Wednesday, October 29, 2014

ဖောက်ထွင်းမြင်နိုင်သော လေယာဉ် ကိုယ်ထည်ပုံစံ Display များ တပ်ဆင်ထား သည့် လေယာဉ်ကို ဗြိတိန် ကုမ္ပဏီတစ်ခုက တီထွင်နေ


ဗြိတိန်နိုင်ငံအခြေစိုက် တီထွင်ဆန်းသစ်သော နည်းပညာများ တီထွင်လျှက် ရှိသည့် Centre for Process Innovation (CPI) ကုမ္ပဏီမှ လေယာဉ် ကိုယ်ထည်ကို ဖောက်ထွင်းမြင်တွေ့နိုင်စွမ်းရှိသည့် ကိုယ်ထည်ဒီဇိုင်းကို တီထွင်နေကြောင်း ဆိုပါတယ်။ လေယာဉ်ရဲ့ တံခါးပေါက်တွေနေရာမှာ အဆင့်မြင့် နည်းပညာသုံး ကွေးညွှတ်နိုင်စွမ်းရှိသည့် High-definition Display မှန်သားပြင်များကို အစားထိုး တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် လေယာဉ်စီး နေသူဟာ လေထဲမှာ ပျံဝဲနေသလို ခံစားရစေမှာ ဖြစ်ပါတယ်။ 

လက်ပံတန်းမြို့တွင် တစ်ဦးတည်းနေသူ အဘွားအိုတစ်ဦး အသတ်ခံရ

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ ဘီလင်းတန်းရပ်ကွက်၊ ဘီလင်းတန်း လမ်း အိမ်အမှတ် (၄၅) ၌ တစ်ဦး တည်းနေထိုင်သည့် အဘွားအိုတစ် ဦးထံမှ ပစ္စည်းတစ်စုံတစ်ရာ ရလိုမှု ဖြင့် လည်ပင်းညှစ်သတ်၍ အိမ် အတွင်းရှိ ပစ္စည်းများအား မွှေနှောက် ရှာဖွေသွားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၈ ရက်၊ နံနက် ၁ဝ နာရီခန့်အထိ သေ ဆုံးသူ ဒေါ်တင်အိ အသက် (၇၂) နှစ်အား ပတ်ဝန်းကျင်မှ နေထိုင်သူ များက မတွေ့ရှိရခြင်း၊ တံခါးများပိတ် ထားခြင်းတို့ကြောင့် အိမ်အတွင်းသို့ အော်ခေါ်သော်လည်း မည်သည့်အသံ မျှ မကြားရသဖြင့် အိမ်၏ပြတင်းပေါက် တံခါးအား ဖွင့်ကြည့်သည့်အခါ အိမ် အတွင်းရှိ ပစ္စည်းများအား မွှေ နှောက်ထားသည်ကို တွေ့ရှိရသဖြင့် အိမ်နီးနားချင်းများက လက်ပံတန်း မြို့နယ်၊ မြို့မရဲစခန်းသို့ အကြောင်း ကြားခဲ့သည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ညီ မဝမ်းကွဲတော်စပ်သူ ဒေါ်ဋ္ဌေးဋ္ဌေးရီ ထံ သက်ဆိုင်ရာမှ ဒေါ်တင်အိနေ အိမ်အတွင်း သေဆုံးနေကြောင်း လာရောက်အကြောင်းကြားသဖြင့် ဒေါ်ဋ္ဌေးဋ္ဌေးရီသည် အစ်မဖြစ်သူနေ အိမ်သို့ သွားရောက်ကြည့်ရှုခဲ့ရာ အစ်မဖြစ်သူ အဒေါ်တင်အိသည် နေအိမ်အိပ်ခန်းအတွင်း၌ ပက်လက် လန်လဲကျသေဆုံးနေပြီး ၄င်း၏မျက်နှာ တွင် အဝတ်အုပ်ထား၍ အဝတ်နှင့် မျက်နှာပေါ်တွင် နနွင်းမှုန့်များ ပြန့် ကျဲကာ သေဆုံးနေကြောင်းနှင့်ဗီရို များအတွင်းမှ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးနှင့်အခြားပစ္စည်းများအပြင် သို့ ရောက်ရှိပြန့်ကျဲနေသည်ကို တွေ့ရှိရသဖြင့် နံနက် ၁ဝ နာရီခွဲ တွင် ဒေါ်ဋ္ဌေးဋ္ဌေးရီက မြို့မရဲစခန်း ၌ အမှုဖွင့်တိုင်ကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်အား မြို့မရဲစခန်း မှ (ပ)၃၉၃/၂ဝ၁၄ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ထားပြီး အမှုအား ဒုရဲ မှူးစန်းမြင့်မှ အမှုစစ်အဖြစ် ဆောင် ရွက်လျက်ရှိကာ တရာခံအား အမြန် ဆုံးဖမ်းဆီးရမိရေးအတွက် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

WT(Lpd)

နိုင်ငံရေးလုပ်တဲ့အခါ အဆင့်မြင့်မြင့်လုပ်ကြဖို့၊ သိက္ခာမဲ့တဲ့နိုင်ငံရေး မလုပ်ကြဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: နိုင်ငံရေးလုပ်တဲ့အခါ အဆင့်မြင့်မြင့်လုပ်ကြဖို့၊ သိက္ခာမဲ့တဲ့နိုင်ငံရေး မလုပ်ကြဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
=============================================

နေပြည်တော်၊ အောက်တိုဘာ ၂၈

နိုင်ငံရေးလုပ်တဲ့အခါမှာ အဆင့်မြင့် မြင့် လုပ်ကြဖို့၊ သိက္ခာမဲ့တဲ့နိုင်ငံရေး မလုပ်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။

ယနေ့ပြုလုပ်သော ပြည်သူ့ လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၂၄ရက်မြောက်နေ့ အစည်းအဝေး ခေတ္တအနားပေးချိန် တွင် လွှတ်တော်သို့ လာရောက်လေ့ လာသော ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် အမျိုး သားဒီမိုကရေစီအဖွဲ့မှ အဖွဲဝင် များအား ပြောကြားခဲ့ခြင်းဖြစ် သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် မှ ''နိုင်ငံရေးလုပ်တဲ့အခါမှာ အဆင့် မြင့်မြင့်လုပ်ကြပါ၊ သိက္ခာမဲ့တဲ့ နိုင်ငံ ရေးမလုပ်နဲ့၊ ကိုယ်ကပြိုင်ဘက်က ပြိုင်ဘက်ပဲ၊ ပြိုင်ဘက်အကြောင်း ပြောတဲ့နေရာမှာတောင် အဆင့် မြင့်မြင့် ပြောရမယ်။ တချို့တွေက တခြားသူကို ရင့်ရင့်သီးသီးပြောလို့ ရှိရင် သူတို့နိုင်တယ်လို့ ထင်တယ်။ တကယ်တော့ သူတို့ရှုံးတာပဲ၊ ကိုယ့် ရဲ့ ပြောပုံဆိုပုံ လုပ်ပုံကိုင်ပုံက မယဉ် ကျေးရင်၊ သိက္ခာမရှိလို့ရှိရင် ကိုယ် ရှုံးတာပဲ။ ဟိုဘက်က ရှုံးတာမဟုတ် ဘူး။ အဲ့တော့ နိုင်ငံရေးလုပ်တယ် ဆိုတာ အဆင့်မြင့်မြင့်လုပ်ရမယ်။ ဒီနိုင်ငံဟာ နိုင်ငံရေး အဆင့်မြင့်တဲ့ နိုင်ငံရေးလုပ်တဲ့ နိုင်ငံဆိုတာ ဖြစ် သွားအောင်လို့ အခုချိန်မှာ လုပ်ဖို့ အခွင့်အရေးတွေ ရှိတယ်။ ဒီအခွင့် အရေးတွေကို အဟောသိကံ မဖြစ် ပါစေနဲ့'' ဟု ပြောကြားသွားခဲ့သည်။

MP

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
နိုင်ငံရေးလုပ်တဲ့အခါမှာ အဆင့်မြင့် မြင့် လုပ်ကြဖို့၊ သိက္ခာမဲ့တဲ့နိုင်ငံရေး မလုပ်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။

ယနေ့ပြုလုပ်သော ပြည်သူ့ လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၂၄ရက်မြောက်နေ့ အစည်းအဝေး ခေတ္တအနားပေးချိန် တွင် လွှတ်တော်သို့ လာရောက်လေ့ လာသော ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် အမျိုး သားဒီမိုကရေစီအဖွဲ့မှ အဖွဲဝင် များအား ပြောကြားခဲ့ခြင်းဖြစ် သည်။

နေပြည်တော်ကောင်စီဝင်များ စရိတ်နှင့် အဆောင်အယောင်အတွက် သန်း ၂၄၀ ကုန်ကျဟုဆို

နေပြည်တော် ကောင်စီဝင်များ၏ စရိတ်ချီးမြှင့်ငွေအတွက် ကျပ်သန်း ၂၄၀ အသုံးပြုထားကြောင်း နေပြည်တော် ကောင်စီဝင် ဦးကံချွန်က ပြောကြားသည်။

နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် နေပြည်တော် ကောင်စီအနေနှင့် ကျပ် ၇၁၅၁ သန်း တောင်းခံထားမှုအပေါ် ပြည်ထောင်စု လွှတ်တော်တွင် လာရောက် ရှင်းလင်းရာတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

အနာဂတ်တွင် IS အုပ်စု အင်အားပိုကြီးလာမည်ဟု ဂျာမန် ထောက်လှမ်းရေး ဟောကိန်းထုတ်

Photo: အနာဂတ်တွင် IS အုပ်စု အင်အားပိုကြီးလာမည်ဟု ဂျာမန် ထောက်လှမ်းရေး ဟောကိန်းထုတ်
Wednesday, october 29, 2014

အီရတ်နှင့် ဆီးရီးယားတို့တွင် ခြေကုပ်ယူ လှုပ်ရှားနေသည့် အစ္စလာမ္မစ်နိုင်ငံတော် IS အုပ်စုကို အမေရိကန်နှင့် မဟာမိတ်များက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း အဆိုပါ အုပ်စုသည် အနာဂတ်ကာလတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ကောင်းစွာ လုပ်ဆောင်နိုင်လိမ့်မည်သာ ဖြစ်သည်ဟု ဂျာမန် နိုင်ငံခြား ထောက်လှမ်းရေးအဖွဲ့ (BND) ကထုတ်ဖော် ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

အီရတ်နိုင်ငံတွင် အီရတ် လုံခြုံရေးတပ်ဖွဲ့များက IS အုပ်စုများ သိမ်းပိုက်ထားသည့် နယ်မြေများကို ပြန်လည်ရယူရန် အစွမ်းကုန် ကြိုးပမ်းနေပြီး အမေရိက ဦးဆောင်သော မဟာမိတ်တို့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အစွမ်းကုန် လုပ်ဆောင်နေသော်လည်း IS ၏စစ်ရေး စွမ်းအင်မှာ ကျဆင်းသွားခြင်းမရှိဘဲ အနာဂတ် ကာလတွင် အင်အား ပိုမိုကြီးထွားလာမည် ဖြစ်သည်ဟု ဂျာမနီနိုင်ငံ၏ ပြည်ပ ထောက်လှမ်းရေးအဖွဲ့က သတိပေး ပြောကြားသည်။

ထို့ပြင် ဂျာမနီနိုင်ငံတွင်း အစ္စလာမ္မစ် စစ်သွေးကြွဦးရေ သိသိသာသာ တိုးပွားလာလျက်ရှိပြီး ၎င်းတို့သည် အီရတ်နှင့် ဆီးရီးယားရှိ IS အုပ်စုများနှင့် ပူးပေါင်းရန် အသင့်ရှိနေကြကြောင်း၊ သို့အတွက်ကြောင့် ဂျာမနီနိုင်ငံတွင်း လမ်းမများပေါ်တွင် ပြိုင်ဘက် အစွန်းရောက်အုပ်စုများ အကြမ်းဖက်မှုနှင့် ပဋိပက္ခ ဖြစ်မှုများ ပေါ်ပေါက်လာနိုင်ကြောင်း ယင်းထောက်လှမ်းရေးအဖွဲ့ ကသတိပေး ပြောကြားသည်။

“အီရတ်နိုင်ငံတွင် နိုင်ငံရေးနှင့် လုံခြုံရေး လစ်ဟာမှု ဆက်လက်တည်ရှိနေခြင်းက လာမည့် အနာဂတ်ကာလတွင် အစွန်းရောက် အုပ်စုများနှင့် အကြမ်းဖက်သမားများ ပိုမိုကြီးထွား လာစေလိမ့်မည်” ဟု ဂျာမန် နိုင်ငံခြား ထောက်လှမ်းရေးအဖွဲ့(BND) ကကြေညာချက် ထုတ်ပြန်သည်။

ဆီးရီးယားနိုင်ငံနှင့် တူရကီနယ် စပ်ဒေသအကြား IS အုပ်စုများနှင့် ကာ့ဒ်တပ်ဖွဲ့များ တိုက်ခိုက်နေမှုများကို ကြည့်မည်ဆိုလျှင် စစ်သွေးကြွများ၏ တိုက်ခိုက်ရေး စွမ်းအင်မှာ ကျဆင်းသွားခြင်း မရှိသေးသည်ကို တွေ့နိုင်သည်။

BND ၏ညီနောင် အဖွဲ့အစည်း တစ်ခုဖြစ်သော BfV အမည်ရ ထောက်လှမ်းရေး အေဂျင်စီအဆိုအရ ဂျာမနီနိုင်ငံတွင်း အစွန်းရောက် အစ္စလာမ္မစ်များ ကြီးထွားလျက် ရှိကြောင်း၊ IS ကဲ့သို့ အစွန်းရောက် အစ္စလာမ္မစ်များနှင့် ပူးပေါင်းရန် ဂျာမနီနိုင်ငံမှ ထွက်ခွာသွားသူ ဦးရေ ၄၅၀ ခန့်ရှိကြောင်း သိရသည်။

ထို့ပြင် ဂျာမနီနိုင်ငံတွင်း နေထိုင်လျက်ရှိသည့် ချေချင်းလူမျိုး များသည်လည်း သဘောထား တင်းမာသော အစ္စလာမ္မစ်အုပ်စုများနှင့် ပူးပေါင်းခဲ့ကြပြီး ထိုသို့ပူးပေါင်းရန် သိမ်းသွင်းခံရသူ အများစုမှာ အကြမ်းဖက်မှုတွင် တက်ကြွသူများ ဖြစ်ကြသည်။

“သဘောထားတင်းတဲ့ ဆာလဖီတွေက IS အတွက်လူစုတယ်။ ကာ့ဒ်အလုပ်သမားပါတီက IS တွေကို တိုက်ခိုက်ဖို့ လူစုနေတယ်” ဟု BfV အဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူ ဟန်စ်ဂျော့ရှ်မာဆန်က ပြောကြားသည်။

The Voice Weekly
အီရတ်နှင့် ဆီးရီးယားတို့တွင် ခြေကုပ်ယူ လှုပ်ရှားနေသည့် အစ္စလာမ္မစ်နိုင်ငံတော် IS အုပ်စုကို အမေရိကန်နှင့် မဟာမိတ်များက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း အဆိုပါ အုပ်စုသည် အနာဂတ်ကာလတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ကောင်းစွာ လုပ်ဆောင်နိုင်လိမ့်မည်သာ ဖြစ်သည်ဟု ဂျာမန် နိုင်ငံခြား ထောက်လှမ်းရေးအဖွဲ့ (BND) ကထုတ်ဖော် ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

ခိုတောင်လူသတ်မှုတွင် မြန်မာနှစ်ဦးကို ခြိမ်းခြောက်ဝန်ခံခိုင်းခြင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံတရားရုံးချုပ်၊ ထိုင်းလူ့အခွင့်အရေးကော်မရှင်နှင့်ထိုင်းမှုခင်းဆရာဝန်များထံ ကန့်ကွက်စာပေးပို့ထား

ခိုတောင် (Koh Toa) လူသတ် မှုတွင် မြန်မာနိုင်ငံသားနှစ်ဦးကို ခြိမ်းခြောက် ဝန်ခံခိုင်းခြင်းနှင့် ပတ် သက်၍ ဘန်ကောက်မြို့ရှိ ထိုင်း နိုင်ငံတရားရုံးချုပ်သို့ ကန့်ကွက်စာ ပေးပို့ခဲ့ကြောင်း မြန်မာသံရုံးအထူး စုံစမ်းရေးအဖွဲ့မှ သိရသည်။

အဆိုပါ ကန့်ကွက်စာကို အောက်တိုဘာ ၂၈ရက်တွင် တင် သွင်းခဲ့ခြင်းဖြစ်ပြီး စွပ်စွဲဖမ်းဆီးခံ ထားရသူ မြန်မာနိုင်ငံသား ဝင်း ဇော်ထွန်းနှင့် ဇော်လင်းတို့၏မိဘ များနှင့်အတူ မြန်မာသံရုံးမှအထူး စုံစမ်းရေးအဖွဲ့နှင့် ရှေ့နေများကောင် စီမှ ကိုယ်စားလှယ်များလိုက်ပါ ကာ တင်သွင်းကန့်ကွက်စာတင်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာအထူးစုံစမ်းရေး အဖွဲ့ဝင် ဦးထူးချစ်က ပြောသည်။

အစ္စရေးတွင် ဇနီး ၂၁ ဦးနှင့်သမီးများအပေါ် လိင်ပိုင်းကျူးလွန်သူကို ထောင်နှစ် ၃၀ ချမှတ်

