ဒဿ န ပညာရှင်နှင့် နိုင်ငံရေး သုံးသပ်သူ Noam Chomsky သည် ဝါရှင်တန်မှ နိုင်ငံရေး သြဇာကြီးမားသူများ၏ ပြက်ရယ်ပြုခြင်းနှင့် အဓိက မီဒီယာ အများအပြား၏ လျစ်လျူရှုခြင်းကို ခံရလေ့ရှိသော်လည်း၊ ပညာရပ်ဆိုင်ရာ အတွက် အကိုးကားခံရဆုံး ပုဂ္ဂိုလ်စာရင်းတွင် အဋ္ဌမမြောက်နေရာကို ရယူထားကာ၊ ပလေးတိုးနှင့် ဖရွိုက်တို့၏ နောက်မှကပ်လိုက်လျက်ရှိသည်။
Saturday, July 4, 2015
အခြေခံဥပဒေပြင်ဆင်ရေးဆန္ဒပြခဲ့သည့် ကျောင်းသားနှစ်ဦးကို ထပ်မံ ဖမ်းဝရမ်းထုတ်
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဦးဆောင် ဆန္ဒပြသူ ကိုဇေယျာလွင်နှင့် ကိုနန်းလင်းကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ဇူလိုင်လ ၃ ရက်က ဖမ်းဝရမ်းထုတ် လိုက်ပြီဖြစ်ပြီး ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေသည်ဟု ပန်းပဲတန်းမြို့နယ် ရဲမှူးခင်မောင်ထွေးကပြောသည်။
ရဲမှူးခင်မောင်ထွေးက “ ဖမ်းဝရမ်းထုတ်တာတော့ တရားရုံးကထုတ်တာပါ။ အခုတော့ နှစ်ယောက်ပဲ ကျန်တော့တယ်ပေါ့။ ပုဒ်မ နှစ်ခုနဲ့ပါ။ ဖမ်းဖို့တော့လုပ်နေပါပြီ ဖမ်းဖို့ကို ညွန်ကြားပြီးပါပြီ။ တိုင်းတို့ခရိုင်တို့ အဆင့်ဆင့် ညွန်ကြားပြီးပါပြီ”ဟုပြောသည်။

ဇူလိုင် ၄ အားလပ်ရက် သီတင်းပတ်ကုန်စတင်ချိန် ချီကာဂိုတွင် ပစ်ခတ်မှုများဖြစ်ပွား ငါးဦးသေဆုံး
အမေရိကန်တွင် ဇုလိုင်လ ၄ရက် သီတင်းပတ်ကုန်စတင်ချိန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့သည်။ လွန်ခဲ့သည့် ၂၄ နာရီကာလအတွင်း ချီကာဂိုတစ်ဝန်း လူ၁၂ဦးသေနတ်ဖြင့် ပစ်ခတ်ခံရ၍ ငါးဦးသေဆုံးခဲ့သည်။နောက်ဆုံးပစ်ခတ်မှုမှာ ဘရွန့်ဇ်ဗီးလ်ရှိ ပန်းခြံတစ်ခုတွင် ဇူလိုင် ၃ရက်ညနေပိုင်းက ဖြစ်ပွားခဲ့ပြီး ၁၇ နှစ်အရွယ်နှင့် ၁၉နှစ်အရွယ် တို့ ဒဏ်ရာရခဲ့သည်။ ၁၇ နှစ်အရွယ်မှာစထရိုဂါဆေးရုံသို့ ရောက်ရှိပြီးနောက် သေဆုံးခဲ့သည်။အကြမ်းဖက်မှုမှာ ဇူလိုင် ၂ ရက်နေ့နံနက်ပိုင်းက စတင်ခဲ့သည်။ ၂၂နှစ်အရွယ်အမျိုးသားတစ်ဦးသည်ဆောက်သ်ဂရင်းဝုဒ်၏ အကွက်အမှတ် ၁၃၂၀၀တွင် ဖြတ်သွားသောယာဉ်တစ်စီးပေါ်မှ ပစ်ခတ်မှုခံခဲ့ရသည်။
ထိုင်းနိုင်ငံက ရွှေ့ခိုင်းသည့် "၀" တပ်စခန်းကိစ္စ နှစ်နိုင်ငံအဆင့်ဆွေးနွေးပြီးမှ အတည်ပြုနိုင်မည်
သုံးလတစ်ကြိမ်ပြုလုပ်သည့် မြို့နယ်အဆင့် မြန်မာ- ထိုင်းနယ်စပ်ရေးရာ ကော်မတီအစည်းအဝေးတွင် ထိုင်းနိုင်ငံ ဖက်က တောင်းဆိုခဲ့သည့် "၀" တပ်စခန်း ၇ခု ဆုတ်ပေးရေးကိစ္စကို နှစ်နိုင်ငံအဆင့် ဆွေးနွေးပြီးမှသာ အတည်ပြု နိုင် မည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှုး ဦးမြင့်အောင်က ဇူလိုင်လ ၄ရက်တွင် မဇ္ဈိမကို ပြောသည်။နိုင်ငံအဆင့် နယ်စပ်ရေးရာ ဆွေးနွေးပွဲကို ဇူလိုင်လတွင်ပင် မြန်မာနိုင်ငံဖက်မှ တာဝန်ရှိသည့် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံဖက်မှ တာဝန်ရှိသူတို့က ထိုင်းနိုင်ငံအတွင်း ပြုလုပ်သွားမည်ဟု ၄င်းကဆိုသည်။
ဗြိတိန်ပြည်သူများတွင် selfies ရိုက်ခြင်းများ တစ်နေ့လျှင် ၁၄ ဒသမ ၅ သန်း ကျော်ရှိ
