Sunday, April 12, 2015

မူဆယ် မူးယစ်ရဲတပ်ဖွဲ့က ရဲအုပ် ၂ ဦး ဗုံးကြောင့် သေဆုံး


ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မူးယစ်အထူးတပ်ဖွဲ့က ရဲအုပ်၂ယောက်ဟာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး လုပ်ငန်းလုပ်ဆောင်ရင်း ထောင်မိုင်း လို့ယူဆရတဲ့ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ပါတယ်။

အလှပြယာဉ် ၅၀ ကျော်အနက် မြို့မ တစ်ဖွဲ့သာကျန်တော့တဲ့ မန္တလေးသင်္ကြန်ရေစီးကြောင်း


မန္တလေးသင်္ကြန်ဆိုရင် ပထမဆုံး ပြေးမြင်ကြ မှာကတော့ မန္တလေးကျုံးကြီးနားက ရေကစား မဏ္ဍပ်တွေပါပဲ။ တကယ်လည်း မန္တလေးမှာ အစည်ကားဆုံးက မန္တလေးကျုံးဘေးက ရေကစားမဏ္ဍပ်တွေပါပဲ။ မန္တလေး သင်္ကြန်က ကျုံးပတ်ဝန်းကျင်မှာပဲ သွားစုပြီး စည်းကားနေတာမျိုး ပါ။

ဆေးခြာက်သည် ကင်ဆာဆဲလ်များကို သေကြေပျက်စီးစေနိုင်ကြောင်း အမေရိကန်ုသုတေသီများက အတည်ပြု


ဆေးခြာက်သည် ကင်ဆာဆဲလ်များကို သေကြေပျက်စီးစေနိုင်ကြောင်း အမေရိကန်ုသုတေသီများက အတည်ပြု လိုက်ကြောင်းသိရသည်။

တပ်မတော်နှင့် KIO တို့အကြား ပြဿနာများ ထပ်မံမဖြစ်ပွားစေရန် ပဋိပက္ခဖြစ်နိုင်ခြေနေရာများကို သွားလာမည်ဆိုပါက နှစ်ဖက်အကြား ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူ


အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တို့အကြား ပြဿနာများ ထပ်မံမဖြစ်ပွား စေရန် ပဋိပက္ခဖြစ်နိုင်ခြေ ရှိသော နေရာများကို သွားလာမည်ဆိုပါက နှစ်ဖက်အကြား ကြိုတင် ညှိနှိုင်း ဆောင်ရွက်ရန် အတွက် ဧပြီ ၆ ရက်က ကချင်ပြည် နယ် မြစ်ကြီး နားမြို့ရှိ ကေအိုင်အိုဆက်ဆံရေးရုံးတွင် နှစ်ဖက်ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တို့ တွေ့ဆုံ၍ ဆွေးနွေးသဘောတူခဲ့ကြောင်း သတင်းရရှိသည်။

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုမို လိမ်ညာတတ်ကြတယ်ဟု ဆို


လူအယောက် ၃,၀၀၀ စစ်တမ်း ကောက်ယူမှုအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုမိုလိမ်ညာ တတ်ကြကြောင်း တွေ့ရပါတယ်။ ချစ်သူရည်းစားချိန်းတွေ့မှု ဆိုင်ရာ ဗြိတိသျှကုမ္ပဏီ Coffee & Company မှ ပြုလုပ်တဲ့ စစ်တမ်းမှာ အမျိုးသား ၉% ယုံမှား သံသယကင်းနေချိန်မှာ ၂၅% ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ နောက်တစ်ယောက်အတွက် သစ္စာဖောက်ကြကြောင်း ဖော်ပြထားပါတယ်။

