ယင်းပျောက်ဆုံးနေသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ပြန် လည်တွေ့ရှိပြီ ဖြစ်ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မေလ ၁၇ ရက်နေ့ နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင် ရှစ်ဦး ပါဝင်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့သည် မဟာဗန္ဓုလကျေးရွာတွင် ပြုလုပ်သည့် အစည်းအဝေးကို တက်ရောက်ရန် လာစဉ် မိုင်တိုင်အမှတ် ၅၂ အရောက်တွင် အင်အား ၆၀ ခန့် ပါဝင်သည့် RSO (Rohingya Solidarity Organization) အဖွဲ့က

တိုက်ပြိုကျ လူသေဆုံးမှု မြောက်ကိုရီးယားအစိုးရ တောင်းပန်

Photo: တိုက်ပြိုကျ လူသေဆုံးမှု မြောက်ကိုရီးယားအစိုးရ တောင်းပန်
Monday, May 19, 2014

မြောက်ကိုးရီးယားနိုင်ငံ Pyongyan မြို့တော်မှာ ဆောက်လက်စတိုက်တစ်လုံး ပြိုကျပျက်စီးခဲ့တဲ့အတွက် အာဏာပိုင်တွေက မလုပ်စဖူး လူသိရှင်ကြား တောင်းပန်ခဲ့ပါတယ်။
 
အဲဒီ တိုက်ပြိုကျမှုမှာ လူတွေ ရာနဲ့ချီသေဆုံးနိုင်ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူတွေက မှတ်ချက်ပေးထားပါတယ်။
 
မြောက်ကိုရီးယားနိုင်ငံသမိုင်းမှာ ဖြစ်တောင့်ဖြစ်ခဲ သတင်းမီဒီယာကနေ ဆောက်လက်စတိုက် ပြိုကျတဲ့သတင်းတပုဒ်ကို ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

ပြုံယမ်းမြိုကက မိသားစု ၁၀၀ နီးပါး နေထိုင်တဲ့ ၂၃ ထပ်အမြင့် ဆောက်လက်စတိုက် တစ်လုံးပြိုကျတဲ့ သတင်းကို မြောက်ကိုရီးယားက KCNA သတင်းဌာနက တနင်္ဂနွေနေ့က ဖော်ပြခဲ့ပေမယ့် လူ ဘယ်နှစ်ယောက် သေတယ်ဆိုတဲ့အချက်ကို တိတိကျကျ သတင်းမထုတ်ပြန်ခဲ့ပါဘူး။

ဆောက်လုပ်ရေးလုပ်သူတွေက သေသေချာချာ တာဝန်မယူခဲ့တဲ့အတွက် အခုလို တာဝန်မဲ့လုပ်ရပ်ကို တာဝန်ရှိသူတွေက ကြည့်ကြပ်ကွပ်ကဲမယ်လို့ပဲ သတင်းက ဖော်ပြပါတယ်။
 
ဆောက်လုပ်ရေးလုပ်ငန်း မပြီးပြတ်သေးခင် တိုက်ခန်းထဲဝင်ရေက်နေထိုင်တာ မြောက်ကိုရီးယားမှာ ပုံမှန် လုပ်နေကျဖြစ်တယ်လို့ အမည်မဖော်တဲ့ တောင်ကိုရီးယား တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ ဆောက်လက်စတိုက်ထဲ ဝင်နေတဲ့ ရာနဲ့ချီတဲ့ မိသားစုဝင်တွေကတော့ အသက်ဆုံးရှုံးဖွယ်ရာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
 
မြောက်ကိုရီးယား အစိုးရတာဝန်ရှိသူတစ်ယောက်ကတော့ ဒီဖြစ်ရပ်ဟာ ယုံနိုင်စရာမရှိတဲ့ မတော်တဆမှုဖြစ်တယ်လို့ဆိုပြီး လူသိရှင်ကြား တောင်းပန်ခဲ့တာဖြစ်ပါတယ်။

VOA

မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာ ဆောက်လက်စတိုက်ခန်းတွေ ပြိုကျပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်များ။ (မေ ၁၈၊ ၂၀၁၄)
မြောက်ကိုးရီးယားနိုင်ငံ Pyongyan မြို့တော်မှာ ဆောက်လက်စတိုက်တစ်လုံး ပြိုကျပျက်စီးခဲ့တဲ့အတွက် အာဏာပိုင်တွေက မလုပ်စဖူး လူသိရှင်ကြား တောင်းပန်ခဲ့ပါတယ်။

အဲဒီ တိုက်ပြိုကျမှုမှာ လူတွေ ရာနဲ့ချီသေဆုံးနိုင်ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူတွေက မှတ်ချက်ပေးထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံသမိုင်းမှာ ဖြစ်တောင့်ဖြစ်ခဲ သတင်းမီဒီယာကနေ ဆောက်လက်စတိုက် ပြိုကျတဲ့

