Monday, July 27, 2015

၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သြစတြေးလျဒေါ်လာတန်ဘိုး စင်ကာပူဒေါ်လာ တန်ဘိုးအောက်လျော့ကျ


သြစတြေးလျဒေါ်လာ၏ တန်ဘိုးသည် ယခုနှစ် ဇူလိုင် ၂၇ ရက်နေ့ နံနက်က ၂၀၀၂ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စင်ကာပူဒေါ်လာတန်ဘိုး ၏အောက်သို့ရောက်ရှိခဲ့ သည်။

ဇူလိုင် ၂၇ရက်နေ့ နံနက် ၁၁နာရီ ၂၀မိနစ်အချိန်က သြစတြေးလျ တစ်ဒေါ်လာသည် စင်ကာပူဒေါ်လာ ၀ဒသမ၉၉၈၁ သာဝယ်ယူနိုင်သည်။မကြာသေးမီလများအတွင်း သြစတြေးလျ၏ ကုန်စည်များအပေါ် ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားလျော့ကျမှု၊ စိတ်ပျက်ဖွယ် စီးပွားရေးဆိုင်ရာအချက်အလက်များကြောင့် တစ်ချိန်က အားကောင်းခဲ့သော သြစတြေးလျဒေါ်လာမှာ အားပျော့သွားခဲ့ခြင်းဖြစ်သည်။

သံလွင်၊ စစ်တောင်းနှင့် ငဝန်မြစ်ရေ စိုးရိမ်ရေမှတ် ရောက်တော့မည်


သံလွင်၊ စစ်တောင်းနှင် ငဝန်မြစ်ရေသည် ၂၄နာရီမှ ၄၈နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်လာ နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မြစ်ရေကြီးခြင်း သတိပေးချက်အဖြစ် အသီးသီးထုတ်ပြန်ထားသည်။
စစ်တောင်းမြစ်ရေသည် ဇူလိုင် ၂၇ ရက် နံနက် ၉ နာရီ ခွဲတွင် တိုင်းတာချက်များအရ မဒေါက်မြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရန် ၆ လက်မခန့်သာ လိုတော့ပြီး သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်သို့ နှစ်ရက်အတွင်း ရောက်ရှိနိုင်သည်ဟု သတိပေးထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယ၌ စစ်လေယာဉ်များလေ့လာ

အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့သည် ဇူလိုင် ၂၆ ရက်တွင် အိန္ဒိယနိုင်ငံတောင်ပိုင်း Karnataka ပြည်နယ် မြို့တော် ဘန်ဂလိုမြို့ရှိ Hindustan Aeronautics Limited လေယာဉ် ကုမ္ပဏီဗဟိုရုံးသို့ သွားရောက်လေ့လာခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် လေယာဉ်ထုတ်လုပ်ရေးစက်ရုံများအတွင်း ကုမ္ပဏီဥက္ကဌနှင့် ညွှန်ကြားရေးမှူးချုပ် လည်းဖြစ်သူ Mr. T Subara Raju နှင့်အတူ လေယာဉ်များနှင့် စက်ပစ္စည်းများအား လေ့လာကြသည်။
ယင်းနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့အား Hindustan Aeronautics Limited ၊ Bharat Electronic Limited ၊ Bharat Earth Movers Limited ၊ Larsen and Toubro Heavy Engineering ၊ TATA Advanced Systems Limited နှင့် Mahindra Defence Land Systems တို့မှ တာဝန်ရှိသူများက ၄င်းတို့ကုမ္ပဏီထုတ် ပစ္စည်းများအကြောင်း ရှင်းလင်းတင်ပြသည်။

အပစ်ရပ်စာချုပ် အတွက် ဆွေးနွေးနေချိန် တပ်မတော်၏ ထိုးစစ်များသည် ယုံကြည်မှု ပျက်ပြားစေဟု UNFC ထုတ်ပြန်

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်ရပ်စာချုပ် အတွက် တွေ့ဆုံ ဆွေးနွေးနေချိန်တွင် အစိုးရတပ်မတော်ဘက်မှ ထိုးစစ်ဆင်ခြင်းသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးရရှိရန်အတွက် ယုံကြည်မှု ပျက်ပြားစေသဖြင့် ထိုးစစ်ဆင်မှုများ ရပ်တန့်ရန် နှင့် နိုင်ငံတကာ အသိသက်သေများ ပါဝင်မှုကိုလည်း လက်တွေ့ဖော်ဆောင်ရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က တောင်းဆိုလိုက်သည်။

UNA နှင့် မိတ်ဖက် အဖွဲ့များ ညှိနှိုင်းဆွေးနွေးပွဲတွင် ရွေးကောက်ပွဲ၊ အပစ်ရပ်ရေးနှင့် အခြေခံ ဥပေဒပြင်ဆင်ရေးများ အဓိက ဆွေးနွေး


စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့်မိတ်ဖက် အဖွဲ့ အစည်းများ၏ တတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ ပထမနေ့တွင် ရွေးကောက်ပွဲ၊ အပစ်အခတ်ရပ်စဲရေး၊ အခြေခံဥပေဒပြင်ဆင်ရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြသည် ဟု UNA အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်က ဆွေးနွေးပွဲ အပြီးတွင် မဇ္ဈိမကို ပြောသည်။အဆိုပါ ဆွေးနွေးပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဇူလိုင် ၂၇ ရက်က စတင်ကျင်းပပြီး ၂၉ ရက်အထိ ကျင်းပမည် ဖြစ်သည်။