ဗုံးခွဲတိုက်ခိုက်ခံ၍ ရဲအုပ်နှစ်ဦးကျဆုံး


သတင်းအရရှာဖွေရေးလုပ်ငန်းများဆောင်ရွက်နေသည့်မူယစ်တပ်ဖွဲ့ ဝင်များ ဗုံးခွဲတိုက်ခိုက်ခံရပြီ ရအုပ်နှစ်ဦးကျဆုံးသွားကာသုံးဦမှာ ဒဏ်ရာပြင်းထန်သဖြင့်မူဆယ်ဆေးရုံသို့ပို့ဆောင်ဆေးကုသထားရ ကြောင်မူဆယ်မူယစ်တပ်ဖွဲ့စုမှရဲမှုတီခေါင်လွမ်းကပြောသည်။

၂၀၂၅ မတိုင်မှီ ကမ္ဘာအပြင်ဘက်၌ သက်ရှိဘ၀ကို တွေ့ နိုင်မည်ဟု နာဆာသိပ္ပံပညာရှင် ခန့် မှန်း


ကမ္ဘာအပြင်ဘက်တွင် သက်ရှိဘ၀ရှိနိုင်သည်ဟု မိမိတို့ ယုံကြည်ပြီး နောက် ၁၀-စုနှစ်အတွင်း သဲလွန်စကို တွေ့ ရှိ ကာ နောက်ထပ် အနှစ် ၂၀ မှ ၃၀ အတွင်း၌ ခိုင်မာသောအထောက်အထားများကို ပြနိုင်လိမ့်မည် ဟု နာဆာသိပ္ပံ ပညာရှင်ချုပ် အဲလင်စတိုဖန် က အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီရှိ နာဆာဌာနချုပ် ၌ ယမန်နေ့ ကကျင်းပ ခဲ့သော အခမ်းအနားတစ်ခုတွင် လူသိရှင်ကြား ထုတ်ဖော်ပြောကြားသည်။

အရက် အလွန်အကျွံ သောက်သုံးခြင်းဟာ ဦးနှောက်ကို ထိခိုက်နိုင်ပြီး DNA ကို ပြောင်းလဲစေနိုင်

ဆယ်ကျော်သက် အရွယ်မှာ အရက်သေစာ သောက်စား ပျော်ပါးခြင်းဟာ အရွယ်ရောက်လာတဲ့အခါ ဦးနှောက် ကို ကြာရှည်စွာ ထိခိုက်နိုင်တယ်လို့ လေ့လာမှု အသစ်တစ်ခုက သတိပေးလိုက်ပါတယ်။

ကိုယ့်အိမ်မှာတင် အလွယ်တကူ Body Scrub လုပ်ကြည့်ချင်တယ်ဆိုရင်


ကောင်းမွန်တဲ့ ကြေးချွတ်သန့်စင်ခြင်းဆိုတာ သင့်ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်တို့ကို သန့်စင်စေရုံသာမကဘဲ ဆဲလ်အသေတွေကို ဖယ်ရှားပေးလိုက်တဲ့အတွက် ကိုယ့်ကိုယ်ကို အသစ်တစ်ဖန် ပြန်လည် ခံစားမိနိုင်ပါ တယ်။ ရလဒ်ကတော့ လှပပြီး နူးညံ့ချောမွေ့တဲ့ အသားအရေ ကို သဘာဝဆန်ပြီး တောက်ပတဲ့ အရောင် အသွေးနဲ့ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

HIV ဗိုင်းရပ်ကုသနည်းသစ်ကို လူသားတွင် ပထမဆုံးအကြိမ်စမ်းသပ်၊ အောင်မြင်နိုင်ခြေမြင့်မား


HIV ဗိုင်းရပ်ကို အကောင်းဆုံးထိန်းချုပ်နိုင်မည့် ကုသနည်းသစ်ကို လူသားတွင် ပထမဆုံးအကြိမ် စမ်းသပ် အောင် မြင်ပြီဖြစ်၍ အနာဂါတ်တွင် HIV ကို တိုက်ခိုက်ရန် အားထားရသော လက်နက်တစ်ခုဖြစ်လာ နိုင်ကြောင်း နိုင်ငံတကာ သုတေသီများက ပြောသည်။

