Wednesday, November 25, 2015

တပ်မတော်နှင့် SSPP/SSA တို့ ငါးရက်အတွင်း စစ်ရှိန်လျော့ဖို့ နှစ်ဘက်သဘောတူ

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) တို့ လက်ရှိ ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကို လျော့ချ ရပ်ဆိုင်းရေးကို ဦးတည်ဆောင်ရွက်ရ အပါအဝင် အချက် ၆ ချက်ကို မူအားဖြင့် သဘောတူညီခဲ့ကြသည်ဟု မဇ္ဈိမက ရရှိထားသည့် ဆွေးနွေးမှု မှတ်တမ်းတွင် ဖေါ်ပြသည်။

နိုဝင်ဘာလ ၂၄ ရက် နေ့စွဲဖြင့် နှစ်ဖက် ခေါင်းဆောင်များ လက်မှတ်ရေးထိုးထားသည့် အစည်းအဝေး မှတ်တမ်းတွင် SSPP/SSA အနေဖြင့် မိုင်းနောင်၊ မိုင်းရှူး ကားလမ်းမြောက်ဘက်ခြမ်းတွင် ရွေ့ပြောင်း နေထိုင်ရန်နှင့် မိုင်းနောင်-မိုင်းရှူး ကားလမ်း တောင်ဘက်ခြမ်းရှိ ထိပ်တိုက်ရင်ဆိုင်နေသော တပ်မတော် စစ်ကြောင်းများကိုလည်း ရွှေ့ပြောင်းနေရာချထားရန်၊ မိုင်းနောင်တွင် SSPP/SSA ဆက်ဆံရေးရုံး ဖွင့်လှစ်၍ နှစ်ဖက် ပဋိပက္ခများနှင့် လိုအပ်သော အုပ်ချုပ်ပှုဆိုင်ရာကို ညှိနှိုင်း ဖြေရှင်းသွားရန်တို့ကို သဘောတူညီမှု ရရှိခဲ့သည်။

အလယ်အလတ်တန်း အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးကိုဖွင့်လှစ်နိုင်ရန် စီစဉ်

တိုင်းပြည်၏ အနာဂတ်ကာလ၌ အစိုးရ၏ အသုံးစားရိတ်များကို နိုင်ငံတော်မှ ကောက်ခံရရှိသည့် အခွန်ငွေအပေါ်တွင် ရပ်တည်ဆောင်ရွက်ကြရ မည်ဖြစ်သည့်အတွက် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှု ခြေလှမ်းအဖြစ် အလယ်လတ်တန်းအခွန်ထမ်းများဆိုင်ရာ အခွန်ရုံးကိုဖွင့်လှစ်ရန်စီစဉ်နေကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးပြည်ထောင်စုဝန်ကြီး ဦးဝင်ရှိန် ကပြောသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျင့်သုံးနေသည့်တိုက်ရိုက်အခွန်ကောက်ခံသည့် စနစ်မှသွယ်ဝိုက်အခွန်ကောက်ခံသည့် စနစ်ကိုကူးပြောင်းရန် အနည်းဆုံးအခွန်းနှုန်းထားများဖြင့် အခွန်အခြေခံချဲ့ထွင်၍ အခွန် ထမ်းများမှ ကိုယ်တိုင် အခွန်ပေးဆောင် စည်းကြပ်သည့်စနစ်ကို ကူးပြောင်းရန်ပြုပြင်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဘဏ္ဍာရေးဝန်ကြီးဌာန၏ ယခုနှစ်ဘဏ္ဍာနှစ် ပထမ ၆ လပတ် အခွန်ရရှိမှုကို နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ရှင်းလင်းရင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

ဗဟိုဘဏ်မှအထိမ်းအမှတ် ငွေဒင်္ဂါးပြားထုတ်သည်အပေါ် ပြန်သုံးသပ်ရန် လွှတ်တော်တွင် အစီအရင်ခံ

 ပြည်ထောင်စုလွှတ်တော်၏ ပြည်သူ့ငွေစာရင်းပူးပေါင်းမှုကော်မတီက မြန်မာနိုင်ငံဗဟိုဘဏ်မှ အထိမ်းအမှတ်ငွေဒင်္ဂါးပြားထုတ်ခြင်းသည် ဥပဒေနှင့်ညီညွှတ်မှု ရှိမရှိ သုံးသပ် ရမည့်အချက်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ အစီအရင်ခံခဲ့သည်။

“ ဗဟိုဘဏ်က ဒင်္ဂါထုတ်ခွင့်ရှိသော်လည်းပဲ ဒီဗဟိုဘဏ်၏ ဥပဒေအဆိုရင်တော့ တရားဝင် လည်ပတ်တဲ့ငွေတွေ ကိုပဲ ထုတ်ခွင့်ရှိတယ်ဆိုတဲ့သဘောမျိုးဥပဒေမှာ ရေးထားတာကိုတွေ့ရပါတယ်၊ဒီအထိမ်း အမှတ်ဒင်္ဂါးပြားတွေထုတ်တယ် ဆိုတဲ့ဥစ္စာဟာ ကျွန်တော်တို့ ဥပဒေနှင့်ညီညွှတ်ရဲ့လား၊တရားဝင်သုံးလို့ရတဲ့ ငွေကိုပဲ ထုတ်ခွင့်ရှိသလား အထိမ်းအမှတ်ကိုလည်း ဗဟိုဘဏ်အနေနှင့်ထုတ်လို့ရသလား ဆိုတာဟာ သုံးသပ်ရမယ့်အချက်ဖြစ်တယ်ဆိုတဲ့ ဒီဟာလေးတစ်ခုကို ကျွန်တော်တို့ တွေ့ရှိရပါတယ် “ ဟုပြည်သူ ငွေစာရင်းပူးပေါင်းမှုကော်မတီမှ နိုဝင်ဘာလ(၂၄)ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အစီအရင်ခဲ့သည်။

ပြည်ခိုင်ဖြိုးအမတ်တစ်ဦး နိုင်ရာမှ ပြန်လည်ရှုံးနိမ့်

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) ၏ မဲစာရင်းများ ရေတွက် အပြီး နိုဝင်ဘာ ၁၂ ရက်နေ့ ကြေညာချက်အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းဆာလူက အနိုင်ရရှိခဲ့ပြီး အဆင့်ဆင့် တိုင်ကြားမှုအရ တအာင်း(ပလောင်) အမျိုးသားပါတီမှ အနိုင်ရရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၂၄ ရက်နေ့တွင် ထပ်မံကြေညာခဲ့သည်။