ဗြိတိန်နိုင်ငံပြည်သူများကြားတွင် ခေတ်စားလွန်းသည့် selfies ရိုက်ခြင်းများသည် တစ်နေ့လျှင် ၁၄ ဒသမ ၅ သန်းရှီပြီး လူမှုမီဒီယာများပေါ် selfies ပုံများတင်ခြင်း၊ ရှယ်ခြင်းများသည် တစ်နေ့လျှင် ၄ ဒသမ ၃ သန်းကျော်ရှိသည်။လူ သုံးဦးလျှင် တစ်ဦးနှုန်းသည် selfies ရိုက်ခြင်းကို စွဲလမ်းနှစ်သက်နေပြီး တစ်နှစ်စာတွက်မည်ဆိုပါက မယုံနိုင်လောက်အောင် များပြားသည့် selfies ရိုက်ကူးမှု ပုံပေါင်းမှာ ၅ ဒသမ ၂၅ ဘီလီယံရှိကြောင်း သုတေသနတစ်ရပ်က ဆိုသည်။
Friday, July 3, 2015
တပ်နှင့် ဒီကေဘီအေတိုက်ပွဲ ယနေ့နံနက်ထိဖြစ်ပွားနေဆဲ
အစိုးရတပ်မတော်နှင့် ဒီကေဘီအေအဖွဲ့တို့ ယနေ့နံနက်အထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး အနီးပတ်ဝန်းကျင်ကျေးရွာမှ ဒေသခံများ တိမ်းရှောင်နေရပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ဒီမနက်ဆက်ဖြစ်နေတုန်းပဲ။ မနက် ၅ နာရီခွဲကနေ အခုထက်ထိ ပစ်တုန်းပဲ။ လောလောဆယ်ကတော့ အဘတို့ဘက်ကနေ ၄၀ မမ၊ ၇၉ လက်နက်တွေ နဲ့ ပြန်ပစ်တာကလွဲလို့ ကျန်တဲ့လက်နက်ကြီးတွေက အခုထိ ပြန်မသုံးရသေးဘူးလေ။ အတတ်နိုင်ဆုံးတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့လုပ်နေပါတယ်’’ဟု ဒီကေဘီအေ ကလို့ထူးဘောစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး မောင်လေးက ယနေ့နံနက် ၁၀ နာရီတွင် 7Day Dailyသို့ ပြောသည်။အာရှလမ်းမကြီးပေါ်ရှိ ကော့နွယ်ရွာထိပ်တွင် ဒီကေဘီအေ ကလို့ထူးဘောတပ်ဖွဲ့ လက်အောက်ခံတပ်ရင်း (၉၀၇) နှင့် ကော့ကရိတ်အခြေစိုက် ခမရ (၂၃၁) တို့ ဇူလိုင် ၂ ရက် နံနက်အစောပိုင်းမှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထရန်စ်အေးရှား လေယာဉ်ပျက်ကျမှုတွင် အင်ဂျင်အကောင်းကို လေယာဉ်မှူး မှားပိတ်မိခဲ့
ဖေဖော်ဝါရီလဆန်းပိုင်းက ထိုင်ဝမ်တွင် ထရန်စ်အေးရှား လေကြောင်းပိုင် လေယာဉ်ပျက်ကျရာ၌ လေယာဉ်၏ အကောင်းအတိုင်း အလုပ်လုပ်နေသော အင်ဂျင်ကို လေယာဉ်မှူးကို မှားယွင်းပြီး ပိတ်မိခဲ့ကြောင်း သိရသည်။ထရန်စ်အေးရှား ခရီးစဉ်အမှတ် TNA235 လေယာဉ်သည် ဖေဖော်ဝါရီ ၄ ရက်က ထိုင်ပေရှိ ဆွန်ရှန် လေဆိပ်မှ ပျံတက်ပြီး မိနစ်အနည်းငယ်အတွင်း ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ATR 72-600 အမျိုးအစား လေယာဉ်သည် စတင်ပျံသန်းသည့် သက်တမ်း ၁၀ လမျှသာ ရှိသေးပြီး ပျက်ကျချိန်တွင် ဘယ်ဘက်တောင်ပံနှင့် မြစ်ကူးတံတားတို့ ရိုက်မိကာ ကီလွန်မြစ်ထဲ ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် စုစုပေါင်း လူ ၅၈ ဦး လိုက်ပါသွားပြီး ၄၃ ဦး သေဆုံးကာ ၁၅ ဦးသာ အသက်ရှင်ခဲ့သည်။
ပယ်လ်မိုင်ယာရှိ နှစ် ၂၀၀၀ ကျော် သက်တမ်းရှိ ခြင်္သေ့ရုပ်တုကြီးကို အိုင်အက်စ်တို့ ဗုံးခွဲဖျက်ဆီး
အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့သည် ၎င်းတို့ ထိန်းချုပ်ထားရာ ပယ်လ်မိုင်ယာမြို့ရှိ ရှေးဟောင်းပြတိုက်ကြီး အပြင်ဘက်မှ နှစ် ၂၀၀၀ ကျော် သက်တမ်းရှိသော ခြင်္သေ့ရုပ်တုကြီးကို ဗုံးခွဲ ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။
လူ့သမိုင်းတွင် အကြီးကျယ်ဆုံး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ရပ်ဝန်းတစ်ခုအဖြစ် အသိအမှတ်ပြု ခံရသည့် ပယ်လ်မိုင်ယာ မြို့တော်ဟောင်းကို ဆီးရီးယား အစိုးရ တပ်များလက်မှ အိုင်အက်စ်တို့ သိမ်းယူပြီး ကတည်းက မြို့တွင်းရှိ ရှေးအနုပညာ လက်ရာများအတွက် စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ယခုသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများသည် ယခင်ကလည်း ၎င်းတို့ ထိန်းချုပ်ထားရာ နယ်မြေများရှိ ရှေးယဉ်ကျေးမှု လက်ရာများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ဖူးသည်။