လစ်ဗျားလွှတ်တော်ကို လက်နက်ကိုင်တချို့ ဝင်စီး

Photo: လစ်ဗျားလွှတ်တော်ကို လက်နက်ကိုင်တချို့ ဝင်စီး
Monday, May 19, 2014

လစ်ဗျားနိုင်ငံက အနားယူသွားတဲ့ ဗိုလ်ချုပ်တဦးအပေါ် သစ္စာခံတဲ့ လက်နက်ကိုင်အုပ်စုတွေက လွှတ်တော်အဆောက်အဦးကို ၀င်စီးပြီး တဲ့နောက် လွှတ်တော်ကို ရပ်ဆိုင်းထားလိုက်တဲ့ အကြောင်း ကြေညာလိုက်ပါတယ်။

ရာထူးက အနားယူသွားပြီဖြစ်တဲ့ ဗိုလ်ချုပ် Khalifa Haftar အပေါ် သစ္စာခံတဲ့ တပ်ပြေးအုပ်စုတွေက ထရီပိုလီမြို့မှာရှိတဲ့ လွှတ်တော် အဆောက်အဦးကို တနင်္ဂနွေနေ့မှာ ၀င်စီးပြီး လွှတ်တော်အမတ်တွေရဲ့ ရုံးခန်းတွေကိုလည်း ၀င်ရောက် ဖျက်ဆီးပစ်ခဲ့ကြတာပါ။

အစ္စလာမ်ဝါဒီ လွှတ်တော်အမတ်တွေကို ဖမ်းဆီးဖို့ကြိုးစားတဲ့အနေနဲ့ အဲဒီ လက်နက်ကိုင်အုပ်စုတွေက လွှတ်တော်ကို ၀င်စီးခဲ့တာဖြစ်တယ်လို့ သက်ဆိုင်ရာ အရှိတွေက ပြောပါတယ်။ ဒါပေမယ့် သူတို့ ၀င်မစီးခင်မှာဘဲ လွှတ်တော်အမတ်တွေကို ဘေးကင်းရာကို အရင် ပြောင်းရွှေ့ခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီ လက်နက်ကိုင်အုပ်စုတွေက လွှတ်တော်ကိုသွားတဲ့လမ်းတွေကို ပိတ်ထားလိုက်ပြီး အနီးနားမှာရှိတဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေ ထိန်းချုပ် ထားတဲ့ စစ်အခြေစိုက်စခန်းကိုလည်း အမြောက်နဲ့ ပစ်ခတ်ခဲ့တယ်လို့ လုံခြုံရေး အရာရှိတွေက ပြောပါတယ်။

ဗိုလ်ချုပ် Khalifa Haftar အပေါ် သစ္စာခံတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ထရီပိုလီမြို့တောင်ပိုင်း လေဆိပ်အနီးက နေရာအတော်များများကို သိမ်းပိုက် ထားတယ်လို့ ဆိုပါတယ်။ ထရီပိုလီမြို့မှာ အခုဖြစ်ပေါ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ ဘန်ဂါဇီမြို့မှာ ဗိုလ်ချုပ် Khalifa Haftar ရဲ့ အမျိုးသား တပ်မတော်နဲ့ အစ္စလာမ် စစ်သွေးကြွတွေအကြား ပြီးခဲ့တဲ့ သောကြာနေ့မှာ တိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့နောက်မှာ ဖြစ်လာတာပါ။

VOA

လစ်ဗျားလွှတ်တော်အဆောက်အဦးနောက် မီးခိုးတွေထွက်နေရာကို လက်နက်ကိုင်ထားသူတွေက လက်နက်တွေနဲ့ ချိန်ရွယ်စောင့်ကြည့်နေစဉ်။ (မေ ၁၈၊ ၂၀၁၄) 
လစ်ဗျားနိုင်ငံက အနားယူသွားတဲ့ ဗိုလ်ချုပ်တဦးအပေါ် သစ္စာခံတဲ့ လက်နက်ကိုင်အုပ်စုတွေက လွှတ်တော်အဆောက်အဦးကို ၀င်စီးပြီး တဲ့နောက် လွှတ်တော်ကို ရပ်ဆိုင်းထားလိုက်တဲ့ အကြောင်း ကြေညာလိုက်ပါတယ်။

ရာထူးက အနားယူသွားပြီဖြစ်တဲ့ ဗိုလ်ချုပ် Khalifa Haftar အပေါ် သစ္စာခံတဲ့ တပ်ပြေးအုပ်စုတွေက ထရီပိုလီမြို့မှာရှိတဲ့ လွှတ်တော် အဆောက်အဦးကို တနင်္ဂနွေနေ့မှာ ၀င်စီးပြီး လွှတ်တော်အမတ်တွေရဲ့

မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး လွှတ်တော်အမတ်များ ပိုမိုထောက်ခံလာရန် တစ်နိုင်ငံလုံးတွင် မြို့နယ်အဖွဲ့များ ဖွဲ့စည်းသွားကာ တရားသောနည်းလမ်းဖြင့် ပြည်သူ့ဆန္ဒများ ရယူသွားမည်ဟု မ .ဘ .သ (ဗဟို)ပြောကြား

Photo: မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး လွှတ်တော်အမတ်များ ပိုမိုထောက်ခံလာရန် တစ်နိုင်ငံလုံးတွင် မြို့နယ်အဖွဲ့များ ဖွဲ့စည်းသွားကာ တရားသောနည်းလမ်းဖြင့် ပြည်သူ့ဆန္ဒများ ရယူသွားမည်ဟု မ .ဘ .သ (ဗဟို)ပြောကြား
Monday, May 19, 2014

မျိုးစောင့်ဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး တစ်နိုင်ငံလုံးတွင် မြို့နယ်အဖွဲ့များ ဖွဲ့စည်းကာ တရားသောနည်းလမ်းဖြင့် ပြည်သူ့ဆန္ဒများရ ယူသွားမည်ဖြစ်ကြောင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ ဗဟိုအလုပ်အမှုဆောင် ဦးအောင်မြိုင်က မေ ၁၇ ရက်က ပြောကြားသည်။

မေ ၁၇ ရက်က ရန်ကုန်မြို့၊ အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်၌ ပြုလုပ်သည့် မျိုးစောင့်ဥပဒေဆိုင်ရာ သတင်းစာရှင်းလင်းပွဲအပြီးတွင် ဦးအောင်မြိုင်က မီဒီယာများအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးအောင်မြိုင်က “ကျွန်တော်တို့ အခုလုပ်နေတဲ့ အမျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း လွှတ်တော်မှာထောက်ခံတဲ့ အမတ်တွေ၊ မထောက်ခံတဲ့ အမတ်တွေ ရှိလာမယ်။ ဒီအခါမှာ ကျွန်တော်တို့က မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေးကို ထောက်ခံတဲ့ အမတ်တွေ များလာဖို့အတွက် မြို့နယ်တိုင်းမှာရှိတဲ့ မ.ဘ.သ ကော်မတီတွေက ဒီထက်ပိုပြီးတော့ လုပ်သွားမယ်။ တကယ်လို့ ၀ံသာနုရက္ခိတအဖွဲ့ မဖွဲ့ရသေးတဲ့ မြို့နယ်တွေရှိရင် အခုအချိန်မှာ လာမယ့်နှစ်ပတ်လည် ညီလာခံကြီး မတိုင်မီ သုံးလအတွင်း ဒီဝံသာနုရက္ခိတအဖွဲ့တွေကို တစ်နိုင်ငံလုံးက မြို့နယ်တွေမှာ စတင်ဖွဲ့စည်းနိုင်ရေး လုပ်ဆောင်နေပါတယ်။ ဒါတွေက လွှတ်တော်မှာ သူ့ဘက်ကိုယ့်ဘက်ငြင်းခုံမယ့် အပိုင်းတွေ ရှိလာမယ်ဆိုရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြည်သူ့ဆန္ဒကဘာလဲ။ ပြည်သူလိုချင်တာ ဘာလဲဆိုတာကို ကျွန်တော်တို့ ဒီလွှတ်တော်အမတ်တွေသိအောင် တရားသောနည်းလမ်းနဲ့ပဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ နေရာမှာ ဆန္ဒပြပွဲတွေလို ဆောင်ရွက်ဖို့ မဟုတ်ပါဘူး။ လမ်းတွေပေါ်မှာ လူတွေ ၀ရုန်းသုန်းကားဖြစ်အောင် ဆောင်ရွက်သွားဖို့ မရှိပါဘူး။ ကျွန်တော်တို့က စုရပ်ကလေးတွေမှာ ကျွန်တော်တို့ ဟောပြောပွဲတွေလုပ်ပြီးတော့ သက်ဆိုင်ရာကသိအောင် ကျွန်တော်တို့ပို့သွားမယ်။ အဲ့ဒီလို တစ်နိုင်ငံလုံးကို မ.ဘ.သ မြို့နယ်အဖွဲ့တွေက လုပ်ဆောင်သွားမယ်” ဟု ဆိုသည်။

လူထုဆန္ဒခံယူပွဲများ ပြုလုပ်ရန် စီစဉ်ထားမှုတွင် မ.ဘ.သ(ဗဟို) ၏ နှစ်ပတ်လည် ညီလာခံမတိုင်မီ သုံးလအတွင်း မော်လမြိုင်ကျွန်းမြို့နယ်နှင့် တောင်ကြီး၊ ဟိုပုန်း၊ မြ၀တီ စသည့်မြို့များတွင် ရက်ရှည်ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