ရေတွက်ရန် မဲရုံများ ကျန်နေသေးကြောင်း မြို့နယ်၊ ခရိုင်၊ ပြည်ထောင်စုအဆင့်ဆင့်သို့ တိုင်ကြားခဲ့ သောကြောင့် ကျန်ရှိနေသည့် နမ့်ဆန်မြို့နယ်အတွင်းရှိ မဲရုံ ၅ ရုံအား ပြန်လည်ရေတွက်မှုအရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တအာင်း(ပလောင်) အမျိုးသားပါတီမှ ဦးညီစိန်အား အနိုင်ပေးခဲ့၍ ပြည်ခိုင်ဖြိုးပါတီမှာ နိုင်ရာမှရှုံးသွားသည်ဟု တအာင်း(ပလောင်) အမျိုးသားပါတီ ရုံးချုပ်က ပြောကြားသည်။

လူထုအခွင့်အရေး အာမခံချက် မရှိသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ ပြင်ပေးရန်ပြော

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပက်သက်ပြီး လူထုအခွင့်အရေး အာမခံချက်မရှိသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားနေသည့် အဖွဲ့အစည်း ၃ခုက အကြံပြု ပြောဆိုလိုက်သည်။

နိုဝင်ဘာ ၂၅ရက်၊ လသာမြို့နယ် အနော်ရထာလမ်းပေါ်ရှိ Best Western China Town ဟိုတယ်တွင် ပြုလုပ်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေအပေါ် ရှုထောင့် ပေါင်းစုံမှ သုံးသပ်ခြင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခြင်းဖြစ်သည်။

ရုရှားက S - 400 ဒုံးကျည်ကာကွယ်ရေးစနစ်များကို ဆီးရီးယားတွင် ချထားမည်

ရုရှားသည် ၄င်း၏ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဆီးရီးယားတွင် ချထားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။ S-400 လေယာဉ် ပစ်ဒုံးကျည်စနစ်များကို မှေးမင်လေတပ်အခြေစိုက်စခန်းတွင် ချထားမည်ဖြစ်ကြောင်း ဆာဂေးရှိုအီဂူက နိုဝင်ဘာ ၂၅ တွင်ပြောကြားသည်။

ယင်းသို့ပြောကြားမှုက ဆီးရီးယားအနောက်ပိုင်းရှိ လာတာ ကီယာဆိပ်ကမ်းမြို့အပြင်ဘက်ရှိ ရုရှားလေတပ်အခြေစိုက်စခန်းတွင် ချမည်ဟု ရည်ညွှန်းခြင်းဖြစ်သည်။

NLD အနိုင်ရ အမတ်နှင့် အောင်နိုင်ရေး တာဝန်ခံကို စွပ်စွဲရေးသားသည်ဆိုကာ ဒေါ်ညိုညိုသင်း အမှုဖွင့်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းမြင့်နှင့် ရွေးကောက်ပွဲ အောင်နိုင်ရေး အထူးတာဝန်ခံ ဦးစိုးညွန့်တို့ လက်ရှိ ရန်ကုန်တိုင်း လွှတ်တော်အမတ် ဒေါ်ညိုညို သင်းကို စွပ်စွဲရေးသားသည်ဆိုကာ အမှုဖွင့်ထားသည်ကို ဖြေရှင်းတောင်းပန်မှ အမှုကို ရုတ်သိမ်းပေးနိုင်မည်ဟု ဒေါ်ညိုညိုသင်းကဆိုသည်။

နိုဝင်ဘာ ရွေးကောက်ပွဲတွင် ဗဟိန်းမြို့နယ်မှ တသီးပုဂ္ဂလအမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်ညိုညိုသင်းက ဗဟန်းရဲစခန်းတွင် ဦးစိုးညွန့်နှင့် ဦးထွန်းမြင့်တို့အပေါ် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈(ဃ)ဖြင့် အမှုဖွင့်ထားမှုနှင့် ပက်သက်ပြီး ဆက်သွယ်မေးမြန်းရာတွင် ပြောခြင်းဖြစ်သည်။

လူနည်းစု အခွင့်အရေး လှုပ်ရှားနေသူ ဝေေ၀နု

မြန်မာနိုင်ငံမှာမွေး၊ မြန်မာနိုင်ငံမှာ ကြီးပြင်းခဲ့ကြသူများဖြစ်သည့် မိခင်ဖခင် အပါအ၀င် မိသားစုဝင်များကို လူမျိုးရေး ခွဲခြား ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများကို ကိုယ်တိုင်ပါဝင်ခံစားခဲ့ရပြီး ထိုအပြုအမူများက သူမကို ထိုးနှက်မှုတခု ဖြစ်စေခဲ့သည်ဟု မဝေေ၀နုက ပြောသည်။

ဖိနှိပ်မှုတခုကို ထပ်မံပြီး ပြောရမည်ဆိုပါက အလုပ်သမား အခွင့်အရေးများကို တစိုက်မတ်မတ် အားပေးကူညီနေသည့် ဖခင်ရှေ့နေ ဦးကျော်မင်းကို နိုင်ငံသား မှတ်ပုံတင်ကတ် တရားမ၀င် ပြုလုပ်သည်ဆိုကာ ဖခင်ကြီးဦးကျော်မင်း အပါအ၀င် တမိသားစုလုံး ဖမ်းဆီး ထောင်ချခြင်း ခံခဲ့ရသည်။

Monday, November 23, 2015

မဲဆွယ်ခဲ့သည်ဟု ဆိုကာ ဒီချုပ်ပါတီဝင်များ မဲရုံဝန်ထမ်းများကို ပြည်ခိုင်ဖြိုးကိုယ်စားလှယ်အမှုဖွင့်

မဲရုံအတွင်းနှင့် မဲရုံ ပရိဝုဏ်ကိုက်ငါးရာအတွင်း မဲ ဆွယ်ခဲ့သည်ဟု ဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်နှင့် မဲရုံမှူးအပါအ၀င် မဲရုံဝန်ထမ်းများကို ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်က အမှုဖွင့်တိုင်ကြားခဲ့သည်။

‘‘ရဲစခန်းမှာ အမှုဖွင့်မှာက ၁၁ မှုရှိတယ်။ ၀န်ကြီးဌာနတွေကို တင်ပြမှာက သုံးမှု၊ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်အထိ တင်မှာက ငါးမှုရှိတယ်။ နိုဝင်ဘာ လ ၂၂ ရက်အတွင်းမှာ အပြီးလုပ် မယ်’’ဟု ပြည်ခိုင်ဖြိုးပါတီမှ အောင်လံမြို့နယ် တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဆွေက ပြောသည်။

နိုဝင်ဘာ ၁၉ ရက် ညနေက အောင်လံမြို့မရဲစခန်းသို့ လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင် လာရောက်အမှုဖွင့်ခဲ့ကြောင်း ရဲ အရာရှိတစ်ဦးက ပြောသည်။