ဒုတိယသက်တမ်းထမ်းဆောင်ရေး ပြည်သူများဆန္ဒရှိလျှင် အလေးအနက်ထားစဉ်းစားမည်ဟု သမ္မတဦးသိန်းစိန်ပြော
သမ္မတဦးသိန်းစိန်က ဒုတိယသက်တမ်း ဆက်လက် ဆောင်ရွက်ရေးမှာ တိုင်းပြည် အခြေအနေနှင့် ပြည်သူများ၏ ဆန္ဒအပေါ်မူတည်၍ ဆုံးဖြတ်မည်ဖြစ်ပြီး ပြည်သူများ ဆန္ဒရှိပါက အလေးအနက်ထား စဉ်းစားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
မဲခေါင်-ဂျပန်အစည်းအ ဝေးတက်ရောက်ရန် ဂျပန်နိုင်ငံတိုကျိုမြို့သို့ ဇူလိုင် ၂ ရက်ကရောက်ရှိနေသည့် သမ္မတဦးသိန်းစိန်သည် ယင်းနေ့ ညနေပိုင်းက ဂျပန်သတင်းဌာန NHK နှင့်သီးသန့်တွေ့ဆုံခန်းတွင် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ် သည်။ သမ္မတဦးသိန်းစိန်သည် နောက်ထပ်သမ္မတသက်တမ်း အတွက် ယှဉ်ပြိုင်ရန်ရှိ၊ မရှိ ပြည်တွင်းတွင် ပြောကြားလေ့ မရှိသော်လည်း ပြီးခဲ့သည့်နှစ်ကပြည်ပခရီးစဉ်တစ်ခု၌ နောက်သက်တမ်းအတွက် ပြည်သူများ၏ဆန္ဒအပေါ်မူတည်၍ ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောကြားထားသည်။
Wednesday, July 1, 2015
ဘ၀အတွက် ကြိုတင်စီစဉ်မထားသင့်တဲ့ အရာများ
တချို့အမျိုးသမီးတွေဟာ သူတို့ရဲ့ ဘဝမှာပြုလုပ်မယ့် အရာတွေကို ကြိုတင်အစီအစဉ်တွေ ချမှတ်တတ်ကြပါတယ်။ ဥပမာ- ၂၇ နှစ်မှာ စေ့စပ်မယ်၊ ၃၀ နှစ်မှာ လက်ထပ်မယ်၊ ၃၁ နှစ်မှာ ကလေးယူမယ် အဲလိုမျိုးတွေပေါ့။ ဒါပေမယ့် ဒီလို ဘဝမှာagenda တွေ ထားရှိမယ်ဆိုရင် သီအိုရီ အရတော့ အကောင်းဆုံးနည်းလမ်းတော့ ဖြစ်ပါတယ်။ တစိုက်မတ်မတ်လျှောက်လှမ်းဖို့မှာကျတော့ မသင့်တော်ပြန်ပါဘူး။ လူတိုင်းသိသင့်တဲ့ အချက်တွေကတော့ အသက်ရှင်နေတဲ့ ဘဝတစ်လျှောက် ၁၀၀ ရာခိုင်နှုန်း ကြိုတင် အစီအစဉ်ဆွဲလို့မရတဲ့ အရာတွေ အများကြီးရှိတယ်ဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်။ လူတိုင်း ကိုယ့်စိတ်ကူး အိပ်မက်တွေဆီ ပညာရှိရှိ နဲ့ ဂရုတစိုက် လုပ်ကိုင်ဖို့ ရွေးချယ်သင့်ပါတယ်… ဒါပေမယ့် အချုပ်အနှောင်တွေကြားကနေ ကြိုးပမ်းနေတာမျိုးတော့ မဖြစ်သင့်ပါဘူး။
အောက်မှာ ကြိုတင်အစီအစဉ်ရေးဆွဲထားခြင်းတွေ မလုပ်သင့်တဲ့အချက်လေးတွေကို လေ့လာကြရအောင်။
အခြေခံဥပဒေပြင်ရေးဆန္ဒပြသည့် တကသ ကျောင်းသားခေါင်းဆောင်များ နေပြည်တော်တွင် NLD အမတ် ဇေယျာသော်နှင့် ကြိုတင်တွေ့ဆုံစီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ
ရန်ကုန်မြို့ သိမ်ကြီးဈေးတွင် ဇွန်လ ၃၀ ရက် မွန်းလွဲပိုင်းက လူ ၂၅ ဦးခန့်ဖြင့် ပြုလုပ်ခဲ့သော အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည့် တကသ ကျောင်းသား ဇေယျာလွင်နှင့်အဖွဲ့သည် NLD အမတ် ဇေယျာသော်နှင့် ဇွန်လ ၂၂ ရက် နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ စည်ပင်ရိပ်သာတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးမှ စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဦးဇေယျာသော်က အခြေခံဥပဒေပြင်ဆင်ရေးကို ယခုအပတ်အတွင်း မဲခွဲဆုံးဖြတ်မည် ဖြစ်ပြီး စစ်တပ်က မထောက်ခံသည့်အတွက် ပြင်ဆင်ရန်အတွက် လိုအပ်သည့်ထောက်ခံမဲ မရနိုင်ကြောင်း၊ ထို့ကြောင့် အခြေခံဥပဒေပြင်ဆင်ရေး