ဂိုအယ် ရတ်ဇန်
အစ္စရေးတရားရုံးတခုက မယားပြိုင်ယဉ်ကျေးမှုခေါင်းဆောင်တဦးကို သူ့ဇနီးတွေနဲ့ သမီးတွေအပေါ် လိင်ပိုင်းရာဇဝတ်မှု ကျူးလွန်တဲ့အတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်ပါတယ်။ရှေ့နေတွေကတော့ နတ်ဘုရားတည်ရှိမှုအပေါ် ယုံမှားလွန်တာနဲ့ ထင်ယောင်ထင်မှား ဖြစ်မှု လွှမ်းမိုးတာရဲ့ အစိတ် အပိုင်း လို့ ပြောပါတယ်။

လိပ်ကျွန်းသူကြီး သတင်းစာရှင်းလင်းပြီး သားဖြစ်သူကို ဒီအန်အေစစ်မည်

Photo: လိပ်ကျွန်းသူကြီး သတင်းစာရှင်းလင်းပြီး သားဖြစ်သူကို ဒီအန်အေစစ်မည်
Wednesday, october 29, 2014

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ခိုတောင် (ခေါ်) လိပ်ကျွန်းက သူကြီးလည်းဖြစ်  အေစီဘား ပိုင်ရှင်လည်းဖြစ်တဲ့ နိုင်းဝေါလ်ဖန်း တုဝိချဲဟာ လူမှုကွန်ရက်တွေရဲ့ သံသယကို ချေဖျက်တဲ့အနေနဲ့ ဒီကနေ့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ရှင်းလင်းပွဲမတိုင်ခင် သူဟာ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ရဲ့ ရဲချုပ်ကြီး ဆုမ်ယုဒ် ဖုန့်ဖမ်းမုန့် နဲ့ အရင်ဆုံး သွားရောက်တွေ့ဆုံပြီး  လူမှုကွန်ရက်မီဒီယာက ခိုတောင်ကျွန်းလူသတ်မှုမှာ သူ့မိသားစု ပါဝင်ပတ်သက်ကြောင်း စွပ်စွဲနေတဲ့အပေါ် ဆွေးနွေးတိုင်ကြားသွားမှာ ဖြစ်ကြောင်း၊ အဲဒီနောက် ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှာ တာဝန်ရှိသူတွေနဲ့အတူ သတင်းစာရှင်းလင်းဖို့ ရှိတယ်လို့  လိပ်ကျွန်းသူကြီးက သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် မှုခင်းဆေးပညာဆိုင်ရာအရာရှိတွေ၊ ဗြိတိန်သံရုံးတာဝန်ရှိသူတွေ၊ ရဲချုပ်တို့ရှေ့မှာ သားဖြစ်သူရဲ့ ဒီအန်အေကို စစ်ဆေးပြပြီး သံသယတွေ ရှင်းလင်းမယ်လို့ သူကဆက်ပြောပါတယ်။

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုမှာ တရားခံအဖြစ် ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးရဲ့မိဘတွေက သူတို့သားဟာ လူသတ်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း၊ ရဲတွေက ရိုက်နှက် စစ်ဆေးတာ မခံနိုင်လို့ ၀န်ခံခဲ့ရကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတရေး အတွက် အောက်တိုဘာ ၂၇ ရက်က ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဆီ တောင်းဆိုချက်တွေ ပေးပို့ခဲ့အပြီး လိပ်ကျွန်းသူကြီးဘက်ကလည်း သတင်းစာရှင်းလင်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့က လိပ်ကျွန်းလူသတ်မှု တရားခံအစစ် ဖမ်းဆီးရမိကြောင်း အမှုတွဲကို တည်ဆောက် ပြီးစီးကြောင်း ထုတ်ပြန်ခဲ့ပေမယ့်  ပြည်တွင်းနဲ့ ပြည်ပ လူမှုကွန်ရက် မီဒီယာ အများစုက ဒီအမှုပေါ် သံသယဖြစ်နေကြပါတယ်။

အထူးသဖြင့် လိပ်ကျွန်းလူသတ်မှုအကြောင်း စပြီးတင်လိုက်ကတည်းက like လုပ်သူပေါင်း ၃ သိန်း ၇ သောင်းကျော် ရှိသွားတဲ့ စီအက်စ်အိုင်အယ်လ်အေ (CSI LA)  ဖေ့စ်ဘုတ်စာမျက်နှာhttps://www.facebook.com/CSILA90210  မှာ  အဓိက တရားခံအဖြစ် ကျွန်းသူကြီးရဲ့ သားဖြစ်သူ နုမ်းဆွတ် ခေါ် နိုင်းဝါလ်လုတ့် တုဝီချဲနဲ့တကွ ကျွန်းပေါ်က မာဖီးယားတွေကို အထောက်အထားတွေနဲ့ ပစ်မှတ်ထားတင်ပြနေပါတယ်။

DVB TV News
ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ခိုတောင် (ခေါ်) လိပ်ကျွန်းက သူကြီးလည်းဖြစ် အေစီဘား ပိုင်ရှင်လည်းဖြစ်တဲ့ နိုင်းဝေါလ်ဖန်း တုဝိချဲဟာ လူမှုကွန်ရက်တွေရဲ့ သံသယကို ချေဖျက်တဲ့အနေနဲ့ ဒီကနေ့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ခေါဝ်ဆွတ် ထိုင်း သတင်းမှာ ဖော်ပြပါတယ်။ရှင်းလင်းပွဲမတိုင်ခင် သူဟာ ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ရဲ့ ရဲချုပ်ကြီး ဆုမ်ယုဒ် ဖုန့်ဖမ်းမုန့် နဲ့ အရင်ဆုံး သွားရောက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအလံတင် အစည်းအဝေးတွင် RSO များနှင့်ပတ်သက်၍ အဓိကဆွေးနွေးဖွယ်ရှိ

မောင်တောနယ်စပ် ၌ အောက်တိုဘာ ၃၀ ရက်တွင်ကျင်းပပြုလုပ်မည့် မြန်မာ-ဘင်္ဂ လားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်လုံခြုံ ရေးအရာရှိများ အလံတင်အစည်း အဝေး၌ ဖမ်းဆီးရမိထားသည့် RSO များနှင့်ပတ်သက်၍ အဓိက ထား ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း အမှတ်(၁)နယ်ခြားစောင့်ရဲတပ် ဖွဲ့မှ အရာရှိတစ်ဦးက သုံးသပ် ပြောကြားသည်

၁၆လက်မသာရှိတဲ့ ခါးဆိုက်ဒ်ရရှိဖို့အတွက် ကျပ်လွန်းတဲ့ ကိုယ်လုံးလှအတွင်းခံဘောင်းဘီကို ၇နှစ်ဝတ်ဆင်ခဲ့တဲ့ မော်ဒယ်


အသက် (၂၇)နှစ်အရွယ် မော်ဒယ်တစ်ဦးဖြစ်သလို ဒီဇိုင်နာတစ်ဦးလည်း ဖြစ်တဲ့ Kelly Lee Dekay ဟာ သူမလိုချင်တဲ့ ခါးဆိုက်ဒ်အရွယ်ရရှိဖို့အတွက် သေးလွန်းတဲ့အပြင်၊ ကျပ်လွန်းတဲ့ ကိုယ်လုံးလှအတွင်းခံ ဘောင်းဘီကို ၀တ်ဖို့ စိတ်ဆန္ဒပြင်းပြနေခဲ့ပါတယ်။ သူမကြိုက်နှစ်သက်တဲ့ ကာတွန်းကာရိုက်တာ Jessica Rabbit နဲ့ အမျိုးသမီးစွမ်းအားရှင်တွေလို ခါးသေးရင်ချီပုံစံမျိုး လိုချင်နေခဲ့တာပါ။"အရွယ်ရောက်လာတဲ့အခါ သူများနဲ့မတူတဲ့ စတိုင်လ်၊ လှပတဲ့ ၀တ်စုံတွေကို ၀တ်ချင်လာတယ်။ ဒါတွေအားလုံးကို ကာတွန်းတွေထဲမှာ တွေ့ရတယ်။ အဲ့ဒါနဲ့ပဲ တော်တော်လေးကျပ်တဲ့ အားကစားလုပ်တဲ့အခါဝတ်ဆင်နိုင်တဲ့ အတွင်းခံ

