Sunday, May 17, 2015

ပြည်တွင်းငြိမ်းချမ်းအောင် ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့လို

သမ္မတဦးသိန်းစိန်ရှေ့မှောက်မှာ ၃၁ ရက် မတ်လ ၂၀၁၅ ခုနှစ်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို နှစ်ဘက်ကိုယ်စားလှယ်ခေါင်းဆောင်တွေ အတည်ပြု လက်မှတ်ရေးထိုး ခဲ့ကြစဉ် (ဓာတ်ပုံ - မြန်မာငြိမ်းချမ်းရေးစင်တာ) 
အမှန်တကယ် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ လိုလားတယ်ဆိုရင် အစိုးရအနေနဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဆွေးနွေး အဖြေရှာဖို့လိုတယ်လို့ တိုင်းရင်းသားခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက တိုက် တွန်းပြောဆိုလိုက်ပါတယ်။ တနိုင်ငံလုံးအပစ်ရပ် စာချုပ်ချုပ်ဆိုနိုင်ရေး တိုင်းရင်းသား ခေါင်း ဆောင်တွေနဲ့ အစိုးရ ကြိုးပမ်းနေချိန်မှာ ဒီသီတင်းပတ်ထဲ တိုင်းရင်းဒေသအချို့မှာ တိုက်ပွဲပြင်းထန်ခဲ့သလို မြန်မာစစ်တပ် ဘက်က စစ်အင်အား အလုံးအရင်း ထပ်မံတိုးချဲ့ချနေလို့ စစ်ရေးတင်းမာနေဆဲ အခြေအနေကြောင့် အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

မန်းကျောက်စိမ်းဈေးကွက်အပွင့်လိုင်း အရောင်းအဝယ်သွက်

မန္တလေးမြို့ ကျောက်စိမ်းအရောင်းအဝယ် ဈေးကွက်တွင် အပွင့်လိုင်းကျောက်များသာ လတ်တလော အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မန္တလေးမြို့ကျောက်စိမ်းအရောင်းအဝယ် လုပ်ကိုင်သူများထံမှ သိရ သည်။

ထင်းခုတ်နေသော ဒေသခံ ၁၅ ဦးထံမှ KIA အဖွဲ့ ဆက်ကြေးငွေများ ကောက်ခံ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ စက ကျေးရွာ(ဟောင်း)မှ ထင်းခုတ်နေ သော ဒေသခံများအား မေလ ၁၄ ရက် နေ့၊ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် KIA အဖွဲ့မှ ဆက်ကြေးငွေများ လာရောက်တောင်း ခံသွားကြောင်း သိရ သည်။

ကာလဒေသ အချိန်အခါနဲ့ကိုက်ညီမယ့်ဥပဒေများ ပြင်ဆင်ပြောင်းလဲ မပြဋ္ဌာန်းလိုက်ဘူးဆိုရင် ပြုပြင်ပြောင်းလဲမှုတွေဟာ ဘယ်လိုမှ အောင်မြင်နိုင်စရာမရှိနိုင်ဟု သူရဦးရွှေမန်း ပြောကြား

ဒီမိုကရေစီနိုင်ငံ ထူထောင်တဲ့နေရာမှာ ပြုပြင်ပြောင်းလဲတယ် ဆိုတဲ့နေရာမှာ ပြုပြင်ပြောင်းလဲမှုနဲ့ ပြင်သင့် ပြင်ထိုက်တဲ့ဥပဒေတွေ မပြင်နိုင်ဘူးဆိုရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အပါအဝင် စနစ်တစ်ခုလုံးကို ပြောင်းလဲနိုင်မှာ မဟုတ်တဲ့အတွက် မိမိတို့ အလေးထားရမယ့်ကိစ္စက ဥပဒေများ ကာလဒေသအချိန်အခါနဲ့ ကိုက်ညီမယ့် ဥပဒေများ ပြင်ဆင်ပြောင်းလဲ မပြဋ္ဌာန်းလိုက်ဘူးဆိုရင် ပြုပြင်ပြောင်းလဲ မှုတွေဟာ ဘယ်လိုမှ အောင်မြင်နိုင်စရာ မရှိဘူး။

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်အမှု မေ ၁၉ ရက်နေ့ ကြားနာမည်

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် (ဓာတ်ပုံ - အေအက်ဖ်ပီ)
နိုင်ငံဘဏ္ဍာငွေ သန်းပေါင်းများစွာ အရှုံးပြခဲ့တဲ့ စပါးဝယ်ယူရေး အစီအစဉ်ကို တလွဲစီမံခဲ့တယ်ဆိုပြီး စွပ်စွဲ ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်န၀ပ်ကို စွပ်စွဲထားတဲ့အမှု မေ ၁၉ ရက်နေ့ ကြားနာမှာ ဖြစ်ပါတယ်။

