Wednesday, August 29, 2012

၂၀၁၂ ခုနှစ် ခုနစ်လတာ ကာလအတွင်း ထုတ်ပေးခဲ့သည့် မြန်မာနိုင်ငံကူးလက်မှတ် တစ်သိန်းနှစ်သောင်းကျော် ၌ ထက်ဝက်နီးပါးမှာ အမျိုးသမီးများ အတွက် ထုတ်ပေးသည့် နိုင်ငံကူးလက်မှတ်များဖြစ်

၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ  ဇူလိုင်လကုန်အထိ ခုနစ်လတာ ကာလအတွင်း မြန်မာနိုင်ငံကူး လက်မှတ် အရေအတွက်တစ်သိန်း နှစ်သောင်းကျော် ထုတ်ပေးခဲ့ပြီး ထိုသို့ထုတ်ပေးခဲ့ရာတွင် အမျိုးသမီး အရေအတွက် ခြောက်သောင်းနီးပါး ပါဝင်ကြောင်း သတင်းရရှိသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ မြန်မာနိုင်ငံကူးလက်မှတ် အရေအတွက်စုစုပေါင်း ၁၂၄၀၃၄ ထုတ်ပေးခဲ့ကြောင်း၊ ယင်းသို့ထုတ်ပေးရာတွင် အမျိုးသားများအတွက် မြန်မာနိုင်ငံကူးလက်မှတ် ၆၄၉၆၈ အုပ် ထုတ်ပေးခဲ့ပြီး အမျိုးသမီးများအတွက် မြန်မာနိုင်ငံကူးလက်မှတ် ၅၉၀၆၆  အုပ်ထုတ်ပေးခဲ့ရကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအချက် အလက်များအရ သိရသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ် ပေးရာတွင် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ပုံမှန်မြန်မာနိုင်ငံကူး လက်မှတ်လျှောက်ထားသူများအား  တစ်လအစား ၂၁ ရက်ဖြင့် မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးခဲ့ကြောင်း နှင့်၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက် နေ့မှစ၍ အလုပ်သမားနိုင်ငံကူး လက်မှတ် သက်တမ်းအား ယခင်သုံးနှစ် မှ လေးနှစ်သတ်မှတ်ထုတ်ပေးခြင်း၊ သင်္ဘောသားနိုင်ငံကူး လက်မှတ်သက်တမ်းတိုး လျှောက်ထားမှုများအား ယခင်တစ်လမှနှစ်ပတ်ဖြင့် ထုတ်ပေးခြင်းနှင့် သင်္ဘောသားအသစ် နိုင်ငံကူး လက်မှတ်များအား သာမန်နိုင်ငံကူး လက်မှတ်လျှောက်ထားသူများကဲ့သို့  ၂၁ရက်ဖြင့်ထုတ်ပေးခြင်း စသည့် ဖြေလျှော့မှုများပေးခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားရာ၌ ယခင်က ရန်ကုန်ရှိ မြန်မာနိုင်ငံကူး လက်မှတ်ထုတ် ပေးရေးရုံးတွင်သာ တစ်နိုင်ငံလုံးမှ လာရောက်လျှောက်ထား ရသော်လည်း ယခုအခါ၌ မန္တလေးတိုင်း ဒေသကြီးရှိ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးေ ရးရုံးခွဲတွင်လည်း လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။     
၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအထိ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးမှုစာရင်း
စဉ်  လအမည်ကျားမစုစုပေါင်း
၁ဇန်န၀ါရီ         ၈၄၈၆  ၈၃၁၁၁၆၇၉၇
၂ဖေဖော်ဝါရီ         ၉၅၀၄၉၁၅၅၁၈၆၅၉
၃မတ်    ၁၀၃၁၄၁၀၇၄၆၂၁၀၆၀
၎ဧပြီ      ၆၆၄၁  ၆၄၇၉၁၃၁၂၀
၅မေ   ၁၀၀၉၈၈၃၃၁၁၈၄၂၉
၆ဇွန်     ၁၀၀၀၅၈၅၅၅၁၈၅၆၀
၇ဇူလိုင်  ၉၉၂၀၇၄၈၉၁၇၄၀၉
၈စုစုပေါင်း၆၄၉၆၈၅၉၀၆၆၁၂၄၀၃၄

No comments:

Post a Comment