မြို့မရဲစခန်းတွင် အမှု ၁၀ မှု ဖွင့်ခဲ့ပြီး မဲရုံမှူး၊ မဲရုံ၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ၀န်ထမ်းခုနစ်ဦးနှင့် ဒီချုပ်ပါတီဝင် ၂၀ ကျော်အထိ ပါဝင်နေကြောင်း ရဲအရာရှိက ဆိုသည်။

အများစုသည် မဲရုံအတွင်း နှင့် မဲရုံပရိဝုဏ်ကိုက်ငါးရာအ တွင်း မဲဆွယ်သည်ဟု ဆိုကာ အမှုဖွင့်တိုင်ကြားခံရခြင်းဖြစ်ပြီး မဲရုံဝန်ထမ်းများက နှိပ်ရမည့်အကွက်ကို လက်ထောက်ပြခြင်း၊ မည်သူ့အား မဲပေးရန် ပြောဆိုခြင်း၊ ကိုယ်စားမဲလာထည့်ခြင်းနှင့် ဘက်လိုက်ဆောင်ရွက်ခြင်းစသည့် အချက် များဖြင့် စွပ်စွဲတိုင်ကြားခြင်းဖြစ် ကြောင်း သိရသည်။

ဖားကန့်မြေစာပုံပြိုကျမှု သေဆုံးသူ ၁၀၀ ကျော်ရှိလာ

ဖားကန့် စွန့်ပစ်မြေစာပုံ ပြိုကျမှုတွင် သေဆုံးသူအရေအ တွက် တိုးလာနေပြီး စုစုပေါင်း ၁၀၅ ဦးရှိပြီဖြစ်ကြောင်း ဖားကန့် မြို့မရဲစခန်းမှ သတင်းရရှိသည်။


နိုဝင်ဘာ ၂၁ ရက် နံနက် ၄ နာရီခန့်က ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှ ပေ ၁,၀၀၀ ခန့်အမြင့်ရှိ စွန့်ပစ်မြေစာပုံသည် ရေမဆေးကျောက်ရှာဖွေသူများ နေ ထိုင်သည့် တဲအိမ်များအပေါ် ပြိုကျခဲ့ခြင်းဖြစ်သည်။

မြေစာပုံအောက်တွင် ပိနေ သူများအနက် နိုဝင်ဘာ ၂၁ ရက် ညအထိ ရုပ်အလောင်း ၇၉ လောင်း ပြန်လည်တူးဖော်နိုင်ခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်တွင် ၂၆ လောင်း ထပ်မံရှာဖွေနိုင်ခဲ့သည်ဟု ဖားကန့်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး နိုင် ဝင်းက ပြောကြားသည်။

‘‘မြေပိသေဆုံးတာ စုစုပေါင်း ၁၀၅ ယောက် ပြန်ရှာတွေ့ထားတယ်။ အမျိုးသမီးအလောင်း နှစ် လောင်းပါတယ်။ ဒီညနောက်ဆုံးစာရင်းပဲ။ မနက်မှ ဆက်ရှာမယ်’’ဟု ဖားကန့်မြို့မရဲစခန်းမှူး နိုင်ဝင်းက ပြောသည်။

၅၉(စ)နှင့် အမြီးမတစ်စေချင်

၂၀၁၅နိုဝင်ဘာ ၈ ရက်မြန်မာ့သမိုင်းမှာ အထူး ခြားဆုံးသမိုင်း အလှည့်အပြောင်းတစ်ခုအဖြစ် အ ထွေထွေ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ဒီလိုသမိုင်းဝင်ရွေးကောက်ပွဲကြီး ကို ဝေဖန်မှုများ၊ စိုးရိမ်မှုများကြားက အောင်အောင်မြင်မြင် ကျင်းပပေးနိုင်ခဲ့သည့် နိုင်ငံတော်သမ္မတကြီး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ရွေးကောက်ပွဲကော်မရှင်တို့ကို အထူး (အထူး)ကျေးဇူးတင်ကြောင်း ပြည်သူတစ်ယောက်အနေဖြင့် ပြောကြားလိုပါသည်။

ထို့ထက်ပိုသော သတင်း စကားအဖြစ် သမ္မတကြီးနှင့် ကာ ကွယ်ရေးဦးစီးချုပ်၊ ပြည်ခိုင်ဖြိုး ပါတီခေါင်းဆောင်များက ပြည် သူတွေက တစ်ခဲနက်အတည်ပြု ထားတဲ့ ဆန္ဒကိုလေးစားပါမည်၊ လိုက်နာမည်ဖြစ်ကြောင်း၊ အနိုင် ရ NLD ပါတီခေါင်းဆောင်ကို သော်လည်းကောင်း၊ ပါတီဝင်တွေ ကိုသော်လည်းကောင်း ဂုဏ်ပြု နှုတ်ဆက်စကား၊ ချီးကျူးစကား များ ထုတ်ဖော်ပြောကြားလာတဲ့ အတွက် ပြည်သူတွေမှာ အချိုပေါ် သကာလောင်းသကဲ့သို့ ၀မ်း မြောက်ဝမ်းသာ ဖြစ်ရသည်ကို ခေါင်းဆောင်ကြီးများ သိရှိစေရန် ဒီနေရာကနေ သတင်းစကားပါး လိုပါသည်။

ချင်းတွင်းမြစ်ကြောင်းသွားရေယာဉ်သစ်များတွင် ရေလုံကန်ထည့်သွင်းတည်ဆောက်ရန် ညွှန်ကြား

မုံရွာအခြေပြုပြေးဆွဲနေ သည့် ချင်းတွင်းရေကြောင်းသွား ရေယာဉ်များ အသစ်တည်ဆောက်ပါက ခရီးသည်များ ဘေးအန္တရာယ်ကင်းဝေးစေရန် ရေလုံကန်များထည့်သွင်း တည်ဆောက်ရမည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည်၊ မန္တလေး) ရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က နိုဝင်ဘာ ၁၉ ရက်တွင် ကျင်းပသော ပြည်တွင်းရေကြောင်းသွား ရေယာဉ် ပိုင်ရှင်များအသင်း အစည်းအဝေး ၌ ပြောကြားသည်။

ရေယာဉ်များတွင် ရေလုံ ကန်များထားရှိခြင်းဖြင့် ဘေးအန္တ ရာယ်ကြုံတွေ့ရချိန်၌ ခရီးသည် များ အသက်ကယ်ပစ္စည်းများရယူ ရန် အချိန်ရရှိနိုင်မည်ဟုဆိုသည်။ ‘‘ရေယာဉ်တွေက ဆောက် ချင်သလို ဆောက်၊ သွားချင်သလို သွား။ ရေယာဉ်ပိုင်ရှင်တွေရဲ့ဆန္ဒ ကို ပန်းပဲဆရာတွေက လိုက်လုပ် ပေးနေရတယ်။ ရေတိမ်မှာ သွား လို့ရအောင် ဆီစားလည်းသက် သာအောင်၊ အဓိကခရီးသည်တွေ ရဲ့ အသက်အန္တရာယ်ကင်းဝေး အောင် ဦးစားပေးတည်ဆောက် ရမယ်’’ဟု ဦးစိုးနိုင်က မုံရွာဒေသခံ ရေယာဉ်ပိုင်ရှင်များအား ပြော သည်။