ရင်းနှီးမြုပ်နှံမှုများ ပိုမိုပြုလုပ်ရန် မျှော်မှန်းမှုနှင့်အတူ အောင်မြင်နေဟု FMI ထုတ်ပြန်


ကုမ္ပဏီအုပ်စုတစ်ခုအနေဖြင့် အစီရင်ခံမှုပြုလုပ်သော ပထမနှစ်တွင် First Myanmar Investment Co., Ltd (FMI) က စုစုပေါင်း အမြတ်ငွေ ကျပ် ၃၃ဒသမ၃ဘီလျံရရှိခဲ့ကြောင်း ကြေညာခဲ့ပြီး ယင်းပမာဏမှာ ယခင်တစ်နှစ်ကထက် ၁၉၉ ရာခိုင်နှုန်း တိုးမြင့်လာခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။
FMI ၏ လက်ဖော်ကိုင်ဘက်များမှ ထည့်ဝင်မှုများ အပါအဝင် လုပ်ငန်းဆောင်ရွက်ချက်များမှ အမြတ်ငွေ ကျပ် ၁၃ ဒသမ ၇ဘီလျံမှာ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် အိမ်ခြံမြေလုပ်ငန်းကဏ္ဍများမှ ရလဒ်များကြောင့် ဖြစ်သည်ဟု ဆိုသည်။

“အမျိုးသမီးတွေကို အကြမ်းဖက်သူတွေက အမျိုးသားတွေချည်း မဟုတ် ’

နေ့စဉ်ထုတ် မြန်မာ့အလင်း သတင်းစာမှ သတင်းတစ်ပုဒ်ကို ဖတ်ရင် ကျွန်မအံ့သြသွားမိသည်။ “သမီးကို တရုတ်နိုင်ငံသားထံ ဇနီးမယားအဖြစ် ရောင်းစားမှု၊ တာဝန်သိပြည်သူတို့က ကြည့်မြင်တိုင် ရဲစခန်းသို့ တိုင်ကြား ခေါင်းစဉ်ကို ဖတ်လိုက်မိ၍ ဖြစ်သည်။ သမီးဖြစ်သူ လူကုန်ကူးခံရ၍ သက်ဆိုင်ရာ ရဲစခန်းသို့ တိုင်ကြားသည့် မိခင်မျိုးသာ ကြားဖူးခဲ့သည်။
သည်လို မိခင်ရင်းတစ်ယောက်က သမီးဖြစ်သူ ကို ရောင်းစားခြင်းသည်လည်း လူကုန်ကူးမှု မြောက်သည်ပဲ။ သမီးဖြစ်သူမှာ အသက် ၂၀ အရွယ်ဖြစ်၍ အရွယ်ရောက်ပြီးသူ တစ်ယောက်ဆိုသော်လည်း ဒီအရွယ်တွင် ချစ်သူ ရည်းစားမရှိဟု မပြောနိုင်သလို မမြင်မတွေ့ဖူးသည့်အပြင် ဘာသာစကားလည်း မတူသည့် လူမျိုးခြားတစ်ယောက်ကို မည်သူမှ ကြည်ကြည်ဖြူဖြူနှင့် ကျွန်မယူမယ်လို့ ပြောမည့် အခြေအနေမျိုး မဖြစ်နိုင်ပါ။ မိခင်ဖြစ်သူက သမီးကို ငွေကျပ်သိန်း ၃၀ နှင့် တန်ဖိုးဖြတ်ပြီး ငွေရလိုဇောနှင့် လူမျိုးခြားကို အတင်းဓမ္မ လက်ထပ်ရန်ပြောကြား ပြီး ထည့်ပေးလိုက်၍သာ သမီးဖြစ်သူက လိုက်သွားခဲ့ရခြင်း ဖြစ်တန်ရာသည်။ သည်အခြေအနေမျိုး သည်လည်း အကြမ်းဖက်စေခိုင်းခြင်းသာ ဖြစ်သည်။

ကျွန်တော်နဲ့ ဆိုးလ်မြို့

ကျွန်တော်ဟာ တစ်လောက တောင်ကိုးရီးယား နိုင်ငံဆိုးလ်မြို့ကို ရောက်ခဲ့ပါ တယ်။ နိုင်ငံတော်က စေလွှတ်တာမို့ ပထမအကြိမ် အစိမ်းရောင်နိုင်ငံကူး လက်မှတ်ကို ပြန်လည်ကိုင်ခွင့်ရခဲ့တယ်။ တစ်ချိန်က တော့ နိုင်ငံ့တာဝန် ယူနေတာမို့ ခရီးထွက်တဲ့အခါ အစိမ်းရောင် ကိုင်ခွင့်ရခဲ့ပါတယ်။ နောက်တော့ အနီ ရောင်ကိုပဲ ကိုင်ဆောင်ပြီးသွား ခဲ့ပါတယ်။

Sunday, July 26, 2015

အာဇာနည်နေ့ လွမ်းသူ့ပန်းခွေချသည့် ပညာဒါနကျောင်း ပိတ်ရန် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးပြော ဟုဆို