၆ ပွင့်ဆိုင်ဆွေးနွေးပွဲ ခပ်စိပ်စိပ်လုပ်ရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

၆ ပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲတွေကို ခပ်စိပ်စိပ် အလေးအနက်ထားလုပ် ပေးဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆို လိုက်ပါတယ်။

အရေးပါသည့် နိုင်ငံရေးအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နိုင်ရေး NDF ကြိုးပမ်းရမည်ဟုဆို

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)သည် အရေးပါသည့် နိုင်ငံရေးအခန်းကဏ္ဍတွင် ဆက်လက် ပါဝင်နိုင်ရေး လာမည့်လွှတ်တော်သက်တမ်း၌ သင့်လျော်သည့် ကိုယ်စားလှယ်အရေအတွက် ရရှိရေး ကြိုးပမ်း ဆောင်ရွက် ရမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌဦးခင်မောင်ဆွေက ပြောကြားလိုက်သည်။

ဓာတ်ပုံဆရာတစ်ဦး ပေတစ်သောင်းကျော် တောင်သုံးလုံးသို့ တက်ရောက် မှတ်တမ်းတင်နိုင်ခဲ့

မြန်မာနိုင်ငံဓာတ်ပုံအသင်းမှ အသင်းသားတစ်ဦးသည် အမြင့်ပေ တစ်သောင်း ကျော်ရှိသည့် ကချင် ပြည်နယ်မှ ရေခဲတောင်သုံးလုံးသို့ ဆက်တိုက်တက်ရောက်နိုင်ခဲ့ကြောင်း  သတင်းရရှိသည်။

ရွှေ့ပြောင်း ဝင်ရောက်သူများအရေး အစည်းအဝေးတက်ရန် မြန်မာကို တွန်းအားမပေးနိုင်ဟု ထိုင်းဝန်ကြီးချုပ် ပြော

ထိုင်းဝန်ကြီးချုပ် ချန်အိုချာ 
ပင်လယ်တွင် ရွှေ့ပြောင်းဝင်ရောက်ကာ လှေများပေါ် သောင်တင်နေသူများအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမှ အစည်းအဝေး တက်ရောက်ဖွယ်မရှိဟု ဦးသိန်းစိန်၏ လက်ထောက်က ပြောကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောလိုက်ပြီး ယင်းသည် အိမ်နီးချင်းနိုင်ငံ၏ အခွင့်အရေးပင် ဖြစ်သည် ဟုဆိုကြောင်း www.asianewsnet.net အင်တာနက် စာမျက်နှာတွင် ဖေါ်ပြသည်။

လိုင်စင်မရှိဘဲ အမျိုးသမီး ၆၀ ကို စင်ကာပူနိုင်ငံသို့ ပို့ဆောင်မည့် အမျိုးသမီး တစ်ဦးကို အမှုဖွင့်

ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ လုပ်ကိုင်ရန် လိုင်စင်မရှိဘဲ အမျိုးသမီး ၆၀ ဦးကို စင်ကာပူ နိုင်ငံသို့ ပို့ဆောင်ရန် ဆောင်ရွက်နေသည့် အမျိုးသမီး တစ်ဦးကို မေ ၁၄ ရက်က ကျောက်တံတားမြို့ မရဲစခန်းတွင် အမှုဖွင့်ထားပြီး အဆိုပါအမျိုးသမီးကို စစ်ဆေးနိုင်ရန် ဆောင်ရွက်နေသည်ဟု ကျောက်တံတားမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက မေ ၁၆ ရက် မွန်းလွဲပိုင်းတွင် ပြောသည်။

Friday, May 15, 2015

ရွှေ့ပြောင်းနေထိုင်သူ ၄၀၀ နီးပါး ပါရှိသည့် လှေကို ပင်လယ်ဘက်သို့ ထိုင်းရေတပ် ဆွဲထုတ်ပေး


