
တရုတ်နိုင်ငံ ယူနန်ပြည်နယ်က မူးယစ်နှိမ်နင်းရဲတပ်ဖွဲ့နဲ့ မြန်မာရဲတွေဟာ မြန်မာနိုင်ငံ လောင်ဂိုင်ဒေသက မူးယစ်စိုက်ပျိုးမှု တွေကို လည်းဖျက်ဆီးခဲ့ပြီး စိတ်ကြွဆေး ကီလို ၃၄၇ နဲ့ မူးယစ်ဆေးဝါး ချက်လုပ်တဲ့ ဓာတု ပစ္စည်းတွေကိုလည်း စစ်ဆင်ရေး မှာ ဖမ်းမိခဲ့တယ်လို့ တရုတ်ပြည်သူ့ နေစဉ် အွန်လိုင်း သတင်းစာမျက်နှာ မှာဖော်ပြထားပါတယ်။

အဲဒီစစ်ဆင်ရေးနဲ့ တပြိုင်နက်တည်းမှာပဲ ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ Mu Ronghong ကိုလည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် Lincang မြို့မှာ ဖမ်းဆီးမိခဲ့ပါတယ်။
၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ပြီး တရုတ်ပြည်မကြီး ရဲတွေဟာ မြန်မာ၊ ဗီယက်နမ်း၊ ဖိလစ်ပိုင်၊ ဟောင်ကောင် နဲ့ ထိုင်ဝမ် ရဲတွေနဲ့ ပူးပေါင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေ လုပ်ဆောင်လာခဲ့တာ မူးယစ်ဆေး စစ်ဆင်ရေး ၁၁ ခုကို အောင်မြင်စွာပဲ နှိမ်နင်းနိုင် ခဲ့ကြတယ်လို့ ဆိုပါတယ်။
No comments:
Post a Comment