DVB ရေဒီယိုလှိုင်းတို ထုတ်လွှင့်မှု ရပ်လိုက်ပြီ …

စစ်အာဏာရှင်အစိုးရလက်ထက် အမှောင်တိုက်အောက်က မြန်မာပြည်သူတွေကို နှစ်ပေါင်း ၂ဝကျော်ကြာ သတင်းတွေ ထုတ်လွှင့်နေခဲ့တဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB ရဲ့ ရေဒီယိုလှိုင်းတိုကို အောက်တိုဘာ ၂၆ရက်နေ့ကစတင်ပြီး တရားဝင် ရပ်ဆိုင်းလိုက်ပါပြီ။ DVB ရေဒီယို ပုံစံသစ်နဲ့ တကျော့ပြန်လာဦးမှာလား။
မြန်မာပြည်နဲ့ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ နော်ဝေနိုင်ငံကနေ ထုတ်လွှင့်ရတဲ့ လှိုင်းတိုဟာ ဒေသတွင်းမှာ တစ်ဆင့်ခံပြန်လွှင့်မှု မလုပ်နိုင်လို့ အသံလှိုင်းအရည်အသွေး အားနည်းချက်တွေ အများကြီး ရင်ဆိုင်ခဲ့ရလို့ ခေတ်နဲ့အညီ နည်းပညာတွေ ပြောင်းလဲလာနေတာကြောင့် ရေဒီယိုလှိုင်းတိုကို ရပ်ဆိုင်းလိုက်တာပါလို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။

ပုဒ်မ ၄၃၆ ကိုမပြင်ဘဲ ကာလုံအခန်းကဏ္ဍတိုးမြှင့်ရန် တပ်မတော်အကြံပြု

ပြည်သူငါးသန်းနီးပါးက ပြင်ဆင်ရန် လက်မှတ်ရေးထိုး ထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၃၆ ကို တပ်မတော် ကမပြင်ဆင်လိုဘဲ တပ်မတော်သား ထက်ဝက်ကျော် နေရာယူထားသော ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ၏လုပ်ပိုင်ခွင့် အာဏာတိုးမြှင့်ရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်မျာက လွှတ်တော်သို့ အကြံပြု ထားသည်။

ယခုလ ၂၂ ရက်ကကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်သွင်းသည့် ပါတီအဖွဲ့အသီးသီး၏ အကြံပြုချက်များပါသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ အစီရင်ခံစာတွင် တပ်မတော်ကထိုကဲ့သို့ အကြံပြုထားခြင်း ဖြစ်ကြောင်းဖော်ပြထားသည်။

၁ဝတန်းမအောင်တဲ့သူတွေအတွက် အင်ဂျင်နီယာအခြေခံသင်တန်း ဖွင့်မယ်

ဆယ်တန်းအောင်မပြောနဲ့ ဘွဲ့ရတောင် အလုပ်လက်မဲ့တွေ တိုးပွားနေတဲ့ မြန်မာပြည်မှာ ဆယ်တန်းပညာ မအောင်မြင်တဲ့ လူငယ်တွေအတွက် အင်ဂျင်နီယာဖောင်ဒေးရှင်းသင်တန်းကို ဖွင့်လှစ်တော့မယ်လို့ GAME အဖွဲ့က အောက်တိုဘာ ၂၈ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဒီသင်တန်းက အလုပ်အကိုင်အခွင့်အလမ်းတွေ လမ်းပွင့်စေမှာလား။

Tuesday, October 28, 2014

ကိုပါကြီးကိစ္စ ရန်ကုန်မြို့တော်ခမ်းမရှေ့ဆန္ဒပြသူတွေကို အမှုဖွင့်ပြီ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက ကိုပါကြီး သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ရန်ကုန်မြို့ မြို့တော် ခမ်းမ ရှေ့ ဆန္ဒပြပွဲနဲ့ပတ်သက်လို့ အမှုဖွင့်ပြီလို့ သိရပါတယ်။

အဲဒီဆန္ဒပြပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေးတို့နဲ့အတူ တက်ကြွစွာ ပါဝင်ခဲ့သူ ကိုမိုဃ်းသွေးကို အမှုဖွင့်ထားတယ်လို့ သတင်းကြားလို့ ကျောက်တံတား ရဲစခန်း စခန်းမှူး ဦးတင်လှကို ဖုန်းဆက်မေးမြန်းတာမှာ ဟုတ်မှန်ကြောင်း ရဲစခန်းမှူးက ပြောခဲ့တယ်လို့ ကိုမိုဃ်းသွေး က သူ့ဖေ့စ်ကနေ အသိပေးထား ပါတယ်။

တိုင်းရင်းသားများ အခွင့်အရေးအပြည့်အ၀ရရှိရေး ကူညီမည်ဟု မြစ်ကြီးနားမြို့ရောက် ကန်သံအမတ်ပြောကြား

ကချင်ပြည်နယ် အခြေအနေများကို လေ့လာနိုင်ရန် တတိယ အကြိမ်အဖြစ် လာရောက်သော အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ် မစ္စတာ ဒဲရစ်မစ်ချယ်က အမေရိကန် အစိုးရအနေဖြင့် ဖိအားပေးသည့် သဘောဖြင့်ပါဝင်သွားမည်မဟုတ်ဘဲ ဒီမိုကရေစီနည်းလမ်းတကျဖြင့် တိုင်းရင်းသားများ၏ အခွင့်အရေး အပြည့်အ၀ရရန် ကူညီသွားမည်ဟု ကတိပြုခဲ့ကြောင်း မြစ်ကြီးနားမြို့တွင် သံအမတ်နှင့် တွေ့ဆုံခဲ့သော အသင်းအဖွဲ့များထံမှ သိရသည်။

သင်းအုပ်ဆရာများကို နိုင်ငံရေးလက်နက်အဖြစ် KIA အဖွဲ့ အသုံးချနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ၊ ရပ်ကွက်(၂)ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းသို့ ၀တ်ပြုဆုတောင်းရန် တက်ရောက်လာသော ဒေသခံများအား အောက်တိုဘာ ၂၆ ရက်နေ့တွင် သင်းအုပ် ဆရာမှ ၀ါဒဖြန့်ချိရေးစကားများ ဟောပြောစည်းရုံးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဝတ်ပြုဆုတောင်းပွဲသို့ ဖားကန့်မြို့ပေါ်နှင့် ဆိပ်မူကျေးရွာများမှ သင်းအုပ်/သင်းထောက် ဆရာများ၊ ခရစ်ယာန်နှစ်ခြင်းအသင်းဝင်များ စုစုပေါင်းအင်အား ၁၅၈ ဦးခန့်ဖြင့် နံနက် ၁၀ နာရီမှ ၁၀ နာရီခွဲချိန်ထိ ၀တ်ပြု ဆုတောင်းခဲ့ပြီးနောက် သင်းအုပ်ဆရာ ဦးရှောလမုန်မှ ဘာသာရေးနှင့် မသက်ဆိုင်သော စကားများပြောဆိုခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ကိုပါကြီးကိစ္စ ရန်ကုန်မြို့တော်ခမ်းမရှေ့ဆန္ဒပြသူတွေကို အမှုဖွင့်ပြီ

Photo: ကိုပါကြီးကိစ္စ ရန်ကုန်မြို့တော်ခမ်းမရှေ့ဆန္ဒပြသူတွေကို အမှုဖွင့်ပြီ
Tuesday, October 28, 2014

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက ကိုပါကြီး သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ရန်ကုန်မြို့ မြို့တော် ခမ်းမ ရှေ့ ဆန္ဒပြပွဲနဲ့ပတ်သက်လို့ အမှုဖွင့်ပြီလို့ သိရပါတယ်။ 

အဲဒီဆန္ဒပြပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေးတို့နဲ့အတူ တက်ကြွစွာ ပါဝင်ခဲ့သူ ကိုမိုဃ်းသွေးကို အမှုဖွင့်ထားတယ်လို့ သတင်းကြားလို့ ကျောက်တံတား ရဲစခန်း စခန်းမှူး ဦးတင်လှကို ဖုန်းဆက်မေးမြန်းတာမှာ ဟုတ်မှန်ကြောင်း ရဲစခန်းမှူးက ပြောခဲ့တယ်လို့ ကိုမိုဃ်းသွေး က သူ့ဖေ့စ်ကနေ အသိပေးထား ပါတယ်။ 

 “တနင်္ဂနွေနေ့ ညနေ ကိုပါကြီးကိစ္စဆန္ဒပြပွဲနဲ့ပတ်သက်လို့ ကျနော့်ကို အမှုဖွင့်ထားတယ်လို့ မိတ်ဆွေ သတင်းသမား တချို့က အကြောင်းကြားလာလို့ ကျောက်တံတားရဲစခန်းမှုး ဦးတင်လှ 09250636902 ကိုဖုန်းဆက်မေးခဲ့ပါတယ်။ သူက ဟုတ်မှန်ကြောင်းပြောဆိုတဲ့အတွက် ကျနော်က တရားဝင်စာနဲ့ လာရောက်ကြောင်းကြားဖို့ ပြောတဲ့အခါ 09253255730 မြို့နယ်မှူး စခန်းဖုန်းနံပါတ်ကို မေးမြန်း ပါလို့ လွှဲပေးပါတယ်။ အဲ့ဒီဖုန်းနံပါတ်က ခုထိဆက်သွယ်လို့ မရပါဘူး” လို့ ကိုမိုဃ်းသွေးက ရေးပါတယ်။ 