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကန်သုံးဆင့် ပြည်ထောင်စုလမ်းမကြီး အနီးရှိ အာဇာနည်ပန်းခြံတွင် အာဇာနည်နေ့ လွမ်းသူ့ပန်းခွေ ချခဲ့သည့် ပညာဒါနကျောင်းကို ပိတ်ပေးရန် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးအဖွဲ့က ဇူလိုင်လ ၂၃ ရက်က လာရောက်ပြောဆိုခဲ့ကြောင်း Changing ပညာဒါန ကျောင်းအကျိုးဆောင်အဖွဲ့ ထံမှ သိရသည်။

ဖောက်ထွင်းမြင်နေရသည့် လေးထောင့်ဘူးကြီးထဲမှ မိန်းကလေးအား ၀က်ဝံကြီးက တိုက်ခိုက်နေ

ထိုင်းတောင်ပိုင်း ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးနှင့် ရဲတစ်ဦး သေဆုံး

ထိုင်းတောင်ပိုင်း ခွဲထွက်ရေးသူပုန်များ လှုပ်ရှားရာဒေသတွင် ဗုံးခွဲတိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးနှင့် ရဲတစ်ဦးတို့ သေဆုံးသွားခဲ့ကြောင်း Fox news သတင်းတစ်ရပ်က ဖော်ပြထားသည်။

ခွဲထွက်ရေး မွတ်ဆလင် တိုက်ခိုက်ရေးသမားများက ထိုင်းတောင်ပိုင်းတွင် စစ်ဘက်နှင့် အရပ်ဘက်ပစ်မှတ်များကို ဦးတည်သော တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။

အဆိုပါ ဗုံးဒဏ်ကြောင့် ဒဏ်ရာရရှိသူ ခြောက်ဦးရှိသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို ပုတ်ခတ်သည့် လက်ကမ်းစာရွက် ဖြန့်ဝေသူများကို တရားစွဲဆို

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ ရွှေသာလျောင်း ဘုရားဝင်းအတွင်း နတ်စင်တစ်ရာ ဆရာတော် ဦးဆောင်ပြုသည့် စတုဒီသာအလှူပွဲတွင် NLD ပါတီ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပုတ်ခတ်ဝေဖန်ထားသော လက်ကမ်းစာစောင်များ၊ စီဒီချပ်များ ဖြန့်ဝေခဲ့သူ သုံးဦးကို သက်ဆိုင်ရာ မြို့နယ်တရားရုံးတွင် အမှုဖွင့်တရားစွဲဆိုထားကြောင်း မြောင်းမြမြို့နယ် NLD ပါတီ တာဝန်ရှိသူများက ပြောကြားသည်။

မိုးသည်းထန်စွာရွာပြီး တောင်ကျချောင်းရေကျဆင်းမှုနှင့် တံတားကျိုးကျမှုတို့ကြောင့် ၁၁ ဦးသေ၊ ၁၀ ဦးကျော် ပျောက်ဆုံး

ပြည်နယ်နှင့် တိုင်းဒေသ ကြီး ၁၀ ခုတွင် နေရာကွက်၍ မိုးကြီးနေပြီး မန္တလေးတိုင်း ဒေသကြီး သပိတ်ကျင်းမြို့နှင့် ရှမ်းပြည်နယ် သီပေါမြို့တို့တွင် ရေဘေးကြောင့် ဇူလိုင် ၂၅ ရက် တစ်နေ့တည်း လူ ၁၁ ဦးသေ ဆုံးပြီး အနည်းဆုံး ၁၀ ဦးကျော် ပျောက်ဆုံးနေကြောင်း သတင်းရ ရှိသည်။

ဇူလိုင် ၂၄ ရက် ညပိုင်းမှ ဇူ လိုင် ၂၅ ရက် အထိ မိုးသည်းထန် စွာ ရွာသွန်းမှုကြောင့် သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာ၊ ဒေါင်းဖုန်းကျေးရွာနှင့် တောင်လယ် ကျေးရွာတို့တွင် နေအိမ် ၁၁ လုံး တောင်ကျရေနှင့် မျောပါသွားပြီး လူခြောက်ဦးသေဆုံးကာ သုံးဦးပျောက်ဆုံးနေသည်။ ရှမ်းပြည်နယ် သီပေါမြို့တွင်လည်းပေ ၁၇၀ ခန့် ရှည်ပြီး သက်တမ်းနှစ် ၁၀၀ ခန့်ရှိ ကွန်ကရစ်တံတားတစ်စင်း ကျိုးကျကာ လူသုံးဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အမတ်လောင်းရွေးချယ်ရာတွင် မကျေနပ်မှုအချို့ ရှိသော်လည်း နိုင်ငံအကျိုးပြုနိုင်သူကိုသာ ရွေးချယ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ကိုယ်စားလှယ် လောင်းရွေးချယ်ရာတွင် မကျေ နပ်မှုအချို့ရှိနေသော်လည်း နိုင်ငံ အတွက် အကျိုးပြုနိုင်သည့် အ ရည်အချင်းရှိသူများကို ရွေးချယ် တာဝန်ပေးအပ်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

