(နိဒါန်း) မှောင်အတိ စိုးမိုးထားသော ညဥ့်၏နက်ရှိုင်းမှု ပျယ်လွင့်တော့ မည့် အရိပ်အယောင်ကို မတွေ့ရသေးသော်လည်း ရန်ကုန်မြစ်အတွင်း အသင့် အနေအထားရှိနေသည့် စစ်သင်္ဘော တစ်စင်းသည် အချိန်တစ်ခု ကို စောင့်ဆိုင်းနေသည်။ နာရီလက်တံများ တရွေ့ရွေ့ လှုပ်ရှားနေကြ သည်။ အေးမြသော ဆောင်းလေ အဝှေ့တွင် စစ်သင်္ဘောမှ အလံတိုင် ပေါ်ထက်ဝယ် ယူနီယံဂျက် အလံသည် တဖျတ်ဖျတ် လွင့်နေသည်။ ဘာမင်ဟမ် စစ်သင်္ဘော အနီးရှိ ဘင်ခရာ တပ်ဖွဲ့သည် အဆင်သင့် အနေအထားဖြင့် စောင့်ဆိုင်းနေသည်။ အရုဏ်သည်
မကြာမီ ရောက်လာတော့မည်။
နေ့သစ်တစ်ခုကို မကြာမတင် စတင်ရတော့မည်။
ထိုနေ့သည် လွန်စွာအရေးပါသော သမိုင်းဝင်နေ့ တစ်နေ့ ဖြစ်လာမည်။
ထိုနေ့သည် လွန်စွာအရေးပါသော သမိုင်းဝင်နေ့ တစ်နေ့ ဖြစ်လာမည်။
နံနက် ၄ နာရီ မိနစ် ၂၀ တိတိတွင် ဘာမင်ဟမ် စစ်သင်္ဘော ပေါ်မှ အမြောက်များ
စတင် ပစ်ဖောက် လိုက်သည်နှင့် ဘင်ခရာအဖွဲ့ သည် ဗြိတိသျှ အမျိုးသား
သီချင်းကို တီးခတ် လေသည်။ ထိုအခါ အလံ တိုင်ပေါ်ရှိ ယူနီယံဂျက် အလံသည်
တဖြည်းဖြည်း လျှောကျလာသည်။ သင်္ဘော ဥသြဆွဲသံများ ရန်ကုန်မြစ်အတွင်း
ဆူဝေသွားသည်။ မီးကျည် မီးပန်းများ ဒိန်းခနဲဒိန်းခနဲ ပစ်ဖောက်သံဖြင့်
အိပ်မောကျ နေသော ရန်ကုန်မြို့သည် ရုတ်ခြည်း နိုးထသွားသည်။
ဘုရားရှိခိုး ကျောင်းမှ ခေါင်းလောင်းသံများ ပေါ်လာသည်။ ထို အရုဏ်တက်သည်
ကျက်သရေ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံလှသော အခါသမယ ကြီးတစ်ခု ဖြစ်သွားလေသည်။
ရဲစိုသော အနီရောင် အောက်ခံ၏ အပြာရောင် ထောင့်ချိုးပေါ်မှ
ကြယ်ဖြူငါးလုံးပါ ပြည်ထောင်စု မြန်မာ နိုင်ငံတော်အလံသည် အမျိုးသား
သီချင်းသံနှင့်အတူ အလံတိုင်ပေါ် တလူလူ လွင့်တက် သွားသည်။ ထိုတစ်ခဏသည်
လွတ်လပ်သော ပြည်ထောင်စု နိုင်ငံတော်တစ်ခုကို မွေးဖွားပေးလိုက် လေသည်။
တိုင်းပြု ပြည်ပြု လွှတ်တော် ခန်းမရှေ့ အလံ တိုင်ပေါ်သို့ နိုင်ငံတော်သစ်
တစ်ခု မွေးဖွား လိုက်သည့် အထိမ်းအမှတ် အဖြစ် အမျိုးသား အလံမှာ တဖျတ်ဖျတ်
လွင့်နေသည်။ နံနက် ၄ နာရီ မိနစ် ၄၀ တွင် တိုင်းပြု ပြည်ပြု လွှတ်တော်ခန်းမ
အတွင်းရှိ စုရုံး ရောက်ရှိနေသော မင်းပရိသတ်တို့ ရှေ့မှောက် ဂုဏ် ကျက်သရေ
မြင့်မား လှသော သမ္မတကြီး စ၀်ရွှေသိုက်သည် ၀န်ကြီးချုပ် သခင်နု၊ ပါလီမန်
ယာယီဥက္ကဋ္ဌ ပျော်ဘွယ် ဦးမြနှင့်အတူ ၀င်ရောက်လာသည်။ သမ္မတကြီး စင်မြင့်ပေါ်
နေရာယူ ပြီးသည့်နောက် ပြည်ထောင်စု မြန်မာနိုင်ငံ တော်၏ သမ္မတ ရာထူးကို လက်ခံ
ယူကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ကိုင်တွယ်ကာ ကျမ်းကျိန်
သစ္စာဆိုသည်။ ထို့နောက် ၀န်ကြီးချုပ်ဦးနု သည် မိန့်ခွန်း စတင်
မြွက်ကြားသည်။
“တော်လှန်ရေး ဆိုတဲ့ လမ်းစဉ်ကြီးမှာဆိုရင် လွတ်လပ်ရေး အတွက် ဟဲ့ဆိုပြီး