မျိုးစောင့်ဥပဒေကြမ်းလေးခုမှာ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတို့ဖြစ်သည်။ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)အား ၂၀၁၃ ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် မြို့နယ်အဖွဲ့ခွဲပေါင်း ၂၀၀ ကျော်ပါဝင်ကြောင်း သိရသည်။

အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်၌ ပြုလုပ်သော အမျိုးစောင့်ဥပဒေဆိုင်ရာ သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ်
Eleven Media Group
မျိုးစောင့်ဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး တစ်နိုင်ငံလုံးတွင် မြို့နယ်အဖွဲ့များ ဖွဲ့စည်းကာ တရားသော နည်းလမ်းဖြင့် ပြည်သူ့ဆန္ဒများရ ယူသွားမည်ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့(ဗဟို)မှ ဗဟိုအလုပ်အမှုဆောင် ဦးအောင်မြိုင်က မေ ၁၇ ရက်က ပြော ကြားသည်။

မေ ၁၇ ရက်က ရန်ကုန်မြို့၊ အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်၌ ပြုလုပ်သည့် မျိုးစောင့်ဥပဒေဆိုင်ရာ သတင်းစာရှင်းလင်းပွဲအပြီးတွင် ဦးအောင်မြိုင်က မီဒီယာများအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးအောင်မြိုင်က “ကျွန်တော်တို့ အခုလုပ်နေတဲ့ အမျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း လွှတ်တော်မှာထောက်ခံတဲ့ အမတ်တွေ၊ မထောက်ခံတဲ့ အမတ်တွေ ရှိလာမယ်။ ဒီအခါမှာ ကျွန်တော်တို့က

Sunday, May 18, 2014

ကချင်၌ သန်းခေါင်စာရင်း ပြန်ကောက်ရန် ကေအိုင်အို ဗဟိုကော်မတီ ဆုံးဖြတ်ချက် လိုအပ်ဟု ဗိုလ်ချုပ်ဂွမ်မော် ပြောကြား


Photo: ကချင်၌ သန်းခေါင်စာရင်း ပြန်ကောက်ရန် ကေအိုင်အို ဗဟိုကော်မတီ ဆုံးဖြတ်ချက် လိုအပ်ဟု ဗိုလ်ချုပ်ဂွမ်မော် ပြောကြား
Sunday, May 18, 2014

ကချင်ပြည်နယ်အတွင်းရှိ ကေအိုင်အို ထိန်းချုပ်နယ်မြေများတွင် သန်းခေါင်စာရင်း ကောက်ယူရန် ကျန်ရှိနေသော ကျေးရွာများ၌ စာရင်း ဆက်လက် ကောက်ယူရေးမှာ ကေအိုင်အို ဗဟိုကော်မတီ၏ အဆုံးအဖြတ်အပေါ် မူတည်ကြောင်း ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကေအိုင်အို နည်းပညာ အကြံပေးရုံး၌ မေလ ၁၅ ရက်နေ့က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ကေအိုင်အို ထိန်းချုပ်နယ်မြေတွင် သန်းခေါင်စာရင်း ကောက်ယူရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ကေအိုင်အို ဗဟိုကော်မတီထံ ဗိုလ်ချုပ်ဂွမ်မော်ထံမှ တစ်ဆင့် စာပို့ တောင်းဆိုထားကြောင်း၊ ကျန်ရှိရွာပေါင်း ၉၇ ရွာတွင် သန်းခေါင်စာရင်းကောက်ရန် ကေအိုင်အိုကို သင်တန်းပေးပြီး ဆောင်ရွက်နိုင်ကြောင်း၊ အခြားနည်းဖြင့်လည်း ကောက်ယူနိုင်သည်ဟု တောင်းဆိုစာတွင် ဖော်ပြထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ဗဟိုကော်မတီ ဆုံးဖြတ်ချက်အရ ကောက်လို့ ရမယ်ဆို ကောက်ခွင့်ပြုမယ်” ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်အရ သတ်မှတ်ကာလနောက် ရက်သတ္တပတ် ရှစ်ပတ်အတွင်း ထပ်မံကောက်ယူနိုင်ပြီး ယင်းကာလအတွင်း ကေအိုင်အို နယ်မြေများ၌ သန်းခေါင်စာရင်း ကောက်ရန် ကေအိုင်အိုနှင့် ဆွေးနွေးနေဆဲ ဖြစ်ပြီး အတိအကျ မသိရှိသေးကြောင်း ဦးခင်ရီက ပြောဆိုထားသည်။

ကေအိုင်အို နယ်မြေများ၌ သန်းခေါင်စာရင်း ကောက်ယူရေး ကိစ္စနှင့် ပတ်သက်၍ တပ်မတော်က တစ်စုံတစ်ရာ ညွှန်ကြားထားမှု မရှိကြောင်း၊ ဆက်ကောက်မည် ဆိုပါက ဝန်ကြီးဌာနနှင့် ကေအိုင်အိုအကြား ညှိနှိုင်းဆောင်ရွက်မှု အရသာ လုပ်ဆောင်မည် ဖြစ်ပြီး တပ်မတော်က ပါဝင်ဆောင်ရွက်ရန် မရှိသေးကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အကြီးတန်း အရာရှိတစ်ဦးက ရှင်းပြသည်။