ချင်းတွင်းရေကြောင်းသွား ရေယာဉ်များ ဘေးအန္တရာယ်ကင်း ဝေးစေရန် ရေကြောင်း အင်ဂျင်နီ ယာဌာနမှ ပညာရှင်များ၏ သုံး သပ်ချက်ဖြင့် ရေယာဉ်များဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင် မည့်ကဏ္ဍကို တိုးမြှင့်တည်ဆောက် မည်ဖြစ်ကြောင်း သိရသည်။

Saturday, November 21, 2015

ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်း ဆိုင်းငံ့ရန် အမျိုးသား လွှတ်တော် ဆုံးဖြတ်

ပညာရေး ၀န်ကြီးဌာနမှ တင်သွင်းထားသည့် ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်းကို အမျိုးသား လွှတ်တော် အစည်းအဝေးတွင် လက်ခံဆွေးနွေးခြင်း မရှိဘဲ ဆိုင်းငံ့ထားရန် အမျိုးသား လွှတ်တော်မှ ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့၊ ပထမအကြိမ်၊(၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အမျိုးသား လွှတ်တော်မှ ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်းကို ဆိုင်းငံ့ရန် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ဆန္ဒဖြင့် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်းက သူနဲ့ဆက်နွှယ်နေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေနဲ့ ညီညွတ်မှုမရှိလို့ ဆိုင်ငံ့ထားဖို့ တင်ပြတာပါ””ဟု အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးဝင်းမောင်က ပြောသည်။

ကချင် စစ်ဘေးရှောင်များ (၂) ရက် အတွင်း ရိက္ခာပြတ်လပ်နိုင်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် တပ်မတော်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA/KIO) တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပါက စစ်ဘေးရှောင် ပြည်သူများသည် နှစ်ရက်အတွင်း ရိက္ခာပြတ်လပ်မည် ဖြစ်ကြောင်း မိုးညှင်းမြို့နယ် ကချင်နှစ်ခြင်း အသင်းတော် (KBC) ဒုက္ခသည် စခန်းများဆိုင်ရာ တာဝန်ခံ သင်းအုပ် ဆရာတော် ဦးအောင်ဆိုင်းက ပြောသည်။

ယခုလ (၁၄) ရက်နေ့ စတင်၍ KIA နှင့် တပ်မတော်တို့ မိုးညှင်းမြို့နယ်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး လေကြောင်းပစ်ကူများ ပါရှိကြောင်းနှင့် နေ့လယ်ပိုင်း အထိ တိုက်ပွဲ ဖြစ်ပွားမှု မရှိကြောင်း KBC မှ သိရသည်။

''အခုဟာက အသင်းတော်မှာရှိတဲ့ ငွေကြေးနဲ့ ရိက္ခာတွေကို စစ်ဘေးရှောင်တွေကို ကျွေးထားရတယ်။ တချို့နေရာမှာ စစ်ဘေးရှောင်နေတဲ့ သူတွေကတော့ အခြေအနေကြည့်ပြီး နေ့လယ်ပိုင်းမှာ ကိုယ်အိမ် ကိုယ်ပြန်ပြီး ချက်ပြုတ် စားသောက်ကြတယ်။ ညပိုင်းကျတော့ စခန်းကို ပြန်လာကြတယ်။ နောက်နှစ်ရက်ဆိုင်ရင် ရိက္ခာကပြတ်ပြီ'' ဟု ၎င်းကဆက်ပြောသည်။

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ အလုပ်မဖြစ်ကြောင်း ဝေဖန်

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဦးဆောင်သည့် ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသည် အလုပ်မဖြစ်ကြောင်း ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ယမန်နေ့က ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ဝေဖန် ပြောကြားလိုက်သည်။

(၁၃) ကြိမ်မြောက် ပြည်သူ့ လွှတ်တော် အစည်းအဝေး (၅) ရက်မြောက်နေ့တွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ၏ အစီရင်ခံစာ တင်သွင်းထားမှုနှင့် ပတ်သက်ပြီး လွှတ်တော်တွင် ဆွေးနွေးရာ၌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ၀င်ရောက် ဆွေးနွေးရာတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

''ကော်မတီရဲ့ အစီအရင်ခံစာ အဆုံးပိုင်းမှာ ဖော်ပြခဲ့တဲ့ တိုင်စာပေါင်းနဲ့ ပတ်သက်ပြီး ကော်မတီ အနေနဲ့ တစ်စောင် တစ်လေကိုမျှ ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မရှိပဲ။ ဆိုင်ရာ ကော်မတီ၊ ကော်မရှင်တွေကိုပဲ လွှဲပြောင်းပေးခဲ့တာလို့ ဖော်ပြထားပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကော်မတီဟာ အလုပ်မဖြစ်ဘူး ဆိုတာ သိသာနိုင်ပါတယ်'' ဟု ၎င်းက ဝေဖန်ပြောကြားခဲ့သည်။

ရေနံ လက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်း ဆိုင်းငံ့ရန် အစီရင်ခံစာတင်

ရေနံ လက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် အညီ ပြင်ဆင်ရေးဆွဲရန် လိုအပ်နေသောကြောင့် လက်ရှိ အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြဌာန်းခြင်း မပြုဘဲ ဆိုင်းငံ့ထားရန် အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီမှ ယမန်နေ့တွင် အမျိုးသား လွှတ်တော်သို့ တင်သွင်းခဲ့သည်။

ယင်းဥပဒေကြမ်းသည် ပြင်ဆင်ရန် အချက်များစွာ ရှိနေပြီး ဥပဒေကြမ်းကို ဦးဆောင် ရေးဆွဲခဲ့သည့် စွမ်းအင် ၀န်ကြီးဌာနကလည်း ပြန်လည် ပြုစုပေးရန် သဘော တူညီခဲ့သောကြောင့် ပြီးပြည့်စုံသည့် ဥပဒေ တစ်ရပ် ဖြစ်ပေါ်လာစေရန် အတွက် ဆိုင်းငံ့ထားရန် သင့်ကြောင်း အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဌ ဦးခင်မောင်ရီက ပြောသည်။

