Tuesday, April 7, 2015

Asia World ကုမ္ပဏီ စီမံကိန်းမြေကို ပန်းခြံဆောက်မည်


အများပြည်သူ အနားယူအပန်းဖြေနိုင်ရန်အတွက် ကြည့်မြင့်တိုင် ကမ်းနားလမ်းမကြီး၏ ဘေးဗားကရာ လမ်းထိပ်မှဈေးကြီးလမ်းထိပ်အထိ အရှည်ပေ (၁၁၀၀) ခန့်ရှိသော နောက်ခံမြေ ဧရိယာ (၂) ဧကခန့်အား ပန်းခြံတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

တီကရစ်မြို့ အနီးတဝိုက်၌ အိုင်အက်စ်တို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့် သင်္ချိုင်းနေရာများ တွေ့ရှိ


အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ တပ်များက အစုလိုက် အပြုံလိုက် သတ်ဖြတ်သွားသည့် သင်္ချိုင်းနေရာ အချို့ကို အီရတ်နိုင်ငံ၊ တီကရစ်မြို့တွင် တူးဖော် တွေ့ရှိခဲ့ကြောင်း သိရသည်။
တီကရစ်မြို့ကို အိုင်အက်စ် တပ်ဖွဲ့များ ထိန်းချုပ်ထားစဉ်က ၎င်းတို့ ဖမ်းဆီးရမိသည့် အီရတ် အစိုးရစစ်သားများကို အစုလိုက် အပြုံလိုက် ပစ်သတ်ခဲ့ကြသည်။ ယခုအခါ တီကရစ်ကို အီရတ်အစိုးရ တပ်များက ပြန်လည် သိမ်းယူလိုက်ပြီးနောက် သင်္ချိုင်းနေရာဟောင်းများကို ရှာတွေ့လာခဲ့သည်။

နစ်မြုပ် ရုရှား ငါးဖမ်းသင်္ဘောသို့ မြန်မာ ၄၂ ဦး စေလွှတ်သည့် ကုမ္ပဏီ ၅ ခု အရေးယူခံရ

ရုရှားအရှေ့ဖျားဒေသ Okhotsh Sea အတွင်း ဧပြီလ၂ ရက်နေ့ က နစ်မြုပ်သွားသည့် ရုရှားငါးဖမ်းသင်္ဘော Dalny Vostok တွင် မြန်မာနိုင်ငံသား သင်္ဘောသား ၄၂ ဦး ပါရှိ အလုပ်လုပ်ကိုင်ခဲ့ရာ ယင်းသင်္ဘောတွင် အလုပ်လုပ်ရန် မြန်မာနိုင်ငံသား များကို တရားမ၀င် စေလွှတ်ခဲ့သည့် ပြည်တွင်း သင်္ဘောသားအလုပ်အကိုင်ဝန်ဆောင်မှု ကုမ္ပဏီ ၅ ခုကို လုပ်ငန်း လုပ် ကိုင် ခွင့် အစိုးရက ရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။