ဘင်္ဂလားဒေ့ရှ် Jamaat-e-ခေါင်းဆောင်ကို ကြိုးပေးကွပ်မျက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံက အစ္စလာမ်ဝါဒီ အတိုက်အခံခေါင်းဆောင် Muhammad Kamaruzzaman ကို ကြိုးပေးကွပ်မျက်လိုက်ပါပြီ။ ၁၉၇၁ ခုနှစ်က ပါကစ္စတန်ကနေခွဲထွက်ပြီး လွတ်လပ်ရေးရဖို့ တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲအတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေ အတွက် အခုလို ကွပ်မျက်လိုက်တာပါ။

ဝါရှင်တန်မြို့ ချယ်ရီပန်းပွဲတော်



ချယ်ရီပန်းပွဲတော် (ဓာတ်ပုံ- ၀ါဝါမော်/ဧပြီ ၁၁၊ ၂၀၁၅)

ဗမာပြည်မှာ ပိတောက်ပန်းတွေဝေစည်တဲ့ သင်္ကြန်အခါတော် ရေသဘင်ပွဲ ဆင်နွဲကြဖို့ပြင်ဆင်နေချိန်မှာ ကျနော်တို့ရဲ့ ဗွီအိုအေရုံးချုပ်အခြေစိုက်ရာ ၀ါရှင်တန်ဒီစီမှာတော့ ချယ်ရီတွေဝေစည်နေပါပြီ။ ချယ်ရီပွဲတော် စတင်နေပါပြီ။ ဂျပန်နိုင်ငံက လက်ဆောင်ပေးထားတဲ့ထောင်နဲ့ချီတဲ့ ချယ်ရီပင်တွေက ပွင့်လန်းနေတဲ့ ပိုတေးမတ်မြစ်နဘေးက ချယ်ရီပန်းပွဲတော်ကို ကိုယ်တိုင်သွားရောက်ပြီးတော့ သတင်းယူခဲ့တဲ့ ဗွီအိုအေ ၀ိုင်းတော်သူ မခင်ဖြူထွေးက သတင်းပေးပို့ထားပါတယ်။

တက္ကသိုလ်ကျောင်းသားများသမဂ္ဂက သင်္ကြန်ကာလ၌ “ဒေါင်းတို့မျိုးဆက်” သံချပ်အဖွဲ့အမည်ဖြင့် ရန်ကုန်မြို့အတွင်း လှည့်လည်သံချပ်ထိုးမည်

တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တ.က.သ) အဖွဲ့မှ နှစ်သစ်ကူးမဟာသင်္ကြန်ကာလ၌ “ဒေါင်းတို့ မျိုးဆက် သံချပ်”အမည် ဖြင့် ရန်ကုန်မြို့အတွင်း လှည့်လည်၍ သံချပ်ထိုးသွားမည် ဖြစ်ကြောင်းသိရသည်။

ကုန်တင်လှေ မီးလောင်မှုအား တပ်မတော်(ရေ)မှ ကူညီ ကယ်ဆယ်ပေး


ရန်ကုန်မြို့၏ အရှေ့တောင်ဘက် မိုင် ၅ဝ ခန့်အကွာ၌ ဧပြီ ၁ဝ ရက် ညနေပိုင်းတွင် မီးသွေးအိတ်များ တင်ဆောင်ထားသည့် ကုန်တင်လှေတစ်စင်း မီးလောင်မှု ဖြစ်ပွားခဲ့ရာ တပ်မတော်(ရေ)မှ စစ်ရေယာဉ် တစ်စင်းက သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီ ဆောင်ရွက်ပေးသည်။