အား လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှုအရေးနိမ့်ပြီးနောက် တစ်ပတ်အတွင်း တကသ ကျောင်းသားများ ဦးဆောင်ကာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ရန်ကုန်မြို့တွင် စတင်ဆန္ဒပြရန်၊ ထို့နောက် ဆန္ဒပြပွဲများကို အခြားမြို့ကြီးအသီးသီးတွင် ဆက်လက်ဆောင်ရွက်သွားရန်နှင့် ထိုဆန္ဒပြပွဲများကို NLD ပါတီအနေဖြင့် နောက်ကွယ်မှ ပံ့ပေးပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း၊ ဤသို့ ပြုလုပ်ရခြင်းမှာ လွှတ်တော်ပြင်ပ နည်းလမ်း ဖြင့် စစ်တပ်ကို ဖိအားပေးရန် ဖြစ်ပြီး လူထုထောက်ခံမှု မြင့်မားလာခဲ့ပါက တစ်နိုင်ငံလုံးအနှံ့ တိုးချဲ့ဆောင်ရွက်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း၊ တကသ ကျောင်းသားများအနေဖြင့် ပြည်နယ်တိုင်းများသို့ ကိုယ်စားလှယ် အဖွဲ့များ စေလွှတ်ကာ အခြေခံဥပဒေပြင်ဆင်ရေး ကျောင်းသားဆန္ဒပြမှုများ ဖြစ်ပေါ်လာစေရန် စည်းရုံးလျက် ရှိကြောင်း သိရသည်။
ဖွဲ့စည်းပုံမှ ပုဒ်မ-၄၃၆(ခ)ကို ပြင်ဆင်နိုင်ပါက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အထောက်အကူပြုမည်ဟု သူရဦးရွှေမန်းဆို
ပြည်ထောင်စုလွှတ် တော်တွင် ထပ်မံဆွေးနွေးဆုံးဖြတ် မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေးလုပ်ငန်းအဆက် ပုဒ်မ-၄၃၆(ခ) ပါ ပြဋ္ဌာန်းချက်များ ကို ပြင်ဆင်နိုင်ပါ က တိုင်းရင်းသား စည်းလုံးညီညွတ် ရေး၊ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိ ရေးအတွက် အထောက်အကူပြုနိုင် မည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း က ယင်း၏လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာမှ တစ်ဆင့် ထုတ်ပြန်လိုက် သည်။
ယင်းသို့ ဖွဲ့စည်းပုံပြင်ဆင်ရေး နှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်ကို ဇွန် ၃ဝ ရက်တွင် ရေးသားထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း ပုဒ်မ-၄၃၆(ခ)ပါ ပြင် ဆင်ပြဋ္ဌာန်းချက်များကို လွှတ်တော် တွင် စတင်ဆွေးနွေးနေသည့်အချိန် လည်းဖြစ်သည်။
အာရှလမ်းမကြီးပေါ်ရှိ ငွေကောက်ခံနေသည့် နယ်ခြားစောင့်ဂိတ်စခန်းတစ်ခု ပိတ်သိမ်း
အာရှလမ်းမကြီးပေါ် တွင် ငွေကြေးကောက်ခံနေသည့် ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့ လုံခြုံရေးကင်းစခန်းတစ်ခု ကို ဇွန်လ ၃၀ ရက်မှစတင်ကာ ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
အာရှလမ်းမကြီးပေါ်တွင် ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့ (BGF)၊ တပ်ရင်း (၁၀၂၂) လက်အောက်ခံ လုံခြုံရေးကင်း စခန်းတစ်ခုက ဂိတ်ဖွင့်၍ ငွေ ကြေးကောက်ခံနေခြင်းကို ဇွန်လ ၃၀ ရက်မှ စတင်ကာ ပိတ်သိမ်းစေခဲ့ခြင်းဖြစ်ကြောင်း BGF အမှတ် (၄) တပ်နယ်ကွပ်ကဲရေးမှူး ဗိုလ် မှူးစောချားမူးကပြောသည်။
‘‘ဆက်ကောက်ခံနေတယ် ဆိုရင် တိုင်ကြားနိုင်တယ်။ သူတို့ ကို လုံခြုံရေးကင်းစခန်းအနေနဲ့ ထားတာကို မိသားစုစားဝတ်နေ ရေးအရ ငွေကြေးကောက်ခံတယ် လို့ပြောတယ်။ အခုတော့ ခွင့်မပြု တော့ဘူး’’ဟု ဗိုလ်မှူးစောချားမူး ကပြောသည်။

ပုဒ်မ ၄၃၆ (ခ) ပြင်ဆင်နိုင်ရေး သူရဦးရွှေမန်း လူမှုကွန်ရက်တွင် ရေးသားဝေမျှ
