Sunday, May 31, 2015

ဘင်္ဂါလီအရေးနှင့် နာဇီတို့၏ ဂျူးလူမျိုးများ မျိုးတုံးသတ်ဖြတ်မှုကို ခိုင်းနှိုင်းဝေဖန်မှုများ မြန်မာကန့်ကွက်


ဘင်္ဂါလီအရေးသည် နာ ဇီခေတ် ဂျူးများကို လူမျိုးတုံး သတ်ဖြတ်မှုနှင့်တူညီနေကြောင်း ခိုင်းနှိုင်းဝေဖန်မှုများ ပါဝင်ခဲ့သည့် နော်ဝေးညီလာခံ တစ်ခုမှ ပြော ကြားချက်များကို မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာနက ကန့်ကွက်ပယ် ချခဲ့ကြောင်း ကြေညာချက်ကို မေလ ၃၀ ရက်တွင် ထုတ်ပြန်သည်။
မေလ ၂၆ ရက်တွင်နော်ဝေးနိုင်ငံ အော်စလိုမြို့၌ ရိုဟင်ဂျာများ အား မြန်မာနိုင်ငံ၏ နှိပ်ကွပ်ညှဉ်း ပန်းမှုများ အဆုံးသတ်ရေးအော် စလို ညီလာခံခေါင်းစဉ်ဖြင့် ဆွေး နွေးပွဲပြုလုပ်ခဲ့သည်။ ယင်းဆွေး နွေးပွဲတွင် မစ္စတာဂျော့ခ်ျဆိုးရော့စ်၊ ဒေါက်တာ မဟာသီယာမိုဟာ မက်၊ ဒေါက်တာ ဆာအဒ်ဟာ မစ်ဒ်အယ်လ်ဘာနှင့် တောင်အာ ဖရိက အငြိမ်းစားခရစ်ယာန်ဂိုဏ်း ချုပ်ဆရာတော် ဒက်စ်မွန်တူးတူး တို့၏ ပြောကြားချက်များကို ကန့် ကွက်ကြောင်း မြန်မာက တုံ့ပြန် လိုက်ခြင်းဖြစ်သည်။

မြ၀တီ-ကော့ကရိတ်လမ်းပိုင်းတွင် ကရင်လက်နက်ကိုင်အဖွဲ့များ စုပေါင်း၍ ဂိတ်ကြေးကောက်မည်

အာရှလမ်းမကြီး မြ၀တီ -ကော့ကရိတ်လမ်းပိုင်းအသုံးပြုသည့်ယာဉ်များကိုကရင်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များက တစ်ဖွဲ့ချင်းငွေကြေးမကောက်ခံတော့ဘဲ စုပေါင်းဂိတ်ဖွင့်၍စတင်ကောက်ခံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၇) ဌာနချုပ် (လှိုင်းဘွဲ့ မြို့နယ်)တွင် မေလ ၂၈ နှင့် ၂၉ ရက်၌ ပြုလုပ်ခဲ့သည့် ကရင့် လက်နက်ကိုင်များညီညွတ်ရေး ကော်မတီ အရေးပေါ်အစည်း အ ဝေးတွင် အထက်ပါအတိုင်း ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြ၀တီမြို့ နယ် ကေအင်န်ယူ ဆက်ဆံရေးရုံးတာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ ယူ-၂၀ အသင်းကို အမေရိကန်နည်းပြ ချီးကျူး

နယူးဇီလန်− မြန်မာယူ-၂၀ အသင်းသည် အလွန်စိတ်ဓာတ်တက်ကြွပြီး မိမိတို့အသင်း၏ ကစားကွက် ဆိုးရွားသွားအောင် ကစားနိုင်ခဲ့ကြောင်း အမေရိကန် အသင်းနည်းပြက ချီးကျူးပြော ကြားသည်။
နယူးဇီလန်တွင် ကျင်းပနေ သည့် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ မေလ ၃၀ ရက်တွင် မြန်မာယူ-၂၀ အသင်းကို အမေရိကန် ယူ-၂၀ အသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ပွဲအပြီး၌ အမေရိကန်နည်းပြ တက်ဘ်ရာမို့စ်က ‘‘ကျွန်တော်တို့ ကစားချင်တဲ့ပုံစံအတိုင်း မကစားနိုင်ခဲ့ပါ ဘူး။ ဒါကတော့သေချာပါတယ်။ ကျွန်တော်တို့ အရှေ့မှာ အလွန် စိတ်ဓာတ်တက်ကြွနေတဲ့ အသင်း တစ်သင်းနဲ့ ကစားနေရတာကို တွေ့ခဲ့တယ်။ ကမ္ဘာ့ဖလားကို ၀င် လာတဲ့ မျက်နှာသစ်အသင်း တစ် သင်းပေါ့။ သူတို့အပြင်းအထန် ကြိုးစားခဲ့ကြတယ်။ သူတို့က ကျွန်တော်တို့ကို ပုံပျက်ပန်းပျက် ကစားရစေအောင်၊ ခက်ခဲအောင် လုပ်ခဲ့တယ်။ ကျွန်တော်တို့အ တွက် ခက်ခဲခဲ့ပါတယ်’’ ဟု ပြောသည်။အမေရိကန် လူငယ်အသင်းသည် ယခုပြိုင်ပွဲသို့ (၁၃) ကြိမ် မြောက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာလူငယ် အသင်းပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံမှာ ရေသောက်လို့ တစ်ဂိုးပေးလိုက်ရတဲ့ဂိုးသမားက သူ့ရဲ့အသင်း ကို ပြန်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဂိုးသမားကတော့ Sui Weijie လို့ အမည်ရပြီး Chongqing Lifan အသင်း မှာ ကစားနေတာဖြစ်ပါတယ်။