''ဒီဥပဒေကြမ်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ထားတဲ့ ဥပဒေကြမ်း မကိုက်ညီတာ သွားတွေ့ရတယ်။ အဲဒါကြောင့် ဒီဥပဒေကြမ်းကို လတ်တလော မပြဌာန်းဘဲ ဆိုင်းငံ့ထားဖို့ လွှတ်တော် တင်သွင်းတာ'' ဟု ၎င်းကပြောသည်။

ဆီးရီးယားတွင် အိုင်အက်စ်တို့အပေါ် ရုရှား၏ စစ်ဆင်ရေးများ အရှိန်မြှင့်တင်လာ

ရုရှားက ဆီးရီးယားရှိ အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တိုက်ခိုက်နေသည့် စစ်ဆင်ရေးကို ပိုမိုအရှိန်မြှင့်တင်သွားမည်ဟု ကြေညာခဲ့သည်။

အကြမ်းဖက် အဖွဲ့အစည်း၏ပစ်မှတ်များကို ချေမှုန်းရန် ဆီးရီးယားစစ်မြေပြင်၌ လေယာဉ်အရေအတွက် ၆၉ စီးထိ တိုးမြှင့်အသုံးပြုသွားမည်ဟု ရုရှားအစိုးရက ကြေညာသည်။ သို့သော်လည်း ထိုမျှပမာဏသည် အိုင်အက်စ်တို့ကို အမြစ်ဖြတ်ချေမှုန်းရန် လုံလောက်မှု မရှိသေးကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေးခဲ့သည်။

အီဂျစ်ရှိ ဆီနိုင်းဒေသတွင် ရုရှားခရီးသည်တင် လေယာဉ်တစ်စီး အိုင်အက်စ်တို့၏ ဗုံးခွဲမှုကြောင့် ပျက်ကျသွားသည့်နောက် ရုရှား၏ စစ်ရေးလှုပ်ရှားမှုများ သိသိသာသာ ပိုမိုအရှိန်မြင့်လာသည်။

ကက်စ်ပီယန် ပင်လယ်ထဲတွင် နေရာယူထားသည့် ရုရှားတိုက်သင်္ဘောများကလည်း တာဝေးပစ်ဒုံးကျည်များဖြင့် အိုင်အက်စ်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဒုံးကျည်အချို့သည် မဟာဗျူဟာအရ အိုင်အက်စ်တို့အတွက် အလွန်အရေးပါသည့် ပစ်မှတ်များကို တည့်မတ်စွာ ထိမှန်ခဲ့ကြောင်းလည်း ရုရှားရေတပ် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အပ်ငွေ၏ ၅ ရာခိုင်နှုန်း ဗဟိုဘဏ်တွင် သီးသန့်ထားရခြင်းကို ဖြေလျှော့ပေးရန် ဘဏ်များတောင်းဆို

ဘဏ်များတွင် လာ ရောက်အပ်နှံသည့်ငွေများ၏ ၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်၌ သီး သန့်ငွေအဖြစ် ထားရှိနေရခြင်းကို ဖြေလျှော့ပေးရန် ဘဏ်များက ဗဟိုဘဏ်သို့ တင်ပြထားကြောင်း သတင်းရရှိသည်။

အဆိုပါ ၅ ရာခိုင်နှုန်းအ တွက် လာရောက်အပ်နှံသူများအား အတိုးများပေးနေရသော်လည်း ဗဟိုဘဏ်တွင် သီးသန့်ငွေအဖြစ် ပြန်လည်ထားရှိရသည့်အခါ အ ကျိုးအမြတ်မရရှိ၍ ဘဏ်များက ကြားထဲမှ အတိုးစိုက်ထုတ်ပေးနေ ရသည်။ ထို့ကြောင့် ဖြေလျှော့ပေး ရန် နိုဝင်ဘာ ၁၆ ရက်က ဗဟို ဘဏ်တာဝန်ရှိသူများနှင့်တွေ့ဆုံ စဉ် တောင်းဆိုကြကြောင်း ယူနိုက်တက်အမရဘဏ် အမှုဆောင်အရာရှိချုပ် ဦးသန်းဝင်းဆွေက ပြောသည်။

‘‘တချို့အပ်နှံငွေအများကြီး ရတဲ့ ဘဏ်ကြီးတွေဆိုရင် အဲဒီ အပ်နှံငွေတွေရဲ့ ၅ ရာခိုင်နှုန်းဆို တာ မနည်းဘူး။ ဒီငွေကို အလ ကား အတိုးထိုင်ပေးနေရရင် ဘဏ်တွေလည်း မလွယ်ဘူးလေ။ အဲဒီတော့ ဘဏ်တွေရဲ့ငွေတွေကို ဗဟိုဘဏ်က အတိုးပြန်ပေးနိုင်မ လား၊ ဒါမှမဟုတ် ထားရတဲ့ရာခိုင် နှုန်းကို လျှော့ချပေးနိုင်မလားလို့ ဘဏ်တွေက တင်ပြကြတာပါ’’ ဟု ဦးသန်းဝင်းဆွေကပြောကြား သည်။

ရွေးကောက်ပွဲ အနိုင်အရှုံးရလဒ်များ အပြီးသတ်ကြေညာ၊ ပြည်ထောင်စုလွှတ်တော်တွင် ဒီချုပ်က ၃၉၀ ဦး၊ ပြည်ခိုင်ဖြိုးက ၄၂ ဦးရရှိ

ရွေးကောက်ပွဲအနိုင်၊ အရှုံးရလဒ်များအပြီးသတ်ကြေ ညာချက်အဖြစ် ကချင်ပြည်နယ်ရှိ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် နှစ်ခု၊ အမျိုးသားလွှတ်တော်မဲဆန္ဒ နယ် တစ်ခု၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် လေးခုနှင့် တိုင်းရင်း သားလူမျိုးလွှတ်တော်ကိုယ်စား လှယ် လေးနေရာတို့ကို ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်က နိုဝင်ဘာ ၂၀ ရက်က ကြေညာခဲ့သည်။

နောင်မွန်းပြည်သူ့လွှတ် တော်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရပြီး၊ ခေါင်လန်ဖူး၌ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)က အနိုင်ရခဲ့သည်။

ကချင်ပြည်နယ်အမျိုးသား လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) အတွက် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ဦးဂျေယောဝူ ရွေးချယ်ခံရ၍ ပြည်ထောင်စုလွှတ်တော်တွင် တစညက ထိုင်ခုံတစ်နေရာရရှိခဲ့သည်။

နောင်မွန်းရှိ ပြည်နယ်လွှတ် တော်မဲဆန္ဒနယ်နှစ်ခုစလုံးတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရခဲ့သည်။ ခေါင်လန်ဖူး(၁)တွင် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူး လေးပါတီ)က အနိုင်ရပြီး ခေါင်လန်ဖူး (၂)တွင်သာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့သည်။