 ဘင်္ဂါလီ ၄၀၀ ဝန်းကျင် လိုက်ပါလာပြီး ထိုင်းပိုင်နက် ကျွန်းတစ်ကျွန်းတွင် တစ်ပတ်မျှ သောင်တင်နေသည့် လှေတစ်စီးကို ထိုင်းရေတပ်က ပင်လယ်ဘက်သို့ ပြန်ဆွဲထုတ်ပြီး ကမ်းမှ ခွာစေခဲ့ကြောင်း သိရှိရသည်။
 လှေ၏ ပျက်စီးနေသော အင်ဂျင်ကို ပြင်ဆင်ပေးပြီး လိုအပ်သည့် စားနပ်ရိက္ခာနှင့် သောက်ရေတို့ ဖြည့်ဆည်းပေးကာ ပင်လယ်ဘက်သို့ ပြန်လည် ထွက်ခွာစေခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လှေသည် ထိုင်းနိုင်ငံတောင်ပိုင်း အင်ဒိုနီးရှားဘက်သို့ ဦးတည် ခုတ်မောင်းသွားကြောင်း ထိုင်းအစိုးရ ရေဒီယိုဌာနက မေလ ၁၅ ရက်တွင် ကြေညာခဲ့သည်။

အိမ်ဝယ်လျှင် လူကိုပါ လက်ထပ်ရမည်ဆိုသည့် အင်ဒိုအမျိုးသမီးအတွက် ဝယ်လက် ပေါ်လာ


မိမိအိမ်ကို ဝယ်ယူပါက မိမိကိုပါ လက်ထပ်ရမည်ဟု ကြေညာခဲ့မှုကြောင့် နာမည်ကြီးခဲ့သည့် အင်ဒိုနီးရှား အမျိုးသမီးသည် သူမ၏ ဝယ်လက် (သို့မဟုတ်) ခင်ပွန်းလောင်းကို ရှာဖွေ တွေ့ရှိသွားပြီ ဖြစ်သည်။
ယွန်ယာကာတာတွင် နေထိုင်သည့် အသက် (၄၀) အရွယ် အမျိုးသမီး ဝီနာလိုင်က သူမ၏ အိမ်ကို ဝယ်ယူရန် သင့်တော်သည့် ကမ်းလှမ်းမှုကို အမျိုးသားတစ်ဦးထံမှ လက်ခံရရှိခဲ့ကြောင်း Kompas နေ့စဉ် သတင်းစာသို့ ပြောကြားခဲ့သည်။ “သူ့နာမည်က ရီဒီ အီကိုပါ။ သူကလည်း ဇနီးတစ်ယောက် အလိုရှိနေတာပါ”ဟု ဝီနာက ဆိုသည်။

Thursday, May 14, 2015

ထိုင်းနိုင်ငံရှိစက်ရုံတွင် ပိတ်လှောင်၍စေခိုင်းခံရသော မြန်မာလုပ်သားလေးဆယ်ကျော်ကို ထိုင်းရဲတပ်ဖွဲ့ကယ်တင်

ထိုင်းရဲတပ်ဖွဲ့က စက်ရုံသို့ဝင်ရောက်စီးနင်းနေစဉ်(ဓာတ်ပုံ-MAT)
ထိုင်းနိုင်ငံ မဟာချိုင်မြို့ နယ်ရှိ ပုစွန်အခွံခွာသည့် အလုပ် ရုံတွင် လူကုန်ကူးခံရပြီး သုံးနှစ်ခန့် ကြာ ပိတ်လှောင်ထားကာအလုပ် စေခိုင်းခံနေရသော မြန်မာလုပ် သား ၄၀ ကျော်ကို ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)နှင့်ထိုင်းရဲတပ်ဖွဲ့တို့ကမေ လ ၁၂ ရက်တွင် ကယ်ထုတ်နိုင်ခဲ့ ကြောင်း သတင်းရရှိသည်။

Tuesday, May 12, 2015

နိုင်ငံရေးလုပ်ဇာတ်နှင့် လူထုအနီကတ် (ဒေါက်တာ ရန်မျိုးသိမ်း)



ကြက်ဥအယောင်၊ တိမ်တောင်သဖွယ်၊ မင်းရေးကျယ်ဆိုသည့် စ ကားအရတိုင်းရေးပြည်ရေး၊နိုင် ငံရေးသည်အလွန်အမင်း ရှုပ်ထွေးပွေလီသည့် အားလျော်စွာ နိုင်ငံရေးတွင် လုပ်ပွဲ လုပ်ဇာတ် ဒိုင်ပွဲရပ်များကလည်း ဒုနှင့်ဒေးဖြစ်သည်။ ပြည်သူလူထုကို မျက်လှည့်ပြပြီး နိုင်ငံရေးပါတီများကို ကြားလေသွေးကာ နိုင်ငံရေး ခေါင်းဆောင်များအချင်းချင်း စိတ်ဝမ်းကွဲအောင် ဖြားယောင်းမည့် ဇာတ်ညွှန်း၊ ဇာတ်အိမ်ခိုင်ခိုင်ခံ့ခံ့ နိုင်ငံရေးဗလာပွဲဆိုလျှင် တိုင်းရင်းသား ပြည်သူလူထု၏ အနီကတ်နှင့် ထိကာ တစ်ခန်းရပ်သွားနိုင်သည်။