ယင်းပုဂ္ဂိုလ်များသည် ယခင် က နိုင်ငံရေးတွင် မပါဝင်ခဲ့သော် လည်း ၎င်းတို့၏ကျွမ်းကျင်မှုအရ နိုင်ငံကို အကျိုးပြုခြင်း၊ ဒီမိုကရေ စီအရေးကို ထိပါးစေရန် ပြုလုပ်ခဲ့ခြင်းမရှိခဲ့ပါက အဆိုပါပုဂ္ဂိုလ်များအား နိုင်ငံအတွက်အသုံးပြုရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မိုးများ၍ ရသားဆည် ရေထိန်းတံခါးပွင့်


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၌ ရသားကျေးရွာအနီး ခက်လုံချောင်းအား အမြင့်(၈)ပေခန့် အကျယ် ပေ(၂၀၀) ပိတ်၍ တစ်ဖက်ပိတ်ဆည် အဖြစ် ပြုလုပ်ထားသော ရသားဆည်၏ ရေထိန်း တံခါး မနေ့နံနက်(၁၁)နာရီ (၄၅)မိနစ်ခန့်က ပွင့်ထွက်သွားခဲ့ သည်။
ဓာတ်ပုံ - MOI
ဧရာဝတီ

ဒီချုပ်ကိုယ်စားလှယ်လောင်းများ၏ ပိုင်ဆိုင်မှု ၀န်ခံချက်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သိမ်းဆည်းထားမည်ဟုဆို

အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံထားရသူများ၏ ပိုင်ဆိုင်မှု ၀န်ခံချက်ကို ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင် သိမ်းဆည်းထားမည် ဖြစ် ကြောင်းသတင်းရရှိသည်။
ပါတီ ကိုယ်စားလှယ် လောင်းများအဖြစ် အဆိုပြုသူများ သည် မိမိတို့၏ မရွှေ့ပြောင်းနိုင် သောပစ္စည်းများနှင့် ရွှေ့ပြောင်း နိုင်သောပစ္စည်းများပိုင်ဆိုင်မှုစာ ရင်းကို ပေးပို့ရန်ညွှန်ကြားထားပြီး ယင်းသို့ပေးပို့သည့်အခါတွင် ပိုင် ဆိုင်မှုဝန်ခံချက်ပုံစံကို အိတ်တွင် ချိပ်ပိတ်ပြီး ဥက္ကဋ္ဌ၊ ဗဟိုအလုပ် အမှုဆောင်အဖွဲ့၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သို့ လိပ်စာတပ်၍ ပေးပို့ကြရန်ဖြစ်ကြောင်းဇူလိုင် ၂၃ရက်စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်သော ကြေညာချက်၌ ပါရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရသူများ၏ ပိုင်ဆိုင်မှုဝန်ခံချက်ကို အိတ်ဖွင့်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌကိုယ်တိုင် သိမ်းဆည်းထားမည် ဖြစ်သည်ဟု ယင်းကြေညာချက် တွင်ဖော်ပြထားသည်။

Friday, July 24, 2015

ယခုနှစ် နှစ်ဝက်ကာလတွင်ပင် အီရန်က လူပေါင်း ၇၀၀နီးပါး ကိုသေဒဏ်ဖြင့် ကွပ်မျက်ခဲ့


နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးမှ ထုတ်ပြန်လိုက်သည့် အစီရင်ခံစာအရ ၂၀၁၅ခုနှစ်၏ ပထမနှစ်ဝက်ကာလတွင်ပင် အီရန်က လူပေါင်း ၆၉၄ယောက်ကို ကွပ်မျက်သုတ်သင်ခဲ့သောကြောင့် နိုင်ငံ၏ သေဒဏ်အသုံးပြုမှု သမိုင်းကြောင်းတွင် မကြုံစဖူး မြင့်တက်မှုပင်ဖြစ်သည်ဟု ဆိုသည်။

ယခုနှစ် ယခုအချိန်အထိ လူပေါင်း ၇၀၀နီးပါးကို ကွပ်မျက်လိုက်သည့်အတွက် အီရန်မှာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက အစီရင်ခံခဲ့သည့် ယမန်နှစ်က ကမ္ဘာနှင့်အ၀န်း သေဒဏ်ဖြင့် သုတ်သင်ခံရသည့်အရေအတွက် ၇၄၃ယောက် ကိုကျော်လွန် သွားတော့မည့် လမ်းကြောင်းပေါ်တွင် ရှိနေသည်။

ပေါင်ချိန် ခေါ် လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ရွေးကောက်ပွဲဝင်မည်

သမာသမတ်ကျပြီး ပေါင်ချိန်ကဲ့သို့ အရည်အချင်းရှိခြင်းကြောင့် လာမည့်ရွေးကောက်ပွဲတွင် ထပ်ပြိုင်ဦးမည်ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကြေညာလိုက်သည်။

လာမည့် ရွေးကောက်ပွဲတွင် လက်ရှိ မဲဆန္ဒနယ်ဖြစ်သော မန္တလေးတိုင်း၊ ပျော်ဘွယ်နှင့် ရမည်းသင်းမြို့နယ် ကိုယ်စားပြုကာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ထပ်မံယှဉ်ပြိုင်မည်ဟု ဇူလိုင် ၂၄ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီး ဦးခင်အောင်မြင့်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

"ကျွန်တော့ကို ထောက်ခံမဲပေးခြင်း၊ မပေးခြင်းကိစ္စအတွက် ဘာမှ မပြောလိုပါဘူး။ မဲဆန္ဒရှင်ပြည်သူများရဲ့ အမြောက်အမြင်ကြီးမားတဲ့ဆုံးဖြတ်ချက်ကို ကျေနပ်စွာ ခံယူသွားမည်ဖြစ်ပါကြောင်း ပြောကြားအပ်ပါတယ်” ဟု ဦးခင်အောင်မြင့်က ပြောသည်။