သူဆက်ရေးချက်အရ ကိုပါကြီး သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး မြို့တော်ခမ်းမရှေ့ဆန္ဒပြမှုနဲ့ပတ်သက်ပြီး မိုဃ်းသွေး နဲ့အပေါင်းအများကို ပုဒ်မ (၁၈)နဲ့ အမှုအမှတ်(ပ)၃၄၃/၂၀၁၄ နဲ့ အမှုဖွင့်ထားပါတယ်တဲ့။ 

ဒါဆို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ရဲရဲတောက်မိန့်ခွန်းပြောခဲ့သူ ဦးကိုကိုကြီး၊ ဦးမင်းကိုနိုင် တို့ကို လည်း အမှုဖွင့်ထားတယ်ဆိုတဲ့သဘောပါ။ 

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့ကို အမှုဖွင့်ထားမှု ရှိ၊ မရှိ အခုထိ အတိအကျ မသိရသေးပါဘူး။ 

 ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက ကိုပါကြီး သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ရန်ကုန်မြို့ မြို့တော် ခမ်းမ ရှေ့ ဆန္ဒပြပွဲနဲ့ပတ်သက်လို့ အမှုဖွင့်ပြီလို့ သိရပါတယ်။

အဲဒီဆန္ဒပြပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေးတို့နဲ့အတူ တက်ကြွစွာ ပါဝင်ခဲ့သူ ကိုမိုဃ်းသွေးကို အမှုဖွင့်ထားတယ်လို့ သတင်းကြားလို့ ကျောက်တံတား ရဲစခန်း စခန်းမှူး ဦးတင်လှကို ဖုန်းဆက်မေးမြန်းတာမှာ ဟုတ်မှန်ကြောင်း ရဲစခန်းမှူးက ပြောခဲ့တယ်လို့ ကိုမိုဃ်းသွေး က သူ့ဖေ့စ်ကနေ အသိပေးထား ပါတယ်။

အိမ်ခြံမြေငှားရမ်းခ တစ်လလျှင် ကျပ်နှစ်သိန်းအထက် ရရှိသူများကိုသာ သတ်မှတ်ထားသည့် အခွန်နှုန်းထားအတိုင်း ကောက်ခံသွားမည်

အိမ် ခြံမြေရောင်းဝယ်ငှားအခွန်ကောက် ခံမှုတွင် တစ်လလျှင် ငှားရမ်းခကျပ် နှစ်သိန်း အထက်ရရှိသူများ ကိုသာ သတ်မှတ်ထားသည့်အခွန်နှုန်းထား အတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ထုတ် ပြန်ထားသည်။

သို့ဖြစ်ရာ အိမ်ခြံမြေငှားရမ်းခ တစ်လလျှင် ကျပ်နှစ်သိန်းရရှိသူများ က အခွန်ပေးဆောင်ရန်မလိုကြောင်း သိရသည်။

တယ်လီနောဆင်းမ်ကတ် အရောင်းဆိုင်များ ပစ္စည်းပြတ်လပ်၍ အမြတ်တင် ရောင်းချဟုဆို

Photo: တယ်လီနောဆင်းမ်ကတ် အရောင်းဆိုင်များ ပစ္စည်းပြတ်လပ်၍ အမြတ်တင် ရောင်းချဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၇

တယ်လီနော ဆင်းမ်ကတ်များ ရန်ကုန်မြို့တော်တွင် စတင်ရောင်းချပြီး တစ်ရက်ကြာချိန်တွင် ပစ္စည်းပြတ်လပ်မှုကြောင့် ဈေးနှုန်းမြှင့်တင် ရောင်းချလျက်ရှိကြောင်း မိုဘိုင်းလ်အရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့တော်တွင် ဆင်းမ်ကတ်တစ်သန်း စတင်ရောင်းချမည်ဟု ကြေညာထားသော်လည်း အရောင်းကိုယ်စားလှယ်ဆိုင်များတွင် ဆင်းမ်ကတ်များကို ပထမရက် (အောက်တိုဘာ ၂၆) တွင်သာ သတ်မှတ်ထားသော ဈေးနှုန်းအတိုင်း ရောင်းချပြီး နောက်တစ်ရက် (အောက်တိုဘာ ၂၇) တွင် ဆင်းမ်ကတ်များကို ဈေးနှုန်းမြှင့်တင် ရောင်းလျက်ရှိကြောင်း ယင်းဆိုင်များထံမှ သိရသည်။  

အရောင်းဆိုင်များသို့ ဆင်းမ်ကတ်နှင့် ငွေဖြည့်ကတ် အရေအတွက်ကို ၎င်းတို့ လိုချင်သလောက် ချပေးမည် မဟုတ်ဟု တယ်လီနော အမှုဆောင်အရာရှိချုပ် Mr Peter Furberg က ပြောကြားထားသည်။ 

အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဆင်းမ်ကတ်ဝယ်ယူလျှင် ငွေဖြည့်ကတ် ငါးထောင်ကျပ်တန်နှင့် အထက်အပြင် ဆင်းမ်ကတ်ဈေးနှုန်းမှာလည်း နှစ်ထောင်ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း အနော်ရထာလမ်းရှိ တယ်လီနော အရောင်းဆိုင်တွင် ဆင်းမ်ကတ်ဝယ်ယူရန် တန်းစီစောင့်ဆိုင်းခဲ့သော ဦးဇော်ဇော်ထွန်းက ပြောကြားသည်။
“တခြားဆိုင်တွေက တစ်ကတ် ဝယ်မယ်ဆိုရင် တစ်သောင်းနီးပါး ပေးရမယ်။ အဲဒီအတွက် ဒီမှာပဲ တန်းစီပြီး ဝယ်နေတာ” ဟု ၎င်းက ပြောဆိုသည်။

ဈေးတင်ရောင်းချနေသော ဆိုင်များကို ဆိုင်နာမည်ကိုမှတ်ပြီး တယ်လီနော၏ Hot Line ဖုန်းနံပါတ် ၉၇၉ သို့ ဝယ်ယူသူများက တိုက်ရိုက်တိုင်ကြားနိုင်ပြီး တယ်လီနောကလည်း အရောင်းဆိုင်များ ဈေးတင်ရောင်းချမှု ရှိမရှိ လိုက်လံစစ်ဆေးမည် ဖြစ်ကြောင်း တယ်လီနောမြန်မာ၏ ပြန်ကြားရေးတာဝန်ခံ ဦးစိုးသူထွန်းက ပြောကြားသည်။
တယ်လီနော ဆင်းမ်ကတ်များ ရန်ကုန်မြို့တော်တွင် စတင်ရောင်းချပြီး တစ်ရက်ကြာချိန်တွင် ပစ္စည်းပြတ်လပ်မှုကြောင့် ဈေးနှုန်းမြှင့်တင် ရောင်းချလျက်ရှိကြောင်း မိုဘိုင်းလ်အရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။

နိုင်ငံရေးအာရုံလွှဲမှု သတိပြုရန်လိုဟု ဒေါ်စုပြော

Photo: နိုင်ငံရေးအာရုံလွှဲမှု သတိပြုရန်လိုဟု ဒေါ်စုပြော 
Tuesday, October 28, 2014

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးများ အရေးကြီးချိန်တွင် အာရုံလွှဲမည့် ကိစ္စများကို သတိထားရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများကို တိုက်တွန်းလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်က “အခုချိန်မှာဆိုရင် အရေးအကြီးဆုံး ကိစ္စက ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲ ကိစ္စဖြစ်ပါတယ်၊ အာရုံလွှဲ မယ့်ကိစ္စတွေကို သတိထားကြပါ၊ သတိထားပါ” ဟု ပြည်သူ့ လွှတ်တော်အစည်းအဝေး ခေတ္တနားချိန်တွင် ပုဇွန်တောင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့မှ ပါတီဝင်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာတင်ပြီး ငါးရက် အကြာ၊ မြန်မာနိုင်ငံနှင့်

ကိုက်ညီသည့် ရွေးကောက်ပွဲစနစ်အကြောင်းကို ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးသည့်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်းဖြစ်သည်

၎င်းက “အများပြည်သူ နားလည်အောင် ရှင်းပြပါ။ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပေါ်မှာ အခြေတည်ပါတယ်” ဟု ၎င်း၏ပါတီဝင်များအားလည်း တိုက်တွန်းခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ၄၃၆ ပြင်ဆင်ရေးအတွက် လူထုဆန္ဒကောက်ယူရာ လက်မှတ်ပေါင်း ငါးသန်း ခန့်ရရှိ ထားသည်။

ဒေါ်အောင်ဆန်းစုကြည်က “ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၆ ပြင် ဆင်ရေးအတွက် ကျွန်မတို့လုပ်လိုက်တဲ့ လှုပ်ရှားမှု အင်မတန်မှ အောင်မြင်တယ်။ တခြား ဒီမိုကရေစီ နိုင်ငံတွေကတောင် အံ့သြနေကြတယ်” ဟု ပြောသည်။