လူသူကင်းမဲ့တဲ့မှော်မြို့တော်

မြန်မာလူမျိုးတို့၏ လျှို့ဝှက်သည်းဖိုဆန်လှ သည့် မှော်မြို့ တော်ကြီး နေပြည်တော်သည် အမေရိကန်နိုင်ငံ နယူးယောက် မြို့ထက် ခြောက်ဆခန့်ကြီးသည်။လျှပ်စစ်မီးအလင်းရောင်များနှင့် အလွန်ခမ်းနားတောက်ပြောင် သန့်ရှင်းသလို အတော့်ကိုလူသူ ကင်းမဲ့ခြောက်သွေ့လှပါ၏။ ဘာကြောင့် သည်မြို့တော်ကြီး ကို တည်ဆောက်ခဲ့ကြပါသနည်း။

လူ့အခွင့်အရေး ဥပဒေများနှင့်အညီ ဖြစ်စေရေး ယခုထက် ပိုမိုလုပ်ဆောင်ရန်လိုဟု အမေရိက ဝန်ခံ

မကြာသေးမီက တိုင်းပြည်အတွင်း၌ ရဲများကြောင့် လက်နက်မဲ့ လူမည်းအမျိုးသားများ သေဆုံးမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုက ၎င်းတို့အနေနှင့် လူ့အခွင့်အရေး ဥပဒေများကို ထိန်းသိမ်းရန် ယခုထက် ပိုမိုလုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်ဟု တနင်္လာနေ့က ဝန်ခံပြောကြားလိုက်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စု၏ ကိုယ်စားလှယ်တစ်ဦးက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မစတင်မီတွင် ပြောကြားရာ၌ ၎င်းတို့နိုင်ငံသည် ကုန်လွန်ခဲ့သော ရာစုနှစ်ဝက် အတွင်းတွင် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများကို အတည်ပြု ပြဋ္ဌာန်းခဲ့ကြောင်း ရှေးဦးစွာ ပြောကြားခဲ့သည်။
သို့သော် မကြာသေးမီက ထွက်ပေါ်ခဲ့သည့် ရဲတပ်ဖွဲ့က အာဖရိကန်-အမေရိကန် အမျိုးသားများကို နှိပ်စက်ညှင်းပန်းခဲ့သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သတ်၍မူ အမေရိကန်တရားရေး၏ လူ့အခွင့်အရေးဌာနမှ အကြီးတန်း အရာရှိတစ်ဦးဖြစ်သူ ဂျိမ်းစ်ကာဒိုဂန်က အမေရိကန်ပြည်ထောင်စု အနေနှင့် တိုင်းပြည်၏ လူ့အခွင့်အရေး ဥပဒေများသည် မူလပေးအပ်ထားသည့် ကတိများအတိုင်း လျော်ညီလျက်ရှိအောင် ပြန်လည်အာရုံစူးစိုက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

အလွန်အကျွံ ချစ်တင်းနှီးနှောတာဟာ စိတ်ပျော်ရွှင်မှုကို လျော့နည်းစေ


ချစ်တင်းနှီးနှောမှု ဘယ်လောက်ပဲ လုပ်နေလုပ်နေပြသနာ မဟုတ်လို့ ကျွန်ုပ်တို့အများစု ထင်မှတ်ကြတယ်။
ဒါပေမယ့် သိပ္ပံပညာရှင်တွေ ဖော်ပြထားတာက တစ်ချိန်လုံး အတူနေ ကိုယ်လက်နှီးနှောနေမယ်ဆိုရင် ဒါဟာ စိတ်ပျော်ရွှင်မှု မရနိုင်တော့ဘူးလို့ ဆိုပါတယ်။