Thursday, July 23, 2015

မြစ်ကြီးနားတရားရုံးတွင် သစ်ခိုးမှုစီရင်ခြင်း၊ သစ်ခိုးထုတ်သော တရုတ်နိုင်ငံသား ၁၅၃ ဦးကို တစ်သက်တစ်ကျွန်း၊ နှစ်ဦးကို ထောင်ဒဏ် ၁၀ နှစ်စီချမှတ်သော်လည်း အယူခံဝင်နိုင်

မြစ်ကြီးနားမြို့တရားရုံးအနီးတွင် ယူနီဖောင်းအပြည့်အစုံ ၀တ်ဆင် ထားသည့် ရဲတပ်ဖွဲ့ဝင်များက ယခုလအတွင်း ခါတိုင်းထက်ပို၍ လုံခြုံရေးတာဝန်ယူထားသည်။ ရဲ တပ်ဖွဲ့ဝင် ၄၀ ဦးခန့် လုံခြုံရေး ယူထားသော မြစ်ကြီးနားမြို့ တရားရုံးသို့ လူဦးရေ ၁၀၀ ခန့် ဆံ့သည့် ဆယ့်နှစ်ဘီးကားနှစ်စီး ရှေ့ဆင့်နောက်ဆင့် ထိုးဆိုက် လာသည်။

ထို့နောက် ကားပေါ်မှ သူ့ ထက်ငါအလုအယက် ဆင်းလာ ကြသော တရုတ်နိုင်ငံသားများကို ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး အပြည့်ဖြင့် တရားရုံးသို့ ခေါ် ဆောင်လာသည်။ အဆိုပါတရုတ် နိုင်ငံသားများသည် ဇန်န၀ါရီ ၅ ရက်က ၀ိုင်းမော်မြို့နယ် သစ်တောများ တွင် တရားမ၀င် သစ်ခိုးမှုဖြင့် အစိုးရက တရားလိုပြုတရားစွဲဆို ထားသူများဖြစ်ပြီး ခုနစ်လခန့် စစ်ဆေးခဲ့သည့် သစ်ခိုးမှုကို အ မိန့်ချမှတ်မည့်နေ့ ဖြစ်သည်။ပြည်သူအများအပြား စိတ်ဝင်စားခဲ့သည့်အမှုဖြစ်သောကြောင့် ရဲတပ်ဖွဲ့ဝင်အများအပြား လုံခြုံရေးယူခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝင်အချို့က ပြောသည်။

အီဂျစ်နိုင်ငံ၊ နိုင်းလ်မြစ်အတွင်း ရေယာဉ်နှစ်စီး တိုက်မိပြီး လူ ၁၉ ဦးထက်မနည်း သေဆုံး

နိုင်းလ်မြစ်အတွင်း ရေယာဉ်နှစ်စီး တိုက်မိမှုကြောင့် အနည်းဆုံး လူ ၁၉ ဦး ရေနစ် သေဆုံးခဲ့ကြောင်း အီဂျစ် အာဏာပိုင်များက ကြေညာခဲ့သည်။
ဇူလိုင် ၂၂ ရက် ညပိုင်းက ကိုင်ရိုမြို့တော်အနီး ဝါရက် ဧရိယာအနီး နိုင်းလ်မြစ်လယ်တွင် ကူးတို့ယာဉ် တစ်စီးက ကုန်တင်ရေယာဉ် တစ်စီးကို ဝင်တိုက်မိခဲ့ခြင်းဟု သိရသည်။ အဆိုပါ ဖြစ်ရပ်တွင် ကူးတို့ရေယာဉ် နစ်မြုပ်ပြီး လူအများအပြား သေဆုံးခဲ့ခြင်း ဖြစ်သည်။
ပြည်ထဲရေး ဝန်ကြီးဌာနက အနည်းဆုံး လူ ၁၉ ဦး သေဆုံးပြီး ၆ ဦးမျှ ဒဏ်ရာများ ရရှိခဲ့ကြောင်း ကြေညာခဲ့ပြီး နောက်ထပ် အသေအပျောက်စာရင်း ရှိမရှိ စစ်ဆေး စုံစမ်းနေကြောင်း ဆိုသည်။ ရေယာဉ်နှစ်စီး ပြင်းပြင်းထန်ထန် တိုက်မိပြီးနောက် ကူးတို့ယာဉ်သည် ဆိုးဆိုးရွားရွား ပျက်စီးကာ နစ်မြုပ်သွားခြင်း ဖြစ်သည်။

နှစ် ၃၀ မျှ လျှို့ဝှက်ထားသည့် ရွေ့လျားဒုံးကျည် စနစ်ကို အစ္စရေးစစ်တပ် ထုတ်ဖော်ပြသ


နှစ်ပေါင်း ၃၀ မျှ လျှို့ဝှက်အဆင့် သတ်မှတ်ခဲ့သည့် ရွေ့လျားဒုံးကျည်စနစ်တစ်ခု၏ သရုပ်မှန်ကို အစ္စရေးစစ်တပ်က အများပြည်သူထံ ဖွင့်ချပြလိုက်ကြောင်း သိရှိရသည်။
အစ္စရေးစစ်တပ်က Perehဟု ခေါ်ဝေါ်သည့် လက်နက်မှာ ရွေ့လျားနိုင်သည့် ဖျက်အားပြင်း ဒုံးကျည်စနစ်တစ်ခုဖြစ်သည်။ ယင်းလက်နက်သည် တင့်ကားများကို ချေမှုန်းရာတွင် အလွန်ထက်မြက်သည့် စွမ်းဆောင်ရည်မျိုး ရှိသည်။