Friday, November 20, 2015

အာဆီယံထိပ်သီးအစည်းအဝေးကို အကြမ်းဖက်သမားများ ပစ်မှတ်ထားနေဟု သတင်းများထွက်ပေါ်

အာဆီယံအစည်းအဝေး မတိုင်မီ ကွာလာလမ်ပူတွင် လုံခြုံရေး စောင့်ကြပ်နေသည့် ရဲနှင့်စစ်သားများ။
မလေးရှားတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးကို အကြမ်းဖက်တိုက်ခိုက်လာနိုင်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

မလေးရှား ရဲတပ်ဖွဲ့ထံမှ ပေါက်ကြားလာသည့် အစီရင်ခံစာ တစ်စောင်အရ ကွာလာလမ်ပူမြို့တော်တွင် အသေခံဗုံးခွဲသမား ၁၀ ယောက်မျှ ရောက်ရှိနေသည်ဟု ယုံကြည်ရကြောင်း သိရသည်။ အဆိုပါ ဗုံးသမားများသည် အရှေ့တောင်အာရှနိုင်ငံများ အစည်းအရုံး (အာဆီယံ) ၏ ယခုသီတင်းပတ်ကုန် ညီလာခံကို ဦးတည်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်းလည်း အဆိုပါအစီရင်ခံစာတွင် ပါရှိသည်။

မလေးရှား ရဲတပ်ဖွဲ့အကြီးအကဲ ခါလစ်ဒ် အဘူဘေကာက အဆိုပါအစီရင်ခံစာသည် စစ်မှန်ကြောင်း အတည်ပြုခဲ့သော်လည်း ထောက်လှမ်းရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ထုတ်ပြန်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတအထက်ကနဲ့ စပ်လျဉ်း၍

လွန်ခဲ့တဲ့ ရက်သတ္တပတ်က ဖေ့စ်ဘွတ်ခ် စာမျက်နှာရဲ့ အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ Messe-nger ကနေတစ်ဆင့် ကျွန်တော့် ဆီကို အမေးပုစ္ဆာတစ်ရပ် ဆိုက် ဆိုက်မြိုက်မြိုက် ရောက်ချလာပါ တယ်ခင်ဗျ။ ပုစ္ဆာပြုသူအနှီပုဂ္ဂိုလ်က ပြည်နယ်တစ်ခုမှာ လက်ရှိတာဝန် ထမ်းဆောင်ဆဲ တက္ကသိုလ်ဆရာတစ်ယောက်လို့ ဆိုလားပဲ။ ‘‘ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ Above President မှာနေမယ်ဆိုတာ သူပြောတာ အမှန် လား’’တဲ့။ ကျွန်တော်က ‘‘မှန်ပါတယ် ဆရာ’’လို့ဆိုရုံရှိသေး။ ‘‘ဒါဆို သူရူးသွားပြီလား။ ကမ္ဘာသိဖြစ်အောင် သူဘာလို့ တရားဝင်ပြောရတာလဲဗျာ။ ကျွန်တော် မယုံနိုင်ဘူး။ တကယ်ပြောတာ။ ဘယ်နိုင်ငံမှာမှ 'The position abovethe president' ဆိုတာမရှိဘူး မဟုတ်လားဗျာ။ သိပ်ကို ကလေး ဆန်နေသလိုပဲဗျာ’’ဆိုပြီး နောက်ဆက်တွဲစောဒက စကားလုံးတွေက စက်သေနတ်နဲ့ တရစပ်ပစ်ထည့် လိုက်သလို။ ဒါတင်မက သေးပါဘူး။ ‘‘အဲဒီတစ်ချက်ဟာ ကျွန်တော့်အမြင်အရဆို ပက်ပက် စက်စက်ကိုမှားတယ်ဗျာ’’။ ဆိုတဲ့နောက်ဆုံးပိတ် ကောက်ချက်ချစကားတစ်ခွန်းတောင် အဆစ်ပါလိုက်သေးဗျား။

နယူးဇီလန်၏ နိုင်ငံတော်အလံသစ် ရွေးချယ်ရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ စတင်


နမူနာ လွှင့်တင်ပြသထားသည့် အလံဒီဇိုင်းသစ်များ။
နယူးဇီလန်၏ နိုင်ငံတော်အလံသစ် ရွေးချယ်သတ်မှတ်ရေးအတွက် နောက်ဆုံးအဆင့်မဲပေးမှုများ စတင်ပြုလုပ်နေပြီဟု သတင်းရရှိသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတစ်ခုကို နယူးဇီလန်တွင် ကျင်းပနေပြီး သတ်မှတ်ထားသည့် အလံဒီဇိုင်းသစ်ငါးမျိုးအနက် မဲအများဆုံးရရှိသည့် ဒီဇိုင်းကို နိုင်ငံတော်အလံသစ်အဖြစ် ရွေးချယ်သွားရန် စီစဉ်ထားသည်။

နယူးဇီလန်တွင် အလံဒီဇိုင်းသစ်အတွက် ပြိုင်ပွဲများပြုလုပ်ခဲ့ပြီး နောက်ဆုံးအဆင့်ဆန်ခါတင် ဒီဇိုင်းငါးခုကို ရွေးချယ်ခဲ့သည်။ ယခုအခါ အဆိုပါအလံများအနက်မှ အပြီးသတ်လူကြိုက်အများဆုံး တစ်ခုကို မဲပေးရွေးချယ်မည် ဖြစ်သည်။

၇ နှစ်သမီးလေးအတွက် ဖခင်၏လက်ဆောင် ဒေါ်လာ ၄၈ သန်းကျော်တန် စိန်ပွင့်ကြီး

ယခုသီတင်းပတ်အတွင်း ကမ္ဘာ့စံချိန်တင် ဈေးနှုန်း ဒေါ်လာ ၄၈.၄ သန်းဖြင့် ရောင်းချလိုက်သည့် အပြာရောင်စိန်ပွင့်ကြီးသည် ဖခင်က ၇ နှစ်အရွယ် သမီးလေးအတွက် ပေးအပ်သည့်လက်ဆောင် ဖြစ်လာကြောင်း သိရသည်။

နိုဝင်ဘာ ၁၈ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ Sotheby လေလံဌာနက Blue Moon စိန်ပွင့်ကြီးကို ဒေါ်လာ ၄၈.၄ သန်းဖြင့် ဟောင်ကောင်မှ ဝယ်လက်တစ်ဦးက လေလံဆွဲဝယ်ယူသွားကြောင်း ကြေညာသည်။ အဆိုပါ ဈေးသည် စိန်တစ်ပွင့်အတွက် ကမ္ဘာ့စံချိန်တင်ဈေးနှုန်းဖြင့်ပြီး ကျောက်မျက်ရတနာများအတွက် ကာရက်အလိုက် တွက်ချက်မှုတွင်လည်း အမြင့်ဆုံးဈေး ဖြစ်လာသည်။

