လွန်ခဲ့သည့်ရက်ပိုင်းက တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထွက်ခဲ့သည်။ မိမိတို့ တနိုင်ငံလုံး စာမေးပွဲဖြေဆို ထားကြသည့် ကျောင်းသားများ၊ ကျောင်းသားမိဘများ အပါအဝင် စိတ်ဝင်စားသူ မည်သူမဆို စိတ်လှုပ်ရှား ရင်ခုန်စွာ စာမေးပွဲအောင်စာရင်းများကို နားစွင့်ကာ ခံစားမှုအဖုံဖုံ ထင်မြင်ချက် အမျိုးမျိုးဖြင့် တနိုင်ငံလုံး ဆူညံလှုပ်ရှားသွားခဲ့ကြရသည်။
စာမေးပွဲများက အမျိုးမျိုးအစားစား ရှိသည်။ သူငယ်တန်းမှသည် တက္ကသိုလ်ရောက်သည်အထိ စာမေးပွဲများရှိသည်။ သို့သော် သည်တက္ကသိုလ်ဝင်တန်း စာမေးပွဲကျကာမှ သက်ဆိုင်သူကော မသက်ဆိုင်သူပါ မည်သည့်အတွက်ကြောင့် စိတ်လှုပ်ရှားကြရသနည်း။ အဖြေကတော့ ရှင်းပါသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် မိမိတို့တိုင်းပြည်၏ မည်သည့်တိုင်းပြည်နှင့်မျှမတူ ထူးခြားသော ဝိသေသ လက္ခဏာများ ရှိနေသည့် စာမေးပွဲဖြစ်သဖြင့် လူအများ စိတ်ဝင်စား နေကြရခြင်းဖြစ်သည်။
Thursday, June 11, 2015
“ငြိမ်းချမ်းရေး သေချာအောင် ဖြည်းဖြည်းလေး”
အခုဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေရဲ့ လော်ခီးလာ ညီလာခံ ပြီးဆုံးခဲ့ပါပြီ။ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် စာချုပ်ကြီး လက်မှတ်ရေးထိုးနိုင်ဖို့ သမ္မတကြီး ဦးသိန်းစိန် ဖောင်တိန်အဖုံးကို ဖွင့်ထားပြီး အသင့်ပြင် စောင့်မျှော်နေသလောက် တိုင်းရင်းသား ညီလာခံက ရလာတဲ့အဖြေက နီးစပ်မှု ရှိပါရဲ့လား။ လက်ရှိ ညီလာခံကနေ ဘာတွေ ဆုံးဖြတ်ခဲ့သလဲ။ တိုင်းရင်းသားတွေရဲ့ သဘောထား ဘယ်လို ရှိနေသလဲ။ ငြိမ်းချမ်းရေးရဲ့ ရှေ့အလားအလာ ဘာဆက်ဖြစ်လာနိုင်မလဲဆိုတာ လေ့လာသုံးသပ် ကြည့်ကြရအောင်ပါ။
“ဒိုင် စိတ်ဆိုးနေပြီ၊ အင်န်အယ်လ်ဒီအတွက် ကောင်းမလား”
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ အဖွဲ့ဝင်တွေဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်ပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ အခြေခံ မဲစာရင်း မမှန်ကန်မှုတွေနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဇွန်လ ၃ ရက် နေ့စွဲနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီ ပေးပို့ခဲ့တဲ့ အိပ်ဖွင့်ပေးစာပါ အချက်အလက်တွေကို ရှင်းပြတာ၊ အခြေခံ မဲစာရင်းပြုစုရတဲ့ သူတို့ရဲ့ အခက်အခဲ၊ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ဆိုတဲ့ မဲဆန္ဒနယ်မြေတွေ အကြောင်းနဲ့ နိုင်ငံတကာ ဖိအားကိစ္စတွေ ပါဝင်ပါတယ်။ အဲဒီပွဲမှာ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အင်န်အယ်လ်ဒီ ပါတီနဲ့ အမေရိကန် အထက်လွှတ်တော် အမတ် တစ်ယောက်အပေါ် ရည်ညွှန်းပြီး အလွန်ဒေါသထွက် စိတ်ဆိုးစွာနဲ့ ပြင်းထန်တဲ့ မှတ်ချက် စကားတွေ ပြောဆိုခဲ့ပါတယ်။ အင်န်အယ်လ်ဒီလို ရွေးကောက်ပွဲ ပြိုင်ပွဲဝင်မယ့် ပါတီ တစ်ခုအပေါ် ဒိုင်သဖွယ် ကျင်းပပေးရမယ့် ကော်မရှင် ဥက္ကဋ္ဌက စိတ်ဆိုး ဒေါသထွက်တာဟာ ကောင်းသလား ရှေ့ဘာဆက်ဖြစ်လာနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
ပုဂ္ဂလိကဘဏ်များနှင့် ငွေလဲကောင်တာများတွင် ဒေါ်လာများဝယ်ယူ ခက်ခဲနေ