ဒေသခံရှမ်းတိုင်းရင်းသားတို့၏ လူနေမှုဘ၀ကို ခြိမ်းခြောက်လာသော KIA ရဲ့ မြေမြှုပ်မိုင်းအန္တရာယ်

ကချင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားတွေဟာ မြေမြှုပ်မိုင်းအန္တရာယ်ကို ထိတ်လန့် တုန်လှုပ် ကြောက်လန့်နေကြပါတယ်။ မိုင်းနင်းမိမှုကြောင့် သေကြေ၊ဒဏ်ရာရသူတွေဟာ နေ့စဉ်လိုလို ဖြစ်နေတာကြောင့် သွေးပျက် နေကြတာ အမှန်ပါပဲ။ အထူးသဖြင့် KIA စခန်းနဲ့နီးတဲ့ ကျေးရွာတွေ၊ KIA တပ်ဖွဲ့ဝင်တွေ လှုပ်ရှားသွားလာတဲ့ နယ်မြေထဲက ကျေးရွာတွေဟာ မြေမြှုပ်မိုင်းဒဏ်ကို ပိုပြီးခံစားကြရပါတယ်။ 

ပအို့ဝ်တိုင်းရင်းသားကျေးရွာများအား RCSS/SSA အဖွဲ့မှ လူသစ်စုဆောင်းမှုကြောင့် PNO အဖွဲ့ မကျေနပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ပိန်းဆည်ကျေးရွာအုပ်စု၊ နောင်ဗိုကျေးရွာသို့ မေလ ၁၉ ရက်နေ့တွင် RCSS/SSA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး လူသစ်စုဆောင်းမှုများပြုလုပ်သွားခဲ့ကြောင်း ယင်းဒေသခံ ရွာသားများ ထံမှ သိရသည်။
“ရှမ်းအဖွဲ့တွေ ရွာကိုရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်တယ်၊ ပြီးတော့ ကျေးရွာအုပ်စုအတွင်းမှာရှိ တဲ့ အုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး အစည်းအဝေးလုပ်တယ်၊ တစ်ရွာကို အသက် ၁၈ နှစ်နဲ့ ၅၀ ကြားမှာရှိတဲ့ ယောက်ကျားတိုင်း လူသစ်အဖြစ်ဝင်ရောက်ရမယ်၊ မဝင်ဘူးဆိုရင် ရွာထဲအထိ လာဖမ်းမယ်လို့ ခြိမ်းခြောက် ပြောဆိုသွားတယ်” ဟု အစည်းအဝေးတက်ရောက်ခဲ့သူ ရပ်မိရပ်ဖတစ်ဦးမှပြောသည်။

Saturday, May 30, 2015

လှေစီးဒုက္ခသည်အရေး ဖြေရှင်းရန် အထူးစုံ စမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ ထူထောင်မည်


ဘန်ကောက်မြို့တွင် လှေစီးဒုက္ခသည်အရေး မြန်မာအပါအ၀င် နိုင်ငံ ၁၇ နိုင်ငံက တက်ရောက်ဆွေးနွေးခဲ့သည် (EPA)
ပင်လယ်တွင်မျောပါနေ သည့် လှေစီးဒုက္ခသည်များ ကယ် ဆယ်ရေး ချက်ချင်းဆောင်ရွက် ရန် နိုင်ငံဖြတ်ကျော်ဖွဲ့စည်းထား သည့် ရာဇ၀တ်ဂိုဏ်းများအားဖိနှိပ် ရေးအတွက် အဓိကသက်ရောက် သော နိုင်ငံများအကြား အထူးစုံ စမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ ထူ ထောင်ရေး အပါအ၀င်အဓိက ဆောင်ရွက်ရမည့် ကဏ္ဍသုံးရပ် ကို မေလ ၂၉ ရက်တွင် ထိုင်းနိုင်ငံ၌ပြုလုပ်ခဲ့သည့် ‘‘အိန္ဒိယသမုဒ္ဒရာ ၌ ပုံမှန်မဟုတ်သော ရွှေ့ပြောင်း မှုဆိုင်ရာ အထူးအစည်းအဝေး’’ အပြီးတွင် ထုတ်ပြန်ကြေညာခဲ့ သည်။