နောက်ပိုင်းတွင် လေလံအောင်သူက စိန်ပွင့်ကြီး၏အမည်ကို Blue Moonမှ Blue Moon of Josephineဟု အမည်ပြောင်းလဲလိုက်သည့်နောက် CNN က ဝယ်ယူသူ မည်သူမည်ဝါဆိုသည်ကို ခြေရာခံ ဖော်ထုတ်လာနိုင်ခဲ့သည်။

စိန်ပွင့်ကြီးကို ကမ္ဘာ့စံချိန်တင်ဈေးဖြင့် ဝယ်ယူသွားသူမှာ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်း Chinese Estate Holdings ၏ ပိုင်ရှင် ဂျိုးဆက်ပ်လော် ဖြစ်သည်။ အဆိုပါ စိန်ပြာပွင့်ကြီးကို လေလံမတင်မီရက်ပိုင်း အလိုကလည်း ဂျနီဗာရှိ Christie လေလံဌာတွင် ၁၆.၀၈ ကာရက် အလေးချိန်ရှိ ပန်းရောင်စိန်ပွင့်ကြီးကို အမည်မဖော်လိုသူတစ်ဦးက ဒေါ်လာ ၂၈.၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး Sweet Josephine ဟု အမည်ပေးခဲ့သေးသည်။

မော်ကွန်းဝင်ရဲဘော်ဟောင်းကြီး၏ စုတ်ချက်ပြတိုက်

နိုဝင်ဘာ ၁၇ ရက် နံနက်စောစောက ရန်ကုန်မြို့ ကမ်းနားဟိုတယ်တွင် ကျင်းပသော ပန်းချီပြပွဲတစ်ခုသို့ ရောက်ဖြစ်ခဲ့သည်။ သာမန်ပန်းချီပြပွဲမျိုးတော့ မဟုတ်။ ပန်းချီလောက၏ မှတ်ကျောက်တစ်ခုဟုပင် ဆိုရလောက်သည့် မြန်မာနိုင်ငံ၏ သက်ရှိထင်ရှားပန်းချီ ဆရာများအနက် အသက်အကြီးဆုံး ပန်းချီဆရာကြီး ဦးစန်းလှိုင်၏ တစ်ကိုယ်တော်ပန်းချီ ပြပွဲပင်ဖြစ်သည်။

ပြခန်းအ၀င်အ၀တွင် ဆီလီကွန်ဖြင့် ထုဆစ်ပုံဖော်ထားသော လူတစ်ရပ်ခန့်မြင့်သည့် ရုပ်တုနှစ်ရုပ်ကို တွေ့ရသည်။ တစ်ရုပ်က ဟိုး . . . ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလမြန်မာ့တော်လှန်ရေး ရဲဘော်တစ်ဦး၏အသွင်။ တစ်ခုက ရင်ဘတ်တစ်ဖက်တစ်ချက်စီ တွင် ဆုတံဆိပ်များ ချိတ်ဆွဲထားသည့် ခေါင်းဆွတ်ဆွတ်ဖြူ အဘိုးအိုတစ်ဦး။ နှစ်ခုလုံးမှာပန်းချီ ဆရာကြီး အဘိုးဦးစန်းလှိုင်၏ တစ်ကိုယ်လုံးပုံတူ ရုပ်တုများပင်ဖြစ်သည်။

Thursday, November 19, 2015

ပါရီတိုက်ခိုက်မှု ကြိုးကိုင်သူ၏ ကံကြမ္မာ မည်သို့ရှိသည် မသိရနိုင်သေး

ပါရီဆင်ခြေဖုံးရပ်တွင် နိုဝင်ဘာ ၁၃ တိုက်ခိုက်မှုကျုးလွန်သူသံသယရှိသူများ ရှိသည့် တိုက်ခန်းကို ၀င်စီးခဲ့သော်လည်း တိုက်ခိုက်မှုများအား အဓိကကြိုးကိုင်သူ၏ ကံကြမ္မာက မည်သို့ရှိသည်ကို မသိရသေးဘဲ ရှိနေဆဲဖြစ်သည်ဟု ပြင်သစ်ရှေ့နေချုပ်က ပြောသည်။
အဗ္ဗဒယ်ဟာမစ်အဘာအော့ ဆိုသူသည် တိုက်ခိုက်မှုများကို ကြိုးကိုင်ခဲ့သူဖြစ်ပြီး စိန့်ဒင်းနစ်ဆင်ခြေဖုံးရပ်တွင် ရဲက ၀င်စီးခဲ့ရာ ဖမ်းမိလူရှစ်ဦးတွင် မပါဝင်လာကြောင်း ဖရန့်စွာမိုလင်းက ပြောသည်။
သို့သော် တိုက်ခန်းအပျက်အစီးများအောက် သေဆုံးသူများ၏ အလောင်းများကို စစ်ဆေးအတည်ပြုနေဆဲဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
စီးနင်းမှုတွင် သံသယရှိ အမျိုးသမီးတစ်ဦးက ကိုယ်ကိုကို ဗုံးဖောက်ခွဲသေဆုံးကာ ကျန်တစ်ဦး ပစ်သတ်ခံရ သေဆုံးသည်။

နိုင်ငံရေးဆွေးနွေးပွဲကို ၂၀၁၆ ဇန်နဝါရီတွင် ကျင်းပနိုင်မည်ဟု ဦးအောင်မင်းပြော

လာမည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံရေးဆွေးနွေးပွဲကြီး ကျင်းပမည်ဟု တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) ဒုတိယအကြိမ် အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးပြီးနောက် ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲ စတင်ရမည်လည်းဖြစ်သည်။

“ကျနော်တို့ရဲ့ ရည်မှန်းချက်ကတော့ လာမည့် ရက် ၉၀ ပြည့်တဲ့ ဇန်နဝါရီလမှာ ကျနော်တို့ နိုင်ငံရေးဆွေးနိုင်ဖို့ ဖြစ်ပါတယ်။ အကယ်၍သာ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ကျနော်တို့မျှော်မှန်းထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးကို အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်မယ်လို့ ကျနော်တို့ အနေနဲ့ ယူဆပါတယ်”ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

Wednesday, November 18, 2015

အာဆီယံ၏ မျှော်လင့်ချက်ဖြစ်လာသော မြန်မာ့ဒီမိုကရေစီခရီး

ဒီချုပ်ပါတီ ရွေးကောက်ပွဲတွင် အနိုင်ရရှိ၍ ပျော်ရွှင်အောင်ပွဲခံနေသော ပြည်သူအချို့ ဓာတ်ပုံ−ရဲအောင်သူ/အေအက်ဖ်ပီ
‘‘ဘာကြောင့် မြန်မာပြည်သူတွေက ဒါကို လုပ်နိုင်ပြီး ဗီယက်နမ်ပြည်သူတွေက မလုပ်နိုင်တာ လဲ’’