ထို့ပြင် ဒီမိုကရေစီစစ်မှန်စေရန်မှာ ရွေးကောက်ပွဲစနစ် စစ်မှန်ရန်လိုအပ်ပြီး စစ်မှန်သည့် ရွေးကောက်ပွဲဆိုသည်မှာ ပါဝင်သင့်သူ အားလုံး ပါဝင်ရမည်။ ပွင့်လင်းရမည်။ လွတ်လပ်ရမည်။ တရားမျှတရမည် ဟုလည်း ၎င်းက ဆိုသည်။

၎င်းက “ဒီလိုရွေးကောက်ပွဲများဖြစ်မှ သာလျှင် ဒီမိုကရေစီနည်းလမ်းကျတဲ့ ရွေးချယ်မှုမျိုးကို ကျွန်မတို့က ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြည်သူများသည် ၎င်းတို့လိုချင်သည့် ကိုယ်စားလှယ်များကို ရွေးချယ်နိုင်သည့် အခွင့်အရေးမရှိပါက ဒီမိုက ရေစီစနစ်သည် ပြည့်စုံသည်ဟု မဆိုနိုင်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရေးကြီးသကဲ့သို့ ရွေးကောက် စနစ်မှန်ရန်လည်း အရေးကြီးသည်ဟု ဖြည့်စွက်ပြောသည်။

၎င်းက “ရွေးကောက်ပွဲစနစ် ရွေးချယ်တဲ့နေရာမှာ ပြည်သူကပါဝင်ရမယ်ဆိုတာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူပဲ။ ပြည်သူရဲ့ဆန္ဒမပါဘဲနဲ့ ပြည်သူရဲ့ဆန္ဒ ရှင်းရှင်းမပါဘဲနဲ့ ကျွန်မတို့ဟာ ရွေးကောက်ပွဲစနစ် ပြောင်းလဲမယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး” ဟု ပြောကြားခဲ့သည်။

Mizzima
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးများ အရေးကြီးချိန်တွင် အာရုံလွှဲမည့် ကိစ္စများကို သတိထားရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများကို တိုက်တွန်းလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်က “အခုချိန်မှာဆိုရင် အရေးအကြီးဆုံး ကိစ္စက ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲ ကိစ္စဖြစ်ပါတယ်၊ အာရုံလွှဲ မယ့်ကိစ္စတွေကို သတိ

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း လွှတ်တော်ကို တောင်းပန်

လွှတ်တော်က ချေးယူခြင်းမပြုရန် ကန့်ကွက်ထားသည့် နိုင်ငံခြားချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် ထပ်မံထည့်သွင်း တောင်းခံမိသောကြောင့် လွှတ်တော်သို့ တောင်းပန်ကြောင်း သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။

လက်နက်ကိုင်ဖြေရှင်းခြင်းကို ရပ်ဆိုင်းပေးရန် တပ်မတော်သို့ UWSA တောင်းဆို

တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအားလုံး အပေါ် တပ်မတော်က လက်နက် ဖြင့်ဖြေရှင်းခြင်းကို ရပ်ဆိုင်းပေး ရန်အပါအဝင် အချက်သုံးချက် အား ‘ဝ’ ပြည်သွေးစည်းညီညွတ် ရေးပါတီ (UWSA)က တောင်းဆိုခဲ့ကြောင်းသတင်းရရှိသည်။
ဝပြည်သွေးစည်းညီညွတ် ပါတီခေါင်းဆောင်များနှင့် ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီဒုတိယ ဥက္ကဋ္ဌဦးသိန်းဇော်ဦးဆောင်သော အဖွဲ့တို့သည် အောက်တိုဘာ ၂၂ ရက်တွင် ပန်ဆန်းဒေသ၌တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စု ရဲ့ ပြည်နယ် ၆ ခု မှာ အမျိုးသားချင်း လိင်တူ လက်ထပ်ခြင်း (Gay Marriage) ကို တိုးကာ တရားဝင်ခွင့်ပြု

Photo: အမေရိကန်ပြည်ထောင်စု ရဲ့ ပြည်နယ် ၆ ခု မှာ အမျိုးသားချင်း လိင်တူ လက်ထပ်ခြင်း (Gay Marriage) ကို တိုးကာ တရားဝင်ခွင့်ပြု
Tuesday, October 28, 2014

အမေရိကန်ပြည်ထောင်စုရဲ့ ဖက်ဒရယ် အစိုးရဟာ သဘောထားကြီးမားတဲ့ တိုင်းပြည်တစ်ခု ဖြစ်လာဖို့အတွက် ပြည်နယ် ၆ခုမှာ အမျိုးသားချင်း လိင်တူ လက်ထပ်ခြင်း (Gay Marriage) ကို ထပ်မံ၍ တရားဝင်ခွင့်ပြုလိုက်ပြီး လိုအပ်မယ့် ခြေလှမ်းတွေကို စတင်လိုက်ပါပြီ။

ပြောရင်းဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ် Eric Holder က စနေနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ Alska ပြည်နယ် ၊ Arizona ပြည်နယ် ၊ Idaho ပြည်နယ် ၊ North Carolina ပြည်နယ် ၊ West Virinia ပြည်နယ် နဲ့ Wyoming ပြည်နယ်တို့မှာ အမျိုးသားချင်း လိင်တူလက်ထပ်ခြင်း(Gay Marriage) ကို တရားဝင်ခွင့်ပြုကြောင်း ပါဝင်လာပါတယ်။ ဒါ့အပြင် လက်ထပ်ပြီးကာစ လိင်တူတွေအတွက် “လူမှု လုံခြုံရေး” လိုမျိုး အကျိုးကျေးဇူးတွေလည်း ရရှိနိုင်တယ်လို့ သိရပါတယ်။

ဒီသတင်းဟာ ယခု လအစောပိုင်းက ထွက်ရှိထားတဲ့ သတင်းတစ်ခုရဲ့နောက်ဆက်တွဲ သတင်းပါ။ ယခုလ အစောပိုင်းကလည်း Supreme တရားရုံးက ပြည်နယ် ၅ မြို့နယ်ရဲ့ လိင်တူ လက်ထပ်ခြင်းကို ဆက်လက် တားမြစ်ဖို့ မေတ္တာရပ်ခံချက်ကို ပယ်ချခဲ့ပါတယ်။ အခုဆိုရင် အမေရိကန် ပြည်ထောင်စုမှာ အမျိုးသားချင်း လိင်တူလက်ထပ်ခြင်း (Gay Marriage) ကို ကိုလံဘီယာ နိုင်ငံနယ်စပ် အပါအ၀င် တရားဝင် ခွင့်ပြုထားတဲ့ ပြည်နယ် ၃၂ မြို့နယ် ရှိနေပါပြီ။

Credit to ပြည်မြန်မာ
အမေရိကန်ပြည်ထောင်စုရဲ့ ဖက်ဒရယ် အစိုးရဟာ သဘောထား ကြီးမားတဲ့ တိုင်းပြည်တစ်ခု ဖြစ်လာဖို့အတွက် ပြည်နယ် ၆ခုမှာ အမျိုးသားချင်း လိင်တူ လက်ထပ်ခြင်း (Gay Marriage) ကို ထပ်မံ၍ တရားဝင်ခွင့်ပြုလိုက်ပြီး လိုအပ်မယ့် ခြေလှမ်းတွေကို စတင်လိုက်ပါပြီ။

UNESCO ပါဝင်ပတ်သက်ဖို့ လိုပြီ

ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) အဖွဲ့ကြီးအနေဖြင့် ဦးအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုတွင် အာဏာပိုင်များကို တရားဝင် မှန်မှန်ကန်ကန် အရေးယူဆောင်ရွက်ပေးရေး ပါဝင်တိုက်တွန်းပေးရန် လိုသည်ဟု ယုံကြည်သည်။
မြန်မာနိုင်ငံတွင် ရုံးဖွင့်ထားသော UNESCO မှ အရာရှိများ အနေဖြင့် နေပြည်တော်မှ အာဏာပိုင်များကို ဆက်သွယ်ပြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် တိုက်တွန်း ပြောကြားရန် လိုသကဲ့သို့ ဦးအောင်ကျော်နိုင် (ခ) ကိုပါကြီး၏ မိသားစုအား လိုအပ်သော အကူအညီများ၊ တရားဥပဒေဘောင်အတွင်းမှ ဆောင်ရွက်စရာ ရှိသည်များ၊ အကာအကွယ်ပေးရမည့် ကိစ္စများကို အမြန် စတင်ဆောင်ရွက်သင့်သည်။

ပြန်ပေးဆွဲခံ နိုင်ဂျီးရီးယားကျောင်းသူများ အတင်းအဓမ္မ လက်ထပ်ခိုင်းခံရ

Photo: ပြန်ပေးဆွဲခံ နိုင်ဂျီးရီးယားကျောင်းသူများ အတင်းအဓမ္မ လက်ထပ်ခိုင်းခံရ
Tuesday, October 28, 2014