မြိတ်ကျွန်းစုတွင် ဟိုတယ်ဆောက်ရန် ထိုင်းလုပ်ငန်းရှင်အချို့ ကမ်းလှမ်းထားဟုဆို

ထိုင်းလုပ်ငန်းရှင်အချို့ က မြိတ်ကျွန်းစုတွင် ဟိုတယ် တည်ဆောက်ရန် ကျွန်းတစ်ကျွန်း ကို တောင်းဆိုထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။
မြိတ်ကျွန်းစုရှိ ကျွန်းတစ် ကျွန်းကို အစိုးရထံမှ နှစ် ၅၀ ငှားရမ်းမည်ဖြစ်ပြီး လက်ရှိတွင် တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်း နေသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာ စိုင်းကျော်အုန်းက ပြောသည်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ် လက်နက်ကြီးများ အထိုင်ချ ဆောက်လုပ်ထားဟု အမေရိကန်စွပ်စွဲ

တောင်တရုတ် ပင်လယ်အတွင်းရှိ ပိုင်နက်အငြင်းပွားမှုများ ဖြစ်ပေါ်နေရာ ကျွန်းများပေါ်တွင် တရုတ်က လက်နက်ကြီးများ အထိုင်ချ ဆောက်လုပ်ထားကြောင်း အမေရိကန်က စွပ်စွဲ ပြောကြားလိုက်သည်။
သဘာဝ သယံဇာတ ပေါကြွယ်ဝသည့် တောင်တရုတ်ပင်လယ်ပြင် ဧရိယာ တစ်ခုလုံးကို တရုတ်က ၎င်းတို့၏ ပိုင်နက်အဖြစ် သိမ်းသွင်းရန် ကြိုးစားနေရာ ဒေသတွင်း နိုင်ငံများက ကန့်ကွက်နေသည်။ တရုတ်သည် တောင်တရုတ် ပင်လယ်အတွင်းရှိ ကျွန်းများပေါ်တွင် စစ်အခြေစိုက် စခန်းများ ဆောက်လုပ်ထားသလို ကျွန်းတုများကိုပါ တည်ဆောက်ပြီး ယင်းဒေသကို ထိန်းချုပ်ရန် ကြိုးပမ်းလျက် ရှိသည်။

ပါကစ္စတန်တွင် သေနတ်သမားများက ဘတ်စ်ကားစီး ခရီးသည်များကို ပစ်သတ်

ပါကစ္စတန်နိုင်ငံတွင် လက်နက်ကိုင် အကြမ်းဖက်သမားများက ဘတ်စ်ကားစီး ခရီးသည်များကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်ပြီး ပစ်သတ်ခဲ့ရာ လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ပါကစ္စတန် အနောက်ပိုင်း ကွီတာမြို့မှ တောင်ဘက်ကမ်းခြေ ကရာချိသို့ ဦးတည် မောင်းနှင်နေသော ဘတ်စ်ကားများကို သေနတ်သမားများက အဓမ္မ တားဆီးပြီး ခရီးသည်များကို ဖမ်းဆီးခဲ့ခြင်းဟု ဘာလူချီစတန် ဒေသ အုပ်ချုပ်ရေးဌာနက ပြောကြားခဲ့သည်။

ပါတီစည်းကမ်းလိုက်နာမည်ဆိုပါက တပ်ချုပ်ကို လက်ခံမည်ဟု ပြည်ခိုင်ဖြိုးအတွင်းရေးမှူးပြော

တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်သည် တပ်မ တော်မှ အငြိမ်းစားယူကာ နိုင်ငံ ရေးသမားအဖြစ်ခံယူပြီး ပါတီ၏ စည်းကမ်းများကို လိုက်နာနိုင်မည် ဆိုပါက ပါတီက လက်ခံမည် ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးသိန်းဆွေက သတင်းစာရှင်း လင်းပွဲ၌ သတင်းမီဒီယာများအား ပြောကြားလိုက်သည်။