သွေးချောင်း စီးရတဲ့ လူတွေလည်း ဒုနဲ့ဒေးပဲ။ ကိုယ်လက် အင်္ဂါ
ပျက်စီးကြရတဲ့လူတွေလည်း ဒုနဲ့ဒေးပဲ။ အနှိပ်အစက် အမျိုးမျိုးခံ
ကြရတဲ့လူတွေလည်း ဒုနဲ့ဒေးပဲ။ ထောင်သွင်း အကျဉ်းခံ ရတဲ့လူတွေ လည်း
ဒုနဲ့ဒေးပဲ။ နောက်ဆုံး လွတ်လပ်ရေးဆိုတဲ့ ယစ်ပလ္လင်မှာ
ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အပေါင်းပါ
ဝန်ကြီးများမှာ သွေးနဲ့ ပူဇော် သွားကြရရှာတယ်။ အဲဒီလို ခေတ် အဆက်ဆက်မှာ
လွတ်လပ်ရေးအတွက် သေမင်းနဲ့ ဒုက္ခ အမျိုးမျိုး နဲ့ ရင်ဆိုင် တိုက်ခိုက်ပြီး
ကျဆုံး သွားကြတဲ့ ကြီးငယ်မဟူ ကျားမ မရွေး ပုဂ္ဂိုလ် အားလုံးရဲ့ ပယောဂကြောင့်
ကျွန်တော်တို့ တစ်တွေဟာ ဒီနေ့ ဒီအချိန်ကစပြီး လွတ်လပ်ရေး ဆိုတဲ့
ဆုထူးဆုမြတ်ကို ပန်ဆင် နိုင်ကြရတယ်။ ဒီတော့ လွတ်လပ်ရေးဟာ ဒီပုဂ္ဂိုလ်တွေရဲ့
ကျေးဇူးပဲ။ ဒီနေ့လိုမျိုးမှာ ဆိုရင် ဒီပုဂ္ဂိုလ်တွေရဲ့ကျေးဇူးကို
ကျွန်တော်တို့ မတွေးတော မအောက်မေ့ဘဲ မနေနိုင်ဘူး။ တွေးမိရမှာပဲ။
အောက်မေ့မိရ မှာပဲ။ ဒီနေ့မှာဆိုရင် နေ၀န်း မထွက်မီ ရောင်နီ ပေါ်ခါစ ကတည်းက
ဒီပုဂ္ဂိုလ်တွေရဲ့ကျေးဇူးကြောင့် ဗမာပြည်ကြီးဟာ အချုပ်အခြာ အာဏာပိုင်
လွတ်လပ်သော သမ္မတ နိုင်ငံ ဖြစ်လာခဲ့တယ်။ နောင် အနာဂတ် အတွက်မှာဆိုရင်
ကျွန်တော်တို့ ဗမာ နိုင်ငံသားများဟာ ကျွန်တော်တို့ရဲ့ အလိုဆန္ဒအတိုင်း
ကျွန်တော်တို့ရဲ့နောင်ရေးကို ကျွန်တော်တို့ ပြုပြင် ဖန်တီးသွားနိုင်ပြီ။”
ကောင်းကင်တွင် ရောင်နီ ပျိုးလေပြီ။
အချုပ်အခြာ အာဏာ လက်လွတ် ဆုံးရှုံးခဲ့ရသည့် ၁၈၈၅ ခုနှစ်မှ စတင်ကာ
ဗြိတိသျှ ကိုလိုနီ အောက် ကျရောက်ခဲ့ရသည့် အဆိုပါ တိုင်းပြည် သည် ယခုအခါ
လွတ်လပ်သော သမ္မတ နိုင်ငံတော်သစ် တစ်ခု အဖြစ် ကျက်သရေရှိစွာ
ပေါ်ထွန်းလာခဲ့ပြီ။ ထိုကဲ့သို့သော အမျိုးသားရေး ဂုဏ်သရေကို ပြန်လည် အရ
ယူပေးနိုင်ခဲ့သော ပုဂ္ဂိုလ်သည် လွန်ခဲ့သည့် ခြောက်လခန့်၌ လွတ်လပ်ရေး လမ်းပေါ်
တိုင်းပြည်ကြီးကို ဆွဲတင် နေစဉ် ကျဆုံးခဲ့သည်။
ထိုပုဂ္ဂိုလ်၏ ကျေးဇူးတရားကို လူတိုင်း အထူး တလည် အောက်မေ့ သတိရ နေကြသည်။
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၏ ၀န်ကြီးချုပ်သည်
ကိုအောင်ဆန်းကြောင့် တို့ဗမာ အစည်း အရုံးသို့ ၀င်ရောက်ကာ ကိုလိုနီ
ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် သခင်နု ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း
ကြောင့် နိုင်ငံရေးထဲသို့ ၀င်ရောက်လာပြီး ဖဆပလ အဖွဲ့ချုပ်၏ ဒုတိယ ဥက္ကဋ္ဌ
ဖြစ်လာခဲ့သည်။ ဦးအောင်ဆန်း ကြောင့် တိုင်းပြုပြည်ပြု လွှတ်တော်၏
နာယကဖြစ်လာခဲ့သည်။ ထို့နောက် ၀န်ကြီးချုပ် ဖြစ်လာခဲ့သည်။ ထိုသူကား
မရှိတော့။
From -TheVoiceWeekly
No comments:
Post a Comment