မွေးရေကျေးလက်ဝန်ကြီးဌာနသို့ အကြွေး ဆပ်ရမည့်စာရင်းတွင် ၀န်ကြီးဟောင်း ဦးမောင်မောင်သိမ်း၏သားပါဝင်

မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးဝန်ကြီးဌာနသို့ အကြွေးမပေး နိုင်သဖြင့် တရားစွဲဆိုခံရသူ ၁ဝ ဦးတွင် ၀န်ကြီးဟောင်းဦးမောင် မောင်သိမ်း၏သားဖြစ်သူ ပါဝင်နေပြီး ပေးဆပ်ရန်ကျပ်ငွေ ၁၁ ဘီလီယံကျော် ကျန်ရှိနေသေးကြောင်း သတင်းရရှိသည်။
ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ အစီရင်ခံစာကို ဆွေး နွေးရာတွင် ယင်းဝန်ကြီးဌာနသည် နိုင်ငံတော်သို့ပေးသွင်းရန် ကျန်ရှိ နေသည့်ငွေမှာ ကျပ်၃၁,၇၉၃ သန်းဖြစ်၍ နိုင်ငံတော်သို့ အများ ဆုံးပေးသွင်းရန်ကျန်ရှိသည့် ၀န် ကြီးဌာနတစ်ခုဖြစ်ကြောင်း နိုင်ငံ ပိုင်သတင်းစာများ၌ ဇူလိုင် ၂၂ ရက်ကဖော်ပြထားသည်။
ဝန်ကြီးဌာနသို့ ပေးသွင်းရန် ကြွေးကျန်များအနက် ၀န်ကြီး ဟောင်းဦးမောင်မောင်သိမ်း ၀န် ကြီးဖြစ်ချိန်တွင် ၎င်း၏သား ဦး မင်းသိမ်းကချေးယူခဲ့ပြီး ပေးဆပ် ရန်ကြွေးကျန် အားလုံး၏ထက် ၀က်ခန့်ရှိနေသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန် ကြီးဌာနသည် ဘဏ္ဍာရေးစည်း မျဉ်းများနှင့်ညီညွတ်မှုမရှိသည့် ငွေကြေးသုံးစွဲမှုများရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြည်ထောင်စု လွှတ်တော်သို့ ဇူလိုင် ၁၆ ရက် တွင် ပြောကြားခဲ့သည်။

"သိပ်လည်း အိုဗာတင်း မဖြစ်ကြပါနဲ့ မိတ်ဆွေတို့"

ပြည်တွင်းမှာ နေနေတဲ့ ဒီမိုဆို သူတော် တော်များများကဒေါ်စုလို ငြိမ်းချမ်းရေး နိုဘယ်ဆုလို လူမျိုးဟာ ကမ္ဘာမှာ မြန်မာမှာပဲ ရှိနေတယ် ထင်နေကြတယ်။ ဘာကြောင့်ဆိုတော့ သူတို့ဟာ ငြိမ်းချမ်း ရေးနိုဘယ်ဆိုတာ ကြီးကိုယူရမှာရှက်လို့ ငြင်းခဲ့ကြတဲ့ ပထမဆုံး အရှေ့တောင် အာရှ ရဲ့ နိုဘယ်ဆုရှင် ဗီယက်နမ် နိုင်ငံသား လီဒတ်တို (Le Duc Tho:1973) အ ကြောင်းမသိကြရှာဘူး။နိုဘယ်ဆုယူပြီး မိမိရဲ့နောင်တော်တွေ တည်ထောင်ခဲ့တဲ့ အင်အားလွန်နိုင်ငံကြီး ကိုဖြိုခွဲလိုက်တဲ့ ဆိုဗီယက်သမတ မီခေး ဂေါ်ဗာချော့ကြီး အကြောင်းနားမလည်ရှာဘူး။နိုဗယ်ဆိုတာနဲ့ တကမ္ဘာလုံး တက်မက်မယ်ထင်နေတဲ့ သူတွေခဗျာ နိုဗယ်ကို ငြင်းဆန်ခဲ့သူ ခြောက် ဦးရဲ့ သမိုင်းကြောင်းကို လေ့လာသိရှိမှု မရှိ ရှာဘူး။ (Boris Pasternak(1958) ,Jean-Paul Sartre(1964), Le Duc Tho(1973), Richard Kuhn, Adolf Butenandt and Gerhard Domagk)