တရားဝင် သတ်မှတ်ထားသော ငွေလဲလှယ်နှုန်းအတိုင်း ဒေါ်လာများ ရောင်းဝယ်ကြရန် မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ပုဂ္ဂလိကဘဏ်များကို ညွှန့်ကြားထားသောကြောင့် ပြင်ပပေါက်ဈေးနှင့် ကွာဟမှုကြီးမားနေပြီး ပုဂ္ဂလိကဘဏ်များမှ ဒေါ်လာအရွက်လိုက် ထုတ်ရောင်းခြင်း မပြုတော့ကြောင်း ဒေါ်လာဝယ်ရောင်း လုပ်ကိုင်သူများက ပြောသည်။ဇွန် ၉ ရက်နေ့တွင် ပြင်ပငွေလဲနှုန်းသည် တစ်ဒေါ်လာလျှင် မြန်မာကျပ် ၁၂၀၇ ကျပ်အထိ မြင့်တက်နေသော်လည်း ဗဟိုဘဏ်အနေဖြင့် ဈေးနှုန်းကို တစ်ဒေါ်လာ ၁၁ဝ၅ ကျပ်သတ်မှတ်ထားပြီး သတ်မှတ် ပုဂ္ဂလိကဘဏ်များကိုလည်း အပေါင်း ၀.၈ရာခိုင်နှုန်းနှင့် အနှုတ် ၀.၈ ရာခိုင်နှုန်းသာ ရောင်းချခွင့်ပြုထားခြင်းဖြစ်ကြောင်း ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူများက
ပြောသည်။
ပြောသည်။
မြန်မာနိုင်ငံတွင်းက အိန္ဒိယ သူပုန်စခန်းများကို အိန္ဒိယတပ် ဝင်တိုက်
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းတွင် စစ်တပ်ယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရ၍ စစ်သား အနည်းဆုံး၂၀ သေဆုံးပြီး ရက်အနည်းငယ်တွင် မြန်မာနိုင်ငံတွင်းမှ သူပုန်စခန်းများကို အိန္ဒိယစစ်တပ်က ဝင်ရောက်တိုက်ခိုက်လိုက်ကြောင်း ဝန်ကြီးတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံရှိ သူပုန်စခန်းနှစ်ခုကို တပ်ဖွဲ့က ဝင်ရောက်ဖြိုခွင်းခဲ့ပြီး အောင်မြင်ဘေးကင်းစွာ ပြန်လာနိုင်ခဲ့ကြောင်း ဝန်ကြီး ရတ်ဂ်ယာဝါဒန်ဆင်းခ်ျရတ်သောရီက ပြောသည်။
ယခုစစ်ဆင်မှုက အိန္ဒိယသူပုန်များကို အထိနာစေကြောင်း အကြီးတန်းတပ်မတော်အရာရှိ ရန်ဘီယားဆင်းခ်ျက ပြောသည်။ ပြီးခဲ့သည့် သီတင်းပတ်က ခြုံခိုတိုက်ခိုက်ခံရမှုသည် မြန်မာနယ်စပ် မဏိပူပြည်နယ်တွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အာရှ ရင်းနှီးမြှုပ်နှံမှု ဘဏ်တွင် မြန်မာက မတည်ငွေ ၂၆၄ သန်းခွဲ ထည့်ဝင်ရန် လွှတ်တော် အတည်ပြုချက် သမ္မတ တောင်းခံ
မြန်မာနိုင်ငံသည် အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) တွင် မူလ အဖွဲ့ဝင်အဖြစ် ပါဝင်ရေးနှင့် သတ်မှတ်လျာထားသည့် မတည်ငွေရင်း သတ်မှတ်နိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၉၂ ဒသမ ၁၂ သန်း ထည့်ဝင်ရန် လွှတ်တော်က အတည်ပြုပေးခဲ့ခြင်းကို ၂၆၄ ဒသမ ၅ သန်းအထိ တိုးမြှင့်ထည့်ဝင် နိုင်ရေးအတွက် ထပ်မံအတည်ပြုပေးရန် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ဇွန်လ ၅ ရက်က စာပေးပို့ခဲ့သည်။ယခင် အတည်ပြုချက် တောင်းခံစဉ်က AIIB တွင် မူလအဖွဲ့ ဝင် ၂၂ နိုင်ငံရှိပြီး ကနဦး မတည်ငွေရင်းကို အမေရိကန်ဒေါ်လာ ဘီလျံ ၅၀ ဖြင့် စတင်တည်ထောင်ရန် ဆောင်ရွက်ခဲ့ သော်လည်း ဒေသတွင်းနှင့် အခြား နိုင်ငံများကပါ အဖွဲ့ ဝင်ရန် အဆိုပြုလာကြမူလအဖွဲ့ ဝင် စုစုပေါင်း ၅၇ နိုင်ငံ ရှိလာသည်။ ထို့ အတူ မတည်ရင်းနှီး ငွေကိုလည်း ဘီလျံ ၁၀၀ အထိ တိုးမြှင့်သတ်မှတ်ခဲ့သဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ မတည်ငွေရင်း ထည့်ဝင်မှုကို တွက်ချက်သတ်မှတ်သည့်အခါ မြန်မာနိုင်ငံက ထည့်ဝင်ရမည့် ငွေမှာ ၂၆၄ ဒသမ ၅ သန်း ဖြစ်လာသောကြောင့် ယခုကဲ့သို့ ထည့်ဝင်ငွေ တိုးသွားခြင်းဖြစ်ကြောင်း သမ္မတ၏ စာတွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်း ဇွန် ၂၇ ရက်တွင် စတင်တည်ထောင်မည်