မြန်မာမင်းတို့ သုံး တော်မူသော ပလ္လင် ရှစ်ခန်း


‘ပလ္လင်’ ဟူသော မြန်မာဝေါဟာရသည် ‘ပလ္လင်္က’ ဟူသော ပါဠိစကားမှဆင်းသက်လာပြီး မြင့်မြတ်သောပုဂ္ဂိုလ်တို့ ထိုင်ရန် ပြုလုပ်ထားသော ခုံမြင့်ဟူ၍ မြန်မာ အဘိဓာန် ကျမ်း၌ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ဇေယသင်္ခယာ ပြုစုသော ရွှေ ဘုံနိဒါန်း အလိုအရ ပလ္လင်အရွယ် သုံးမျိုး ရှိသည်။ ယင်းတို့မှာ (၁) မဟာပလ္လင်(၁၆ တောင်မြင့်သည်။) (၂) မဇ္ဈိမပလ္လင်(ရှစ် တောင်မြင့် သည်။) (၃)စူဠပလ္လင် (လေးတောင် မြင့်သည်။) တို့ဖြစ်သည်။ မြန်မာမင်းတို့ သုံးတော်မူခဲ့ သော ပလ္လင်ရှစ်ခန်းနှင့်ပတ်သက်၍ ဦးတင်၏ မြန်မာမင်းအုပ်ချုပ်ပုံ စာ တမ်းနှင့် ဘိုးတော်ဘုရား၏ ရာဇ သတ်ခေါ်သော အမိန့်တော်တမ်း ကြီး၌ ဤသို့ ဖော်ပြထားသည်။

လူသူကင်းမဲ့တဲ့မှော်မြို့တော်


နေပြည်တော်ရှိ လမ်းမကျယ်ကြီးထက်ဝယ် သန့်ရှင်းရေးလုပ်နေသော စည်ပင်ဝန်ထမ်းတစ်ဦး
မြန်မာလူမျိုးတို့၏ လျှို့ဝှက်သည်းဖိုဆန်လှ သည့်     မှော်မြို့ တော်ကြီး    နေပြည်တော်သည် အမေရိကန်နိုင်ငံ နယူးယောက် မြို့ထက် ခြောက်ဆခန့်ကြီးသည်။လျှပ်စစ်မီးအလင်းရောင်များနှင့် အလွန်ခမ်းနားတောက်ပြောင် သန့်ရှင်းသလို အတော့်ကိုလူသူ ကင်းမဲ့ခြောက်သွေ့လှပါ၏။ ဘာကြောင့် သည်မြို့တော်ကြီး ကို တည်ဆောက်ခဲ့ကြပါသနည်း။
လွန်ခဲ့သောနှစ်အနည်းငယ် က မြန်မာပြည်တစ်လွှား ဖြတ်သန်းသွားသည့်  ဘတ်စ်ကားကိုညဘက်စီးလာစဉ် လရောင်ဖြင့်သာလင်းရသည့် ကျေးလက်မြို့ပြတွေကြားကနေ  လျှပ်စစ်မီးရောင် ထိန်ထိန် ညီးကို ဘွားခနဲတွေ့လိုက်ရသည့် အခါ နိုးတစ်ဝက်ပျော်တစ်ဝက် ကြားကနေ ကျွန်မအထိတ်တလန့် ဖြစ်သွားခဲ့ရသည်။

ကိုပါကြီး သေဆုံးမှု အတွက် စစ်သည် ၂ ဦး အပြစ်မရှိဟု ဆုံးဖြတ်မှု ပယ်ဖျက်ရန် တောင်းဆိုမည်

ကိုပါကြီး , တရားဥပဒေစိုးမိုးရေး , မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် , တပ်မတော် , စစ်ဘက်တရားရုံး
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ကိုပါကြီးသေဆုံးမှု ဆန္ဒပြပွဲ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
အစိုးရစစ်တပ်မှ စစ်သည် ၂ ဦး၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသော အလွတ်သတင်းထောက် ကိုပါကြီးအမှုတွင် ပြစ်မှု ကျူးလွန် သည့် တပ်သား ၂ ဦးကို စစ်ဘက်တရားရုံးက အပြစ်မရှိဟု ဆုံးဖြတ်၍ တရားသေ လွှတ်ပေးခဲ့မှု ကို ပယ်ဖျက် ပေးရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ တင်ပြသွားဖြစ်ကြောင်း သတင်းရရှိသည်။

ဘင်္ဂါလီများကို တဦးလျှင် ကျပ် ၁၀ သိန်းဖြင့် ရေလမ်းခရီးမှ ခေါ်ဆောင်လာသူများ အဖမ်းခံရ