ကုန်တင်လှေ မီးလောင်မှုအား တပ်မတော်(ရေ)မှ ကူညီ ကယ်ဆယ်ပေး

ရန်ကုန်မြို့၏ အရှေ့တောင်ဘက် မိုင် ၅ဝ ခန့်အကွာ၌ ဧပြီ ၁ဝ ရက် ညနေပိုင်းတွင် မီးသွေးအိတ်များ တင်ဆောင်ထားသည့် ကုန်တင်လှေတစ်စင်း မီးလောင်မှု ဖြစ်ပွားခဲ့ရာ တပ်မတော်(ရေ)မှ စစ်ရေယာဉ် တစ်စင်းက သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီ ဆောင်ရွက်ပေးသည်။

Saturday, April 11, 2015

KNU ဗဟိုအမြဲတမ်းကော်မတီဝင်တစ်ဦး ရာဇဝတ်မှုကြောင့် ရာထူးမှ ယာယီ ထုတ်ပယ်ခံရ

ကရင်အမျိုးသားအစည်းအရုံး(KNU) မှ ဗဟိုအမြဲတမ်းကော်မတီဝင် ဒုဗိုလ်မှူးကြီး မန်းတင်လှိုင်အား ရာဇဝတ်မှုတစ်ခုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများရှိသဖြင့် ဗဟိုကော်မတီဝင်အဖြစ်မှ ယာယီရပ်ဆိုင်း ထားသည်ဟု အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောသည်။

သင်္ကြန်ကာလ တားဆေး နှင့် ကွန်ဒုံရောင်းချခွင့် ဘာကြောင့်ပိတ်ပင်..

သင်္ကြန်ကာလ အတွင်း ဆေးဆိုင်များတွင် ကာမအားတိုးဆေးများ၊ လိင်စိတ်ကြွဆေးများ ၊ ကွန်ဒုံနှင် တားဆေး များကို ရောင်းချခွင့် မပြုခြင်းသည်မှာ သင်္ကြန်တွင် လိင်နှင့် ပတ်သက်သည့် ဆေးဝါးများကို အလွဲသုံးစာပြုလုပ်၍ မိန်ကလေးများအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်နိုင်၍ သင်္ကြန်ကာလတွင် ယာယီ တားမြစ်ထားခြင်းသာမြင်ကြောင်းဟု အောက်မြန်မာပြည် ဆေးသုတေသန မှ ညွှန့်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဇင်သန့်က မဇ္ဈိမကို ပြောသည်။

နေပူချိန်မြင့်တတ်နေသဖြင့် သင်္ကြန်ကာလတွင် အရက်သောက်စားပြီး ရေကစားသူများ ဦးနှောက်သွေးကြောပြတ်နိုင်


သင်္ကြန်ကာလအတွင်း နေ့အပူချိန်များဆက်လက်မြင့်တက်နေပါက ယမကာမှီဝဲ၍ ရေကစားသူများ ဦး နှောက် သွေးကြောပေါက်ကာ ဦးနှောက်အာရုံကြောပြတ်နိုင်ကြောင်း အထွေထွေရောဂါကု ဒေါက်တာ အောင်ဆန်းဝင်းက News Watch သို့ ပြောသည်။

အပစ်ရပ် စာချုပ်မူကြမ်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့၏ လိုလားချက်များကို UWSA ဌာနချုပ် တွင်ဆွေးနွေးမည်

အပစ်ရပ် စာချုပ်မူကြမ်း ၊ပြည်တွင်းနိုင်ငံရေး အခြေအနေများနှင့် ငြိမ်းချမ်းရေးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့၏ လိုလားချက် များနှင့် ပတ်သက် သည့်ဆွေးနွေးပွဲ တစ်ခုကို UWSA "၀" သွေးစည်း ညီညွတ်ရေး တပ်မတော်ဌာနချုပ် ပန်ဆန်းဒေသတွင် ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းရင်းသား အဖွဲ့အချို့ ထံမှ သိရသည်။