နိုင်ဂျီးရီးယားနိုင်ငံမှာ ဘိုကိုဟာရမ်သူပုန်တွေရဲ့ ပြန်ပေးဆွဲခံရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ အတင်းအဓမ္မ လက်ထပ်ခိုင်းတာ၊ ကိုးကွယ်ရာ ဘာသာပြောင်းခိုင်းတာနဲ့ အလွဲသုံးစားလုပ်တာတွေ ခံခဲ့ရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး (HRW) က အောက်တိုဘာ ၂၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

ဒီအစီရင်ခံစာကို နိုင်ဂျီးရီးယားနိုင်ငံတလွှားက အဓမ္မခေါ်ဆောင်ခံရတဲ့ သက်သေတွေနဲ့ ဓားစာခံ ဒါဇင်ပေါင်းများစွာကို လူတွေ့မေးမြန်းချက်တွေအပေါ် အခြေခံတင်ပြထားပါတယ်။

ဘိုကိုဟာရမ်တွေဟာ ၂၀၀၉ ခုနှစ်ကတည်းက ခုထိ အမျိုးသမီးနဲ့ မိန်းကလေး အယောက် ၅၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့ပြီးပြီလို့ အစီရင်ခံစာက ဆိုပါတယ်။

ဘိုကိုဟာရမ်တွေဟာ ဓားစာခံတွေကို အစ္စလာမ်ဘာသာ မပြောင်းရင်၊ ကျောင်းတက် တာကို မရပ်ရင်၊ ဟိဂျဗ်လို့ခေါ်တဲ့ ခေါင်းမြီးခြုံအဝတ်ကိုမဝတ်ရင် သူတို့ကို ကျာပွတ်နဲ့ ရိုက်နှက် သတ်ဖြတ်ခံရမယ်လို့ ခြိမ်းခြောက်လေ့ရှိကြောင်း အစီရင်ခံစာက ဆိုပါတယ်။

ဒါ့အပြင် ဒေသခံတွေကပေးတဲ့ သတင်းအတိုင်း လှုပ်ရှားမယ်ဆိုရင် ဘိုကိုဟာရမ်တွေရဲ့ တိုက်ခိုက်မှုတချို့ကို လုံခြုံရေးတပ်တွေက တားဆီးနိုင်မယ်လို့လည်း မျက်မြင်သက်သေတွေ ကပြောကြောင်း အစီရင်ခံစာက ဆိုပါတယ်။

ဘိုကိုဟာရမ်တွေဟာ နိုင်ဂျီးရီးယားနိုင်ငံရဲ့ ဆင်းရဲမွဲတေတဲ့ အရှေ့မြောက်ပိုင်းမှာ ဘာသာရေးဆရာအုပ်ချုပ်တဲ့ အစ္စလာမ္မစ်နိုင်ငံ တည်ထောင်ရေး ၅ နှစ်တာ သူပုန်ထမှုအတွင်း လူအယောက်ထောင်ချီ သတ်ဖြတ်ခဲ့ပြီးပါပြီ။

DVB
နိုင်ဂျီးရီးယားနိုင်ငံမှာ ဘိုကိုဟာရမ်သူပုန်တွေရဲ့ ပြန်ပေးဆွဲခံရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ အတင်းအဓမ္မ လက်ထပ်ခိုင်းတာ၊ ကိုးကွယ်ရာ ဘာသာပြောင်းခိုင်းတာနဲ့ အလွဲသုံးစားလုပ်တာတွေ ခံခဲ့ရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး (HRW) က အောက်တိုဘာ ၂၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

UNFC က ထွက်ဖို့ KNU ဆုံးဖြတ်

ကရင်အမျိုးသား အစည်းအရုံး KNU အနေနဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC ကနေနုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

မနေ့ကကျင်းပပြီးစီးသွားတဲ့ KNU ဗဟိုအလုပ်အမူဆောင်အစည်းအဝေးက ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း မြဝတီမြို့ KNU ဆက်ဆံရေးရုံး တာဝန်ခံ စောမိုးဇက်က RFA ကိုပြောပါတယ်။

တရုတ်အစိုးရက စစ်ရေးအသုံးစရိတ်များကို အနီးကပ်စောင့်ကြည့်သွားမည်

China
ဘဏ္ဍာငွေသုံးစွဲမှုကို တင်းကြပ်စွာစောင့်ကြည့် ထိန်းချုပ်ခြင်းဖြင့် စစ်အသုံးစရိတ်များ အကျိုးရှိရှိသုံးစွဲမှုကို မြှင့်တင်ရန် တရုတ်အစိုးရ ရည်ရွယ်ထားကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက အောက်တိုဘာ၂၆ ရက်တွင် ဖော်ပြခဲ့သည်။၂၀၂၀ ပြည့်နှစ်မတိုင်မီ အပြည့်အ၀လုပ်ဆောင်သွားမည့် ရလဒ်အခြေခံ စီမံခန့်ခွဲမှုစနစ်

အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုအတွက် မန္တလေးတွင်ဆန္ဒထုတ်ဖော်

အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးသေဆုံးမှု အတွက် မန္တလေးတွင် အောက်တိုဘာ ၂၇ ရက် ညနေ ၆ နာရီအချိန်၌ ၈၀ လမ်းနှင့် ၂၆ လမ်းထောင့် (မန္တလေး နန်းမြို့ရိုးထောင့်)တွင် ဖယောင်းတိုင်ထွန်း ဆန္ဒပြတောင်းဆို ခဲ့ကြောင်း သိရသည်။

ရှစ်လေးလုံးကို ပြန်လည်အသက်သွင်းချင်နေကြသလား

Photo: ရှစ်လေးလုံးကို ပြန်လည်အသက်သွင်းချင်နေကြသလား
Tuesday, October 28, 2014

မနေ့ညနေက ရုံးဆင်းပြီး အိမ်အပြန်ပေါ့။ သားအချစ်မြေးအနှစ် ဆိုတဲ့စကားလို ညနေရုံးဆင်းချိန် အိမ်ပြန် လာမယ့် အဘိုးဖြစ်သူကို ခြံဝကနေထွက် မျှော်နေတတ်တဲ့ မြေးငယ်အတွက် ရေခဲမုန့်ဝယ်ဖို့ စတိုးဆိုင်တစ်ခုကို ၀င် လိုက်တယ်။ မုန့်ဝယ်ပြီး ပိုက်ဆံရှင်းဖို့ ကောင်တာကို အသွားမှာ သတိထားမိတာက စင်ပေါ်မှာ အစီအရီထပ်ထားတဲ့ ဂျာနယ်တွေ။ ဂျာနယ်မျက်နှာဖုံးမှာ စာလုံးအမည်းကြီးနဲ့ ဖော်ပြထားတာတစ်ခုက " ကိုပါကြီး မတရားညှင်းပန်း နှိပ်စက် အသတ်ခံရမှုအပေါ် ဆန္ဒထုတ်ဖော်" ဆိုပြီးဖော်ပြထားတာပါ။ ဒီသတင်းနဲ့ ပတ်သတ်ပြီး ညအိပ်ယာဝင်တဲ့ အထိ ကျွန်တော်စဉ်းစားနေမိခဲ့တယ်။

လက်ရှိအစိုးရ လက်ထက်မှာ အရင်ကလည်း ဆန္ဒပြပွဲသတင်းတွေကို တွေ့မြင်ကြားနေရတာဆိုတော့ ဆန်း တော့ မဆန်းတော့ပါဘူး။ မိမိတို့ လိုအပ်ချက်အတွက် အစိုးရကို လွတ်လပ်စွာ ဆန္ဒထုတ်ဖော် ပြသလို့ရပါတယ်။ ဒါပေမယ့် အခုဖော်ထုတ်ဆန္ဒပြနေတာဟာ လက်ရှိအစိုးရကို သေဆုံးသူရဲ့အမှုမှန် ပေါ်ပေါက်ရေးအတွက် အမြန် ဆုံး ဆောင်ရွက်ပေးဖို့ ရည်ရွယ်တာဆိုရင်ဖြင့် ပြဿနာက သိပ်မကြီးမားပါဘူး။ ဒီလိုမှမဟုတ်ပဲ ဆန္ဒပြပွဲကို ဦးဆောင် နေသူတွေမှာ တစ်ခြား ရည်ရွယ်ချက်တွေများ ရှိနေခဲ့မယ်ဆိုရင်ဖြင့်။

ကျွန်တော့်အတွေးများဟာ ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာဆီကို ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။ ၁၉၈၈ မတ်လ ၁၃ ရက်နေ့က RIT ကျောင်းသား မောင်ဖုန်းမော် သေဆုံးခဲ့တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ဖြစ်ပေါ်ခဲ့ရတဲ့ ရှစ်လေးလုံး အရေးခင်းကိုပြန်လည်ပြီး သတိရလိုက်မိပါတယ်။ ဒီအရေးအခင်းဟာ မောင်ဖုန်းမော် သေဆုံး ရတဲ့ကိစ္စကို အကြောင်းပြုလို့ နိုင်ငံရေးအမြတ်ထုတ်ပြီး အာဏာရယူလိုသူ မြေပေါ်၊မြေအောက် အဖွဲ့အစည်း များကြောင့် ဖြစ်ပေါ်လာရတာလို့ ပြောလို့ရပါတယ်။