ငမိုးရိပ်တံတား (မင်္ဂလာတောင်ညွန့်) အား ဇူလိုင် ၂၆ ရက်မှ စတင်ဖြတ်သန်း ခွင့်ပြုမည်

ရန်ကုန်မြို့ ငမိုးရိပ်တံတား (မင်္ဂလာတောင်ညွန့်) အား ဇူလိုင် ၂၆ ရက်မှ စတင်ဖြတ်သန်းခွင့်ပြုမည်ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်း/တံတား) မှ ထုတ်ပြန်ထာားသည်။
အဆိုပါတံတားကို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှည် ၄၀၅ မီတာ၊ အကျယ် ၁၁ ဒသမ ၅ မီတာ၊ယာဉ်သွားလမ်းအကျယ် ၁၁ ဒသမ ၅ မီတာ၊ လူသွားလမ်းနှစ်ဖက်ရှိပြီး တစ်ဖက်လျှင် ၁ ဒသမ ၇၅ မီတာ၊ရေလမ်း ကင်းလွတ်တံတားအမြင့် ၁၆ ပေ ၅ လက်မ၊ တံတားခံနိုင်ဝန် ခွင့်ပြုတန် ၇၅ တန်ရှိပြီး အသွား/အပြန် နှစ်လမ်းသွားဖြစ်သည့် အဆိုပါ တံတားတည်ဆောက်ရေးအတွက် ခန့်မှန်းကုန်ကျငွေသည်  ကျပ် ၆ဒသမ ၁၅၃ ဘီလျံရှိသည်။

မြန်မာ့မီးရထား၏ ရထားစက်ခေါင်းများအနက် ထက်ဝက်ခန့်မှာ သက်တမ်းလွန်နေ

မြန်မာ့မီးရထား၏ လက်ရှိအသုံးပြုနေသော ရထားစက်ခေါင်းများအနက် ထက်ဝက်ခန့်မှာ သက်တမ်းလွန်နေပြီ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရထားစက်ခေါင်း ၃၇၇ တွဲရှိပြီး ယင်းမှ သက်တမ်းလွန်များကို ပြည်ပမှ စက်ခေါင်း အသစ်များဖြင့် အစားထိုးရန် စီစဉ်နေသည်ဟု မြန်မာ့မီးရထား စက်မှုနှင့် လျှပ်စစ်ဌာန အထွေထွေ မန်နေဂျာ ဦးဝင်းဦးက ပြောသည်။
သက်တမ်းလွန်နေသည်ဟု ဆိုသော်လည်း သုံးစွဲ၍ အဆင်ပြေစေရန် ပြုပြင်ထားသည်ဟု လည်းဆိုသည်။

Wednesday, July 22, 2015

တရုတ်၏ အယုံကြည်လွန်၍ အဓမ္မဆန်သော အပြုအမူများကို ဂျပန်သတိပေး


အရှေ့တရုတ်ပင်လယ်တွင် တရုတ်၏ အယုံကြည်လွန်ပြီး အဓမ္မဆန်သော အပြုအမူများသည် ဂျပန်၏ လုံခြုံရေးအတွက် ကြီးမားသောခြိမ်းခြောက်မှုများတွင် ပါဝင်နေသည်ဟု ဂျပန်က ပြောကြားလိုက်သည်။ ဂျပန်၏ စစ်ရေးကဏ္ဍကို ချဲ့ထွင်ရန် ရည်ရွယ်သော အငြင်းပွားဖွယ် ဆောင်ရွက်ချက်များစွာကို ဂျပန်ဝန်ကြီးချုပ်က လုပ်ဆောင်နေစဉ် ယင်းသို့သတိပေး လိုက်ခြင်းဖြစ်သည်။ဇူလိုင် ၂၁က ထုတ်ပြန်ခဲ့သော နှစ်စဉ်ကာကွယ်ရေးသုံးသပ်ချက်တွင် တရုတ်က အရှေ့တရုတ်ပင်လယ်တွင် ရေနံနှင့် သဘာဝ ဓါတ်ငွေ့သိုက်များရှာဖွေမှုနှင့် ဂျပန်ကထိန်းချုပ်ထားသော ကျွန်းများအနီး တရုတ်ကစစ်ရေးတည်ရှိမှုမြင့်တင်နေမှုအပေါ် ဂျပန်ကာ ကွယ်ရေးဝန်ကြီးဋ္ဌာနက တရုတ်ကို ပြင်းထန်စွာဝေဖန်ခဲ့သည်။

FUP က ရန်ကုန်တိုင်းရှိပြည်ထောင်စု မဲဆန္ဒနယ်များကို အဓိထား ယှဉ်ပြိုင်မည်

ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) က ရန်ကုန်တိုင်းအတွင်းရှိ ပြည်ထောင်စု မဲဆန္ဒနယ် များဖြစ်သည့် အမျိုးသားနှင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များကို အဓိကထားယှဉ်ပြိုင်မည်ဟု ပါတီဒုဥက္ကဌ ၂ ဦးစောသန်းမြင့်က မဇ္ဈိမကို ပြောသည်။

၎င်းက"ရန်ကုန်ကိုအဓိထားပြိုင်မယ်၊ မြို့တွင်း ၁၅မြို့နယ်က ပြည်သူ့၊ အမျိုးသား လွှတ်တော်တွေ ကိုဝင်မယ်။ လှိုင်သာယာ ၊ရွှေပြည်သာတော့ မပါသေးဘူး။ ဧရာဝတီ၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ မွန်နဲ့ ရှမ်းကတော့ နည်းနည်းပဲပြိုင်ဖို့လျာထားတယ်" ဟု ဆိုသည်။
FUP ပါတီသည် တိုင်းရင်းသားပါတီ၂၀ကျော်မှ ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းကာ ရန်ကုန် အပါအ၀င် တိုင်းဒေသကြီး အများစုကို အဓိကထားဝင်ရောက်ရန် လျာထားခြင်းလည်းဖြစ်သည်။