ကချင်ဒေသတွင် သန်းခေါင်စာရင်း ကောက်ယူရန် ၉၇ ရွာ ကျန်ရှိနေကြောင်း ဝန်ကြီးဦးခင်ရီက ပြောဆိုသော်လည်း ကျေးရွာ ၄၀ ခန့်တွင် အမှန်တကယ် လူနေထိုင်မှု မရှိသည်မှာ ၁၀ နှစ်ခန့် ကြာမြင့်ပြီ ဖြစ်ကြောင်း၊ ဒုက္ခသည် စခန်းများလည်း ကျန်ရှိနေသည့်အတွက် နည်းလမ်းနှစ်ခု စဉ်းစားရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ထပ်လောင်း ပြောဆိုသည်။

ကချင်ပြည်နယ်အတွင်း ဒေသအချို့၌ သန်းခေါင်စာရင်း ကောက်ယူရေးမှ အစပြုကာ တပ်မတော်နှင့် ကေအိုင်အေ အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း တပ်မတော်က ပြောဆိုထားသော်လည်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ကေအိုင်အို အဖွဲ့တို့က သန်းခေါင်စာရင်းကြောင့် တိုက်ပွဲဖြစ်ပွားခြင်း မဟုတ်ဟု နှစ်ဖက်ခေါင်းဆောင်များက ငြင်းဆိုထားသည်။

The Voice Weekly 
 ကချင်ပြည်နယ်အတွင်းရှိ ကေအိုင်အို ထိန်းချုပ်နယ်မြေများတွင် သန်းခေါင်စာရင်း ကောက်ယူရန် ကျန်ရှိနေသော ကျေးရွာများ၌ စာရင်း ဆက်လက် ကောက်ယူရေးမှာ ကေအိုင်အို ဗဟိုကော်မတီ၏ အဆုံးအဖြတ်အပေါ် မူတည်ကြောင်း ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် က ပြောကြားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကေအိုင်အို နည်းပညာ အကြံပေးရုံး၌ မေလ ၁၅ ရက်နေ့က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ကေအိုင်အို ထိန်းချုပ်နယ်မြေတွင် သန်းခေါင်စာရင်း ကောက်ယူရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ကေအိုင်အို ဗဟိုကော်မတီထံ ဗိုလ်ချုပ်ဂွမ်မော်ထံမှ တစ်ဆင့်

ငရုတ်ကောင်း မြို့နယ်ခွဲတွင် ရှမ်းတရုတ် အမျိုးသားပိုင် အမဲစည်သွတ်စက်ရုံ တည်ဆောက်ခြင်းကို ဒေသခံများ ကန့်ကွက်

Photo: ငရုတ်ကောင်း မြို့နယ်ခွဲတွင် ရှမ်းတရုတ် အမျိုးသားပိုင် အမဲစည်သွတ်စက်ရုံ တည်ဆောက်ခြင်းကို ဒေသခံများ ကန့်ကွက်
Sunday, May 18, 2014

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲရှိ တည်ချောင်းတံတား မိုင်တိုင်အမှတ် (၅၂/၄) အနီး ပုသိမ်-မော်တင်ကား လမ်းမကြီး၏ အရှေ့ဘက် (၄) ဖာလုံခန့်အကွာ တောတွင်း၌ ရှမ်းတရုတ် အမျိုးသားတစ်ဦး ပိုင်ဆိုင်သည့် အမဲသား စည်သွတ်စက်ရုံ တည်ဆောက်လျက် ရှိခြင်းကို ကန့်ကွက်ကြောင်း ဒေသခံ ကျေးရွာသားများက ပြောကြားသည်။

ယင်းစည်သွတ် စက်ရုံသည် အလျား ၁၅ ပေ၊ အနံ ၁၅ ပေရှိပြီး အခန်း ၁၀ ခန်း ပါဝင်ရာ အရှည်ပေ ၁၅၀ ရှိပြီး ရှမ်းတရုတ် အမျိုးသား ဦးကျော်မြင့်၏ အမဲစည်သွတ်စက်ရုံ ဖြစ်ကြောင်း၊ ယင်းစက်ရုံ ပတ်လည်တွင် ဒေသခံကျေးရွာ ၁၅ ရွာ ရှိခြင်းကြောင့် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ အရေးယူ တားဆီးပေးရန် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနများသို့ မေလပထမပတ် အတွင်းက စုပေါင်း လက်မှတ်ရေးထိုး၍ အကြောင်းကြားစာ ပေးပို့ထားကြောင်း ကန့်ကွက်သူများအဖွဲ့ကို ဦးဆောင်သည့် ငရုတ်ကောင်းမြို့နယ်ခွဲ ဓမ္မိကာရုံကျောင်း တိုက်ဆရာတော် ဦးဉာဏက မိန့်ကြားသည်။