မယ်မြန်မာ ဖြစ်ဖို့ ကျမ ကြိုးစားမည်

ဖက်ရှင်ရှိုးပွဲ တခု၏ စင်မြင့်နောက်တွင် အမျိုးသမီး ငယ်လေးများ လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ မော်ဒယ်လ်များက အဝတ်လဲခန်း အတွင်းမှ မှန်ထဲကို ကြည့်ရင်း သူတို့၏ မျက်နှာများကို စိတ်လှုပ်ရှားစွာဖြင့် ပြင်ဆင် ခြယ်သနေကြ သည်။
မြန်မာနိုင်ငံမှ ထိပ်တန်း ဒီဇိုင်နာများ ချုပ်လုပ် ပေးထားသည့် ဂါဝန်များကို ဝတ်ဆင်ပြီး လျှောက်လမ်းပေါ်သို့ မတက်မီ နောက်ဆုံး ပြင်ဆင်မှု ပြုလုပ်နေ ကြခြင်း ဖြစ်သည်။ ပြည်တွင်း ဒီဇိုင်နာများ စုပေါင်းပြုလုပ်သည့် ယခုရှိုးပွဲတွင် တကြိမ် လျှောက်လျှင် သူတို့ ကျပ် ၁ သိန်းခန့် ရပါသည်။ ပျမ်းမျှ တလ လုပ်အားခ ကျပ် ၁ သိန်းခွဲကျော်ခန့်သာ ရရှိသည့် နိုင်ငံတနိုင်ငံတွင် နည်းပါးသည့် ပမာဏတော့ မဟုတ်ပါ။ သို့သော်လည်း သူတို့က ငွေကြေး အတွက် သက်သက် လုပ်နေကြခြင်း မဟုတ်ပါ။ သူတို့ကို လူသိများစေဖို့ လုပ်နေကြခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ၌ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေးများ နိုးထလာသည့် အချိန်တွင် ဖက်ရှင်သည် လည်း စီးပွားရေးတခု အဖြစ် ဖွံ့ဖြိုး လာခဲ့သည်။ နှစ်ပေါင်းများစွာ စီးပွားရေး တံခါးပိတ်ထားခဲ့ ပြီးနောက် အစိုးရက လုပ်ငန်း အများအပြားကို လွတ်လပ်ခွင့် ပေးခဲ့သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက် လာရေးကို အင်အားဖြစ်စေရန် အတွက် ပြင်ပကမ္ဘာ နိုင်ငံများနှင့်လည်း ဆက်ဆံရေးကို ပုံမှန်ဖြစ်လာ အောင် ပြုလုပ်ခဲ့သည်။ လျင်မြန်သော ပြောင်းလဲမှုက ထင်ရှားသူများကို သာမက စီးပွားရေး လုပ်နည်း လုပ်ဟန်ကိုပါ သက်ရောက်စေခဲ့သည်။
ယနေ့အချိန်တွင် လူငယ်လူရွယ်များ အနေဖြင့် ကမ္ဘာကျော်အမှတ် တံဆိပ်တပ် အဝတ်အထည်များ၊ အလှကုန်ပစ္စည်း များကို မြင်တွေ့နေကြရပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သော ရန်ကုန်မြို့မှ ဒီဇိုင်နာများကလည်း ဒေသတွင်းတွင် အများတန်းတူ လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်လာကြသည်။ ထို့ပြင် ငယ်ရွယ်သော မိန်းကလေးများ ကလည်း ယခင်က ထက်ပို၍ ကြော်ငြာလှုပ်ရှားမှုများ၊ ဖက်ရှင်ရှိုးပွဲများ၊ အလှမယ် ပြိုင်ပွဲများတွင် ပါဝင်ခြင်း အားဖြင့် မော်ဒယ်လ်လောကထဲသို့ ဝင်ရောက်လာကြသည်။ သို့သော်လည်း သူတို့အများစု အတွက် ကုန်ကျစရိတ် တခု ရှိနေသည်။
ဆယ်ကျော်သက် အရွယ်သာ ရှိသေးသည့် မေမြတ်နိုးက မြန်မာနိုင်ငံတွင် လူသိအများဆုံး မော်ဒယ်လ်များထဲမှ တယောက်ဖြစ်ပါသည်။ ထို့ပြင် ဒီလောကအတွင်းမှာ ရှိလေ့ရှိထရှိသည့် စော်ကားမှုနှင့် ခေါင်းပုံဖြတ်မှုတို့မှ လွတ်မြောက်လာခဲ့သူ တယောက်အနေနှင့် လူသိများထားသူလည်း ဖြစ်ပါသည်။
ကိုယ်ခန္ဓာ ခွဲစိတ်ပြုပြင်ခြင်းမှသည် လိင်အလုပ် စေခိုင်းခြင်း အထိ မေမြတ်နိုး ရင်ဆိုင်ခဲ့ရသည့် အဖြစ်အပျက်များက ဒီနေ့ခေတ် ရေစီးကြောင်းထဲမှ နိုင်ငံတကာနှင့် ဆက်စပ်နေရသည့် လုပ်ငန်းများတွင် ပါဝင်နေကြသော မိန်းကလေး များ၏ စိတ်ကူးအိပ်မက်များ အတွက် အတားအဆီးများ ရှိနေသည်ကို ဖော်ပြနေသည်။ စိတ်အားထက်သန်နေသည့် အလှမယ်များ အတွက် သူတို့၏ မိခင်နိုင်ငံတွင် အောင်မြင်မှုရရန် ကြိုးစားနေသည့် အစောပိုင်း ကာလများတွင်ပင်လျှင် အဆိုပါ ဖိအားများကို စတင် ခံစားကြရသည်။
မြန်မာနိုင်ငံက အဆင့်မြင့် ဖက်ရှင်နှင့် ပတ်သက်၍ ကိုယ်ပိုင် အမှတ်တံဆိပ်ကို ထူထောင်နိုင်ရန် စတင်ကြိုးစား နေသည့် အချိန်တွင် အမျိုးသမီးငယ် အချို့ကလည်း ကျော်ကြားမှု (သို့မဟုတ်) ပိုမို အရေးကြီးသည့် ခိုင်မာသော ဝင်ငွေကို ရှာဖွေနေကြသည်။ သို့သော်လည်း ကျော်ကြားမှုကို ရှာဖွေသည့် လမ်းတွင် အားနည်းချို့ယွင်းချက်များ ရှိနေသည်။ ရေပန်းစားမှု တိုးလာသည့်တိုင် စနစ်တကျ မရှိသေးသည့် လုပ်ငန်း ကဏ္ဍတွင် စွန့်စားရမှုများကို အားလုံးနီးပါး တွေ့ကြုံ ကြရသည်။
“ကျမ မယ်မြန်မာ တယောက်ဖြစ်ချင်တယ်” ဟု အသက် ၁၆ အရွယ် မေမြတ်နိုးမြတ်အိနြေ္ဒက ပြောသည်။ သူက ပြည်တွင်းတွင် ပြုလုပ်နေသော မယ်ပြိုင်ပွဲများထဲမှ တခုခုတွင် သရဖူရချင်သည်။ Talents and Models ရှိ ရည်မှန်းချက်ကြီးသော မော်ဒယ်လ်များထဲမှ တယောက်ဖြစ်သည့် မြတ်အိနြေ္ဒက အားလုံးကို ယှဉ်ပြိုင်ဖို့ စိတ်ပိုင်း ဖြတ်ထားသည့် အသွင် ရှိသည်။
လက်ရှိ အချိန်တွင် ရန်ကုန်အခြေစိုက် မော်ဒယ်လ် အေဂျင်စီ အမြောက်အမြားက မြန်မာနိုင်ငံတွင် စတင်ထွန်းကား လာနေသည့် အလှမယ်နှင့် မော်ဒယ်လ်လောကသို့ ဝင်ရောက်ရန် နည်းလမ်း ရှာဖွေနေသူများ အတွက် ဝန်ဆောင်မှု ပေးနေကြသည်။ အဆိုပါ လုပ်ငန်းများ မြန်မာနိုင်ငံတွင် ရှိနေခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ပြီးခဲ့သည့် နှစ် အနည်းငယ် အတွင်းတွင် ၎င်းတို့၏ ဝန်ဆောင်မှုများ အတွက် တောင်းဆိုမှုများ သိသိသာသာ မြင့်တက် လာခဲ့သည်။