ဘင်္ဂါလီ, ရခိုင်ပြည်နယ်
သာပေါင်းမြို့အ၀င် ဆိုင်းဘုတ် (ဓာတ်ပုံ – ဆလိုင်းသန့်စင် / ဧရာဝတီ)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းမှ ဘင်္ဂါလီ ၁၄ ဦးကို တဦးလျှင် ငွေကျပ် ၁၀ သိန်းဖြင့်  ရန်ကုန်မြို့သို့ ဧရာဝတီတိုင်း ဒေသကြီး၊ သာပေါင်းမြို့နယ်မှတဆင့် ခေါ်ဆောင်လာသူများကို နယ်မြေခံ သာပေါင်းမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ စစ်တွေမြို့ သက္ကယ်ပြင်ရွာရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းမှ ဘင်္ဂါလီ ၁၄ ဦးအား ၁ ဦးလျှင် ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးရန် ကိုဆန်းဦး ဆိုသူက ရေလမ်းခရီးမှ တဆင့် ခေါ်ဆောင်လာစဉ် သာပေါင်းမြို့နယ်၊ သဲဖြူရွာသို့ ရောက်ရှိပြီး ရန်ကုန်မြို့သို့ ထွက်ခွာရန် ပြင်ဆင်နေချိန်၌ သာပေါင်းမြို့နယ် ရဲတပ်ဖွဲ့က မေလ ၄ ရက်တွင် ဖမ်းဆီးခဲ့မိခြင်းဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓဘာသာဝင်မိန်းမများအား ဘာသာကူးပြောင်းစေပါက ချမှတ်မည့် ထောင်ဒဏ် လျှော့ချရန် လွှတ်တော်သို့ အစီရင်ခံစာတင်

ဗုဒ္ဓဘာသာဝင် မိန်းများအား ဗုဒ္ဓဘာသာကိုးကွယ် ယုံကြည်မှုကို စွန့်လွှတ်စေပြီး အခြားဘာသာသို့ ကူးပြောင်းကိုးကွယ်စေမှုမပြုစေရဆိုသည့်ပုဒ်မကို ကျူးလွန်ပါက ငါးနှစ်ထက် မပိုသော ထောင်ဒဏ်အစား ၂ နှစ်ထက်မပိုသောထောင်ဒဏ်သို့ လျှော့ချပြင်ဆင်ရန် အမျိုးသား လွှတ်တော်ဥပဒေကြမ်းကော်မတီက မေလ ၁၁ ရက်တွင် အမျိုးသား လွှတ်တော်သို့ အစီရင်ခံစာတင် သွင်းသည်။
မျိုးစောင့်ဥပဒေများဟု လူသိများသည့် မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေကြမ်းတွင်ပါရှိ သော ပြစ်ဒဏ်များလျှော့ချသည့်အစီရင်ခံစာကို မေလ ၁၁ ရက်က လွှတ်တော်သို့ တင်သွင်းခဲ့သည်။ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အား နည်းအမျိုးမျိုးဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှုကိုစွန့်လွှတ်စေပြီး အခြားဘာသာတစ်မျိုးမျိုးသို့ ကူးပြောင်းကိုးကွယ်စေမှုမပြုရဆိုသည့်ပုဒ်မကို ကျူးလွန်ပါက ငါးနှစ်ထက်မပိုသော ထောင်ဒဏ်အစား ၂ နှစ်ထက် မပိုသော ထောင်ဒဏ်သို့လျှော့ချပြင်ဆင်ရန် မေလ ၁၁ ရက်က အမျိုးသားလွှတ်တော်သို့ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေကြမ်းနှင့်ပတ်သက်၍ တင်သွင်းသော အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အစီရင်ခံစာတွင်ပါရှိသည်။

မြို့ပြမိခင်တွေရဲ့ ကလေးထိန်းအသုံးစရိတ်ပြဿနာ ဘယ်လိုအဖြေရှာမလဲ

ယနေ့ခေတ်မှာ အလုပ်တစ်ဖက်နဲ့ မိခင်တွေ(Working Mothers)တွေဟာ ကလေးမီးဖွားပြီးရင် ဟို အရင်ခေတ်ကလို အဘိုး၊အဘွား တွေ၊ ဦးလေး၊ အဒေါ်တွေနဲ့ ညီ အစ်ကိုမောင်နှမတွေလက်ထဲ ကြည့်ရှု ထိန်းသိမ်းစောင့်ရှောက်ဖို့ လက်လွှဲထားခဲ့ပြီး အလုပ်ထွက် လုပ်ဖို့ မလွယ်ကူတော့တာ အမှန် ပါ။ အထူးသဖြင့် ရန်ကုန်လိုမြို့ ကြီး ပြကြီးမှာ အလုပ်လာလုပ်နေ ရတဲ့ နယ်ခံမဟုတ်တဲ့၊ ဆွေမျိုးအ သိုင်းအ၀ိုင်းလည်း အတူရှိမနေ နိုင်ကြတဲ့ မိခင်တွေဆိုရင်တော့ ကလေးထိန်းအကူမရှိဘဲနဲ့အလုပ် ထွက်လုပ်ဖို့ဆိုတာ မစဉ်းစားရဲစ ရာ အခြေအနေမျိုးဖြစ်နေပါတယ်။
မိခင်အများစုကတော့ကိုယ့် ၀င်ငွေထဲကနေ သုံးပုံတစ်ပုံ လောက်ကို ကလေးထိန်းရှာပြီး ဖြေရှင်းကြသလို တချို့မိခင်တွေ ကတော့ လုပ်ငန်းခွင်ကို အပြီး ကျောခိုင်းလိုက်တာမျိုးနဲ့ ဖြေရှင်း တတ်ကြပါတယ်။ ဒါပေမဲ့ ဒုတိယ နည်းလမ်းကို ရွေးချယ်တဲ့မိခင် တွေကတော့ နည်းပါးပြီး ကလေး အတွက် စိတ်ချရတဲ့ အထိန်းကူ ဖော်လောင်ဖက်ကို ကိုယ်တတ် နိုင်တဲ့ဈေးနှုန်းနဲ့ ရှာဖွေငှားရမ်းပြီး အဆင်ပြေအောင် ဖန်တီးတတ် ကြပါတယ်။