အိန္ဒိယ စစ်သင်္ဘော စစ်တွေသို့ရောက်ရှိ

အိန္ဒိယ ရေတပ်သင်္ဘောကို စစ်တွေကမ်းခြေမှ မြင်တွေ့ရစဉ် (ဓာတ်ပုံ- နိရဉ္စရာ)
အိန္ဒိယရေတပ်မှ သင်္ဘောတစ်စီးသည် စစ်တွေမြို့သို့ ရောက်ရှိနေပြီး စစ်တွေ အရှေ့ဘက် ပွိုင့်ကမ်းခြေ အနီးတွင် ကျောက်ချ ရပ်နားထားသည်။

အင်းလေးကန်ကြီး တိမ်ကောလာနေ


အင်းလေးကန်ကြီး ရေရှည်တည်တံ့ဖို့ နိုင်ငံတော် အဆင့်ကနေ စီမံကိန်းချ ဆောင်ရွက်ပေးဖို့ အင်းလေးသူ အင်းလေးသားတွေ လိုလား ရှမ်းပြည်တောင်ပိုင်းက အင်းလေး ကန်ကြီး ထဲမှာ ရေနည်းလာနေတဲ့ အတွက် ရေကြောင်းအရ သွားရေး လာရေးတွေ အခုကတည်းက ခက်ခဲလာနေပါတယ်။

ထိုင်းရှေးဟောင်းမြို့ အယုဒ္ဓယ ရိုးရာသင်္ကြန်ပွဲ စတင်


ထိုင်းနိုင်ငံမှာ ရှေးဟောင်းမြို့ဖြစ်တဲ့ အယုဒ္ဓယမြို့မှာ သင်္ကြန်ပွဲတော်ကို ဧပြီ ၁၀ ရက်နေ့က  စတင်ကျင်းပ ပါတယ်။

နှုတ်ခမ်းနီမလေးများ၏ အသည်းစွဲ ဂျက်စတင်းဗီဗာကို အာဂျင်တီးနားက ဖမ်းဝရမ်းထုတ်


အာဂျင်တီးနား တရားရုံးတခုက နှုတ်ခမ်းနီမလေးတေတွ အသည်းစွဲ ပေါ့ပ်ကြယ်ပွင့် ဂျက်စတင်းဗီဗာကို ဖမ်း ဆီးဖို့ ဧပြီ ၁၀ ရက်နေ့က ၀ရမ်းထုတ်လိုက်ပါတယ်။

ဂျပန်နှင့် အငြင်းပွားကျွန်း များကိစ္စတွင် စိတ်မခုရအောင် အမေရိကန် လိမ္မာသိုသိပ်စွာ ပြုမူရန် တရုတ်တိုက်တွန်း


အရှေ့တရုတ်ပင်လယ်ရှိ ကျွန်းစုတစ်ခုနှင့် ပတ်သက်၍ ဂျပန်နှင့် ပေကျင်းတို့ အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်က တစ်ဘက်သား စိတ်ခုအောင် မလုပ် ဘဲ လိမ္မာသိုသိပ် စွာပြုမူရန် တရုတ်က တိုက်တွန်း လိုက်သည်။

မိုးနဲမြို့နယ်အတွင်းရှိကျေးရွာများအား RCSS/SSA အဖွဲ့မှရိက္ခာနှင့် ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံ


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ဝမ်နားကျေးရွာအုပ်စု၊ နောင်ချိုကျေးရွာအတွင်းသို့ဧပြီလ ၈ရက်နေ့ တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့ရောက်ရှိလာပြီး ဆန်နှင့် ဆက်ကြေးငွေများကောက်ခံလျက်ရှိကြောင်းယင်းဒေသခံရွာသားများထံမှ သိရသည်။

ပို့ဆောင်ရေးဝန်ကြီးဌာနကို ပြင်ဆင်ဖွဲ့စည်း

ပို့ဆောင်ရေးဝန်ကြီးဌာနရှိ ပို့ဆောင်ရေးဦးစီးဌာနကို ဖျက်သိမ်းလိုက်ပြီး ဌာနကြီးကိုးခုဖြင့် ပြင်ဆင် တိုးချဲ့ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