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (ခ) ကို ပြင်ဆင်နိုင် ခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအပါအ၀င် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုး သားပြန်လည် သင့်မြတ်ရေးကို အထောက်အကူပြုနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယ ကသူရဦးရွှေမန်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသား ဝေမျှခဲ့သည်။
လက်ရှိလွှတ်တော်တွင် ပုဒ်မ၄၃၆(ခ) ပြင်ဆင်နိုင်ရေးကို စ တင်ဆွေးနွေးမှုများပြုလုပ်နေပြီး ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အထိ သုံးရက်ကြာ ဆွေးနွေးခဲ့သော ပုဒ်မ၄၃၆ (က)ကဲ့သို့ပင် အရေးကြီးပုဒ်မများသည် ပုဒ်မ ၄၃၆ (ခ)တွင်လည်း ပါဝင်ကြောင်း ပြည်သူများအား သူရဦးရွှေမန်းက ၎င်းသုံးစွဲနေ သော ဖေ့စ်ဘွတ်ခ်မှ တစ်ဆင့် ဇွန်လ ၃၀ ရက်တွင် အသိပေးလိုက်ခြင်းဖြစ်သည်။
စက်ရုံ၊ အလုပ်ရုံများ ကုန်ကျစရိတ်လျှော့ချနိုင်ရန် အလုပ်သမားဖယ်ရီများငှားရမ်းပေးရန် အစိုးရစီစဉ်
စက်ရုံ၊ အလုပ်ရုံများ၏ ကုန်ကျစရိတ်လျှော့ချပေးနိုင်ရန် အလုပ်သမားများအတွက် ကြို/ပို့ယာဉ်(ဖယ်ရီ)များကို ဈေး နှုန်းသက်သာစွာဖြင့် ငှားရမ်းပြေး ဆွဲပေးသွားရန် အလုပ်သမား၊ အ လုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန် ကြီးဌာနက စီစဉ်နေကြောင်း သ တင်းရရှိသည်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်ပြီးနောက် စက်ရုံများ ကုန်ကျမှုစရိတ်လျော့နည်းသက် သာစေရန်နှင့် အလုပ်သမားများ အား လစာတိုးပေးနိုင်ရန်ရည်ရွယ် ၍ ယင်းသို့ဖယ်ရီပေးရန် စီစဉ်နေ သည်ဟု အလုပ်ရုံ၊ အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။‘‘အလုပ်ရုံတွေအတွက် ဖယ် ရီတွေလုပ်သွားဖို့ရှိတယ်။စီစဉ်နေ တယ်ပေါ့။ လောလောဆယ်တော့ စက်မှုဇုန်ဥက္ကဋ္ဌတွေဆီကနေ သ ဘောထားမှတ်ချက် တောင်းခံ ထားတယ်’’ဟု ဦးဝင်းရှိန်က ပြော သည်။
အမျိုးသမီးများကို အိုင်အက်စ်တို့ ပထမဆုံးအကြိမ် ခေါင်းဖြတ်ကွပ်မျက်
အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) အကြမ်းဖက်အဖွဲ့သည် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးများကို ခေါင်းဖြတ် ကွပ်မျက်မှုများ ပြုလုပ်နေပြီဟု သတင်းရရှိသည်။ဆီးရီးယားတွင် အိုင်အက်စ်တို့သည် အနည်းဆုံး အမျိုးသမီး နှစ်ဦးကို ခေါင်းဖြတ် ကွပ်မျက်ခဲ့ကြောင်း ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။ အီရတ်နှင့် ဆီးရီးယားတို့တွင် ခြေကုပ်ယူ လှုပ်ရှားနေသည့် ကမ္ဘာကျော် အစွန်းရောက် အကြမ်းဖက်သမားများသည် ယခင်က ၎င်းတို့၏ ရန်သူသုံ့ပန်းများနှင့် ဖမ်းဆီးထားသည့် ဓားစာခံများကို ခေါင်းဖြတ်ကွပ်မျက်မှုများ ရှိခဲ့သော်လည်း ယခုတစ်ကြိမ်သည် အမျိုးသမီးများကို ပထမဆုံးအကြိမ်အဖြစ် ရက်ရက်စက်စက် သတ်ဖြတ်လာခြင်းဟု သိရသည်။
ပါလက်စတိုင်းသားဟု သံသယရှိသူတစ်ဦး ပစ်ခတ်မှုကြောင့် အစ္စရေးနိုင်ငံသားလေးဦး ဒဏ်ရာရ
ပါလက်စတိုင်းသား ဟု သံသယရှိသူတစ်ဦးက ကား ဖြင့် ဖြတ်မောင်းစဉ် ပစ်ခတ်တိုက် ခိုက်မှုတစ်ခုအတွင်း သိမ်းပိုက် ထားသော အနောက်ဘက်ကမ်း ခြေဒေသတွင် အစ္စရေးတို့ ဆောက်လုပ်ထားသည့် အိမ်ရာတစ်ခုအနီး၌ အစ္စရေးနိုင်ငံသားများ အုပ်စုတစ်ခုကို သေနတ်သမားတစ်ဦးက ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးစစ်ဘက်ကပြောသည်။