မော်ဒယ်လ် သင်တန်းများက ကိုယ်ဟန်ပြနည်းများ၊ အလှအပရေးရာ သိမှတ်စရာများနှင့် နိုင်ငံတကာ ကျင့်ဝတ် ထုံးတမ်းများကို ပင်လျှင် သင်ကြား ပြသပေးနေသည်။ နိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင်နိုင်ရေးက တကယ့် ရည်မှန်းချက် ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ အလှမယ် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် သူများနှင့် ဖက်ရှင်ရှိုးပွဲများတွင် ပါဝင်သည့် အမျိုးသမီးများက အတူတူပင်ဖြစ်သည်။
နာမည်ကြီး မော်ဒယ်လ်များက ဖက်ရှင်ရှိုးပွဲတွင် လမ်းလျှောက်ပြခြင်းဖြင့် ဒေါ်လာ ၅၀ မှ ၁၀ဝ အတွင်း ရရှိနိုင်သည်။ ထိပ်တန်း နိုင်ငံတကာ မယ်ပြိုင်ပွဲများတွင် အနိုင်ရရှိသူများ အတွက်မူ အိမ်အပြန်တွင် ဒေါ်လာထောင် နှင့်ချီ၍ ယူဆောင်လာနိုင်မည် ဖြစ်သည်။ ပြည်တွင်း ဖက်ရှင်ရှိုးပွဲများ စီစဉ်ပြုလုပ်လေ့ရှိပြီး နိုင်ငံတကာ ပြိုင်ပွဲများနှင့် အဆက်အသွယ်ရှိသော မော်ဒယ်လ် အေဂျင်စီများက ထိုလောကကို ဝင်ရောက်ခွင့်ပေး နိုင်သည့် တံခါးစောင့်များ ဖြစ်သည်။
သို့သော်လည်း အဆိုပါအေဂျင်စီများက အမျိုးသမီးငယ်များကို ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိအောင် သင်ပြပေးနိုင် သလို လုပ်ငန်း၏ စံနှုန်းနှင့် မဆီလျော်သည့် လုပ်ရပ်အချို့ ပြုလုပ်ရာတွင်လည်း အကူအညီ ပေးနိုင်ကြသည်။ ကိုယ်စားလှယ်များက ခွဲစိတ်ပြုပြင်မှု ခံယူရန် ကူညီပေးကြပြီး တခါတရံ နိုင်ငံခြားမှ ခွဲစိတ် ပြုပြင်ပေးသည့် ကုမ္ပဏီ များထံမှ ပွဲခရရှိလေ့ရှိ သည်ဟု Talents and Models ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်တင်မိုးလွင်က ပြောသည်။
“မိန်းကလေးတွေကို ခွဲစိတ်ပြုပြင်ဖို့ တွန်းအားပေးနေတဲ့ ထိုင်းနဲ့ တောင်ကိုရီးယား နိုင်ငံများက ကုမ္ပဏီတွေက များသည်ထက် များလာတယ်” ဟု သူက ပြောသည်။ ကုမ္ပဏီများက အမျိုးသမီးငယ်များကို သူတို့၏ မန်နေဂျာ များမှ တဆင့် ချဉ်းကပ်ကြသည် ဟုလည်း ရှင်းပြသည်။
မြန်မာနိုင်ငံတွင် မော်ဒယ်လ်အဖြစ် လုပ်ကိုင်နေသူ မိန်းကလေးများ၏ ၃ ပုံ ၂ ပုံ ခန့်က ခွဲစိတ်ပြုပြင်မှု တမျိုးမျိုးကို ပြုလုပ်ထား ကြသူများ ဖြစ်သည်ဟု ဒေါ်တင်မိုးလွင်က ခန့်မှန်းခဲ့သည်။ ယခုဆောင်းပါး အတွက်တွေ့ဆုံ မေးမြန်း ခဲ့သော ရန်ကုန်မြို့ရှိ ခွဲစိတ် ဆေးခန်းတခုမှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတဦးက မော်ဒယ်လ်များထဲတွင် ရေပန်းစား သော ပြုပြင်မှုမှာ နှာခေါင်းနှင့် မျက်ခွံခွဲစိတ်ပြုပြင်ခြင်း ဖြစ်သည်ဟု ပြောသည်။ ဥရောပတိုက်သူတို့ နှင့် ပိုတူလာစေရန် ဖန်တီးခြင်း ဖြစ်သည်။
မော်ဒယ်လ်လောက အတွင်းမှ အမျိုးသမီးငယ်များသည် သူတို့၏ အဝတ်အစားနှင့် မိတ်ကပ် အတွက် ကိုယ်ပိုင်ငွေဖြင့် ဝယ်ယူကြရပြီး ဓာတ်ပုံရိုက်ရန် အတွက်ပင် မိမိပိုက်ဆံဖြင့် စီစဉ်ကြရသည်။
ငွေကြေး မပြည့်စုံသည့် မိသားစုမှ မိန်းကလေးများသည် တခြားနည်းလမ်းဖြင့် ငွေကြေး ရှာဖွေရန် မျှော်လင့်ကြရသည်။ မော်ဒယ်လ်ဟောင်း တယောက် ဖြစ်ပြီး ယခုအခါ စီးပွားရေး လုပ်ငန်း စီမံခန့်ခွဲသူတဦး အဖြစ်လုပ်ကိုင်နေသည့် အသက် ၂၃ နှစ် အရွယ် Jessica chae က ကျင့်ဝတ်သိက္ခာ မရှိသည့် ကိုယ်စားလှယ်များသည် ပြည့်တန်ဆာ ခေါင်းထက် အနည်းငယ်မျှသာ သာပြီး သူတို့၏ မော်ဒယ်လ် မိန်းကလေးများကို ငွေကြေး ချမ်းသာသည့် ယောက်ျားများနှင့် ဟိုတယ်များတွင် ဆုံတွေ့နိုင်အောင် စီစဉ်ပေးကြသည် ဟု ပြောသည်။
ဤသို့ အပေးအယူ လုပ်ရခြင်းမျိုးကို ရှောင်လွှဲရန် မဖြစ်နိုင်ဟုလည်း Jessica Chae က ပြောသည်။ သို့သော်လည်း ဒေါ်တင်မိုးလွင်ကမူ သူ၏ ကျောင်းသူများကို ကြည့်ရှု စောင့်ရှောက်ကြောင်းနှင့် ထိုသို့သော အချိန်းအချက် ပြုလုပ်ခြင်း များ၏ အန္တရယ်ကို သတိပေးထားကြောင်း ပြောသည်။
“ဘာကြောင့်လဲ ဆိုတော့ အခြေအနေကအရမ်းကို အသစ်ဖြစ် နေတယ်။ ဒီစနစ်က ဘယ်လို အလုပ် လုပ်တယ်၊ အမှန်တကယ် လုပ်ရမှာက ဘာတွေဖြစ်တယ် ဆိုတာကို လူတွေက အတွေ့အကြုံသိပ်ပြီး မရှိကြသေးဘူး” ဟု နိုင်ငံတကာ အဆင့်အတန်းနှင့် ပိုမိုကိုက်ညီသည့် မော်ဒယ်လ် စီးပွားရေးလုပ်ငန်း ဖြစ်လာရေးကို ရည်ညွှန်း၍ ဒေါ်တင်မိုးလွင်က ပြောသည်။
“ဒီနေ့ခေတ်မှာ မိန်းကလေး အမြောက်အမြားက ကျော်ကြားချင်ကြ တယ်။ လူတွေက သူတို့ကို ဖြတ်လမ်း နည်းတွေ ပေးတယ်။ ဒါပေမယ့် ဖြတ်လမ်းနည်းတွေက သိပ်ကို အန္တရာယ်ကြီး နိုင်ပါတယ်” ဟု သူက ဆိုသည်။
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့က ရန်ကုန်မြို့လယ်ရှိ Strand ဟိုတယ်၏ ခန်းမဆောင်၌ ကျင်းပသည့် Miss Myanmar World ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်တွင် အမျိုးသမီးငယ် ၁၉ ဦး ဝင်ရောက် ယှဉ်ပြိုင်နေကြသည်။ ရုပ်မြင်သံကြားမှလည်း ပြသနေသည့် အဆိုပါပြိုင်ပွဲတွင် အနိုင်ရရှိ သူက မယ်မြန်မာသရဖူကို ရရှိမည် ဖြစ်ပြီး မယ်ကမ္ဘာ (Miss World) ပြိုင်ပွဲတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်ပါသည်။