နတ်မောက်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့ပွဲ ကျင်းပပြီး ကျန်သည့်အလှူငွေ သိန်း ၁,၂၀၀ ဝန်းကျင်ဖြင့် မတည်ကာ ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်းကို ဇွန် ၂၇ ရက်တွင် စတင်တည်ထောင် သွားမည်ဖြစ်ကြောင်း နတ်မောက်မြို့နယ် ဗိုလ်ချုပ်ရာပြည့် ဖြစ်မြောက်ရေးကော်မတီမှ ဘဏ္ဍာရေးမှူး ဦးထွန်းညွန့်က မဇ္ဈိမကို ပြောသည်။
“ကျွန်တော်တို့ ဒီဗိုလ်ချုပ်အောင်ဖောင်ဒေးရှင်းကို တည်ထောင်ဖို့ ကြိုးစားတာ ဗိုလ်ချုပ်ရာပြည့် မွေးနေ့ပြီးကတည်းက စီစဉ်နေတာပါ။ ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ အစီအစဉ်တွေကို ဇွန် ၂၇ ရက်နေ့မှာ ရှင်းလင်းသွားမှာပါ” ဟု ၎င်းက ပြောသည်။

ဒေသခံများက ကန့်ကွက်သော်လည်း တမူးမြို့နယ်တွင် ဖုန်းတာဝါတိုင် ဆက်ဆောက်နေခြင်းကြောင့် အစိုးရထံ စာတင်
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ဈေးတန်း (၁၀)ရပ်ကွက်တွင် အူရီးဒူး ဖုန်းကုမ္ပဏီအတွက် တာဝါတိုင် တည်ဆောက်နေခြင်းကို ဆက်လက်မတည်ဆောက်ရန် တားမြစ်သော်လည်း လုပ်ကိုင်နေ သောကြောင့် ဒေသခံ ၁၀၀ ကျော်က လက်မှတ်ထိုး၍ နိုင်ငံတော် သမ္မတ အပါအဝင် ဝန်ကြီးဌာန အသီးသီးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ဇွန်လ ၁၀ ရက်တွင် တိုင်ကြားလိုက်ပြီဟု တမူးမြို့ဒေသခံ တစ်ဦးဖြစ်သူ ကိုခင်မောင်လွင်က မဇ္ဈိမကို ပြောသည်။
တာဝါတိုင် စတင်တည်ဆောက်စဉ်ကပင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီနှင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး တို့ထံသို့ ကန့်ကွက်စာ နှစ်ကြိမ်ပို့ထားသော်လည်း တားဆီးပေးခြင်း မရှိဟု ၎င်းက ဆိုသည်။
တာဝါတိုင် စတင်တည်ဆောက်စဉ်ကပင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီနှင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး တို့ထံသို့ ကန့်ကွက်စာ နှစ်ကြိမ်ပို့ထားသော်လည်း တားဆီးပေးခြင်း မရှိဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ အပါအဝင် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးမည့် မဲခေါင်ဖိုရမ် ကျင်းပမည်
မဟာမဲခေါင်ဒေသခွဲ (GMS)သည် ခရီးသွားလည်ပတ်ရန် ဒေသတစ်ခုအဖြစ် အာရှနှင့် ပစိဖိတ်ဒေသတွင်း အလျင်အမြန် ဖွံ့ဖြိုးလာနေသည့်အတွက် မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသတွင်း ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးမည့် မဲခေါင်ဖိုရမ်ကို ဇွန်လ ၁၅ ရက်မှ ၂၀ ရက်အထိ ဗီယက်နမ်နိုင်ငံ ဒါနမ်းမြို့တွင် ကျင်းပမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်၏ ထုတ်ပြန်ကြေညာချက်တွင် ပါဝင်သည်။
ဖိုရမ်ကို အာရှဖွံ့ဖြိုးရေးဘဏ်အပါအဝင် ဖွံ့ဖြိုးရေး ပံ့ပိုးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ မီဒီယာ၊ ပညာရေး၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ခရီးသွားကဏ္ဍ ကိုယ်စားပြု အစိုးကိုယ်စားလှယ်များ၊ ပုဂ္ဂလိအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်မည်ဖြစ်သည်။

ရေနံအခွန် ကျဆင်းလာသော်လည်း ဗီယက်နမ် အခွန်ဝင်ငွေ တိုးတက်မြင့်မားလာ
အထွေထွေ အခွန်ဌာန၏ ပြောကြားချက်အရ ရေနံမှ စည်းကြပ်ရရှိသည့် အခွန်ငွေတွင် ကျဆင်းမှု ရှိခဲ့သော်လည်း နိုင်ငံ၏ အခွန်ဝင်ငွေမှာ ယခုနှစ်၏ ပထမ ၅ လတွင် ဆက်လက် ကြီးထွားနေခဲ့သည်။
