![]() | |
ပေါက်ကွဲမှု့ကြောင့် လူငယ်တစ်ဦးနှငိ့ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ |
ယ်၊
ညောင်ကွဲရပ်တွင် သြဂုတ်လ ၁၃ ရက်နေ့နံနက် ၈ နာရီခွဲ ၀န်းကျင်ခန့်က
ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပုလင်းခွံအိတ်ခွံကဲ့သို့သော စွန့်ပစ်ပစ္စည်းများ
ရောင်းဝယ်ဖောက်ကားရန် အတွက် စက္ကူ၊ သံတိုသံစနှင့် ပလပ်စတစ် ပစ္စည်းများကို
တစ်သီးတစ်ခြားစီ ခွဲခြားသန့်စင်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ကနဦး
စစ်ဆေးချက်များအရ သိရှိရသည်။
“ပစ္စည်းရွေးပြီး သန့်စင်နေတုန်း
ပေါက်ကွဲသံတစ်ခုကြားရပြီး မီးခိုးတွေ လုံးတက်လာတာပဲ။
ဒါနဲ့အိမ်ထဲဝင်ပြေးမိတယ်။ အဲဒီအနီးအနားမှာ ကလေးတွေ ပြေးဆော့နေတာတော့
ရှိတယ်။ ဘယ်နှစ်ယောက်ရှိတယ်ဆိုတော့ တိတိကျကျမသိဘူး။ ကျွန်တော်က
ညာဘက်လက်ကောက်ဝတ်မှာ ပြတ်ရှဒဏ်ရာလောက်ပဲ ရတယ်။ ချုပ်တော့မချုပ်ရဘူး။
ကလေးတစ်ယောက်ကတော့ ဆေးရုံပို့ထားရတယ်”ဟု ကိုခိုင်မင်းထွန်းက ပြောပါသည်။
No comments:
Post a Comment