အဲဒီအဖွဲ့အစည်းများဟာ ဖြစ်လာသမျှသော ပြဿနာသေးသေးကြီးကြီးမှန်သမျှ မဆလအစိုးရ အပေါ် အပြစ်ပုံချပြပါတယ်။ ပြီးတော့မှ နဂိုကတည်း စီးပွားရေးကြပ်တည်းလို့ ငိုချင်ရဲ့လက်တို့ ဖြစ်နေရတဲ့ ကျွန်တော်တို့ ပြည်သူတွေ၊ မောင်ဖုန်းမော် သေဆုံးမှုနဲ့ပတ်သက်ပြီး သေချာရေရာစွာ ဘာမှမသိလိုက်တဲ့ ကျောင်းသား/သူတွေကို စည်းရုံးသွေးဆောင်ပြီး ရှစ်လေးလုံးအရေးခင်းကို ဖန်တီးလိုက်ပါတော့တယ်။ သူတို့ဖြစ်စေချင်တဲ့အတိုင်း မဆလ အစိုးရဟာ ဘယ်လိုမှမထိန်းသိမ်းနိုင်တော့ပဲ တစ်နိုင်ငံလုံး မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ သတ်ဖြတ်မှုတွေ၊ ပြည်သူ ပိုင် ပစ္စည်းဖျက်ဆီးမှုတွေ ဖြစ်လာခဲ့ပါတော့တယ်။ နောက်ဆုံးတော့ ကျွန်တော်တို့ပြည်သူတွေပဲ ဒုက္ခပင်လယ်ဝေခဲ့ရ ပါတယ်။ သူတို့ချင်း အာဏာလုတဲ့ပွဲမှာ ပြည်သူတွေပဲမြေဇာပင် ဘ၀ရောက်ခဲ့ရပါတယ်။
ဒီကနေ့ခေတ်မှာလည်း ကိုပါကြီး လို့ခေါ်တဲ့ အလွတ်သတင်းထောက် တစ်ယောက် (သူတို့ပြောဆိုဖော်ပြ ချက်အရ) သေဆုံးမှုနဲ့ပတ်သတ်ပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ပြည်သူတွေကို လမ်းပေါ်ရောက်အောင် တွန်းပို့ ချင်နေသူတွေ ရှိနေမှာသေချာပါတယ်။ ကိုပါကြီးဆိုတာကို မြင်ဖူးဖို့နေနေသာသာ နာမည်တောင် သူတို့လာပြောပြမှ ကြားဖူးတဲ့ ပြည်သူတွေကို " ကိုပါကြီးတော့ဖြင့် အခုလို မတရား အသတ်ခံနေရပြီ ကျုပ်တို့တွေအတွက် လုံခြုံမှု ဆိုတာ မရှိတော့ဘူး "ဆိုတာမျိုး၊ " အရင်ကလည်းဒီလိုမျိုး လူမသိသူမသိ အသတ်ခံနေရတာဖြင့် ဘယ်နှစ်ယောက် လောက်ရှိပါပြီ"လို့တစ်ဖုံ၊ အမျိုးမျိုးသော ၀ါဒဖြန့်နည်းပေါင်းစုံနဲ့ ပြည်သူတွေကို သွေးဆောင်စည်းရုံးပြီး လမ်းပေါ် ရောက်အောင် လုပ်ဆောင်နိုင်ပါတယ်။

နိုင်ငံရေးအမြတ်ထုတ်လိုသူတွေဟာ လက်ရှိအာဏာရ အစိုးရကိုနည်းမျိုးစုံနဲ့ ဖြုတ်ချပြီး အာဏာရယူဖို့ ကြိုး စားနေသူတွေဖြစ်ပါတယ်။ တစ်ဖက်ကနေ အစိုးရကို ဖိအားပေးနေသလို တစ်ဖက်ကလည်း ပြည်သူတွေ အစိုးရ အပေါ် အယုံအကြည်မရှိအောင် ၀ါဒဖြန့်ပြောဆိုရင်း အစိုးရနဲ့ပြည်သူတွေကို ရန်တိုက်ပေးတဲ့ သဘောပါပဲ။ သူတို့ ဖြန့်တဲ့ ၀ါဒမှိုင်းကို ပြည်သူတွေမိလာပြီဆိုတာနဲ့ အရေးခင်းတွေ ဖြစ်အောင်ဖန်တီးမယ့် လူစားမျိုးတွေဖြစ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ အရေးခင်းတွေကို အစိုးရကထိန်းသိမ်းရင်းနဲ့ တစ်ချို့နေရာတွေမှာ ပြဿနာလေးတွေရှိလာရင် အဲဒီ ပြဿနာလေးတွေကို ထောက်ပြ၀ါဒဖြန့်ရင်း ပိုမိုဆူပူလာအောင်လုပ်ဆောင် ကြတော့မှာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေး အမြတ်ထုတ်လိုသူတွေရဲ့ သုံးနေကြ အကွက်တွေပဲဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်ပြောချင်တာက ပြည်သူတွေအနေနဲ့ နိုင်ငံရေးအမြတ်ထုတ်လိုသူတွေရဲ့ လှည့်စားဝါဒ ဖြန့်မှုတွေကနေ လိမ္မာပါးနပ်စွာ ရှောင်ရှားကြပါ။ မိမိတို့ကို နင်းခြေပြီး အာဏာထိုင်ခုံပေါ် တက်လှမ်းချင်နေသူတွေ ကို ဝေးဝေးက ရှောင်သွားပါ။ ကိုပါကြီးသေဆုံးမှုကို အကြောင်းပြု၍ ဆန္ဒပြပွဲတွေကို ဦးဆောင်နေကြပါကုန်သော ပုဂ္ဂိုလ်များနေဖြင့်လည်း ရည်ရွယ်ချက်ရှိရှိဖြင့် ရှစ်လေးလုံး အရေးခင်းပုံစံမျိုးကို ပြန်လည်အသက်သွင်းဖို့ မကြိုးစား ကြပါနဲ့။ ကျုပ်တို့ပြည်သူတွေဟာ တစ်ချိန်တုန်းကလို ခင်ဗျားတို့ရဲ့ သွေးထိုးမြှေက်ပင့်တတ်တဲ့အကျင့်နဲ့၊ နည်းနည်း ကိုများများ လုပ်ပြောတတ်တဲ့ စကားလုံးတိုင်းကို လွယ်လွယ်နဲ့ယုံကြည်နေမှာ မဟုတ်ဘူးဆိုတာကို အသိပေးပြော ကြား လိုက်ရပါတယ်။

ဦးသန်းနိုင်
Credit to နေ့စဉ်သတင်း
မနေ့ညနေက ရုံးဆင်းပြီး အိမ်အပြန်ပေါ့။ သားအချစ်မြေးအနှစ် ဆိုတဲ့စကားလို ညနေရုံးဆင်းချိန် အိမ်ပြန် လာမယ့် အဘိုးဖြစ်သူကို ခြံဝကနေထွက် မျှော်နေတတ်တဲ့ မြေးငယ်အတွက် ရေခဲမုန့်ဝယ်ဖို့ စတိုးဆိုင်တစ်ခုကို ၀င် လိုက်တယ်။ မုန့်ဝယ်ပြီး ပိုက်ဆံရှင်းဖို့ ကောင်တာကို အသွားမှာ သတိ ထားမိတာက စင်ပေါ်မှာ အစီအရီထပ်ထားတဲ့ ဂျာနယ်တွေ။ ဂျာနယ် မျက်နှာဖုံးမှာ စာလုံးအမည်းကြီးနဲ့ ဖော်ပြထားတာတစ်ခုက " ကိုပါကြီး မတရား ညှင်းပန်း နှိပ်စက် အသတ်ခံရမှုအပေါ် ဆန္ဒထုတ်ဖော်" ဆိုပြီးဖော်ပြထားတာပါ။ ဒီသတင်းနဲ့ ပတ်သတ်ပြီး ညအိပ်ယာဝင်တဲ့ အထိ ကျွန်တော်စဉ်းစား နေမိခဲ့တယ်။

အိမ်ခြံမြေဈေးကစားမှုများအပေါ် အရေးယူမှုများရှိကြောင်းနှင့် အခွန်တိမ်းရှောင်မှုများရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဟု ပြည်ထဲရေးဒုဝန်ကြီးပြောကြား

အိမ်ခြံမြေဈေးကစားမှုများအပေါ် အရေးယူခဲ့မှုများရှိကြောင်း၊ အခွန်တိမ်းရှောင်မှုများရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူး ချုပ်ကျော်ဇံမြင့်က အောက်တိုဘာ ၂၇ ရက်အမျိုးသားလွှတ်တော်၌ဆိုပါသည်။