ယင်းကာလ အပိုင်းအခြားအတွင်း ပြည်တွင်း အခွန်ကောက်ယူမှု ပမာဏမှာ စုစုပေါင်း ဗီယက်နမ်ဒေါင် ၂၈၃ ဒသမ ၂ ထရီလီယံ (ကန်ဒေါ်လာ ၁၃ ဘီလီယံ)အထိ ရှိမည်ဟု ခန့်မှန်းထား သောကြောင့် ယမန်နှစ် အလားတူ ကာလကထက် ၁၆ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
တရုတ် နည်းပညာ ဘီလူးကြီး ပိုင်တု (Baidu) က ဂူးဂဲလ်၏ ခြေရာကို လိုက်နင်း၍ မောင်းသူမဲ့ကား ထုတ်လုပ်မည်
နည်းပညာ ကုမ္ပဏီကြီး ဂူးဂဲလိ၏ ခြေရာကို လိုက်နင်းသည့်အနေဖြင့် တရုတ် ရှာပုံတော် အင်ဂျင်ဘီလူးကြီး ပိုင်တု(Baidu)က မောင်းသူမဲ့ကားကို တီထွင်ရန် စီစဉ်နေသည်ဟု ပြည်တွင်း မီဒီယာသတင်းများအရ သိရသည်။အီးရောင်းဝယ်ရေးကုမ္ပဏီ Alibaba နှင့် မက်ဆေ့ခ်ျ ဆော့ဖ်ဝဲ ထုတ်လုပ်သည့် Tencent အပါအဝင် တရုတ်နည်းပညာ ကုမ္ပဏီများက ကားများ ထုတ်လုပ်ရန် စီမံကိန်းများကို အသီးသီး ကြေညာလိုက်သောကြောင့် ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်အတွင်းရှိ သမားရိုးကျ ကားထုတ်လုပ်သူ များမှာ လန့်ဖျပ်နိုးကြားကုန်ကြသည်ဟု ဆိုသည်။
ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးသမားများက အသုံးအဆောင်ပစ္စည်များဖြင့် အလဲအလှယ်လုပ်ကာ ဆင်းရဲသည့် အမျိုးသမီးများထံမှ သွေးသားကာမဆန္ဒကို ရယူ
ကမ္ဘာကို ကူညီပေးရေးဆိုကာ ဖွဲ့စည်းထားသည့် ကုလသမဂ္ဂမှ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးသမားများက ၎င်းတို့ လုပ်ငန်းများ ဆောင်ရွက်ရာ နိုင်ငံများတွင် အသုံးဆောင်ပစ္စည်များဖြင့် အလဲအလှယ်ပြုလျက် ဆင်းရဲသော အမျိုးသမီးများထံမှ လိင်ဆန္ဒသွေးသား ဖြေဖျော်မှုကို ခံစားရယူ ပျော်ပါးနေကြောင်း ကုလသမဂ္ဂက အစီရင်ခံစာကြမ်း တစ်စောင် ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂ ဌာနေတွင်း စောင့်ကြည့်ရေးဌာန (OIOS) က ထုတ်ပြန်သည့် ယင်းအစီရင်ခံစာတွင် ဟေတီနှင့် လစ်ဘေးရီးယားနိုင်ငံတို့မှ ရာနှင့်ချီသော အမျိုးသမီးများမှာ အစားအစာနှင့် ဆင်းရဲမှု အကျပ်အတည်းတို့ကြောင့် သွေးသားကာမကို ငွေကြေးပစ္စည်း အသုံးအဆောင်များဖြင့် ငြိမ်းချမ်းရေး ထိန်းရေးသမားထံတွင် လဲလှယ်ရောင်းချခြင်းများ ရှိနေကြောင်း ဖော်ပြထားသည်။

အီရတ်သို့ စစ်ရေးအကြံပေးများ ပို၍ စေလွှတ်မည်ဟု အိမ်ဖြူတော်ထုတ်ပြန်
အိုင်အက်စ်တို့ကို တိုက်ခိုက်နေသည့် အီရတ်လေ့ကျင့်ရေး တပ်ဖွဲ့များအတွက် ပိုထိရောက်စွာကူညီနိုင်ရန် စစ်ရေးအကြံပေး ၄၅၀ အထိ စေလွှတ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောခဲ့သည်။
အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ်အဘာဒီ၏ မေတ္တာရပ်ခံတောင်းဆိုချက်ကြောင့် သမ္မတအိုဘားမားက ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ စစ်ရေးအကြံပေးတပ်ဖွဲ့ကို အန်ဘာပြည်နယ်ရှိ Taqaddum စစ်အခြေစိုက်စခန်းတွင် ဖြန့်ကျက်ပေးမည် ဖြစ်သည်။

ကုန်သွယ်ရေး ပိုလျှံမှုက ဝယ်လိုအား ကျဆင်းလာမှုကို ဖော်ပြနေ
တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်ရေး ပိုလျှံမှုမှာ ပြီးခဲ့သည့်လက သိသိသာသာမြင့်တက်လာခဲ့သောကြောင့် ဈေးကွက်အတွင်း ကျောက်မီးသွေး၊ ရေနံနဲ့ သံရိုင်းကဲ့သို့ လူသုံးကုန်ပစ္စည်း ဝယ်လိုအားမှာ ဆက်လက်ကျဆင်းခဲ့သည်။