ဘာရင်ကျွန်းမီးတောင် ပြင်းထန်စွာ ပေါက်ကွဲလျှင် မြန်မာနိုင်ငံတွင် ငလျင်နှင့် ဆူနာမီရေလှိုင်း အန္တရာယ်ရှိဟုဆို

ကပ္ပလီပင်လယ်ပြင် အတွင်းရှိ ဘာရင်ကျွန်း (Barren Island) မီးတောင်သည် အင်အားပြင်းထန်စွာ ပေါက်ကွဲခဲ့ပါက မြေငလျင် လှုပ်ခတ်ခြင်းနှင့် ဆူနာမီ ရေလှိုင်းအန္တရာယ်ကို မြန်မာနိုင်ငံတွင် ကြုံတွေ့နိုင်သဖြင့် ကြိုတင်သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။
အဆိုပါ မီးတောင်သည် လက်ရှိအချိန်တွင် အင်အားပြင်းပေါက်ကွဲမှု မဖြစ်ပေါ်သေးဘဲ ပြာမှုန့်နှင့် ချော်ရည်ပူများ မှုတ်ထုတ်လျက်ရှိပြီး ယင်းမီးတောင် ပေါက်ကွဲခဲ့ပါက မြေငလျင်နှင့် ဆူနာမီ အန္တရာယ် ဖြစ်ပေါ်နိုင်သည့်အတွက် သတိထားရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

ကန်းဇော်ဆီ နှင့် ကျန်းမာရေးအစွမ်း

ကန်းဇော်ပင်ဆိုတာ
နှစ်တစ်ရာကျော် ရှင်သန်နိုင်သော အပင်ကြီးမျိုးဖြစ်ပြီး၊ အင်္ဂလိပ်လို ‘Mahua of Southern India’ (သို့ မဟုတ်) ‘Mahua Tree’ လို့ ခေါ်ကြပြီး၊ မြန်မာလို “ကန်းဇော်ပင်” လို့  အမည် ရပါတယ်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် သီလဝါ စက်မှုဇုန်တို့တွင် တရုတ်တို့ပါဝင် ရင်းနှီးမြှုပ်နှံလိုဟုဆို

 မြန်မာ့ အထူးစီးပွားရေးဇုန် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် သီလ၀ါ စက်မှုဇုန်တို့တွင် တရုတ်တို့ပါဝင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိသည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က မီဒီယာကို ဖြေကြားသည်။
U-Ye-Htut-4
“ဒီကို မလာခင် သူတို့ ထိုင်းနိုင်ငံကို ဝင်ခဲ့ပြီး ထိုင်းနဲ့ တရုတ်နဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ စက်မှုဇုန်တွေကို လေ့လာခဲ့တယ်၊ ဒီမှာ သမ္မတကြီးနဲ့ ဆွေးနွေးတော့လည်း သူတို့ အဓိက စိတ်ဝင်စားနေတဲ့ ကျောက်ဖြူ စီးပွားရေးဇုန်မှာ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတွေ၊ သီလဝါနဲ့ ထားဝယ် အထူးစီးပွားရေး ဇုန်တွေမှာ ရင်းနှီးမြှုပ်နှံနိုင်မှု အလားအလာတွေကို ဆွေးနွေးခဲ့ပါတယ်” ဟု တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံတော်ကောင်စီ အထွေအထွေ အတွင်း ရေးမှူး မစ္စတာ Yang Jing နှင့် အဖွဲ့ဝင် ၁၂ ဦးတို့ ယနေ့ နေ့လယ် ၂ နာရီတွင် သမ္မတ ဦးသိန်းစိန်အား သမ္မတအိမ်တော်၌ တွေ့ဆုံအပြီး ထိုတွေ့ဆုံပွဲနှင့် ပတ်သက်၍ မီဒီယာသို့ ဖြေကြားရာတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ မဟုတ်တဲ့ ပန်းချီကား