ကျောက်ခေတ်ဦးလက်ရာများ ဖြစ်နိုင်ဖွယ်ရှိသည့် နံရံဆေးရေးပန်းချီများတွေ့ရှိ

ရှမ်းပြည်နယ်တောင် ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံမြို့နယ်တွင် ကျောက် ခေတ်လက်ရာ နံရံဆေးရေးပန်းချီများရှိသည့်နေရာများ ရှာဖွေတွေ့ရှိခဲ့ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သတင်းရရှိသည်။

အကြမ်းဖက်မှု ကိုအားပေးထောက်ခံ သည့်နိုင်ငံစာရင်းမှ ကျူးဘားကို အမေရိကန်ပယ်ဖျက်

ဆယ်စုနှစ်ငါးနှစ်ကြာ ရပ်နားထားသော သံတမန်ဆက်ဆံရေးပြန်လည်ပြုလုပ်ရန် နှစ်နိုင်ငံစလုံးက ကြိုးပမ်းလျက်ရှိစဉ် အမေရိကန်ကို ကျူးဘားကို အကြမ်းဖက်မှုအားပေးထောက်ခံသည့် နိုင်ငံစာရင်းမှ သောကြာနေ့က ပယ်ဖျက်လိုက်ရာ ကြီးမားသည့် အတားအဆီးကြီးတစ်ခုကို ဖယ်ရှားခဲ့သည်။
အမေရိကန်က ကျူးဘားကို ၁၉၈၂ခုနှစ်က အမည်ပျက်စာရင်းသွင်းခဲ့မှုကြောင့် ကျူးဘားသည် ကမ္ဘာ့ဈေးကွက်သို့ ၀င်ရောက်ရေးအဟန့်အတားဖြစ် ခဲ့သည့် အပြင် နိုင်ငံတကာ၏ အပယ်ခံလိုဖြစ်လာခဲ့သည်။

လှေစီးရွှေ့ပြောင်းသူများအား အကူအညီပေးရေးနှင့် ကာကွယ်ရေးဆောင်ရွက်မည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရွှေ့ပြောင်းသွားလာသူများအတွက် လူသားချင်းစာနာသည့် အကူအညီ များအား နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ IOM မှတဆင့် ၾသစေၾထးလ် က ၾသစေၾထးလ် ဒေါ်လာ ၆ သန်းနှင့် အမေရိကန်က ယူအက်စ် ဒေါ်လာ ၃ သန်းပေးမည်ဟု သိရသည်။
ယင်းအကူအညီများအနက် သြစထြေးလျက သူ၏ ဒေါ်လာ တစ်သန်းကို အိန္ဒိယသမုဒ္ဒရာအတွင်းမှ ကယ်တင်ခဲ့သူများ အတွက်နှင့် ၅ သန်းကို ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ကော့ဇ်ဘဇားရှိ ဒုက္ခသည်များအတွက် ကူညီမည်ဖြစ်သည်။

ဖိလစ်ပိုင်တွင် ဗလီတစ်ခုကို ဖောက်ခွဲတိုက်ခိုက်၍ လူ ၁၅ ဦးထိခိုက်ဒဏ်ရာရ


ဖိလစ်ပိုင်တောင်ပိုင်းစွန်းတွင် ဗလီတစ်ခုကို ပစ်မှတ်ထားပြီး ဖောက်ခွဲမှုနှစ်ရပ် ပြုလုပ်၍ ကလေးငယ်များအပါအဝင် လူ ၁၅ ဦးဒဏ်ရာရခဲ့ကြောင်း ရဲတာဝန်ရှိသူများ ကပြောသည်။
နင်ဒန်နာအိုတောင်ပိုင်းနယ်မြေ ဂျိုလိုမြို့က ဗလီကို ဗုံးနှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ရဲဌာနကပြောသည်။

Miss Golden Land Myanmar 2015 ပြိုင်ပွဲ၏ Myanmar's Choice Award အတွက် အွန်လိုင်း မဲပေးနိုင်ပြီ

Miss Golden Land Myanmar 2015 ပြိုင်ပွဲတွင် ချီးမြှင့်မည့် Myanmar's Choice Award အတွက် အွန်လိုင်း မဲပေးမှုကို မေလ ၂၉ရက်တွင် စတင်လိုက်ပြီဖြစ်ရာ ပြိုင်ပွဲဝင် ဆန်ကာတင် အလှမယ် ၃၁ဦးကို စတင် မဲပေးနိုင်ပြီ ဖြစ်သည်။

Miss Golden Land အလှမယ် များကို အွန်လိုင်း မဲပေးလိုလျှင် ပထမဆုံး Miss Golden Land Myanmar (Official Facebook Page) ကို ၀င်ရောက်ပြီး Page ကို Like ပေးရမည် ဖြစ်သည်။ Official Page ကို Like မလုပ်ထားသော Facebook User များ၏ Vote များကို ထည့်သွင်း ရေတွက်မည် မဟုတ်ပေ။