နိုင်ငံ၏ ပို့ကုန်မှာ နှစ်စဉ် ၂ ဒသမ ၈ရာခိုင်နှုန်း ကျဆင်းလာခဲ့ရာ မေလက ယွမ်ငွေ ၁ ဒသမ ၁၇ ထရီလီယံ (ကန်ဒေါ်လာ ၁၉၁ ဘီလီယံ)အထိ ရောက်ရှိသွားခဲ့သည်။ ယင်းပမာဏမှာ ဧပြီလနှင့် နှိုင်းယှဉ်ပါက အနည်းငယ် တိုးတက်လာသော်လည်း စီးပွားရေးအပေါ်မှာ ဖိအားပေးနေဆဲဖြစ်ကြောင်း အထွေထွေ အခွန်ကွပ်ကဲမှုဌာနက တနင်္လာနေ့က ပြောကြားခဲ့သည်။
နိုင်ငံ၏ ပို့ကုန်မှာ နှစ်စဉ် ၂ ဒသမ ၈ရာခိုင်နှုန်း ကျဆင်းလာခဲ့ရာ မေလက ယွမ်ငွေ ၁ ဒသမ ၁၇ ထရီလီယံ (ကန်ဒေါ်လာ ၁၉၁ ဘီလီယံ)အထိ ရောက်ရှိသွားခဲ့သည်။ ယင်းပမာဏမှာ ဧပြီလနှင့် နှိုင်းယှဉ်ပါက အနည်းငယ် တိုးတက်လာသော်လည်း စီးပွားရေးအပေါ်မှာ ဖိအားပေးနေဆဲဖြစ်ကြောင်း အထွေထွေ အခွန်ကွပ်ကဲမှုဌာနက တနင်္လာနေ့က ပြောကြားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်း ဇွန် ၂၇ ရက်တွင် စတင်တည်ထောင်မည်
နတ်မောက်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့ပွဲ ကျင်းပပြီး ကျန်သည့်အလှူငွေ သိန်း ၁,၂၀၀ ဝန်းကျင်ဖြင့် မတည်ကာ ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်းကို ဇွန် ၂၇ ရက်တွင် စတင်တည်ထောင် သွားမည်ဖြစ်ကြောင်း နတ်မောက်မြို့နယ် ဗိုလ်ချုပ်ရာပြည့် ဖြစ်မြောက်ရေးကော်မတီမှ ဘဏ္ဍာရေးမှူး ဦးထွန်းညွန့်က မဇ္ဈိမကို ပြောသည်။
“ကျွန်တော်တို့ ဒီဗိုလ်ချုပ်အောင်ဖောင်ဒေးရှင်းကို တည်ထောင်ဖို့ ကြိုးစားတာ ဗိုလ်ချုပ်ရာပြည့် မွေးနေ့ပြီးကတည်းက စီစဉ်နေတာပါ။ ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ အစီအစဉ်တွေကို ဇွန် ၂၇ ရက်နေ့မှာ ရှင်းလင်းသွားမှာပါ” ဟု ၎င်းက ပြောသည်။
“ကျွန်တော်တို့ ဒီဗိုလ်ချုပ်အောင်ဖောင်ဒေးရှင်းကို တည်ထောင်ဖို့ ကြိုးစားတာ ဗိုလ်ချုပ်ရာပြည့် မွေးနေ့ပြီးကတည်းက စီစဉ်နေတာပါ။ ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ အစီအစဉ်တွေကို ဇွန် ၂၇ ရက်နေ့မှာ ရှင်းလင်းသွားမှာပါ” ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကြောင့် ထောင်ကျနေသည့် တရုတ် နိုဘယ်ဆုရှင်ကို လွှတ်ပေးမည် မဟုတ်ဟု တရုတ်အစိုးရ ပြောကြား
၎င်း၏ နိုဘယ်ဆုရဖက် မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် အလည်အပတ် ရောက်ရှိလာခဲ့သည့်အတွက် ထောင်ဒဏ်ကျခံနေရသော နိုဘယ် ငြိမ်းချမ်းရေးဆုရှင် လျူ ရှောင်ပို (Liu Xiaobo) အား ချမှတ်ထားတဲ့ ပြစ်ဒဏ်စီရင်ချက်ကို ပြောင်းလဲ ရန် အကြောင်းမရှိဟု တရုတ်အစိုးရက ဗုဒ္ဓဟူးနေ့က ပြောကြားသည်။
တက်ကြွလှုပ်ရှားသူများကမူ ဒေါ်အောင်ဆန်းစုကြည်အား သူ၏ ခရီးစဉ်အတွင်းတွင် လျူကို ဖမ်းဆီး ထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ စကားအချို့ပြောကြားရန် တနင်္ဂနွေနေ့အထိ တရုတ်နိုင်ငံတွင် ရှိနေမည့် ဒေါ်အောင်ဆန်းစုကြည်အား ဖိအားပေးနေကြသည်။ လျူအကြောင်း တစ်စွန်းတစ်စ ဖော်ပြခြင်းသည်ပင်လျှင် အာဏာရ ကွန်မြူနစ်ပါတီကို အရှက်ရသွားစေနိုင်သည်။
Wednesday, June 10, 2015
ဆယ်ကျော်သက်များကို သေနတ်ဖြင့်ချိန်သည့် တက္ကဆက်စ် ရဲတပ်ကြပ် ရာထူးမှ နုတ်ထွက်
တက္ကဆက်ရှိ ရေကူးကန်ဘေး ပါတီပွဲတစ်ခုတွင် ဆယ်ကျော်သက် လူငယ်များကို သေနတ်ဖြင့် ချိန်ခဲ့သည့် အမေရိကန် ရဲတပ်ကြပ်သည် ယခုအခါ ရာထူးမှ နုတ်ထွက်သွားပြီ ဖြစ်သည်။