တချိန်တည်းတွင် ရန်ကုန်မြို့တွင်းမှ များစွာ မဝေးသည့် နေရာများရှိ အရက်ဆိုင်များတွင်လည်း ဆွဲဆောင်မှုရှိသည့် ရှိုးပွဲများ ပြုလုပ်လျက်ရှိသည်။ အရက်ဘားများတွင် အမျိုးသမီးငယ်လေးများက ဧည့်သည်များရှေ့တွင် တန်းစီ လမ်းလျှောက် ပြရသည့် မော်ဒယ်လ်ရှိုးပွဲများ ပြုလုပ်ပေးနေသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။
ဂုဏ်သိက္ခာရှိသော မော်ဒယ်လ်အေဂျင်စီများနှင့် အဆက်အသွယ် မရှိသည့် မိန်းကလေးများ အတွက် အဆိုပါပွဲများ တွင် ပါဝင်ခွင့်ရရှိခြင်းသည် သူတို့ အတွက် လမ်းစတခု ဖြစ်စေရန် မျှော်လင့်ချက် ဖြစ်သည်။
အရက်ဘားများက တညလျှင် မိန်းကလေးအဖွဲ့ အမြောက်အမြားကို လက်ခံပေးနိုင်သည်။ ထို မိန်းကလေးများက ပြည်တွင်းမှ ပေါ့ပ်သီချင်းများ၊ သို့မဟုတ် အနောက်တိုင်း သီချင်းဟောင်းများကို သီဆိုပြခြင်း၊ အမြင် မတင့်တယ်သည့် ကကွက်များ ကပြခြင်းအားဖြင့် ပရိသတ်များကို ဖျော်ဖြေကြရသည်။
ဖျော်ဖြေမှု၏ တစိတ်တပိုင်း အနေဖြင့် ဖောက်သည်များက မော်ဒယ်လ်များကို ပန်းကုံးများ ပေးနိုင်သည်။ စားပွဲထိုး များမှ တဆင့် ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ မိမိရွေးချယ်သည့် မိန်းကလေး၏ လည်ပင်းတွင် ဆွဲပေးလေ့ ရှိသည်။ ပန်းကုံး၏ တန်ဖိုးမှာ ကျပ် ၅ ထောင်ခန့်ရှိပြီး ငွေကို အရက်ဆိုင်နှင့် မော်ဒယ်လ်တို့ ခွဲဝေယူကြရသည်။ သူတို့ ရွေးချယ်ထားသည့် မိန်းကလေးများနှင့် ဧည့်သည်များ မိနစ်အနည်းငယ်မျှ စကားပြောနိုင်ရန်လည်း ငွေပေးရသည်။ ထိုသို့ ပြောဆိုခြင်းသည် ဧည့်သည်က သူနှင့် ကြာကြာနေပေးရန် စည်းရုံးခြင်းနှင့် သီးသန့်တွေ့ဆုံရန် ချိန်းဆိုခြင်း များအတွက် ဖြစ်လေ့ ရှိပါသည်။ တခါတရံ ဧည့်သည်များက မိန်းကလေးများကို ကြည့်ရန် ညစဉ် ရောက်လာတတ် ကြပြီး တရားမဝင် ဖောက်သည်တမျိုး ဖြစ်လာကြသည်။
ဖျော်ဖြေရေးအဖွဲ့ တခုနှင့် ဆက်သွယ်လာသော မိန်းကလေး အချို့က တရားဝင် မော်ဒယ်လ် အဖြစ် လုပ်ကိုင်နိုင်ရေး ဆိုသည့် ရည်မှန်းချက်ဖြင့် ငွေကြေး တတ်နိုင်သော ဖောက်သည်များက ဓာတ်ပုံရိုက်ရာတွင် ငွေကြေးထုတ်ပေးရန်၊ တရားဝင် ကိုယ်စားလှယ်များနှင့် တွေ့ဆုံနိုင်ရေး အတွက် ပွဲစားနှင့် ဆက်သွယ်ပေးရန် မျှော်လင့်ကြ သော်လည်း မမိုးအေး ကဲ့သို့သော မိန်းကလေးများကတော့ မိသားစုကို ထောက်ပံ့ ပေးနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
အနက်ရောင် စကပ် တိုတိုကျပ်ကျပ်နှင့် အဝါရောင် တီရှပ် ဝတ်ဆင်ထားသော မမိုးအေးက အသက် ၂၀ ရှိပြီ ဟု ပြောသော်လည်း ဒီထက်အများကြီး ပိုငယ် နေပုံရသည်။ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်း ပြည်နယ်မှ နေ၍ မိသားစုကို ခွဲခွာပြီး ရန်ကုန်မြို့ကို သူရောက်လာခဲ့သည်။ သူရှာဖွေ၍ ရရှိသည့် ငွေ အများစုကို မိသားစုထံသို့ မမိုးအေးပြန် ပို့ပေးပါသည်။ ကုန်တင်ကား မောင်းသူတဦး ဖြစ်သော သူ့ဖခင်ထက် သူက ပိုက်ဆံပိုရသည်ဟု ဆူညံနေသည့် ဂီတသံများ ကြားတွင် မမိုးအေးက ပြောပြသည်။
“ပန်းကုံး တခုတည်းနဲ့ ကျမ တလကို ကျပ် ၂ သိန်းလောက် ရှာနိုင်တယ်” ဟု သူက ဆိုသည်။
မေမြတ်နိုး မြတ်အိနြေ္ဒက Miss Asia Pacific World ဘွဲ့ကို စွန့် လွှတ်ခဲ့ရသူ မေမြတ်နိုးကတော့ ဖက်ရှင်ရှိုးပွဲ တခုတွင် ပရိသတ်အတွင်းမှသာ ကြည့်နေခဲ့သည်။ ရေရှည်တွင် ပွဲကြည့်ပရိသတ် တယောက်အဖြစ် ဆက်သွားမည် မဟုတ်ပါ။ ရုပ်ရှင်မင်းသမီး တယောက် အဖြစ် သူ့နည်းသူ့ဟန်ဖြင့် ဆက်လက်လှုပ်ရှားသွား နိုင်ရန် မျှော်လင့်ထားသည်။
“ကျမ ဆိုးရွားတဲ့ အတွေ့အကြုံတွေ တွေ့ခဲ့ပြီးပြီ။ ကျမရဲ့ လုပ်နိုင်စွမ်းကိုလည်း သိပါတယ်”ဟု သူက ပြောသည်။ ယခုအချိန်မှ စ၍ သူ့မိခင်က သူ၏ ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်မည် ဟုလည်း ရှင်းပြသည်။
သို့သော်လည်း စွန့်စားရမှာတွေ ကတော့ ကျန်သေးသည်။ မော်ဒယ်လ်နှင့် အလှမယ် လုပ်ငန်း လောက၏ အဆင့်အတန်းကို အားပေးမြှင့်တင်ရမည့် အစားနိုင်ငံတကာ ပြိုင်ပွဲများက ငယ်ရွယ်သော မိန်းကလေးများကို ခေါင်းပုံဖြတ် အမြတ်ထုတ်မည့် အလားအလာတွေ မြင့်တက်လာသည်။
ထို့ကြောင့်လည်း မေမြတ်နိုးက အဆီအငေါ် မတည့်သော အလေ့အထ များကို ခွင့်ပြုပေးခဲ့သော အဖွဲ့အစည်းများနှင့် ကိုယ်စားလှယ်များကို မမှီခိုတော့ခြင်း ဖြစ်သည်။
မေမြတ်နိုးက နာမည်တခုကို ကိုယ်တိုင် ထူထောင်နိုင်ခဲ့ပြီ ဖြစ်သည်။ မော်ဒယ်လ်နှင့် အလှမယ် လောက အတွင်းမှ မကောင်းသည့် အင်အား များကို ခုခံနိုင်မည့် ရှားရှားပါးပါး နေရာတခုကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်သည်။ နောက်ထပ် ထွက်ပေါ်လာနေသည့် အလှမယ် အများစုမှာတော့ သူ့လို အခွင့်အရေးမျိုး ရှိ၊ မရှိ မသေချာလှပါ။
ဧရာဝတီ