အမျိုးသား လုံခြုံရေးအေဂျင်စီ၏ ထောက်လှမ်းရေး အစီအစဉ်ကို အသစ်ရေးရန် ကွန်ဂရက်ကို အိုဘားမားတိုက်တွန်း


အမေရိကန်သမ္မတအိုဘားမားက အမျိုးသားလုံခြုံရေးအေဂျင်စီ NSA၏ အငြင်းပွားဖွယ် ဖုန်းမှတ်တမ်းများဖမ်းယူခြင်းကို ခွင့်ပြုပေးမည့် ဥပဒေပြဌာန်းချက်သစ်ကို ကွန်ဂရက်က ရေးဆွဲပြဌာန်းရန်တိုက်တွန်းလိုက်သည်။

လှေစီးဒုက္ခသည် ခေါ်ယူမည့်အရေး ဘင်္ဂလားဒေ့ရှ် အကြောင်းမပြန်


မြန်မာနိုင်ငံမှ ကယ်ဆယ်ထားသဖြင့် မောင်တောခရိုင် တောင်ပြိုဝဲမြို့သို့ ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လှေစီးဒုက္ခသည် အယောက် ၂၀၀ အား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည် ခေါ်ယူရန် အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

Thursday, May 28, 2015

လူမှောင်ခိုမှုနဲ့ ဆက်နွယ်သံသယရှိသူ ရဲ ၁၂ ဦး မလေးရှားထိန်းသိမ်း


လူကုန်ကူးမှုနဲ့ ဆက်နွယ်မှု ရှိတယ်ဆိုတဲ့ သံသယနဲ့ မလေးရှား ရဲတပ်ဖွဲ့ဝင် ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်း လိုက်တယ်လို့ မလေးရှားအစိုးရအဖွဲ့ဝင် ၀န်ကြီးတဦးက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ ရုပ်အလောင်းတွေ မြှုပ်နှံထားရာ နေရာ ၁၄၀ လောက်ရှိရာ လူမှောင်ခိုကူး စခန်းတွေနဲ့ ပတ်သတ်မှု ရှိတယ်ဆိုပြီး မလေးရှား ရဲတပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းခဲ့တာပါ။

မဟုတ်တာလုပ်ပြီး ကြောက်နေတဲ့ KIA

မီဒီယာခေတ်မှာ တိုက်ပွဲသတင်းတွေကိုလည်း အချိန်နဲ့တစ်ပြေးညီ မြင်တွေ့ကြားသိခွင့်ရနေပါတယ်။ ဓါတ်ပုံ တွေ၊ သတင်းတွေနဲ့ အွန်လိုင်းပေါ်မှာ သူ့ထက်ငါအပြိုင်တင်နေကြတဲ့အတွက် ဘယ်နေရာမှာ ဘာဖြစ်နေပြီ ဆိုတာအစ သိနေရပါတယ်။ သာဓကအနေနဲ့ လောက်ကိုင်တိုက်ပွဲတွေဖြစ်တုန်းက အွန်လိုင်းပေါ်မှာ ကြည့်ရုံနဲ့ ဘယ်နေရာမှာတိုက်ပွဲဖြစ်နေပြီလဲဆိုတာ သိရတဲ့အခွင့်အရေးပါ။ အစိုးရတပ်က ဘယ်တောင်ကုန်းကို သိမ်း လိုက်ပြီ၊ MNDAA ဘက်က ဘယ်လောက်ကျပြီ၊ ဘယ်လိုဆုတ်ခွာသွားပြီစသဖြင့် သိခဲ့ရပါတယ်။ သတင်းဌာန တွေက ရေးသားဖော်ပြကြသလို တချို့ Personal Account တွေကလည်း Status အနေနဲ့ ရေးသားလာကြပါ တယ်။ အဲဒီလို တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလည်း ရေးသား လာတာတွေ့ရပါတယ်။

ဝန်ကြီးချုပ်ယာဉ်တန်းကိုပင် လက်နက်အပြည့်အစုံဖြင့်ခြိမ်းခြောက်လာခြင်းက ငြိမ်းချမ်းရေးအတွက်စိုးရိမ်စရာ ဖြစ်လာပြီလား