အသက် (၄၁) နှစ်အရွယ် ရဲတပ်ကြပ် အဲရစ် ကေ့စ်ဘော့တ်သည် လူမည်း မိန်းကလေး တစ်ဦးကို လုံးထွေးဖမ်းဆီးကာ မြေပေါ်သို့ အကြမ်းပတမ်း တွန်းလှဲခဲ့သလို ယင်းကို ကန့်ကွက်သည့် ဆယ်ကျော်သက် လူငယ်များကို သေနတ်ထုတ်ပြီး ချိန်ရွယ်ခဲ့ကြောင်း ဖြစ်စဉ်ကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုများတွင် တွေ့ရှိခဲ့ရသည်။
မျှော်ရပါသည် သာယာဝတီမှ အပြန်နေ့များဆီ
ဇွန်လ ၂ ရက် မွန်းလွဲ၁နာရီ သာယာဝတီမြို့နယ်တရားရုံး။
သာယာဝတီမြို့နယ်တရားရုံး တရားခွင်တစ်ခုတွင် သာမန်တရားခွင်ထက် လူဦးရေ အဆမတန်ပိုများနေသည်။ အကြောင်းမှာ ပညာရေးဥပဒေသပိတ်မှောက် ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား ကိုးကြိမ်မြောက် ရုံးထုတ်စစ်ဆေးတာမို့ တရားစွဲခံရသူတွေကလည်း အစုလိုက်အပြုံလိုက်။ ၎င်းတို့၏ ဆွေးမျိုးသားချင်း မိဘဆွေမျိုး မိတ်ဆွေများနှင့် သတင်းရယူကြမည့် မီဒီယာသမားများလည်း ရောက်လာကြတာမို့ တရားခွင်က မစည်ကားသင့်ဘဲ စည်ကားနေလေသည်။
လွှတ်တော်အသံက ဘယ်သူ့အသံလဲ
‘‘သတင်းမီဒီယာများ၏ ဝေဖန်အကြံပြုချက်များအားလည်း လွှတ်တော်အနေနှင့် ခံယူသွားမည်’’ အဆိုပါ စကားစုလေးသည် လွန်ခဲ့သည့် လေးနှစ်ကျော်အချိန် လွှတ်တော်အစည်းအဝေးများသို့ ပြင်ပသတင်းမီဒီယာများ စတင်သတင်းရယူခွင့်ပြုခဲ့စဉ်က ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် တာဝန်ယူထားသည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြောကြားခဲ့ခြင်းပင်။
အိန္ဒိယ မြို့တစ်မြို့တွင် အများသုံးအိမ်သာ အသုံးပြုသူများကို ငွေထုတ်ပေးသွားရန် စီစဉ်
အိမ်သာအသုံးပြုခြင်းကို အားပေးသည့်အနေဖြင့် အိန္ဒိယနိုင်ငံရှိ မြို့တစ်မြို့တွင် အများသုံးအိမ်သာ အသုံးပြုသူများကို ငွေကြေးပေးချေမည့် အစီအစဉ်တစ်ရပ် စတင်သွားမည်ဟု သိရသည်။
အာမက်ဒါဘက်မြို့၏ မြူနီစီပယ် အဖွဲ့က မြို့အတွင်းရှိ အများသုံးအိမ်သာ ၆၇ လုံးတွင် ဝန်ထမ်းများ စောင့်ကြပ်နေပြီး အိမ်သာဝင်ရောက် အသုံးပြုသူများကို ငွေကြေး တစ်ရူပီးစီ ပေးချေသွားမည်ဟု ကြေညာခဲ့သည်။ ယင်းအစီအစဉ်သည် စည်းမဲ့ကမ်းမဲ့ဖြင့် လမ်းဘေးနေရာများတွင် အပေါ့စွန့်ခြင်း၊ အလေးသွားခြင်းများကို လျော့ပါးသွားစေမည်ဟု တာဝန်ရှိသူများက ယုံကြည်ထားသည်။

အီရတ်သို့ အမေရိကန်တပ်ဖွဲ့များ တိုးမြှင့် စေလွှတ်ဖွယ်ရှိ
အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တွန်းလှန်တိုက်ခိုက်နေသည့် စစ်ပွဲတွင် အီရတ်တပ်များကို အဆင့်မြှင့်တင် သင်တန်းပေးရန်အတွက် စစ်သည် ရာဂဏန်းမျှ ထပ်မံစေလွှတ်ရန် အမေရိကန် အစိုးရက စဉ်းစားနေကြောင်း သတင်းရရှိသည်။
သမ္မတ ဘားရတ်အိုဘားမား အနေဖြင့် အိုင်အက်စ်တို့နှင့် ဖြစ်ပွားနေသည့် စစ်ပွဲတွင် အမေရိကန် မြေပြင်တပ်များ ပါဝင်တိုက်ခိုက်ရန် တောင်းဆိုမှုများကို တောက်လျှောက် ငြင်းဆိုခဲ့သည်။ သို့သော်လည်း အီရတ်စစ်တပ်များကို သင်တန်းပေးရန်အတွက် မရိန်းတပ်ဖွဲ့များ အပါအဝင် အမေရိကန် စစ်မှုထမ်းများကိုမူ စေလွှတ်ပေးထားသည်။

ယူကရိန်း စစ်စခန်းအနီး ဆီလှောင်ကန်များ မီးကူးစက်လောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရ
ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တော်ရှိ အဓိက စစ်အခြေစိုက်စခန်းတစ်ခုမှ လောင်စာဆီကန်များ မီးလောင်ပေါက်ကွဲမှုကို ထိန်းချုပ်နိုင်ရန် မီးသတ်သမားများက အပြင်းအထန် အားထုတ် ကြိုးစားနေရကြောင်း သတင်းရရှိသည်။ Mig-29 တိုက်လေယာဉ်များနှင့် ဒုံးကျည်များ ထားရှိရာ အဆိုပါ စစ်စခန်းတွင် ပြင်းပြင်းထန်ထန် မီးလောင်ကျွမ်းနေမှုကို ထိန်းချုပ်ရန် ကြိုးစားရင်း ကယ်ဆယ်ရေးနှင့် မီးသတ်သမား ၃ ဦး ဇွန်လ ၉ ရက်က သေဆုံးခဲ့သည်။ ထို့အပြင် ဆီလှောင်ကန် အလုပ်သမား တစ်ဦးလည်း သေဆုံးရာ အနည်းဆုံး အသေအပျောက် ၄ ဦးထိ ရှိခဲ့ပြီး ဖြစ်သည်။
Germanwings လေယာဉ်ပျက်ကျမှုမှ ရုပ်အလောင်းများ ပထမအသုတ်အဖြစ် ဂျာမနီသို့ ရောက်ရှိ
ခေါင်းတလားများကို တင်ဆောင်သွားသည့် လေယာဉ်ကိုတွေ့ရစဉ်
မတ်လအတွင်းက အဲ့လ်ပ်စ် တောင်တန်းဒေသတွင် ပျက်ကျခဲ့သည့် Germanwings လေယာဉ်မှ သေဆုံးသူ ခရီးသည် ၄၄ ဦး၏ ရုပ်အလောင်းများကို ဂျာမနီသို့ စတင်သယ်ဆောင်လာနိုင်ပြီဟု သိရသည်။
Germanwings၏ မိခင်ကုမ္ပဏီဖြစ်သည့် ဂျာမန်ပိုင် Lufthansa လေကြောင်းလိုင်းက ၎င်းတို့၏ ကုန်တင်လေယာဉ် တစ်စီးပေါ်တွင် ခေါင်းတလားများကို တင်ဆောင်ကာ မာဆေးလ်မြို့မှ ဂျာမနီနိုင်ငံ၊ ဒူဆယ်လ်ဒေါ့ဖ်မြို့သို့ ဇွန်လ ၉ ရက်တွင် စတင်ပို့ဆောင်ပေးခဲ့သည်။ အဆိုပါ ရုပ်အလောင်းများကို သင်္ဂြိုဟ်နိုင်ရန် မိသားစုများထံ လွှဲအပ်သွားမည် ဖြစ်သည်။

သံသယအကြည့်များကို တောက်ပသောခြေစွမ်းဖြင့် ဖြတ်ကျော်ခြင်း
နာမည်ကြီးဘောလုံးသမားများ မပါဝင်သည့် စင်ကာပူဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၃အသင်းက ပြိုင်ပွဲမတိုင်မီရေပန်းမစားခဲ့သော်လည်း အုပ်စုပွဲစဉ်များ၌ တစ်ပွဲချင်းအလိုက်ခြေစွမ်းနှင့်ရလဒ်ကောင်းများ ဖန်တီးပြီး ပရိသတ်များ၏ အားပေးမှုကို အမိအရဖမ်းဆုပ်ပြနေလေပြီ။
စင်ကာပူနိုင်ငံက လက်ခံ ကျင်းပနေသည့် ၂၀၁၅ ဆီးဂိမ်းအ မျိုးသားဘောလုံးပြိုင်ပွဲတွင်အုပ်စု (က)၌ ပါဝင်သည့် မြန်မာ ယူ-၂၃ အသင်းသည် အင်ဒိုနီးရှား၊ စင်ကာ ပူ၊ ဖိလစ်ပိုင်အသင်းများကို အနိုင်ရရှိကာသုံးပွဲဆက်အနိုင်ရလဒ်ဖြင့်လက်ကျန်တစ်ပွဲ ကျန်ရှိသေးသော် လည်း အကြိုဗိုလ်လုပွဲသို့တက် ရောက်ခွင့်ရရှိထားပြီဖြစ်သည်။
Tuesday, June 9, 2015
မိန်းမဘဝသို့ ကူးပြောင်းထားသူ ဘရုစ်ဂျန်နာကို သားသမီးများက အဖေလို့သာ ခေါ်နေဆဲဖြစ်
ရုပ်သံအကျော်အမော် ကင်ကာဒစ်ရှန်၏ ပထွေးဖြစ်သူ ဘရုစ်ဂျန်နာသည် မိန်းမဘဝသို့ ကူးပြောင်းခဲ့ပြီး နာမည်ကို ကိတ်လန်ဂျန်နာ အဖြစ်ပြောင်းကာ ဇူလိုင်လထုတ် Vanity Fair မဂ္ဂဇင်း မျက်နှာဖုံးတွင် ပါဝင်ခဲ့ပြီး ၎င်းမိန်းမဘဝသို့ ကူးပြောင်းသွားသည့် အကြောင်းကို ကမ္ဘာတစ်ဝှမ်းကို ပထမဆုံးအကြိမ်အဖြစ် ဖွင့်ချပြသခဲ့သည်။
ဂျနီဖာလိုပက်(ဇ်) ၏ ဂီတပွဲအား ထုတ်လွှင့်ခဲ့ခြင်းအပေါ် ရုပ်သံအာဏာပိုင်အဖွဲ့က စုံစမ်းစစ်ဆေးရန် မော်ရိုကို ဝန်ကြီးချုပ် တောင်းဆို
မော်ရိုကို ရုပ်သံလွှင့်ဌာန တစ်ခုသည် ဂျနီဖာလိုပက်(ဇ်) ၏ ဂီတပွဲတစ်ခုအား ထုတ်လွှင့်ခဲ့ရာ၊ ထိုကိစ္စအပေါ် မော်ရိုကို ရုပ်သံလွှင့်ဆိုင်ရာ အာဏာပိုင်အဖွဲ့က စုံစမ်းစစ်ဆေးရန် မော်ရိုကိုဝန်ကြီးချုပ် Abdelilah Benkirane က တောင်းဆိုလိုက်သည်။“မသင့်လျော်”၊ “တဏှာရာဂ နှိုးဆွပေးသည်”၊ “ဂုဏ်သရေပျက်စေသည်” စသော စကားလုံးများဖြင့် ဂျနီဖာလိုပက်(ဇ်)၏ သီဆိုကပြဖျော်ဖြေမှုအား မော်ရိုကို ဝန်ကြီးချုပ်က ဝေဖန်ရှုတ်ချခဲ့ကာ ထိုဆိုးဝါးသော လုပ်ရပ်နှင့် ပတ်သတ်၍ တာဝန်ရှိသူများအား ဥပဒေအရ အရေးယူနိုင်ရန်အတွက် မော်ရိုကို ရုပ်သံလွှင့်ဆိုင်ရာ အာဏာပိုင်အဖွဲ့အနေဖြင့် စုံစမ်းစစ်ဆေးရန် မော်ရိုကို ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