ဒဏ်ရာဆိုးဆိုးရွားရွား ရရှိ ထားသူတစ်ဦး အပါအ၀င် အ သက် (၂၀) ကျော်အရွယ် လူလေးဦးအား ဆေးကုသပေးနေရသည်ဟု အစ္စရေးလူနာတင်ယာဉ်ဌာန ပြောရေးဆိုခွင့်ရှိသူ မာဂန်ဒေးဗစ်အဒွမ်က ပြောသည်။
ဒဏ်ရာဆိုးဆိုးရွားရွား ရရှိ ထားသူတစ်ဦး အပါအ၀င် အ သက် (၂၀) ကျော်အရွယ် လူလေးဦးအား ဆေးကုသပေးနေရသည်ဟု အစ္စရေးလူနာတင်ယာဉ်ဌာန ပြောရေးဆိုခွင့်ရှိသူ မာဂန်ဒေးဗစ်အဒွမ်က ပြောသည်။
ဂျပန် ကျည်ဆန်ရထားပေါ် မိမိကိုယ်ကို မီးရှို့သူ တစ်ဦးနှင့် အခြားခရီးသည် တစ်ဦး သေဆုံး
ဂျပန်နိုင်ငံတွင် ကျည်ဆန်ရထား တစ်စီးပေါ်၌ လူတစ်ဦး မိမိကိုယ်ကို မီးရှို့သတ်သေခဲ့ရာ ၎င်းနှင့်အတူ အခြား ခရီးသည် တစ်ဦးပါ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဇွန်လ ၃၀ ရက် ဖြစ်စဉ်တွင် ရှင်ကန်ဆန် ကျည်ဆန်ရထားကိုပါ မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။ လူတစ်ဦးသည် မိမိကိုယ်ကို ဆီလောင်းပြီး မီးတင်ရှို့ခဲ့ရာမှ ပတ်ဝန်းကျင်ကို မီးကူးစက်ခဲ့ခြင်းဟု သိရသည်။

Sunday, June 28, 2015
မရဲတရဲ ဈေးစနည်းနာနေသည့် ကျောက်ကုန်သည်များ
တန်ဖိုးအမြင့်ဆုံး ယူရို ၁၂သန်းအထိ တန်ဖိုးရှိသောကျောက်စိမ်း တုံးကြီးတွေကြားမှာ လက်နှိပ် ဓာတ်မီးများ၊ တိပ်များနှင့် ရေ ခွက်များကို ကိုင်ဆောင်ထားသည့် ကျောက်ကုန်သည်များက သူတို့၏ကံကြမ္မာကို ရှာဖွေ ကံစမ်းနေ ကြပါသည်။ သည်ကျောက်မျက် ရတနာပြပွဲသည် မြန်မာနိုင်ငံတွင် နှစ်စဉ်ဝင်ငွေအများဆုံးရသည့် ကျောက်မျက်ရောင်းချပွဲလည်း ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် တိတ်ဆိတ် ငြိမ်သက်နေသော နေပြည်တော် သည် ယခုလို ကျောက်မျက်ပြပွဲ များရှိလျှင် လူစည်မြဲဖြစ်ပါသည်။ သည်နှစ်ကတော့ ခါတိုင်းလို စည် ကားမနေပါ။ အကျင့်ပျက်ခြစားမှု များနှင့် အကျိုးအမြတ်ရနေသည် ဟု နာမည်ကြီးနေသော ကျောက် လောက ဈေးကွက်အတွင်း အ မြတ်ကြီးစားမှုတွေကို တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ရှင်းလင်းရေးလုပ်ပြီးသည့်နောက်ပိုင်းမို့ ဖြစ်ပါသည်။

အာဖဂန်တွင် ခွေး ၃ ကောင်က အမေရိကန် စစ်သားများကို ကယ်တင်
လမ်းဘေးက ခွေး ၃ ကောင်ကို အစာတွေကျွေးပြီး မွေးမြူခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ တာဝန်ကျတဲ့ အမေရိကန် စစ်သားကို ဒီခွေးတွေက ပြန်ကယ်ခဲ့ပါတယ်။
ခရစ္စဒေါ့နဲ့ အပေါင်းအပါ စစ်သားတွေ အာဖဂန်မှာ တာဝန်ကျစဉ်က လမ်းဘေးမှာ လေ့လွင်နေတဲ့ ဆာရှာ၊ တားဂက်နဲ့ ရှုးဖစ် ခွေး ၃ ကောင်ကို မွေးစားခဲ့ပါတယ်။
ဖေဖော်ဝါရီလက ညတည သန်းခေါင်းချိန်မှာတော့ ၂၅ ပေါင်ရှိတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ အသေခံ ဗုံးခွဲသမားဟာ အမေရိကန် စစ်သား ၅၀ နီးပါး နေနေတဲ့ စစ်တန်းလျားကို ၀င်ဖို့ ကြိုးစားခဲ့ပါတယ်။

ကိုဘာနီမြို့ကို အိုင်အက်စ်အပြင်းအထန် ထိုးစစ်ဆင်၊ ကာ့ဒ်တပ်ဖွဲများ ပြန်လည်တိုက်ထုတ်
တူရကီနယ်စပ်က မဟာဗျူဟာကျတဲ့ ကိုဘာနီမြို့ကို အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်တွေက ဒုတိယအကြိမ် အပြင်းအထန်ထိုးစစ် ဆင်ခဲ့ပေမယ့် ဆီးရီးယားကာဒ့်တွေက ပြန်လည်တိုက်ထုတ်နိုင်ခဲ့တယ်လို့ ဆီးရီးယားလူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဇွန် ၂၇ ရက်နေ့ ပြောပါတယ်။ဒါပေမယ့် အိုင်အက်တို့ရဲ့ ထိုးစစ်အတွင်း အပြစ်မဲ့အရပ် သား ၂၀၀ ကျော် သေဆုံးတယ်လို့ ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