ဗီယက်နမ်ပြည်သူ သန်း ၉၀ ယခုစဉ်းစားဆင်ခြင်နေကြသည့် မေးခွန်းတစ်ခုဖြစ်သည်။ မြန်မာ့ ရွေးကောက်ပွဲသည် ဒေသတွင်း အိမ်နီးချင်းနိုင်ငံရှိ လူများအပေါ် သို့ စိတ်ဓာတ်ရေးရာ သက်ရောက်မှုကြီး တစ်ခုဖြစ်စေခဲ့ပါပြီ။ အ တိုက်အခံဒီမိုကရေစီခေါင်းဆောင် အနိုင်ရသည့် ရွေးကောက်ပွဲကြီးကို မြန်မာက ကျင်းပကြောင်းကြားသိရသောအခါ ဗီယက်နမ်ရှိ တက်ကြွလှုပ်ရှားသူများမှာ ၀မ်းသာမျက်ရည်များပင် ကျကြ ကြောင်း သတင်းများတွင် တွေ့ရ သည်။

‘‘ဒီမေးခွန်းဟာ ဗီယက်နမ် ပြည်သူတွေကြားမှာ မျိုးချစ်စိတ်နဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်လို စိတ်ကို ကျိန်းသေပေါက် လှုံ့ ဆော်မှာပဲ’’ဟု ဟနွိုင်းမြို့မှ ရှေ့ နေ ငုယင်ဗင်ဒိုင်က အမေရိကန် အခြေစိုက် ဗီယက်နမ်ဘာသာ သတင်းဌာနတစ်ခုအား ငိုသံပါဖြင့် ပြောကြားခဲ့သည်။ သိပ်မဝေး တော့သည့် တစ်နေ့တွင် ဗီယက် နမ်လည်း မြန်မာကဲ့သို့ လွတ်လပ် သော ရွေးကောက်ပွဲတစ်ခုကို ကျင်းပနိုင်လိမ့်မည်ဟု သူယုံကြည်ကြောင်း
မျှော်လင့်ချက်အပြည့်ဖြင့် ပြောသည်။

ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲနှင့် မြန်မာယူ-၂၁ အသင်း

ဗီယက်နမ်နိုင်ငံ၏ ဘောလုံး လောကဖွံ့ဖြိုးတိုးတက်ရေးအ တွက် နှစ်စဉ်ကျင်းပလျက်ရှိသည့် အသက်(၂၁)နှစ်အောက် သန်နိုင်း သတင်းစာဖလား (International U-21 Thanh Nien Newspaper Cup 2015) ဖိတ်ခေါ်
ဘောလုံးပြိုင်ပွဲကို မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်း ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ကိုးကြိမ်မြောက်ဖြစ်လာမည့် ယင်းပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ သောင်နတ်အား ကစားကွင်း၌ နိုဝင်ဘာ ၂၀ မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲတွင် ဗီယက်နမ်နိုင်ငံ ကိုယ် စားပြု နှစ်သင်းဖြစ်သည့် သန်နိုင်း ယူ-၂၁ အသင်းနှင့် ဟောင်အမ်း ဂယ်လိုင် ယူ-၂၁ အသင်းတို့အ ပြင် ဧည့်သည်အသင်းများအဖြစ် တောင်ကိုရီးယား ယူ-၁၉အသင်း၊ စင်ကာပူ ယူ-၂၁ အသင်း၊ မြန်မာ ယူ-၂၁ အသင်းနှင့် မြောင်တောင် ယူ-၁၉ အသင်း(ထိုင်း) စသည့် စုစုပေါင်း ခြောက်သင်းဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး သုံးသင်းပါ အုပ်စုနှစ်စုခွဲဝေထားသည်။

Tuesday, November 17, 2015

ကလေးတွင် ရေဘေးအလွန် ပြန်လည်ထူထောင်ရေး ၅၀ရာခိုင်နှုန်းခန့် ပြီးစီးဟုဆို

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၅ခုနှစ်၊ ဇူလိုင်လက ဖြစ်ပွားခဲ့သောရေကြီးမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရာ လက်ရှိတွင် ကလေးမြို့၌ အိမ် ၅၀ရာခိုင်နှုန်းခန့် ပြန်ဆောက်ပေးပြီးပြီဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဦးစီး ဦးစဝီလီဖရန့်က မဇ္ဈိမကို ပြောသည်။

"ကလေးမှာ အိမ်အသစ်ဆောက်ပေးရမယ့် ၃၅၅ လုံးမှာ ၅၀ရာခိုင်နှုန်းလောက်ပြီးပါပြီ။ တမူးမှာကတော့ ၃၈၅လုံးမှာ ၄၀ရာခိုင်နှုန်းလောက်ပြီးသွားပါပြီ။ တစိတ်တပိုင်းပျက်စီးသွားတဲ့အိမ်တွေကိုတော့ လိုအပ်တဲ့ပစ္စည်းတွေ ပျက်စီးတဲ့အတိုင်းအတာအလိုက် ပေးဖို့လုပ်နေပါတယ်" ဟု တိုင်းဦးစီးဖြစ်သူ ဦးစဝီလီဖရန့်က ပြောသည်။

အိန္ဒိယရေကြီးမှု လူပေါင်း ၇၀ ကျော် သေဆုံးပြီဖြစ်



အိန္ဒိယနိုင်ငံ တောင်ပိုင်း ချန်နိုင်းမြို့တွင် မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ကာ လူပေါင်း ၇၀ ကျော် သေဆုံးပြီဖြစ်ကြောင်း မီဒီယာသတင်းများတွင် ဖော်ပြသည်။
အဓိကလမ်းမကြီးများမှာလည်း ရေလွှမ်းနေပြီး ရုံးများ၊ စာသင်ကျောင်းများ၊ ကောလိပ်များ မိုးကြီးခြင်းကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကတည်းက ပိတ်ထားရသည်။

ယခု မိုးသည်းထန်စွာရွာသွန်းမှုက သီရိလင်္ကာနိုင်ငံတွင်လည်း ကြုံတွေ့ပြီး လူပေါင်း ၈၀၀၀၀ ကျော်ထက်မနည်း မိုးကြီးမှုဒဏ်ကို ကြုံတွေ့နေသည်။

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေ၍ အိန္ဒိယတမီလ်နာဒူးပြည်နယ်နှင့် သီရိလင်္ကာတို့တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေခြင်းဖြစ်သည်။