လွှတ်တော်အမတ်များ နေထိုင်ရေးကိစ္စ စီစဉ်ပေးရန် လွှတ်တော်သို့ အရေးကြီးအဆိုတင်မည်

လွှတ်တော်အမတ်များ နေထိုင်ရေးအတွက် အဆောက်အအုံ ဆောက်လုပ်ရေးကိစ္စ စီစဉ်ပေးရန်ကို လွှတ်တော်တွင် အရေးကြီးအဆိုတင်မည် ဖြစ်ကြောင်း ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက The Voice သို့ ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီ ၁၉ ပါတီမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တွေ့ဆုံ အစည်းအဝေးအပြီးတွင် ၎င်းက ယင်းသို့ ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်။

တောင်ကြီးမြို့တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းစွာစုပေါင်း ဆန္ဒထုတ်ဖော်ပွဲပြုလုပ်



တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို အတည်ပြု လက်မှတ်ရေး ထိုးနိုင် ခဲ့ခြင်းအား ကြိုဆိုထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီး မြို့နယ်တွင် ဧပြီ(၆)ရက် နံနက်(၉)နာရီက ခွင့်ပြုချက်ရယူပြီး ပြုလုပ်ခဲ့ကြောင်းသိရသည်။

ငါးထောင်တန်အသစ်သုံးစွဲသူများကြား ပြဿနာရှိနေ


လုံခြုံရေးဆိုင်ရာတိုး မြှင့်ပြီး ထုတ်လုပ်ထားသည့် ငွေ စက္ကူကျပ် ငါးထောင် တန်အသစ် သုံးစွဲရာတွင် ပြဿနာများရှိနေ၍ လူအများပိုမိုသိရှိရန် ဗဟိုဘဏ်က ထပ်မံကြေညာပေးသင့်ကြောင်း ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရှင် များက ပြောကြားသည်။

ချယ်ရီဦးမှတင်သွင်းသည့်နာရီများ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ထုတ်ယူခွင့်ပေးသည့် လေဆိပ်ကုန်လှောင်ရုံတာဝန်ခံအား အရေးယူမည်

ချယ်ရီဦးကုမ္ပဏီမှတင် သွင်းလာသည့်နာရီများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြခဲ့ခြင်း မရှိဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ထုတ်ယူ ခွင့်ပေးခဲ့သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကုန်လှောင်ရုံတာဝန်ခံကို ဝန်ထမ်း စည်းမျဉ်းများနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ တာ ဝန်ရှိသူများထံမှသိရသည်။

ဝန်ကြီးဟောင်း ဦးဆန်းဆင့်အတွက် ပြင်ဆင်လျှောက်ထားချက် တရားလွှတ်တော်ချုပ်က လက်ခံ

ယုံကြည်မှု အလွဲသုံးစားလုပ်မှု အပါအဝင် နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ဖြင့် ထောင်ဒဏ် ၁၃ နှစ် ကျခံနေရသည့် သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ အမှုအတွက် ပြင်ဆင်မှု လျှောက်ထားချက်ကို တရားလွှတ်တော်ချုပ်က လက်ခံလိုက်ပြီ ဖြစ်ကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ပြောကြားသည်။
ယနေ့ နံနက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်ပြီး The Voice သို့လည်း ထပ်မံအတည်ပြု ပြောဆိုသည်။

လွှတ်တော်အမတ်တွေ အတွက် သီးသန့် အဆောက်အဦ ဆောက်မယ်

နေပြည်တော်ကို လွှတ်တော် လာတက်ရတဲ့ လွှတ်တော်အမတ်တွေ နေထိုင်ဖို့ လွှတ်တော်ဝင်း တနေရာမှာ သီးသန့် အဆောက်အဦကို လွှတ်တော်က ရရှိထားတဲ့ ငွေကြေးတွေထဲက သုံးစွဲ တည်ဆောက်မယ်ဆိုပြီး လွှတ်တော် ၂ ရပ်ပေါင်းရဲ့ အလှည့်ကျ နာယကဖြစ်တဲ့ သူရ ဦးရွှေမန်းက ပြောပါတယ်။
တနင်္လာနေ့က လွှတ်တော်တွင်း နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတုန်းမှာ သူရ ဦးရွှေမန်းက ပြောခဲ့တာ ဖြစ်ပါတယ်။

ပညာရေးဥပဒေ ပြင်ဆင်ချက် ကျောင်းသားများ၏ လိုလားချက်နှင့် ကွဲလွဲမှု ကြီးမားလျှင် တိုက်ပွဲအသစ်များ ထပ်ဖြစ်မည်ဟုဆို

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း နောက်ဆုံးအတည်ပြု ပြင်ဆင်ပြီး၍ လေးပွင့်ဆိုင်ဆွေးနွေးပွဲ အခြေခံတောင်းဆိုချက်များနှင့် ကွဲလွဲမှု ကြီးမားပါက တိုက်ပွဲအသစ်များ ထပ်မံဖြစ်လာနိုင်သည်ဟု ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုပိုင်ရဲသူက ပြောကြားသည်။
“ကျွန်တော်တို့ ပင်ပင်ပန်းပန်း ကြိုးစားခဲ့တယ်။ ကွဲလွဲမှုများနေတယ် ဆိုရင် အလကားဖြစ်သွားပြီ။ တိုက်ပွဲတွေလည်း ထပ်ဖြစ်နိုင်တယ်။ ကော်မတီရဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်သေးဘူး။ ပုံစံမျိုးစုံ ဖြစ်နိုင်တယ်” ဟု ကိုပိုင်ရဲသူက ပြောဆိုသည်။

တရုတ်-မြန်မာနယ်နိမိတ်အား နိုင်ငံတော်အဆင့် တတိယအကြိမ်ပူးတွဲ စစ်ဆေးပြီး ရေရှည်ပြဿနာမဖြစ်ပွားရေးဆောင်ရွက်မည့်အပြင် လက်ရှိအငြင်း ပွားမှုများပြေပျောက်ရန် ကျွမ်းကျင်သူ အဆင့်ပူးတွဲစစ်ဆေးခြင်း ကို ရေတိုနည်း အဖြစ် ဦးစွာဆောင်ရွက်မည်ဟုဆို

တရုတ်-မြန်မာနှစ် နိုင်ငံနယ်စပ် အငြင်းပွားမှုပြဿ နာ များကြောင့် တရုတ်-မြန်မာ နယ်နိ မိတ်အား နိုင်ငံတော် အဆင့် တတိယ အကြိမ် ပူး တွဲစစ်ဆေးပြီး ရေရှည် ပြဿ နာမဖြစ်ပွားရေး ဆောင်ရွက် မည့်အပြင် လက်ရှိအငြင်းပွားမှုများ ပြေပျောက်ရန် ကျွမ်းကျင်သူ အဆင့် ပူးတွဲ စစ်ဆေးခြင်းကို ရေတိုနည်းအ ဖြစ် ဦးစွာဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။