ပုံမှာ မြင်တွေ့နေရတာကတော့ အီတလီနိုင်ငံက ပန်းချီဆရာ Marco Grassi ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကားများ ဖြစ်ပါတယ်။ ဓာတ်ပုံများ မဟုတ်ပါဘူး။ အများအနေနဲ့ ရုပ်တရက် ကြည့်လိုက်ရင် ပန်းချီလို့ မထင်ရပဲ ဓာတ်ပုံ တစ်ပံပမာ ထင်မှားအောင်လောက် ပီပြင်လှပါတယ်။

အောင်မြေသာစံမြို့နယ် စည်ပင် ကိုယ်စားလှယ်လောင်း ဒုတိယအကြိမ် အမည်စာရင်းတင်သွင်းသူ ရှစ်ဦးရှိ

အောင်မြေသာစံမြို့နယ်ကိုယ်စားပြု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ကိုယ်စားလှယ်လောင်းဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းသူ ရှစ်ဦးရှိကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီရွေးကောက်ပွဲ ကော် မရှင်မှသတင်းရရှိသည်။
ပထမအကြိမ်က ဥပဒေပါ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသည့် ကိုယ်စားလှယ် လောင်းမရှိ၍ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသော အောင် မြေသာစံမြို့နယ်တွင် ဒုတိယ အကြိမ်ကိုယ်စားလှယ်လောင်း အဆိုပြုလွှာ ထပ်မံခေါ်ယူခဲ့ရာ လျှောက်လွှာလာရောက်ထုတ်ယူ သူ ၂၂ ဦးရှိခဲ့ပြီး အမျိုးသားရှစ် ဦးက ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်းလာ ရောက်တင်သွင်းခဲ့သည်ဟု မန္တလေးစည်ပင်သာယာရွေး ကောက်ပွဲကော်မရှင်ရုံးအဖွဲ့မှူး ကပြောသည်။
‘‘အမျိုးသားရှစ်ဦးက ကော်မတီဝင်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင် သွင်းတယ်။

တရုတ်နှင့်ကန် နျူကလီယား ဆက်လက် ပူးပေါင်းဆောင်ရွက်ဖို့အဆိုပြု


အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ကြား နျူကလီယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စကို နောက်ထပ် အနှစ် ၃၀ သက်တမ်းတိုး လုပ်ဆောင်သွားဖို့ဆိုတဲ့ အမေရိကန်လုံခြုံရေးနဲ့ နျူကလီယားစွမ်းအင်ဌာနရဲ့ အကြံပြုချက်နဲ့ပတ်သက်ပြီး အဖွဲ့ရဲ့တာဝန်ရှိ သူတွေက လွှတ်တော်အမတ်တွေကို တနင်္လာနေ့မှာ ရှင်းပြခဲ့ပါတယ်။

သစ်မှောင်ခိုမှု KIA ပါသည့် သံသယကြောင့် စစ်တပ် ထိုးစစ်ဆင်ခြင်းဖြစ်နိုင်

မြန်မာနဲ့ နယ်ချင်းထိနေတဲ့ တရုတ်နိုင်ငံ၊ ဟူဘီခရိုင်အလယ်ပိုင်း Baokang ဒေသက သစ်များ။ (မေ ၉၊ ၂၀၀၇)
မြန်မာနဲ့ နယ်ချင်းထိနေတဲ့ တရုတ်နိုင်ငံ၊ ဟူဘီခရိုင်အလယ်ပိုင်း Baokang ဒေသက သစ်များ။ (မေ ၉၊ ၂၀၀၇)
ကချင်ပြည်နယ်ကနေ တရုတ်နိုင်ငံbက် ခိုးထုတ်တဲ့ သစ်မှောင်ခိုမှုတွေမှာ ဒေသခံ KIA တပ်တွေ ပါဝင်ပတ်သက်နေတယ်လို့ မြန်မာအစိုးရဘက်က သံသယ၀င်နေတာကြောင့် KIA တပ်တွေကို အစိုးရတပ်တွေက လာရောက် တိုက်ခိုက်တဲ့ သဘောဖြစ်တယ်လို့ ယူဆကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့က ပြောပါတယ်။ KIA တပ်bက်ကတော့ သစ်မှောင်ခိုမှုမှာ သူတို့ ပါဝင်ခြင်းမရှိဘူးလို့ ငြင်းဆိုထားပါ တယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။