၂၀၁၅ ခုနှစ်၊ မေလ ၂၄ ရက်နေ့က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းနဲ့ သံဃနာယကဆရာတော်များပါဝင်တဲ့ ယာဉ်တန်းကို DKBA (KKO) အဖွဲ့က ကော့ကရိတ်-မြ၀တီ (အာရှလမ်းသစ်) ပေါ်မှာ အာပီဂျီအပါအ၀င် လက်နက်ကြီး တွေကို အသင့်အနေအထားပြင်ဆင်ပြီး ခြိမ်းခြောက်မှုတစ်ခုပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းဟာ Social Media တွေကနေ တစ်ဆင့် ပျံ့နှံ့လာခဲ့ပြီးတဲ့နောက် အဲဒီလုပ်ရပ်နဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပေါ်မှာ ပြည်သူ တွေရဲ့ ဝေဖန်ရှုတ်ချမှုတွေမြင့်တက်ခဲ့တာကို တွေ့မြင်လာရပါတယ်။

Wednesday, May 27, 2015

လှိုင်သာယာရှိ ကလေးငယ်သုံးပုံနှစ်ပုံ အိမ်တွင်းအကြမ်းဖက်မှုခံနေရ

လှိုင်သာယာမြို့နယ်ရှိ ကလေးငယ်သုံးပုံနှစ်ပုံမှာ မိဘများ၏ကာကွယ်စောင့်ရှောက်မှု မရရှိဘဲ အိမ်တွင်း အကြမ်းဖက်ခံရမှု၊ ကလေးလုပ်သားအဖြစ် ခိုင်းစေမှုနှင့် ခေါင်းပုံဖြတ်ခံရမှုများရှိနေကြောင်း သတင်း ရရှိသည်။

အဆိုပါမြို့နယ်တွင် ရွှေ့ ပြောင်းအလုပ်သမားများပြားလာမှုကြောင့် လူနေထူထပ်လာခြင်း နှင့် ဆင်းရဲ မွဲတေ မှုများကြောင့် ကလေးသူငယ်များမှာ မိဘများ နှင့်အတူ နေထိုင်ခွင့်မရရှိဘဲ အရွယ်မတိုင်မီ လုပ်သား အဖြစ် စေခိုင်းခံရခြင်းများရှိနေခြင်းနှင့် မိသားစုများက ကလေးသူငယ်များအပေါ် အိမ်တွင်းအကြမ်းဖက် မှုများရှိနေကြောင်း ယင်းမြို့နယ်ရှိ ကလေးသူငယ်ကာကွယ်စောင့် ရှောက်ရေးအဖွဲ့အစည်းများက ပြော သည်။

အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ ၅ သက်ဆိုးရှည်နေဦးမှာလား


ခေတ်အဆက်ဆက်အစိုးရကို အတိုက်အခံအဖြစ်ရပ်တည်သူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအင်အားစုများကို အုပ်ချုပ်ရေးအဖွဲ့က အချိန်မရွေးဖမ်းဆီးထောင်ချနိုင်ခဲ့သည့် ၁၉၅၀ အရေးပေါ်စီမံမှုအက်ဥပဒေ ပယ်ဖျက်ရေးဆွေးနွေးမှုမှာ အစိုးရသစ်လက်ထက် လွှတ်တော်အစည်းအဝေးများတွင် နှစ်ကြိမ်တိုင်တိုင် အလဲအကွဲရှုံးနိမ့်သွားပြီဖြစ်သည်။

ဒေသလုံးဆိုင်ရာ အကျပ်အတည်းဖြစ်လာသော လှေစီးဒုက္ခသည်များအရေး ဘယ်လိုအဖြေရှာ


ဒေသလုံးဆိုင်ရာ အကျပ်အတည်းတစ်ခုဖြေရှင်းရေးအတွက် မျှော်လင့်ချက်အလင်းရောင်တစ်မျှင်သည် မကြာမီပြုလုပ်တော့မည့် မြန်မာ-ထိုင်း-မလေးရှားသုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲအပေါ် တည်မှီနေပြီလား။ ဟုတ်သည်ဆိုလျှင် ပြဿနာဖြေရှင်းနည်းကို သုံးနိုင်ငံခေါင်းဆောင်များက မဖြစ်မနေ ဉာဏ်ပညာသုံး တွက်ချက်ကြရပါတော့မည်။ ပြီးခဲ့သည့်ရက်များက ကစားခဲ့သော ပင်ပေါင်ကစားနည်းဗျူဟာဖြင့် ပြဿနာကို ဗြဟ္မာ့ဦးခေါင်းကဲ့သို့ သဘောထားကာ ဟိုဘက် သည်ဘက် ပုတ်ထုတ်မှုမျိုးထက် ပိုကောင်းမွန်သောဗျူဟာကို သုံးကြရပါတော့မည်။ အထူးသဖြင့် မြန်မာတာဝန်ရှိသူများသည် နိုင်ငံ့ပုံရိပ်အတွက် ကြိုးစားကြရမည်။ ပြဿနာ၏ ဇာစ်မြစ်ကို အမြစ်တူးရှာဖွေဖော်ထုတ်ဖြေရှင်းကြရပါမည်။