တရုတ်၏ တန်ဘိုးနည်းလေကြောင်းလိုင်း Spring Airlines က ဒေါ်လာ နှစ်ဘီလျံကျော်တန်ဘိုးရှိ အဲဘတ်စ်လေယာဉ် ၂၁ စင်းဝယ်ယူမည်

ပြည်တွင်းပြည်ပလေကြောင်းခရီးသွားလာမှု မြင့်မားလာသည့်အတွက် တရုတ်၏ တန်ဘိုးနည်းလေကြောင်းလိုင်း Spring Airlines သည် ယွမ် ၁၂ဒသမ၄၅ဘီလျံ(ဒေါ်လာ ၂ဒသမ၀၄ဘီလျံ) တန်ဘိုးရှိ အဲဘတ်စ် A320 လေယာဉ် ၂၁ စင်းဝယ်ယူရန် စီစဉ်ထားသည်ဟု ယင်းလေကြောင်းလိုင်းက ပြောကြားခဲ့သည်။
ထိုင်ခုံများကြား လူသွားလမ်းတစ်ခုပါ A320 လေယာဉ်၏ လက်လီဈေးမှာ ဒေါ်လာ ၉၇ သန်းရှိသည်ဟု အဲဘတ်စ်က ပြောသည်။
တရုတ်၏ ပြည်တွင်းနိုင်ငံတကာ လေကြောင်းခရီးသွားလာမှုမှာ မှန်မှန်ကြီးထွားနေသည်ဟု Spring က ကြေညာချက်တစ်ခု တွင်ဖော်ပြခဲ့သည်။
ကုမ္ပဏီသည် ၄င်း၏ လေကြောင်းသယ်ယူပို့ဆောင်မှုစွမ်းရည်မြင့်မားလာရန် လေယာဉ်စီးရေကို တိုးချဲ့ရန်ရည်ရွယ်သည်ဟု လည်းဖော်ပြသည်။

ကော်မရှင်၊ ပါတီ၊ ထွေအုပ်တို့ပါသည့် မဲဆွယ်စည်းရုံးမှု ကြီးကြပ်ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ဖြင့် အငြင်းပွားမှုများ ဖြေရှင်းမည်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း ဝင်များ ပါဝင်သည့် မဲဆွယ်စည်းရုံးမှု ကြီးကြပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းကာ စည်းရုံးရေးကာလ အငြင်းပွားမှုများကို ဖြေရှင်းမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးညွှန့်တင်က မဇ္ဈိမကိုပြောသည်။

၎င်းက "ပြိုင်ဆိုင်မှု ပြင်းထန်လာရင် ပြဿနာတွေပေါ်လာနိုင်တယ်။ ဒါတွေကိုငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ ကော်မတီဖွဲ့တာ အဲဒီမှာပြီးအောင်ရှင်းပေါ့၊ မပြီးရင်တော့ သက်ဆိုင်ရာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ ဆက်လုပ် ချင်ရင်လည်း ဆက်လုပ်လို့ရတယ်။ အဲဒီအဆင့်ကို မရောက်ခင်ပြီးပြတ် အောင်အဓိက ရည်ရွယ်တယ်" ဟု ဆိုသည်။

မဲဆွယ်စည်းရုံးရေး ကြီးကြပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရေးကို နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ဇူလိုင်လ ၂၁ရက်၊ ရန်ကုန်မြို့ PARK ROYAL ဟိုတယ်တွင်တွေ့ဆုံရာတွင် သဘောတူညီခဲ့ခြင်းလည်းဖြစ်သည်။ ယင်းတွေ့ဆုံမှုသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စတင်ဖွဲ့စည်း ခဲ့သည့် ၂၀၁၂ခုနှစ် သြဂုတ်လမှစတင်ကာ ခုနစ်ကြိမ်မြောက်တွေ့ဆုံမှုလည်းဖြစ်သည်။

မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်သို့ ကိုယ်စားလှယ်လောင်း တင်သွင်းသည့် ပုံစံများ လာရောက်ထုတ်ယူမှု မရှိသေး

၂၀၁၅ ရွေးကောက်ပွဲ ၀င်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဇူလိုင် ၂၀ ရက်က စတင် တင်သွင်းနိုင်ပြီ ဖြစ်သော်လည်း မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်သို့ ဇူလိုင် ၂၁ ရက် ညနေပိုင်း အထိ မည်သည့်ပါတီမှ ပုံစံ လာရောက် ထုတ်ယူခြင်း မရှိဟု တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။
၎င်းက “ဒီနေ့အထိ ပုံစံတောင် လာမထုတ်ကြသေးဘူး။ ဒီတစ်ရက်နှစ်ရက်အတွင်းတော့ တင်ကြဦး မယ်မထင်ပါဘူး။ ပုံစံလာယူပြီးရင်လည်း စပေါ်တင်တာတွေ လုပ်ရပါဦးမယ်။ ပါတီတွေ အနေတော့ ကိုယ်စားလှယ်လောင်း တင်တာတွေကို စုပြုံပြီးတော့ တက်လာကြလိမ့်ထင်တယ်။"ဟု ပြောသည်။