အေအိုင်ဒီအက်စ်ကူးစက်ခံ မိဘမဲ့မြန်မာကလေးများဂေဟာ ဖွင့်လှစ်
အေအိုင်ဒီအက်စ်ကူးစက်ခံရတဲ့ မိဘမဲ့မြန်မာကလေးတွေအတွက် စောင့်ရှောက်ကူညီရေးဂေဟာတခုကို ဂျပန်နိုင်ငံ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုအကူအညီနဲ့ မြန်မာနိုင်ငံမှာ ကချင်ပြည်နယ်မှာ ဖွင့်လှစ်လိုက်ပါတယ်။ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့က ဖွင့်လှစ်လိုက်တယ်လို့ ဂျပန်အခြေစိုက် အန်အိပ်ခ်ျကေသတင်းမှာ ဖော်ပြပါတယ်။
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၊ ကူမာမိုတိုခရိုင်ရှိ ၀ိုင်အမ်စီအေအုပ်စုက ဦးဆောင်ပြီး လှူဒါန်းငွေတွေနဲ့ အဲဒီအဆောက်အုံတည်ဆောက်ဖို့ ရန်ပုံငွေမြှင့်တင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာပါ။
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၊ ကူမာမိုတိုခရိုင်ရှိ ၀ိုင်အမ်စီအေအုပ်စုက ဦးဆောင်ပြီး လှူဒါန်းငွေတွေနဲ့ အဲဒီအဆောက်အုံတည်ဆောက်ဖို့ ရန်ပုံငွေမြှင့်တင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာပါ။
ကန့်ဘလူမြို့နယ်ကို ခရိုင်အဆင့်သတ်မှတ်ပေးရန် ဆန္ဒပြတောင်းဆို
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ကို ခရိုင်အဆင့် အမြန်ဆုံး တိုးချဲ့သတ်မှတ်ပေးဖို့ ဒေသခံတွေစုပေါင်းပြီး လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ကန့်ဘလူမြို့နယ်ကို ခရိုင်အဆင့်တိုးချဲ့သတ်မှတ်ဖို့ နိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့က အမိန့်ကြေညာစာထုတ်ပြန်ထားတာပါ။
ဒါပေမယ့် ၃ လနီးပါးကြာလာတဲ့အထိ အစိုးရက တရားဝင် ခရိုင်အဖြစ် ဖွင့်ပွဲကျင်းပတာတွေ မရှိသေးတာကြောင့် ဇွန်လ ၂၇ ရက်နေ့က ဒေသခံတွေ စုပေါင်းပြီး ခရိုင်အဆင့်အဖြစ် အမြန်ဆုံးဖွင့်လှစ်သွားနိုင်ဖို့ ကန့်ဘလူးမြို့မှာ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

နီပေါငလျင်ဘေး ၂ လပြည့် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်
နီပေါနိုင်ငံမှာ လူ ၈၈၀၀ ကျော် သေဆုံးခဲ့တဲ့ ငလျင်ဘေး ၂ လ ပြည့် အောက်မေ့ဖွယ် အခမ်းအနားတခုကို ကက်သမန်ဒူမြို့က ရင်ပြင်တခုမှာ ဇွန် ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ငလျင်ကြောင့် အိမ်ပေါင်း သန်းတ၀က်လောက်လည်း ပျက်စီးခဲ့ပါတယ်။ ကွယ်လွန်သွားသူတွေရဲ့ ၀ိညာဉ်တွေ ငြိမ်းချမ်းစေဖို့အတွက် ဆုတောင်းပွဲ ပြုလုပ်တာလို့ ဦးဆောင်သူ အန်နာပါနာ ပုံနှိပ်တိုက်ရဲ့ ကိုယ်စားလှယ် ရှီလူ အာဟီကရေးက ရှင်းပြပါတယ်။

သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၄၅ ဦးရှိပြီ
အခုနှစ်နှစ်ဆန်းပိုင်းကစပြီး ဇွန်လ ၂၆ ရက်အထိ တနိုင်ငံလုံးမှာ သွေးလွန်တုပ်ကွေးရော ဂါဖြစ်ပွားသူ ၁၀၀၀၀ ကျော်ရှိပြီး ၄၅ယောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ဧရာဝတီိုင်းမှာ ရောဂါဖြစ်ပွားသူ ၂၀၀၀ ကျော်ရှိပြီး ပြည်နယ်တိုင်းအလိုက် ရောဂါဖြစ်ပွားမှုနှုန်း အများဆုံး ဖြစ်ပါတယ်။
ထိုင်ဝမ် ရေကစားဥယျာဉ် ပေါက်ကွဲမှု ၅၀၀ ကျော် ဒဏ်ရာရ
ထိုင်ဝမ် တိုင်ပေမြို့တော် အပြင်ဘက်က အပန်းဖြေရေကစားဥယျာဉ်တခုမှာ ဇွန် ၂၇ ရက် ညဦးပိုင်းက မတော်တဆ ပေါက်ကွဲမှုကြောင့် လူ ၅၁၉ ဦး ဒဏ်ရာရရှိသွားပါတယ်။