အက်ပဲလ် ဂီတတံခါးကို ဖွင့်ဖို့ပြင်
Apple သည် Spotify ၊ Pandora နှင့် အခြား ထူထောင်ခိုင်မာပြီးသား ဂီတ ဝက်ဘ်ဆိုက်ကြီးများကို စိန်ခေါ်မည့် iPhone ထုတ်လုပ်သူဖြစ်ရာ ၎င်း၏ သြဇာအပေါ်တွင် အခြေခံတည်ဆောက်ထား သည့် အဆင့်မြင့် ဂီတဝန်ဆောင်မှု တစ်ခုကို ချပြမည် ဖြစ်သည်။
၂၀၀၃ ခုနှစ် ပထမဆုံး ပွဲထွက်လာကတည်းက iTunes ကို အကြီးမားဆုံး ပြင်ဆင်ထားသည့် ယင်းဝန်ဆောင်မှုမှာ လစဉ်ကြေး ၁၀ ဒေါ်လာမျှဖြင့် တေးဂီတကို နားဆင်နိုင်သည့် အခွင့်အရေးလည်း ပါဝင်နေသည်။
အမြန်ဆုံး အမြစ်ပြတ် ချေမှုန်းသင့်လှသည့် လူကုန်ကူးမှုများ
၂၀၁၅ ခုနှစ်အတွင်း လူကုန်ကူးမှု ၅၆ မှု ဖြစ်ပွားခဲ့ရာမှာ ရှမ်းပြည်နယ်တွင် ၁၅ မှု၊ မန္တလေးတိုင်း ဒေသကြီးတွင် ၁၀ မှု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၇ မှု၊ ပဲခူးတိုင်းဒေသကြီးတွင် ၆ မှု၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂ မှု၊ မကွေးတိုင်းဒေသကြီးတွင် ၂ မှု၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တွင် ၆ မှုစီ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် ၁ မှုစီ ဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု ၅၆ မှုတွင် လူကုန်ကူးခံရသူ ၁၉၄ ယောက်အနက် ၁၅၂ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး ၄၂ ဦးကို ကယ်တင်နိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ကာ လူကုန်ကူးမှု အမျိုးအစားများမှာ အဓမ္မ လက်ထပ်ရန် ၃၁ မှု၊ အဓမ္မခိုင်းစေရန် ၁၆ မှု၊ ပြည့်တန်ဆာ ပြုရန် ၈ မှု၊ မွေးစားရန် တစ်မှု တို့ ဖြစ်ကြသည်။

လက်ဆွဲအိတ်အတွင်း ထည့်ကာ လူမှောင်ခိုသွင်းခံရသည့် ကလေးငယ် မိခင်ဖြစ်သူနှင့် ပြန်လည်ဆုံတွေ့
မော်ရိုကိုမှ စပိန်နိုင်ငံတွင်းသို့ ခရီးသွားလက်ဆွဲအိတ်အတွင်း ထည့်ကာ လူမှောင်ခိုသွင်းခြင်းခံရသည့် အိုင်ဗိုရီကို့စ်နိုင်ငံသား ရှစ်နှစ်သား ကလေးငယ်သည် ယခုတွင် မိခင်ဖြစ်သူနှင့် ပြန်လည်ဆုံတွေ့နိုင်ပြီ ဖြစ်သည်။ရှစ်နှစ်သားလေး အက်ဒ်ဒူးအော့တာရာကို စပိန်နယ်ခြားမြို့ ကူတာမြို့လေဆိပ်တွင် ပြီးခဲ့သည့်လက လက်ဆွဲသေတ္တာတွင်း ထည့်သွင်း မှောင်ခိုသွင်းခြင်းခံရခြင်းဖြစ်ပြီး ထိတ်လန့်ဖွယ်အခြေအနေကို ယင်းကလေးငယ်က ပြန်ပြောင်းပြောဆိုသည်။
နည်းပြ မွန်တဲလားကို ဖီအိုရင်တီးနားအသင်း ရာထူးမှ ထုတ်ပယ်
နည်းပြ မွန်တဲလားကို ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း ဖီအိုရင်တီးနားအသင်းက တရားဝင် ထုတ်ပြန်ကြေညာ လိုက်သည်။ မွန်တဲလား၏ လက်ရှိစာချုပ်မှာ ၂ နှစ် ကျန်ရှိနေသေးသော်လည်း လေးစားမှုကင်းမဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖီအိုရင်တီးနားအာဏာပိုင်များက ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။မွန်တဲလားသည် ဖီအိုရင်တီးနားအသင်းကို အဆင့် ၄ နေရာတွင် ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် အေစီမီလန်အသင်းနှင့် နာပိုလီအသင်းတို့နှင့် ဆက်သွယ်မှုများ ပြုလုပ်ခဲ့သည်။
Subscribe to:
Comments (Atom)