“ဦးကျော်မြင့်ဆိုတဲ့ ဒကာကြီးက အမဲသတ်လိုင်စင် ၂၇ ခုကို အမည်အမျိုးမျိုးနဲ့ ရထားတယ်။ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်ခွဲနဲ့ ငရုတ်ကောင်း မြို့နယ်ခွဲတွေမှာလည်း သားသတ်လိုင်စင်တွေ ရထားတယ်။ ဒီစည်သွတ်စက်ရုံ ဖွင့်ပြီဆိုရင် နေ့စဉ် ကျွဲ၊ နွားကောင်ရေ ၁၅၀ ထက်မနည်း အသတ်ခံရတော့မယ်” ဟု ဆရာတော်က မိန့်ဆိုသည်။

ငရုတ်ကောင်းမြို့နယ်ခွဲ၊ ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ၊ ငပုတောမြို့နယ် မော်တင်စွန်း ဒေသနှင့် မြစ်တစ်ရာ တိုက်နယ်အတွင်းရှိ ကျေးရွာများရှိ တောင်သူများမှာ လယ်ယာလုပ်ငန်းအတွက် ကျွဲ၊ နွားများကိုသာ အားထားနေရကြောင်း ရေနက်ကွင်းနှင့် တောတောင်လျှိုမြောင် များပြားသောဒေသ ဖြစ်ခြင်းကြောင့် ဆီထွက်သီးနှံ (ဆောင်းမြေပဲ) စိုက်ပျိုးခြင်းနှင့် တောတောင်ကို အမှီပြု၍ လုပ်ကိုင် နေရခြင်းတို့ကြောင့် ကျွဲနွားရှားပါးမည်ကို စိုးရိမ်လျက် ရှိကြောင်း ဒေသခံ တောင်သူများထံမှ စုံစမ်းသိရှိရသည်။

“လူတစ်ဦးနှစ်ဦးက အချိန်တိုအတွင်းမှာ အလွန်ချမ်းသာ သွားနိုင်ပေမယ့် ဒေသခံ တိုင်းရင်းသားတွေရဲ့ လူမှုဘဝတွေကတော့ ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တယ်” ဟု ငပုတောမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအေးကြည်က ပြောကြားသည်။

The Voice Weekly
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲရှိ တည်ချောင်းတံတား မိုင်တိုင်အမှတ် (၅၂/၄) အနီး ပုသိမ်-မော်တင်ကား လမ်းမကြီး၏ အရှေ့ဘက် (၄) ဖာလုံခန့်အကွာ တောတွင်း၌ ရှမ်းတရုတ် အမျိုးသားတစ်ဦး ပိုင်ဆိုင်သည့် အမဲသား စည်သွတ်စက်ရုံ တည်ဆောက်လျက် ရှိခြင်းကို ကန့်ကွက်ကြောင်း ဒေသခံ ကျေးရွာသားများက ပြောကြားသည်။

ယင်းစည်သွတ် စက်ရုံသည် အလျား ၁၅ ပေ၊ အနံ ၁၅ ပေရှိပြီး အခန်း ၁၀ ခန်း ပါဝင်ရာ အရှည်ပေ ၁၅၀ ရှိပြီး ရှမ်းတရုတ် အမျိုးသား ဦးကျော်မြင့်၏ အမဲစည်သွတ်စက်ရုံ ဖြစ်ကြောင်း၊ ယင်းစက်ရုံ

မျိုးစောင့်ဥပဒေရေးဆွဲနေဆဲကာလ၌ ဝေဖန်မှုများသည်ရည်ရွယ်ချက်ပါသော လုပ်ရပ်များသာဖြစ်ဟု မဘသဆို

မျိုးစောင့်ဥပဒေရေးဆွဲရေးကော်မရှင်က နိုင်ငံတော်သမ္မတ အပါ အဝင် ပြည်သူများ၏အကြံပြုတင်ပြချက်များနှင့်ရေးဆွဲနေဆဲ ဖြစ်သော မျိုးစောင့်ဥပဒေမူကြမ်းကို ဝေဖန်အကြံပြုကန့်ကွက်နေမှုများ ပြုလုပ်နေ ခြင်းမှာ သဘာဝမကျ၍အခြားမသမာသောရည်ရွယ်ချက်များသာဖြစ် သည်ဟု အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့(ဗဟို)က သတင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်မှုကို ယနေ့ ညနေ ၃ နာရီတွင် ရွာမပရိယတ္တိ စာသင်တိုက်၌ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) ကကျင်းပသော မျိုးစောင့်ဥပဒေဆိုင်ရာသတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မျိုးစောင့်ဥပဒေပြဋ္ဌာန်းရန်အတွက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး

သမ္မတဦးသိန်းစိန်နှင့် ၀ူခုန်းမင်းသား တွေ့ဆုံမည်

ဝူခုန်းမင်းသားဟု နာမည်ကျော်ကြားသည့် သရုပ် ဆောင်မစ္စတာ လျူချီယိုလင်တန် သည် မေလ တတိယပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည် ပတ်မည်ဖြစ်ပြီး ခရီးစဉ် အတွင်း နိုင်ငံတော် သမ္မတနှင့်လည်း တွေ့ ဆုံမည်ဟု သတင်းရရှိသည်။

အနောက်သို့ ခရီးသွားခြင်း (Journey to the West) ဇာတ် ကားတွင် စွန်းဝူခုန်းမျောက်မင်း အဖြစ် မြန်မာပရိသတ်များအ ကြိုက်တွေ့ခဲ့သည့် မင်းသားမှာ မေလ ၂၁ ရက်မှ ၂၆

ယခင်အစိုးရ အမှားများလုပ်ခဲ့သည်ကိုဝန်ခံသော်လည်း တိုင်းပြည်အတွက် အကောင်းဆုံး လုပ်ခဲ့ခြင်းသာဖြစ်ဟု ပြည်ထောင် စုရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးပြော

ရန်ကုန်၊ မေ ၁၆- ယခင်တပ်မ တော်အစိုးရအနေဖြင့် အမှားများ ဆောင်ရွက်ခဲ့ သည်ကို ဝန်ခံလိုသော် လည်း အစိုးရအနေဖြင့် တိုင်းပြည်အ တွက် အကောင်းဆုံးလုပ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ယခင်အစိုးရ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင်အဖြစ်ဆောင်ရွက် ခဲ့သူ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြောကြား သည်။
မေ ၁၆ရက်မွန်းလွဲပိုင်းက ရန် ကုန်မြို့ ဆမ်းမစ်ပတ်ဗျူးဟိုတယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်နှင့် သတင်းမီဒီယာ အဖွဲ့အစည်း များမှ အမှုဆောင်များတွေ့ဆုံရာ တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
''အချို့က ကျွန်တော်တို့ကို တောင်းပန်စေချင်တယ်။ ကျွန်တော်တို့ တိုင်းပြည်အတွက် အကောင်းဆုံးလုပ်

ဒေါ်နန်းရွှေကြာ၏ ဟောပြောပွဲ မဘသနှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မန္တလေးသို့ မေလ ၁၈ ရက်နေ့တွင် လာရောက် ဟောပြောမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲ နေ့တွင်ပင် ဝံသာနု ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်နန်းရွှေကြာက အမျိုးသားရေး အသိပညာပေး ဟောပြော ပွဲ ကျင်းပမည် ဖြစ်ရာ ယင်းဟောပြောပွဲ ကိစ္စရပ်များ အားလုံးသည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဗဟို၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့အား RSO သောင်းကျန်းသူများ ချုံခိုတိုက်ခိုက်ခဲ့သဖြင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ လေးဦးကျဆုံးပြီး နှစ်ဦးပျောက်ဆုံးနေ

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တစ်ဖက်နိုင်ငံမှ RSO သောင်းကျန်းသူများက မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့အား ချုံခိုပစ်ခတ်မှုကြောင့် မေ ၁၇ ရက် နံနက်ပိုင်းတွင် ထပ်မံပစ်ခတ်မှုဖြစ် ပွားခဲ့ပြီး မြန်မာ နယ်ခြားစောင့်တပ်မှ လေးဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိကာ နှစ်ဦးပျောက် ဆုံးနေကြောင်း မောင်တောမြို့မ ရဲစခန်းမှ သတင်းရရှိသည်။

ချုံခိုပစ်ခတ်ခံရသည့်နေရာမှာ မှတ်တိုင် ၅၂ နှင့် နတ်ရေကန်ကြားတွင်ဖြစ်ပြီး တစ်ဖက်နိုင်ငံမှ RSO သောင်းကျန်းသူ အင်အား ၄ဝ ခန့်က မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အင်အား စုစုပေါင်းရှစ်ဦးပါ

ဖွဲ့စည်းပုံပြင်ရေးအတွက် အသက်၁၈နှစ် မပြည့်သေးသူများ ကာချုပ်ထံ တိုက်ရိုက်စာပို့ရန် ဒေါ်အောင်ဆန်းစုကြည်ပြော

မန္တလေး၊ မဇ္ဈိမ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် အသက် ၁၈နှစ် မပြည့်သေးတဲ့ ပြည်သူတွေကလည်း ကာကွယ်ရေးဦးစီးချုပ်ထံ တိုက်ရိုက်စာတင်ပြီး တောင်းဆိုကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မန္တလေး၊ အောင် ပင်လယ်ကွင်း၌ မေလ ၁၈ရက်က တိုက်တွန်းလိုက်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မန္တလေးမြို့၊ အောင်ပင်လယ်ကွင်းတွင် မေလ ၁၈ရက် နံနက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကိုရီးယား လူ့အခွင့်အရေးဆု ချီးမြှင့်ခံရ