Monday, April 6, 2015

ဧ၇ာဝတီတိုင်း မော်ကျွန်းမှာ သီချင်းသွားဆိုဖြစ်ခဲ့တဲ့ ခင်ဝင့်ဝါ



ခင်ဝင့်ဝါက မတ်လထဲမှာ ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့က စေတီရန်ပုံ ငွေပွဲမှာ သီချင်းသွားဆိုဖြစ်ခဲ့ကြောင်းသိရပြီး ဒီရန်ပုံငွေပွဲမှာ အောင်ရဲလင်းနဲ့ ကောင်းပြည့်တို့လည်း ပါဝင်သီဆိုဖျော်ဖြေကြောင်း သိရပါတယ်။ ပထမဦးဆုံး သီချင်းဆိုဖြစ်တာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှု တွေလည်းရရှိခဲ့ကြောင်း ကို ခင်ဝင့်ဝါက "ဧရာဝတီ တိုင်းမော်ကျွန်းက ကမ်းပါးမှာတည်ထားတဲ့ စေတီ က ကမ်းပါးပြိုကျတော့မယ့်အတွက် ပြုပြင်ဖို့ ရန်ပုံငွေပွဲပါ။

ကျွန်ုပ်တို့၏ သင်္ကြန်

မကြာမြင့်မီ ရက်ပိုင်းအတွင်း၌ မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်မှ ၁၃၇၇ ခုနှစ်သို့ ကူးပြောင်းရောက်ရှိ ပေတော့မည်။ သင်္ကြန်၏အဓိပ္ပာယ်ကို တိုတိုကျဉ်းကျဉ်း ဖွင့်ဆိုရလျှင် နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းခြင်း ဖြစ်သည်။ နှစ်ဟောင်းတွင် ကြွင်းချန်ရစ်ခဲ့သော အညံ့ အဆိုး၊ အမှား၊ အညစ်များကို ဆေးကြောခြင်းသဘော ဖြင့် အတာရေစင် ပက်ဖျန်းသွန်းလောင်းကြခြင်းပင် ဖြစ်သည်။
ကျွန်ုပ်တို့လူမျိုးသည် ကြာကြာစိတ်ညစ်မခံနိုင်သော လူမျိုးဖြစ်သည်။ ဘဝအမော၊ ဘဝအကျပ်အတည်းများ မည်သို့ရှိစေဦးတော့ ရောက်သည့်နေရာ၊ ဖြတ်သန်းနေ ရသည့် ဘဝအခြေအနေအမျိုးမျိုးကြားမှ အပန်းပြေ ပျော်ရွှင်စရာအဖြစ်သို့ ထွက်ပေါက်ရှာတတ်ကြသည့် လူမျိုးဖြစ်သည်။

ကျည်ဆန်တွေအစား ပန်းများပွင့်စေတော့မည့် ငြိမ်းချမ်းရေးကြီးဆီသို့

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT)တို့၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းအား နှစ်ဖက်သဘောတူ ညှိနှိုင်းပြုစုရေးဆွဲပြီးစီးကြောင်း အတည်ပြုချက်ကို မတ် ၃၁ ရက်က လက်မှတ်ရေးထိုးနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုသို့ ငြိမ်းချမ်းရေးအတွက် သဘောတူ လက်မှတ်ရေးထိုး နိုင်သည့်အပေါ် နိုင်ငံသားအချို့၏ သဘောထားအမြင်များကို တင်ပြလိုက်ပါသည်။
ဦးလှမောင်ရွှေ (ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၊ နည်းပညာအထောက် အကူပြုအဖွဲ့)
ကျွန်တော်တို့ မျှော်လင့်တာကတော့ သိပ်မကြာခင်မှာ တိုင်းရင်းသားခေါင်းဆောင်တွေ နေပြည်တော်မှာ လက်မှတ်ရေးထိုးမယ့်ရက် မဝေးတော့ဘူးလို့ မျှော်လင့်ပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း မေတ္တာရပ်ခံပါတယ်။ လက်မှတ်ရေးထိုးပွဲကြီး ကျင်းပပြီးတဲ့နေ့ကစပြီး ရက်ပေါင်း ၆ဝ အတွင်းကနေ ရက် ပေါင်း ၉ဝ အတွင်းမှာ နိုင်ငံရေးဆွေး နွေးပွဲကြီးစမယ်လို့ စာချုပ်ထဲမှာပါတယ်။ ဒါကြောင့်မို့ တစ်ရက်စောထိုးနိုင်လေ နိုင်ငံရေးဆွေးနွေးပွဲကို တစ်ရက် စောစနိုင်လေပါပဲ။ ဒါကို အမြန်ဆုံးရရှိနိုင်ဖို့ မျှော်လင့်ပါတယ်။

ယီမင်ထဲ ကယ်ဆယ်ရေး ပစ္စည်းတွေ ဝင်နိုင်တော့မယ်

ယီမင် နိုင်ငံထဲကို ဆေးဝါး ထောက်ပံ့ရေး ပစ္စည်းတွေနဲ့ အမှုထမ်းတွေ ပို့ဆောင်ဖို့ ခွင့်ပြုချက် ရရှိလာတယ် ဆိုပြီး နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။
ယီမင် နိုင်ငံထဲက ဟူသီ သူပုန်တွေကို ဆက်တိုက် ဆိုသလို တိုက်ခိုက်နေတဲ့ ဆော်ဒီ အာရေဗျ ဦးဆောင် တဲ့ စစ်ရေး မဟာမိတ် အုပ်စုနဲ့ အကြား သဘောတူညီမှု ရလာခဲ့တဲ့နောက် တနင်္လာနေ့မှာ ယီမင်နိုင်ငံ မြို့တော် ဆာနားကို ထောက်ပံ့ရေး လေယာဉ် ၂ စင်း ဆင်းသက်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပြောခွင့်ရ Sitara Jabeen က ဆိုပါတယ်။

မြန်မာရေလုပ်သားများကို လူကုန်ကူးခဲ့သူများအား စစ်ဆေးဖော်ထုတ်ရန် ထိုင်းဘုရင့်ရဲတပ်ဖွဲ့အမိန့်ထုတ်ပြန်ထားဟုဆို

မြန်မာရေလုပ်သားများ ကို အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီးနား ကျွန်းပေါ်သို့ လူကုန်ကူးခဲ့သည့် ထိုင်းလုပ်ငန်းရှင်များနှင့် လှေပိုင် ရှင်များကို ထိုင်းအစိုးရက အ ရေးယူထားသည်ဟု မြန်မာအစိုး ရထံ အကြောင်းပြန်ထားပြီး ထိုင်း ဘုရင့်ရဲတပ်ဖွဲ့က လူကုန်ကူးသူ များအား စစ်ဆေးဖော်ထုတ်ရန် အမိန့်စာထုတ်ပြန်ထားကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးရဲတပ်ဖွဲ့ ရဲမှူးချုပ် ၀င်းနိုင်ထွန်းကပြောကြားသည်။