ဖော်မိုစာ ရေကစားဥယျာဉ်ရဲ့ စတိတ်စင်ကြီးမှာ ပေါက်ကွဲမီးလောင်ခဲ့တာဖြစ်ပြီး ဒဏ်ရာရ သူတွေထဲက ၁၈၂ ဦးကိုတော့ အထူး ကြပ်မတ်ဆောင်မှာ ကုသပေးနေတယ်လို့ ထိုင်ဝမ် အာဏာပိုင်တွေကို ကိုးကားပြီး စီအန်အန်သတင်းမှာ ဖော်ပြပါတယ်။

လူကြမ်းတွေ လဲရင် ကြိုက်လား
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပုဒ်မ တချို့ကို ပြင်ဆင်နိုင်ရန် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အမတ် ဦးသိန်းဇော်က ဥပဒေမူကြမ်း လွှတ်တော်သို့ တင်သွင်းပြီး နောက် လွှတ်တော်အမတ်နှင့် စစ်တပ်ကိုယ်စားလှယ်များ ဆွေးနွေးကြသည်။ ဆွေးနွေးပြီးနောက် ဇွန် ၂၅၊ ၂၀၁၅ က မဲခွဲကြရာ စစ်တပ်ကိုယ်စားလှယ်များက မထောက်ခံသောကြောင့် ပုဒ်မ တစ်ခု၏ စကားတစ်လုံးသာ ပြင်နိုင်ပြီး ကျန်ပုဒ်မများကို မပြင်နိုင်ခဲ့ပါ။
လွှတ်တော်သတင်းများကို စောင့်ကြည့်လေ့လာသူများ သို့မဟုတ် ဖေ့စ်ဘွတ်မှ သတင်းများကို ပုံမှန်ဖတ်ရှုသူများ သိပြီးဖြစ်ပါလိမ့်မည်။ ပြဿနာမှာ ဇာတ်သိမ်းသိပြီးသား ရုပ်ရှင်တစ်ကားကို တကယ်ကြည့်ရှုရချိန်တွင် ငိုလိုက်ရသည့် ရုပ်ရှင်ကြည့် ပရိသတ်များနှယ် ဖြစ်ပါသည်။ ဇာတ်ဆောင် များက သရုပ်ဆောင် ကောင်းကြသည်လား၊ သို့တည်းမဟုတ် ဇာတ်ပို့ တီးလုံးက ကောင်းသည်လား၊ သို့တည်းမဟုတ် ကာလရာသီက ငိုစရာ ကောင်းနေသည်လား၊ ပြည်သူ တချို့ကား ရုပ်ရှင်ကြည့် ပရိသတ်များကဲ့သို့ပင် ဝမ်းနည်းခဲ့ကြသည်။

ပဲခူးတိုင်း ဖြူးတွင် လယ်သမား ၁၅၀ ခန့် ထွန်တုံးတိုက်ပွဲ ပြုလုပ်
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ညောင်ပင်ကျေးရွာရှိ စိမ်ကြီးကွင်းတွင် မြတ်အိနြေ္ဒ ကုမ္ပဏီက သိမ်းဆည်းထားသည့် လယ်ဧကများကို ပြန်ပေးရာတွင် မပါဝင်သည့် လယ်သမားများက ဇွန် ၂၇ ရက်၌ ယင်းမြေများပေါ်တွင် ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ကြသည်ဟု အလုပ်သမားသမဂ္ဂ လွတ်လပ်ရေး အဖွဲ့မှ အထွေထွေ တာဝန်ခံ ဦးမြင့်စိုးက မဇ္ဈိမကို ပြောသည်။
ခန္တီးလေဆိပ်တွင် တရားဝင် သယ်ဆောင်နိုင်သည့် ပစ္စည်းကို ငွေကြေးကောက်ခံသည့် ရဲများကို စုံစမ်း စစ်ဆေးနေ
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ခန္တီးလေဆိပ်တွင် နိုင်ငံတော်မှ တရားဝင် သယ်ဆောင်ခွင့် ပေးသည့် ပစ္စည်းများအား ရဲတပ်ဖွဲ့ဝင်များက ငွေကြေးကောက်ခံနေမှုကို စုံစမ်းစစ်ဆေးရေးခုံဖွဲ့၍ စစ်ဆေးနေကြောင်း ခန္တီးမြို့နယ် ရဲတပ်ဖွဲ့မှူးက မဇ္ဈိမကို ပြောသည်။
မေလ (၈) ရက်နေ့ နေ့လည် (၂) နာရီခန့်က ပိုက်ဆံသိန်း (၂၀၀) ကို လေယာဉ်ဖြင့် သယ်ဆောင်ခွင့်ရရန်အတွက် ရဲတပ်သားများက ငွေသုံးသောင်းတောင်းခဲ့ပြီး ယခုလို ငွေတောင်း ခံမှုများမှာ ယခင်ကတည်းက ရှိခဲ့သည်ဟုလည်း ဒေသခံများက ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်၏ ဆောင်ရွက်မှုမှာ ဥပဒေနဲ့အညီ ဆောင်ရွက်ရ၍ တရားမျှတမည်ဟု ဆို
မြန်မာနိုင်ငံ၏ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကော်မရှင်၏ ဆောင်ရွက်မှုများသည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်၍ တရားမျှတမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ဇွန်၂၇ ရက်တွင် ဆိုသည်။
Subscribe to:
Comments (Atom)