၆ ပွင့်ဆိုင် အပေါ် သူတို့အမြင်


နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ကိုယ်စားလှယ် ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်တို့ တွေ့ဆုံကြတဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပ။ (ဧပြီလ ၁၀၊ ၂၀၁၅)
၆ ပွင့်ဆိုင် ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ မြန်မာ့နိုင်ငံရေး သုံးသပ်သူတွေ၊ နိုင်ငံရေး သမားတွေက သဘော ထား အမြင် အမျိုးမျိုး ရှိနေကြပါတယ်။ ဒီလိုတွေ့ဆုံမှုက ကောင်းမွန်တဲ့ အစပျိုးမှုတခု ဖြစ်ပေမဲ့ - ကျေနပ်လောက်တဲ့ ရလာဒ် ထွက်ပေါ်လာပါ့မလား ဆိုတာကိုတော့ အများစုက သံသယရှိနေကြတာ ဖြစ်ပါ                                                                                                     တယ်။

နိုင်ငံဝန်ထမ်း အငြိမ်းစားများ တိုးမြှင့်ပင်စင်လစာများကို ၂၀၁၅ ဧပြီမှ စတင် ခံစားခွင့်ရတော့မည်


လက်ရှိမြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် ပင်စင်ခံစားနေကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ (တပ်မတော်အငြိမ်းစားများ~ အပါအဝင်)အား လက်ရှိပင်စင် လစာအပြင် တိုးမြှင့်ပင်စင်လစာများကို ၂၀၁၅ ခုနှစ်ဧပြီလမှ စတင် ခံစားခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်အစိုးရ အာဏာအလွှဲသုံးစားလုပ်နေဟု ကိုးကန့်အတွင်းရေးမှူး တုန့်ပြန်

ကိုးကန့်တပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်ဦးထွန်းမြတ်လင်း (ဓါတ်ပုံ-.7daydaily)
ဦးဖုန်ကြားရှင်း ဦးဆောင်သည့် MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ အ တွက် ပြောရေး ဆိုခွင့် တာဝန်ထမ်းရွက် နေသူ ဦးထွန်းမြတ်လင်း အား နေပြည်တော်အစိုးရမှ ဖမ်းဝရမ်းထုတ်ထားမှုနှင့်ပတ်သက်၍ ‘နေပြည် တော်အစိုးရကသာ အာဏာအလွှဲသုံးစားလုပ်နေသူ’ ဟု ဦးထွန်းမြတ် လင်းက တုန့်ပြန်လိုက် သည်။

ပလောစစ်ပွဲတွင် ကျဆုံးခဲ့သူများကို ဂျပန်ဘုရင်အလေးပြု


ဂျပန်ဘုရင် အခီဟီတိုသည် ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးခဲ့သူများအတွက် အမှတ်တရအထိမ်း အမှတ် အခမ်းအနားကျင်းပသည့် ပီလီလူ ပစိဖိတ်ကျွန်းသို့ ဧပြီ ၉ ရက်က သွားရောက်ခဲ့သည်။ ပလောကျွန်းနိုင်ငံ ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် အဆိုပါကျွန်းတွင် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်သည် ၁ဝဝဝဝ နှင့် အမေရိကန်စစ်သည် ၁၆ဝဝ သေဆုံးခဲ့ရသည်။ ဝမ်းနည်းဖွယ်ကောင်းသည့် အတိတ်သမိုင်းကို မေ့ပျောက် မပစ်သင့်ဟု ဂျပန်ဘုရင်ကပြောကြားခဲ့သည်။ လွန်ခဲ့သည့် ၁ဝ နှစ်ကလည်း ဂျပန်ဘုရင်သည် ပစိဖိတ်ကျွန်း တစ်ခုဖြစ်သည့် ဆိုင်ပန်သို့ သွားရောက်၍ ကျဆုံးစစ်သည်များကို သွားရောက် အလေးပြုခဲ့သည်။