လျှပ်စစ်အလင်းတန်း မယ်စဲ့မြို့သို့ရောက်ပြီ

မယ်စဲ့မြို့သည် ကယားပြည်နယ်အတွင်းရှိ ထိုင်းနိုင်ငံ နှင့် ကပ်လျက်ရှိသော နယ်စပ်မြို့ ဖြစ်ပါသည်။ ရာသီဥတု အနေဖြင့် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး မိုးရေချိန် ပျမ်းမျှ ၄၃ ဒသမ ဝ၄ လက်မခန့် ရွာသွန်းပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၄၅ဝ ပေတွင် တည်ရှိ ပါသည်။ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ ဗမာ၊ ရခိုင် လူမျိုး များနေထိုင်ကြပြီး လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ဆောင်ရွက် ကြပါသည်။
မယ်စဲ့မြို့ကို ၁၉၉ဝ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့ ကစ၍ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် ညပိုင်း အချိန် အပိုင်းဖြင့်သာ ဓာတ်အားဖြန့်ဖြူးပေးခဲ့ရပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားရရှိရေး လုပ်ငန်းကိုလည်း ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက် လျက်ရှိရာတွင် ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်လာမည့် မယ်စဲ့မြို့ ဓာတ်အားပြည့်ဝစွာရရှိရေးကို လည်း ဆောင်ရွက်ခဲ့ပါသည်။

Sunday, April 5, 2015

ပါတီအောင်နိုင်ရေးကော်မတီများ ဖွဲ့စည်းပြီးနောက် လာမည့် ရွေးကောက်ပွဲအား သပိတ်မှောက်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြားလာ



 ဒေါ်အောင်ဆန်းစု ကြည်သမ္မတဖြစ်ရန် တားမြစ်ခြင်း ခံထားရသော စစ်တပ်က ရေးဆွဲ ထားသည့် ဖွဲ့စည်းပုံအခြေခံဥပ ဒေ မပြင်ဆင်နိုင်ပါက ရွေး ကောက်ပွဲကို သပိတ်မှောက်ခြင်း မှာ ရွေးချယ်စရာနည်းလမ်းတစ်ခု ဖြစ်လာနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်ကပြောကြား လိုက်သည်။

ကိုယ်ကျိုးရှာ KIA နဲ့ သစ်ခိုးထုတ်မှုသံသရာ



မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်တွင် KIA အဖွဲ့နှင့် ပူးပေါင်းကာ သစ်ခိုးထုတ်ရန်ခိုးဝင်လာသည့် သစ်ခိုးဂိုဏ်း သစ်တင်ယာဉ်များကို ဖမ်းဆီးရမိခဲ့သော သတင်းက ဟိုးလေးတကြော်ပျံ့နှံ့နေပါသည်။ မတ်လ အတွင်းဖမ်းဆီးရမိ သစ်တင်ယာဉ် ၄၄ စီး၊ ယခင်ဇန်န၀ါရီလအတွင်းက ၄၃၆ စီးဟူသော ပမာဏကို ကြည့်ခြင်း အားဖြင့် အဖိုးတန်သစ်သယံဇာတများ ဘယ်လောက်ထိအောင် ဆုံးရှုံးသွားနေပြီလဲဆိုတဲ့ အသိစိတ်က မြန်မာ နိုင်ငံသားတစ်ဦးအနေနဲ့ မခံမရပ်နိုင်ဖြစ်မိတာ အမှန် ပင်ဖြစ်ပါသည်။

တရုတ်နိုင်ငံနိုးထလာခြင်းအကြောင်းရင်းလေးခု



တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံစလုံး မဟာဗျူ ဟာအဆင့်နှင့် မီဒီယာအဝန်းအဝိုင်းတွင် အပြန် အလှန်ယုံကြည်မှုကင်းမဲ့နေခြင်းသည် သဘောပေါက် နားလည်မှုရရှိအောင် မလုပ်ဆောင်နိုင်ခြင်းနှင့် လွဲ မှားသောကောက်ချက်ချမှုများကို ဆက်တိုက်ဖြစ် ပေါ်စေခဲ့သည်။ 

ထိုအခြေအနေသည် ပူးပေါင်း ဆောင်ရွက်မှုလမ်းကြောင်းတွင် ကန့်လန့်ခံနေခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ပတ်ဝန်းကျင်ကိုလည်း ညစ်နွမ်း စေခဲ့သည်။

ရွေးကောက်ပွဲ စနစ်များနှင့် ကျား/မ ညီမျှမှုအပေါ် နှိုင်းယှဉ်လေ့လာမှု


စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ အစိုးရတစ်ရပ် ဖြစ်လာစေဖို့အတွက် အစိုးရ ဖွဲ့စည်းတည်ဆောက်ပုံ အားလုံးရဲ့ စာမျက်နှာတိုင်းလိုလိုမှာ အမျိုးသမီး၊ အမျိုးသား ဘယ်သူမဆိုဟာ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ လုပ်ငန်းစဉ်တွေမှာလည်း ညီတူညီမျှ အပြည့်အဝ ပူးပေါင်းပါဝင် လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင် သုံးရပ်လုံးမှာ ပြည်သူလူထုကနေ အမှန်တကယ် ရွေးကောက် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေဟာ ကျား/မ ခွဲခြားမှုမရှိရဘဲ၊ အရည်အချင်းနဲ့ ကိုယ်စားပြုလုပ်ဆောင်နိုင်စွမ်းအပေါ် မှီတည်နေရမှာဖြစ်တယ်။ အတိအကျပြောရရင်တော့ ခွဲခြားဆက်ဆံမှု (Discrimination) လုံးဝကင်းမဲ့ဖို့ပါပဲ။ အဲ့ဒီရည်ရွယ်ချက်ကို ပြည့်မီစေမယ့် အနေအထားတွေကို ရွေးကောက်ပွဲ စနစ်ကနေ

ပေးကား ပေး၏ မရ တိုးကား တိုး၏ မဝ ဖြစ်တော့မှာလား



သူက ရန်ကုန်မြို့တော်စည်ပင်ဌာနရဲ့ သက်တော်ရှည် ဝန်ထမ်းတစ်ဦးပါ။ သူ့အသက် ၁၈နှစ်သားကတည်း က ရန်ကုန်မြို့တော်စည်ပင်ရုံးချုပ်ရဲ့ ဌာနခွဲတစ်ခုမှာ တာဝန်ထမ်းဆောင်နေသူပါ။ သူ့ရဲ့ဝန်ထမ်းလုပ်သက်
က ၂၅နှစ်တင်းတင်းပြည့်ခဲ့ပြီးပါပြီ။ ၁၉၈၈ခုနှစ်နောက်ပိုင်း အကြိမ် ကြိမ်တိုးပေးခဲ့တဲ့ နိုင်ငံတော်အစိုးရကပေးတဲ့ သူ့လခဟာ တစ်ချိန် တုန်းကတော့ လောက်ငတယ်ဆိုပါတော့။