Photo: သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကိုရီးယား လူ့အခွင့်အရေးဆု ချီးမြှင့်ခံရ
Sunday, May 18, 2014 

ကိုရီးယားနိုင်ငံ ဆိုလ်းမြို့အခြေစိုက် True Foundation က သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကို လူ့အခွင့်အရေးဆု ချီးမြှင်လိုက်ကြောင်း ဦးဝင်းတင် ဖောင်ဒေးရှင်းမှ ဘဏ္ဍာရေးမှူး ဦးအောင်ကျော်က ပြောကြားသည်။

ဦးဝင်းတင်နှင့် ၎င်းတည်ထောင်ခဲ့သော ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းသည် တပ်မတော်အစိုးရ၏ ဖမ်းဆီးထောင်ချ နှိပ်စက်ခြင်း ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများကို လူသားချင်းစာနာမှုဖြင့် ကူညီထောက်ပံ့ခဲ့သောကြောင့် အဆိုပါဆုကို ချီးမြှင့်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျွန်တော်တို့ဆီက အချက်အလက် တောင်းသွားတာ ကြာပါပြီ။ အဲဒီ ဖောင်ဒေးရှင်းက တစ်နှစ်ကို တစ်ယောက်ပဲ လူ့အခွင့်အရေးဆု ချီးမြှင့်တာပါ” ဟု ၎င်းကဆိုသည်။

ဆုကြေးငွေ ၇၀၀၀ ဒေါ်လာ ရှိသော လူ့အခွင့်အရေးဆုကို ဇွန်လ ၂၆ ရက်နေ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပေးအပ်မည် ဖြစ်သော်လည်း သွားရောက် ဆုလက်ခံမည့် ကိုယ်စားလှယ်များကို ရွေးချယ်ရခြင်း မရှိသေးကြောင်း ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းထံမှ သိရသည်။

အဆိုပါ True Foundation သည် ကိုရီးယားနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တောင်းဆို တိုက်ပွဲဝင်ရင်း အာဏာရှင်အစိုးရ၏ ဖမ်းဆီးထောင်ချ နှိပ်စက်ခြင်း ခံခဲ့သော နိုင်ငံရေး အကျဉ်းသားဟောင်းများဖြင့် ဖွဲ့စည်း တည်ထောင်ထားခြင်း ဖြစ်ပြီး အစိုးရနှင့် စီးပွားရေး လုပ်ငန်းရှင်များထံမှ ကူညီထောက်ပံ့ငွေ လုံးဝမယူဘဲ အဖွဲ့ဝင်များ၏ ကိုယ်ပိုင် လှူဒါန်းငွေများဖြင့်သာ နှစ်စဉ် ဆုချီးမြှင့်ခြင်း ဖြစ်သည်။

NLD ပါတီကို စတင် ထူထောင်သူ တစ်ဦးဖြစ်သော ဦးဝင်းတင်သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေစဉ် ၁၉၉၂ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ နှစ်၂၀ အကျဉ်းချခံခဲ့ရသည်။ ၂၀၀၈ ခုနှစ်တွင် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာပြီးနောက် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းကို တည်ထောင်ကာ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် မိသားစုဝင်များ ကူညီထောက်ပံ့ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။

ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မို ကာနိုကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များအဖွဲ့နှင့် ပြင်သစ်ဖောင်ဒေးရှင်းတို့က ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

NLD နာယက သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်သည် ဒီလှိုင်းဂျာနယ်တွင် အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ပြီး အသက် ၈၅ နှစ်အရွယ် ၂၀၁၄ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

The Voice Weekly 
 ကိုရီးယားနိုင်ငံ ဆိုလ်းမြို့အခြေစိုက် True Foundation က သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကို လူ့အခွင့်အရေးဆု ချီးမြှင်လိုက်ကြောင်း ဦးဝင်းတင် ဖောင်ဒေးရှင်းမှ ဘဏ္ဍာရေးမှူး ဦးအောင်ကျော်က ပြော ကြားသည်။

ဦးဝင်းတင်နှင့် ၎င်းတည်ထောင်ခဲ့သော ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းသည် တပ်မတော်အစိုးရ၏ ဖမ်းဆီးထောင်ချ နှိပ်စက်ခြင်း ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများကို လူသားချင်းစာနာမှုဖြင့် ကူညီထောက်ပံ့ခဲ့သောကြောင့် အဆိုပါဆုကို ချီးမြှင့်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျွန်တော်တို့ဆီက အချက်အလက် တောင်းသွားတာ ကြာပါပြီ။ အဲဒီ ဖောင်ဒေးရှင်းက တစ်နှစ်ကို