အမြင့်ဆုံးမှာ ပျံလိုက်စမ်းပါ မြန်မာယူ-၂၀

မြန်မာအသင်းအပါအ၀င် ပြိုင်ပွဲဝင် ၂၄ သင်း ပါဝင်ယှဉ်ပြိုင်မည့် ကမ္ဘာ့ယူ-၂၀ ဘောလုံးပြိုင်ပွဲသည် မေလ ၃၀ ရက်တွင် စတင်တော့မည်ဖြစ်သည်။  ကမ္ဘာ့အဆင့်ဘောလုံးပြိုင်ပွဲသို့  ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် သမိုင်းရေးထိုးထားသော မြန်မာယူ-၂၀ အသင်းသည်လည်း မေလ ၂၄ ရက်တွင် ပြိုင်ပွဲလက်ခံကျင်းပမည့် နယူးဇီလန်နိုင်ငံသို့ ကြိုတင်ရောက်ရှိနေပြီဖြစ်သည်။

မြန်မာ့ ရေပုတ်သင်မျိုးစိတ်သစ် တွေ့ရှိ

 မြန်မာနိုင်ငံမှ ရေပုတ် သင်မျိုးစိတ်သစ်အပါအ၀င် မ ဟာမဲခေါင်ဒေသတွင်း ထူးခြား လှပသည့် မျိုးစိတ်သစ် ၁၃၀ ကျော်ကို သုတေသနပြုတွေ့ရှိခဲ့ ကြောင်း ကမ္ဘာလုံးဆိုင်ရာ သ ဘာဝပတ် ၀န်းကျင်ရန်ပုံငွေအဖွဲ့ (WWF) မှ သတင်းရရှိသည်။
သုတေသနပြုတွေ့ရှိမှု၌ ထိတ်လန့်ဖွယ် အစွယ်များနှင့် လင်းနို့တစ်မျိုး၊ အဆိပ်ပြင်းမြွေ တစ်မျိုးနှင့် ကမ္ဘာ့ဒုတိယအကြီး ဆုံး အင်းဆက်မျိုးစိတ်သစ် ၁၃၉ မျိုးကို မဟာမဲခေါင်ဒေသအတွင်းတွေ့ရှိခဲ့ကြောင်း ယင်းအစီ ရင်ခံစာတွင် ဖော်ပြထားသည်။
အပင်မျိုးစိတ် ၉၀၊ တွား သွားသတ္တ၀ါ ၂၃ မျိုး၊ ကုန်းနေရေ နေသတ္တ၀ါ ၁၆ မျိုး၊ ငါး ကိုးမျိုးနှင့် နို့တိုက်သတ္တ၀ါ တစ်မျိုးတို့ပါရှိပြီး ယင်းတို့အနက် မျိုးစိတ်အများအ ပြားသည် စီမံကိန်းများ၊ဆည်များ တည်ဆောက်ခြင်း၊ ဈေးကွက် တွင်ရောင်းဝယ် ဖောက်ကားခံရ ခြင်း၊ သစ်တောပြုန်းတီးမှုမြင့် တက်လာခြင်းတို့ကြောင့် မျိုးသုဉ်း မည့် အန္တရာယ်နှင့်ရင်ဆိုင်ရလျက် ရှိသည်ဟု ယင်းအစီရင်ခံစာက ဆိုသည်။

ကဘူးလ် ဧည့်ဂေဟာတစ်ခုကို စီးနင်းရန် ကြိုးစားသည့် တာလီဘန်များကို လုံခြုံရေးတပ်ဖွဲ့ သုတ်သင်

အာဖဂန်နစ္စတန် နိုင်ငံ၊ ကဘူးလ်မြို့တော်ရှိ ဧည့်ဂေဟာတစ်ခုကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည့် တာလီဘန် အကြမ်းဖက်သမား လေးဦးကို လုံခြုံရေး တပ်ဖွဲ့များက သုတ်သင်ခဲ့ကြောင်း သိရှိရသည်။
ကဘူးလ်ရှိ သံတမန် အသိုက်အဝန်းများ အဓိက ကျင်လည်သော ရပ်ဝန်းတစ်ခုဖြစ်သည့် ဝါဇာအက္ကဘာခန်း ရပ်ကွက်ရှိ ဧည့်ဂေဟာတစ်ခုကို တာလီဘန်တို့က စီးနင်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို အပြီးသတ် သုတ်သင်နိုင်ရန် ခြောက်နာရီကြာ စစ်ဆင်ရေးကို ဆင်နွှဲခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