နိုင်ငံတော်အတွက် အသက်ကိုပေးဆက်ရခြင်းထက် ကြီးမြတ်သော ဂုဏ်မရှိဟု ဗိုလ်ချုပ်မှာကြားခဲ့


 

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်သည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ၊ အနုပညာရှင်များ သည် လောက်ကိုင်ဒေသဖြစ်စဉ်ကြောင့် ရှေ့တန်းတွင်သက်စွန့်ဆံဖျား တာဝန် ထမ်းဆောင်နေသည့် တပ်မတော်သားများကို အားပေးထောက်ပံ့ခြင်း၊ နိုင်ငံတော်အတွက် အသက်ပေးဆက်သူများ၊ ဒဏ်ရာရ စစ်သည်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သတင်းမီဒီယာ သမားများအားဂုဏ်ပြုရန် နေပြည်တော်မှ ဧပြီ ၄ ရက် နံနက်ပိုင်း တွင် လေယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ လားရှိုးမြို့သို့ နံနက် ၉ နာရီ ၁ဝ မိနစ်တွင် ရောက်ရှိခဲ့ကြသည်။

၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန် အများဆုံးထမ်းဆောင်ခဲ့ကြသည့် အခွန်ထမ်းပြည်သူ များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်



၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်ခဲ့ကြသည့် အခွန်ထမ်းပြည်သူများအား ဂုဏ်ပြု မှတ်တမ်းလွှာ များ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

စုံစုံညီညီ မင်္ဂလာပွဲ



မင်္ဂလာ သတို့သားနဲ့ သတို့သမီးကို စုလျားရစ်ပတ် လက်ထပ်ပြီးရင် အကြင် လင်မယားအရာ ရောက်ပြီဆိုနိုင်တယ်။ ဒါပေမယ့် ခုခေတ်မှာ မင်္ဂလာဆောင်တွေက စု လျားရစ်ပတ် လက်ထပ်ရုံနဲ့ အားမရနိုင်ကြဘဲ တမျိုးပြီး တမျိုးချဲ့နေကြတယ်။
စုလျား ရစ်ပတ် လက်ထပ်ပြီးနောက် လုပ်လေ့ရှိတာကတော့ မင်္ဂလာလက်စွပ် ဆင်မြန်းခြင်းပါပဲ။ ဒါက ရှေးမြန်မာဓလေ့တော့ မဟုတ်ဘူး။ အနောက်တိုင်းဓလေ့က ယခုတော့ မြန်မာမှုဖြစ်နေပြီ။

နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်နိုင်ရေး ကွင်းဆင်းစစ်ဆေး


နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ရေး စိစစ်ရွေးချယ်ရေးကော်မတီ၊ မြို့ပြ/ ကျေးရွာအဆင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံးနှင့် စိုက်/မွေးဆိုင်ရာ ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်သည် ဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံးမြို့နယ်ဆု ချီးမြှင့်နိုင်ရေးနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးတင်လှိုင်မြင့်နှင့် မြို့နယ်ဆု/စံပြကျေးရွာဆု ကွင်းဆင်းစိစစ်ရေး
အဖွဲ့ငယ် ခေါင်းဆောင်များနှင့်အတူ ဧပြီ ၂ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်ရှိ ဆည်မြောင်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများနှင့် ဆိပ်ခွန်ကျေးရွာ ရပ်မိရပ်ဖများအား တွေ့ဆုံဆွေးနွေးခဲ့ပြီး ရွှေဘိုမြို့နယ်အုပ်ချုပ်ရေး မှူးက ရွှေဘိုမြို့နယ် ဆိပ်ခွန်စံပြကျေးရွာ၏ ဒေသဆိုင်ရာ အချက်အလက် များကို ဗီဒီယိုဖိုင်များနှင့် ရှင်းလင်းတင်ပြခဲ့ခြင်းအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ဆေးပညာသတင်းဆန်းများ


ယခုစတင်ဖော်ပြလိုတဲ့ သတင်းတစ်ပုဒ်ကတော့ Light-emitting Electronic device ပစ္စည်းမျိုးတွေဖြစ်တဲ့ i Pad လို ပစ္စည်းမျိုးကို ညအိပ်ရာဝင်ခါနီး အချိန်ကြာကြာ မသုံးသင့်ဘူးဆိုတဲ့ လေ့လာထားချက်တစ်ခုပါ။
ဒီလိုအသုံးပြုခဲ့ရင် အိပ်ပျော်သွားဖို့ အချိန်ကြာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းကိုလည်း ထိခိုက်စေတယ်လို့ဆိုပါတယ်။ ဒီလေ့လာချက်ကို အမေရိကန်နိုင်ငံ Pennsylvania State University မှ ဆေးဝါးသုတေသန ပညာရှင် တွေက ပြုလုပ်ခဲ့ကြပြီးUS Journal on Proceeding of the National Academy of Science ဂျာနယ်မှာ ဖော်ပြထားတာပါ။

Saturday, April 4, 2015

မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဘုရားများ ၏အလှူခံပုံးများ အတွင်းမှ အလှူငွေများခိုးယူသူအား ဖမ်းဆီးရမိ



၂ဝ၁၅ ခုနှစ်၊ မတ်လ ၁ရ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန်နှင့် ၂၆-၃-၂ဝ၁၅ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်တို့တွင် မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ထီးလိုမင်းလိုဘုရားနှင့် အာနန္ဒာ ဘုရားအတွင်းရှိ အလှူခံပုံးများအတွင်းမှအလှူငွေ များ ပျောက်ဆုံးမှု များဖြစ်ပေါ်ခဲ့သဖြင့် ပုဂံနယ်မြေရဲစခန်းမှ အမှုများရေးဖွင့်စစ်ဆေးခဲ့သည်။ အဆိုပါ ပျောက်ဆုံးမှုများနှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သူအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ကြီးကြပ် မှုဖြင့် ညောင်ဦး ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးသော အထူးအမှုစစ်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ပုဂံဘုရားများအနီးတစ်ဝိုက် လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်း များဖြင့် စောင့်ကြပ်ကြည့်ရှုခဲ့သည်။

ကျောက်မဲမြို့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်မူကြမ်းအား ထောက်ခံဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်



တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းအား ကြိုဆိုထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ကျောက်မဲ ခရိုင်၊ ကျောက်မဲမြို့ တွင် ဧပြီ ၄ ရက် နံနက်(၉)နာရီတွင် ခွင့်ပြုချက်ရယူပြီး ပြုလုပ်ခဲ့သည်။