မိုးရာသီ ကော်ဖီပွဲတော် City Mart ဆိုင်ခွဲအားလုံးတွင် ပြုလုပ်မည်

 မိုးရာသီကာလတွင် Coffee Fair အစီအစဉ်အား City Mart ရန်ကုန်နှင့် မန္တလေးရှိ ဆိုင်ခွဲများအားလုံးတွင် ဇွန်လ ၄ ရက်မှ ၁၇ ရက်ထိ ပြုလုပ်သွားမည်ဟု City Mart က ထုတ်ပြန်ထားသည်။
ယင်း Coffee Fair အစီအစဉ်တွင် ကော်ဖီတံဆိပ်များဖြစ်သည့် Boncafe, Moccona, Nescafe, Premier , Rich, Khao Shong, Chek Hup, Shwe La Win, Good Day, Pop Pop, Hign Land, Birdy, Davidoff Café, IIIy, Coffe Vergnano နှင့် Lavazza Café စသည့် ကော်ဖီမှုန့်၊ ကော်ဖီမစ်အမျိုးမျိုးနှင့် ကော်ဖီအရသာတို့ဖြင့် တွဲဖက်အသုံးပြုရသည့် Aliko Coffee Filter Bag, Dawn Condensed Milk, Equal Sweetener, Green Land Sugar အမှတ်တံဆိပ် စသည်တို့ကို အထူးဈေးနှုန်းများဖြင့် ရောင်းချသွားမည်ဖြစ်သည်။

ကလေးစစ်သား အသုံးပြုနေတဲ့ ‘၀’ အဖွဲ့ကို ဘယ်လို အရေးယူမလဲ ?


ကလေးစစ်သားအသုံးပြုမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာသာမက နိုင်ငံတကာကပါ အလေးထားဆောင်ရွက်နေတဲ့ ကိစ္စဖြစ်ပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို စစ်သားအဖြစ် အသုံးချတာဟာ လူ့အခွင့် အရေးချိုး ဖောက်တာဖြစ်သလို ကလေးတွေရဲ့ အနာဂတ်အတွက်လည်း ဆိုးကျိုးတွေ သက်ရောက်နေတဲ့ အတွက် လက်မခံနိုင်တာ ဖြစ်ပါတယ်။ အဲဒီကလေးစစ်သား အသုံးပြုမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ (Unicef ) က ဖြေရှင်း ဆောင်ရွက်ပေးမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ ကလေးစစ်သားအသုံးပြုမှု ပပျောက်ရေးကို စံနမူနာပြအဖြစ် အစိုးရတပ်က အသက်မပြည့်တဲ့ စစ်မှုထမ်းတွေကို မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံမှု၊ တားဆီးမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ဟာလည်း ကလေးစစ်သား အသုံးပြုနေတယ် ဆိုပြီး Unicef က ဖော်ပြထားပါတယ်။

ရှင်ဥက္ကဌ (သို့ မဟုတ်) တော်လှန်သော ရဟန်းတော်

၁၉၅၉ ခုနှစ်တွင် မြန်မာဗုဒ္ဓဘာသာလောကကို အကြီးအကျယ်ရိုက်ခတ်လှုပ်ရှားသွားစေသည့် စာအုပ် တအုပ် ထွက်ပေါ်ခဲ့သည်။ ယင်းစာအုပ်ကြောင့် စာအုပ်ရေးသူ၊ ထုတ်ဝေသူနှင့် ပုံနှိပ်သူတို့  မှာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသည်။ တရားစွဲခံရသည်။ လေးနှစ်လောက်ကြာအောင် တရား ရင်ဆိုင် ရသည်။ စာအုပ်ရေးသူမှာ ဗုဒ္ဓ ဘာသာဝင် ရဟန်းတပါး ဖြစ်လေရာ စာအုပ်ပါအယူ အဆ ကို သဘောမကျသော အခြားရဟန်းတချို့ ၏ ဆန့်  ကျင်မှုတို့ လည်း ပေါ်ပေါက်ခဲ့သည်။ ဗုဒ္ဓဘာသာတွင် အကြီးမားဆုံးဆန့် ကျင်မှု ဟု ဆိုရမည့် ပကာသနိယ ကံဆောင်ပွဲများဖြင့် ဆန့် ကျင် သည်အထိ ရှိခဲ့သည်။ ယင်းစာအုပ်၏အမည်မှာ “လူသေလူဖြစ်”။ ယင်းစာအုပ် ကို ရေးသူမှာ ပဉ္စမပေပင်အဖြစ် နာမည်ကျော်သော တောင်တွင်းကြီး နတ်မှီတောရဆရာတော် ရှင်ဥက္ကဌ ဖြစ်သည်။